04 July 2026
၂၆ဝါးကပ် ရှုံးထွက်၁၆အဆင့်၊
13 June 2025
ဘီး
28 July 2024
ဉာဏ်ထပ်တာလား၊
31 May 2024
အလွယ်ဆုံး VPN ၊
မနေ့ နေ့ခင်းကစလို့ အချို့ဖွဘုတ်သုံးသူတွေ သုံးလို့မရတော့ပါ။ အကြောင်းက ဗီပီအဲန် တွေ မပွင့်တော့လို့ပါ။ အချင်းချင်း မေးကြ၊ စုံစမ်းကြနဲ့ ရှုတ်ရှက်ခတ်ကုန်ပါတယ်။
.
ညပိုင်းကျတော့ အသိတိုးလာကြပါပြီ။ ပွင့်တဲ့သူတွေရှိပြီး သုံးလို့ရနေတုံးတဲ့။ ကိုယ်ယူတဲ့ အင်တာနက်ကုမ္ပဏီအပေါ် မူတည်သလို သုံးတဲ့ ဗီပီအဲန်အပေါ်လည်း မူတည်ပါသတဲ့။
.
ဒါဖြင့် ကိုယ်သုံးလို့ရဖို့ ဘာလိုသလည်း ဆက်စူးစမ်းကြည့်တော့ စကားလုံးတွေ ရှုတ်ထွေးစွာ ကြားရပါတော့တယ်။ အိုင်ပီနံပတ်တွေ၊ တာနယ်တဲ့၊ ဒီအဲန်အက်စ်တဲ့၊ ဆာဗာတဲ့၊ စသဖြင့် နည်းပညာစာလုံးတွေ ကြားရသလို ပြောင်းသုံးရမယ် နံပတ်တွေလည်း မျိုးစုံကြားရတယ်။ အတော်မှတ်မိဖို့ ခက်တဲ့ စာလုံးတွေပါ။ မျိုးစုံများစွာသော ဗီပီအဲန်နာမည်တွေလည်း ကြားရပါတော့တယ်။
.
အလွယ်ဆုံးနည်းကတော့ ဂူဂယ်ပလေးကို ဖွင့်ပါ။ ဆာ့ချ်မှာ free vpn လို့ ရိုက်ပြီးရှာကြည့်ပါ။ အများကြီး ထွက်လာပါမယ်။ တခုချင်းသာ ဒေါင်းပြီးသုံးကြည့်ပေတော့။ တခုမဟုတ် တခုနဲ့ အဆင်ပြေသွားလိမ့်မယ်။ ကိုယ်က နည်းပညာစကားလုံးတွေ မကျွမ်းကျင်တဲ့အပြင် ဝယ်ထားတဲ့ ဝိုင်ဖှိုင်ကုမ္ပဏီက ချက်ချင်းပြောင်းဖို့ မလွယ်ဘူးဆိုတော့လေ။
25 October 2023
google map ပိုကောင်းဖို့၊
ဂူဂယ်မက်ပ်က လွဲတာတွေရှိတယ်လို့ ပြောကြတယ်။ တနေ့က ယူတုဘာတယောက် ဂျပန်မှာ လမ်းပိတ်နဲ့တွေ့နေလို့ နောက်ပြန်ကွေ့ရပြီး ဂူဂယ်ကို မေတ္တာပို့နေတာ ကြည့်လိုက်ရသေး။
.
ဟုတ်ပါတယ်။ ဂူဂယ်မှာ လိုအပ်ချက်တွေ အများကြီး ရှိပါတယ်။ ဂူဂယ်က သူ့ထုံးအတိုင်း အသုံးပြုသူတွေစီက ဒေတာတွေစုရင်း သူ့အက်ပ်တွေကို ပိုကောင်းအောင် လုပ်သွားမယ်ထင်တယ်။ ဒီတော့ လိုအပ်ချက်တွေကို ပြင်သွားကြပါ။ Edit map လို့ သူ့အက်ပ်မှာ ပေးထားပါတယ်။
.
ကျော်တင်တာကြည့်သူ အားလုံးပေါင်းနဲ့ ဓာတ်ပုံကိုဘဲကြည့်သူ အမြဲကွာတာ သတိထားမိတယ်။ သိန်းချီကွာတာ တွေ့ပေမယ့် ဘာကြောင့်မှန်း မသိခဲ့ပါ။ မနေ့ကရတဲ့ ဂျီမေးလ်အရ နေရာလွဲပြထားတာကို ပြန်တည့်ပေးလိုက်တာကို ကြည့်သူ သုံးသိန်း ပြည့်ပြီတဲ့။ တကယ်က မမှတ်မိတော့ပါဘူး။ ဒီလို ပြင်ဆင်ချက်တွေကို ကြည့်သူပေါင်းကိုလည်း ထည့်ပေါင်းပေးထားဟန် ရှိပါတယ်။
.
ကိုယ်သွားနေကျ နေရာက မပါတဲ့ လမ်းတွေ (အထူးသဖြင့် လူသွားလမ်းကျဥ်းတွေ) ထည့်ခိုင်းတာ သုံးလေးခုတော့ ဖော်ပြပါပြီ။ ကိုယ်တင်တိုင်းလည်း မဖော်ပြပါ။ သူတို့ စိစစ်ပြီးမှ ခွင့်ပြုတာပါ။ အပယ်ခံရတာက ကျော့်အတွက် ပိုများပါတယ်။ စိတ်ပျက်စရာ မရှိပါ။ လူအများသုံးဖို့ ကိုယ်အင်အား အနည်းငယ်ဘဲ သုံးပြီး ကူညီခွင့်ရတယ်ဘဲ သဘောထားပါတယ်။
22 May 2023
မန်စီးတီးကို ဗိုလ်စွဲစေသူတဦး၊
အင်္ဂလန်အင်္ဂလန် အဆင့်မြင့်တန်း ဘောလုံးပွဲမှာ မန်စီးတီးအသင်း တနေ့က ပွဲမကန်ရသေးခင် ဗိုလ်စွဲသွားပါတယ်။ အနီးကပ် အာစင်နယ်အသင်း ရှုံးပွဲတွေ့သွားလို့ပါ။
.
ဒီနှစ် ပွဲပြီးကာနီး လေးငါးပွဲအလိုအထိ မန်စီးတီး ဇယားထိပ် မရောက်သေးပါ။ အာစင်နယ်အသင်း သရေတွေနဲ့ ခြေချော်လာတော့မှ ကျော်တက်ရတာပါ။ မန်စီးတီး ဗိုလ်စွဲဖို့ လုပ်ပေးသူတွေထဲ အာကြီးလည်း ပါပါတယ်။
.
မန်စီးတီးအသင်း ပိုင်ရှင်တွေ၊ ပရိဿတ်တွေ၊ ကစားသမားတွေနဲ့ နည်းပြဂွါဒီယိုလာတို့ရဲ့ အားထုတ်ကြိုးစားမှုတွေလည်း အဓိကကျပါတယ်။ ဟာလန်းအပြင် အခြားကစားသူတွေ နာမည်တပ်ခြီးမွမ်းရရင်လည်း တသင်းလုံး ပါပါလိမ့်မယ်။
.
မန်စီးတီး ဗိုလ်စွဲဖို့ အရေးပါသူ နောက်တဦးကို နာမည်တပ်ပြောပါဆို စီးတီးကစားသမား အဟောင်း စတာလင်ပါဘဲ။ သူချယ်ဆီးသို့ ပြောင်းသွားလို့သာ မန်စီးတီး ဗိုလ်စွဲတာလို့ အတိအကျ ပြောလိုပါတယ်။ ရှင်းပြပါရစေ။
.
စတာလင် စီးတီးမှာကစားစဥ်က အဓိက ဂိုးသွင်းသူပါ။ ကျနော်ကတော့ ဘောဖြုန်းတာများလို့ မကြိုက်ပါ။ တခါတလေ တကိုယ်ကောင်းဆန်သလိုရှိပေမယ့် တခါတလေ သူ့စီကဘောထွက်လာလို့ အခြားသူတွေ သွင်းနိုင်တာလည်း ရှိပါတယ်။ သူသာရှိနေရင် ပစ်ပယ်လို့ မရပါ။ ပွဲထွက် ပေးကစားရပါမယ်။ အင်္ဂလန် လက်ရွေးစဥ်ကလည်း ဖြစ်နေသေးသကိုး။
.
သူမရှိတော့ အသစ်ခေါ်လိုက်သူ ဟာလန်းကို ပိုသုံးဖြစ်ပါတော့တယ်။ ကျန်တာက သမိုင်းဝင်ခဲ့ပါပြီ။ စံချိန်တင် ဟာလန်းရဲ့ဂိုးများနဲ့ မန်စီးတီး ဗိုလ်စွဲတာလို့ ပြောရပါမယ်။ စတာလင်သာ ရှိနေသေးရင် အလှည့်ကျပွဲထုတ်နေရတာနဲ့ ဟာလန်း ဒီလောက် အခွင့်အရေး ရမယ်မထင်ပါ။ ဒါကြောင့်မလို့ မန်းစီးတီး ဒီနှစ် ပရီမီးယားလိဂ်မှာ ဗိုလ်စွဲအောင် လုပ်ပေးသူတွေထဲ စတာလင်ကို ထိပ်ဆုံးထားသင့်ကြောင်းပါဗျာ။
30 July 2022
ဆုတောင်း၊
ဗမာလူမျိုးတွေသာ မကပါ။ လူသားအများစုက ဆုတောင်းလေ့ရှိကြတာပါဘဲ။ မိမိ ဖြစ်ချင်တဲ့ဆန္ဒကို လုပ်ပေး ဖြည့်ဆည်းပေးနိုင်မယ် ထင့်တဲ့သူစီ တိုင်တည်ဆုတောင်းလေ့ရှိတာ လူသားအများစု လုပ်လေ့ရှိကြမှာပါ။ ဘုရားတွေ နတ်တွေကအစ ကွယ်လွန်ပြီဖြစ်တဲ့ မိဘဆွေမျိုး အကြီးအကဲ အားကိုးသူတွေကို တိုင်တည်ဆုတောင်းလေ့ ရှိတာ ဟိုးရှေးကတည်းက လုပ်ခဲ့ကြမှာပါ။
.
ဒီခေတ်တော့ ပြောလာကြတယ်။ ဆုတောင်းနေယုံနဲ့ ပြည့်နိုင်မှာလား၊ ဒါဆို ဘာမှမလုပ်ဘဲ ထိုင်ပြီး ဆုဘဲတောင်းနေမှာပေါ့လို့ ပြောလာကြတယ်။ မှန်ပါတယ်။ ဘာမှမလုပ်ဘဲ ဆုတောင်းနေမယ့်အစား တခုခုလုပ်ပြပြီး ဆုတောင်းတာက ပိုအဓိပ္ပယ်ရှိမှာပါ။
.
စဥ်းစားကြည့်တာပါ။ ပိုက်ဆံတောင်းသူတယောက်က ငါ့ကို ပိုက်ဆံပေးပါလို့ တောင်းတာနဲ့ တခုခုလုပ်ပြပြီးတောင်းတာ ဘယ်ဟာက ပိုရနိုင်မလဲ။ အနည်းဆုံး သီချင်းဆိုတောင်းရင် လူပိုသတိထားမိမယ်၊ လူကြိုက်များနေတဲ့ သီချင်းကိုဆိုပြမယ်၊ ဆိုပြတဲ့သီချင်းကို ကြိုက်တဲ့သူရှိရင် ပိုက်ဆံရနိုင်တယ်။ ပိုက်ဆံများများရှိသူ စေတနာရှိသူနဲ့ကြုံရင် များများရနိုင်မှာပေါ့။ ဆိုပြတဲ့ သီချင်းကို ကြိုက်သူမကြုံလို့ မရတဲ့အချိန်မျိုး ဖြစ်နိုင်ပေမယ့် ပိုက်ဆံလိုချင်ရင်တော့ ဆက်ဆိုနေရမှာပါ။
.
ဒီသဘောပါဘဲ။ ဆုတောင်းပြီဆို ဘာမှ မလုပ်ဘဲ ဆုတောင်းနေမယ့်အစား တခုခုလုပ်ပြပြီး တောင်းတာက ပြည့်ဖို့ ပိုနီးစပ်မယ်ထင်တယ်။ ဘုရားကို ကန်တော့ပြီး ဆုတောင်းတာကအစ ပရိတ်ရွတ်မယ်၊ ဂါထာတခုခုရွတ်မယ်၊ ကောင်းမှုတခုခုလုပ်မယ်၊ သစ္စာဆိုမယ် စသဖြင့် လုပ်ပြီးမှ ဆုတောင်းရင် လုပ်တဲ့အပြုအမူကို သဘောကျတဲ့ မမြင်နိုင်တဲ့ ပုဂ္ဂိုလ်တွေက သူတို့ဖြည့်ပေးနိုင်တဲ့ ဆုတောင်းဆို ဖြည့်ပေးနိုင်မယ်လို့ ထင်မိတယ်။
.
ဘယ်သူတွေ ဘယ်လိုပြောနေကြစေ၊ လူသားတွေကတော့ ဆုတောင်းနေမှာပါဘဲ။ ဒီအတိုင်း အလွတ်ဆုတောင်းနေမယ့်အစား တခုခုလုပ်ပြီး ဆုတောင်းကြည့်ကြပါ။ အနိမ့်ဆုံးအနေနဲ့ သစ္စာဆိုပြီးပေါ့။ စမ်းကြည့်ကြရအောင်။
19 March 2022
ယူတုမှ ပရိတ်တရားတော်၊
မြန်မာလို ''ပရိတ်'' ဆိုပြီးဖြစ်စေ၊ အင်္ဂလိပ်လို ''payeik'' ဆိုပြီးဖြစ်စေ ယူတုမှာ ရှာလိုက်တာနဲ့ အစိမ်းရောင်နောက်ခံမှာ ဆရာတော်ကြီးပုံနဲ့ ပရိတ်တရားတွေ တန်းစီထွက်လာပါလိမ့်မယ်။ ပရိတ်ဗီဒီယိုများစွာ တင်ထားကြသလို နာထားသူ(viewer) များစွာရှိတာလည်း တွေ့မှာပါ။
.
ရှစ်ဆယ်ခုနှစ်များက မြန်မာပြည်မှာ ပရိတ်နဲ့ပတ်သက်လို့ တန်ခိုးကြီးတယ် ကျော်ဇောခဲ့တဲ့ တောင်တန်းသာသနာပြုဆရာတော် ဦးဥတ္တမသာရရဲ့ ပုံတော်နဲ့ ဆရာတော်ကြီးရွတ်ခဲ့တဲ့ ပရိတ်ကြီး ၁၁သုတ်၊ ဂုဏ်တော်ကွန်ချာနဲ့ ကမ္မဝါတို့ဘဲဖြစ်ပါတယ်။
.
အရင်က ကက်ဆက်ခွေနဲ့ ဖွင့်ခဲ့ကြရတာ။ အင်တာနက်ခေတ်ရောက်မှ ယူတုမှာ တင်ကြတာ။ ပရိတ်တရားများကို ဆရာတော်ကြီးငယ် များစွာရွတ်ခဲ့ကြပေမယ့် တောင်တန်းသာသနာပြု ဆရာတော်ကြီးရွတ်ခဲ့တာကို နှစ်သက်ကြမှန်း သိသာတယ်။ ဆရာတော်ကြီးရွတ်တာကို ဖွင့်ကြသူပေါင်း သန်းချီနေတာသက်သေဘဲ။
.
ယူတုဗီဒီယို အများစုက မင်္ဂလာစိန်တေးသံသွင်းက စီစဥ်ခဲ့တဲ့ ကက်ဆက်ခွေကနေ ကူးကြတာ။ အချို့ယူတုဘာတွေဆို ပုံတော်တွေတောင် မပြောင်းဘဲ ကူးတင်နေကြတာ။ ကြည့်သူများတော့ အကျိုးရှိတာပေါ့။
.
ပြဿနာက မူရင်းကက်ဆက်ခွေမှာ အသံအချို့ နှစ်နေရာသုံးနေရာမှာ ကျန်နေတယ်။ ဆရာတော်ကြီး အကြိမ်များစွာ ရွတ်ခဲ့မှာပါ။ ကက်ဆက်ပေါ်နေပြီဆိုတော့ အကြိမ်များစွာ အသံဖမ်းခဲ့ကြမှာပါ။ မြန်မာတွေ ပရိတ်တန်ခိုးကို အပြည့်ရဖို့ကံ မပါတော့ စာကျနေတဲ့ပရိတ်ခွေကိုဘဲ အကြိမ်များစွာ နာရသလိုဖြစ်နေတယ်။
.
ဗီဒီယိုအက်ဒစ်လုပ်တတ်သူများက အမှန်ဖြစ်အောင် ပြန်ပြင်ပေးရင်ကောင်းမယ်။ မြန်မာ့တီဗီက မနက်၆နာရီမှာ လွှင့်လေ့ရှိတဲ့ ပရိတ်တရားမှာ ပြင်ထားပြီးသား လွှင့်ပါတယ်။ အသံ အနည်းငယ်မတူတော့ သိသာပါတယ်။ ဖြတ်ညှပ်ကပ် လုပ်ပေးရမှာပေါ့။
.
ပရိတ်ရွတ်ထားတာ ဆရာတော် များစွာရှိပေမယ့် ပရိတ်နဲ့ ရေဆူဆရာတော်လို့အထိ နာမည်တွင်ခဲ့တဲ့ တောင်တန်းသာသနာပြုဆရာတော်ကြီး ဦးဥတ္တမသာရရဲ့ ပရိတ်ကိုမှ နာချင်တဲ့၊ နာလေ့ရှိတဲ့သူတွေအတွက် များစွာစိတ်ချမ်းသာရမှာမလို့ တတ်ကျွမ်းသူများ လုပ်ပေးစေချင်ပါတယ်။
22 February 2022
17 December 2021
60
30 August 2021
ဝူဟန်ကိုဗစ် ဩဂုတ် သုံးဆယ်။
စင်ကာပူက နိုင်ငံကလည်း သေး၊ ပညာတတ်က များ၊ အစိုးရကလည်း ထိထိရောက်ရောက် အုပ်ချုပ်နိုင်တော့ #ဝူဟန်ကိုဗစ် ကာကွယ်ဆေးကို နိုင်ငံလူဦးရေရဲ့ ၈၀% ထိုးပြီးပါပြီတဲ့။ ကမ္ဘာမှာ အများဆုံး ဆေးထိုးပြီးတဲ့ နိုင်ငံပါ။
.
ဒါတောင် ဒီနေ့ ဝူ၁၄၇၊ မနေ့က ဝူ ၁၅၅ယောက် အသစ်တွေ့ပါသတဲ့။ ဆေးမထိုးရသေးတဲ့ ၂၀% ထဲကလား၊ ဆေးထိုးပြီးသားထဲကလား သိချင်မိပါတယ်။ စလုံးလို နေရာမှာသာ ဝူမျိုးစိတ်သစ်ထွက်လို့ကတော့ တကမ္ဘာလုံး ပြာမယ်။ ဆေး ပီးနေတဲ့ ဝူဘဲ။
.
တကမ္ဘာလုံးအနေနဲ့ကြည့်ရင် #ဝူနာ များနေဆဲဘဲ။ ဝူ ၁၇၃သန်း ကျော်ပြီ။ ပြီးခဲ့တဲ့ အပတ်ကိုကြည့်ရင် တကမ္ဘာလုံး အနေနဲ့ လေးသန်းခွဲ ဝူတိုးတယ်။ အမေရိကားမှာတွင် တသန်းတိုးတယ်။ ဥရောပမှာ ကိုးသိန်းလောက်တိုးတယ်။ ဒီနိုင်ငံတွေမှာ ကောင်းတယ်ဆိုတဲ့ ကာကွယ်ဆေး လူအများစု ထိုးပြီးကြပြီ။
.
ဂျပန် ကိုရီးယား အော်ဇီ ဗီယက်နမ် ထိုင်း မလေးရှားတို့မှာလည်း ဝူနေကြတုံးပါ။ အဆိုးကြီးမဖြစ်ကြပေမယ့် စိတ်ချရတဲ့ အခြေအနေ မရကြသေး။ အော်ဇီမှာဆို ခုပုံအတိုင်းဆို အောက်တိုဘာလမှ အမြင့်ဆုံး ဝူမှာတဲ့။
.
မြန်မာပြည်မှာလည်း အဖြစ်နည်းလာပေမယ့် နောက်တကျော့ မဖြစ်ဖို့ အရေးကြီးပါတယ်။ မပေါ့ဆကြပါနဲ့အုံး။ ခု အပြင်ထွက်သူ အတော်များနေတာ သတိထားမိတယ်။ အများစု မတ်စ်တပ်လို့ တော်သေးတယ်။ ကာကွယ်ဆေးတွေ မိမိအစီအစဥ်နဲ့ ထိုးဖို့လုပ်နေကြရပြီ။ ဆေးမှန်နည်းမှန် ဖြစ်ကြကောင်းပါရဲ့။
.
ဝူဟန်ဘေးကင်းဝေးကြပါစေ။
30 July 2021
သမိုင်းဝင်ဓား၊
သမိုင်းဝင် ဓား။
.
ကျနော့အတွက်တော့ သမိုင်းဝင်ပါဘဲ။ သူများဓားတွေလို ယိမ်းနွဲ့ပါးတို့ ဘူရှီဒိုဓားတို့ မခုတ်ဓားတို့ မဟုတ်ရပေါင်ဗျာ။ ကျနော်မမွေးခင်ကတည်းက (ဖြစ်နိုင်) အိမ်မှာသုံးလာတဲ့ ဓားပါ။
.
တခါတလေ သတိရပါတယ်။ မသုံးဖြစ်တာကြာပြီဆိုတော့။ ခုခေတ်မှာ မလိုတော့ဘူးလေ။ ဒီဓားက ပေါင်မုန့်လှီးတဲ့ ဓားပါခင်ဗျ။ ဒီနေ့မှ နောက်ဖက်ဝင်ရှင်းရင်း ထွက်လာတာ။
.
ငယ်ငယ်ကတည်းက အိမ်မှာ ပေါင့်မုန့်စားကြတယ်။ မှတ်မိတဲ့အရွယ်အရ စက်ဘီးနဲ့ ကုလားကြီးကလာပို့လေ့ ရှိတယ်။ အိမ်အောက်ကနေ အော်လိုက်ရင် ဆင်းယူရတယ်။ ကျနော်နိုးလို့ တခါတလေဆင်းယူရင် ပေါင်မုန့်အသေး ဘန်းမုန့်လေး ပေးတတ်တယ်။ ပူပူနွေးနွေးနဲ့ အိနေတာဘဲ။ တတောင်လောက်ရှိတဲ့ ပေါင်မုန့်ရှည် တနေ့နှစ်လုံးယူတယ်။ လကုန်မှ စုရှင်းတယ်ထင်တာဘဲ။ အဲဒီခေတ်က ပေါင်မုန့်တွေက ဓားနဲ့ဖိလှီးရင် ပြားမသွားဘူး။
.
ဦးစိန်ထွန်း ဘောင်ဒရီကျောင်းမှာ မုန့်ဖုတ်ဆရာဖြစ်တော့ သူက ယူလာလေ့ရှိတယ်။ တနေ့ ေပါင်မုန့်ရှည်နှစ်လုံး သူကျောင်းပြန်ချိန် ဝင်ပေးသွားတာဘဲ။ ကျနော် ခုနှစ်တန်းလောက်အထိ မုန့်ဖိုး ပုံမှန်မရဘူး။ အဲဒီပေါင်မုန့်ကို ထောပတ်သုတ် သကြားဖြူးပြီး ပလတ်စတစ်အိပ်နဲ့ထည့် လွယ်အိပ်ထဲထိုးထည့် ယူသွားရတာ။ ကျောင်းမုန့်စားချိန်ဆို ပျော့ပြားနေပြီ။ ပလတ်စတစ်အိပ်က ရှားတော့ စားပြီးရင် ထောပတ်တွေပေနေတဲ့အိပ်ကို ပြန်ထည့်လာရသေး။
.
ထောပတ်က မမှတ်မိတဲ့ အချိန်က တူတံဆိပ်ထောပတ် စားလေ့ရှိတယ် ပြောတာဘဲ။ မှတ်မိချိန်မှာတော့ ဘားလမ်းအပေါ်လမ်း အလယ်လောက်မှာရှိတဲ့ မေမြို့ စိန်တံဆိပ်ထောပတ်ဘဲ။ တခါဝယ် ပေါင်တစိတ်အတုံးလေး။ အိမ်ရောက်ရင် ခွက်ထဲထည့် ခလောက်လိုက်ရင် ရေတွေထွက်လာတာ မှတ်မိသေးတယ်။
.
ဓားကို သေချာကြည့်ရင် အသွားမတူတာ တွေ့လိမ့်မယ်။ အခြားနေရာမှာလည်း သုံးမဖြစ်တော့ ခုထိကျန်နေတာ။ ဒီဓားနဲ့ ထောပတ်သုတ်ရင်တော့ မားသားကြီး ဆူခံထိပြီ။ ထောပတ်သုတ်တဲ့ ဓားကသတ်သတ်ဗျ။ ထိပ်လုံးလုံးနဲ့။
.
ခုတော့ လှီးပြီးသားပေါင်မုန့်ခေတ် ဖြစ်သွားပြီ။ ဒီတော့ ဒီဓားက သမိုင်းဝင်ဓား ဖြစ်ပြီပေါ့ဗျာ။
11 October 2020
ရန်ကုန်ဆေးရုံသစ်အတွက် မြေနေရာ၊
ရန်ကုန်အတွက် သင့်တော်မည့် ဆေးရုံသစ်ကြီးနေရာ။
.
ကိုဗစ်အတွက် ဆေးရုံယာယီတွေဆောက်ရင်း ကျန်ခဲ့မယ့်ဆေးရုံတရုံဆောက်လိုက်ဖို့ အိုင်ဒီယာပေါ်တယ်။ မြေနေရာရွေးကြတော့ သာကေတာအမှိုက်ပုံကိုနေရာကိုရွေးလို့ ဆူညံနေတယ်။ ပို့စ်တခုဖတ်လိုက်တော့ သနားတောင်သွားပါတယ်။ ရန်ကုန်အစိုးရ စီမံခန့်ခွဲလို့ရတဲ့ အကျယ်ဆုံးမြေနေရာပါတဲ့။ ဘာမှပြောစရာမရှိတော့ပါ။ ဖြစ်နိုင်ပါတယ်။ ကွီးဖြိုး ဓာတ်ဆီဆိုင်YPအတွက် နေရာရှာတာ့ ရှိမှမရှိဘဲ။
.
ရေရှည်အတွက် နိုင်ငံတော်အဆင့်က ရွေးပေးနိုင်ရင် ထောက်ကြန့်လမ်းဆုံကနေ ပဲခူးဘက်အထွက် ညာဘက်ခြမ်းက အကွက်ကြီးရွေးစေချင်တယ်။ ပိုင်ရှင်တော့ ရှိပြီးသားဖြစ်မှာပါ။ နိုင်ငံတော်အနေနဲ့ ပြန်ဝယ်လို့ဖြစ်စေ၊ ပိုင်ရှင်ထံမှ အလှူခံလို့ဖြစ်စေ မြေရအောင်လုပ်ရမှာပါ။
.
လမ်းများအဆုံမှာရှိလို့ အဆင်ပြေမှာပါ။ ရန်ကုန်မြို့ထဲက ဆေးရုံကြီးကို နယ်တွေကလာနေတဲ့ အရေးပေါ်ကားတွေ မနည်းပါ။ ကားကြပ်ကြပ်ထဲဖြတ်နေကြတာ အမြဲတွေ့နေရတာပါ။ ဒီနေရာမှာသာ ဆေးရုံကြီးတရုံရှိရင် အဆင်ပြေမှာပါ။ တဆက်တစပ်ထဲရှိလို့ ဆေးတက္ကသိုလ်နဲ့ အခြားဆက်စပ်တက္ကသိုလ်တွေ ကျောင်းတွေပါ ရမယ်ထင်ပါတယ်။
.
အနက်ရောင်မျှားဘက်က လမ်းကိုအသုံးပြုရင် ရွှေပြည်သာဖြတ်ပြီး ဧရာဝတီဘက်ကပါ လာလို့ရပါလိမ့်မယ်။ တခါတည်း အပြီးမဆောက်နိုင်ရင်တောင် မာစတာပလန်ဆွဲထားပြီး တဆောင်ချင်းဆောက်သွားသင့်ပါတယ်။ လက်ရှိ ဘာအဆောက်အဦးမှ မရှိသေးတဲ့ မြေကွက်ကျယ်ကြီးပါ။ တနေရာမှာတော့ အိမ်ယာစီမံကိန်းလုပ်ဖို့ ကာထားတာဘဲ ရှိပါသေးတယ်။
08 September 2020
10 August 2020
မြစ်တစင်းရဲ့အစ
24 June 2020
ဇီဝလက်နက်ဆိုတာ...
04 February 2020
ပြည်သူအကြား ပြန်ကြားပေးရန်
ယနေ့မနက် SMS တခုဝင်သည်။ MOHS မှဆိုတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှဖြစ်မည်။ ၂၈ရက်နေ့ ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပွားမှု အခြေအနေအကြောင်းကြားတာပါ။ ပါးသောသတင်းမှာ ခုချိန်လူတိုင်းသိနေသော သတင်းဖြစ်နေပြီ။ ကျေးဇူးတင်ရခက်ခက် ဖြစ်သွားရသည်။
.
ပထမစဥ်းစားမိသည်မှာ ပို့ရသော SMS များလွန်းလို့ တပတ်ခန့်နောက်ကျတာလား။ ဒီသတင်း information မျိုးက အချိန်နှင့်အညီ ပို့နိုင်အောင်လုပ်ရမှာ လူတိုင်းသိသဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ သိမှာသေချာပါသည်။ ပို့မှပို့ အချိန်နဲ့တပြေးညီ အကျိုးရှိရှိ ပို့စေချင်သည်။ တာဝန်ကျေ ဝတ်ကျေတန်းကျေ လူကြီးခိုင်းလို့ လုပ်ကြခြင်းလား။
.
ဒုတိယစဥ်းစားမိသည်မှာ မြန်မာပြည်မှ မြန်မာများကို အသိပေးတာ အဘယ်ကြောင့် မြန်မာလိုမသုံးပါသနည်း။ တလောကပင် ယူနီကုဒ်သုံးဖို့ ဆော်သြသဖြင့် သုံးနေကြပါပြီ။ ဇော်ဂျီပါသုံး၍ ပို့လျှင်လည်း ပို့စားရိတ် သိတ်အပိုကုန်မည်မထင်ပါ။ ''ဒီလိုတော့ဖြစ်နေပြီ။ အပြင်မှပြန်လာလျှင်လက်ဆေးပါ၊ လူအများကြားသွားလျှင်၊ ချေဆတ်လျှင်၊ ချောင်းဆိုးလျှင်မျက်နှာဖုံးသုံးပါ။ ပိုမိုသိလိုလျှင် ဒီဝက်ဆိုက်သို့သွားပါ'' လို့ မြန်မာလိုရေးလျှင် မကောင်းဘူးလား။
.
နောက်တခုဖြစ်နိုင်တာက တယ်လီဖုန်းအော်ပရေတာကုမ္ပဏီများက အကျိုးဆောင်ပေးလို့ မြန်မာလိုမသုံးတာလား။ သူတို့ကလုပ်ပေးတာဆိုလျှင် စားရိတ်သက်သာမှာသေချာလို့ ကျေးဇူးတင်ပါသည်။ အကျိုးဆောင်လက်စနှင့် ထိရောက်အောင် မြန်မာလိုဆောင်ပေးကြပါ။ အရေးကြီးသောမက်ဆေ့ချ် သတင်းစကားကို အင်္ဂလိပ်လိုပို့လျှင် စိတ်ဝင်တစားဖတ်မည့်သူ ၁၀%ပင် ရှိမည်မထင်။ မြန်မာစာနှင့်ပို့လျှင်ပင် ၅၀%ဖတ် ကံကောင်း။
.
နောက်ဆုံးစဥ်းစားမိတာကတော့ NLDအစိုးရသည် ပြန်ကြားရေးဝန်ကြီးဌာနကို မှေးမှိန်ဖျောက်လိုက်တော့မည်ထင်သည်။ သက်ဆိုင်ရာ ဝန်ကြီးဌာနများကသာ မိမိတို့ပေးချင်သည့် သတင်းများကို ကိုယ်တိုင်ထုတ်ပြန်ရတော့မည်။ ဒါလည်း ဒီမိုကရေစီနိုင်ငံကြီးများတွင် ကျငိ့သုံးနေသည်ဆို၍ ကန့်ကွက်စရာတော့ မရှိပါ။
26 April 2019
ဒီဆေးပင် ခြောက်မခြောက်၊
(Zawgyi version)
.
.
.
XxXxXx
(Unicode version)
အညာမြို့တမြို့မှာ ဆေးခြောက်မခြောက် အပင်ကြည့်ပြီး မခွဲနိုင်လို့ အမှုဖြစ် အဖမ်းခံနေရတယ်။ သေချာတာကတော့ မြန်မာဥပဒေမှာ အတိအကျ ပါဟန်မတူဘူး။ ဒါ ဥပဒေပညာရှင်တွေနဲ့ သက်ဆိုင်ရာဌာနအတွက် အလုပ်လုပ်ဖို့ သတိပေးသလို ဖြစ်သွားပါပြီ။ ရှိရင်းစွဲဥပဒေက မတိကျတာ၊ မလုံလောက်တာ၊ အငြင်းပွားစရာ ဖြစ်နေတာ ပေါ်လာပါတယ်။
.
ဖေ့ဘုတ်ပေါ် ဖတ်ကြည့်ရင်ကို တော်တော်ဗဟုသုတ ရပါတယ်။ ဘယ်နိုင်ငံတွေက ဆေးခြောက်ကို ခွင့်ပြုတယ်။ ဘယ်နိုင်ငံတွေက စီးပွားဖြစ် စိုက်နေကြပြီ။ ဆေးခြောက်နွယ်ဝင် အပင်ဘယ်လိုတွေရှိတယ်။ ဘယ်ဓာတ် ဘယ်နှစ်ရာခိုင်နှုန်းပါမှ မူးယစ်ဆေးအဖြစ် သတ်မှတ်တယ်၊ စသဖြင့် သိရပါတယ်။
.
ဒါတွေကို လေ့လာပြီး ဥပဒေအသစ်တွေ ရေးဖို့လိုလာပါပြီ။ ခေတ်နဲ့ လျှော်ညီစွာ ပြန်ရေးသင့်ပါပြီ။ ဥပဒေတို့ရဲ့မိခင် ခြေဥတောင် ခေတ်မမှီတော့လို့ ပြင်ဖို့ကြိုးစားနေရတာဘဲ။ အရင်အာဏာရှင်ခေတ်ကတော့ ဒါမျိုးဖြစ်ပြီဆို ပေးနိုင်ကမ်းနိုင်လိုက်နိုင်ရင် လွတ်မယ်၊ မပေးကမ်းနိုင်ရင် အဖမ်းခံရမှာ သေချာတယ်။ ဥပဒေစာအုပ် ဘယ်သူမှလှန်မှာ မဟုတ်ဘူး။
.
ဒီမိုခေတ်မှာတော့ ဒီလိုကိစ္စမျိုး ပေါ်လာရင် သက်ဆိုင်ရာဌာနတွေနဲ့ လွှတ်တော်အမတ်တွေက အသစ်ရေးတန်တာရေး၊ ပြင်သင့်တာပြင် လုပ်ကြရပါမယ်။ အပေါ်ကအခိုင်း စောင့်မနေသင့်ပါဘူး။ ဒါမှ ဥပဒေပြုရေးကဏ္႑ အသက်ပိုဝင်မှာပေါ့ဗျာ။
20 April 2019
မြစ်ဆုံလျှော်ကြေးကိစ္စ
.
.
.
.
.
XxXxXx
(Unicode version)
မြစ်ဆုံဆည်ကိစ္စ အလျှော်ပေးပြီး ပြန်ရွေးဖို့ ဆရာကြီးများ ဆုံးဖြတ်သတ့ဲ။ တရုပ်သမတထံ စာပို့မတ့ဲ။ ဒီအဆိုကို ပြည်သူဘယ်နှစ်ရာခိုင်နှုန်းက ထောက်ခံသလည်းတော့ မသိရပါဘူး။
.
မြစ်ဆုံနေရာ ပျောက်တာမကြိုက်ပါဘူး။ ပြည်သူအများစုလည်း မကြိုက်တာ သေချာပါတယ်။ သို့သော် အရင်စစ်အစိုးရက ချုပ်သွားတ့ဲစာချုပ်မှာ ဘာပါမှန်းမသိဘဲ ခုလိုလုပ်တာ လောလွန်းတယ်ထင်ပါတယ်။ စာချုပ်ထဲမှာ ဆက်မလုပ်ရင် ကုန်ထားသမျှရဲ့ ငါးဆလျှော်ရမည်လို့ပါရင် ဘယ်လိုလုပ်မလည်း။ စာချုပ်ကို ဘာအကြောင်းနဲ့မျှ မဖျက်ရဆို သေပြီဆရာ။
.
လျှော်ရမ့ဲငွေပမာဏကို ဒေါ်လာသန်း၈၀၀ခန့် တွက်ထားဟန်ရှိပါတယ်။ ဘယ်ကရတ့ဲ ကိန်းဂဏန်းလည်း မသိကြရပါ။ မြန်မာပြည်လူဦးရေ ၅၂သန်းကျော် ၁၅ခါ တစ်ဒေါ်လာစီ လျှော်ရမယ်တ့ဲ။ မြန်မာပြည်က ကားရောင်းကားဝယ်၊ အိမ်ရောင်းအိမ်ဝယ် စာချုပ်ကြသလို ဖျက်ရင်နှစ်ဆဆို အခါ၃၀ ဖြစ်သွားမယ်နော်။ ခုထိ လျှပ်စစ်မီး ပိုက်သွယ်ရေ မရဘူးသေးသူများလည်း အညီအမျှ လျှော်သင့်ပါသလား။
.
ဒီအဆိုသာအတည်ဖြစ်ရင် သဘောအကျဆုံးကတော့ စစ်အစိုးရခေတ်က ခေါင်းဆောင်တွေဘဲ ဖြစ်မှာပါ။ သူတို့စာချုပ်ချုပ်ချိန်က ပွဲစားခသဘောမျိုး ပါမစ်ပေးခသဘောမျိုး တနင့်တပိုး ရထားသူတွေဆိုတော့ တစ်ဒေါ်လာဘဲ ထည့်ရမယ်ဆို ပျော်စရာ ဖြစ်နေမှာဘဲ။ တာဝန်လည်း ယူစရာ မလိုတော့ပြီလေ။ ဒီအဆို တင်သွင်းသူတွေကို နေ့တိုင်းကျေးဇူးတင်နေကြမှာဘဲ။
.
ဧရာဝတီအတွက် သာတူညီမျှ လျှော်ကြရမယ်ဆိုတော့ ဧရာဝတီနဲ့ ထိတွေ့မှုမရှိတ့ဲ ကရင် ကယား ချင်း ရှမ်း ရခိုင် မွန် တနင်္သာရီ ဒေသတွေကသူတွေကရော သဘောတူသတ့ဲလား။ စားတုံးကတော့ ဗမာတွေ၊ (တကယ်က စစ်ခေါင်းဆောင် တချို့ပါ) လျှော်တော့မှ ငါတို့က အညီအမျှတ့ဲလား ကန့်ကွက်ရင် ဘယ်လိုစဉ်းစားထားလဲ။ နောက်ထပ် လက်နက်ကိုင်အဖွဲ့တွေ ပေါ်လာတော့မှာဘဲ။
.
တကယ်က တရုပ်သမတထံ လျှော်မယ့်အကြောင်းမပါဘဲ မြန်မာပြည်သားအများစု လက်မခံကြောင်းဘဲ အရင်အကြောင်းကြားရမှာပါ။ ခုလုပ်ပုံက နှပ်ကြောင်းပေးသလိုဖြစ်နေတယ်။ ဒီအဆိုပြုချက် အတည်ဖြစ်သွားရင် စစ်ခေါင်းဆောင်ဟောင်းတွေအတွက် အမြတ်ထွက်သွားမယ်။ အဆိုးဆုံးကတော့ အမေစု တရုပ်သွားခါနီး ဖိအားပေးသလိုဖြစ်နေတယ်။ ဒီပွဲလုပ်တာ ရိုးမှရိုးကြရဲ့လား။ ဒါကြောင့် ဒီအဆိုကို လက်မခံနိုင်သေးပါ။
12 July 2018
အင်္ဂလန် ဘင်သံနဲ့ အိမ်ပြန်ပြီ
(Unicode version)
ညကပွဲမှာ အရင်ရက်တွေလိုဘဲ အင်္ဂလန်မကောင်းပါ။ ဥရောပအသင်းချင်းယှဉ်လျှင် သိတ်မကွာကြပေမယ့် အင်္ဂလန်ကတော့ နဲနဲရော့ပါတယ်။ စစချင်း ဖရီးကစ်ကနေ ဂိုးရသွားပေမ့ဲ ရှေ့တန်းက အလုပ်မဖြစ်ပါဘူး။ နံပတ်၁၀ဂျပုဆို ဘာလို့ရွေးလာမှန်းကို မသိပါဘူး။ ခုလောက်ရောက်တာ တန်ပါပြီ။
.
တတိယလုပွဲမှာလဲ မနိုင်လောက်ပါ။ နှစ်သင်းလုံးအရန်တွေနဲ့ ခြေစမ်းပွဲကန်ရင်တော့ မပြောတတ်ပါ။ ခက်နေတာက မြန်မာအသင်းညံလဲ ကိုယ့်နိုင်ငံအသင်းဆိုတော့ နိုင်စေချင်မိပြန်။ ပြည်ပအသင်းတွေထဲမှာလည်း အင်္ဂလန်အသင်းက ကိုယ့်အသင်းလို ဖြစ်နေမိတော့ နောက်ပွဲတွေလည်း မျှော်လင့်နေရဦးမှာပါဘဲ။
.
ကြည့်ရတာ အာဆီယံမှာ မြန်မာဗိုလ်စွဲတ့ဲခေတ်ရောက်မှ အင်္ဂလိပ်တွေ ဗိုလ်စွဲမှာလား၊ အင်္ဂလန်အသင်း ယူရိုတို့ ဝါးကပ်တို့မှာ ဗိုလ်စွဲကာမှ မြန်မာအသင်း ချန်ပီယံဖြစ်မှာလား မသကာၤစရာဘဲ။ ခုတလော ကိုလိုနီအမွေဆိုးတွေက ခေတ်ပြန်စားနေသကိုး။
XxXxXx
(Zawgyi version)
.
.