30 October 2017

မြန်မာပြည် အခြေအနေ

(Unicode version )

ပထမတဖက်

.

  NLD အစိုးရတက်လာတ့ဲ အချိန်မှာ နိုင်ငံရဲ့ အဓိကဝင်ငွေ ရှာပေးတ့ဲ သစ်တွေ ကုန်ပါပြီ။ ဂက်ဆို နှစ်၂၀ ကြိုရောင်းထားပါသေးတယ်။ NLD အစိုးရက သယံဇာတ ပြုန်းမှာစိုးလို့ လက်ကျန်သစ်တွေ ကျောက်သံပတ္တမြားတွေ ထုတ်တာ လျော့ခိုင်းလိုက်ပါတယ်။ နိုင်ငံဝင်ငွေ အဝင်လျော့သွားပါတယ်။

.

ပြည်ပရင်းနှီးမြှုတ်နှံဖို့ ဖွင့်ပေးတ့ဲ အချိန်မှာ အမေရိကန်မှာ ဒေါ်နွယ်ထွန်း သမတဖြစ်ပါတယ်။ သူ့ရဲ့ အမေရိကန် ကိုယ်ကျိုးစီးပွားကာကွယ်ရေး ဦးစားပေးမူအရ အမေရိကန် ပြင်ပမှာ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ရဲကြတော့ပါဘူး။ နိုင်ငံဝင်ငွေ တိုးလာဖို့ ပိုခက်သွားပါတယ်။

.

အစိုးရကို အကြပ်အတည်းဖြစ် ငွေကုန်စေမ့ဲ ရခိုင်မြောက်ဖျား ဘင်္ဂါလီအရေး ဖြစ်ပါတယ်။ နိုင်ငံတကာက ပိတ်ဆို့ဖို့အထိ တောင်းဆိုလာပါပြီ။ အစိုးရအတွက် အခက်အခဲပါဘဲ။

.

ကိုယ်ကျိုးဘဲကြည့်တ့ဲ အစိုးရတုံးက ဝင်ငွေရှိနေပြီး၊ ပြည်သူတွေအတွက် မခိုးဘဲ လုပ်ပေးမ့ဲ အစိုးရအတွက်မှ ဝင်ငွေနည်းနေတာ ပြည်သူတွေရဲ့ ကုသိုလ်ကံပါဘဲ။ ဒါပေမယ့် ပြည်သူတွေနဲ့ နိုင်ငံတကာ အမြင်မှာ မြန်မာနိုင်ငံ ဒါမျိုးတွေ ဖြစ်နေတာ ဟိုစာအုပ်အစိမ်း ကြောင့်ပါဘဲလို့ မြင်နေကြပါတယ်။ Excuse ရနေတာပေါ့။

* * *

အခြားတဖက်

.

   တပ်ဆိုတာ အထက်အောက် အမိန့်အရ အုပ်ချုပ်ရတာပါ။ ထိပ်ဆုံးက ချပေးလိုက်တ့ဲ အမိန့်ကို ညင်းဆန်လို့ မရပါဘူး။ အရင်တပ်ချုပ်က အခုတပ်ချုပ်ကို မင်း ငါတို့ကို ကာကွယ်ပေးဖို့ တာဝန်ရှိတယ်။ စာအုပ်စိမ်းကြီးကို ကာကွယ်ရမယ်လို့ ပြောခ့ဲရင် ဒါအမိန့်မို့ လုပ်ပေးရမှာပါဘဲ။

.

လက်ရှိ အခြေအနေကို သဘောပေါက်လို့ အရင်ကာချုပ်က စာအုပ်စိမ်းပြင်ဖို့ ခွင့်ပြုခ့ဲရင် အကောင်းဆုံးပါဘဲ။ လက်ရှိကာချုပ်အပေါ် အမိန့်ပေးနိုင်သေးတယ်လို့ ယူဆပါတယ်။ ငါ နိုင်ငံရေးနဲ့ မဆိုင်တော့ဘူး၊ ငါ့ လာမမေးကြနဲ့တော့ဆိုပြီး ရူးချင်ယောင်ဆောင်ရင်တော့ ခက်နေပြီ။

.

လက်ရှိကာချုပ်ကြီး စဉ်းစားသင့်ပါတယ်။ အရင်လူတွေနဲ့ တပ်ကို ဒုက္ခမပေးမှာ ဒေါ်အောင်ဆန်းစုကြည် ပါဘဲ။ NLD ပါတီလို့တောင် မသုံးရဲပါဘူး။ ဒေါ်စု NLD ပါတီအပေါ် သြဇာသက်ရောက်နေချိန်မှာ မိမိတို့ လိုချင်တာကို ပွင့်ပွင့်လင်းလင်း ဒေါ်စုနဲ့ ညှိနှိုင်းပြီး စာအုပ်စိမ်းပြင်ကာ နာမည်ကောင်း ယူသင့်ပါတယ်။

.

ကျွန်တော်တဦးတည်း အမြင်အရတော့ ဒေါ်စု ကျန်းမာစွာ လုပ်နိုင်နေတ့ဲ ဒီအချိန်ဟာ အကောင်းဆုံးပါဘဲ။ အရင်ကာချုပ်ရဲ့ အမိန့်တောင်းဖို့ လိုရင်လည်း သွားတောင်းလိုက်ပါ။ စာအုပ်စိမ်းကြီးကို ပြင်ပြိီး တပ်မတော်ကို ပြည်သူ့လက် ပြန်အပ်လိုက်ပါဗျာ။

XxXxXx

(Zawgyi version)

ပထမတဖက္
.
  NLD အစိုးရတက္လာတ့ဲ အခ်ိန္မွာ ႏိုင္ငံရဲ႕ အဓိကဝင္ေငြ ႐ွာေပးတ့ဲ သစ္ေတြ ကုန္ပါၿပီ။ ဂက္ဆို ႏွစ္၂၀ ႀကိဳေရာင္းထားပါေသးတယ္။ NLD အစိုးရက သယံဇာတ ျပဳန္းမွာစိုးလို႔ လက္က်န္သစ္ေတြ ေက်ာက္သံပတၱျမားေတြ ထုတ္တာ ေလ်ာ့ခိုင္းလိုက္ပါတယ္။ ႏိုင္ငံဝင္ေငြ အဝင္ေလ်ာ့သြားပါတယ္။
.
ျပည္ပရင္းႏွီးျမႇဳတ္ႏွံဖို႔ ဖြင့္ေပးတ့ဲ အခ်ိန္မွာ အေမရိကန္မွာ ေဒၚႏြယ္ထြန္း သမတျဖစ္ပါတယ္။ သူ႔ရဲ႕ အေမရိကန္ ကိုယ္က်ိဳးစီးပြားကာကြယ္ေရး ဦးစားေပးမူအရ အေမရိကန္ ျပင္ပမွာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ မလုပ္ရဲၾကေတာ့ပါဘူး။ ႏိုင္ငံဝင္ေငြ တိုးလာဖို႔ ပိုခက္သြားပါတယ္။
.
အစိုးရကို အၾကပ္အတည္းျဖစ္ ေငြကုန္ေစမ့ဲ ရခိုင္ေျမာက္ဖ်ား ဘဂၤါလီအေရး ျဖစ္ပါတယ္။ ႏိုင္ငံတကာက ပိတ္ဆို႔ဖို႔အထိ ေတာင္းဆိုလာပါၿပီ။ အစိုးရအတြက္ အခက္အခဲပါဘဲ။
.
ကိုယ္က်ိဳးဘဲၾကည့္တ့ဲ အစိုးရတံုးက ဝင္ေငြ႐ွိေနၿပီး၊ ျပည္သူေတြအတြက္ မခိုးဘဲ လုပ္ေပးမ့ဲ အစိုးရအတြက္မွ ဝင္ေငြနည္းေနတာ ျပည္သူေတြရဲ႕ ကုသိုလ္ကံပါဘဲ။ ဒါေပမယ့္  ျပည္သူေတြနဲ႔ ႏိုင္ငံတကာ အျမင္မွာ ျမန္မာႏိုင္ငံ ဒါမ်ိဳးေတြ ျဖစ္ေနတာ ဟိုစာအုပ္အစိမ္း ေၾကာင့္ပါဘဲလို႔ ျမင္ေနၾကပါတယ္။ Excuse ရေနတာေပါ့။
*     *     *
အျခားတဖက္
.
   တပ္ဆိုတာ အထက္ေအာက္ အမိန္႔အရ အုပ္ခ်ဳပ္ရတာပါ။ ထိပ္ဆံုးက ခ်ေပးလိုက္တ့ဲ အမိန္႔ကို ညင္းဆန္လို႔ မရပါဘူး။ အရင္တပ္ခ်ဳပ္က အခုတပ္ခ်ဳပ္ကို မင္း ငါတို႔ကို ကာကြယ္ေပးဖို႔ တာဝန္႐ွိတယ္။ စာအုပ္စိမ္းႀကီးကို ကာကြယ္ရမယ္လို႔ ေျပာခ့ဲရင္ ဒါအမိန္႔မို႔ လုပ္ေပးရမွာပါဘဲ။
.
လက္႐ွိ အေျခအေနကို သေဘာေပါက္လို႔ အရင္ကာခ်ဳပ္က စာအုပ္စိမ္းျပင္ဖို႔ ခြင့္ျပဳခ့ဲရင္ အေကာင္းဆံုးပါဘဲ။ လက္႐ွိကာခ်ဳပ္အေပၚ အမိန္႔ေပးႏိုင္ေသးတယ္လို႔ ယူဆပါတယ္။ ငါ ႏိုင္ငံေရးနဲ႔ မဆိုင္ေတာ့ဘူး၊ ငါ့ လာမေမးၾကနဲ႔ေတာ့ဆိုၿပီး ႐ူးခ်င္ေယာင္ေဆာင္ရင္ေတာ့ ခက္ေနၿပီ။
.
လက္႐ွိကာခ်ဳပ္ႀကီး စဥ္းစားသင့္ပါတယ္။ အရင္လူေတြနဲ႔ တပ္ကို ဒုကၡမေပးမွာ ေဒၚေအာင္ဆန္းစုၾကည္ ပါဘဲ။ NLD ပါတီလို႔ေတာင္ မသံုးရဲပါဘူး။ ေဒၚစု NLD ပါတီအေပၚ ၾသဇာသက္ေရာက္ေနခ်ိန္မွာ မိမိတို႔ လိုခ်င္တာကို ပြင့္ပြင့္လင္းလင္း ေဒၚစုနဲ႔ ညႇိႏိႈင္းၿပီး စာအုပ္စိမ္းျပင္ကာ နာမည္ေကာင္း ယူသင့္ပါတယ္။
.
ကြၽန္ေတာ္တဦးတည္း အျမင္အရေတာ့ ေဒၚစု က်န္းမာစြာ လုပ္ႏိုင္ေနတ့ဲ ဒီအခ်ိန္ဟာ အေကာင္းဆံုးပါဘဲ။  အရင္ကာခ်ဳပ္ရဲ႕ အမိန္႔ေတာင္းဖို႔ လိုရင္လည္း သြားေတာင္းလိုက္ပါ။ စာအုပ္စိမ္းႀကီးကို ျပင္ၿပိီး တပ္မေတာ္ကို ျပည္သူ႔လက္ ျပန္အပ္လိုက္ပါဗ်ာ။ 

23 October 2017

ဟော့ဖြစ်နေတ့ဲ မင်းသမီး



  မေန႔က ဖြဘုတ္ေလာကမွာ မင္းသမီး တေယာက္ နာမည္ႀကီးသြားပါတယ္။
သူ႔ကို မလိုသူေတြက ဖိုတိုေ႐ွာ့လုပ္ၿပီး တင္လိုက္တာပါတ့ဲ။
ဓာတ္ပံုဆရာတေယာက္က ေျေျဖ႐ွင္းေပးထားပါတယ္။ မင္းသမီးကို အပစ္မတင္သင့္ပါဘူးတ့ဲ။
https://m.facebook.com/story.php?story_fbid=10211608147334848&id=1100796855
.
ကိုယ့္ဖာသာ ဆံုးျဖတ္ၾကပါေတာ့။


XxXxXx

(Unicode version)


  မနေ့က ဖွဘုတ်လောကမှာ မင်းသမီး တယောက် နာမည်ကြီးသွားပါတယ်။

သူ့ကို မလိုသူတွေက ဖိုတိုရှော့လုပ်ပြီး တင်လိုက်တာပါတ့ဲ။

ဓာတ်ပုံဆရာတယောက်က ေြဖြေရှင်းပေးထားပါတယ်။ မင်းသမီးကို အပစ်မတင်သင့်ပါဘူးတ့ဲ။

https://m.facebook.com/story.php?story_fbid=10211608147334848&id=1100796855

.

ကိုယ့်ဖာသာ ဆုံးဖြတ်ကြပါတော့။




18 October 2017

ပျောက်ဆုံးသွားသော မျိုးဆက်တခု

(Unicode version)

 လွန်ခ့ဲသော နှစ်သုံးဆယ်ကျော်က စာရေးဆရာငြိမ်းကျော်ရဲ့ ဝတၳုများကို အရမ်းသဘောကျမိတယ်။ ထွက်သမျှဝတၳုတွေ ဖတ်ဖြစ်တယ်။ တနေ့တော့ကြော်ငြာတခုတွေ့တယ်။ ငြိမ်းကျော်ရဲ့ ဘဝနဲ့ယှဉ်တ့ဲ ဝတၳုရှည်ကြီး ထွက်မယ်။ ဖြတ်သန်းခ့ဲရတ့ဲ သမိုင်းတွေလည်း ပါမယ်ပေါ့။ အမည်က သမုဒယမော်ကွန်း တွင်ရစ်စေသတည်း မှတ်တာဘဲ။ သူ့ရဲ့ master peice ပေါ့။ တဝကြီး ဖတ်ရတော့မယ် အားခဲထားပါတယ်။ တကယ်လည်း ဖတ်ပြီးရော နောက်ပိုင်း ငြိမ်းကျော်ဝတၳု ဖတ်မရအောင် ဖြစ်သွားတယ်။ ခဲလေသမျှ သဲရေကျပါဘဲ။

.

လွန်ခ့ဲတ့ဲ နှစ်နှစ်ဆယ်လောက်က စ ကျော်ဝင်းဆိုတ့ဲ စာရေးသူကို သတိထားလာမိတယ်။ ဘာသာပြန်တာ ကောင်းလို့ပါ။ စိတ်ကူးယဉ်စာတွေ ဖတ်မရတော့တ့ဲအချိန်မှာ ဖတ်ချင်လာတ့ဲစာတွေကို ဘာသာပြန်ပေးတော့ အတော်ဘဲ ဖြစ်နေပါတယ်။ သူဘာသာပြန်တာက နိုင်ငံရေး စီးပွားရေး ပတ်သက်တာတွေများတော့ ဝတၳုရေး စာရေးဆရာထက် ဘာသာပြန်စာရေးသူပေါ့။ သူ့ကြောင့် ကမ်ဘာနဲ့ ပတ်သက်တ့ဲ အယူအဆတွေ ပိုသိလာတာပါ။ တခုတော့ ဝန်ခံပါတယ်။ သူရဲ့ ကိုယ်ပိုင် နိုင်ငံရေး စီးပွားရေး အယူအဆတွေတော့ တယ်မကြိုက်လှဘူး။ ကိုယ်ပိုင်ရေးစာရေးဆရာတယောက်ထက် ဘာသာပြန်ဆရာကောင်းတယောက်ပေါ့။

.

သူကလည်း ကြော်ငြာလာပါတယ်။ သူ့ရဲ့ဖြစ်စဉ်နဲ့ယှဉ်ပြီး ဝတၳုရှည်ကြီး ရေးထားသတ့ဲ။ ငြိမ်းကျော်တုံးကလို ဖြစ်သွားမှာ စိုးမိတယ်။ သူက ရသစာ ရေးနေကျလည်း မဟုတ်ဘူးလေ။ ငြိမ်းကျော်တုံးက နှစ်အုပ်တွဲ ထုတ်သလို သူက သုံးအုပ်တ့ဲ။ သူက နိုင်ငံရေး ပတ်သက်ခ့ဲသူမို့ ပိုလည်း မျှော့်လင့်မိပါတယ်။

.

ခု ပထမတွဲဖတ်အပြီးမှာ ကြေနပ်မိပါတယ်။ ဝတၳုရေးဆရာတယောက်အဖြစ်လည်း အသိအမှတ်ပြုပါတယ်။ ငြိမ်းကျော်တုံးကလို ခေတ်ကို လုံးချပြီး ဖြတ်မသွားပါဘူး။ ပတ်သက်သမျှလေးတွေကို ပါးပါးဖြစ်ဖြစ် တို့ထိသွားပါတယ်။ လွန်ခ့ဲသော နှစ်လေးဆယ်ခန့်ကို မဲန်မိုရီခေါ်ရတော့ ဒေတာလေးတွေ နည်းနည်းလွဲချော်တာတော့ ရှိပါတယ်။

.

နောက်စာအုပ်ကို ဆက်ဖတ်ဖို့ စောင့်ရပါတော့မယ်။


XxXxXx

(Zawgyi version )

 လြန္ခ့ဲေသာ ႏွစ္သံုးဆယ္ေက်ာ္က စာေရးဆရာၿငိမ္းေက်ာ္ရဲ႕ ဝတၳဳမ်ားကို အရမ္းသေဘာက်မိတယ္။ ထြက္သမ်ွဝတၳဳေတြ ဖတ္ျဖစ္တယ္။ တေန႔ေတာ့ေၾကာ္ျငာတခုေတြ႔တယ္။ ၿငိမ္းေက်ာ္ရဲ႕ ဘဝနဲ႔ယွဥ္တ့ဲ ဝတၳဳ႐ွည္ႀကီး ထြက္မယ္။ ျဖတ္သန္းခ့ဲရတ့ဲ သမိုင္းေတြလည္း ပါမယ္ေပါ့။ အမည္က သမုဒယေမာ္ကြန္း တြင္ရစ္ေစသတည္း မွတ္တာဘဲ။ သူ႔ရဲ႕ master peice ေပါ့။ တဝႀကီး ဖတ္ရေတာ့မယ္ အားခဲထားပါတယ္။ တကယ္လည္း ဖတ္ၿပီးေရာ ေနာက္ပိုင္း ၿငိမ္းေက်ာ္ဝတၳဳ ဖတ္မရေအာင္ ျဖစ္သြားတယ္။ ခဲေလသမွ် သဲေရက်ပါဘဲ။
.
လြန္ခ့ဲတ့ဲ ႏွစ္ႏွစ္ဆယ္ေလာက္က စ ေက်ာ္ဝင္းဆိုတ့ဲ စာေရးသူကို သတိထားလာမိတယ္။ ဘာသာျပန္တာ ေကာင္းလို႔ပါ။ စိတ္ကူးယဥ္စာေတြ ဖတ္မရေတာ့တ့ဲအခ်ိန္မွာ ဖတ္ခ်င္လာတ့ဲစာေတြကို ဘာသာျပန္ေပးေတာ့ အေတာ္ဘဲ ျဖစ္ေနပါတယ္။ သူဘာသာျပန္တာက ႏိုင္ငံေရး စီးပြားေရး ပတ္သက္တာေတြမ်ားေတာ့ ဝတၳဳေရး စာေရးဆရာထက္ ဘာသာျပန္စာေရးသူေပါ့။ သူ႔ေၾကာင့္ ကမ႓ာနဲ့ ပတ္သက္တ့ဲ အယူအဆေတြ ပိုသိလာတာပါ။ တခုေတာ့ ဝန္ခံပါတယ္။ သူရဲ႕ ကိုယ္ပိုင္ ႏိုင္ငံေရး စီးပြားေရး အယူအဆေတြေတာ့ တယ္မႀကိဳက္လွဘူး။ ကိုယ္ပိုင္ေရးစာေရးဆရာတေယာက္ထက္ ဘာသာျပန္ဆရာေကာင္းတေယာက္ေပါ့။
.
သူကလည္း ေၾကာ္ျငာလာပါတယ္။ သူ႔ရဲ႕ျဖစ္စဥ္နဲ႔ယွဥ္ၿပီး ဝတၳဳ႐ွည္ႀကီး ေရးထားသတ့ဲ။   ၿငိမ္းေက်ာ္တံုးကလို ျဖစ္သြားမွာ စိုးမိတယ္။ သူက ရသစာ ေရးေနက်လည္း မဟုတ္ဘူးေလ။ ၿငိမ္းေက်ာ္တံုးက ႏွစ္အုပ္တြဲ ထုတ္သလို သူက သံုးအုပ္တ့ဲ။ သူက ႏိုင္ငံေရး ပတ္သက္ခ့ဲသူမို႔ ပိုလည္း ေမ်ွာ့္လင့္မိပါတယ္။
.
ခု ပထမတြဲဖတ္အၿပီးမွာ ေၾကနပ္မိပါတယ္။ ဝတၳဳေရးဆရာတေယာက္အျဖစ္လည္း အသိအမွတ္ျပဳပါတယ္။ ၿငိမ္းေက်ာ္တံုးကလို ေခတ္ကို လံုးခ်ၿပီး ျဖတ္မသြားပါဘူး။ ပတ္သက္သမွ်ေလးေတြကို ပါးပါးျဖစ္ျဖစ္ တို႔ထိသြားပါတယ္။ လြန္ခ့ဲေသာ ႏွစ္ေလးဆယ္ခန္႔ကို မဲန္မိုရီေခၚရေတာ့ ေဒတာေလးေတြ နည္းနည္းလဲြေခ်ာ္တာေတာ့ ႐ွိပါတယ္။
.
ေနာက္စာအုပ္ကို ဆက္ဖတ္ဖို႔ ေစာင့္ရပါေတာ့မယ္။

13 October 2017

အလှူခံပါမယ်ဗျို့

(Unicode version )

 မနေ့က ဒေါ်စုရဲ့ ပြည်သူကို ပြောစကားထဲမှာ ရခိုင်ကဒုက္ခသည်တွေ ပြန်ထူထောင်ရေးအတွက် မြန်မာနိုင်ငံသားတွေဆီက အလှူခံတာ ပါပါတယ်။

.

နိုင်ငံအတွက် အဖက်ဖက်က ဘဏ္႑ာလိုအပ်နေချိန်မှာ နောက်ထပ် ငွေကုန်ပေါက် အကြီးကြီးပါဘဲ။ ဟိုဘက်ကမောင်တွေ ပြန်လာရင် ပိုကုန်မှာမို့ မလာရဲအောင် ခြောက်ထားရမလို ဖြစ်နေပါတယ်။

.

ပြည်ပက အကူငွေကို အရင် မြန်မာအစိုးရ အဆက်ဆက်လို အားထားလို့မရတော့ပါဘူး။ နောက်ဆုံးသံပဒတ်လက်ထက်ကလို OIC မှ ဒေါ်လာသန်းငါးဆယ် တိတ်တိတ်လက်ခံလို့လည်း မဖြစ်ပါဘူး။ နောက်ကွယ်က နှောင်ကြိုးတွေက ဘယ်လောက်များမှန်း မသိပါဘူး။

.

ဒါမျိုးတွေကို အဓိက ကူညီလေ့ရှိတ့ဲ ကုလသမဂ္ဂ လက်အောက်အဖွဲ့ UNHCR ကလည်း သိသိသာသာကို အာရပ်ကမ်ဘာအောက် ရောက်နေပါပြီ။ သူတို့ လှူရင်လည်း ဘင်္ဂါလီအများစုရှိတ့ဲ ဘင်္ဂလားဒေ့ရှ် ဖက်ကိုဘဲ ပေးမှာသေချာပါတယ်။

.

ကျန်အလှူရှင်နိုင်ငံတွေဖြစ်တ့ဲ အနောက်ကမ်ဘာကလည်း မီဒီယာသတင်းတွေအရ မြန်မာအပေါ် မကောင်းမြင်နေတာ သေချာပါတယ်။ အာရှက ဂျပန် တနိုင်ငံဆီကဘဲ များများမျှော်လင့်လို့ ရပါမယ်။

.

ဒီအခြေအနေတွေကို ခြုံငုံသဘောပေါက်ထားတ့ဲ ဒေါ်စုက ပြည်ပကို လုံးဝ အားကိုးဟန် မတူတော့ပါဘူး။ ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသားတွေဆီကဘဲ အဓိက အလှူခံတ့ဲ သဘောရှိပါတယ်။ ခရိုနီကြီးတွေနဲ့ အရင် အစိုးရလက်ထက် တနည်းနည်းနဲ့ ချမ်းသာသူကြီးတွေလည်း မြန်မာပြည်ချစ်စိတ်နဲ့ ကူညီကြမယ်လို့ ထင်ပါတယ်။

.

သဒ္ဒါထက်သန်တ့ဲ မြန်မာတွေကတော့ ဒေါ်စုအလှူခံရင် လှူကြဦးမှာပါ။ မိမိတတ်နိုင်သလောက် နည်းများမဆိုပေါ့။ ဒီနေရာမှာ အရေးကြီးတာက ရုပ်ရှင်မင်းသား မင်းသမီးတွေ၊ အဆိုကျော်တွေလို အနုပညာရှင် တွေပါဘဲ။ သူတို့ရဲ့ အနုပညာသုံး အလှူခံမှုက ငွေအများ အလှူရနိုင်ပါတယ်။ ကူညီကြမယ်လည်း ယုံကြည်ပါတယ်။

.

သေချာ အာမခံရဲတာ တခုရှိပါတယ်။ ပြည်သူအများ လှူလိုက်တ့ဲ ချွေးနည်းစာ အပါအဝင် အလှူငွေတွေဟာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် စီမံမ့ဲ ဒီကိစ္စမှာ အလွဲသုံးစားမှု မရှိနိုင်ဘူး ဆိုတာပါဘဲခင်ဗျာ။

XxXxXx

(Zawgyi version) 

မေန႔က ေဒၚစုရဲ႕ ျပည္သူကို ေျပာစကားထဲမွာ ရခိုင္ကဒုကၡသည္ေတြ ျပန္ထူေထာင္ေရးအတြက္ ျမန္မာႏိုင္ငံသားေတြဆီက အလႉခံတာ ပါပါတယ္။
.
ႏိုင္ငံအတြက္ အဖက္ဖက္က ဘ႑ာလုိအပ္ေနခ်ိန္မွာ ေနာက္ထပ္ ေငြကုန္ေပါက္ အႀကီးႀကီးပါဘဲ။ ဟိုဘက္ကေမာင္ေတြ ျပန္လာရင္ ပိုကုန္မွာမို႔ မလာရဲေအာင္ ေျခာက္ထားရမလို ျဖစ္ေနပါတယ္။
.
ျပည္ပက အကူေငြကို အရင္ ျမန္မာအစိုးရ အဆက္ဆက္လို အားထားလို႔မရေတာ့ပါဘူး။ ေနာက္ဆံုးသံပဒတ္လက္ထက္ကလို OIC မွ ေဒၚလာသန္းငါးဆယ္ တိတ္တိတ္လက္ခံလို႔လည္း မျဖစ္ပါဘူး။ ေနာက္ကြယ္က ေႏွာင္ႀကိဳးေတြက ဘယ္ေလာက္မ်ားမွန္း မသိပါဘူး။
.
ဒါမ်ိဳးေတြကို အဓိက ကူညီေလ့႐ွိတ့ဲ ကုလသမဂၢ လက္ေအာက္အဖြဲ႔ UNHCR ကလည္း သိသိသာသာကို အာရပ္ကမ႓ာေအာက္ ေရာက္ေနပါၿပီ။ သူတို႔ လႉရင္လည္း ဘဂၤါလီအမ်ားစု႐ွိတ့ဲ ဘဂၤလားေဒ့႐ွ္ ဖက္ကိုဘဲ ေပးမွာေသခ်ာပါတယ္။
.
က်န္အလႉ႐ွင္ႏိုင္ငံေတြျဖစ္တ့ဲ အေနာက္ကမ႓ာကလည္း မီဒီယာသတင္းေတြအရ ျမန္မာအေပၚ မေကာင္းျမင္ေနတာ ေသခ်ာပါတယ္။ အာ႐ွက ဂ်ပန္ တႏိုင္ငံဆီကဘဲ မ်ားမ်ားေမွ်ာ္လင့္လို႔ ရပါမယ္။
.
ဒီအေျခအေနေတြကို ျခံဳငံုသေဘာေပါက္ထားတ့ဲ ေဒၚစုက ျပည္ပကို လံုးဝ အားကိုးဟန္ မတူေတာ့ပါဘူး။ ျပည္တြင္းျပည္ပ ျမန္မာႏိုင္ငံသားေတြဆီကဘဲ အဓိက အလႉခံတ့ဲ သေဘာ႐ွိပါတယ္။ ခ႐ိုနီႀကီးေတြနဲ႔ အရင္ အစိုးရလက္ထက္ တနည္းနည္းနဲ႔ ခ်မ္းသာသူႀကီးေတြလည္း ျမန္မာျပည္ခ်စ္စိတ္နဲ႔ ကူညီၾကမယ္လို႔ ထင္ပါတယ္။
.
သဒၵါထက္သန္တ့ဲ ျမန္မာေတြကေတာ့ ေဒၚစုအလႉခံရင္ လႉၾကဦးမွာပါ။ မိမိတတ္ႏိုင္သေလာက္ နည္းမ်ားမဆိုေပါ့။ ဒီေနရာမွာ အေရးႀကီးတာက ႐ုပ္႐ွင္မင္းသား မင္းသမီးေတြ၊ အဆိုေက်ာ္ေတြလို အႏုပညာ႐ွင္ ေတြပါဘဲ။ သူတို႔ရဲ႕ အႏုပညာသံုး အလႉခံမႈက ေငြအမ်ား အလႉရႏိုင္ပါတယ္။ ကူညီၾကမယ္လည္း ယံုၾကည္ပါတယ္။
.
ေသခ်ာ အာမခံရဲတာ တခု႐ွိပါတယ္။ ျပည္သူအမ်ား လႉလိုက္တ့ဲ ေခြၽးနည္းစာ အပါအဝင္ အလႉေငြေတြဟာ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ စီမံမ့ဲ ဒီကိစၥမွာ အလြဲသံုးစားမႈ မ႐ွိႏိုင္ဘူး ဆိုတာပါဘဲခင္ဗ်ာ။

10 October 2017

ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ ၂

(Unicode version)

 ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲတွေ လုပ်ဖို့လိုပါတယ်။ ခုဆိုရင် အစိုးရနဲ့ စစ်တပ်ကို ကမ်ဘာက ခွဲမြင်လာပါပြီ။ ရိုတွေဘယ်လို လော်လော် ရမယ်မထင်တော့ပါ။ တပ်အနေနဲ့လည်း သူတို့ပါပါကြီးတွေခေတ်ကလို တပ်အစိုးရမဟုတ်တ့ဲအတွက် ဆဲန်ရှင်ကအစ သူတို့ဘဲ ခံရပါတော့မယ်။ သူတို့ပါပါကြီးတွေအတွက် သူတို့အနစ်နာ ဆက်ခံပေးရင်တော့ မပြောတတ်ဘူးပေါ့။

.

အာဏာရှင်မှ ထောက်ခံပွဲ လုပ်ရတာ မဟုတ်ပါ။ ဒီမိုကရေစီ ဘိုးအေ အမေရိကန်မှာလည်း ဒေါ်နယ်ထွန်း ထောက်ခံသူနဲ့ ကန့်ကွက်သူ ထိပ်တိုက်တောင် ဆော်မလိုဖြစ်သေးတာဘဲ။ အာဏာရှင်တို့ ထောက်ခံပွဲနဲ့ကွာတာက လူတွေကို အတင်းဆင့်ခေါ်စရာ၊ လာဘ်ထိုးခေါ်စရာ မလိုတာ အဓိက ကွာခြားမှုပါဘဲ။

.

အရေးကြီးဆုံးက အမေစုအတွက် ခွန်အားရစေဖို့ပါ။ သူအကြိမ်ကြိမ် ပြောဘူးပါတယ်။ ပြည်သူသာ အစိုးရနဲ့အတူရှိရင် ဘာမဆို ဖြစ်အောင်လုပ်နိုင်ပါတယ်တ့ဲ။ ရှေ့မှာ နိုင်ငံအတွက် တိုက်စရာရှိ တိုက်နေတုံး နောက်ကပြည်သူက ထောက်ခံတယ်ဆိုတော့ အမေစု အားရှိမှာပါဘဲ။ လက်နက်အားကိုးသူ မဟုတ်ဘဲ ပြည်သူအားကိုးတ့ဲ အမေလေ။

.

ဒါကြောင့် နိုင်ငံအဝှမ်း ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲတွေ လိုအပ်ပါတယ်။ မလုပ်ရသေးတ့ဲ မြို့တွေလည်း လုပ်ဖို့ တိုက်တွန်းပါတယ်။ အဓိက ရန်ကုန်မြို့ကြီးမှာလည်း သေချာ အင်အားကောင်းကောင်းနဲ့ ပြန်လုပ်ကြဖို့ လိုပါတယ်။

.

ဒေါ်အောင်ဆန်းစုကြည် သက်တော်ရာကျော်ရှည်ပြီး ပဉ္စမမြန်မာနိုင်ံတော်ကို ဦးဆောင်နိုင်ပါစေ။

XxXxXx

(Zawgyi version )

 ေဒၚေအာင္ဆန္းစုၾကည္ ေထာက္ခံပြဲေတြ လုပ္ဖို႔လိုပါတယ္။ ခုဆိုရင္ အစိုးရနဲ႔ စစ္တပ္ကို ကမ႓ာက ခြဲျမင္လာပါၿပီ။ ႐ိုေတြဘယ္လို ေလာ္ေလာ္ ရမယ္မထင္ေတာ့ပါ။ တပ္အေနနဲ႔လည္း သူတို႔ပါပါႀကီးေတြေခတ္ကလို တပ္အစိုးရမဟုတ္တ့ဲအတြက္ ဆဲန္႐ွင္ကအစ သူတို႔ဘဲ ခံရပါေတာ့မယ္။ သူတို႔ပါပါႀကီးေတြအတြက္ သူတို႔အနစ္နာ ဆက္ခံေပးရင္ေတာ့ မေျပာတတ္ဘူးေပါ့။
.
အာဏာ႐ွင္မွ ေထာက္ခံပြဲ လုပ္ရတာ မဟုတ္ပါ။ ဒီမိုကေရစီ ဘိုးေအ အေမရိကန္မွာလည္း ေဒၚနယ္ထြန္း ေထာက္ခံသူနဲ႔ ကန္႔ကြက္သူ ထိပ္တိုက္ေတာင္ ေဆာ္မလိုျဖစ္ေသးတာဘဲ။ အာဏာ႐ွင္တို႔ ေထာက္ခံပြဲနဲ႔ကြာတာက လူေတြကို အတင္းဆင့္ေခၚစရာ၊ လာဘ္ထိုးေခၚစရာ မလိုတာ အဓိက ကြာျခားမႈပါဘဲ။
.
အေရးႀကီးဆံုးက အေမစုအတြက္ ခြန္အားရေစဖို႔ပါ။ သူအႀကိမ္ႀကိမ္ ေျပာဘူးပါတယ္။ ျပည္သူသာ အစိုးရနဲ႔အတူ႐ွိရင္ ဘာမဆို ျဖစ္ေအာင္လုပ္ႏိုင္ပါတယ္တ့ဲ။ ေ႐ွ႕မွာ ႏိုင္ငံအတြက္ တိုက္စရာ႐ွိ တိုက္ေနတံုး ေနာက္ကျပည္သူက ေထာက္ခံတယ္ဆိုေတာ့ အေမစု အား႐ွိမွာပါဘဲ။ လက္နက္အားကိုးသူ မဟုတ္ဘဲ ျပည္သူအားကိုးတ့ဲ အေမေလ။
.
ဒါေၾကာင့္ ႏိုင္ငံအဝွမ္း ေဒၚေအာင္ဆန္းစုၾကည္ ေထာက္ခံပြဲေတြ လိုအပ္ပါတယ္။ မလုပ္ရေသးတ့ဲ ၿမိဳ႕ေတြလည္း လုပ္ဖို႔ တိုက္တြန္းပါတယ္။ အဓိက ရန္ကုန္ၿမိဳ႕ႀကီးမွာလည္း ေသခ်ာ အင္အားေကာင္းေကာင္းနဲ႔ ျပန္လုပ္ၾကဖို႔ လိုပါတယ္။
.
ေဒၚေအာင္ဆန္းစုၾကည္ သက္ေတာ္ရာေက်ာ္႐ွည္ျပီး ပဥၥမျမန္မာႏိုင္ံေတာ္ကို ဦးေဆာင္ႏိုင္ပါေစ။ 

08 October 2017

ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ

(Unicode version )

       နိုင်ငံ့ခေါင်းဆောင် ပြည်သူ့အချစ်တော် အမေစု ထောက်ခံပွဲတွေ ယနေ့ မုံရွာ မကွေး ပုသိမ် စသဖြင့် မြို့ကြီးတွေမှာ လုပ်ပါတယ်။ မနေ့ကလည်း မန္တလေးမှာလုပ်ခ့ဲတယ်။ ရန်ကုန်မှာတော့ လွန်ခ့ဲတ့ဲ နှစ်ပါတ်လောက်ထဲက လုပ်ခ့ဲပါတယ်။ (ခုပြန်ကြည့်တော့ ရန်ကုန်ပွဲတွေ လူအနည်းဆုံးပါဘဲ၊) သေချာ ပြန်လုပ်သင့်ပါတယ်။

.

အွန်လိုင်းပေါ်က စောင်ဆရာကြီးအချို့က ရေးကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ လုပ်ဖို့လိုသလားတ့ဲ။ ကျွန်တော့်အမြင်ကတော့ လိုပါတယ်။

.

ကမ်ဘာမှာ မြန်မာဟာ လက်ရှိအချိန် ရိုဟင်ဂျာအရေးကြောင့် အကြပ်အတည်း ဆိုက်နေပါတယ်။ အမေစုရဲ့ NLD အစိုးရဟာ နိုင်ငံအတွက် လုပ်သင့်တာကို ဘယ်သူ့မှမင့ဲညှာဘဲ လုပ်နေတာ သိရက်သားနဲ့ ပြည်တွင်းပြည်ပက မဟုတ်တန််းတရားတွေ စွပ်စွဲနေပါတယ်။ စွပ်စွဲမှု အများစုကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကိုဘဲ ခေါင်းစဉ်တပ် ဦးတည်ပြီး လုပ်နေတာပါ။ ဒီအချိန်မှာမှ ဒေါ်စုကို မထောက်ခံရင် ဘယ်အချိန် ထောက်ခံကြမလည်းဗျာ။

.

နောက် တချို့ စဆရကတွေ၊ အယောင်ဆောင်လား မသိသူတွေက ယနေ့ မြန်မာနိုင်ငံရဲ့ အခြေအနေ အတိုင်းဆို ၂၀၂၀မှာ NLD မဲမရနိုင်ဘူး၊ မဲပေးကြမှ မဟုတ်ဘူး၊ မဲမပေးနိုင်ဘူး စသဖြင့် လေသံပေး နှပ်ကြောင်းပေးလာပါတယ်။ ရွေးကောက်ပွဲက အနည်းငယ် ဝေးသေးပေမယ့် တွေဝေသူတချို့ အမြင်မမှားရအောင် ဒေါ်စုနဲ့ NLDအစိုးရသည် ပြည်သူအများစု ၊ လူအများစု ထောက်ခံမှုရှိကြောင်း ပြသဖို့ လိုပါတယ်။

.

ဒါကြောင့်မို့ မိတ်ဆွေတို့ရဲ့ ဒေသမှာ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲလုပ်ဖို့ လိုသလို လုပ်ရင်လည်း ထောက်ခံကြောင်း သွားပြဖို့လိုပါတယ်။ ဦးဖြိုးမင်းသိန်း အမှူးပြုပြီး ရန်ကုန်မှာလည်း ပွဲကြီးတခု သေချာပြန်လုပ်သင့်တယ်လို့ ထင်မိကြောင်းပါဗျာ။


XxXxXx

(Zawgyi version)

       ႏိုင္ငံ့ေခါင္းေဆာင္ ျပည္သူ႔အခ်စ္ေတာ္ အေမစု ေထာက္ခံပြဲေတြ ယေန႔ မံုရြာ မေကြး ပုသိမ္ စသျဖင့္ ၿမိဳ႕ႀကီးေတြမွာ လုပ္ပါတယ္။ မေန႔ကလည္း မႏၲေလးမွာလုပ္ခ့ဲတယ္။ ရန္ကုန္မွာေတာ့ လြန္ခ့ဲတ့ဲ ႏွစ္ပါတ္ေလာက္ထဲက လုပ္ခ့ဲပါတယ္။ (ခုျပန္ၾကည့္ေတာ့ ရန္ကုန္ပြဲေတြ လူအနည္းဆံုးပါဘဲ၊) ေသခ်ာ ျပန္လုပ္သင့္ပါတယ္။
.
အြန္လိုင္းေပၚက ေစာင္ဆရာႀကီးအခ်ိဳ႕က ေရးၾကပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ ေထာက္ခံပြဲ လုပ္ဖို႔လိုသလားတ့ဲ။ ကြၽန္ေတာ့္အျမင္ကေတာ့ လိုပါတယ္။
.
ကမ႓ာမွာ ျမန္မာဟာ လက္႐ွိအခ်ိန္ ႐ိုဟင္ဂ်ာအေရးေၾကာင့္ အၾကပ္အတည္း ဆိုက္ေနပါတယ္။ အေမစုရဲ႕ NLD အစိုးရဟာ ႏိုင္ငံအတြက္ လုပ္သင့္တာကို ဘယ္သူ႔မွမင့ဲညႇာဘဲ လုပ္ေနတာ သိရက္သားနဲ႔ ျပည္တြင္းျပည္ပက မဟုတ္တန္္းတရားေတြ စြပ္စြဲေနပါတယ္။ စြပ္စြဲမႈ အမ်ားစုကိုလည္း ေဒၚေအာင္ဆန္းစုၾကည္ကိုဘဲ ေခါင္းစဥ္တပ္ ဦးတည္ၿပီး လုပ္ေနတာပါ။ ဒီအခ်ိန္မွာမွ ေဒၚစုကို မေထာက္ခံရင္ ဘယ္အခ်ိန္ ေထာက္ခံၾကမလည္းဗ်ာ။
.
ေနာက္ တခ်ိဳ႕ စဆရကေတြ၊ အေယာင္ေဆာင္လား မသိသူေတြက ယေန႔ ျမန္မာႏိုင္ငံရဲ႕ အေျခအေန အတိုင္းဆို ၂၀၂၀မွာ NLD မဲမရႏိုင္ဘူး၊ မဲေပးၾကမွ မဟုတ္ဘူး၊ မဲမေပးႏိုင္ဘူး စသျဖင့္ ေလသံေပး ႏွပ္ေၾကာင္းေပးလာပါတယ္။ ေရြးေကာက္ပြဲက အနည္းငယ္ ေဝးေသးေပမယ့္ ေတြေဝသူတခ်ိဳ႕ အျမင္မမွားရေအာင္ ေဒၚစုနဲ႔ NLDအစိုးရသည္ ျပည္သူအမ်ားစု ၊ လူအမ်ားစု ေထာက္ခံမွု႐ွိေၾကာင္း ျပသဖို႔ လိုပါတယ္။
.
ဒါေၾကာင့္မို႔ မိတ္ေဆြတို႔ရဲ႕ ေဒသမွာ ေဒၚေအာင္ဆန္းစုၾကည္ ေထာက္ခံပြဲလုပ္ဖို႔ လိုသလို လုပ္ရင္လည္း ေထာက္ခံေၾကာင္း သြားျပဖို႔လိုပါတယ္။ ဦးၿဖိဳးမင္းသိန္း အမႉးျပဳၿပီး ရန္ကုန္မွာလည္း ပြဲႀကီးတခု ေသခ်ာျပန္လုပ္သင္႔တယ္လို႔ ထင္မိေၾကာင္းပါဗ်ာ။