30 December 2018

စာရေးဆရာတွေ ညံ့ကြတော့မှာလား

(Unicode version)

     မနေ့က စာရေးဆရာအသင်းက လုပ်တ့ဲ သက်ကြီးကန်တော့ပွဲမှာ မတန်မရာဖြစ်သွားတာ အားလုံးအသိပါ။ ရာရာစစ ပလ္လင်ပေါ် မျောက်တက်တာထက် ဆ်ိုးပါတယ်။

.

စာရေးဆရာအသင်းမှာ ကောင်စီလူကြီး ဘယ်နှစ်ယောက် သဘောတူလို့ လုပ်ခ့ဲလဲတော့ မသိပါဘူး။ ပထမအဆင့်အနေနဲ့ တာဝန်ရှိသူ ဥက္ကဌ မနုဿ ကျော်ဝင်းနဲ့ အတွင်းရေးမှုး မြင်းမူမောင်နိုင်မိုးတို့ကို ဘယ်သူ့တွေ ဆုံးဖြတ်ချက်နဲ့ လုပ်ခ့ဲတာလဲ စာရေးဆရာအသင်းဝင်များအနေနဲ့ မေးမြန်းရပါမယ်။ သူတို့နှစ်ဦးက အရင်အစိုးရရဲ့ အလိုတော်ရိတွေဆိုတာ သေချာပါတယ်။

.

သူတို့ နှစ်ဦးထဲသဘောလား။ ကောင်စီဝင်များ မဲခွဲဆုံးဖြတ်တာလား၊ သေချာအောင် လုပ်ကြပါ။ သူတို့နှစ်ဦးကဘဲ ဆုံးဖြတ်တာဆိုရင် သူတို့ကို ဖယ်ရှားပစ်ရပါမယ်။ ကောင်စီမှာ မဲခွဲလို့ များရာဆုံးဖြတ်တာဆိုရင် ကောင်စီအသစ် ပြန်ဖွဲ့ဖို့ အသင်းသားများ ကြိုးစားရပါမယ်။

.

ဒါတွေမှ လုပ်ခွင့်မရှိဘူး ဆိုရင်တော့ ဒီအသင်းက ထွက်လိုက်ကြပါ။ အသင်းသစ် ပြန်ဖွဲ့ကြပါ။ ဒီမိုကရေစီခေတ် NLD အစိုးရခေတ်မှာ မလုပ်နိုင်စရာ အကြောင်း မရှိပါ။ မလုပ်ရဲစရာ အကြောင်း မရှိပါ။ ဒို့ခေတ်ရောက်မှ ညံ့ကြတော့မှာလား စာရေးဆရာ အပေါင်းတို့။


XxXxXx

(Zawgyi version) 

    မေန႔က စာေရးဆရာအသင္းက လုပ္တ့ဲ သက္ႀကီးကန္ေတာ့ပြဲမွာ မတန္မရာျဖစ္သြားတာ အားလံုးအသိပါ။ ရာရာစစ ပလႅင္ေပၚ ေမ်ာက္တက္တာထက္ ဆ္ိုးပါတယ္။
.
စာေရးဆရာအသင္းမွာ ေကာင္စီလူႀကီး ဘယ္ႏွစ္ေယာက္ သေဘာတူလို႔ လုပ္ခ့ဲလဲေတာ့ မသိပါဘူး။ ပထမအဆင့္အေနနဲ႔ တာဝန္႐ွိသူ ဥကၠဌ မႏုႆ      ေက်ာ္ဝင္းနဲ႔ အတြင္းေရးမႈး ျမင္းမူေမာင္ႏိုင္မိုးတို႔ကို ဘယ္သူ႔ေတြ ဆံုးျဖတ္ခ်က္နဲ႔ လုပ္ခ့ဲတာလဲ စာေရးဆရာအသင္းဝင္မ်ားအေနနဲ႔ ေမးျမန္းရပါမယ္။ သူတို႔ႏွစ္ဦးက အရင္အစိုးရရဲ႕ အလိုေတာ္ရိေတြဆိုတာ ေသခ်ာပါတယ္။
.
သူတို႔ ႏွစ္ဦးထဲသေဘာလား။ ေကာင္စီဝင္မ်ား မဲခြဲဆံုးျဖတ္တာလား၊ ေသခ်ာေအာင္ လုပ္ၾကပါ။ သူတို႔ႏွစ္ဦးကဘဲ ဆံုးျဖတ္တာဆိုရင္ သူတို႔ကို ဖယ္႐ွားပစ္ရပါမယ္။ ေကာင္စီမွာ မဲခြဲလို႔ မ်ားရာဆံုးျဖတ္တာဆိုရင္ ေကာင္စီအသစ္ ျပန္ဖြဲ႔ဖို႔ အသင္းသားမ်ား ႀကိဳးစားရပါမယ္။
.
ဒါေတြမွ လုပ္ခြင့္မ႐ွိဘူး ဆိုရင္ေတာ့ ဒီအသင္းက ထြက္လိုက္ၾကပါ။ အသင္းသစ္ ျပန္ဖြဲ႔ၾကပါ။ ဒီမိုကေရစီေခတ္ NLD အစိုးရေခတ္မွာ မလုပ္ႏိုင္စရာ အေၾကာင္း မ႐ွိပါ။ မလုပ္ရဲစရာ အေၾကာင္း မ႐ွိပါ။ ဒို႔ေခတ္ေရာက္မွ ညံ့ၾကေတာ့မွာလား စာေရးဆရာ အေပါင္းတို႔။ 

25 December 2018

ရန်ကုန်မြေဈေး ကျတော့မည်၊









(Unicode version)


   စိတ်ရှုတ်စရာ မြန်မာ့သတင်းများထဲ ဝမ်းသာစရာ သတင်းတခု တက်လာပါပြီ။ ခရိုနီများ ကန့်ကွက်မှုတွေကြောင့် အရင်အစိုးရ မဆုံးဖြတ်ပဲနဲ့ လေးငါးနှစ် နှောင့်နှေးခ့ဲရတ့ဲ ရန်ကုန် ဒလကူး ကိုရီးယား မြန်မာချစ်ကြည်ရေး တံတားကြီး စတင်လိုက်တ့ဲ သတင်းပါ။

.

တကယ်က ဒလသည် ရန်ကုန်မြို့လည်နဲ့ အနီးဆုံးတွင် တည်ရှိသည်။ ယခင်က သွားလာရေးခက်ခဲ၊ ရေချိုမရ၊ အောက်ခံမြေပျော့သည်ဆိုပြီး မြို့အဖြစ် မတိုးချဲ့ခ့ဲ။ ၈၈နောက်ပိုင်း လှိုင်သာယာနှင့် ဒဂုံမြို့သစ်တွေ မြို့ဖြစ်လာချိန်မှာ ဒလကျန်ခ့ဲသည်။

.

ခုတော့ စခ့ဲပါပြီ။ တည်ဆောက်ချိန် သုံးလေးနှစ်အပြီး ကျယ်ဝန်းလှသော တဆက်တစပ်ထဲ မြေအကျယ်ကြီးတွင် စက်မှုဇုန် စိုက်ပျိုးရေးဇုန် မွေးမြူရေးဇုန်များလည်း တည်ဆောက်နိုင်ပြီ။ သီလဝါလို ထားဝယ်လို စက်မှုဇုန်မျိုး ဟိုးပင်လယ်ဝအထိ တိုးချဲ့နိုင်ပြီ။ သီလဝါနှင့် မျုက်နှာချင်းဆိုင်ဘက်ခြမ်း ကမ်းတလျောက်လုံး ဆိပ်ကမ်းတည်ဆောက်နိုင်မည်။ တဆက်တည်း ဖျာပုံ ဒေးဒရဲဘက်အထိ ဖွံ့ဖြိုးလာနိုင်ပါသည်။

.

ရေချိုအတွက်လည်း ပိုက်လိုင်းများ တပါတည်း ထည့်သွင်းမှာမို့ မပူရတော့။ ပင်လယ်ထဲမှာပင် လေဆိပ် သဘောၤဆိပ်တည်ဆောက်နိုင်သည့် နည်းပညာထွန်းကားနေပြီဖြစ်ရာ အထပ်မြင့်များပါ ဆောက်လုပ်နိုင်တော့မှာ အသေအချာ။ လူနေမြို့်ကွ က် အသစ်များလည်း ဖော်ဆောင်နိုင်တော့မည်။

.

ဒီ့အတွက် ခေါင်ခိုက်နေသော ရန်ကုန်မြေဈေးကို ဆွဲချတော့မည်။ ရန်ကုန်မြေဈေး ကျပြီဆိုလျှင် အခြားမြို်များလည်း ကျလာမည်ပင်။ စက်မှုဇုန်များ ဖွံ့ဖြိုးလာပြီး အလုပ်များပေါ်လာကာ မြန်မာ့စီးပွားရေးလည်း တိုးတက်လာမှာ သေချာပါသည်။ တချက်ခုတ် သုံးလေးချက်ပြတ်သော ဒီစီမံကိန်းတံတားကို ပန္နက်ချပေးသောဒါ်စုအားလည်း ကျေးဇူးတွေတင်ကြမှာ အမှန်ပါ။ နိုင်ငံအတွက် လိုအပ်နေတ့ဲ ကွက်လပ်တခုကို ဖြည့်ဆီးပေးခ့ဲပြီဘဲလေ။ ။

မှတ်ချက်။ ။ အကျိုးရှိလာမည့် မြေဧရိယာများကို ပုံမှာမြင်တွေ့နိုင်ပါသည်။

XxXxXx

(Zawgyi version)
 

 စိတ္႐ႈတ္စရာ ျမန္မာ့သတင္းမ်ားထဲ ဝမ္းသာစရာ သတင္းတခု တက္လာပါၿပီ။ ခ႐ိုနီမ်ား ကန္႔ကြက္မႈေတြေၾကာင့္ အရင္အစိုးရ မဆံုးျဖတ္ပဲနဲ႔  ေလးငါးႏွစ္ ေႏွာင့္ေႏွးခ့ဲရတ့ဲ ရန္ကုန္ ဒလကူး ကိုရီးယား ျမန္မာခ်စ္ၾကည္ေရး တံတားႀကီး စတင္လိုက္တ့ဲ သတင္းပါ။
.
တကယ္က ဒလသည္ ရန္ကုန္ၿမိဳ႕လည္နဲ႔ အနီးဆံုးတြင္ တည္႐ွိသည္။ ယခင္က သြားလာေရးခက္ခဲ၊ ေရခ်ိဳမရ၊ ေအာက္ခံေျမေပ်ာ့သည္ဆိုၿပီး ၿမိဳ႕အျဖစ္ မတိုးခ်ဲ့ခ့ဲ။ ၈၈ေနာက္ပိုင္း လိႈင္သာယာႏွင့္ ဒဂံုၿမိဳ႕သစ္ေတြ ၿမိဳ႕ျဖစ္လာခ်ိန္မွာ ဒလက်န္ခ့ဲသည္။
.
ခုေတာ့ စခ့ဲပါၿပီ။ တည္ေဆာက္ခ်ိန္ သံုးေလးႏွစ္အၿပီး က်ယ္ဝန္းလွေသာ တဆက္တစပ္ထဲ ေျမအက်ယ္ႀကီးတြင္ စက္မႈဇုန္ စိုက္ပ်ိဳးေရးဇုန္ ေမြးျမဴေရးဇုန္မ်ားလည္း တည္ေဆာက္ႏိုင္ၿပီ။ သီလဝါလို ထားဝယ္လို စက္မႈဇုန္မ်ိဳး ဟိုးပင္လယ္ဝအထိ တိုးခ်ဲ့ႏိုင္ၿပီ။ သီလဝါႏွင့္ မ်ဳက္ႏွာခ်င္းဆိုင္ဘက္ျခမ္း ကမ္းတေလ်ာက္လံုး ဆိပ္ကမ္းတည္ေဆာက္ႏိုင္မည္။ တဆက္တည္း ဖ်ာပံု ေဒးဒရဲဘက္အထိ ဖြံ႔ၿဖိဳးလာႏိုင္ပါသည္။
.
ေရခ်ိဳအတြက္လည္း ပိုက္လိုင္းမ်ား တပါတည္း ထည့္သြင္းမွာမို႔ မပူရေတာ့။ ပင္လယ္ထဲမွာပင္ ေလဆိပ္ သေဘာၤဆိပ္တည္ေဆာက္ႏိုင္သည့္ နည္းပညာထြန္းကားေနၿပီျဖစ္ရာ အထပ္ျမင့္မ်ားပါ ေဆာက္လုပ္ႏိုင္ေတာ့မွာ အေသအခ်ာ။ လူေနၿမိဳ့္ကြ က္ အသစ္မ်ားလည္း ေဖာ္ေဆာင္နိုင္ေတာ့မည္။
.
ဒီ့အတြက္ ေခါင္ခိုက္ေနေသာ ရန္ကုန္ေျမေစ်းကို ဆြဲခ်ေတာ့မည္။ ရန္ကုန္ေျမေစ်း က်ၿပီဆိုလ်ွင္ အျခားၿမိဳ္မ်ားလည္း က်လာမည္ပင္။ စက္မႈဇုန္မ်ား ဖြံ႔ၿဖိဳးလာၿပီး အလုပ္မ်ားေပၚလာကာ ျမန္မာ့စီးပြားေရးလည္း တိုးတက္လာမွာ ေသခ်ာပါသည္။ တခ်က္ခုတ္ သံုးေလးခ်က္ျပတ္ေသာ ဒီစီမံကိန္းတံတားကို ပႏၷက္ခ်ေပးေသာဒၚစုအားလည္း ေက်းဇူးေတြတင္ၾကမွာ အမွန္ပါ။ ႏိုင္ငံအတြက္ လိုအပ္ေနတ့ဲ ကြက္လပ္တခုကို ျဖည့္ဆီးေပးခ့ဲၿပီဘဲေလ။ ။
မွတ္ခ်က္။    ။ အက်ိဳး႐ွိလာမည့္ ေျမဧရိယာမ်ားကို ပံုမွာျမင္ေတြ႔ႏိုင္ပါသည္။ 

21 December 2018

ဝန်ကြီးတယောက်အလိုရှိသည်











(Unicode version)


    လွန်ခ့ဲသောနှစ်နှစ်ကျော် သုံးနှစ်ခန့်က NLDပါတီ ရွေးကောက်ပွဲ အနိုင်ရပြီး အစိုးရဖွဲ့ခွင့် ရခ့ဲပါတယ်။ အဲဒီမှာ တချို့ဝန်ကြီးတွေကို ပြည်သူတွေ မကြိုက်ပါဘူး။ ဂျာနယ်တွေကဆို ဟိုဝန်ကြီးပြောင်းတော့မယ်၊ ဒီဝန်ကြီး လဲတော့မယ် မဟုတ်ဘဲရေးလို့ တောင်းပန်ခ့ဲရပါပြီ။

.

အခုနောက်ဆုံး ဖေ့ဘုတ်အရ မကြိုက်ဆုံး ဝန်ကြီးတပါး ပေါ်လာပါပြီ။ ဟုတ်ပါတယ်ခင်ဗျာ။ ဒီတခါ အလှည့်ကျသူကတော့ ပြန်ဝန် ဆရာဖေမြင့်ဘဲ ဖြစ်ပါတယ်။ အကြောင်းရင်းက နိုင်ငံတော် အတိုင်ပင်ခံနဲ့ စာရေးဆရာတွေ တွေ့ဖို့ သူနဲ့ရင်းနှီးသူ ပတ်သက်သူတွေဘဲ ရွေးသွားလို့ပါ။ ရွေးသင့်သူတွေ မရွေးဘဲ၊ မရွေးသင့်သူတွေ ရွေးသွားတယ်ဆိုဘဲ။

.

ဟုတ်တယ်၊ ဒါမျိုးမကြိုက်ပါ။ ဒါကြောင့် ဝန်ကြီးအသစ်လဲ သင့်ပါပြီ။ ဝန်ကြီးဖြစ်ဖို့ အရည်အချင်း အများကြီးမလိုပါ။ နှစ်ချက်ထဲ လိုပါတယ်။ ဒီနှစ်ချက်နဲ့ ကိုက်ညီသူကို ဝန်ကြီးအဖြစ် ချက်ချင်းခန့်သင့်တယ်။

.

၁။ စာပေလောကသား ဖြစ်ရမယ်။ စာရေးဆရာ ကဗျာဆရာ စာနယ်ဇင်းပန်းချီဆရာ ကာတွန်းဆရာ ထုတ်ဝေသူ ပုံနှိပ်သူ ဖြန့်ဝေသူ အားလုံးရတယ်။ သတင်းစာဆရာတော့ မထည့်ရင်ကောင်းမယ်။ သူတို့ထဲကတချို့က ဒီရာထူးမလုပ်ရလို့ NLDကို စိတ်နာနေတာ။

.

၂။ နိုင်ငံတော်အကြီးအကဲနဲ့ တွေ့ဖို့ စာပေလောကသား ၆၅ယောက်စာရင်း ရွေးပေးရမယ်။ အဲဒီစာရင်းကို အရိမခံရရင်၊ အဝေဖန်မခံရရင်၊ အပစ်ပြောမခံရရင်၊ အဆဲမခံရရင် ဒီရွေးချယ်ပေးသူသည် စာပေလောကကို တကယ်န့ှံစပ်သူဖြစ်လို့ ချက်ချင်းဘဲ လွှတ်တော်တင် ဝန်ကြီးအခန့်ခံရမှာပါ။

.

ကဲ စတင်အဆိုပြု ရွေးနိုငိပါပြီ။ မုဒိတာတရား ထားနိုင်ကြပါစေ။

XxXxXx

(Zawgyi version)

    လြန္ခ့ဲေသာႏွစ္ႏွစ္ေက်ာ္ သံုးႏွစ္ခန္႔က NLDပါတီ ေရြးေကာက္ပြဲ အႏိုင္ရၿပီး အစိုးရဖြဲ႔ခြင့္ ရခ့ဲပါတယ္။ အဲဒီမွာ တခ်ိဳ႕ဝန္ႀကီးေတြကို ျပည္သူေတြ မႀကိဳက္ပါဘူး။ ဂ်ာနယ္ေတြကဆို ဟိုဝန္ႀကီးေျပာင္းေတာ့မယ္၊ ဒီဝန္ႀကီး လဲေတာ့မယ္ မဟုတ္ဘဲေရးလို႔ ေတာင္းပန္ခ့ဲရပါၿပီ။
.
အခုေနာက္ဆံုး ေဖ့ဘုတ္အရ မႀကိဳက္ဆံုး ဝန္ႀကီးတပါး ေပၚလာပါၿပီ။ ဟုတ္ပါတယ္ခင္ဗ်ာ။ ဒီတခါ အလွည့္က်သူကေတာ့ ျပန္ဝန္ ဆရာေဖျမင့္ဘဲ ျဖစ္ပါတယ္။ အေၾကာင္းရင္းက  ႏိုင္ငံေတာ္ အတိုင္ပင္ခံနဲ႔ စာေရးဆရာေတြ ေတြ႔ဖို႔ သူနဲ႔ရင္းႏွီးသူ ပတ္သက္သူေတြဘဲ ေရြးသြားလို႔ပါ။ ေရြးသင့္သူေတြ မေရြးဘဲ၊ မေရြးသင့္သူေတြ ေရြးသြားတယ္ဆိုဘဲ။
.
ဟုတ္တယ္၊ ဒါမ်ိဳးမႀကိဳက္ပါ။ ဒါေၾကာင့္ ဝန္ႀကီးအသစ္လဲ သင့္ပါၿပီ။ ဝန္ႀကီးျဖစ္ဖို႔ အရည္အခ်င္း အမ်ားႀကီးမလိုပါ။ ႏွစ္ခ်က္ထဲ လိုပါတယ္။ ဒီႏွစ္ခ်က္နဲ႔ ကိုက္ညီသူကို ဝန္ႀကီးအျဖစ္ ခ်က္ခ်င္းခန္႔သင့္တယ္။
.
၁။ စာေပေလာကသား ျဖစ္ရမယ္။ စာေရးဆရာ ကဗ်ာဆရာ စာနယ္ဇင္းပန္းခ်ီဆရာ ကာတြန္းဆရာ ထုတ္ေဝသူ ပံုႏွိပ္သူ ျဖန္႔ေဝသူ အားလံုးရတယ္။ သတင္းစာဆရာေတာ့ မထည့္ရင္ေကာင္းမယ္။ သူတို႔ထဲကတခ်ိဳ႕က ဒီရာထူးမလုပ္ရလို႔ NLDကို စိတ္နာေနတာ။
.
၂။ ႏိုင္ငံေတာ္အႀကီးအကဲနဲ႔ ေတြ႔ဖို႔ စာေပေလာကသား ၆၅ေယာက္စာရင္း ေရြးေပးရမယ္။ အဲဒီစာရင္းကို အရိမခံရရင္၊ အေဝဖန္မခံရရင္၊ အပစ္ေျပာမခံရရင္၊ အဆဲမခံရရင္ ဒီေရြးခ်ယ္ေပးသူသည္ စာေပေလာကကို တကယ္နွ႔ံစပ္သူျဖစ္လို႔ ခ်က္ခ်င္းဘဲ လႊတ္ေတာ္တင္ ဝန္ႀကီးအခန္႔ခံရမွာပါ။
.
ကဲ စတင္အဆိုျပဳ ေရြးႏိုငိပါၿပီ။ မုဒိတာတရား ထားႏိုင္ၾကပါေစ။

07 December 2018

သတင်းစာဆရာကြီးများ ခင်ဗျား


(Unicode version)


   သတင်းစာဆရာကြီးများ ခင်ဗျား

နဝတတက်ခါစက သတင်းစာရှင်းလင်းပွဲတွေမှာ ခေါ်လေ့ရှိတ့ဲ ဦးကျော်ဆန်းရဲ့လေသံ ငှါးသုံးပါစေ၊

.

သတင်းစာဆရာကြီးများလည်း သိပြီးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဆိုရှယ်မီဒီယာနဲ့ သတင်းစာဆရာကြီးများကို နှိုင်းယှဉ်ပြောလိုက်လို့ သတင်းစာဆရာကြီးအချို့ ဆတ်ဆတ်ခါနာပြီး အော်နေတ့ဲအကြောင်းပါ။ သတင်းစာဆရာအကြီးကြီး တယောက်ကဆိုရင် ဒေါ်စုကို အတင်းစာပညာ၊ အဲ ဆောရီး၊ သတင်းစာပညာ သင်ပေးဖို့ လိုပြီတ့ဲ။

.

သတင်းစာဆရာကြီးများခင်ဗျား

တကယ်တော့ ဆရာကြီးတို့ဟာ လောကမှာ အနှံ့စပ် အရေးပါဆုံး ဆရာများဖြစ်ပါတယ်။ နိုင်ငံကို ကယ်တင်နေတ့ဲ ဒုတိယလူများ ဖြစ်ပါတယ်။ ဒါကြောင့်မို့ နိုင်ငံကို ကယ်တင်နေတ့ဲ ပထမလူများအကြောင်း မရေးတာလည်း နားလည်ပါတယ်။

.

သို့သော်လည်း သတင်းစာဆရာကြီးများကို ပြည်သူတွေက ဘယ်လို သဘောထားလည်း လေ့လာစေလိုပါတယ်။ ခက်ခက်ခဲခဲ အင်တာဗျူးတွေ လုပ်ပြစရာ မလိုပါဘူး။ ဆရာတို့ သတင်းစာနဲ့ သတင်းဝက်ဆိုက်တွေမှာ လူမမြင်မှာစိုးလို့ လူအများမြင်အောင် လာတင်ထားရတ့ဲ ဖေ့ဘုတ်ပို့စ်တွေက ကွန်မန့်တွေကို ဖတ်ကြည့်ရင် သဘောပေါက်ပါလိမ့်မယ်။

.

အ့ဲဒီကွန်မန့်ရေးသူတွေဟာ ခရိုနီစပွန်ဆာ ပြည်ပစပွန်ဆာ အစိုးရစပွန်ဆာ တခုမှမပါဘဲ ကိုယ့်ထမင်းကိုယ်စားပြီး လာရေးနေကြတာပါ။ လူကြီးမင်းတို့အပေါ်မှာ ဘယ်လိုသဘောထားနေကြလဲ ပေါ်လွင်နေပါတယ်။ သူတို့ချင်း တိုင်ပင်ရေးရအောင်လည်း တိုင်းပြည်အန့ှမှ ခင်ဗျ။

.

သတင်းစာဆရာကြီးများ ခင်ဗျား

ပိုဆိုးလာတာက သတင်းစာသမား နိုင်ငံချစ်စိတ် အမျိုးချစ်စိတ် မလိုဘူးဆိုတာပါဘဲ။ ဒါကိုတော့ နိုင်ငံတော်ကိုကယ်တင်မ့ဲ ပထမလူတွေနဲ့ သူတို့နဲ့အလွမ်းသင့်တ့ဲ မျိုးချစ်စိတ်အပြည့်ရှိတ့ဲ ရဋ္ဌပါလအဖွဲ့တွေကတောင် လက်ခံမယ် မထင်ဘူး လူကြီးမင်းတို့။

.

သတင်းစာဆရာကြီးတို့ ကိုယ့်လူကိုယ် ထိမ်းကြပါ။ သတိထားပြောကြပါ။ ငါတို့ စပွန်ဆာနဲ့ လုပ်လာတာ နှစ်နှစ်ဆယ်ကျော်ပြီ။ ငါတို့သူဌေးက ဘာရေးလို့ မပြောဘူးဆိုတာမျိုး ပေါ်လာနေပါပြီ။ ပြောစရာတောင် မလိုအောင် အလိုက်သိတ့ဲ အကောင်လေးတွေ မဖြစ်ကြပါစေနဲ့ သတင်းစာဆရာကြီးတို့ ခင်ဗျား။

.

သတင်းစာဆရာကြီးများ ခင်ဗျား

နိုင်ငံတနိုင်ငံမှာ သတင်းစာတွေ ဂျာနယ်တတွ သတင်းဌာနတွေဟာ မရှိမဖြစ် လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ စာဖတ်အားနည်းလာလို့ သတင်းစာတွေ လူဖတ်နည်းလာတာ လူကြီးမင်းတို့ အသိဆုံးပါ။ သတင်းစာကို လူတွေစိတ်ပျက်သွားအောင်အထိ မဖြစ်စေဖို့ လူကြီးမင်းတို့ တာဝန်အရှိဆုံးဆိုတာ သတိချပ်ကြပါခင်ဗျား။

XxXxXx

(Zawgyi version)

   သတင္းစာဆရာႀကီးမ်ား ခင္ဗ်ား
နဝတတက္ခါစက သတင္းစာ႐ွင္းလင္းပြဲေတြမွာ ေခၚေလ့႐ွိတ့ဲ ဦးေက်ာ္ဆန္းရဲ႕ေလသံ ငွါးသံုးပါေစ၊
.
သတင္းစာဆရာႀကီးမ်ားလည္း သိၿပီးျဖစ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္က ဆို႐ွယ္မီဒီယာနဲ႔ သတင္းစာဆရာႀကီးမ်ားကို ႏိႈင္းယွဥ္ေျပာလိုက္လို႔ သတင္းစာဆရာႀကီးအခ်ိဳ႕ ဆတ္ဆတ္ခါနာၿပီး ေအာ္ေနတ့ဲအေၾကာင္းပါ။ သတင္းစာဆရာအႀကီးႀကီး တေယာက္ကဆိုရင္ ေဒၚစုကို အတင္းစာပညာ၊ အဲ ေဆာရီး၊ သတင္းစာပညာ သင္ေပးဖို႔ လိုၿပီတ့ဲ။
.
သတင္းစာဆရာႀကီးမ်ားခင္ဗ်ား
တကယ္ေတာ့ ဆရာႀကီးတို႔ဟာ ေလာကမွာ အႏွံ႔စပ္ အေရးပါဆံုး ဆရာမ်ားျဖစ္ပါတယ္။ ႏိုင္ငံကို ကယ္တင္ေနတ့ဲ ဒုတိယလူမ်ား ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ ႏိုင္ငံကို ကယ္တင္ေနတ့ဲ ပထမလူမ်ားအေၾကာင္း မေရးတာလည္း နားလည္ပါတယ္။
.
သို႔ေသာ္လည္း သတင္းစာဆရာႀကီးမ်ားကို ျပည္သူေတြက ဘယ္လို သေဘာထားလည္း ေလ့လာေစလိုပါတယ္။ ခက္ခက္ခဲခဲ အင္တာဗ်ဴးေတြ လုပ္ျပစရာ မလိုပါဘူး။ ဆရာတို႔ သတင္းစာနဲ႔ သတင္းဝက္ဆိုက္ေတြမွာ လူမျမင္မွာစိုးလို႔ လူအမ်ားျမင္ေအာင္ လာတင္ထားရတ့ဲ ေဖ့ဘုတ္ပို႔စ္ေတြက ကြန္မန္႔ေတြကို ဖတ္ၾကည့္ရင္ သေဘာေပါက္ပါလိမ့္မယ္။
.
အ့ဲဒီကြန္မန္႔ေရးသူေတြဟာ ခ႐ိုနီစပြန္ဆာ ျပည္ပစပြန္ဆာ အစိုးရစပြန္ဆာ တခုမွမပါဘဲ ကိုယ့္ထမင္းကိုယ္စားၿပီး လာေရးေနၾကတာပါ။ လူႀကီးမင္းတို႔အေပၚမွာ ဘယ္လိုသေဘာထားေနၾကလဲ ေပၚလြင္ေနပါတယ္။ သူတို႔ခ်င္း တိုင္ပင္ေရးရေအာင္လည္း တိုင္းျပည္အႏွ့မွ ခင္ဗ်။
.
သတင္းစာဆရာႀကီးမ်ား ခင္ဗ်ား
ပိုဆိုးလာတာက သတင္းစာသမား ႏိုင္ငံခ်စ္စိတ္ အမ်ိဳးခ်စ္စိတ္ မလိုဘူးဆိုတာပါဘဲ။ ဒါကိုေတာ့ ႏိုင္ငံေတာ္ကိုကယ္တင္မ့ဲ ပထမလူေတြနဲ႔ သူတို႔နဲ႔အလြမ္းသင့္တ့ဲ  မ်ိဳးခ်စ္စိတ္အျပည့္႐ွိတ့ဲ ရ႒ပါလအဖြဲ႔ေတြကေတာင္ လက္ခံမယ္ မထင္ဘူး လူႀကီးမင္းတို႔။
.
သတင္းစာဆရာႀကီးတို႔ ကိုယ့္လူကိုယ္ ထိမ္းၾကပါ။ သတိထားေျပာၾကပါ။ ငါတို႔ စပြန္ဆာနဲ႔ လုပ္လာတာ ႏွစ္ႏွစ္ဆယ္ေက်ာ္ၿပီ။ ငါတို႔သူေဌးက ဘာေရးလို႔ မေျပာဘူးဆိုတာမ်ိဳး ေပၚလာေနပါၿပီ။ ေျပာစရာေတာင္ မလိုေအာင္ အလိုက္သိတ့ဲ အေကာင္ေလးေတြ မျဖစ္ၾကပါေစနဲ႔ သတင္းစာဆရာႀကီးတို႔ ခင္ဗ်ား။
.
သတင္းစာဆရာႀကီးမ်ား ခင္ဗ်ား
ႏိုင္ငံတႏိုင္ငံမွာ သတင္းစာေတြ ဂ်ာနယ္တတြ သတင္းဌာနေတြဟာ မ႐ွိမျဖစ္ လိုအပ္ပါတယ္။ ျမန္မာႏိုင္ငံမွာ စာဖတ္အားနည္းလာလို႔ သတင္းစာေတြ လူဖတ္နည္းလာတာ လူႀကီးမင္းတို႔ အသိဆံုးပါ။ သတင္းစာကို လူေတြစိတ္ပ်က္သြားေအာင္အထိ မျဖစ္ေစဖို႔ လူႀကီးမင္းတို႔ တာဝန္အ႐ွိဆံုးဆိုတာ သတိခ်ပ္ၾကပါခင္ဗ်ား။ 

04 December 2018

ကားလမ်းဘေးက အသေးအဖွဲလေး

(Unicode version)


   ပုံ(၁) က သိသာပါတယ်။ ကားလမ်းဘေးက မြောင်းတွေအတွက် ရေဝင်ပေါက်ပါ။ များသောအားဖြင့် ရေဝင်ပေါက်တွေမှာ အမှိုက်စစ်ဇကာ တပ်လေ့မရှိတော့ပါ။ ဒီတော့ မြောင်းကအမှိုက်တွေနဲ့ ပြည့်လာပြီး ကားလမ်းရေလျှံတော့တာပါဘဲ။

.

ပုံ(၂)မှာ အမှိက်စစ်ဇကာ မရှိတော့ပါ။ ဖြစ်နိုင်ခြေ ၃ခုရှိပါတယ်။ ၁က လက်ကမြင်းသွားတာပါ။ ၂က ခိုးသွားတာ ဖြစ်နိုင်ပါတယ်။ သံကြွပ်နဲ့ လုပ်ထားရင် ပိုအခိုးခံရနိုင်ပါတယ်။ အလွယ်တကူ ဖြုတ်မရအောင် လုပ်ထားရပါမယ်။ ဖြုတ်သူကို အရေးယူနိုင်အောင် စီမံရပါမယ်။

.

နောက်ဆုံးအချက်က စည်ပင်က ခိုင်းစေသူတဦးကသော်၎င်း၊ သန့်ရှင်းရေးဝန်ထမ်းကသော်၎င်း ဖြုတ်ပစ်လိုက်တာပါ။ အကြောင်းကတော့ ဒီဇကာမှာ အမှိုက်ပိတ်တော့ လိုက်ရှင်းရတယ်၊ မရှိရင် မြောင်းထဲစီးသွားပြီး ငါလက်ကလွတ်ပြီဆိုတ့ဲ အတွေးနဲ့ပါ။ သန့်ရှင်းရေးဝန်ထမ်းတွေ အမှိုက်လှဲပြီး မကျုံးဘဲ မြောင်းထဲလှဲချတာ တွေ့ဘူးကြမှာပါ။ ဝန်ထမ်းဆိုတော့ အလုပ်ဖြုတ်ရုံသာမက ကြိမ်ဒဏ်လေးပါ မပေးသင့်ဘူးလား။

.

ဘယ်အကြောင်းကြောင့်ဖြစ်စေ အဖြုတ်ခံရရင် အမြန်ပြန်တပ်ရပါမယ်။ မဟုတ်ရင် ပုံ၃ကလို အမှိုက်ကျင်းဖြစ်ပြီး ပိတ်သွားပါမယ်။ မိုးရွာတာနဲ့ ရေလျှံမှာ သေချာနေပါပြီ။ အသေးအဖွဲလို့ ထင်ရပေမယ့် လမ်းခင်းသူတွေ သတိထားထည့်သင့်ပါတယ်။ ဒီအသေးအဖွဲကြောင့် ရေလျံနိုင်တ့ဲ ရာခိုင်နှုန်းများပါတယ်။ ရန်ကုန်မှာ အသစ်ခင်းတ့ဲ မ်းဘေးတွေမှာ ရေမြောင်းတွဲဆောက်သော်လည်း ဇကာပါတာ မတွေ့မိပါ။

XxXxXx

(Zawgyi version)


  ပံု(၁) က သိသာပါတယ္။ ကားလမ္းေဘးက ေျမာင္းေတြအတြက္ ေရဝင္ေပါက္ပါ။ မ်ားေသာအားျဖင့္ ေရဝင္ေပါက္ေတြမွာ အမိႈက္စစ္ဇကာ တပ္ေလ့မ႐ွိေတာ့ပါ။ ဒီေတာ့ ေျမာင္းကအမိႈက္ေတြနဲ႔ ျပည့္လာၿပီး ကားလမ္းေရလွ်ံေတာ့တာပါဘဲ။
.
ပံု(၂)မွာ အမွိက္စစ္ဇကာ မ႐ွိေတာ့ပါ။ ျဖစ္ႏိုင္ေျခ ၃ခု႐ွိပါတယ္။ ၁က လက္ကျမင္းသြားတာပါ။ ၂က ခိုးသြားတာ ျဖစ္ႏိုင္ပါတယ္။ သံႂကြပ္နဲ႔ လုပ္ထားရင္ ပိုအခိုးခံရႏိုင္ပါတယ္။ အလြယ္တကူ ျဖဳတ္မရေအာင္ လုပ္ထားရပါမယ္။ ျဖဳတ္သူကို အေရးယူႏိုင္ေအာင္ စီမံရပါမယ္။
.
ေနာက္ဆံုးအခ်က္က စည္ပင္က ခိုင္းေစသူတဦးကေသာ္၎၊ သန္႔႐ွင္းေရးဝန္ထမ္းကေသာ္၎ ျဖဳတ္ပစ္လိုက္တာပါ။ အေၾကာင္းကေတာ့ ဒီဇကာမွာ အမိႈက္ပိတ္ေတာ့ လိုက္႐ွင္းရတယ္၊ မ႐ွိရင္ ေျမာင္းထဲစီးသြားၿပီး ငါလက္ကလြတ္ၿပီဆိုတ့ဲ အေတြးနဲ႔ပါ။ သန္႔႐ွင္းေရးဝန္ထမ္းေတြ အမႈိက္လွဲၿပီး မက်ံဳးဘဲ ေျမာင္းထဲလွဲခ်တာ ေတြ႔ဘူးၾကမွာပါ။ ဝန္ထမ္းဆိုေတာ့ အလုပ္ျဖဳတ္ရံုသာမက ႀကိမ္ဒဏ္ေလးပါ မေပးသင့္ဘူးလား။
.
ဘယ္အေၾကာင္းေၾကာင့္ျဖစ္ေစ အျဖဳတ္ခံရရင္ အျမန္ျပန္တပ္ရပါမယ္။ မဟုတ္ရင္ ပံု၃ကလို အမိႈက္က်င္းျဖစ္ၿပီး ပိတ္သြားပါမယ္။ မိုးရြာတာနဲ႔ ေရလ်ွံမွာ ေသခ်ာေနပါၿပီ။ အေသးအဖြဲလို႔ ထင္ရေပမယ့္ လမ္းခင္းသူေတြ သတိထားထည့္သင့္ပါတယ္။ ဒီအေသးအဖြဲေၾကာင့္ ေရလ်ံႏိုင္တ့ဲ ရာခိုင္ႏႈန္းမ်ားပါတယ္။ ရန္ကုန္မွာ အသစ္ခင္းတ့ဲ မ္းေဘးေတြမွာ ေရေျမာင္းတြဲေဆာက္ေသာ္လည္း ဇကာပါတာ မေတြ႔မိပါ။