08 June 2019

အောင်စာရင်းထွက်ချိန်

(Zawgyi version)

   ေအာင္စာရင္းထြက္ခ်ိန္ မွတ္မိတာတခ်ိဳ႕ ေပၚလာသည္။ ဖခင္က ပညာေရးဌာနမွာ လုပ္သျဖင့္ ငယ္စဥ္ကပင္ ေအာင္စာရင္း မၾကည့္ဘူးပါ။ မထြက္ခင္ တရက္အလိုဆို မင္းတို႔ေအာင္တယ္၊ ဂုဏ္ထူးပါရင္ ပါတယ္ဟု ႀကိဳေျပာသျဖင့္ ကိုယ္တိုင္ကိုယ္က် မၾကည့္ဘူးပါ။ ထိုစဥ္က ဆယ္တန္းေအာင္စာရင္း မထြက္ခင္တရက္အလို ညေနေလးငါးနာရီေလာက္ဆိုလွ်င္ စာစစ္ဌာနမွ အီးတူးေသာင္စင္ကားျဖင့္ ေအာင္စာရင္းစာအုပ္မ်ား လာပို႔သြားေလ့႐ွိပါသည္။ 'က'စာရင္း၊ 'ခ'စာရင္း ရန္ကုန္တိုင္းစသျဖင့္ သံုအုပ္ပို႔ေလ့႐ွိသည္ဟု မွတ္မိေနသည္။
.
RIT ပဥၥမႏွစ္ႏွင့္ ဖိုင္နယ္တြင္ ႀကိဳမသိရ၍ ကိုယ္တိုင္သြားၾကည့္ရသည္။ ဖိုင္နယ္ႏွစ္က ဖခင္ ပင္စင္ယူၿပီးျဖစ္သျဖင့္ ေမးမေပးေတာ့။ ပဥၥမႏွစ္က ထိုႏွစ္ပထမႏွစ္ေျဖသည့္ညီ က်သျဖင့္ အေၾကာင္းမၾကားဟန္တူသည္။ ကိုယ္တိုင္သြားၾကည့္ေသာ္လည္း ဆင္ဝင္မေရာက္ခင္ပင္ ႀကိဳေရာက္ေနသည့္သူငယ္ခ်င္းမ်ားမွ ေအာ္ေျပာသျဖင့္ မၾကည့္ျဖစ္ေတာ့ပါ။
.
ဖိုင္နယ္ႏွစ္တြင္ သူငယ္ခ်င္းတဦးက ဆင္ဝင္ေအာက္မွ ေအာင္ေၾကာင္းေအာ္ေျပာၿပီး စာရင္းလိုက္ျပပါသည္။ မင္းေရာဆိုေတာ့ စာရင္းမွာမေတြ႔တ့ဲ။ ေႂကြးက်န္စစ္ေလဆိုေတာ့ လုပ္ပံုၾကည့္ပါ။ က်ေနာ္တို႔ႏွစ္က ေက်ာင္းသားတရာအတိေျဖသည္။ ေအာင္စာရင္းတြင္ ၆၆%ဟု ေဖာ္ျပထားၿပီး လူ၆၀သာပါသျဖင့္ စာရင္းမပါသူ ၆ေယာက္က်န္သည္။ ေအာင္စာရင္းလာၾကည့္သူကို စာရင္းကူၾကည့္ေပး၊ မပါလွ်င္ ေႂကြးက်န္ၾကည့္ရမည့္ ႏွစ္ေနရာလိုက္ပို႔။ က်႐ွံုးသူဆိုလွ်င္ တေယာက္ေတာ့ေလ်ာ့သြားၿပီဆိုၿပီး ႀကိတ္ေပ်ာ္ေနသတ့ဲ။ သူ႔ဝါသနာအတိုင္း ဖဲပြတ္သလို လုပ္ေနတာတ့ဲ။ သူ႔ကိုယ္တိုင္အတြက္ေတာ့ မၾကည့္။ သူေအာင္သြားၿပီး ခု ဆရာအႀကီးႀကီးျဖစ္ေနသတ့ဲ။
.
ေနာက္တေယာက္မွတ္မိတာက အထူးအဆန္းပါ။ RC ပထမႏွစ္မွာျဖစ္ခ့ဲတာ။ အတူေပါင္းသူေတြ ညကတည္းက သြားေစာင့္ၾကသတ့ဲ။ တေယာက္က မနက္မွ ဖုန္းဆက္ေတာ့ ငါေအာင္တယ္။ မင္းေရာဆိုေတာ့၊ သြားၾကည့္တယ္။ လူမ်ားလြန္းလို႔ မတိုးႏိုင္ဘူး။ ကိုျပည့္ဘဲ တိုးၾကည့္ႏိုင္တာ ေအာင္တယ္။ သူေအာင္ရင္ ငါလည္း ေအာင္မွာပါကြာဆိုၿပီး မၾကည့္ဘဲျပန္ခ့ဲသတ့ဲ။ ေနာက္မွသြားၾကည့္သလား၊ ေက်ာင္းျပန္ဖြင့္မွ သိသလားေတာ့ မမွတ္မိေတာ့။ အဲဒီသူငယ္ခ်င္း ေအာင္စာရင္းမွာ မပါခ့ဲပါ။

XxXxXx

(Unicode version)

   အောင်စာရင်းထွက်ချိန် မှတ်မိတာတချို့ ပေါ်လာသည်။ ဖခင်က ပညာရေးဌာနမှာ လုပ်သဖြင့် ငယ်စဉ်ကပင် အောင်စာရင်း မကြည့်ဘူးပါ။ မထွက်ခင် တရက်အလိုဆို မင်းတို့အောင်တယ်၊ ဂုဏ်ထူးပါရင် ပါတယ်ဟု ကြိုပြောသဖြင့် ကိုယ်တိုင်ကိုယ်ကျ မကြည့်ဘူးပါ။ ထိုစဉ်က ဆယ်တန်းအောင်စာရင်း မထွက်ခင်တရက်အလို ညနေလေးငါးနာရီလောက်ဆိုလျှင် စာစစ်ဌာနမှ အီးတူးသောင်စင်ကားဖြင့် အောင်စာရင်းစာအုပ်များ လာပို့သွားလေ့ရှိပါသည်။ 'က'စာရင်း၊ 'ခ'စာရင်း ရန်ကုန်တိုင်းစသဖြင့် သုံအုပ်ပို့လေ့ရှိသည်ဟု မှတ်မိနေသည်။
.
RIT ပဉ္စမနှစ်နှင့် ဖိုင်နယ်တွင် ကြိုမသိရ၍ ကိုယ်တိုင်သွားကြည့်ရသည်။ ဖိုင်နယ်နှစ်က ဖခင် ပင်စင်ယူပြီးဖြစ်သဖြင့် မေးမပေးတော့။ ပဉ္စမနှစ်က ထိုနှစ်ပထမနှစ်ဖြေသည့်ညီ ကျသဖြင့် အကြောင်းမကြားဟန်တူသည်။ ကိုယ်တိုင်သွားကြည့်သော်လည်း ဆင်ဝင်မရောက်ခင်ပင် ကြိုရောက်နေသည့်သူငယ်ချင်းများမှ အော်ပြောသဖြင့် မကြည့်ဖြစ်တော့ပါ။
.
ဖိုင်နယ်နှစ်တွင် သုငယ်ချင်းတဦးက ဆင်ဝင်အောက်မှ အောင်ကြောင်းအော်ပြောပြီး စာရင်းလိုက်ပြပါသည်။ မင်းရောဆိုတော့ စာရင်းမှာမတွေ့တ့ဲ။ ကြွေးကျန်စစ်လေဆိုတော့ လုပ်ပုံကြည့်ပါ။ ကျနော်တို့နှစ်က ကျောင်းသားတရာအတိဖြေသည်။ အောင်စာရင်းတွင် ၆၆%ဟု ဖော်ပြထားပြီး လူ၆၀သာပါသဖြင့် သာရင်းမပါသူ ၆ယောက်ကျန်သည်။ အောင်စာရင်းလာကြည့်သူကို စာရင်းကူကြည့်ပေး၊ မပါလျှင် ကြွေးကျန်ကြည့်ရမည့် နှစ်နေရာလိုက်ပို့။ ကျရှုံးသူဆိုလျှင် တယောက်တော့လျော့သွားပြီဆိုပြီး ကြိတ်ပျော်နေသတ့ဲ။ သူ့ဝါသနာအတိုင်း ဖဲပွတ်သလို လုပ်နေတာတ့ဲ။ သူ့ကိုယ်တိုင်အတွက်တော့ မကြည့်။ သူအောင်သွားပြီး ခု ဆရာအကြီးကြီးဖြစ်နေသတ့ဲ။
.
နောက်တယောက်မှတ်မိတာက အထူးအဆန်းပါ။ RC ပထမနှစ်မှာဖြစ်ခ့ဲတာ။ အတူပေါင်းသူတွေ ညကတည်းက သွားစောင့်ကြသတ့ဲ။ မနက်မှ ဖုန်းဆက်တော့ ငါအောင်တယ်။ မင်းရောဆိုတော့၊ သွားကြည့်တယ်။ လူများလွန်းလို့ မတိုးနိုင်ဘူး။ ကိုပြည့်ဘဲ တိုးကြည့်နိုင်တာ အောင်တယ်။ သူအောင်ရင် ငါလည်း အောင်မှာပါကွာဆိုပြီး မကြည့်ဘဲပြန်ခ့ဲသတ့ဲ။ နောက်မှသွားကြည့်သလား၊ ကျောင်းပြန်ဖွင့်မှ သိသလားတော့ မမှတ်မိတော့။ အဲဒီသူငယ်ချင်း အောင်စာရင်းမှာ မပါခ့ဲပါ။ 

No comments:

Post a Comment

Thank you.