10 June 2013

Land Grabbing

               ခုတလော ကမ္ဘာ့သတင်းတီဗီတွေမှာ မြန်မာနိုင်ငံအကြောင်း နေ့တိုင်းလောက်ပြနေပါတယ်။  World Economic Forum EastAsia အစည်းအဝေးရှိနေလို့ပါ။ စင်ကာပူသတင်းဌာန CAN ကပြတဲ့ အထဲမှာ Anti တစ်ယောက်နဲ့ ဗျူးပါတယ်။ အရင်ပုံစံခွက်ထဲမှာ လုပ်စားနေသူဘဲ ဖြစ်ပါလိမ့်မယ်။ မြန်မာမ တော့ မဟုတ်ပါဘူး။ သူပြောတဲ့အထဲမှာ ပါတာတစ်ခုက မြန်မာနိုင်ငံမှ ခုခေတ်စားနေတဲ့ စကားလုံး နှစ်ခုရှိတယ်။ Crony and Land Grabbing ဘဲတဲ့။ မြေယာသိမ်းဆည်းမှုတွေကို ဆိုလိုတာပါ။

              ဒီကိစ္စမှာလဲ တော်တော်ဆိုးခဲ့ပါတယ်။ အရင်က ဘယ်သူမှ မသိခဲ့ကြရဘဲ မြေတွေအသိမ်းခံရသူတွေ မနည်းပါလား။ တစ်ချို့ဆို စီမံကိန်းအတွက်ဆိုပြီး အသိမ်းခံရတယ်။ နောက်မှ ခွဲဝေရောင်းစားသွားတာ သိရတယ်တဲ့။ ရော်ကြေးရ ခဲ့တဲ့သူတွေက တော်တော် ကံကောင်းခဲ့တာ။ တစ်ချို့ဆို ကိုယ့်မြေကိုယ်ပြန်တောင်ယင်း အဖမ်းခံရသူတွေတောင် ရှိနေတယ်။ တော်တော်ဆိုးခဲ့ပါလားဗျို့။

               ဒီကိစ္စတွေကို သတင်းလွတ်လပ်ခွင့်တွေ ရလာတော့မှ သိလာကြရတာပါ။ ကျေးဇူးပါဘဲ။ သိမဲ့သိတော့လဲ တော်တော်ကလေးကို သိလာရပါတယ်။
ပထမဦးဆုံး နအဖ ခေတ်မှာ သိမ်းခဲ့တဲ့ မြေတွေပြန်တောင်းကြတယ်။
နောက် န၀တ ခေတ်မှာ သိမ်းတဲ့မြေ၊ ဟိုတစ်နေ့က ဂျာနယ်တစ်စောင်မှာတော့ မဆလ ခေတ်က သိမ်းခံရသေးတယ်ဆိုဘဲ။ ဒီလိုနဲ့ ကြာလာယင် အဂလ ခေတ်ကမြေရှင်တွေကလဲ ပြန်တောင်း ကြတော့မယ် ထင်တယ်။ 

               အဂလ ဆိုတာ အင်္ဂလိပ်ခေတ် လေဗျာ။ မေ့ကုန်ကြပြီလား။ အဲဒီခေတ်က မြေပိုင်ရှင်တော်တော်များများက ချစ်တီးတွေလေ။ မြန်မာပြည် လွတ်လပ်ရေးရတော့မှ မြေတွေထားခဲ့ပြီး ပြန်သွားကြတာ။ တစ်ချို့ဆို တော်လှန်ရေးကောင်စီတက်၊ မြေတွေ ပြည်သူပိုင်သိမ်းတော့မှ ပြန်သွားတာတဲ့။                        ပြန်လာတောင်းရင် ဘယ်လို ရှင်းကြမှာလဲ။ နိုင်ငံသား မဟုတ်လို့ မရဘူးဆိုရင် လ၀ကတွေတော့ ထော တော့မယ်။ သူတို့ ပိုက်ဆံယူပြီး လုပ်ပေးထားလို့ ရဟဂ တွေ မြန်မာမူဆလင်ဆိုပြီး ဖြစ်နေတာ အများကြီး မဟုတ်လား။

No comments:

Post a Comment

Thank you.