23 June 2013

မျက်ကန်းမျိုးချစ်

 (Unicode version)

                   ကမ္ဘာကျော် TIME မဂ္ဂဇင်းတွင် အဖုံးသတင်းအဖြစ် မြန်မာနိုင်ငံနှင့်ပါတ်သက်၍ ပါလာပါသည်။ TIME မဂ္ဂဇင်းတွင် အဖုံးသတင်းဖြစ်ဖို့ ဆိုတာလွယ်ကူူသည်မဟုတ်ပါ။ ကျွန်တော့်အထင် မြန်မာနိုင်ငံနှင့် ပါတ်သက်တာ ဆယ်ခါထက်ပိုမည် မထင်။



                 သို့သော် ဒီတစ်ခါတော့ ပါတာ မသက်သာဖြစ်နေသည်။ အကြမ်းဖက်ဗုဒ္ဓဘာသာ၊ တနည်းအားဖြင့် အစွန်းရောက်ဗုဒ္ဓဘာသာ၏မျက်နှာအဖြစ် မြန်မာဘုန်းတော်ကြီးတစ်ပါး၏ မျက်နှာကို မျက်နှာဖုံးတင်ထား၍ ဖြစ်ပါသည်။ 



                 အကြောင်းမ့ဲတော့ မဖြစ်နိုင်ပါ။ အနည်းဆုံး ထိုမဂ္ဂဇင်းမှ သတင်းထောက်ကို လက်ခံ အင်တာဗျူးခ့ဲပါလိမ့်မည်။ မဂ္ဂ္ဂဇင်းမထွက််သေး၍ အင်တာနက်တွင် စာမြည်းပေးထားသလောက်သာ ဖတ်ရပါသေးသည်။ သို့သော် ယခုပင် မြန်မာဗုဒ္ဓဘာသာသည် သိက္ခာကျသွားပါပြီ။ ထိုဘုန်းကြီးမှလည်း RFA တွင်ပြန်ရှင်းသည့် အင်တာဗျူးတော့ နားထောင်လိုက်ရပါသည်။ ဆင့်ပါးစပ် နှမ်းပက်တာထက်တောင် ထိရောက်မှု နဲပါလိမ့်မည်။



                     RFA နှင့်အင်တာဗျူးတွင် ဆရာတော်က သူသည် မူစလင်တို့၏ လွှမ်းမိုးမှုမှ မြန်မာနိုင်ငံကို ကာကွယ်ရန်သာ လုပ်နေကြောင်း၊ မူစလင်များကို တိုက်ခိုက်ဖို့ မပြောကြောင်းများ ရှင်းပြခ့ဲပါသည်။ ထို့အပြင် TIME မဂ္ဂဇင်းသတင်းထောက်သည် သ ူမပြောခ့ဲသည်များကို ထည့်ခ့ဲကြောင်း ၊ အင်တာဗျူးကို ဗီဒီယိုရိုက်ထားသဖြင့် အင်တာနက်တွင် တင်ဖို့ကြိုးစားနေကြောင်း ဗျူးခ့ဲပြန်ပါသည်။ အဆိုးဆုံးမှာ ကမ္ဘာကျော် TIME သည်လည်း မူစလင်တို့၏ မဂ္ဂ္ဂဇင်းသာဖြစ်ကြောင်း RFA သို့ ပြန်ပြောပြခ့ဲပါသည်။

ကောင်းပါပြီ။ သူ့ဗီဒီယိုကို အင်တာနက်တင်တာ လူဘယ်နှစ်ယောက် ကြည့်ပါမည်နည်း၊ YOU TUBE တွင်တင်မှာလား။ Facebook တွင်တင်မှာလား။ ဘယ်နှစ်ယောက်ကြည့်မည်ထင်ပါသလဲ။ အလွန်ဆုံး သိန်းဂဏန်းပေါ့။ သူ့ကိုယ်ပိုင် Web Page တွင်တင်လျှင် သောင်းဂဏန်းပင် ရှိဖို့မလွယ်။ဒီအကြောင်းက TIME မဂ္ဂဇင်းအဖုံးတွင် ပါသွားပြီ ဖြစ်သဖြင့် ပထမ ပုံနှိပ် Version အဖြစ် သန်းဂဏန်းရှိသော စာဖတ်ပရိသတ် မြင်သွားပြီ။ Web Version ဆိုလျှင် သန်းရာဂဏန်းအထိပင် မြင်သွားလောက်ပြီ။ ဘယ်လိုလိုက် ဖြေရှင်းမည်နည်း။



                   TIME မဂ္ဂဇင်းကို ဘက်လိုက််သည်ဟု အလွယ်တကူ စွပ်စွဲ၍ မရနိုင်ပါ။ ထွက်လာမှ ဘယ်သူတွေကို ဗျူးထား၍ ဒီလိုစွပ်စွဲသလဲ ကြည့်ရပါမည်။ ထိုဆရာတော်၏ လုပ်ရပ်များကို ဗုဒ္ဒဘာသာ၀င်များပင် မကြိုက်ဟု ကြားနေရပါသည်။ ကျွန်တော်ကိုယ်တိုင် ဆရာတော်၏တရားများကို မနာဘူးသဖြင့် ဤနေရာတွင် ကိုယ်တိုင်အမြင် ထည့်မပြောလိုပါ။ နောက်နေ့ထုတ်သည့် ဂျာနယ်အချို့တွင် ဗုဒ္ဓဘာသာကို ဒီလိုသမုတ်ခံရတာ မကြိုက်သော်လည်း ဆရာတော်၏လုပ်ရပ်အားလုံးကို သဘောမတူဆိုသည့် သဘောများရေးထားတာကိုတော့ တွေ့ရပါသည်။

                   TIME မဂ္ဂ္ဂဇင်းကို ခုနောက်ပိုင်း မဖတ်ရတော့သော်လည်း စာအုပ် အားကောင်းခ့ဲသည့် လွန်ခ့ဲသော နှစ်နှစ်ဆယ်လောက်အထိ ၊ မြန်မာအကြောင်းပါ၍ ကုန်သွယ်ရေး ၉ စာအုပ်ဆိုင်မှ မထုတ်ပေးသည့် အပါတ်မှလွဲ၍ အုပ်တိုင်းလောက်ဖတ်ခ့ဲပါသည်။အင်မတန်ကို တင်ပြပုံကောင်း၍ နှစ်တရာခန့်ကမ္ဘာကျော် ခ့ဲခြင်းဖြစ်သည်။ TIME မဂ္ဂဇင်း ဘက်လိုက်သည်ဟု စွပ်စွဲမှုများ များစွာရှိခ့ဲပါသည်။ အာရှနှင့် အာဖရိကရှိ လူများက လူဖြူများဖက် ဘက်လိုက်သည်ဟု စွပ်စွဲပါသည်။ လူဖြူအချင်းချင်းကြတော့ အနောက်ကမ္ဘာဘက် လိုက်သည်ဟု စွပ်စွဲသည်။ အနောက်ကမ္ဘာသားချင်းတော့ အမေရိကန်ဘက်လိုက်သည်ဟု စွပ်စွဲပါသည်။ အမေရိကန် အချင်းချင်းပင် TIMEသည် ရီပါဗလစ်ကင်ဘက်လိုက်သည်တ့ဲ။ ဘာပြောချင်ကြပါသေးသလဲ။ သို့သော် မူစလင်ခေါင်းဆောင်များနှင့် တာလီဘန်များကို သွားမေးကြည့်ပါ။ TIMEက မင်းတို့ဘက်ကဆိုဟု။ ခေါင်းဖြတ်မလွှတ်လိုက်လျှင် ကံကောင်း။



                      စင်ကာပူက Far Eastern Economic Review ကို လုပ်ခ့ဲဘူးသလို ဒီနိုင်ငံတွင် TIME မဂ္ဂဇင်း မရောင်းရဟု သပိတ်မှောက်ကြမလား။ ကျွန်တော်ကြားဘူးသည့် တကယ့်အဖြစ်အပျက်ဟုလည်းဆိုကြသော Joke ကလေးကို ပြန်သတိရမိသည်။ တော်လှန်ရေးကောင်စီခေတ်က ဗိုလ်ချုပ်နေ၀င်းသည် စစ်တပ်အတွက်သုံးရန် ဗောက်စွယ်ဂွန်ကားများ၀ယ်ရန်အတွက် ဂျာမဏီနိုင်ငံသို့ တပည့်ကျော် ၀န်ကြီး ဗိုလ်မှုးကြီးမောင်ချိုကို လွှတ်လိုက်သည်။ ဗိုလ်မှုးကြီးကလဲ အာဏာကုန် လွှဲခံရ၍ သွေးကြွပြီး ဗောက်စွယ်ဂွန် ကုမ္ပဏီနှင့် စကားပြောသည်။ အဆင်မပြေသောအခါ စစ်ဗိုလ်ပီပီ ခြိမ်းခြောက်စကား ပြောလိုက်သည်။ မြန်မာစစ်တပ်က ဗောက်စွယ်ဂွန်ကားများ မ၀ယ်တော့ဟု ။ ထိုအခါ ကုမ္ပဏီမှ ကောင်းကောင်းမွန်မွန်ပင် ပြန်ပြောလိုက်ပါသည်။ ကောင်းပါပြီ၊ ဒီတစ်ခါ စနေနေ့မှာ နာရီ၀က် စောဆင်းပေးလိုက်ပါ့မယ် ဟူသတတ်။ TIME မဂ္ဂဇင်းကို မြန်မာပြည်မှ ပိတ်လိုက်လျှင် TIMEကတော့ ဘာမှ ဖြစ်မှာ မဟုတ်။ မြန်မာတွေ စာအုပ်ကောင်း မဖတ်ရတာသာ ရှိတော့မည်။ ဒါတောင် အင်တာနက်က Subscribe လုပ်၍ဖတ်နေသူများ ရှိနေပါဦးမည်။



                      ဒါဖြင့် တရားတဘောင်ရင်ဆိုင်ကြမလား။ ခေါင်းစဉ်ကို ဖတ်ကြည့်ရသေးရုံနှင့်တော့ ဆရာတော်ရေ ကိုယ့်ဖာသာကိုယ်ရှင်းပေတော့။ THE FACE OF BUDDHIST TERROR ဆိုပြီး ဆရာတော်မျက်နှာကြီး ဖေါ်ပြထားတာလေ။ အင်္ဂလိပ်စာအားဖြင့် အခြားအဓိပါယ် ဗုဒ္ဓဘာသာအကြမ်းဖက်များ၏ စစ်မျက်နှာဟု ပြောလျှင် ငြင်းနိုင်နေပါသည်။ ရှေ့နေများကတော့ ပိုမို သဘောပေါက်ပါမည်။



                      အမျိုးဘာသာကို လူတိုင်းချစ်ကြပါသည်။ သို့သော် ကိုယ့်ကြောင့် ပိုမဆိုးစေရန်လည်း ဂရုပြူရပါလိမ့်မည်။ ပညာသုံး၍ စိတ်ရှည်ရှည် ဖြေရှင်းရမည့် ပြဿနာဟု ထင်ပါသည်။ ဆရာတော်ကို သွားပြောလျှင် ဒေါသထွက်ထွက်ဖြင့် မင်း TIME မဂ္ဂဇင်းလဲ ငါ ဂရုမစိုက်ဘူးကွ။ ငါက ဗုဒ္ဓဘာသာအတွက် အသက်တောင် ပေးမ့ဲသူကွဟု ပြောကောင်းပြောပါလိမ့်မည်။ ကန်တော့ပါရဲ့ အရှင်ဘုရား။ ဆရာတော်မရှိတာ က အရေးမကြီး။ ကျန်နေတ့ဲ မြန်မာပြည် နဲ့ မြန်မာဗုဒ္ဓဘာသာ၀င်တွေ ရှိပါသေးတယ် ၊ င့ဲပါဦး ဟုသာ တင်လျှောက်ချင်ပါသည်။



မျက်ကန်းမျိုးချစ် မဖြစ်ကြပါစေနှင့်။ ဆင်ဖြင်တုံတရားထားနိုင်ကြပါစေ။ ။



XxXxXx 

(Zawgyi version) 

                  ကမာၻေက်ာ္ TIME မဂၢဇင္းတြင္ အဖံုးသတင္းအျဖစ္ ျမန္မာႏိုင္ငံႏွင့္ပါတ္သက္၍ ပါလာပါသည္။ TIME မဂၢဇင္းတြင္ အဖံုးသတင္းျဖစ္ဖို႔ ဆိုတာလြယ္ကူူသည္မဟုတ္ပါ။ ကၽြန္ေတာ့္အထင္ ျမန္မာႏိုင္ငံႏွင့္ ပါတ္သက္တာ ဆယ္ခါထက္ပိုမည္ မထင္။

                 သို႕ေသာ္ ဒီတစ္ခါေတာ့ ပါတာ မသက္သာျဖစ္ေနသည္။ အၾကမ္းဖက္ဗုဒၶဘာသာ၊ တနည္းအားျဖင့္ အစြန္းေရာက္ဗုဒၶဘာသာ၏မ်က္ႏွာအျဖစ္ ျမန္မာဘုန္းေတာ္ႀကီးတစ္ပါး၏ မ်က္ႏွာကို မ်က္ႏွာဖံုးတင္ထား၍ ျဖစ္ပါသည္။ 

                 အေၾကာင္းမ့ဲေတာ့ မျဖစ္ႏိုင္ပါ။ အနည္းဆံုး ထိုမဂၢဇင္းမွ သတင္းေထာက္ကို လက္ခံ အင္တာဗ်ဴးခ့ဲပါလိမ့္မည္။ မဂၢၢဇင္းမထြက္္ေသး၍ အင္တာနက္တြင္ စာျမည္းေပးထားသေလာက္သာ ဖတ္ရပါေသးသည္။ သို႔ေသာ္ ယခုပင္ ျမန္မာဗုဒၶဘာသာသည္ သိကၡာက်သြားပါၿပီ။ ထိုဘုန္းႀကီးမွလည္း RFA တြင္ျပန္႐ွင္းသည့္ အင္တာဗ်ဴးေတာ့ နားေထာင္လိုက္ရပါသည္။ ဆင့္ပါးစပ္ နွမ္းပက္တာထက္ေတာင္ ထိေရာက္မႈ နဲပါလိမ့္မည္။

                     RFA ႏွင့္အင္တာဗ်ဴးတြင္ ဆရာေတာ္က သူသည္ မူစလင္တို႕၏ လႊမ္းမိုးမႈမွ ျမန္မာႏိုင္ငံကို ကာကြယ္ရန္သာ လုပ္ေနေၾကာင္း၊ မူစလင္မ်ားကို တိုက္ခိုက္ဖို႔ မေျပာေၾကာင္းမ်ား ႐ွင္းျပခ့ဲပါသည္။ ထို႔အျပင္ TIME မဂၢဇင္းသတင္းေထာက္သည္ သ ူမေျပာခ့ဲသည္မ်ားကို ထည့္ခ့ဲေၾကာင္း ၊ အင္တာဗ်ဴးကို ဗီဒီယို႐ိုက္ထားသျဖင့္ အင္တာနက္တြင္ တင္ဖို႔ႀကိဳးစားေနေၾကာင္း ဗ်ဴးခ့ဲျပန္ပါသည္။ အဆိုးဆံုးမွာ ကမာၻေက်ာ္ TIME သည္လည္း မူစလင္တို႔၏ မဂၢၢဇင္းသာျဖစ္ေၾကာင္း RFA သို႔ ျပန္ေျပာျပခ့ဲပါသည္။
ေကာင္းပါၿပီ။ သူ႔ဗီဒီယိုကို အင္တာနက္တင္တာ လူဘယ္ႏွစ္ေယာက္ ၾကည့္ပါမည္နည္း၊ YOU TUBE တြင္တင္မွာလား။ Facebook တြင္တင္မွာလား။ ဘယ္ႏွစ္ေယာက္ၾကည့္မည္ထင္ပါသလဲ။ အလြန္ဆံုး သိန္းဂဏန္းေပါ့။ သူ႔ကိုယ္ပိုင္ Web Page တြင္တင္လွ်င္ ေသာင္းဂဏန္းပင္ ႐ွိဖို႔မလြယ္။ဒီအေၾကာင္းက  TIME မဂၢဇင္းအဖံုးတြင္ ပါသြားၿပီ ျဖစ္သျဖင့္ ပထမ ပံုႏွိပ္ Version အျဖစ္ သန္းဂဏန္း႐ွိေသာ စာဖတ္ပရိသတ္ ျမင္သြားၿပီ။ Web Version ဆိုလွ်င္ သန္းရာဂဏန္းအထိပင္ ျမင္သြားေလာက္ၿပီ။ ဘယ္လိုလိုက္ ေျဖ႐ွင္းမည္နည္း။

                   TIME မဂၢဇင္းကို ဘက္လိုက္္သည္ဟု အလြယ္တကူ စြပ္စြဲ၍ မရႏိုင္ပါ။ ထြက္လာမွ ဘယ္သူေတြကို ဗ်ဴးထား၍ ဒီလိုစြပ္စြဲသလဲ ၾကည့္ရပါမည္။ ထိုဆရာေတာ္၏ လုပ္ရပ္မ်ားကို ဗုဒၵဘာသာ၀င္မ်ားပင္ မႀကိဳက္ဟု ၾကားေနရပါသည္။ ကၽြန္ေတာ္ကိုယ္တိုင္ ဆရာေတာ္၏တရားမ်ားကို မနာဘူးသျဖင့္ ဤေနရာတြင္ ကိုယ္တိုင္အျမင္ ထည့္မေျပာလိုပါ။ ေနာက္ေန႔ထုတ္သည့္ ဂ်ာနယ္အခ်ိဳ႕တြင္ ဗုဒၶဘာသာကို ဒီလိုသမုတ္ခံရတာ မႀကိဳက္ေသာ္လည္း ဆရာေတာ္၏လုပ္ရပ္အားလံုးကို သေဘာမတူဆိုသည့္ သေဘာမ်ားေရးထားတာကိုေတာ့ ေတြ႕ရပါသည္။
                   TIME မဂၢၢဇင္းကို ခုေနာက္ပိုင္း မဖတ္ရေတာ့ေသာ္လည္း စာအုပ္ အားေကာင္းခ့ဲသည့္ လြန္ခ့ဲေသာ ႏွစ္ႏွစ္ဆယ္ေလာက္အထိ ၊ ျမန္မာအေၾကာင္းပါ၍ ကုန္သြယ္ေရး ၉ စာအုပ္ဆိုင္မွ မထုတ္ေပးသည့္ အပါတ္မွလြဲ၍ အုပ္တိုင္းေလာက္ဖတ္ခ့ဲပါသည္။အင္မတန္ကို တင္ျပပံုေကာင္း၍ ႏွစ္တရာခန္႔ကမာၻေက်ာ္ ခ့ဲျခင္းျဖစ္သည္။ TIME မဂၢဇင္း ဘက္လိုက္သည္ဟု စြပ္စြဲမႈမ်ား မ်ားစြာ႐ွိခ့ဲပါသည္။ အာ႐ွႏွင့္ အာဖရိက႐ွိ လူမ်ားက လူျဖဴမ်ားဖက္ ဘက္လိုက္သည္ဟု စြပ္စြဲပါသည္။ လူျဖဴအခ်င္းခ်င္းၾကေတာ့ အေနာက္ကမာၻဘက္ လိုက္သည္ဟု စြပ္စြဲသည္။ အေနာက္ကမာၻသားခ်င္းေတာ့ အေမရိကန္ဘက္လိုက္သည္ဟု စြပ္စြဲပါသည္။ အေမရိကန္ အခ်င္းခ်င္းပင္ TIMEသည္ ရီပါဗလစ္ကင္ဘက္လိုက္သည္တ့ဲ။ ဘာေျပာခ်င္ၾကပါေသးသလဲ။ သို႔ေသာ္ မူစလင္ေခါင္းေဆာင္မ်ားႏွင့္ တာလီဘန္မ်ားကို သြားေမးၾကည့္ပါ။ TIMEက မင္းတို႔ဘက္ကဆိုဟု။  ေခါင္းျဖတ္မလႊတ္လိုက္လွ်င္ ကံေကာင္း။

                      စင္ကာပူက Far Eastern Economic Review ကို လုပ္ခ့ဲဘူးသလို ဒီႏိုင္ငံတြင္ TIME မဂၢဇင္း မေရာင္းရဟု သပိတ္ေမွာက္ၾကမလား။ ကၽြန္ေတာ္ၾကားဘူးသည့္ တကယ့္အျဖစ္အပ်က္ဟုလည္းဆိုၾကေသာ Joke ကေလးကို  ျပန္သတိရမိသည္။ ေတာ္လွန္ေရးေကာင္စီေခတ္က ဗိုလ္ခ်ဳပ္ေန၀င္းသည္ စစ္တပ္အတြက္သံုးရန္ ေဗာက္စြယ္ဂြန္ကားမ်ား၀ယ္ရန္အတြက္ ဂ်ာမဏီႏိုင္ငံသို႔ တပည့္ေက်ာ္ ၀န္ႀကီး ဗိုလ္မႈးႀကီးေမာင္ခ်ိဳကို လႊတ္လိုက္သည္။ ဗိုလ္မႈးႀကီးကလဲ အာဏာကုန္ လႊဲခံရ၍ ေသြးၾကြၿပီး ေဗာက္စြယ္ဂြန္ ကုမၸဏီႏွင့္ စကားေျပာသည္။ အဆင္မေျပေသာအခါ စစ္ဗိုလ္ပီပီ ၿခိမ္းေျခာက္စကား ေျပာလိုက္သည္။ ျမန္မာစစ္တပ္က ေဗာက္စြယ္ဂြန္ကားမ်ား မ၀ယ္ေတာ့ဟု ။ ထိုအခါ ကုမၸဏီမွ ေကာင္းေကာင္းမြန္မြန္ပင္ ျပန္ေျပာလိုက္ပါသည္။ ေကာင္းပါၿပီ၊ ဒီတစ္ခါ စေနေန႔မွာ နာရီ၀က္ ေစာဆင္းေပးလိုက္ပါ့မယ္ ဟူသတတ္။ TIME မဂၢဇင္းကို ျမန္မာျပည္မွ ပိတ္လိုက္လွ်င္ TIMEကေတာ့ ဘာမွ ျဖစ္မွာ မဟုတ္။ ျမန္မာေတြ စာအုပ္ေကာင္း မဖတ္ရတာသာ ႐ွိေတာ့မည္။ ဒါေတာင္ အင္တာနက္က Subscribe လုပ္၍ဖတ္ေနသူမ်ား ႐ွိေနပါဦးမည္။

                      ဒါျဖင့္ တရားတေဘာင္ရင္ဆိုင္ၾကမလား။ ေခါင္းစဥ္ကို ဖတ္ၾကည့္ရေသး႐ံုႏွင့္ေတာ့ ဆရာေတာ္ေရ ကိုယ့္ဖာသာကိုယ္႐ွင္းေပေတာ့။ THE FACE OF BUDDHIST TERROR ဆိုၿပီး ဆရာေတာ္မ်က္ႏွာႀကီး ေဖၚျပထားတာေလ။ အဂၤလိပ္စာအားျဖင့္ အျခားအဓိပါယ္ ဗုဒၶဘာသာအၾကမ္းဖက္မ်ား၏ စစ္မ်က္ႏွာဟု ေျပာလွ်င္ ျငင္းႏိုင္ေနပါသည္။ ေ႐ွ႕ေနမ်ားကေတာ့ ပိုမို သေဘာေပါက္ပါမည္။

                      အမ်ိဳးဘာသာကို လူတိုင္းခ်စ္ၾကပါသည္။ သို႕ေသာ္ ကိုယ့္ေၾကာင့္ ပိုမဆိုးေစရန္လည္း ဂ႐ုျပဴရပါလိမ့္မည္။ ပညာသံုး၍ စိတ္႐ွည္႐ွည္ ေျဖ႐ွင္းရမည့္ ျပႆနာဟု ထင္ပါသည္။ ဆရာေတာ္ကို သြားေျပာလွ်င္ ေဒါသထြက္ထြက္ျဖင့္ မင္း TIME မဂၢဇင္းလဲ ငါ ဂ႐ုမစိုက္ဘူးကြ။ ငါက ဗုဒၶဘာသာအတြက္ အသက္ေတာင္ ေပးမ့ဲသူကြဟု ေျပာေကာင္းေျပာပါလိမ့္မည္။ ကန္ေတာ့ပါရဲ့ အ႐ွင္ဘုရား။ ဆရာေတာ္မ႐ွိတာ က အေရးမႀကီး။ က်န္ေနတ့ဲ ျမန္မာျပည္ နဲ႔ ျမန္မာဗုဒၶဘာသာ၀င္ေတြ ႐ွိပါေသးတယ္ ၊ င့ဲပါဦး ဟုသာ တင္ေလွ်ာက္ခ်င္ပါသည္။

မ်က္ကန္းမ်ိဳးခ်စ္ မျဖစ္ၾကပါေစႏွင့္။ ဆင္ျဖင္တံုတရားထားႏိုင္ၾကပါေစ။     


No comments:

Post a Comment

Thank you.