02 June 2013

မည် - အစိုးရ

(Unicode version )

ယနေ့ ထွက်ရှိနေသော များပြားလှသော သတင်းစာ၊ ဂျာနယ်များတွင် သတိထားကြည့်ပါက အောက်ပါသတင်းမျိုးတွေကို အမြောက်အများတွေ့ရပါမည်။

တောင်သူလယ်သမားကြီးများ အကာအကွယ်ပေးရေးအတွက် လုပ်ဆောင်ပေးတော့့မည်။

မြေသိမ်းမှုများ ဖြေရှင်းပေးတော့မည်။

ရန်ကုန်မြို့ကြီး ယာဉ်ကြောကျပ်မှု ဖြေရှင်းပေးရန် လုပ်ပေးတော့မည်။

ဆင်းရဲသားများအတွက် တန်ဖိုးနည်းအိမ်ယာများ တည်ဆောက်ပေးတော့မည်။

တိုင်းရင်းသားပြဿနာများ ပြေလည်အောင် ဖြေရှင်းပေးတော့မည်။

ရန်ကုန်တက္ကသိုလ် ပြင်ဆင်ရန် လုပ်ဆောင်တော့မည်။

မကြာမှီအတွင်း တစ်နိုင်ငံလုံး လျှပ်စစ်မီးရတော့မည်။

ဒါမျိုးတွေ ဖတ်ရလွန်းသဖြင့် ရိုးနေကြပေပြီ။ တကယ်က

လုပ်ဆောင်ပေးနေပြီ။ ဖြေရှင်းပေးနေပြီ။ တည်ဆောက်ပေးနေပြီ။ မီးတွေ ရနေပြီ အစသဖြင့်ဖြစ်နေသင့်ပါပြီ။ အစိုးရအသစ် တက်လာတာဘဲ သုံးနှစ်ပြည့်တော့မည် ။ဟေ့ ၊ သုံးနှစ်ဘဲရှိသေးတာကွ လုပ်မနေပါနှင့်။ နောက်နှစ်နှစ်ခန့်ဆိုလျှင် နောက်အစိုးရ ဖြစ်ကောင်း ဖြစ်နေနိုင်ပါသည်။ 



အခြေအနေကြည့်ရတာ ငါတို့တော့ ၂၀၁၅ ရောက်ယင် ဟန်မ့ဲပုံ မပေါ်။ ကျန်တ့ဲ အချိန်လေး မှေးသွားမယ်လို့ ကြံနေယင်တော့ မသိပါ။ အစိုးရဌာန အချို့တွင် များသောအားဖြင့် ပြုပြင်ပြောင်းလဲသည့် အသွင်မတွေ့ရသေးပါ။ ရှေ့က ဦးဆောင်နေသည့် သမတကို မလေးစားသည့် သဘောများလား မသိပါ။



ဒီအတိုင်း "မည်" တွေသာများခ့ဲပြီး " ပြီ " တွေထိ ရောက်အောင် မလုပ်ခ့ဲဘူး ဆိိုလျှင် "မည်-အစိုးရ" သာ ဖြစ်တော့မည်။ တစ် မည် မည် သံတွေ များနေပြီကိုး။ တစ် မည်မည် သံ သာ များခ့ဲလျှင် တမြီမြီ အော်တတ်သည့် "ကြောင်-အစိုးရ" ဟုသာ နာမည်ကျန်ခ့ဲပေမည်။



လိုက်တော့ လိုက်သား။ အသင်းမှ စ ပါတီ ထိ တံဆိပ်တွင် တိရိစ ၦန်ဖြစ်သည့်ခြငေ်္သ့ ပုံကိုတင်သည်။ အများက အမည်ပြောင်အနေနှင့် ကြ့ံဖွတ်ဟု ခေါ်သည်။ နောက်ဆုံး အစိုးရအဖြစ် ငါး နှစ်လုပ်ပြီးတော့ "ကြောင်-အစိုးရ" ဖြစ်သွားပါမည်၊ မပြီ သေးပါ။ ။


XxXxXx 

(Zawgyi version )

ယေန႔ ထြက္႐ွိေနေသာ မ်ားျပားလွေသာ သတင္းစာ၊ ဂ်ာနယ္မ်ားတြင္ သတိထားၾကည့္ပါက ေအာက္ပါသတင္းမ်ိဳးေတြကို အေျမာက္အမ်ားေတြ႕ရပါမည္။
ေတာင္သူလယ္သမားႀကီးမ်ား အကာအကြယ္ေပးေရးအတြက္ လုပ္ေဆာင္ေပးေတာ့့မည္။
ေျမသိမ္းမႈမ်ား ေျဖ႐ွင္းေပးေတာ့မည္။
ရန္ကုန္ၿမိဳ႕ႀကီး ယာဥ္ေၾကာက်ပ္မႈ ေျဖ႐ွင္းေပးရန္ လုပ္ေပးေတာ့မည္။
ဆင္းရဲသားမ်ားအတြက္ တန္ဖိုးနည္းအိမ္ယာမ်ား တည္ေဆာက္ေပးေတာ့မည္။
တိုင္းရင္းသားျပႆနာမ်ား ေျပလည္ေအာင္ ေျဖ႐ွင္းေပးေတာ့မည္။
ရန္ကုန္တကၠသိုလ္ ျပင္ဆင္ရန္ လုပ္ေဆာင္ေတာ့မည္။
မၾကာမွီအတြင္း တစ္ႏိုင္ငံလံုး လွ်ပ္စစ္မီးရေတာ့မည္။
ဒါမ်ိဳးေတြ ဖတ္ရလြန္းသျဖင့္ ႐ိုးေနၾကေပၿပီ။ တကယ္က
လုပ္ေဆာင္ေပးေနၿပီ။  ေျဖ႐ွင္းေပးေနၿပီ။  တည္ေဆာက္ေပးေနၿပီ။  မီးေတြ ရေနၿပီ အစသျဖင့္ျဖစ္ေနသင့္ပါၿပီ။ အစိုးရအသစ္ တက္လာတာဘဲ သံုးႏွစ္ျပည့္ေတာ့မည္ ။ေဟ့ ၊ သံုးႏွစ္ဘဲ႐ွိေသးတာကြ လုပ္မေနပါႏွင့္။   ေနာက္ႏွစ္ႏွစ္ခန္႔ဆိုလွ်င္   ေနာက္အစိုးရ   ျဖစ္ေကာင္း ျဖစ္ေနႏိုင္ပါသည္။ 

အေျခအေနၾကည့္ရတာ ငါတို႔ေတာ့ ၂၀၁၅ ေရာက္ယင္ ဟန္မ့ဲပံု မေပၚ။ က်န္တ့ဲ အခ်ိန္ေလး ေမွးသြားမယ္လို႔ ႀကံေနယင္ေတာ့ မသိပါ။ အစိုးရဌာန အခ်ိဳ႕တြင္ မ်ားေသာအားျဖင့္ ျပဳျပင္ေျပာင္းလဲသည့္ အသြင္မေတြ႕ရေသးပါ။ ေ႐ွ႕က ဦးေဆာင္ေနသည့္ သမတကို မေလးစားသည့္ သေဘာမ်ားလား မသိပါ။

ဒီအတိုင္း "မည္" ေတြသာမ်ားခ့ဲၿပီး " ၿပီ " ေတြထိ ေရာက္ေအာင္ မလုပ္ခ့ဲဘူး ဆိိုလွ်င္ "မည္-အစိုးရ" သာ ျဖစ္ေတာ့မည္။ တစ္ မည္ မည္ သံေတြ မ်ားေနၿပီကိုး။ တစ္ မည္မည္ သံ သာ မ်ားခ့ဲလွ်င္ တၿမီၿမီ ေအာ္တတ္သည့္ "ေၾကာင္-အစိုးရ" ဟုသာ နာမည္က်န္ခ့ဲေပမည္။

လိုက္ေတာ့ လိုက္သား။ အသင္းမွ စ ပါတီ ထိ တံဆိပ္တြင္ တိရိစ ၦန္ျဖစ္သည့္ျခေသၤ့ ပံုကိုတင္သည္။ အမ်ားက အမည္ေျပာင္အေနႏွင့္ ႀက့ံဖြတ္ဟု ေခၚသည္။ ေနာက္ဆံုး အစိုးရအျဖစ္ ငါး  ႏွစ္လုပ္ၿပီးေတာ့ "ေၾကာင္-အစိုးရ" ျဖစ္သြားပါမည္၊ မၿပီ ေသးပါ။    

No comments:

Post a Comment

Thank you.