30 June 2013

မြန်မာများ ခင်ဗျား

(Unicode version )

 
ကျွန်တော် အကြိမ်ကြိမ်ရေးခ့ဲပါသည်။ မြန်မာမှန်လျှင် ကွဲကြရမည် ဟု။ ဟိုးရှေးရှေး လွတ်လပ်ရေးကြိုးပမ်းစဉ်နှင့် လွတ်လပ်ရေးရပြီး မဆလ အစိုးရ ခေတ် အထိ တော့ ပြန်မပြောတော့ပါ။ ခု နောက်ပိုင်း ၂၀၀၈ ဖွဲ့စည်းပုံ အရ ရွေးကောက်ပွဲ လုပ်မည်ဆိုကတည်းက NLD တွင်စကွဲတော့သည်။



ကွဲသူအားလုံး အရွေးကောက်ခံပြီးသည့်တိုင်အောင် ပြန်စေ့၍မရတော့။ ဒါနဲ့တောင် စစ်တပ်ကြီးကို ဖြိုခွဲဖို့ ခုထိ စိတ်ကူးယဉ်သူက ယဉ်ကောင်းတုံး။ NLD ကို ခွဲဖို့ အစီအစဉ်ရှိနေသူတွေကို ပြောချင်ပါသည်။ အလကား ကိုယ့်ကြောင့်စွပ်စွဲခံနေရမယ်။ လွှတ်ထားလိုက်ယင် ၂၀၁၅ အလွန်ဆုံးပါ။



စစ်တပ်ဆိုသည်မှာ ဖွဲ့စည်းပုံ အကောင်းဆုံး လူသား အဖွဲ့ဖြစ်သည်။ အလွန်ည့ံသောသူများ ဦးဆောင်နေတာတောင် တော်ယုံတန်ယုံနှင့် ပုံပျက်ဖို့မလွယ်။ တသွေးတသန် အမိန့်ဖြစ် အုပ်ချုပ်တာမဟုတ်ပါလား။ ဒါတောင် သူတို့ချင်းကွဲသေးသည်။ တိုးတိုးတိတ်တိတ်ပေါ့။ စစ်တပ်မှ ပုံပြောင်းလာသော ကြံ့ဖွတ်သည်လဲ မြန်မာတွေပီပီ ကွဲသံတွေ ကြားလာရပါပြီ။



သူတို့ကွဲတာ ကောင်းပါသည်။ ပျက်သွားလဲ အေးရော။ သို့သော် သူတို့မပျက်ခင် ကိုယ်ကအရင်ပျက်တော့မည်။ ရွေးကောက်ပွဲကိစ္စလဲ ကွဲသည်။ လက်ပန်းတောင်းတောင်လဲ ကွဲသည်။ ရခိုင်ကိစ္စလဲ ကွဲသည်။ ခုနောက်ဆုံး အမျိုးစောင့်မှာ လဲ ကွဲကြဦးမည်။ ဘုန်းကြီးတွေပါလာတော့ ကွဲဖို့ရာ ပို အရှိန်ရတော့မည်။ အဆင်း ဘီးတပ်လွှတ် သလိုပေါ့။



NLD ကို ကွဲစေချင်သူများ ပျော်နေတော့မည်။ ဒေါ်စုကို ကြည့်မရသူတွေ အတွက် အကွက်ပေါ့။ ဘုန်းကြီးတစ်ချို့၏ ကြိမ်းဝါးဒသံက သူတို့လိုချင်သည့် ဥပဒေကို လွှတ်တော်အတွင်း ကန့်ကွက်သူကို နောက်ရွေးကောက်ပွဲမှာ မဲ မပေးအောင်စည်းရုံးမည်ဟူသတည်း။ ဒေါ်စုမကလို့ ဘယ်သူဖြစ်ဖြစ်ပေါ့။ မူစလင်၊ ခရစ်ယံ နှင့် အခြားဘာသာ၀င်အားလုံး ဒေါ်စုကို မဲပေးအောင် လုပ််တာတော့ မဟုတ်တန်ရာ.။



ဤနေရာတွင် အားလုံးကို သတိပေးချင်ပါသည်။ အားလုံးဆိုရာမှာ မြန်မာပြည်တွင်းတွင် နေသူများသာမက ပြည်ပရောက် မြန်မာများ အားလုံးကို ဆိုလိုပါသည်။ ယနေ့ မြန်မာပြည် ဤအဆင့်အထိ ရောက်လာတာ ဒေါ်စုတစ်ဦးတည်းကြောင့်ဟုဆိုလျှင် ၉၀% မှန်ပါသည်။ မည်သူကိုမှ စော်ကားခြင်းမဟုတ်ပါ။ မနာလိုလဲ မဖြစ်ကြစေချင်ပါ။



ကိုယ်ဘာလုပ်လုပ် လုပ်တာကို ကမ္ဘာကသိဖို့လိုပါသည်။ ဤကိစ္စတွင် ဒေါ်စုကို ဘယ်သူမှ ယှဉ်၍မရပါ. သူ့စန်းဘဲ ဆိုကြပါစို့။ ယနေ့ မြန်မာ့အစိုးရ မျက်နှာပွင့်တာ ဒေါ်စုနှင့် လက်တွဲ၍သာ ဖြစ်သည်။ မြန်မာပြည်ကို ဧည့်သည်မပြတ်တာ ဒေါ်စုကြောင့် ပင်ဖြစ်သည်။ တစ်ချို့ခေါင်းဆောင်တွေဆိုလျှင် မကောင်းတတ်၍သာ လက်ရှိခေါင်းဆောင်ကို နှုတ်ဆက်သွားသည်၊ တကယ် သူတို့တွေ့ချင်တာ ဒေါ်စုသာ။ မြန်မာပြည်သားများ ကံကောင်းလာ၍သာ ဒါကို အသိအမှတ်ပြု လက်ခံသောစစ်ဗိုလ်ချုပ်နှစ်ယောက် ပေါ်လာတာဖြစ်သည်။



ပြန်ကောက်ရလျှင် မြန်မာတွေ မြန်မာပြီပြီ မကွဲကြစေချင်ပါ။ ဆင်ခြင်တုံတရားထား၍ စိတ်ရှည်စေချင်သည်။ ဒေါသတွေ လျှော့စေချင်ပါသည်။ မိမိခံ ခ့ဲရသည်များကိုလဲ ကံ ကိုသာပုံချ၍ စိတ်လျှော့ စေချင်ပါသည်။ မြန်မာပြည် ဒီမိုကရေစီ မရသေးပါ။ တော်တော်ကို ေ၀းေ၀းကြီး သွားရပါဦးမည်။ ဒေါ်စု (သို့) ဒေါ်စု + စစ်ဗိုလ်များနှင့်လက်တွဲ၍ သွားနေစဉ် မြန်မာအချင်းချင်း မကွဲဘဲ လက်တွဲစေချင်ပါသည်ခင်ဗျား။ ။

XxXxXx

(Zawgyi version )

   
ကၽြန္ေတာ္ အႀကိမ္ႀကိမ္ေရးခ့ဲပါသည္။ ျမန္မာမွန္လွ်င္ ကြဲၾကရမည္ ဟု။ ဟိုးေ႐ွးေ႐ွး လြတ္လပ္ေရးႀကိဳးပမ္းစဥ္ႏွင့္ လြတ္လပ္ေရးရၿပီး မဆလ အစိုးရ ေခတ္ အထိ ေတာ့ ျပန္မေျပာေတာ့ပါ။ ခု ေနာက္ပိုင္း ၂၀၀၈ ဖြဲ႔စည္းပံု အရ ေ႐ြးေကာက္ပြဲ လုပ္မည္ဆိုကတည္းက NLD တြင္စကြဲေတာ့သည္။ 

ကြဲသူအားလံုး အေ႐ြးေကာက္ခံၿပီးသည့္တိုင္ေအာင္ ျပန္ေစ့၍မရေတာ့။ ဒါနဲ႔ေတာင္ စစ္တပ္ႀကီးကို ၿဖိဳခြဲဖို႔ ခုထိ စိတ္ကူးယဥ္သူက ယဥ္ေကာင္းတံုး။ NLD ကို ခြဲဖို႔ အစီအစဥ္႐ွိေနသူေတြကို ေျပာခ်င္ပါသည္။ အလကား ကိုယ့္ေၾကာင့္စြပ္စြဲခံေနရမယ္။ လႊတ္ထားလိုက္ယင္ ၂၀၁၅ အလြန္ဆံုးပါ။

စစ္တပ္ဆိုသည္မွာ ဖြဲ႔စည္းပံု အေကာင္းဆံုး လူသား အဖြဲ႔ျဖစ္သည္။ အလြန္ၫ့ံေသာသူမ်ား ဦးေဆာင္ေနတာေတာင္ ေတာ္ယံုတန္ယံုႏွင့္ ပံုပ်က္ဖို႔မလြယ္။ တေသြးတသန္ အမိန္႔ျဖစ္ အုပ္ခ်ဳပ္တာမဟုတ္ပါလား။ ဒါေတာင္ သူတို႔ခ်င္းကြဲေသးသည္။ တိုးတိုးတိတ္တိတ္ေပါ့။ စစ္တပ္မွ ပံုေျပာင္းလာေသာ ႀကံ့ဖြတ္သည္လဲ ျမန္မာေတြပီပီ ကြဲသံေတြ ၾကားလာရပါၿပီ။ 

သူတို႔ကြဲတာ ေကာင္းပါသည္။ ပ်က္သြားလဲ ေအးေရာ။ သို႔ေသာ္ သူတို႔မပ်က္ခင္ ကိုယ္ကအရင္ပ်က္ေတာ့မည္။ ေ႐ြးေကာက္ပြဲကိစၥလဲ ကြဲသည္။ လက္ပန္းေတာင္းေတာင္လဲ ကြဲသည္။ ရခိုင္ကိစၥလဲ ကြဲသည္။ ခုေနာက္ဆံုး အမ်ိဳးေစာင့္မွာ လဲ ကြဲၾကဦးမည္။ ဘုန္းႀကီးေတြပါလာေတာ့ ကြဲဖို႔ရာ ပို အ႐ွိန္ရေတာ့မည္။ အဆင္း ဘီးတပ္လႊတ္ သလိုေပါ့။

NLD ကို ကြဲေစခ်င္သူမ်ား ေပ်ာ္ေနေတာ့မည္။ ေဒၚစုကို ၾကည့္မရသူေတြ အတြက္ အကြက္ေပါ့။ ဘုန္းႀကီးတစ္ခ်ိဳ႕၏ ႀကိမ္း၀ါးဒသံက သူတို႔လိုခ်င္သည့္ ဥပေဒကို လႊတ္ေတာ္အတြင္း ကန္႔ကြက္သူကို ေနာက္ေ႐ြးေကာက္ပြဲမွာ မဲ မေပးေအာင္စည္း႐ံုးမည္ဟူသတည္း။ ေဒၚစုမကလို႕ ဘယ္သူျဖစ္ျဖစ္ေပါ့။ မူစလင္၊ ခရစ္ယံ ႏွင့္ အျခားဘာသာ၀င္အားလံုး ေဒၚစုကို မဲေပးေအာင္ လုပ္္တာေတာ့ မဟုတ္တန္ရာ.။

ဤေနရာတြင္ အားလံုးကို သတိေပးခ်င္ပါသည္။ အားလံုးဆိုရာမွာ ျမန္မာျပည္တြင္းတြင္ ေနသူမ်ားသာမက ျပည္ပေရာက္ ျမန္မာမ်ား အားလံုးကို ဆိုလိုပါသည္။ ယေန႔ ျမန္မာျပည္ ဤအဆင့္အထိ ေရာက္လာတာ ေဒၚစုတစ္ဦးတည္းေၾကာင့္ဟုဆိုလွ်င္ ၉၀% မွန္ပါသည္။ မည္သူကိုမွ ေစာ္ကားျခင္းမဟုတ္ပါ။ မနာလိုလဲ မျဖစ္ၾကေစခ်င္ပါ။ 

ကိုယ္ဘာလုပ္လုပ္ လုပ္တာကို ကမာၻကသိဖို႔လိုပါသည္။ ဤကိစၥတြင္ ေဒၚစုကို ဘယ္သူမွ ယွဥ္၍မရပါ. သူ႔စန္းဘဲ ဆိုၾကပါစို႔။ ယေန႔ ျမန္မာ့အစိုးရ မ်က္ႏွာပြင့္တာ ေဒၚစုႏွင့္ လက္တြဲ၍သာ ျဖစ္သည္။ ျမန္မာျပည္ကို ဧည့္သည္မျပတ္တာ ေဒၚစုေၾကာင့္ ပင္ျဖစ္သည္။ တစ္ခ်ိဳ႕ေခါင္းေဆာင္ေတြဆိုလွ်င္ မေကာင္းတတ္၍သာ လက္႐ွိေခါင္းေဆာင္ကို ႏႈတ္ဆက္သြားသည္၊ တကယ္ သူတို႔ေတြ႔ခ်င္တာ ေဒၚစုသာ။ ျမန္မာျပည္သားမ်ား ကံေကာင္းလာ၍သာ ဒါကို အသိအမွတ္ျပဳ လက္ခံေသာစစ္ဗိုလ္ခ်ဳပ္ႏွစ္ေယာက္ ေပၚလာတာျဖစ္သည္။

ျပန္ေကာက္ရလွ်င္ ျမန္မာေတြ ျမန္မာၿပီၿပီ မကြဲၾကေစခ်င္ပါ။ ဆင္ျခင္တံုတရားထား၍ စိတ္႐ွည္ေစခ်င္သည္။ ေဒါသေတြ ေလွ်ာ့ေစခ်င္ပါသည္။ မိမိခံ ခ့ဲရသည္မ်ားကိုလဲ ကံ ကိုသာပံုခ်၍ စိတ္ေလွ်ာ့ ေစခ်င္ပါသည္။ ျမန္မာျပည္ ဒီမိုကေရစီ မရေသးပါ။ ေတာ္ေတာ္ကို ေ၀းေ၀းႀကီး သြားရပါဦးမည္။ ေဒၚစု (သို႔) ေဒၚစု + စစ္ဗိုလ္မ်ားႏွင့္လက္တြဲ၍  သြားေနစဥ္ ျမန္မာအခ်င္းခ်င္း  မကြဲဘဲ လက္တြဲေစခ်င္ပါသည္ခင္ဗ်ား။            

No comments:

Post a Comment

Thank you.