19 June 2019

၇၄နှစ်ပြည့် မွေးနေ့ဆုတောင်း၊


(Zawgyi version)

   ဗုဒၶဘာသာဝင္ေတြအတြက္ ဘုရားေလာင္း သတို႔သားကို အျမင့္ျမတ္ဆံုး လူသားလို႔ သတ္မွတ္ၾကမွာပါ။ ပါရမီေတြကို ေလးသေခ်ၤနဲ႔ကမာၻတသိန္း ျဖည့္ဆည္းခ့ဲၿပီး ဘုရားမျဖစ္ခင္ အရာရာျပည့္စံုေနတ့ဲ ဘုရင့္သား မင္းသားတပါးျဖစ္ေနခ်ိန္ေပါ့။
.
အျမင့္ျမတ္ဆံုး အမ်ိဳးသားအတြက္ ေသခ်ာေပမယ့္ အမ်ိဳးသမီးဆို ဘယ္လိုသတ္မွတ္ၾကမလဲ။ ဘုရားေလာင္းရဲ႕မယ္ေတာ္လား၊   ပါရမီျဖည့္ဘက္ ဇနီးလား၊ က်ေနာ္ကေတာ့ ဘုရားေလာင္းသတို႔သားကို ေမြးဖြားေပးတ့ဲ မယ္ေတာ္လို႔ ထင္မိပါတယ္။
.
ဘုရားေလာင္းေတြ ဘုရားျဖစ္ဖို႔ ပါရမီဘယ္လိုျဖည့္ခ့ဲရလည္း စာေတြထဲဖတ္ဘူး၊ ပံုေတြထဲ ၾကားဘူးၾကမွာပါ။ ဘုရားေလာင္းရဲ႕ မယ္ေတာ္ျဖစ္ဖို႔လည္း ပါရမီမ်ားစြာ ျဖည့္ခ့ဲရမွာ အေသအခ်ာပါဘဲ။
.
ေတြးၾကည့္တယ္၊ ဥာဏ္မွီသေလာက္ေပါ့။ အမ်ိဳးသမီးႀကီးတဦးကို လူအမ်ားစုႀကီးက မိမိတို႔ မိခင္လိုသေဘာထားၿပီး အေမလို႔ ေခၚေနၾကတယ္။ တိုင္းျပည္ရဲ႕ မိခင္လို႔သတ္မွတ္ၾကတယ္။ အမ်ိဳးသမီးႀကီးကလည္း ျပည္သူေတြကို ႀကီးပြားခ်မ္းသာေစခ်င္လြန္းလို႔ ေမတၱာနဲ႔အုပ္ခ်ဳပ္တယ္။ ျပည္သူျပည္သားေတြ ခ်မ္းသာေစဖို႔ အျမဲၾကံစည္ လုပ္ေဆာင္ေပးေနတယ္။  လုပ္ေဆာင္ရာမွာလည္း သမာသမတ္က်မႈ စိတ္ဓာတ္ခိုင္ၾကည္မႈမွာ စံျပအဆင့္ျဖစ္ခ့ဲတယ္။ မိသါးစုအေရးကိုေတာင္ဒုတိယေနရာပို႔ၿပီး ျပည္သူအမ်ားအေရးကို ေ႐ွ႕တန္းတင္ဖို႔ စြန္႔လႊတ္ႏိုင္ခ့ဲတယ္။
.
မလိုသူေတြလည္း ႐ွိတာေပါ့။ မလိုသူရန္သူေတြကိုလည္း ေမတၱာ ထားႏိုင္ခ့ဲတယ္။ က်န္ျပည္သူအမ်ားကို ထားတ့ဲေမတၱာမ်ိဳး တန္းတူထားႏိုင္ခ့ဲတယ္။ နိမ့္က်ေနခ်ိန္မွာ အသက္အႏၱရယ္ျပဳခ့ဲသူေတြကိုေတာင္ ခြင့္လႊတ္ႏိုင္ခ့ဲတယ္။ လက္စားေခ်ဖို႔ထားလို႔ အမွတ္မထားၾကဖို႔ေျပာၿပီး သေဘာထားႀကီးခ့ဲတယ္။
.
ဒီလို အမ်ိဳးသမီးႀကီးဟာ တခ်ိန္ခ်ိန္မွာ မယ္ေတာ္ေလာင္းမ်ား ျဖစ္မလားမသိဘူး။ လူအမ်ားဆံုး အေမအေခၚခံရတ့ဲ ေမတၱာဂ႐ုဏာ ႀကီးမားလြန္းတ့ဲ အမ်ိဳးသမီးႀကီးဆိုေတာ့ေလ။ အဲဒီလို အမ်ိဳးသမီးႀကီး သင္ေတြ႔ဘူးၿပီလား။ ေတြ႔ဘူးရင္ အသက္ရာေက်ာ္႐ွည္ဖို႔ ဆုေတာင္းလိုက္ၾကရေအာင္။     ။

XxXxXx

(Unicode version)

   ဗုဒ္ဓဘာသာဝင်တွေအတွက် ဘုရားလောင်း သတို့သားကို အမြင့်မြတ်ဆုံး လူသားလို့ သတ်မှတ်ကြမှာပါ။ ပါရမီတွေကို လေးသချေၤနဲ့ကမ္ဘာတသိန်း ဖြည့်ဆည်းခ့ဲပြီး ဘုရားမဖြစ်ခင် အရာရာပြည့်စုံနေတ့ဲ ဘုရင့်သား မင်းသားတပါးဖြစ်နေချိန်ပေါ့။
.
အမြင့်မြတ်ဆုံး အမျိုးသားအတွက် သေချာပေမယ့် အမျိုးသမီးဆို ဘယ်လိုသတ်မှတ်ကြမလဲ။ ဘုရားလောင်းရဲ့မယ်တော်လား၊ ပါရမီဖြည့်ဘက် ဇနီးလား၊ ကျနော်ကတော့ ဘုရားလောင်းသတို့သားကို မွေးဖွားပေးတ့ဲ မယ်တော်လို့ ထင်မိပါတယ်။
.
ဘုရားလောင်းတွေ ဘုရားဖြစ်ဖို့ ပါရမီဘယ်လိုဖြည့်ခ့ဲရလည်း စာတွေထဲဖတ်ဘူး၊ ပုံတွေထဲ ကြားဘူးကြမှာပါ။ ဘုရားလောင်းရဲ့ မယ်တော်ဖြစ်ဖို့လည်း ပါရမီများစွာ ဖြည့်ခ့ဲရမှာ အသေအချာပါဘဲ။
.
တွေးကြည့်တယ်၊ ဉာဏ်မှီသလောက်ပေါ့။ အမျိုးသမီးကြီးတဦးကို လူအများစုကြီးက မိမိတို့ မိခင်လိုသဘောထားပြီး အမေလို့ ခေါ်နေကြတယ်။ တိုင်းပြည်ရဲ့ မိခင်လို့သတ်မှတ်ကြတယ်။ အမျိုးသမီးကြီးကလည်း ပြည်သူတွေကို ကြီးပွားချမ်းသာစေချင်လွန်းလို့ မေတ္တာနဲ့အုပ်ချုပ်တယ်။ ပြည်သူပြည်သားတွေ ချမ်းသာစေဖို့ အမြဲကြံစည် လုပ်ဆောင်ပေးနေတယ်။ လုပ်ဆောင်ရာမှာလည်း သမာသမတ်ကျမှု စိတ်ဓာတ်ခိုင်ကြည်မှုမှာ စံပြအဆင့်ဖြစ်ခ့ဲတယ်။  မိသားစုအရေးကိုတောင် ဒုတိယနေရာပို့ပြီး ပြည်သူအများအရေးကို ရှေ့တန်းတင်ဖို့ စွန့်လွှတ်နိုင်ခ့ဲတယ်။
.
မလိုသူတွေလည်း ရှိတာပေါ့။ မလိုသူရန်သူတွေကိုလည်း မေတ္တာ ထားနိုင်ခ့ဲတယ်။ ကျန်ပြည်သူအများကို ထားတ့ဲမေတ္တာမျိုး တန်းတူထားနိုင်ခ့ဲတယ်။ နိမ့်ကျနေချိန်မှာ အသက်အန္တရယ်ပြုခ့ဲသူတွေကိုတောင် ခွင့်လွှတ်နိုင်ခ့ဲတယ်။ လက်စားချေဖို့ထားလို့ အမှတ်မထားကြဖို့ပြောပြီး သဘောထားကြီးခ့ဲတယ်။
.
ဒီလို အမျိုးသမီးကြီးဟာ တချိန်ချိန်မှာ မယ်တော်လောင်းများ ဖြစ်မလားမသိဘူး။ လူအများဆုံး အမေအခေါ်ခံရတ့ဲ မေတ္တာဂရုဏာ ကြီးမားလွန်းတ့ဲ အမျိုးသမီးကြီးဆိုတော့လေ။ အဲဒီလို အမျိုးသမီးကြီး သင်တွေ့ဘူးပြီလား။ တွေ့ဘူးရင် အသက်ရာကျော်ရှည်ဖို့ ဆုတောင်းလိုက်ကြရအောင်။ ။

16 June 2019

ဆရာဝန်မသုံးယောက်


(Zawgyi version )

ခုဘဲ ဖတ္ၿပီးပါတယ္။ ဘာသာျပန္သူ ေမာင္ေပၚထြန္းရယ္၊ ထုတ္ေဝတ့ဲ ဘဝတကၠသိုလ္ရယ္ကို ေက်းဇူးတင္လိုက္တာ။ ေ႐ွ႕မွာ သံုးႀကိမ္ထုတ္ဖူးေပမ့ဲ အခုမွဖတ္ျဖစ္တာ။ အေတာ့ကိုေကာင္းတ့ဲ စာအုပ္ပါဘဲ။
.
မူရင္းေရးသူ ဆစ္ဒနီ႐ွယ္လ္ဒန္ရဲ႕ ေမာင္ေပၚထြန္းဘာသာျပန္တ့ဲ မ်ိးဆက္ေသြး (blood line) နဲ႔ ေက်ရာေက်ေၾကာင္း ( Rage of angels) တို႔ကို ဘာသာျပန္ဖတ္တတ္စအရြယ္ထဲက ႀကိဳက္ခ့ဲတာပါ။ ေနာက္စာအုပ္ေတြေတာ့ ဖတ္ျဖစ္မျဖစ္ နာမည္နဲ႔တြဲ မမွတ္မိ။
.
ခုစာအုပ္က ဆန္ဖရန္စစၥကိုက ေဆးရံုတခုမွ ဆရာဝန္သံုးေယာက္ရဲ႕ ဇတ္လမ္းပါ။ ျမန္မာေတြ အထင္ႀကီးၾကတ့ဲ အေမရိကန္ေဆးရံုေတြရဲ႕ အျဖစ္အပ်က္ေတြကို သိႏိုင္ပါတယ္။ ဇတ္လမ္းေတာ့ ဇတ္လမ္းေတြေပါ့ေလ။ ဒါေပမယ့္ တကယ့္အေျခအေနေတြနဲ႔ သိတ္ကင္းကြားမယ္လို႔ မထင္မိပါ။
.
ဘာသာျပန္ဝတၳဳေကာင္း ဖတ္လိုသူေတြ မျဖစ္မေနဖတ္သင့္တယ္။ ေနာက္ၿပီး ကိုးတန္းဆယ္တန္း ဆရာဝန္ျဖစ္ခ်င္စိတ္႐ွိသူေတြလည္း ဖတ္ၾကည့္သင့္တယ္။ ဆရာဝန္အလုပ္က ႐ုပ္႐ွင္ေတြထဲကလို ကုတ္အျဖဴေလးဝတ္၊ နားၾကပ္ေလးခ်ိတ္ထားယံုနဲ႔ မၿပီးဘူးဆိုတာ။ ေအာင္ျမင္ဖို့ ဘယ္ေလာက္ႀကိဳးစား ႐ုန္းကန္ရတယ္ဆိုတာ။
.
ေနာက္စဥ္းစားမိတာက ဒီဝတၳဳရယ္၊ ေမာင္ထြန္းသူဘာသာျပန္ ရဲတိုက္ (Citadel) ရယ္၊ နတ္ႏြယ္ဘာသာျပန္တ့ဲ ကိုမာ (Coma) တို႔ကို ေဆးေက်ာင္းပထမႏွစ္မွာ အျပင္စာအေနနဲ႔ဖတ္ဖို႔ ရည္ၫႊန္းသင့္တယ္။ အတန္းႀကီးလာရင္ေတာ့ ေအာ္ရီဂ်င္နယ္ဖတ္ခိုင္းေပါ့။ အဂၤလိပ္စာလည္းတက္ေအာင္၊ ေဆးေလာကအေၾကာင္းလည္းသိေအာင္၊ ရသစာေပလည္း ဖတ္ဘူးေအာင္လို႔ပါ။
.
က်ေနာ္ေျပာေလ့႐ွိပါတယ္။ သုတစာေပက လူကိုေတာ္ေစၿပီး ရသစာေပက လူကိုေကာင္းေစတယ္ဆိုတာေလ။

XxXxXx

(Unicode version)

ခုဘဲ ဖတ်ပြီးပါတယ်။ ဘာသာပြန်သူ မောင်ပေါ်ထွန်းရယ်၊ ထုတ်ဝေတ့ဲ ဘဝတက္ကသိုလ်ရယ်ကို ကျေးဇူးတင်လိုက်တာ။ ရှေ့မှာ သုံးကြိမ်ထုတ်ဖူးပေမ့ဲ အခုမှဖတ်ဖြစ်တာ။ အတော့ကိုကောင်းတ့ဲ စာအုပ်ပါဘဲ။
.
မူရင်းရေးသူ ဆစ်ဒနီရှယ်လ်ဒန်ရဲ့ မောင်ပေါ်ထွန်းဘာသာပြန်တ့ဲ မျိးဆက်သွေး (blood line) နဲ့ ကျေရာကျေကြောင်း ( Rage of angels) တို့ကို ဘာသာပြန်ဖတ်တတ်စအရွယ်ထဲက ကြိုက်ခ့ဲတာပါ။ နောက်စာအုပ်တွေတော့ ဖတ်ဖြစ်မဖြစ် နာမည်နဲ့တွဲ မမှတ်မိ။
.
ခုစာအုပ်က ဆန်ဖရန်စစ္စကိုက ဆေးရုံတခုမှ ဆရာဝန်သုံးယောက်ရဲ့ ဇတ်လမ်းပါ။ မြန်မာတွေ အထင်ကြီးကြတ့ဲ အမေရိကန်ဆေးရုံတွေရဲ့ အဖြစ်အပျက်တွေကို သိနိုင်ပါတယ်။ ဇတ်လမ်းတော့ ဇတ်လမ်းတွေပေါ့လေ။ ဒါပေမယ့် တကယ့်အခြေအနေတွေနဲ့ သိတ်ကင်းကွားမယ်လို့ မထင်မိပါ။
.
ဘာသာပြန်ဝတၳုကောင်း ဖတ်လိုသူတွေ မဖြစ်မနေဖတ်သင့်တယ်။ နောက်ပြီး ကိုးတန်းဆယ်တန်း ဆရာဝန်ဖြစ်ချင်စိတ်ရှိသူတွေလည်း ဖတ်ကြည့်သင့်တယ်။ ဆရာဝန်အလုပ်က ရုပ်ရှင်တွေထဲကလို ကုတ်အဖြူလေးဝတ်၊ နားကြပ်လေးချိတ်ထားယုံနဲ့ မပြီးဘူးဆိုတာ။ အောင်မြင်ဖို့ ဘယ်လောက်ကြိုးစား ရုန်းကန်ရတယ်ဆိုတာ။
.
နောက်စဉ်းစားမိတာက ဒီဝတၳုရယ်၊ မောင်ထွန်းသူဘာသာပြန် ရဲတိုက် (Citadel) ရယ်၊ နတ်နွယ်ဘာသာပြန်တ့ဲ ကိုမာ (Coma) တို့ကို ဆေးကျောင်းပထမနှစ်မှာ အပြင်စာအနေနဲ့ဖတ်ဖို့ ရည်ညွှန်းသင့်တယ်။ အတန်းကြီးလာရင်တော့ အော်ရီဂျင်နယ်ဖတ်ခိုင်းပေါ့။ အင်္ဂလိပ်စာလည်းတက်အောင်၊ ဆေးလောကအကြောင်းလည်းသိအောင်၊ ရသစာပေလည်း ဖတ်ဘူးအောင်လို့ပါ။
.
ကျနော်ပြောလေ့ရှိပါတယ်။ သုတစာပေက လူကိုတော်စေပြီး ရသစာပေက လူကိုကောင်းစေတယ်ဆိုတာလေ။

12 June 2019

၂၀၂၀အတွက် လျှပ်စစ်မီး

(Zawgyi version)

   ဒီဇယားေတြကို ရန္ကုန္ေနသူေတြ တသက္လံုးမွတ္မိေနေတာ့မွာပါ။ မီးေပးမ့ဲအခ်ိန္ဇယားလား၊ မီးျဖတ္မ့ဲအခ်ိန္ဇယားလား။ ႐ႈျမင္သူအေပၚဘဲ မူတည္ပါတယ္။
.
ေပးစရာလွ်ပ္စစ္ မလံုေလာက္ပါဘူး၊ ဒါေၾကာင့္မို႔ ခြဲတမ္းခ်ေပးရမယ္လို႔ အီးပီစီက တရားဝင္ေျပာတာ ေက်းဇူးတင္စရာပါ။ အရင္လို ျဖတ္ခ်င္သလိုျဖတ္၊ ျပတ္ခ်င္သလို ျပတ္ေနတာထက္စာရင္ အလုပ္လုပ္လို႔ရပါတယ္။ ႀကိဳတင္စီစဥ္ခြင့္ ရတာေပါ့။ ဇယားအတိုင္းလည္း အနီးစပ္ဆံုး မပ်က္ဘဲေပးတာ ေတာ္ပါေသးတယ္။
.
ဒါေပမယ့္ လြန္ခ့ဲတ့ဲ တပတ္ခန္႔ကစ မီးျဖတ္ခ်ိန္ေလ်ာ့ၿပီဆိုလို႔ ေပ်ာ္ေနၾကတာ မေန႔ညဆယ္နာရီက အီးပီစီကတင္တ့ဲ ဇယားအသစ္အရ ပိုဆိုးလာတာေတြ႔ေတာ့ စိတ္မေကာင္းပါ။ လြန္ခ့ဲေသာ ႏွစ္ငါးဆယ္ေလာက္ကစ မယံုၾကည္ခ့ဲတ့ဲ ျမန္မာ့လွ်ပ္စစ္ဌာန အီးပီစီအတြက္ နာမည္ေကာင္းရဖို႔ နီးကာမွ လြဲေခ်ာ္ျပန္ပါၿပီ။
.
အေရးႀကီးတာက ေနာက္ႏွစ္ေႏြမွာ ဒါမ်ိဳးမျဖစ္ႏိုင္ေအာင္ စီမံဖို႔ပါ။ တႏွစ္ဆိုတ့ဲအခ်ိန္သည္ ပေရာဂ်က္ႀကီးေတြအတြက္ေတာ့ နည္းပါလိမ့္မယ္။ ဒါေပမယ့္ ေနာက္ႏွစ္၂၀၂၀မွာ အေထြေထြေရြးေကာက္ပြဲ ႐ွိတာေၾကာင့္ ဒါကို မဲဆြယ္ဖို႔ အသံုးခ်ၾကပါလိမ့္မယ္။ ခုေတာင္ မီးေပးႏိုင္ရက္နဲ႔ NLDအစိုးရ နာမည္ပ်က္ေအာင္လုပ္ေနတာလို႔ ထင္ေနသူေတြ႐ွိသဗ်။
.
ပတ္ထိန္းေတြကလည္း သူတို႔အလုပ္ သူတို႔လုပ္မွာဘဲ။ ေက်ာက္မီးေသြးသမားေတြကလည္း ကန္႔ကြက္မွာဘဲ။ ဆည္ေဆာက္မွာ ေၾကာက္သူေတြကလည္း ဆန္႔က်င္မွာပါဘဲ။ ေနာက္ဆံုး အစိုးရနာမည္ေကာင္းရမွာစိုးလို႔ ကဖ်က္ယဖ်က္လုပ္သူေတြ လုပ္မွာပါဘဲ။
.
လွ်ပ္စစ္မီးပိုထြက္လာလို႔ ရမ့ဲအက်ိဳးနဲ႔ ထိခိုက္မ့ဲအပစ္ အခ်ိဳးကို တြက္ခ်က္ၿပီး ေ႐ွ႕ဆက္လုပ္ဖို႔က အစိုးရနဲ႔လႊတ္ေတာ္ တာဝန္ဘဲလို႔ ယူဆေၾကာင္းပါဗ်ာ။ အဆင္အေျပဆံုး ေရြးခ်ယ္ၿပီး ေ႐ွ႕ဆက္ႏိုင္ၾကပါေစ။ ေနာင္ႏွစ္ေႏြမွာ မီးထိန္ႏိုင္ပါေစ။   ။

XxXxXx

(Unicode version)

   ဒီဇယားတွေကို ရန်ကုန်နေသူတွေ တသက်လုံးမှတ်မိနေတော့မှာပါ။ မီးပေးမ့ဲအချိန်ဇယားလား၊ မီးဖြတ်မ့ဲအချိန်ဇယားလား။ ရှုမြင်သူအပေါ်ဘဲ မူတည်ပါတယ်။
.
ပေးစရာလျှပ်စစ် မလုံလောက်ပါဘူး၊ ဒါကြောင့်မို့ ခွဲတမ်းချပေးရမယ်လို့ အီးပီစီက တရားဝင်ပြောတာ ကျေးဇူးတင်စရာပါ။ အရင်လို ဖြတ်ချင်သလိုဖြတ်၊ ပြတ်ချင်သလို ပြတ်နေတာထက်စာရင် အလုပ်လုပ်လို့ရပါတယ်။ ကြိုတင်စီစဉ်ခွင့် ရတာပေါ့။ ဇယားအတိုင်းလည်း အနီးစပ်ဆုံး မပျက်ဘဲပေးတာ တော်ပါသေးတယ်။
.
ဒါပေမယ့် လွန်ခ့ဲတ့ဲ တပတ်ခန့်ကစ မီးဖြတ်ချိန်လျော့ပြီဆိုလို့ ပျော်နေကြတာ မနေ့ညဆယ်နာရီက အီးပီစီကတင်တ့ဲ ဇယားအသစ်အရ ပိုဆိုးလာတာတွေ့တော့ စိတ်မကောင်းပါ။ လွန်ခ့ဲသော နှစ်ငါးဆယ်လောက်ကစ မယုံကြည်ခ့ဲတ့ဲ မြန်မာ့လျှပ်စစ်ဌာန အီးပီစီအတွက် နာမည်ကောင်းရဖို့ နီးကာမှ လွဲချော်ပြန်ပါပြီ။
.
အရေးကြီးတာက နောက်နှစ်နွေမှာ ဒါမျိုးမဖြစ်နိုင်အောင် စီမံဖို့ပါ။ တနှစ်ဆိုတ့ဲအချိန်သည် ပရောဂျက်ကြီးတွေအတွက်တော့ နည်းပါလိမ့်မယ်။ ဒါပေမယ့် နောက်နှစ်၂၀၂၀မှာ အထွေထွေရွေးကောက်ပွဲ ရှိတာကြောင့် ဒါကို မဲဆွယ်ဖို့ အသုံးချကြပါလိမ့်မယ်။ ခုတောင် မီးပေးနိုင်ရက်နဲ့ NLDအစိုးရ နာမည်ပျက်အောင်လုပ်နေတာလို့ ထင်နေသူတွေရှိသဗျ။
.
ပတ်ထိန်းတွေကလည်း သူတို့အလုပ် သူတို့လုပ်မှာဘဲ။ ကျောက်မီးသွေးသမားတွေကလည်း ကန့်ကွက်မှာဘဲ။ ဆည်ဆောက်မှာ ကြောက်သူတွေကလည်း ဆန့်ကျင်မှာပါဘဲ။ နောက်ဆုံး အစိုးရနာမည်ကောင်းရမှာစိုးလို့ ကဖျက်ယဖျက်လုပ်သူတွေ လုပ်မှာပါဘဲ။
.
လျှပ်စစ်မီးပိုထွက်လာလို့ ရမ့ဲအကျိုးနဲ့ ထိခိုက်မ့ဲအပစ် အချိုးကို တွက်ချက်ပြီး ရှေ့ဆက်လုပ်ဖို့က အစိုးရနဲ့လွှတ်တော် တာဝန်ဘဲလို့ ယူဆကြောင်းပါဗျာ။ အဆင်အပြေဆုံး ရွေးချယ်ပြီး ရှေ့ဆက်နိုင်ကြပါစေ။ နောင်နှစ်နွေမှာ မီးထိန်နိုင်ပါစေ။ ။

10 June 2019

ဆယ်တန်းအောင်ပြီးနောက် ၂


(Zawgyi version)

   စာေမးပြဲသည္ ဘဝတခုအတြက္ အဆံုးအျဖတ္ မဟုတ္ေၾကာင္း သိတာေလးတခု ေျပာပါဦးမည္။ ကံဥာဏ္ဝီရိယ သံုးခုအေပၚမူတည္သျဖင့္ မိမိတတ္ႏိုင္သည့္ ႀကိဳးစားမႈကို အေကာင္းဆံုး စိုက္ထုတ္ဖို႔လိုတာ ေျပာလိုရင္းပါ။
.
အကိုဝမ္းကြဲတေယာက္ အေၾကာင္းပါ။ စာအလြန္ႀကိဳးစားပါသည္။ RIT တြင္ civil တက္ပါသည္။ စာေမးပြဲတခုေျဖၿပီး၍ အဆင့္ ၁ ၂ ၃ ထဲမဝင္လွ်င္ ေနာက္တႀကိမ္အတြက္ ေတာက္ေလ်ာက္စာၾကည့္သည့္သူမ်ိဳးျဖစ္သည္။
.
ေက်ာင္းၿပီးေသာအခါ စစ္တပ္ဖက္ေလ်ာက္၍ G.E.တပ္တြင္ ဗိုလ္ႀကီးျဖစ္လာပါသည္။ ၇၆ ၇၇ခန္႔တြင္ျဖစ္မည္။ တပ္မွ ႐ွား႐ွားပါးပါး အဂၤလန္ႏိုင္ငံ အင္ပီးရီးရယ္ေကာလိပ္သို႔ ပညာေတာ္သင္လႊတ္မည္ျဖစ္၍ ရန္ကုန္သို႔ ဗိုလ္ႀကီးဆယ္ေယာက္ခန္႔ကို စာေမးပြဲလာေျဖဖို႔ အေၾကာင္းၾကားသည္။ အင္မတန္ ပညာသင္ခ်င္ေသာသူ နာမည္ႀကီးေက်ာင္းသို႔ တက္ခ်င္ေဇာျဖင့္ ေသခ်ာေလ့လာၿပီး လာေျဖပါသည္။
.
ေျဖခါနီး သူငယ္ခ်င္းေတြဆံုမွ သိရေတာ့သည္။ ေလ့လာဖို႔ ေပးလိုက္ေသာစာရင္းႏွစ္ရြက္တြင္ သူ႔ထံသို႔ တရြက္သာေရာက္ၿပီး တရြက္က်န္ခ့ဲသည္။ ဒုတိယစာရြက္မွ အေၾကာင္းအရာမ်ားကို မေလ့လာခ့ဲရသျဖင့္ စာေမးပြဲအကုန္မေျဖႏိုင္ခ့ဲ။ သူ႔ဝသီအတိုင္း ဆဲဆိုၿပီး မိခင္တပ္ျပန္သြားသည္။
.
ေအာင္စာရင္းထြက္ေတာ့ အဆင့္၆။ လႊတ္မွာက တေယာက္၊ အရန္ႏွစ္ေယာက္စာရင္းတြင္ပင္မပါရာ လံုးဝစိတ္ပင္မကူးေတာ့ပါတ့ဲ။ ထိုအခ်ိန္တြင္ လံုးဝမေမွ်ာ္လင့္သည္မ်ား ျဖစ္လာသည္။ ရာထူးအသစ္ရလာသည့္ စစ္ေထာက္ခ်ဳပ္က ဂ်ီအီးတပ္မ်ား အလြဲသံုးစားမႈမ်ားလြန္း၍ဆိုကာ တျပည္လံုး႐ွိ ဂ်ီအီးတပ္မ်ားကို စစ္ေဆးခိုင္းေတာ့သည္။
.
ေတာင္ငူ႐ွိ အကိုထံသို႔လည္း လာစစ္သည္။ ပ်င္းရင္နားေထာင္ဖို႔ ဝယ္ထားသည့္ ေရဒီယိုတလံုးသာေတြ႔သည္။ ကက္ဆက္ပင္မပါ။ အိမ္ ကား အျခားပိုင္ဆိုင္မႈလည္း ဘာမွမေတြ႔၍ ေရဒီယိုကိုပင္ စာရင္းထဲမထည့္ေတာ့ပါဟု လာစစ္သူမ်ားက ေျပာသြားေသးသတ့ဲ။
.
မ်ားမၾကာမွီ ရန္ကုန္စစ္ရံုးမွ လွမ္းေခၚပါသည္။ စာေမးပြဲေျဖထားသူ သူ႔ေ႐ွ႕မွ အင္ဂ်င္နီယာဗိုလ္ ငါးဦးလံုး အစစ္ခံစရာ႐ွိ၍ ပညာေတာ္သင္ သူ႔ကိုေရြးလိုက္ၿပီတ့ဲ။ ၾကံၾကံဖန္ဖန္ ျဖစ္လာၿပီျဖစ္လို႔ ေပ်ာ္ရႊင္စြာလစ္သည္ေပါ့။ ဟိုမွာလည္း စာႀကိဳးစား၍ ေနာက္တဆင့္ဆက္တက္ခြင့္ျပဳရာ စစ္ရံုးမွခြင့္မျပဳ၍ ျပန္လာရပါသည္။ သူျပန္ေျပာျပသည္မ်ားထဲမွ မာဂရက္သက္ခ်ာ ေရြးေကာက္ပြဲဝင္ၿပီး ႏိုင္သည့္အေၾကာင္းႏွင့္ BoneyM အဖြဲ႔ရဲ႕ Brown girl in the rain သီခ်င္း mtv ဘယ္ေလာက္ၾကည့္ေကာင္းေၾကာင္းမ်ား မွတ္မိေနပါသည္။
.
ဤေနရာမွာ အေရးႀကီးတာ လာပါၿပီ။ အကိုႀကိဳးစား၍ ေလ့လာရမည့္စာ တရြက္မပါတာေတာင္ နံပတ္၆ရေအာင္ ေျဖသြားသည္။ ကံက ေ႐ွ႕လူငါးဦးကို ဖယ္ေပးလိုက္သည္။ ထိုငါးဦးႏွင့္ ဂ်ီအီးတပ္မွ အရာ႐ွိမ်ား၊ အင္ဂ်င္နီယာၫႊန္မႉး ဒုဗိုလ္မႉးႀကီးအပါအဝင္ အားလံုးကို အပစ္မ႐ွိဟုသတ္မွတ္ေပးလိုက္ပါသည္။ မဂၤလာဒံုဂ်ီအီးတပ္မွ အရာခံဗိုလ္ႏွင့္ တပ္ၾကပ္ေလးငါးဦးသာ အိမ္တြင္ ကားဝယ္ထားေၾကာင္း၊ ေရခဲေသတၱာပိုင္ေၾကာင္း၊ ေလေအးစက္တပ္ထားေၾကာင္း သတင္းစာေတြထဲအထိပါေအာင္ အမႈလုပ္ကာ အပစ္ေပးခံခ့ဲရပါသည္။
.
အဓိက အေရးအႀကီးဆံုးမွာ ကံ မည္သို႔ပင္႐ွိေစ၊ ႀကိဳးစားဖို႔ပါဘဲ။ ႀကိဳးစားေနသူအတြက္ ကံေကာင္းျခင္းေရာက္လာေစပါတယ္။

XxXxXx

(Unicode version)

   စာမေးပွဲသည် ဘဝတခုအတွက် အဆုံးအဖြတ် မဟုတ်ကြောင်း သိတာလေးတခု ပြောပါဦးမည်။ ကံဉာဏ်ဝီရိယ သုံးခုအပေါ်မူတည်သဖြင့် မိမိတတ်နိုင်သည့် ကြိုးစားမှုကို အကောင်းဆုံး စိုက်ထုတ်ဖို့လိုတာ ပြောလိုရင်းပါ။
.
အကိုဝမ်းကွဲတယောက် အကြောင်းပါ။ စာအလွန်ကြိုးစားပါသည်။ RIT တွင် civil တက်ပါသည်။ စာမေးပွဲတခုဖြေပြီး၍ အဆင့် ၁ ၂ ၃ ထဲမဝင်လျှင် နောက်တကြိမ်အတွက် တောက်လျောက်စာကြည့်သည့်သူမျိုးဖြစ်သည်။
.
ကျောင်းပြီးသောအခါ စစ်တပ်ဖက်လျောက်၍ G.E.တပ်တွင် ဗိုလ်ကြီးဖြစ်လာပါသည်။ ၇၆ ၇၇ခန့်တွင်ဖြစ်မည်။ တပ်မှ ရှားရှားပါးပါး အင်္ဂလန်နိုင်ငံ အင်ပီးရီးရယ်ကောလိပ်သို့ ပညာတော်သင်လွှတ်မည်ဖြစ်၍ ရန်ကုန်သို့ ဗိုလ်ကြီးဆယ်ယောက်ခန့်ကို စာမေးပွဲလာဖြေဖို့ အကြောင်းကြားသည်။ အင်မတန် ပညာသင်ချင်သောသူ နာမည်ကြီးကျောင်းသို့ တက်ချင်ဇောဖြင့် သေချာလေ့လာပြီး လာဖြေပါသည်။
.
ဖြေခါနီး သူငယ်ချင်းတွေဆုံမှ သိရတော့သည်။ လေ့လာဖို့ ပေးလိုက်သောစာရင်းနှစ်ရွက်တွင် သူ့ထံသို့ တရွက်သာရောက်ပြီး တရွက်ကျန်ခ့ဲသည်။ ဒုတိယစာရွက်မှ အကြောင်းအရာများကို မလေ့လာခ့ဲရသဖြင့် စာမေးပွဲအကုန်မဖြေနိုင်ခ့ဲ။ သူ့ဝသီအတိုင်း ဆဲဆိုပြီး မိခင်တပ်ပြန်သွားသည်။
.
အောင်စာရင်းထွက်တော့ အဆင့်၆။ လွှတ်မှာက တယောက်၊ အရန်နှစ်ယောက်စာရင်းတွင်ပင်မပါရာ လုံးဝစိတ်ပင်မကူးတော့ပါတ့ဲ။ ထိုအချိန်တွင် လုံးဝမမျှော်လင့်သည်များ ဖြစ်လာသည်။ ရာထူးအသစ်ရလာသည့် စစ်ထောက်ချုပ်က ဂျီအီးတပ်များ အလွဲသုံးစားမှုများလွန်း၍ဆိုကာ တပြည်လုံးရှိ ဂျီအီးတပ်များကို စစ်ဆေးခိုင်းတော့သည်။
.
တောင်ငူရှိ အကိုထံသို့လည်း လာစစ်သည်။ ပျင်းရင်နားထောင်ဖို့ ဝယ်ထားသည့် ရေဒီယိုတလုံးသာတွေ့သည်။ ကက်ဆက်ပင်မပါ။ အိမ် ကား အခြားပိုင်ဆိုင်မှုလည်း ဘာမှမတွေ့၍ ရေဒီယိုကိုပင် စာရင်းထဲမထည့်တော့ပါဟု လာစစ်သူများက ပြောသွားသေးသတ့ဲ။
.
များမကြာမှီ ရန်ကုန်စစ်ရုံးမှ လှမ်းခေါ်ပါသည်။ စာမေးပွဲဖြေထားသူ သူ့ရှေ့မှ အင်ဂျင်နီယာဗိုလ် ငါးဦးလုံး အစစ်ခံစရာရှိ၍ ပညာတော်သင် သူ့ကိုရွေးလိုက်ပြီတ့ဲ။ ကြံကြံဖန်ဖန် ဖြစ်လာပြီဖြစ်လို့ ပျော်ရွှင်စွာလစ်သည်ပေါ့။ ဟိုမှာလည်း စာကြိုးစား၍ နောက်တဆင့်ဆက်တက်ခွင့်ပြုရာ စစ်ရုံးမှခွင့်မပြု၍ ပြန်လာရပါသည်။ သူပြန်ပြောပြသည်များထဲမှ မာဂရက်သက်ချာ ရွေးကောက်ပွဲဝင်ပြီး နိုင်သည့်အကြောင်းနှင့် BoneyM အဖွဲ့ရဲ့ Brown girl in the rain သီချင်း mtv ဘယ်လောက်ကြည့်ကောင်းကြောင်းများ မှတ်မိနေပါသည်။
.
ဤနေရာမှာ အရေးကြီးတာ လာပါပြီ။ အကိုကြိုးစား၍ လေ့လာရမည့်စာ တရွက်မပါတာတောင် နံပတ်၆ရအောင် ဖြေသွားသည်။ ကံက ရှေ့လူငါးဦးကို ဖယ်ပေးလိုက်သည်။ ထိုငါးဦးနှင့် ဂျီအီးတပ်မှ အရာရှိများ၊ အင်ဂျင်နီယာညွှန်မှူး ဒုဗိုလ်မှူးကြီးအပါအဝင် အားလုံးကို အပစ်မရှိဟုသတ်မှတ်ပေးလိုက်ပါသည်။ မင်္ဂလာဒုံဂျီအီးတပ်မှ အရာခံဗိုလ်နှင့် တပ်ကြပ်လေးငါးဦးသာ အိမ်တွင် ကားဝယ်ထားကြောင်း၊ ရေခဲသေတ္တာပိုင်ကြောင်း၊ လေအေးစက်တပ်ထားကြောင်း သတင်းစာတွေထဲအထိပါအောင် အမှုလုပ်ကာ အပစ်ပေးခံခ့ဲရပါသည်။
.
အဓိက အရေးအကြီးဆုံးမှာ ကံ မည်သို့ပင်ရှိစေ၊ ကြိုးစားဖို့ပါဘဲ။ ကြိုးစားနေသူအတွက် ကံကောင်းခြင်းရောက်လာစေပါတယ်။ 

09 June 2019

ဆယ်တန်းအောင်ပြီးနောက်...

(Zawgyi version)

   မေန႔က ဆယ္တန္းေအာင္စာရင္းထြက္ေတာ့ ေအာင္သူေတြ ေပ်ာ္ၾကသည္။ က်႐ွံုးသူေတြ စိတ္မပ်က္ဖို႔ အားေပးစကားေျပာတာေတြ ေတာ္ေတာ္မ်ားမ်ား ဖတ္ရသည္။ ေကာင္းလွပါသည္။ ေနာက္တႀကိမ္အတြက္ ႀကိဳးစားရမည္၊ ျပင္ဆင္ရမည္၊ ဆယ္တန္းစာေမးပြဲ တခုသာမက လူ႔ဘဝတေလ်ာက္ ကံ ဥာဏ္ ဝီရိယ သံုးခုေပါင္းဖို႔ လိုအပ္တာ သေဘာေပါက္ရပါမည္။ မိမိ ေရာက္သည့္ေနရာ၊ ႐ွိသည့္ေနရာတြင္ အေကာင္းဆံုး အတတ္ႏိုင္ဆံုး ႀကိဳးစားရမည္။ ဥာဏ္ႏွင့္ဝီရိယထည့္ပါလ်က္ ကံေၾကာင့္ ကြာျခားသြားသည့္ ဘဝမ်ား ေျပာျပခ်င္ပါသည္။
.
ဆယ္တန္းေအာင္ၿပီးခ်ိန္က ေဒသေကာလိပ္တက္ရသည္။ အဲဒီမွာ ေတြ႔ခ့ဲေသာ သူငယ္ခ်င္းသံုးေယာက္အေၾကာင္းပါ။ သိပၸံသခ်ာၤတြဲ ယူသူမ်ားျဖစ္၍ အာအိုင္တီက ရည္မွန္းရာ အျမင့္ဆ့ုးပါ။ ထိုေခတ္ပညာေရးစံနစ္အရ ဆယ္တန္းအမွတ္၊ ပထမႏွစ္ ဒုတိယႏွစ္အမွတ္မ်ားအျပင္ အိုင္ၾကဴစာေမးပြဲပါ ထပ္ေျဖၾကရၿပီး အားလံုးအမွတ္ေပါင္းနဲ႔ တကၠသိုလ္ဝင္ခြင့္ ဆံုးျဖတ္ပါသည္။ တကၠသိုလ္ ဆက္မတက္ခ်င္ရင္ လုပ္ငန္းခြင္ဆင္းၿပီး ေဒသေကာလိပ္ဒီပလိုမာဆိုၿပီး ေပးသည္။
.
သူငယ္ခ်င္းတေယာက္က ပထမႏွစ္မွာ က်ပါသည္။ ေနာက္တေယာက္က ဒုတိယႏွစ္မွာ က်ပါသည္။ ေနာက္ဆံုးတေယာက္က ေတာက္ေလ်ာက္ေအာင္ေတာ့ ဒီပလိုမာဘဲယူမယ္လုပ္ပါသည္။ ဒုတိယႏွစ္မွာ အေဆာက္အအံုေမဂ်ာယူေတာ့ ေဆာက္လုပ္ေရးဌာန ေရာက္သြားပါေတာ့သည္။
.
က်တ့ဲသူငယ္ခ်င္းႏွစ္ေယာက္က ဒုတိယႏွစ္အတူတူ ေအာင္အၿပီးမွာ ေဒသေကာလိပ္ေတြဖ်က္ေတာ့ လုပ္ငန္းခြင္ဆင္းၿပီး ဒီပလိုမာ ယူလို႔မရေတာ့ပါ။ စံနစ္ေျပာင္းခ်ိန္ ကံေကာင္းျပန္ေတာ့ သူတို႔လို လုပ္ငန္းခြင္ဆင္းဒီပလိုမာယူမည့္သူမ်ားကို ဂ်ီတီအိုင္ တတိယႏွစ္ေပးေစဆိုၿပီး လုပ္ေပးလိုက္ပါသည္။ ၁၉၈၀ခန္႔က ဂ်ီတီအိုင္တက္ဖို႔ အလြန္ခက္ခဲရာ စိုင္ေကာ္လို႔ ျခံဳေပၚေရာက္သူႏွစ္ဦး ျဖစ္သြားၾကပါေတာ့သည္။
.
ထိုအခ်ိန္ၾကည့္လွ်င္ စာေမးပြဲက်သူႏွစ္ဦးက ဂ်ီတီအိုင္အဆင့္ ရသြားၿပီး ေတာက္ေလ်ာက္ေအာင္သူက ေဒသေကာလိပ္ဒီပလိုမာသာ ရတ့ဲသေဘာ ျဖစ္ေနသည္။ ပညာေရးအရ တဆင့္နိမ့္ေနသလို ျဖစ္ေနသည္။ သို႔ေသာ္ ထိုမွ ႏွစ္သံုးဆယ္လြန္ေသာ္ ဂ်ီတီအိုင္ႏွစ္ဦးသည္ အလုပ္မ်ိဳးစံုလုပ္ၿပီး သူလိုကိုယ္လိုျဖစ္ေနခ်ိန္၊ ေဒသေကာလိပ္ ဒီပလိုမာရသူက ေနျပည္ေတာ္သူေဌးတဦး ျဖစ္ေနပါေတာ့သတည္း။
.
အဓိက အေရးအႀကီးဆံုးမွာ ကံ မည္သို႔ပင္႐ွိေစ၊ ႀကိဳးစားဖို႔ပါဘဲ။ ႀကိဳးစားေနသူအတြက္ ကံေကာင္းျခင္းေရာက္လာေစပါတယ္။

XxXxXx

(Unicode version)

    မနေ့က ဆယ်တန်းအောင်စာရင်းထွက်တော့ အောင်သူတွေ ပျော်ကြသည်။ ကျရှုံးသူတွေ စိတ်မပျက်ဖို့ အားပေးစကားပြောတာတွေ တော်တော်များများ ဖတ်ရသည်။ ကောင်းလှပါသည်။ နောက်တကြိမ်အတွက် ကြိုးစားရမည်၊ ပြင်ဆင်ရမည်၊ ဆယ်တန်းစာမေးပွဲ တခုသာမက လူ့ဘဝတလျောက် ကံ ဉာဏ် ဝီရိယ သုံးခုပေါင်းဖို့ လိုအပ်တာ သဘောပေါက်ရပါမည်။ မိမိ ရောက်သည့်နေရာ၊ ရှိသည့်နေရာတွင် အကောင်းဆုံး အတတ်နိုင်ဆုံး ကြိုးစားရမည်။ ဉာဏ်နှင့်ဝီရိယထည့်ပါလျက် ကံကြောင့် ကွာခြားသွားသည့် ဘဝများ ပြောပြချင်ပါသည်။
.
ဆယ်တန်းအောင်ပြီးချိန်က ဒေသကောလိပ်တက်ရသည်။ အဲဒီမှာ တွေ့ခ့ဲသော သူငယ်ချင်းသုံးယောက်အကြောင်းပါ။ သိပ္ပံသချာၤတွဲ ယူသူများဖြစ်၍ အာအိုင်တီက အမှတ်အမြင့်ဆုံးပါ။ ထိုခေတ်ပညာရေးစံနစ်အရ ဆယ်တန်းအမှတ်၊ ပထမနှစ် ဒုတိယနှစ်အမှတ်များအပြင် အိုင်ကြူစာမေးပွဲပါ ထပ်ဖြေကြရပြီး အားလုံးအမှတ်ပေါင်းနဲ့ တက္ကသိုလ်ဝင်ခွင့် ဆုံးဖြတ်ပါသည်။ တက္ကသိုလ် ဆက်မတက်ချင်ရင် လုပ်ငန်းခွင်ဆင်းပြီး ဒေသကောလိပ်ဒီပလိုမာဆိုပြီး ပေးသည်။ 
.
သူငယ်ချင်းတယောက်က ပထမနှစ်မှာ ကျပါသည်။ နောက်တယောက်က ဒုတိယနှစ်မှာ ကျပါသည်။ နောက်ဆုံးတယောက်က တောက်လျောက်အောင်တော့ ဒီပလိုမာဘဲယူမယ်လုပ်ပါသည်။ ဒုတိယနှစ်မှာ အဆောက်အအုံမေဂျာယူတော့ ဆောက်လုပ်ရေးဌာန ရောက်သွားပါတော့သည်။
.
ကျတ့ဲသူငယ်ချင်းနှစ်ယောက်က ဒုတိယနှစ်အတူတူ အောင်အပြီးမှာ ဒေသကောလိပ်တွေဖျက်တော့ လုပ်ငန်းခွင်ဆင်းပြီး ဒီပလိုမာ ယူလို့မရတော့ပါ။ စံနစ်ပြောင်းချိန် ကံကောင်းပြန်တော့ သူတို့လို လုပ်ငန်းခွင်ဆင်းဒီပလိုမာယူမည့်သူများကို ဂျီတီအိုင် တတိယနှစ်ပေးစေဆိုပြီး လုပ်ပေးလိုက်ပါသည်။ ၁၉၈၀ခန့်က ဂျီတီအိုင်တက်ဖို့ အလွန်ခက်ခဲရာ စိုင်ကော်လို့ ခြုံပေါ်ရောက်သူနှစ်ဦး ဖြစ်သွားကြပါတော့သည်။
.
ထိုအချိန်ကြည့်လျှင် စာမေးပွဲကျသူနှစ်ဦးက ဂျီတီအိုင်အဆင့် ရသွားပြီး တောက်လျောက်အောင်သူက ဒေသကောလိပ်ဒီပလိုမာသာ ရတ့ဲသဘော ဖြစ်နေသည်။ ပညာရေးအရ တဆင့်နိမ့်နေသလို ဖြစ်နေသည်။ သို့သော် ထိုမှ နှစ်သုံးဆယ်လွန်သော် ဂျီတီအိုင်နှစ်ဦးသည် အလုပ်မျိုးစုံလုပ်ပြီး သူလိုကိုယ်လိုဖြစ်နေချိန်၊ ဒေသကောလိပ် ဒီပလိုမာရသူက နေပြည်တော်သူဌေးတဦး ဖြစ်နေပါတော့သတည်း။ 
.
အဓိက အရေးအကြီးဆုံးမှာ ကံ မည်သို့ပင်ရှိစေ၊ ကြိုးစားဖို့ပါဘဲ။ ကြိုးစားနေသူအတွက် ကံကောင်းခြင်း ရောက်လာစေပါတယ်။ 

08 June 2019

အောင်စာရင်းထွက်ချိန်

(Zawgyi version)

   ေအာင္စာရင္းထြက္ခ်ိန္ မွတ္မိတာတခ်ိဳ႕ ေပၚလာသည္။ ဖခင္က ပညာေရးဌာနမွာ လုပ္သျဖင့္ ငယ္စဥ္ကပင္ ေအာင္စာရင္း မၾကည့္ဘူးပါ။ မထြက္ခင္ တရက္အလိုဆို မင္းတို႔ေအာင္တယ္၊ ဂုဏ္ထူးပါရင္ ပါတယ္ဟု ႀကိဳေျပာသျဖင့္ ကိုယ္တိုင္ကိုယ္က် မၾကည့္ဘူးပါ။ ထိုစဥ္က ဆယ္တန္းေအာင္စာရင္း မထြက္ခင္တရက္အလို ညေနေလးငါးနာရီေလာက္ဆိုလွ်င္ စာစစ္ဌာနမွ အီးတူးေသာင္စင္ကားျဖင့္ ေအာင္စာရင္းစာအုပ္မ်ား လာပို႔သြားေလ့႐ွိပါသည္။ 'က'စာရင္း၊ 'ခ'စာရင္း ရန္ကုန္တိုင္းစသျဖင့္ သံုအုပ္ပို႔ေလ့႐ွိသည္ဟု မွတ္မိေနသည္။
.
RIT ပဥၥမႏွစ္ႏွင့္ ဖိုင္နယ္တြင္ ႀကိဳမသိရ၍ ကိုယ္တိုင္သြားၾကည့္ရသည္။ ဖိုင္နယ္ႏွစ္က ဖခင္ ပင္စင္ယူၿပီးျဖစ္သျဖင့္ ေမးမေပးေတာ့။ ပဥၥမႏွစ္က ထိုႏွစ္ပထမႏွစ္ေျဖသည့္ညီ က်သျဖင့္ အေၾကာင္းမၾကားဟန္တူသည္။ ကိုယ္တိုင္သြားၾကည့္ေသာ္လည္း ဆင္ဝင္မေရာက္ခင္ပင္ ႀကိဳေရာက္ေနသည့္သူငယ္ခ်င္းမ်ားမွ ေအာ္ေျပာသျဖင့္ မၾကည့္ျဖစ္ေတာ့ပါ။
.
ဖိုင္နယ္ႏွစ္တြင္ သူငယ္ခ်င္းတဦးက ဆင္ဝင္ေအာက္မွ ေအာင္ေၾကာင္းေအာ္ေျပာၿပီး စာရင္းလိုက္ျပပါသည္။ မင္းေရာဆိုေတာ့ စာရင္းမွာမေတြ႔တ့ဲ။ ေႂကြးက်န္စစ္ေလဆိုေတာ့ လုပ္ပံုၾကည့္ပါ။ က်ေနာ္တို႔ႏွစ္က ေက်ာင္းသားတရာအတိေျဖသည္။ ေအာင္စာရင္းတြင္ ၆၆%ဟု ေဖာ္ျပထားၿပီး လူ၆၀သာပါသျဖင့္ စာရင္းမပါသူ ၆ေယာက္က်န္သည္။ ေအာင္စာရင္းလာၾကည့္သူကို စာရင္းကူၾကည့္ေပး၊ မပါလွ်င္ ေႂကြးက်န္ၾကည့္ရမည့္ ႏွစ္ေနရာလိုက္ပို႔။ က်႐ွံုးသူဆိုလွ်င္ တေယာက္ေတာ့ေလ်ာ့သြားၿပီဆိုၿပီး ႀကိတ္ေပ်ာ္ေနသတ့ဲ။ သူ႔ဝါသနာအတိုင္း ဖဲပြတ္သလို လုပ္ေနတာတ့ဲ။ သူ႔ကိုယ္တိုင္အတြက္ေတာ့ မၾကည့္။ သူေအာင္သြားၿပီး ခု ဆရာအႀကီးႀကီးျဖစ္ေနသတ့ဲ။
.
ေနာက္တေယာက္မွတ္မိတာက အထူးအဆန္းပါ။ RC ပထမႏွစ္မွာျဖစ္ခ့ဲတာ။ အတူေပါင္းသူေတြ ညကတည္းက သြားေစာင့္ၾကသတ့ဲ။ တေယာက္က မနက္မွ ဖုန္းဆက္ေတာ့ ငါေအာင္တယ္။ မင္းေရာဆိုေတာ့၊ သြားၾကည့္တယ္။ လူမ်ားလြန္းလို႔ မတိုးႏိုင္ဘူး။ ကိုျပည့္ဘဲ တိုးၾကည့္ႏိုင္တာ ေအာင္တယ္။ သူေအာင္ရင္ ငါလည္း ေအာင္မွာပါကြာဆိုၿပီး မၾကည့္ဘဲျပန္ခ့ဲသတ့ဲ။ ေနာက္မွသြားၾကည့္သလား၊ ေက်ာင္းျပန္ဖြင့္မွ သိသလားေတာ့ မမွတ္မိေတာ့။ အဲဒီသူငယ္ခ်င္း ေအာင္စာရင္းမွာ မပါခ့ဲပါ။

XxXxXx

(Unicode version)

   အောင်စာရင်းထွက်ချိန် မှတ်မိတာတချို့ ပေါ်လာသည်။ ဖခင်က ပညာရေးဌာနမှာ လုပ်သဖြင့် ငယ်စဉ်ကပင် အောင်စာရင်း မကြည့်ဘူးပါ။ မထွက်ခင် တရက်အလိုဆို မင်းတို့အောင်တယ်၊ ဂုဏ်ထူးပါရင် ပါတယ်ဟု ကြိုပြောသဖြင့် ကိုယ်တိုင်ကိုယ်ကျ မကြည့်ဘူးပါ။ ထိုစဉ်က ဆယ်တန်းအောင်စာရင်း မထွက်ခင်တရက်အလို ညနေလေးငါးနာရီလောက်ဆိုလျှင် စာစစ်ဌာနမှ အီးတူးသောင်စင်ကားဖြင့် အောင်စာရင်းစာအုပ်များ လာပို့သွားလေ့ရှိပါသည်။ 'က'စာရင်း၊ 'ခ'စာရင်း ရန်ကုန်တိုင်းစသဖြင့် သုံအုပ်ပို့လေ့ရှိသည်ဟု မှတ်မိနေသည်။
.
RIT ပဉ္စမနှစ်နှင့် ဖိုင်နယ်တွင် ကြိုမသိရ၍ ကိုယ်တိုင်သွားကြည့်ရသည်။ ဖိုင်နယ်နှစ်က ဖခင် ပင်စင်ယူပြီးဖြစ်သဖြင့် မေးမပေးတော့။ ပဉ္စမနှစ်က ထိုနှစ်ပထမနှစ်ဖြေသည့်ညီ ကျသဖြင့် အကြောင်းမကြားဟန်တူသည်။ ကိုယ်တိုင်သွားကြည့်သော်လည်း ဆင်ဝင်မရောက်ခင်ပင် ကြိုရောက်နေသည့်သူငယ်ချင်းများမှ အော်ပြောသဖြင့် မကြည့်ဖြစ်တော့ပါ။
.
ဖိုင်နယ်နှစ်တွင် သုငယ်ချင်းတဦးက ဆင်ဝင်အောက်မှ အောင်ကြောင်းအော်ပြောပြီး စာရင်းလိုက်ပြပါသည်။ မင်းရောဆိုတော့ စာရင်းမှာမတွေ့တ့ဲ။ ကြွေးကျန်စစ်လေဆိုတော့ လုပ်ပုံကြည့်ပါ။ ကျနော်တို့နှစ်က ကျောင်းသားတရာအတိဖြေသည်။ အောင်စာရင်းတွင် ၆၆%ဟု ဖော်ပြထားပြီး လူ၆၀သာပါသဖြင့် သာရင်းမပါသူ ၆ယောက်ကျန်သည်။ အောင်စာရင်းလာကြည့်သူကို စာရင်းကူကြည့်ပေး၊ မပါလျှင် ကြွေးကျန်ကြည့်ရမည့် နှစ်နေရာလိုက်ပို့။ ကျရှုံးသူဆိုလျှင် တယောက်တော့လျော့သွားပြီဆိုပြီး ကြိတ်ပျော်နေသတ့ဲ။ သူ့ဝါသနာအတိုင်း ဖဲပွတ်သလို လုပ်နေတာတ့ဲ။ သူ့ကိုယ်တိုင်အတွက်တော့ မကြည့်။ သူအောင်သွားပြီး ခု ဆရာအကြီးကြီးဖြစ်နေသတ့ဲ။
.
နောက်တယောက်မှတ်မိတာက အထူးအဆန်းပါ။ RC ပထမနှစ်မှာဖြစ်ခ့ဲတာ။ အတူပေါင်းသူတွေ ညကတည်းက သွားစောင့်ကြသတ့ဲ။ မနက်မှ ဖုန်းဆက်တော့ ငါအောင်တယ်။ မင်းရောဆိုတော့၊ သွားကြည့်တယ်။ လူများလွန်းလို့ မတိုးနိုင်ဘူး။ ကိုပြည့်ဘဲ တိုးကြည့်နိုင်တာ အောင်တယ်။ သူအောင်ရင် ငါလည်း အောင်မှာပါကွာဆိုပြီး မကြည့်ဘဲပြန်ခ့ဲသတ့ဲ။ နောက်မှသွားကြည့်သလား၊ ကျောင်းပြန်ဖွင့်မှ သိသလားတော့ မမှတ်မိတော့။ အဲဒီသူငယ်ချင်း အောင်စာရင်းမှာ မပါခ့ဲပါ။ 

03 June 2019

နယုန်လ တံဆိပ်ခေါင်း

(Zawgyi version)

   နယုန္လ စာျပန္ပြဲႏွင့္ စံပယ္ပန္း အထိမ္းအမွတ္ တံဆိပ္ေခါင္း ယေန႔ထြက္ပါသည္။ FDC လည္း ထုတ္ပါသည္။ ၂၀၀က်ပ္တန္ စီးရီးအတိုင္းျဖစ္သည္။
.
စာျပန္ေနေသာ ဘုန္းဘုန္းမ်ားရဲ႕ သကၤန္းေရာင္ေၾကာင့္ တံဆိပ္ေခါင္းမွာ ပိုထင္းေနသလို ထင္ရသည္။  အဆင့္ျမင့္ တံဆိပ္ေခါင္းထုတ္ေသာ ႏိုင္ငံမ်ားကလိုဆိုလွ်င္ တံဆိပ္ေခါင္းသည္ စံပယ္ပန္းအနံ႔ ေမးႊေနမွာ အေသအခ်ာ။ ခုေတာ့လည္း ဒီေလာက္နဲ႔ဘဲ ေၾကနပ္ၾကပါဦး။

XxXxXx

(Unicode version)

   နယုန်လ စာပြန်ပွဲနှင့် စံပယ်ပန်း အထိမ်းအမှတ် တံဆိပ်ခေါင်း ယနေ့ထွက်ပါသည်။ FDC လည်း ထုတ်ပါသည်။ ၂၀၀ကျပ်တန် စီးရီးအတိုင်းဖြစ်သည်။
.
စာပြန်နေသော ဘုန်းဘုန်းများရဲ့ သင်္ကန်းရောင်ကြောင့် တံဆိပ်ခေါင်းမှာ ပိုထင်းနေသလို ထင်ရသည်။ အဆင့်မြင့် တံဆိပ်ခေါင်းထုတ်သော နိုင်ငံများကလိုဆိုလျှင် တံဆိပ်ခေါင်းသည် စံပယ်ပန်းအနံ့ မေးွှနေမှာ အသေအချာ။ ခုတော့လည်း ဒီလောက်နဲ့ဘဲ ကြေနပ်ကြပါဦး။