28 May 2019

မှော်ရုံတောမှာ...











(Zawgyi version)

စာတအုပ္ဖတ္မိလို႔ပါ။
.
လြန္ခ့ဲတ့ဲ ၁၅ႏွစ္ခန္႔က ႀကီးေတာ္တေယာက္က အႏုပညာအလုပ္နဲ႔ အသက္ေမြးဖို႔လုပ္ေနတ့ဲ သူ႔သားတေယာက္ကို အႏုပညာလည္းလုပ္၊ ကိုယ္သံုးဖို႔ ကိုယ္ပိုင္ဝင္ေငြ႐ွာဖို႔လည္း လုပ္ဖို႔ တိုက္တြန္းခိုင္းပါတယ္။
.
စာေတြဖတ္ထားတယ္ေလ။ သိသမွ်နဲ႔ ရႊီးရမွာဘဲဆိုၿပီး လဘက္ရည္ဆိုင္မွာ ေတြ႔ၾကတယ္။ ''မင္း ကမာၻေက်ာ္ ပန္ခ်ီဆရာႀကီး ဗန္ဂိုးကိုသိသလား''လို႔ စလိုက္ေတာ့၊ ႐ွင္းတယ္။ ''မသိဘူးတ့ဲ'' အားတက္စရာပါဘဲ။ ''ယေန႔ျမန္မာေက်ာ္ေနတ့ဲ ပန္းခ်ီဆရာ မင္းေဝေအာင္ကို သိလား'' ဆိုေတာ့ "ၾကားဘူးသလိုဘဲတ့ဲ'' အားတက္စရာဘဲ။
.
"သူတို႔ႏွစ္ေယာက္လံုး နာမည္ႀကီး ပန္းခ်ီဆရာေတြကြ။ ဒါေပမယ့္ ဘာကြာလည္း မင္းကိုေျပာျပခ်င္လို႔။ ဗန္ဂိုးက ေသတာၾကာၿပီ။ တေန႔က သူ႔ပန္းခ်ီကားတခ်ပ္ ေလလံတင္တာ ေဒၚလာသန္းငါးဆယ္ရတယ္။ အ့ဲဒီပိုက္ဆံထဲက သူတျပားတခ်ပ္မွ မရဘူး။ သူ႔သားေျမးေတြေတာင္ တေဒၚလာရဟန္ မတူဘူးကြ၊ ဒီပန္းခ်ီဆရာႀကီး တသက္လံုး ဆင္းဆင္းရဲရဲေနၿပီး ဆင္းဆင္းရဲရဲဘဲ ေသသြားသကြာ။ သူ႔ပန္းခ်ီေတြ ကမာၻေက်ာ္ေပမ့ဲ သူဘာမွ မခံစားရဘူး။
.
"ခုျမန္မာျပည္မွာ နာမည္ႀကီးေနတာ မင္းေဝေအာင္တ့ဲ။ သူ႔ပန္ခ်ီကား မျမင္ဘူးေသးပါဘူး။ ဟိုေန႔က ထရိတ္ဒါးျပပြဲမွာ တကား ေဒၚလာငါးေထာင္ရသတ့ဲ။ သူဆြဲမ့ဲကားေတြ ျပည္ပက ေစာင့္ဝယ္ေနၾကၿပီ။ စင္ကာပူသတင္းစာကဆို ျမန္မာျပည္ရဲ႕ ဗန္ဂိုးလို႔ ၫႊန္းေနတယ္။
.
"ငါကေတာ့ အႏုပညာနားမလည္ေတာ့ ဒီႏွစ္ေယာက္မွာ မင္းေဝေအာင္ဘဲ ႀကိဳက္သကြာ။ နားလည္လို႔ မဟုတ္ဘူး။ ကိုယ့္အႏုပညာရဲ႕ အက်ိဳးကို ကိုယ္ခံစားရလို႔ဘဲ။ ေသၿပီးမွ ပိုက္ဆံရလို႔ ဘာလုပ္မလည္းကြာ။
.
"အႏုပညာ ေဇာက္ခ်တာေတာ့ ေကာင္းပါရဲ႕။ ကိုယ္ဖန္တီးခ်င္တာ ဖန္တီးေနဖို႔ ကိုယ္ပိုင္ဝင္ေငြေတာ့ ႐ွိသင့္သကြ။ ဒါမွ ဘယ္သူ႔မွ မင့ဲဘဲ ကိုယ္လုပ္ခ်င္တာလုပ္ဖို႔ စိတ္ေျဖာင့္မွာေပါ့။ ကိုယ္လုပ္ခ်င္တာလည္း လုပ္၊ ကိုယ္သံုးဖို႔လည္း ၾကားေပါက္ေလးေတြလုပ္ႃပီး ေငြ႐ွာကြာလို႔ ႐ွင္းျပခ့ဲပါတယ္။
.
ဘယ္လို သေဘာေပါက္လည္း မသိဘူး။ ကိုယ့္လူ ခုခ်ိန္ထိ လုပ္ခ်င္ရာ လုပ္ေနျမဲဘဲ။ ဆရာျမသန္းတင့္ ဘာသာျပန္တ့ဲပန္းခ်ီေဂၚဂင္အေၾကာင္း ''ေမွာ္ရံုေတာမွာ'' ကို ဖတ္မိေတာ့မွဘဲ ကိုယ့္လူအ့ဲေလာက္ မဆိုးေသးတာ ေတာ္ေသးတာဘဲလို႔ ေျဖသာေတာ့တယ္။
.
အႏုပညာ႐ွင္ (ခုစာအုပ္မွာ ပန္းခ်ီဆရာေပါ့) ေတြကို နားမလည္ႏိုင္ပါ။ စားစရာမ႐ွိတ့ဲအထိ ဆင္းရဲစုတ္ျပတ္ေနတ့ဲအထိ ယံုၾကည္ခ်က္နဲ႔ လုပ္ေနၾကတာဘဲ။ အမ်ားနဲ႔ကို အတိုက္အခံလုပ္ၾကရတာ။ ကမာၻေက်ာ္ေအာင္လို႔ အလြယ္မေျပာပါနဲ႔။ ဒါမ်ိဳးလူ တေထာင္တေသာင္းမွာမွ တေယာက္ထြန္းဖို႔ မလြယ္ပါဘူး။ ဝဋ္ေႂကြးေတြလို႔ဘဲ သနားမိတယ္။
.
စာအုပ္ဖတ္ဖို႔ စိတ္မပ်က္သြားၾကပါနဲ႔ဦး။ တကယ့္အျဖစ္အပ်က္ကို အေျခခံၿပီးေရးထားတ့ဲ မူရင္းေရးသူကလည္းေကာင္း၊ ဘာသာျပန္ဆရာကလည္းေကာင္းေတာ့ စိတ္ဝင္စားစရာပါ။ လြန္ခ့ဲတ့ဲ ႏွစ္တရာခန္႔က ကမၻာ့အႏုပညာၿမိဳ႕ေတာ္ ပါရီၿမိဳ႕က အျဖစ္အပ်က္ေတြေပါ့။
.
သင့္မွာ အႏုပညာပိုးပါရင္ျဖစ္ေစ၊ ပါသူတေယာက္ေယာက္ သိေနရင္ျဖစ္ေစ ဖတ္ၾကည့္လိုက္ပါ။ အႏုပညာကို တကယ္႐ူးသြတ္ႏိုင္ရဲ႕လားလို႔ေလ။     ။


XxXxXx

(Unicode version)

စာတအုပ်ဖတ်မိလို့ပါ။
.
လွန်ခ့ဲတ့ဲ ၁၅နှစ်ခန့်က ကြီးတော်တယောက်က အနုပညာအလုပ်နဲ့ အသက်မွေးဖို့လုပ်နေတ့ဲ သူ့သားတယောက်ကို အနုပညာလည်းလုပ်၊ ကိုယ်သုံးဖို့ ကိုယ်ပိုင်ဝင်ငွေရှာဖို့လည်း လုပ်ဖို့ တိုက်တွန်းခိုင်းပါတယ်။
.
စာတွေဖတ်ထားတယ်လေ။ သိသမျှနဲ့ ရွှီးရမှာဘဲဆိုပြီး လဘက်ရည်ဆိုင်မှာ တွေ့ကြတယ်။ ''မင်း ကမ္ဘာကျော် ပန်ချီဆရာကြီး ဗန်ဂိုးကိုသိသလား''လို့ စလိုက်တော့၊ ရှင်းတယ်။ ''မသိဘူးတ့ဲ'' အားတက်စရာပါဘဲ။ ''ယနေ့မြန်မာကျော်နေတ့ဲ ပန်းချီဆရာ မင်းဝေအောင်ကို သိလား'' ဆိုတော့ "ကြားဘူးသလိုဘဲတ့ဲ'' အားတက်စရာဘဲ။
.
"သူတို့နှစ်ယောက်လုံး နာမည်ကြီး ပန်းချီဆရာတွေကွ။ ဒါပေမယ့် ဘာကွာလည်း မင်းကိုပြောပြချင်လို့။ ဗန်ဂိုးက သေတာကြာပြီ။ တနေ့က သူ့ပန်းချီကားတချပ် လေလံတင်တာ ဒေါ်လာသန်းငါးဆယ်ရတယ်။ အ့ဲဒီပိုက်ဆံထဲက သူတပြားတချပ်မှ မရဘူး။ သူ့သားမြေးတွေတောင် တဒေါ်လာရဟန် မတူဘူးကွ၊ ဒီပန်းချီဆရာကြီး တသက်လုံး ဆင်းဆင်းရဲရဲနေပြီး ဆင်းဆင်းရဲရဲဘဲ သေသွားသကွာ။ သူ့ပန်းချီတွေ ကမ္ဘာကျော်ပေမ့ဲ သူဘာမှ မခံစားရဘူး။
.
"ခုမြန်မာပြည်မှာ နာမည်ကြီးနေတာ မင်းဝေအောင်တ့ဲ။ သူ့ပန်ချီကား မမြင်ဘူးသေးပါဘူး။ ဟိုနေ့က ထရိတ်ဒါးပြပွဲမှာ တကား ဒေါ်လာငါးထောင်ရသတ့ဲ။ သူဆွဲမ့ဲကားတွေ ပြည်ပက စောင့်ဝယ်နေကြပြီ။ စင်ကာပူသတင်းစာကဆို မြန်မာပြည်ရဲ့ ဗန်ဂိုးလို့ ညွှန်းနေတယ်။
.
"ငါကတော့ အနုပညာနားမလည်တော့ ဒီနှစ်ယောက်မှာ မင်းဝေအောင်ဘဲ ကြိုက်သကွာ။ နားလည်လို့ မဟုတ်ဘူး။ ကိုယ့်အနုပညာရဲ့ အကျိုးကို ကိုယ်ခံစားရလို့ဘဲ။ သေပြီးမှ ပိုက်ဆံရလို့ ဘာလုပ်မလည်းကွာ။ 
.
"အနုပညာ ဇောက်ချတာတော့ ကောင်းပါရဲ့။ ကိုယ်ဖန်တီးချင်တာ ဖန်တီးနေဖို့ ကိုယ်ပိုင်ဝင်ငွေတော့ ရှိသင့်သကွ။ ဒါမှ ဘယ်သူ့မှ မင့ဲဘဲ ကိုယ်လုပ်ချင်တာလုပ်ဖို့ စိတ်ဖြောင့်မှာပေါ့။ ကိုယ်လုပ်ချင်တာလည်း လုပ်၊ ကိုယ်သုံးဖို့လည်း ကြားပေါက်လေးတွေလုပ်ပြီး ငွေရှာကွာလို့ ရှင်းပြခ့ဲပါတယ်။ 
.
ဘယ်လို သဘောပေါက်လည်း မသိဘူး။ ကိုယ့်လူ ခုချိန်ထိ လုပ်ချင်ရာ လုပ်နေမြဲဘဲ။ ဆရာမြသန်းတင့် ဘာသာပြန်တ့ဲပန်းချီဂေါ်ဂင်အကြောင်း ''မှော်ရုံတောမှာ'' ကို ဖတ်မိတော့မှဘဲ ကိုယ့်လူအ့ဲလောက် မဆိုးသေးတာ တော်သေးတာဘဲလို့ ဖြေသာတော့တယ်။
.
အနုပညာရှင် (ခုစာအုပ်မှာ ပန်းချီဆရာပေါ့) တွေကို နားမလည်နိုင်ပါ။ စားစရာမရှိတ့ဲအထိ ဆင်းရဲစုတ်ပြတ်နေတ့ဲအထိ ယုံကြည်ချက်နဲ့ လုပ်နေကြတာဘဲ။ အများနဲ့ကို အတိုက်အခံလုပ်ကြရတာ။ ကမ္ဘာကျော်အောင်လို့ အလွယ်မပြောပါနဲ့။ ဒါမျိုးလူ တထောင်တသောင်းမှာမှ တယောက်ထွန်းဖို့ မလွယ်ပါဘူး။ ဝဋ်ကြွေးတွေလို့ဘဲ သနားမိတယ်။
.
စာအုပ်ဖတ်ဖို့ စိတ်မပျက်သွားကြပါနဲ့ဦး။ တကယ့်အဖြစ်အပျက်ကို အခြေခံပြီးရေးထားတ့ဲ မူရင်းရေးသူကလည်းကောင်း၊ ဘာသာပြန်ဆရာကလည်းကောင်းတော့ စိတ်ဝင်စားစရာပါ။ လွန်ခ့ဲတ့ဲ နှစ်တရာခန့်က ကမ်ဘာ့အနုပညာမြို့တော် ပါရီမြို့က အဖြစ်အပျက်တွေပေါ့။ 
.
သင့်မှာ အနုပညာပိုးပါရင်ဖြစ်စေ၊ ပါသူတယောက်ယောက် သိနေရင်ဖြစ်စေ ဖတ်ကြည့်လိုက်ပါ။ အနုပညာကို တကယ်ရူးသွတ်နိုင်ရဲ့လားလို့လေ။ ။ 

22 May 2019

စစ်အေးတိုက်ပွဲ အသစ်







(Zawgyi version)

   နာမည္ေက်ာ္ အဂၤလိပ္ဝတၳဳေရးဆရာ ဂ်က္ဖရီအာခ်ာရဲ႕ ၇အုပ္တြဲစီးရီး Clifton chronicles ဖတ္ၿပီးပါၿပီ၊ အရင္ သူ႔ရဲ႕နာမည္ေက်ာ္စာအုပ္ေတြလို မဟုတ္ဘဲ ရာစုခ်ီ ဇတ္လမ္း႐ွည္ႀကီးပါ။ စာတခုခုဖတ္ခ်င္ေနသူေတြအတြက္ အေတာ္ပါဘဲ။
.
ဒီစာအုပ္ဖတ္အၿပီးမွာ လြန္ခ့ဲေသာ ၃ႏွစ္ခန္႔က ဖတ္ခ့ဲရေသာ ကဲန္ေဖာေလးရဲ႕  ရာစုခ်ီ ဝတၳဳႀကီး The fall of giant သံုးအုပ္တြဲကို ခ်က္ခ်င္းသတိရပါတယ္။ လွစိုးေဝ ဘာသာျပန္ေနတ့ဲ မဟာတို႔ရဲ က်ဆံုးခန္းဝတၳဳ ႀကီးပါ။
.
စာေရးဆရာႏွစ္ဦးရဲ႕ ဇတ္ေၾကာင္းက တျခားစီပါ။ ဇတ္လိုက္မ်ားစြာနဲ႔ ကာလၾကာ႐ွည္စြာ ဇတ္လမ္းဆင္ခ့ဲေပမယ့္ ဇတ္သိမ္းခ်ိန္ကိုေတာ့ ဘာလင္တံတိုင္းၿပိဳကြဲခ်ိန္နဲ႔ အဆံုးသတ္တာ တူေနပါတယ္။ စစ္ေအးတိုက္ပြဲ ၿပီးဆံုးခ်ိန္၊ ကမာၻရြာျဖစ္ခ်ိန္လို႔ သတ္မွတ္ၾကဟန္တူပါရဲ႕။ တခ်ိဳ႕ဝတၳဳေတြလည္း ဒီလိုအဆံုးသတ္တာ ဖတ္ဘူးပါတယ္။
.
အေမရိကန္နဲ႔ အေနာက္ႏိုင္ငံေတြအတြက္ အတၱလန္တိတ္ ဟိုဘက္ဒီဘက္ စစ္မျဖစ္ႏိုင္ေတာ့ဘူးလို႔ ဒံုးခ်ခ့ဲၾကတယ္ထင္ပါတယ္။ ဇတ္လမ္းအသစ္ေတြ မျဖစ္ေတာ့ဘူးေပါ့။ ေနာက္ထပ္ ရာစုခ်ီဝတၳဳ အသစ္ေရးသူေတြအတြက္ကေတာ့ ဇတ္လမ္းအသစ္ေတြ စဥ္းစားၾကရေတာ့မယ္။
.
ခုအခ်ိန္ကစ တကယ့္စစ္ေအးတိုက္ပြဲက ပစိဖိတ္ ဟိုဘက္ဒီဘက္ တိုက္ၾကရေတာ့မွာ။ တကယ့္စစ္ေအးတိုက္ပြဲ အစစ္။ ဘာအေျမာက္  ေသနတ္လက္နက္မွ မပါဘူး၊ ဒီတခါ သံုးၾကမယ့္ လက္နက္ေတြက ကုန္သြယ္ခြန္တို႔၊ နည္းပညာမူပိုင္ခြင့္တ္ို႔လို စီးပြားေရးစကားလံုးေတြဘဲ ျဖစ္လိမ့္မယ္။ အဲဒီဇတ္လမ္းနဲ႔ ဝတၳဳေတြရဲ႕ အဆံုးကိုေတာ့ က်ေနာ္တို႔ မွီခ်င္မွ မွီပါေတာ့မယ္။

XxXxXx

(Unicode version)

   နာမည်ကျော် အင်္ဂလိပ်ဝတၳုရေးဆရာ ဂျက်ဖရီအာချာရဲ့ ၇အုပ်တွဲစီးရီး Clifton chronicles ဖတ်ပြီးပါပြီ၊ အရင် သူ့ရဲ့နာမည်ကျော်စာအုပ်တွေလို မဟုတ်ဘဲ ရာစုချီ ဇတ်လမ်းရှည်ကြီးပါ။ စာတခုခုဖတ်ချင်နေသူတွေအတွက် အတော်ပါဘဲ။
.
ဒီစာအုပ်ဖတ်အပြီးမှာ လွန်ခ့ဲသော ၃နှစ်ခန့်က ဖတ်ခ့ဲရသော ကဲန်ဖောလေးရဲ့ ရာစုချီ ဝတၳုကြီး The fall of giant သုံးအုပ်တွဲကို ချက်ချင်းသတိရပါတယ်။ လှစိုးဝေ ဘာသာပြန်နေတ့ဲ မဟာတို့ရဲ ကျဆုံးခန်းဝတၳု ကြီးပါ။
.
စာရေးဆရာနှစ်ဦးရဲ့ ဇတ်ကြောင်းက တခြားစီပါ။ ဇတ်လိုက်များစွာနဲ့ ကာလကြာရှည်စွာ ဇတ်လမ်းဆင်ခ့ဲပေမယ့် ဇတ်သိမ်းချိန်ကိုတော့ ဘာလင်တံတိုင်းပြိုကွဲချိန်နဲ့ အဆုံးသတ်တာ တူနေပါတယ်။ စစ်အေးတိုက်ပွဲ ပြီးဆုံးချိန်၊ ကမ္ဘာရွာဖြစ်ချိန်လို့ သတ်မှတ်ကြဟန်တူပါရဲ့။ တချို့ဝတၳုတွေလည်း ဒီလိုအဆုံးသတ်တာ ဖတ်ဘူးပါတယ်။
.
အမေရိကန်နဲ့ အနောက်နိုင်ငံတွေအတွက် အတ္တလန်တိတ် ဟိုဘက်ဒီဘက် စစ်မဖြစ်နိုင်တော့ဘူးလို့ ဒုံးချခ့ဲကြတယ်ထင်ပါတယ်။ ဇတ်လမ်းအသစ်တွေ မဖြစ်တော့ဘူးပေါ့။ နောက်ထပ် ရာစုချီဝတၳု အသစ်ရေးသူတွေအတွက်ကတော့ ဇတ်လမ်းအသစ်တွေ စဉ်းစားကြရတော့မယ်။
.
ခုအချိန်ကစ တကယ့်စစ်အေးတိုက်ပွဲက ပစိဖိတ် ဟိုဘက်ဒီဘက် တိုက်ကြရတော့မှာ။ တကယ့်စစ်အေးတိုက်ပွဲ အစစ်။ ဘာအမြောက် သေနတ်လက်နက်မှ မပါဘူး၊ ဒီတခါ သုံးကြမယ့် လက်နက်တွေက ကုန်သွယ်ခွန်တို့၊ နည်းပညာမူပိုင်ခွင့်တ်ို့လို စီးပွားရေးစကားလုံးတွေဘဲ ဖြစ်လိမ့်မယ်။ အဲဒီဇတ်လမ်းနဲ့ ဝတၳုတွေရဲ့ အဆုံးကိုတော့ ကျနော်တို့ မှီချင်မှ မှီပါတော့မယ်။

19 May 2019

တပုဒ်စီပါ၊











(Zawgyi version)

   တခ်ိဳ႕စာေတြမွာ ေရးၾကတာေတြ႔တယ္။ သားသမီးမေကာင္းလို႔ မိဘေတြ ဒုကၡဘယ္လိုေရာက္ေနၾကတယ္၊ တပည့္တခ်ိဳ႕ ငယ္စဥ္က စာသင္ေပးခ့ဲတ့ဲ ဆရာေတြကို ဂ႐ုမစိုက္လို႔ ဆရာေတြ ဒုကၡေရာက္ေနၾကတယ္၊ စသျဖင့္ ဖြဲ႔ႏြဲ႔ေရးၾကတယ္။ ဇတ္နာေအာင္ မ်က္ရည္ခ်ဴၾကတာထင္ပါရဲ႕။ အ့ဲလိုစာမ်ိဳးဖတ္ရတိုင္း အဲဒီမိဘေတြ ဆရာေတြ ဘယ္လိုအတိတ္ကံေတြ ျပဳခ့ဲၾကလို႔ပါလိမ့္လို႔ စဥ္းစားမိတ့ဲအခါ  .....
.
တခ်ိဳ႕ပံုျပင္ေတြမွာ ဖတ္ရပါတယ္။ သားသမီးကို တပည့္ေတြကို ဆံုးမတာ စကားထာေတြ စကားဝွက္ေတြနဲ႔။ အေျဖမေဖာ္ႏိုင္တ့ဲ သားသမီး တပည့္ခမ်ာ ခံရ႐ွာတာေပါ့။ ေစတနာနဲ႔ဆံုးမတာဆို နားလည္လြယ္ေအာင္ ေျပာမွေပါ့။ ခုေတာ့ ေစ်းသက္သာၿပီး အဟာရျဖစ္မ့ဲ ငါးေသးေလးေတြ ဝယ္စားကြာလို႔ မဆံုးမဘဲ ေခါင္းတရာသားစားပါလို႔ ေျပာၿပီး အေျဖမ႐ွာႏိုင္သူကို ပ်က္ရယ္ျပဳသလိုမ်ိဳး ပံုျပင္ေတြဖတ္ရတ့့ဲအခါ  .....
.
ဘာသာျခားစာေတြထဲ ျမန္မာပံုျပင္နဲ႔ တူေနတာေတြ ဖတ္မိေတာ့လည္း အံ့ၾသရတယ္။ စစ္႐ွံုးဘုရင္ ဂူထဲက ပင့္ကူကိုၾကည့္ၿပီး စိတ္ဓာတ္ျပန္တက္တာေတြ၊ စစ္႐ွံုးလို႔ ထြက္ေျပးရတ့ဲဘုရင္ ႐ုပ္ဖ်က္ၿပီးထြက္ေျပးရေတာ့ လမ္းေဘးမုန္႔ဆိုင္မွာ ဝင္စားတယ္။ ေဘးက ကေလးကို သူ႔အေမကဆူသံၾကားသတ့ဲ။ နင္ကလည္း ဟိုဘုရင္စစ္တိုက္သလို အလယ္ကစ စားတာကိုး၊ ေဘးကစ ဖ့ဲစားမွေပါ့လို႔ ဆူသံၾကားမွ အိုင္ဒီယာရသြားတာေတြ တူတာေတြ႔ဘူးတယ္။ စကားပံုတခု ေကာက္႐ိုးပံုထဲ အပ္႐ွာရသလိုဘဲပါ တူတာေတြ႔ေတာ့၊ ဪ ပညာ႐ွင္ေတြဆိုေတာ့ ဟိုးအေဝးႀကီးႏိုင္ငံက ပညာ႐ွင္ေတြနဲ႔ေတာင္ ဥာဏ္ျခင္းထပ္တာဘဲလို႔ သတိထားမိတ့ဲအခါ  .....

XxXxXx

(Unicode version)

   တချို့စာတွေမှာ ရေးကြတာတွေ့တယ်။ သားသမီးမကောင်းလို့ မိဘတွေ ဒုက္ခဘယ်လိုရောက်နေကြတယ်၊ တပည့်တချို့ ငယ်စဉ်က စာသင်ပေးခ့ဲတ့ဲ ဆရာတွေကို ဂရုမစိုက်လို့ ဆရာတွေ ဒုက္ခရောက်နေကြတယ်၊ စသဖြင့် ဖွဲ့နွဲ့ရေးကြတယ်။ ဇတ်နာအောင် မျက်ရည်ချူကြတာထင်ပါရဲ့။ အ့ဲလိုစာမျိုးဖတ်ရတိုင်း အဲဒီမိဘတွေ ဆရာတွေ ဘယ်လိုအတိတ်ကံတွေ ပြုခ့ဲကြလို့ပါလိမ့်လို့ စဉ်းစားမိတ့ဲအခါ .....
.
တချို့ပုံပြင်တွေမှာ ဖတ်ရပါတယ်။ သားသမီးကို တပည့်တွေကို ဆုံးမတာ စကားထာတွေ စကားဝှက်တွေနဲ့။ အဖြေမဖော်နိုင်တ့ဲ သားသမီး တပည့်ခမျာ ခံရရှာတာပေါ့။ စေတနာနဲ့ဆုံးမတာဆို နားလည်လွယ်အောင် ပြောမှပေါ့။ ခုတော့ ဈေးသက်သာပြီး အဟာရဖြစ်မ့ဲ ငါးသေးလေးတွေ ဝယ်စားကွာလို့ မဆုံးမဘဲ ခေါင်းတရာသားစားပါလို့ ပြောပြီး အဖြေမရှာနိုင်သူကို ပျက်ရယ်ပြုသလိုမျိုး ပုံပြင်တွေဖတ်ရတ့့ဲအခါ .....
.
ဘာသာခြားစာတွေထဲ မြန်မာပုံပြင်နဲ့ တူနေတာတွေ ဖတ်မိတော့လည်း အံ့သြရတယ်။ စစ်ရှုံးဘုရင် ဂူထဲက ပင့်ကူကိုကြည့်ပြီး စိတ်ဓာတ်ပြန်တက်တာတွေ၊ စစ်ရှုံးလို့ ထွက်ပြေးရတ့ဲဘုရင် ရုပ်ဖျက်ပြီးထွက်ပြေးရတော့ လမ်းဘေးမုန့်ဆိုင်မှာ ဝင်စားတယ်။ ဘေးက ကလေးကို သူ့အမေကဆူသံကြားသတ့ဲ။ နင်ကလည်း ဟိုဘုရင်စစ်တိုက်သလို အလယ်ကစ စားတာကိုး၊ ဘေးကစ ဖ့ဲစားမှပေါ့လို့ ဆူသံကြားမှ အိုင်ဒီယာရသွားတာတွေ တူတာတွေ့ဘူးတယ်။ စကားပုံတခု ကောက်ရိုးပုံထဲ အပ်ရှာရသလိုဘဲပါ တူတာတွေ့တော့၊ ဪ ပညာရှင်တွေဆိုတော့ ဟိုးအဝေးကြီးနိုင်ငံက ပညာရှင်တွေနဲ့တောင် ဉာဏ်ခြင်းထပ်တာဘဲလို့ သတိထားမိတ့ဲအခါ .....

12 May 2019

မန္တလေး လေယာဉ် accident



(Zawgyi version)

မနၱေလးကြင္းမွာ ဒီမနက္ ေလယာဥ္ေ႐ွ႕ဘီး ခ်မရလို႔ အေရးေပၚဆင္းတာ သိၾကၿပီးျဖစ္မွာပါ။ ဗီဒီယိုလည္း ၾကည့္ၾကရမယ္ထင္ပါတယ္။ ေလယာဥ္ အက္ဆီးဒင့္ျဖစ္စဥ္မွာ တည္ၿငိမ္စြာ ဆံုးျဖတ္လုပ္ကိုင္သြားတ့ဲ ေလယာဥ္မႈးႀကီးကို ခ်ီးက်ဴးပါတယ္။ အမ်ားကလည္း ခ်ီးက်ဴးေနၾကပါတယ္။
.
ဒုတိယ ခ်ီးက်ဴးခ်င္တာေတာ့ ခရီးသည္ေတြပါဘဲ။ ၫႊန္ၾကားတ့ဲအတိုင္း တိတိက်က် လိုက္နာၾကလို႔ ေဘးမသီရန္မခဘဲ အားလံုးထြက္လာႏိုင္ၾကပါတယ္။ မၾကာေသးခင္က ျဖစ္ခ့ဲတ့ဲ ႐ု႐ွေလယာဥ္ အက္ဆီးဒင့္မွာ ၫႊန္ၾကားခ်က္ကို မလိုက္နာဘဲ အိတ္ေတြ အေပၚဘင္က ထုတ္ေနၾကလို႔ မလိုအပ္ဘဲ ေသေၾကခ့ဲၾကရပါသတ့ဲ။ ေနာက္ကခရီးသည္ကို မင့ဲကြက္ဘဲ မိမိအိပ္ကို အရယူေနလို႔ ထြက္ေပါက္ၾကပ္ၿပီး ေသေၾကမႈပိုခ့ဲတာလို႔ ဆိုပါတယ္။ ျမန္မာခရီးသည္ေတြအတြက္ ဂုဏ္ျပဳပါတယ္။ 
.
ဖုန္းနဲ႔ ဓာတ္ပံု႐ိုက္သူကိုေတာ့ ဘာေျပာရမလည္း မသိပါ။ ဖုန္းေတြ ပိတ္ထားပါ။ မသံုးပါနဲ႔ ေျပာေနတ့ဲၾကားထဲက ႐ိုက္ေနတာပါ။ သို႔ေသာ္ သူ႐ိုက္လို႔ ျမန္မာေတြ စည္းကမ္းတက် လုပ္ခ့ဲတာကို သက္ေသရတာပါ။ အ့ဲဒီေတာ့ ဘာေျပာရမွန္း မသိေတာ့ပါဘူး။
.
ေနာက္ဆံုးခ်ီးက်ဴးခ်င္တာက ေလယာဥ္မယ္ေတြပါ။ ဒီခရီးစဥ္မွာ ၾကည့္လိုက္ေတာ့ ေလယာဥ္မယ္ ေလးဦးပါ။ တခါတေလ ေလယာဥ္ေမာင္ တေယာက္တြဲတတ္ေပမယ့္  ဒီတခါ မိန္းကေလးေတြႀကီးပါ။ အခုလို အေရးၾကံဳလာရင္ အေတာင္ႏွစ္ဆယ္ဝတ္ မင္းေယာက္က်ားေတြေတာင္ ျပာယာခတ္ကုန္တတ္ပါတယ္။ ခုၾကည့္ရတ့ဲ ဗီဒီယိုကလစ္အရ သူတို႔ေလးဦး သူတို႔အလုပ္ကို တည္ၿငိမ္စြာ လုပ္သြားၾကပံုဘဲ။ သူတို႔ကိုလည္း ဂုဏ္ျပဳပါတယ္ဗ်ာ။

XxXxXx
(Unicode version)

မန္တလေးကွင်းမှာ ဒီမနက် လေယာဉ်ရှေ့ဘီး ချမရလို့ အရေးပေါ်ဆင်းတာ သိကြပြီးဖြစ်မှာပါ။ ဗီဒီယိုလည်း ကြည့်ကြရမယ်ထင်ပါတယ်။ လေယာဉ် အက်ဆီးဒင့်ဖြစ်စဉ်မှာ တည်ငြိမ်စွာ ဆုံးဖြတ်လုပ်ကိုင်သွားတ့ဲ လေယာဉ်မှုးကြီးကို ချီးကျူးပါတယ်။ အများကလည်း ချီးကျူးနေကြပါတယ်။
.
ဒုတိယ ချီးကျူးချင်တာတော့ ခရီးသည်တွေပါဘဲ။ ညွှန်ကြားတ့ဲအတိုင်း တိတိကျကျ လိုက်နာကြလို့ ဘေးမသီရန်မခဘဲ အားလုံးထွက်လာနိုင်ကြပါတယ်။ မကြာသေးခင်က ဖြစ်ခ့ဲတ့ဲ ရုရှလေယာဉ် အက်ဆီးဒင့်မှာ ညွှန်ကြားချက်ကို မလိုက်နာဘဲ အိတ်တွေ အပေါ်ဘင်က ထုတ်နေကြလို့ မလိုအပ်ဘဲ သေကြေခ့ဲကြရပါသတ့ဲ။ နောက်ကခရီးသည်ကို မင့ဲကွက်ဘဲ မိမိအိပ်ကို အရယူနေလို့ ထွက်ပေါက်ကြပ်ပြီး သေကြေမှုပိုခ့ဲတာလို့ ဆိုပါတယ်။ မြန်မာခရီးသည်တွေအတွက် ဂုဏ်ပြုပါတယ်။ 
.
ဖုန်းနဲ့ ဓာတ်ပုံရိုက်သူကိုတော့ ဘာပြောရမလည်း မသိပါ။ ဖုန်းတွေ ပိတ်ထားပါ။ မသုံးပါနဲ့ ပြောနေတ့ဲကြားထဲက ရိုက်နေတာပါ။ သို့သော် သူရိုက်လို့ မြန်မာတွေ စည်းကမ်းတကျ လုပ်ခ့ဲတာကို သက်သေရတာပါ။ အ့ဲဒီတော့ ဘာပြောရမှန်း မသိတော့ပါဘူး။
.
နောက်ဆုံးချီးကျူးချင်တာက လေယာဉ်မယ်တွေပါ။ ဒီခရီးစဉ်မှာ ကြည့်လိုက်တော့ လေယာဉ်မယ် လေးဦးပါ။ တခါတလေ လေယာဉ်မောင် တယောက်တွဲတတ်ပေမယ့် ဒီတခါ မိန်းကလေးတွေကြီးပါ။ အခုလို အရေးကြုံလာရင် အတောင်နှစ်ဆယ်ဝတ် မင်းယောက်ကျားတွေတောင် ပြာယာခတ်ကုန်တတ်ပါတယ်။ ခုကြည့်ရတ့ဲ ဗီဒီယိုကလစ်အရ သူတို့လေးဦး သူတို့အလုပ်ကို တည်ငြိမ်စွာ လုပ်သွားကြပုံဘဲ။ သူတို့ကိုလည်း ဂုဏ်ပြုပါတယ်ဗျာ။

04 May 2019

ကဆုန်လ တံဆိပ်ခေါင်း

(Zawgyi version)

   ကဆုန္လဆန္း ၁ ရက္ေန႔၊ ျမန္မာ့ပြဲေတာ္နဲ႔ပန္း တံဆိပ္ေခါင္းထြက္ပါတယ္။ ပဥၥမလ ေရာက္ပါၿပီ။  ကဆုန္ေညာင္ေရသြန္းပြဲေတာ္နဲ႔ ပန္းက စံကားဝါပန္းပါ။
.
တံဆိပ္ေခါင္းက ၂၀၀က်ပ္တန္ပါ။ FDC လည္း ထုတ္ၿပီး ၂၀၀က်ပ္ပါဘဲ။

XxXxXx

(Unicode version)

   ကဆုန်လဆန်း ၁ ရက်နေ့၊ မြန်မာ့ပွဲတော်နဲ့ပန်း တံဆိပ်ခေါင်းထွက်ပါတယ်။ ပဉ္စမလ ရောက်ပါပြီ။ ကဆုန်ညောင်ရေသွန်းပွဲတော်နဲ့ ပန်းက စံကားဝါပန်းပါ။
.
တံဆိပ်ခေါင်းက ၂၀၀ကျပ်တန်ပါ။ FDC လည်း ထုတ်ပြီး ၂၀၀ကျပ်ပါဘဲ။ 

26 April 2019

ဒီဆေးပင် ခြောက်မခြောက်၊








(Zawgyi version)

   အညာၿမိဳ႕တၿမိဳ႕မွာ ေဆးေျခာက္မေျခာက္ အပင္ၾကည့္ၿပီး မခြဲႏိုင္လို႔ အမႈျဖစ္ အဖမ္းခံေနရတယ္။ ေသခ်ာတာကေတာ့ ျမန္မာဥပေဒမွာ အတိအက် ပါဟန္မတူဘူး။ ဒါ ဥပေဒပညာ႐ွင္ေတြနဲ႔ သက္ဆိုင္ရာဌာနအတြက္ အလုပ္လုပ္ဖို႔ သတိေပးသလို ျဖစ္သြားပါျပီ။ ႐ွိရင္းစြဲဥပေဒက မတိက်တာ၊ မလံုေလာက္တာ၊ အျငင္းပြားစရာ ျဖစ္ေနတာ ေပၚလာပါတယ္။
.
ေဖ့ဘုတ္ေပၚ ဖတ္ၾကည့္ရင္ကို ေတာ္ေတာ္ဗဟုသုတ ရပါတယ္။ ဘယ္ႏိုင္ငံေတြက ေဆးေျခာက္ကို ခြင့္ျပဳတယ္။ ဘယ္ႏိုင္ငံေတြက စီးပြားျဖစ္ စိုက္ေနၾကၿပီ။ ေဆးေျခာက္ႏြယ္ဝင္ အပင္ဘယ္လိုေတြ႐ွိတယ္။ ဘယ္ဓာတ္ ဘယ္ႏွစ္ရာခိုင္ႏႈန္းပါမွ မူးယစ္ေဆးအျဖစ္ သတ္မွတ္တယ္၊ စသျဖင့္ သိရပါတယ္။
.
ဒါေတြကို ေလ့လာၿပီး ဥပေဒအသစ္ေတြ ေရးဖို႔လိုလာပါၿပီ။ ေခတ္နဲ႔ ေလ်ွာ္ညီစြာ ျပန္ေရးသင့္ပါၿပီ။ ဥပေဒတို႔ရဲ႕မိခင္ ေျခဥေတာင္ ေခတ္မမွီေတာ့လို႔ ျပင္ဖို႔ႀကိဳးစားေနရတာဘဲ။ အရင္အာဏာ႐ွင္ေခတ္ကေတာ့ ဒါမ်ိဳးျဖစ္ၿပီဆို ေပးႏိုင္ကမ္းႏိုင္လိုက္ႏိုင္ရင္ လြတ္မယ္၊ မေပးကမ္းႏိုင္ရင္ အဖမ္းခံရမွာ ေသခ်ာတယ္။ ဥပေဒစာအုပ္ ဘယ္သူမွလွန္မွာ မဟုတ္ဘူး။
.
 ဒီမိုေခတ္မွာေတာ့ ဒီလိုကိစၥမ်ိဳး ေပၚလာရင္ သက္ဆိုင္ရာဌာနေတြနဲ႔ လႊတ္ေတာ္အမတ္ေတြက အသစ္ေရးတန္တာေရး၊ ျပင္သင့္တာျပင္ လုပ္ၾကရပါမယ္။ အေပၚကအခိုင္း ေစာင့္မေနသင့္ပါဘူး။ ဒါမွ ဥပေဒျပဳေရးက႑ အသက္ပိုဝင္မွာေပါ့ဗ်ာ။

XxXxXx

(Unicode version)

   အညာမြို့တမြို့မှာ ဆေးခြောက်မခြောက် အပင်ကြည့်ပြီး မခွဲနိုင်လို့ အမှုဖြစ် အဖမ်းခံနေရတယ်။ သေချာတာကတော့ မြန်မာဥပဒေမှာ အတိအကျ ပါဟန်မတူဘူး။ ဒါ ဥပဒေပညာရှင်တွေနဲ့ သက်ဆိုင်ရာဌာနအတွက် အလုပ်လုပ်ဖို့ သတိပေးသလို ဖြစ်သွားပါပြီ။ ရှိရင်းစွဲဥပဒေက မတိကျတာ၊ မလုံလောက်တာ၊ အငြင်းပွားစရာ ဖြစ်နေတာ ပေါ်လာပါတယ်။
.
ဖေ့ဘုတ်ပေါ် ဖတ်ကြည့်ရင်ကို တော်တော်ဗဟုသုတ ရပါတယ်။ ဘယ်နိုင်ငံတွေက ဆေးခြောက်ကို ခွင့်ပြုတယ်။ ဘယ်နိုင်ငံတွေက စီးပွားဖြစ် စိုက်နေကြပြီ။ ဆေးခြောက်နွယ်ဝင် အပင်ဘယ်လိုတွေရှိတယ်။ ဘယ်ဓာတ် ဘယ်နှစ်ရာခိုင်နှုန်းပါမှ မူးယစ်ဆေးအဖြစ် သတ်မှတ်တယ်၊ စသဖြင့် သိရပါတယ်။
.
ဒါတွေကို လေ့လာပြီး ဥပဒေအသစ်တွေ ရေးဖို့လိုလာပါပြီ။ ခေတ်နဲ့ လျှော်ညီစွာ ပြန်ရေးသင့်ပါပြီ။ ဥပဒေတို့ရဲ့မိခင် ခြေဥတောင် ခေတ်မမှီတော့လို့ ပြင်ဖို့ကြိုးစားနေရတာဘဲ။ အရင်အာဏာရှင်ခေတ်ကတော့ ဒါမျိုးဖြစ်ပြီဆို ပေးနိုင်ကမ်းနိုင်လိုက်နိုင်ရင် လွတ်မယ်၊ မပေးကမ်းနိုင်ရင် အဖမ်းခံရမှာ သေချာတယ်။ ဥပဒေစာအုပ် ဘယ်သူမှလှန်မှာ မဟုတ်ဘူး။
.
 ဒီမိုခေတ်မှာတော့ ဒီလိုကိစ္စမျိုး ပေါ်လာရင် သက်ဆိုင်ရာဌာနတွေနဲ့ လွှတ်တော်အမတ်တွေက အသစ်ရေးတန်တာရေး၊ ပြင်သင့်တာပြင် လုပ်ကြရပါမယ်။ အပေါ်ကအခိုင်း စောင့်မနေသင့်ပါဘူး။ ဒါမှ ဥပဒေပြုရေးကဏ္႑ အသက်ပိုဝင်မှာပေါ့ဗျာ။

20 April 2019

မြစ်ဆုံလျှော်ကြေးကိစ္စ

(Zawgyi version)

   ျမစ္ဆံုဆည္ကိစၥ အေလွ်ာ္ေပးၿပီး ျပန္ေရြးဖို႔ ဆရာႀကီးမ်ား ဆံုးျဖတ္သတ့ဲ။ တ႐ုပ္သမတထံ စာပို႔မတ့ဲ။ ဒီအဆိုကို ျပည္သူဘယ္ႏွစ္ရာခိုင္ႏႈန္းက ေထာက္ခံသလည္းေတာ့ မသိရပါဘူး။
.
ျမစ္ဆံုေနရာ ေပ်ာက္တာမႀကိဳက္ပါဘူး။ ျပည္သူအမ်ားစုလည္း မႀကိဳက္တာ ေသခ်ာပါတယ္။ သို႔ေသာ္ အရင္စစ္အစိုးရက ခ်ဳပ္သြားတ့ဲစာခ်ဳပ္မွာ ဘာပါမွန္းမသိဘဲ ခုလိုလုပ္တာ ေလာလြန္းတယ္ထင္ပါတယ္။ စာခ်ဳပ္ထဲမွာ ဆက္မလုပ္ရင္ ကုန္ထားသမွ်ရဲ႕ ငါးဆေလွ်ာ္ရမည္လို႔ပါရင္ ဘယ္လိုလုပ္မလည္း။ စာခ်ဳပ္ကို ဘာအေၾကာင္းနဲ႔မ်ွ မဖ်က္ရဆို ေသၿပီဆရာ။
.
ေလွ်ာ္ရမ့ဲေငြပမာဏကို ေဒၚလာသန္း၈၀၀ခန္႔ တြက္ထားဟန္႐ွိပါတယ္။ ဘယ္ကရတ့ဲ ကိန္းဂဏန္းလည္း မသိၾကရပါ။ ျမန္မာျပည္လူဦးေရ ၅၂သန္းေက်ာ္ ၁၅ခါ တစ္ေဒၚလာစီ ေလွ်ာ္ရမယ္တ့ဲ။ ျမန္မာျပည္က ကားေရာင္းကားဝယ္၊ အိမ္ေရာင္းအိမ္ဝယ္ စာခ်ဳပ္ၾကသလို ဖ်က္ရင္ႏွစ္ဆဆို အခါ၃၀ ျဖစ္သြားမယ္ေနာ္။ ခုထိ လွ်ပ္စစ္မီး ပိုက္သြယ္ေရ မရဘူးေသးသူမ်ားလည္း အညီအမွ် ေလွ်ာ္သင့္ပါသလား။
.
ဒီအဆိုသာအတည္ျဖစ္ရင္ သေဘာအက်ဆံုးကေတာ့ စစ္အစိုးရေခတ္က ေခါင္းေဆာင္ေတြဘဲ ျဖစ္မွာပါ။ သူတို႔စာခ်ဳပ္ခ်ဳပ္ခ်ိန္က ပြဲစားခသေဘာမ်ိဳး ပါမစ္ေပးခသေဘာမ်ိဳး တနင့္တပိုး ရထားသူေတြဆိုေတာ့ တစ္ေဒၚလာဘဲ ထည့္ရမယ္ဆို ေပ်ာ္စရာ ျဖစ္ေနမွာဘဲ။ တာဝန္လည္း ယူစရာ မလိုေတာ့ၿပီေလ။ ဒီအဆို တင္သြင္းသူေတြကို ေန႔တိုင္းေက်းဇူးတင္ေနၾကမွာဘဲ။
.
ဧရာဝတီအတြက္ သာတူညီမွ် ေလွ်ာ္ၾကရမယ္ဆိုေတာ့ ဧရာဝတီနဲ႔ ထိေတြ႔မႈမ႐ွိတ့ဲ ကရင္ ကယား ခ်င္း ႐ွမ္း ရခိုင္ မြန္ တနသၤာရီ ေဒသေတြကသူေတြကေရာ သေဘာတူသတ့ဲလား။ စားတံုးကေတာ့ ဗမာေတြ၊ (တကယ္က စစ္ေခါင္းေဆာင္ တခ်ိဳ႕ပါ) ေလွ်ာ္ေတာ့မွ ငါတို႔က အညီအမွ်တ့ဲလား ကန္႔ကြက္ရင္ ဘယ္လိုစဥ္းစားထားလဲ။ ေနာက္ထပ္ လက္နက္ကိုင္အဖြဲ႔ေတြ ေပၚလာေတာ့မွာဘဲ။
.
တကယ္က တ႐ုပ္သမတထံ ေလွ်ာ္မယ့္အေၾကာင္းမပါဘဲ ျမန္မာျပည္သားအမ်ားစု လက္မခံေၾကာင္းဘဲ အရင္အေၾကာင္းၾကားရမွာပါ။ ခုလုပ္ပံုက ႏွပ္ေၾကာင္းေပးသလိုျဖစ္ေနတယ္။ ဒီအဆိုျပဳခ်က္ အတည္ျဖစ္သြားရင္ စစ္ေခါင္းေဆာင္ေဟာင္းေတြအတြက္ အျမတ္ထြက္သြားမယ္။ အဆိုးဆံုးကေတာ့ အေမစု တ႐ုပ္သြားခါနီး ဖိအားေပးသလိုျဖစ္ေနတယ္။ ဒီပြဲလုပ္တာ ႐ိုးမွ႐ိုးၾကရဲ႕လား။ ဒါေၾကာင့္ ဒီအဆိုကို လက္မခံႏိုင္ေသးပါ။

XxXxXx

(Unicode version)

   မြစ်ဆုံဆည်ကိစ္စ အလျှော်ပေးပြီး ပြန်ရွေးဖို့ ဆရာကြီးများ ဆုံးဖြတ်သတ့ဲ။ တရုပ်သမတထံ စာပို့မတ့ဲ။ ဒီအဆိုကို ပြည်သူဘယ်နှစ်ရာခိုင်နှုန်းက ထောက်ခံသလည်းတော့ မသိရပါဘူး။
.
မြစ်ဆုံနေရာ ပျောက်တာမကြိုက်ပါဘူး။ ပြည်သူအများစုလည်း မကြိုက်တာ သေချာပါတယ်။ သို့သော် အရင်စစ်အစိုးရက ချုပ်သွားတ့ဲစာချုပ်မှာ ဘာပါမှန်းမသိဘဲ ခုလိုလုပ်တာ လောလွန်းတယ်ထင်ပါတယ်။ စာချုပ်ထဲမှာ ဆက်မလုပ်ရင် ကုန်ထားသမျှရဲ့ ငါးဆလျှော်ရမည်လို့ပါရင် ဘယ်လိုလုပ်မလည်း။ စာချုပ်ကို ဘာအကြောင်းနဲ့မျှ မဖျက်ရဆို သေပြီဆရာ။
.
လျှော်ရမ့ဲငွေပမာဏကို ဒေါ်လာသန်း၈၀၀ခန့် တွက်ထားဟန်ရှိပါတယ်။ ဘယ်ကရတ့ဲ ကိန်းဂဏန်းလည်း မသိကြရပါ။ မြန်မာပြည်လူဦးရေ ၅၂သန်းကျော် ၁၅ခါ တစ်ဒေါ်လာစီ လျှော်ရမယ်တ့ဲ။ မြန်မာပြည်က ကားရောင်းကားဝယ်၊ အိမ်ရောင်းအိမ်ဝယ် စာချုပ်ကြသလို ဖျက်ရင်နှစ်ဆဆို အခါ၃၀ ဖြစ်သွားမယ်နော်။ ခုထိ လျှပ်စစ်မီး ပိုက်သွယ်ရေ မရဘူးသေးသူများလည်း အညီအမျှ လျှော်သင့်ပါသလား။
.
ဒီအဆိုသာအတည်ဖြစ်ရင် သဘောအကျဆုံးကတော့ စစ်အစိုးရခေတ်က ခေါင်းဆောင်တွေဘဲ ဖြစ်မှာပါ။ သူတို့စာချုပ်ချုပ်ချိန်က ပွဲစားခသဘောမျိုး ပါမစ်ပေးခသဘောမျိုး တနင့်တပိုး ရထားသူတွေဆိုတော့ တစ်ဒေါ်လာဘဲ ထည့်ရမယ်ဆို ပျော်စရာ ဖြစ်နေမှာဘဲ။ တာဝန်လည်း ယူစရာ မလိုတော့ပြီလေ။ ဒီအဆို တင်သွင်းသူတွေကို နေ့တိုင်းကျေးဇူးတင်နေကြမှာဘဲ။
.
ဧရာဝတီအတွက် သာတူညီမျှ လျှော်ကြရမယ်ဆိုတော့ ဧရာဝတီနဲ့ ထိတွေ့မှုမရှိတ့ဲ ကရင် ကယား ချင်း ရှမ်း ရခိုင် မွန် တနင်္သာရီ ဒေသတွေကသူတွေကရော သဘောတူသတ့ဲလား။ စားတုံးကတော့ ဗမာတွေ၊ (တကယ်က စစ်ခေါင်းဆောင် တချို့ပါ) လျှော်တော့မှ ငါတို့က အညီအမျှတ့ဲလား ကန့်ကွက်ရင် ဘယ်လိုစဉ်းစားထားလဲ။ နောက်ထပ် လက်နက်ကိုင်အဖွဲ့တွေ ပေါ်လာတော့မှာဘဲ။
.
တကယ်က တရုပ်သမတထံ လျှော်မယ့်အကြောင်းမပါဘဲ မြန်မာပြည်သားအများစု လက်မခံကြောင်းဘဲ အရင်အကြောင်းကြားရမှာပါ။ ခုလုပ်ပုံက နှပ်ကြောင်းပေးသလိုဖြစ်နေတယ်။ ဒီအဆိုပြုချက် အတည်ဖြစ်သွားရင် စစ်ခေါင်းဆောင်ဟောင်းတွေအတွက် အမြတ်ထွက်သွားမယ်။ အဆိုးဆုံးကတော့ အမေစု တရုပ်သွားခါနီး ဖိအားပေးသလိုဖြစ်နေတယ်။ ဒီပွဲလုပ်တာ ရိုးမှရိုးကြရဲ့လား။ ဒါကြောင့် ဒီအဆိုကို လက်မခံနိုင်သေးပါ။