28 May 2019

မှော်ရုံတောမှာ...











(Zawgyi version)

စာတအုပ္ဖတ္မိလို႔ပါ။
.
လြန္ခ့ဲတ့ဲ ၁၅ႏွစ္ခန္႔က ႀကီးေတာ္တေယာက္က အႏုပညာအလုပ္နဲ႔ အသက္ေမြးဖို႔လုပ္ေနတ့ဲ သူ႔သားတေယာက္ကို အႏုပညာလည္းလုပ္၊ ကိုယ္သံုးဖို႔ ကိုယ္ပိုင္ဝင္ေငြ႐ွာဖို႔လည္း လုပ္ဖို႔ တိုက္တြန္းခိုင္းပါတယ္။
.
စာေတြဖတ္ထားတယ္ေလ။ သိသမွ်နဲ႔ ရႊီးရမွာဘဲဆိုၿပီး လဘက္ရည္ဆိုင္မွာ ေတြ႔ၾကတယ္။ ''မင္း ကမာၻေက်ာ္ ပန္ခ်ီဆရာႀကီး ဗန္ဂိုးကိုသိသလား''လို႔ စလိုက္ေတာ့၊ ႐ွင္းတယ္။ ''မသိဘူးတ့ဲ'' အားတက္စရာပါဘဲ။ ''ယေန႔ျမန္မာေက်ာ္ေနတ့ဲ ပန္းခ်ီဆရာ မင္းေဝေအာင္ကို သိလား'' ဆိုေတာ့ "ၾကားဘူးသလိုဘဲတ့ဲ'' အားတက္စရာဘဲ။
.
"သူတို႔ႏွစ္ေယာက္လံုး နာမည္ႀကီး ပန္းခ်ီဆရာေတြကြ။ ဒါေပမယ့္ ဘာကြာလည္း မင္းကိုေျပာျပခ်င္လို႔။ ဗန္ဂိုးက ေသတာၾကာၿပီ။ တေန႔က သူ႔ပန္းခ်ီကားတခ်ပ္ ေလလံတင္တာ ေဒၚလာသန္းငါးဆယ္ရတယ္။ အ့ဲဒီပိုက္ဆံထဲက သူတျပားတခ်ပ္မွ မရဘူး။ သူ႔သားေျမးေတြေတာင္ တေဒၚလာရဟန္ မတူဘူးကြ၊ ဒီပန္းခ်ီဆရာႀကီး တသက္လံုး ဆင္းဆင္းရဲရဲေနၿပီး ဆင္းဆင္းရဲရဲဘဲ ေသသြားသကြာ။ သူ႔ပန္းခ်ီေတြ ကမာၻေက်ာ္ေပမ့ဲ သူဘာမွ မခံစားရဘူး။
.
"ခုျမန္မာျပည္မွာ နာမည္ႀကီးေနတာ မင္းေဝေအာင္တ့ဲ။ သူ႔ပန္ခ်ီကား မျမင္ဘူးေသးပါဘူး။ ဟိုေန႔က ထရိတ္ဒါးျပပြဲမွာ တကား ေဒၚလာငါးေထာင္ရသတ့ဲ။ သူဆြဲမ့ဲကားေတြ ျပည္ပက ေစာင့္ဝယ္ေနၾကၿပီ။ စင္ကာပူသတင္းစာကဆို ျမန္မာျပည္ရဲ႕ ဗန္ဂိုးလို႔ ၫႊန္းေနတယ္။
.
"ငါကေတာ့ အႏုပညာနားမလည္ေတာ့ ဒီႏွစ္ေယာက္မွာ မင္းေဝေအာင္ဘဲ ႀကိဳက္သကြာ။ နားလည္လို႔ မဟုတ္ဘူး။ ကိုယ့္အႏုပညာရဲ႕ အက်ိဳးကို ကိုယ္ခံစားရလို႔ဘဲ။ ေသၿပီးမွ ပိုက္ဆံရလို႔ ဘာလုပ္မလည္းကြာ။
.
"အႏုပညာ ေဇာက္ခ်တာေတာ့ ေကာင္းပါရဲ႕။ ကိုယ္ဖန္တီးခ်င္တာ ဖန္တီးေနဖို႔ ကိုယ္ပိုင္ဝင္ေငြေတာ့ ႐ွိသင့္သကြ။ ဒါမွ ဘယ္သူ႔မွ မင့ဲဘဲ ကိုယ္လုပ္ခ်င္တာလုပ္ဖို႔ စိတ္ေျဖာင့္မွာေပါ့။ ကိုယ္လုပ္ခ်င္တာလည္း လုပ္၊ ကိုယ္သံုးဖို႔လည္း ၾကားေပါက္ေလးေတြလုပ္ႃပီး ေငြ႐ွာကြာလို႔ ႐ွင္းျပခ့ဲပါတယ္။
.
ဘယ္လို သေဘာေပါက္လည္း မသိဘူး။ ကိုယ့္လူ ခုခ်ိန္ထိ လုပ္ခ်င္ရာ လုပ္ေနျမဲဘဲ။ ဆရာျမသန္းတင့္ ဘာသာျပန္တ့ဲပန္းခ်ီေဂၚဂင္အေၾကာင္း ''ေမွာ္ရံုေတာမွာ'' ကို ဖတ္မိေတာ့မွဘဲ ကိုယ့္လူအ့ဲေလာက္ မဆိုးေသးတာ ေတာ္ေသးတာဘဲလို႔ ေျဖသာေတာ့တယ္။
.
အႏုပညာ႐ွင္ (ခုစာအုပ္မွာ ပန္းခ်ီဆရာေပါ့) ေတြကို နားမလည္ႏိုင္ပါ။ စားစရာမ႐ွိတ့ဲအထိ ဆင္းရဲစုတ္ျပတ္ေနတ့ဲအထိ ယံုၾကည္ခ်က္နဲ႔ လုပ္ေနၾကတာဘဲ။ အမ်ားနဲ႔ကို အတိုက္အခံလုပ္ၾကရတာ။ ကမာၻေက်ာ္ေအာင္လို႔ အလြယ္မေျပာပါနဲ႔။ ဒါမ်ိဳးလူ တေထာင္တေသာင္းမွာမွ တေယာက္ထြန္းဖို႔ မလြယ္ပါဘူး။ ဝဋ္ေႂကြးေတြလို႔ဘဲ သနားမိတယ္။
.
စာအုပ္ဖတ္ဖို႔ စိတ္မပ်က္သြားၾကပါနဲ႔ဦး။ တကယ့္အျဖစ္အပ်က္ကို အေျခခံၿပီးေရးထားတ့ဲ မူရင္းေရးသူကလည္းေကာင္း၊ ဘာသာျပန္ဆရာကလည္းေကာင္းေတာ့ စိတ္ဝင္စားစရာပါ။ လြန္ခ့ဲတ့ဲ ႏွစ္တရာခန္႔က ကမၻာ့အႏုပညာၿမိဳ႕ေတာ္ ပါရီၿမိဳ႕က အျဖစ္အပ်က္ေတြေပါ့။
.
သင့္မွာ အႏုပညာပိုးပါရင္ျဖစ္ေစ၊ ပါသူတေယာက္ေယာက္ သိေနရင္ျဖစ္ေစ ဖတ္ၾကည့္လိုက္ပါ။ အႏုပညာကို တကယ္႐ူးသြတ္ႏိုင္ရဲ႕လားလို႔ေလ။     ။


XxXxXx

(Unicode version)

စာတအုပ်ဖတ်မိလို့ပါ။
.
လွန်ခ့ဲတ့ဲ ၁၅နှစ်ခန့်က ကြီးတော်တယောက်က အနုပညာအလုပ်နဲ့ အသက်မွေးဖို့လုပ်နေတ့ဲ သူ့သားတယောက်ကို အနုပညာလည်းလုပ်၊ ကိုယ်သုံးဖို့ ကိုယ်ပိုင်ဝင်ငွေရှာဖို့လည်း လုပ်ဖို့ တိုက်တွန်းခိုင်းပါတယ်။
.
စာတွေဖတ်ထားတယ်လေ။ သိသမျှနဲ့ ရွှီးရမှာဘဲဆိုပြီး လဘက်ရည်ဆိုင်မှာ တွေ့ကြတယ်။ ''မင်း ကမ္ဘာကျော် ပန်ချီဆရာကြီး ဗန်ဂိုးကိုသိသလား''လို့ စလိုက်တော့၊ ရှင်းတယ်။ ''မသိဘူးတ့ဲ'' အားတက်စရာပါဘဲ။ ''ယနေ့မြန်မာကျော်နေတ့ဲ ပန်းချီဆရာ မင်းဝေအောင်ကို သိလား'' ဆိုတော့ "ကြားဘူးသလိုဘဲတ့ဲ'' အားတက်စရာဘဲ။
.
"သူတို့နှစ်ယောက်လုံး နာမည်ကြီး ပန်းချီဆရာတွေကွ။ ဒါပေမယ့် ဘာကွာလည်း မင်းကိုပြောပြချင်လို့။ ဗန်ဂိုးက သေတာကြာပြီ။ တနေ့က သူ့ပန်းချီကားတချပ် လေလံတင်တာ ဒေါ်လာသန်းငါးဆယ်ရတယ်။ အ့ဲဒီပိုက်ဆံထဲက သူတပြားတချပ်မှ မရဘူး။ သူ့သားမြေးတွေတောင် တဒေါ်လာရဟန် မတူဘူးကွ၊ ဒီပန်းချီဆရာကြီး တသက်လုံး ဆင်းဆင်းရဲရဲနေပြီး ဆင်းဆင်းရဲရဲဘဲ သေသွားသကွာ။ သူ့ပန်းချီတွေ ကမ္ဘာကျော်ပေမ့ဲ သူဘာမှ မခံစားရဘူး။
.
"ခုမြန်မာပြည်မှာ နာမည်ကြီးနေတာ မင်းဝေအောင်တ့ဲ။ သူ့ပန်ချီကား မမြင်ဘူးသေးပါဘူး။ ဟိုနေ့က ထရိတ်ဒါးပြပွဲမှာ တကား ဒေါ်လာငါးထောင်ရသတ့ဲ။ သူဆွဲမ့ဲကားတွေ ပြည်ပက စောင့်ဝယ်နေကြပြီ။ စင်ကာပူသတင်းစာကဆို မြန်မာပြည်ရဲ့ ဗန်ဂိုးလို့ ညွှန်းနေတယ်။
.
"ငါကတော့ အနုပညာနားမလည်တော့ ဒီနှစ်ယောက်မှာ မင်းဝေအောင်ဘဲ ကြိုက်သကွာ။ နားလည်လို့ မဟုတ်ဘူး။ ကိုယ့်အနုပညာရဲ့ အကျိုးကို ကိုယ်ခံစားရလို့ဘဲ။ သေပြီးမှ ပိုက်ဆံရလို့ ဘာလုပ်မလည်းကွာ။ 
.
"အနုပညာ ဇောက်ချတာတော့ ကောင်းပါရဲ့။ ကိုယ်ဖန်တီးချင်တာ ဖန်တီးနေဖို့ ကိုယ်ပိုင်ဝင်ငွေတော့ ရှိသင့်သကွ။ ဒါမှ ဘယ်သူ့မှ မင့ဲဘဲ ကိုယ်လုပ်ချင်တာလုပ်ဖို့ စိတ်ဖြောင့်မှာပေါ့။ ကိုယ်လုပ်ချင်တာလည်း လုပ်၊ ကိုယ်သုံးဖို့လည်း ကြားပေါက်လေးတွေလုပ်ပြီး ငွေရှာကွာလို့ ရှင်းပြခ့ဲပါတယ်။ 
.
ဘယ်လို သဘောပေါက်လည်း မသိဘူး။ ကိုယ့်လူ ခုချိန်ထိ လုပ်ချင်ရာ လုပ်နေမြဲဘဲ။ ဆရာမြသန်းတင့် ဘာသာပြန်တ့ဲပန်းချီဂေါ်ဂင်အကြောင်း ''မှော်ရုံတောမှာ'' ကို ဖတ်မိတော့မှဘဲ ကိုယ့်လူအ့ဲလောက် မဆိုးသေးတာ တော်သေးတာဘဲလို့ ဖြေသာတော့တယ်။
.
အနုပညာရှင် (ခုစာအုပ်မှာ ပန်းချီဆရာပေါ့) တွေကို နားမလည်နိုင်ပါ။ စားစရာမရှိတ့ဲအထိ ဆင်းရဲစုတ်ပြတ်နေတ့ဲအထိ ယုံကြည်ချက်နဲ့ လုပ်နေကြတာဘဲ။ အများနဲ့ကို အတိုက်အခံလုပ်ကြရတာ။ ကမ္ဘာကျော်အောင်လို့ အလွယ်မပြောပါနဲ့။ ဒါမျိုးလူ တထောင်တသောင်းမှာမှ တယောက်ထွန်းဖို့ မလွယ်ပါဘူး။ ဝဋ်ကြွေးတွေလို့ဘဲ သနားမိတယ်။
.
စာအုပ်ဖတ်ဖို့ စိတ်မပျက်သွားကြပါနဲ့ဦး။ တကယ့်အဖြစ်အပျက်ကို အခြေခံပြီးရေးထားတ့ဲ မူရင်းရေးသူကလည်းကောင်း၊ ဘာသာပြန်ဆရာကလည်းကောင်းတော့ စိတ်ဝင်စားစရာပါ။ လွန်ခ့ဲတ့ဲ နှစ်တရာခန့်က ကမ်ဘာ့အနုပညာမြို့တော် ပါရီမြို့က အဖြစ်အပျက်တွေပေါ့။ 
.
သင့်မှာ အနုပညာပိုးပါရင်ဖြစ်စေ၊ ပါသူတယောက်ယောက် သိနေရင်ဖြစ်စေ ဖတ်ကြည့်လိုက်ပါ။ အနုပညာကို တကယ်ရူးသွတ်နိုင်ရဲ့လားလို့လေ။ ။ 

No comments:

Post a Comment

Thank you.