31 July 2024

မြန်မာ့လိပ်ပြာတံဆိပ်ခေါင်း(၆)

မြန်မာ့ လိပ်ပြာမျိုးစိတ်များ တံဆိပ်ခေါင်းစီးရီးအတွက် ဆဌမမြောက်ခေါင်း ယနေ့ထွက်တယ်။ . တံဆိပ်ခေါင်း ၂၀၀ကျပ်ပါ။ FDC လည်း ပုံမှန်ထွက်တယ်။ ၄၀၀ကျပ်ပါ။ ဒေတာကဒ် ဒီတခေါက် ကုန်ပါပြီတဲ့။ . လိပ်ပြာအမည်က Peacock Pansy ပါ။ မြန်မာအမည် မရှိပါ။ ဒီစီးရီးရဲ့ ထုံးစံအတိုင်း နိုင်ငံအမည် မြန်မာဘာသာဖြင့် မပါပါ။ . ထုံးစံအတိုင်း အရောင်မှိန်ပါတယ်။ ပို့စ်မှာ အမြင်လှအောင် အရောင်တောက်ထားပါတယ်။

No comments:

Post a Comment

Thank you.