(Unicode version)
ပညာရေးဥပဒေ အသစ်ကိစ္စဆွေးနွေးနေတာ ဖတ်လိုက်ရပါတယ်။ ကျောင်းအုပ်ချုပ်ရေးထဲပါမယ့် ကျောင်းသားဖက်ကသူကို လွှတ်တော်ထဲက တချို့က ကျောင်းသားကိုယ်စားလှယ်လို့ သုံးချင်ပြီး ကျောင်းသားတွေဖက်က ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်လို့ သုံးချင်နေကြတယ်တ့ဲ။
.
လွှတ်တော်ဖက်က ကျောင်းသားသမဂ္ဂမှာ ကျောင်းသားအားလုံးပါမှာမဟုတ်တ့ဲအတွက် သုံးလို့မရတာလို့ထောက်ပါတယ်။
ကျောင်းသားတွေက သမဂ္ဂသည် ကျောင်းသားတွေထဲက ရွေးကောက်ထားတ့ဲအတွက် ကျောင်းသားအားလုံးကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။
.
တော်တော်ခက်ပါတယ်။ ရှုပ်လဲရှုပ်ပါတယ်။ ကျောင်းသားသမဂ္ဂ တခုထဲဆိုရင် တော်သေးတယ်။ အားလုံးရဲ့ မဲဆန္ဒနဲ့ ရွေးထားတာလို့ ပြောလို့ရသေးတယ်။ ကျောင်းတကျောင်းထဲတင် ဗကသ၊ တကသ၊မကသ စသဖြင့် ရှိနေယင် ဘယ်လိုလုပ်ကြမတုံး။ ကကသ ကပေါ်လာဦးမယ်။ ကြံဖွံ ကျောင်းသား သမဂ္ဂလေ။
.
သူများကို တိုက်ချင်ရင် ကိုယ်တွေ ညီဖို့လိုပါတယ်။ ဗမာတွေများတ့ဲ လွှတ်တော်မို့ တော်သေးတယ်။ အင်္ဂလိပ်မင်းများဆို သွေးခွဲစရာတောင် မလိုပါလားဆိုပြီး ရယ်နေမှာ။
ဗမာမှန်ရင် ကွဲရမည် ဖြစ်နေပါပြီ။
XxXxXx
(Zawgyi version)
.
လွှတ်တော်ဖက်က ကျောင်းသားသမဂ္ဂမှာ ကျောင်းသားအားလုံးပါမှာမဟုတ်တဲ့အတွက် သုံးလို့မရတာလို့ထောက်ပါတယ်။
ကျောင်းသားတွေက သမဂ္ဂသည် ကျောင်းသားတွေထဲက ရွေးကောက်ထားတဲ့အတွက် ကျောင်းသားအားလုံးကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။
.
.
No comments:
Post a Comment
Thank you.