28 October 2019

တန်ဆောင်မုန်းလ တံဆိပ်ခေါင်း


(Unicode version)

   ပန်းနဲ့ပွဲတော်စီးရီး တန်ဆောင်မုန်းလအတွက် တံဆိပ်ခေါင်း ယနေ့ထုတ်ဝေသည်။ တန်ဆောင်မုန်းလ ကထိန်လှည့်သည့်ပွဲပုံနှင့် ခဝဲပန်းပုံဖြစ်သည်။ တံဆိပ်ခေါင်းက ၂၀၀ကျပ်တန်ဖြစ်ပြီး ၂၀၀ကျပ်တန် FDC လည်း ထုတ်ဝေသည်။
.
အောက်တိုဘာလအတွင်း တံဆိပ်ခေါင်း၃ကြိမ် ထုတ်ခဲ့ခြင်းက မြန်မာတံဆိပ်ခေါင်းလောကအတွက် အမှတ်တရပါ။ ယခင်သြဂုတ်လက ၃ကြိမ်ထုတ်ခဲ့ဘူးသော်လည်း လဆန်းတရက်တိုင်းထုတ်သည့် ပန်းနှင့်ပွဲတော်စီးရီးအတွက် နှစ်ကြိမ်နဲ့ အထိမ်းအမှတ်ထုတ် တကြိမ်ဖြစ်သည်။ ယခုလမှာမူ ပန်းနဲ့ပွဲတော်အတွက် တကြိမ်နှင့် အထိမ်းအမှတ်နှစ်ကြိမ်ဖြစ်သဖြင့် ထူးခြားမှုတခုအဖြစ် မှတ်တမ်းတင်ရမည်။


XxXxXx

(Zawgyi version )

   ပန္းနဲ႕ပြဲေတာ္စီးရီး တန္ေဆာင္မုန္းလအတြက္ တံဆိပ္ေခါင္း ယေန႕ထုတ္ေဝသည္။ တန္ေဆာင္မုန္းလ ကထိန္လွည့္သည့္ပြဲပုံႏွင့္ ခဝဲပန္းပုံျဖစ္သည္။ တံဆိပ္ေခါင္းက ၂၀၀က်ပ္တန္ျဖစ္ၿပီး ၂၀၀က်ပ္တန္ FDC လည္း ထုတ္ေဝသည္။
.
ေအာက္တိုဘာလအတြင္း တံဆိပ္ေခါင္း၃ႀကိမ္ ထုတ္ခဲ့ျခင္းက ျမန္မာတံဆိပ္ေခါင္းေလာကအတြက္ အမွတ္တရပါ။ ယခင္ၾသဂုတ္လက ၃ႀကိမ္ထုတ္ခဲ့ဘူးေသာ္လည္း လဆန္းတရက္တိုင္းထုတ္သည့္ ပန္းႏွင့္ပြဲေတာ္စီးရီးအတြက္ ႏွစ္ႀကိမ္နဲ႕ အထိမ္းအမွတ္ထုတ္ တႀကိမ္ျဖစ္သည္။ ယခုလမွာမူ ပန္းနဲ႕ပြဲေတာ္အတြက္ တႀကိမ္ႏွင့္ အထိမ္းအမွတ္ႏွစ္ႀကိမ္ျဖစ္သျဖင့္ ထူးျခားမႈတခုအျဖစ္ မွတ္တမ္းတင္ရမည္။ 

26 October 2019

စားခဲ့သမျှ ပြန်အန်ထွက်တော့မယ်












(Unicode version)

   နောက်နှစ်ဒီအချိန်ဆို ရွေးကောက်ပွဲကြီးအတွက် ဆူညံနေရော့မယ်။ ခုတနှစ်အလိုမှာတောင် လှုပ်ရှားမှုလေးတွေ စကြားလာရပြီ။ အမေစုရဲ့ NLD ပါတီက ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်းတွေ သတ်မှတ်လိုက်ပြီကြားတယ်။ ကျွန်တော်တို့ မဲပေးမယ့် NLD ကိုယ်စားလှယ်တွေ ကောင်းဖို့လိုတယ်လေ။
.
တပြည်လုံးအတိုင်းအတာနဲ့ ဝင်အရွေးခံနိုင်မယ့်ပါတီ များများစားစားမရှိနိုင်ပါဘူး။ ပြည်သူတွေမကြိုက်တဲ့ ဖွတ်ပါတီရှိမယ်။ စစ်ဗိုလ်ဟောင်းတွေ ကြီးစိုးတဲ့ ရွှေပါတီနှစ်ခုရှိမယ်။လူကြိုက်များလို့ ရွှေပါတီခေါ်တာ မဟုတ်ရပါဗျာ။ တဖွဲ့က အမည်မှာရွှေပါသူ ဦးဆောင်ပြီး နောက်တဖွဲ့က ရွှေရောင်အင်္ကျီဆင်တူနဲ့မလို့ပါ။
.
နောက်တဖွဲ့ရှိနိုင်သေးတယ်။ ၉၀ရွေးကောက်ပွဲကတည်းက နလန်မထူတဲ့ မဆလဟောင်းတွေရဲ့ တဆညပါတီလေ။ မဲဆန္ဒနယ် သုံးရာကျော်ဝင်မယ်ဆိုလို့ လေ့လာကြည့်တော့ ဗိုလ်နေဝင်းမြေး ဝက်ခြောက်ကြီးက စပွန်ဆာပေးမှာမို့တဲ့။ ဒီဝက်ဘာလို့ ဖွတ်နဲ့မပေါင်းလည်း ထပ်လေ့လာကြည့်တော့ လက်ရှိဖွတ်ဥက္ကဌက သူတို့သားအဖကို ထောင်ထဲထည့်ဖို့သတင်းပေးသူဖြစ်နေတယ်လေ။ သားသားကြောက်ကြောက်ပေါ့။
.
ဒီအဖွဲ့တွေကို ပြည်သူအများစုလက်မခံတာ အသိသာကြီးပါ။ ရိုးသားတဲ့နယ်ကသူတွေကို ခြောက်ပြီးစည်းရုံးမယ်။ မဟုတ်ရင် ပေးကမ်းပြီးစည်းရုံးမှာအသေချာပါဘဲ။ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ မဖြစ်နိုင်တာတွေ ဂတိပေးစည်းရုံးမယ်၊ ဟိုဟာပေးဒီဟာပေး စည်းရုံးမယ်။ ဆန်ဆီဆားတွေအလှူလာပေးသလို လျော့စျေးတွေနဲ့လည်း လိုက်ရောင်းနိုင်တယ်။
.
ဒီလိုလိုက်လုပ်ရင် အချို့ကသဘောမကျကြဘူး။ ကျွန်တော်ကတော့ အားပေးတယ်။ သူတို့ပေးသမျှယူ၊ သူတို့ကြွေးသမျှစားကြပါ။ ပြီးတော့မှကိုယ်ချစ်တဲ့ NLDပါတီမဲပေးရင်ပြီးတာဘဲ။ လျော့စျေးနဲ့လာရောင်းလို့ တန်ရင်ဝယ်သာထားလိုက်။
.
ဒီလိုလုပ်လို့ မတရားလုပ်မိတယ်မထင်ကြနဲ့။ အဲဒီပါတီတွေထောင်သူအားလုံးက နိုင်ငံ့ဘဏ္ဍာဝါးထားသူတွေကြီးဘဲ။ သူတို့ယူထားတဲ့အထဲက ပြည်သူတွေကိုပြန်ပေးရတာလို့ သဘောထားပြီးယူကြ။ တနည်းအားဖြင့်တော့ ပြည်သူ့ဘဏ္ဍာခိုးစားထားတာ ပြန်အန်တာဘဲဖြစ်တယ်။ စိတ်ရှင်းရှင်းသာ ယူကြစားကြပေတော့။


XxXxXx

(Zawgyi version )

   ေနာက္ႏွစ္ဒီအခ်ိန္ဆို ေ႐ြးေကာက္ပြဲႀကီးအတြက္ ဆူညံေနေရာ့မယ္။ ခုတႏွစ္အလိုမွာေတာင္ လႈပ္ရွားမႈေလးေတြ စၾကားလာရၿပီ။ အေမစုရဲ႕ NLD ပါတီက ကိုယ္စားလွယ္ေလာင္းေတြရဲ႕ အရည္အခ်င္းေတြ သတ္မွတ္လိုက္ၿပီၾကားတယ္။ ကြၽန္ေတာ္တို႔ မဲေပးမယ့္ NLD ကိုယ္စားလွယ္ေတြ ေကာင္းဖို႔လိုတယ္ေလ။
.
တျပည္လုံးအတိုင္းအတာနဲ႕ ဝင္အေ႐ြးခံနိုင္မယ့္ပါတီ မ်ားမ်ားစားစားမရွိနိုင္ပါဘူး။ ျပည္သူေတြမႀကိဳက္တဲ့ ဖြတ္ပါတီရွိမယ္။ စစ္ဗိုလ္ေဟာင္းေတြ ႀကီးစိုးတဲ့ ေ႐ႊပါတီႏွစ္ခုရွိမယ္။လူႀကိဳက္မ်ားလို႔ ေ႐ႊပါတီေခၚတာ မဟုတ္ရပါဗ်ာ။ တဖြဲ႕က အမည္မွာေ႐ႊပါသူ ဦးေဆာင္ၿပီး ေနာက္တဖြဲ႕က ေ႐ႊေရာင္အကၤ်ီဆင္တူနဲ႕မလို႔ပါ။
.
ေနာက္တဖြဲ႕ရွိနိုင္ေသးတယ္။ ၉၀ေ႐ြးေကာက္ပြဲကတည္းက နလန္မထူတဲ့ မဆလေဟာင္းေတြရဲ႕ တဆညပါတီေလ။ မဲဆႏၵနယ္ သုံးရာေက်ာ္ဝင္မယ္ဆိုလို႔ ေလ့လာၾကည့္ေတာ့ ဗိုလ္ေနဝင္းေျမး ဝက္ေျခာက္ႀကီးက စပြန္ဆာေပးမွာမို႔တဲ့။ ဒီဝက္ဘာလို႔ ဖြတ္နဲ႕မေပါင္းလည္း ထပ္ေလ့လာၾကည့္ေတာ့ လက္ရွိဖြတ္ဥကၠဌက သူတို႔သားအဖကို ေထာင္ထဲထည့္ဖို႔သတင္းေပးသူျဖစ္ေနတယ္ေလ။ သားသားေၾကာက္ေၾကာက္ေပါ့။
.
ဒီအဖြဲ႕ေတြကို ျပည္သူအမ်ားစုလက္မခံတာ အသိသာႀကီးပါ။ ရိုးသားတဲ့နယ္ကသူေတြကို ေျခာက္ၿပီးစည္း႐ုံးမယ္။ မဟုတ္ရင္ ေပးကမ္းၿပီးစည္း႐ုံးမွာအေသခ်ာပါဘဲ။ ေ႐ြးေကာက္ပြဲနီးလာတာနဲ႕အမွ် မျဖစ္နိုင္တာေတြ ဂတိေပးစည္း႐ုံးမယ္၊ ဟိုဟာေပးဒီဟာေပး စည္း႐ုံးမယ္။ ဆန္ဆီဆားေတြအလႉလာေပးသလို ေလ်ာ့ေစ်းေတြနဲ႕လည္း လိုက္ေရာင္းနိုင္တယ္။
.
ဒီလိုလိုက္လုပ္ရင္ အခ်ိဳ႕ကသေဘာမက်ၾကဘူး။ ကြၽန္ေတာ္ကေတာ့ အားေပးတယ္။ သူတို႔ေပးသမွ်ယူ၊ သူတို႔ေႂကြးသမွ်စားၾကပါ။ ၿပီးေတာ့မွကိုယ္ခ်စ္တဲ့ NLDပါတီမဲေပးရင္ၿပီးတာဘဲ။ ေလ်ာ့ေစ်းနဲ႕လာေရာင္းလို႔ တန္ရင္ဝယ္သာထားလိုက္။
.
ဒီလိုလုပ္လို႔ မတရားလုပ္မိတယ္မထင္ၾကနဲ႕။ အဲဒီပါတီေတြေထာင္သူအားလုံးက နိုင္ငံ့ဘ႑ာဝါးထားသူေတြႀကီးဘဲ။ သူတို႔ယူထားတဲ့အထဲက ျပည္သူေတြကိုျပန္ေပးရတာလို႔ သေဘာထားၿပီးယူၾက။ တနည္းအားျဖင့္ေတာ့ ျပည္သူ႕ဘ႑ာခိုးစားထားတာ ျပန္အန္တာဘဲျဖစ္တယ္။ စိတ္ရွင္းရွင္းသာ ယူၾကစားၾကေပေတာ့။  

24 October 2019

မြန်မာ့ပထမဆုံး အထိမ်းအမှတ်တံဆိပ်ခေါင်း၊



(Unicode version)

   မြန်မာပြည်အတွက် ပထမဆုံးတံဆိပ်ခေါင်းကို အချိန်မရလို့ဘဲဖြစ်ဖြစ်၊ ဗြိတိန်ဘုရင်ပြောင်းလို့ဘဲဖြစ်ဖြစ်၊ မည်သည့်အကြောင်းကြောင့်ဘဲဖြစ်စေ အိန္ဒိယတံဆိပ်ခေါင်းများပေါ်တွင် BURMA ဟု အပေါ်မှရိုက်နှိပ်၍ စတင်သုံးဆွဲခဲ့ရပါသည်။ နောက်မှ မိမိနိုင်ငံအမည်ဖြင့် ရိုက်နှိပ်သုံးခဲ့ရသည်။
.
ထိုစတင်မှုကြောင့်လား မသိ။ မြန်မာပြည်၏ ပထမဆုံး အထိမ်းအမှတ်တံဆိပ်ခေါင်းကိုလည်း အစဥ်သုံးတံဆိပ်ခေါင်းတမျိုးအပေါ်တွင် အပေါ်မှထပ်ရိုက်နှိပ်၍ (overprint) စသုံးခဲ့သည်။
.
မြန်မာ့ပထမဆုံး အထိမ်းအမှတ်တံဆိပ်ခေါင်းအဖြစ် ကမ္ဘာ့ပထမဆုံးတံဆိပ်ခေါင်း ရာပြည့်အတွက် မေလ၆ရက် ၁၉၄၀တွင် ထုတ်ခဲ့သည်။ ၁၉၃၈အစဥ်သုံး ၂ပဲ၆ပိုင်တံဆိပ်ခေါင်းပေါ်တွင် COMMEMORATION POSTAGE STAMP 6th MAY 1940 ဟူ၍ ထပ်နှိပ်ခဲ့သည်။ တံဆိပ်ခေါင်းတန်ဖိုးကိုလည်း ၁ပဲ ဟု ထပ်နှိပ်ခဲ့သည်။
.
တင်းပြည့်ကျပ်ပြည့် အထိမ်းအမှတ်တံဆိပ်ခေါင်းကို ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ခု မေလ၂ရက်နေ့တွင်မှ စစ်အောင်နိုင်ခြင်း အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့သည်။ ၁ပဲ၆ပိုင်၊ ၂ပဲ၊ ၃ပဲ၆ပိုင်နှင့် ၉ပိုင်တန် လေးခေါင်းထုတ်ခဲ့သည်။ မြန်မာပုံများသုံးခဲ့သော်လည်း လွတ်လပ်ရေးမရသေးသဖြင့် ဗြိတိန်ဘုရင်ပုံ ထည့်သုံးခဲ့ရပါသေးသည်။

ရည်ညွှန်းစာအုပ်။   ။ ကျော်မြင့်မောင် ရေးသားသည့် မြန်မာ့စာပို့ တံဆိပ်ခေါင်းများ။


XxXxXx

(Zawgyi version)

   ျမန္မာျပည္အတြက္ ပထမဆုံးတံဆိပ္ေခါင္းကို အခ်ိန္မရလို႔ဘဲျဖစ္ျဖစ္၊ ၿဗိတိန္ဘုရင္ေျပာင္းလို႔ဘဲျဖစ္ျဖစ္၊ မည္သည့္အေၾကာင္းေၾကာင့္ဘဲျဖစ္ေစ အိႏၵိယတံဆိပ္ေခါင္းမ်ားေပၚတြင္ BURMA ဟု အေပၚမွရိုက္ႏွိပ္၍ စတင္သုံးဆြဲခဲ့ရပါသည္။ ေနာက္မွ မိမိနိုင္ငံအမည္ျဖင့္ ရိုက္ႏွိပ္သုံးခဲ့ရသည္။
.
ထိုစတင္မႈေၾကာင့္လား မသိ။ ျမန္မာျပည္၏ ပထမဆုံး အထိမ္းအမွတ္တံဆိပ္ေခါင္းကိုလည္း အစဥ္သုံးတံဆိပ္ေခါင္းတမ်ိဳးအေပၚတြင္ အေပၚမွထပ္ရိုက္ႏွိပ္၍ (overprint) စသုံးခဲ့သည္။
.
ျမန္မာ့ပထမဆုံး အထိမ္းအမွတ္တံဆိပ္ေခါင္းအျဖစ္ ကမၻာ့ပထမဆုံးတံဆိပ္ေခါင္း ရာျပည့္အတြက္ ေမလ၆ရက္ ၁၉၄၀တြင္ ထုတ္ခဲ့သည္။ ၁၉၃၈အစဥ္သုံး ၂ပဲ၆ပိုင္တံဆိပ္ေခါင္းေပၚတြင္ COMMEMORATION POSTAGE STAMP 6th MAY 1940 ဟူ၍ ထပ္ႏွိပ္ခဲ့သည္။ တံဆိပ္ေခါင္းတန္ဖိုးကိုလည္း ၁ပဲ ဟု ထပ္ႏွိပ္ခဲ့သည္။
.
တင္းျပည့္က်ပ္ျပည့္ အထိမ္းအမွတ္တံဆိပ္ေခါင္းကို ဒုတိယကမၻာစစ္အၿပီး ၁၉၄၆ခု ေမလ၂ရက္ေန႕တြင္မွ စစ္ေအာင္နိုင္ျခင္း အထိမ္းအမွတ္အျဖစ္ ထုတ္ေဝခဲ့သည္။ ၁ပဲ၆ပိုင္၊ ၂ပဲ၊ ၃ပဲ၆ပိုင္ႏွင့္ ၉ပိုင္တန္ ေလးေခါင္းထုတ္ခဲ့သည္။ ျမန္မာပုံမ်ားသုံးခဲ့ေသာ္လည္း လြတ္လပ္ေရးမရေသးသျဖင့္ ၿဗိတိန္ဘုရင္ပုံ ထည့္သုံးခဲ့ရပါေသးသည္။

ရည္ၫႊန္းစာအုပ္။ ။ ေက်ာ္ျမင့္ေမာင္ ေရးသားသည့္ ျမန္မာ့စာပို႔ တံဆိပ္ေခါင္းမ်ား။ 

22 October 2019

မြန်မာနာမည်နဲ့ ပထမဆုံးတံဆိပ်ခေါင်းများ။



(Unicode version)

   မြန်မာနာမည်နဲ့ ပထမဆုံး တံဆိပ်ခေါင်းတွေပါ။ မြန်မာပြည်အတွက် ပထမဆုံးတံဆိပ်ခေါင်းတွေက အန္ဒိယခေါင်းတွေပေါ်မှာ BURMA လို့ အပေါ်ကထပ်နှိပ်ပြီး (over print) သုံးခဲ့ရတာမို့ ဒီတံဆိပ်ခေါင်းတွေကမှ မြန်မာပြည်နာမည်နဲ့ (ထိုစဥ်က အခေါ်အဝေါ် BURMA) စတင်ခဲ့တယ်လို့ သတ်မှတ်လို့ရပါတယ်။
.
လွတ်လပ်ရေးမရသေးချိန် ဗြိတိသျှကိုလိုနီခေတ်မို့ BURMA ဘဲသုံးရပါတယ်။ မြန်မာဘာသာနဲ့ နိုင်ငံအမည် တပ်ခွင့်မရသေးပါ။ သို့သော် တံဆိပ်ခေါင်းတန်ဖိုးများကိုတော့ မြန်မာလို စတင်ဖော်ပြခဲ့ပါပြီ။ ကိုလိုနီနိုင်ငံများနည်းတူ သူတို့ရဲ့ဘုရင်ပုံနဲ့ဘဲ ထုတ်ရတာပါ။ King George VI ပုံတွေနဲ့ ထုတ်ခဲ့ရပါတယ်။
.
စထုတ်တဲ့ ၁၉၃၈ခုနှစ် စက်တင်ဘာလ ၁၅ရက်နေ့မှာ ၃ပိုင်ကနေ ၁၀ရူပီးတန်အထိ ထုတ်ပါတယ်။ တံဆိပ်ခေါင်း ၁၅မျိုး ပါပါတယ်။ ၁၉၄၀ သြဂုတ်လ ၁ရက်နေ့မှ ၁ပိုင်တန်ကို တိုးထုတ်ခဲ့တယ်လို့ သိရပါတယ်။ အစိုးရရုံးဌာနများသုံးရန်အတွက် SERVICE အိုဗာပရင့်နဲ့ တံဆိပ်ခေါင်း ၁၃လုံးထုတ်ခဲ့ပါတယ်။
.
ထူးဆန်းတာက တံဆိပ်ခေါင်းပုံတွေကို အင်္ဂလန်နည်းတူ ဘုရင့်ပုံတွေနဲ့ဘဲ ထုတ်ရသော်လည်း မြန်မာပြည်သင်္ကေတတွေဖြစ်တဲ့ ခြင်္သေ့ နဂါး ဒေါင်း နတ်ရုပ်ပုံတွေနဲ့ တွဲထုတ်ခဲ့တာပါ။  အလယ်အလတ်တန်ဖိုးရှိ တံဆိပ်ခေါင်း၄လုံးကို မြန်မာရိုးရာပုံတွေနဲ့ ထုတ်ခဲ့တာပါ။ အဲဒီပုံတွေအတွက် ဒီဇိုင်းပြိုင်ပွဲ ခေါ်ယူခဲ့တယ်လို့လည်း သိရပါတယ်။ ပုံစာတွေအနေနဲ့လည်း ROYAL BARGE၊ BURMA TEAK၊ THE IRRAWADDY၊  BURMA RICE လို့ ရိုက်နှိပ်ထားပါတယ်။
.
  ၁၉၃၈ ကတည်းက တံဆိပ်ခေါင်းဒီဇိုင်းပြိုင်ပွဲ လုပ်ရကောင်းမှန်း သိခဲ့တဲ့ မြန်မာတံဆိပ်ခေါင်း ထုတ်ဖို့တာဝန်ရှိသူတွေကို လေးစားပါတယ်။ လက်ရှိတာဝန်ရှိသူတွေလည်း တံဆိပ်ခေါင်းအသစ်တွေအတွက် ပြိုင်ပွဲခေါ်ယူဖို့ တိုက်တွန်းလိုက်ပါတယ်။
.
ရည်ညွှန်းစာအုပ်။     ။ ကျော်မြင့်မောင် ရေး ''မြန်မာ့စာပို့ တံဆိပ်ခေါင်းများ''


XxXxXx

(Zawgyi version)

   ျမန္မာနာမည္နဲ႕ ပထမဆုံး တံဆိပ္ေခါင္းေတြပါ။ ျမန္မာျပည္အတြက္ ပထမဆုံးတံဆိပ္ေခါင္းေတြက အႏၵိယေခါင္းေတြေပၚမွာ BURMA လို႔ အေပၚကထပ္ႏွိပ္ၿပီး (over print) သုံးခဲ့ရတာမို႔ ဒီတံဆိပ္ေခါင္းေတြကမွ ျမန္မာျပည္နာမည္နဲ႕ (ထိုစဥ္က အေခၚအေဝၚ BURMA) စတင္ခဲ့တယ္လို႔ သတ္မွတ္လို႔ရပါတယ္။
.
လြတ္လပ္ေရးမရေသးခ်ိန္ ၿဗိတိသွ်ကိုလိုနီေခတ္မို႔ BURMA ဘဲသုံးရပါတယ္။ ျမန္မာဘာသာနဲ႕ နိုင္ငံအမည္ တပ္ခြင့္မရေသးပါ။ သို႔ေသာ္ တံဆိပ္ေခါင္းတန္ဖိုးမ်ားကိုေတာ့ ျမန္မာလို စတင္ေဖာ္ျပခဲ့ပါၿပီ။  ကိုလိုနီနိုင္ငံမ်ားနည္းတူ သူတို႔ရဲ႕ဘုရင္ပုံနဲ႕ဘဲ ထုတ္ရတာပါ။ King George VI ပုံေတြနဲ႕ ထုတ္ခဲ့ရပါတယ္။
.
စထုတ္တဲ့ ၁၉၃၈ခုႏွစ္ စက္တင္ဘာလ ၁၅ရက္ေန႕မွာ ၃ပိုင္ကေန ၁၀႐ူပီးတန္အထိ ထုတ္ပါတယ္။ တံဆိပ္ေခါင္း ၁၅မ်ိဳး ပါပါတယ္။ ၁၉၄၀ ၾသဂုတ္လ ၁ရက္ေန႕မွ ၁ပိုင္တန္ကို တိုးထုတ္ခဲ့တယ္လို႔ သိရပါတယ္။ အစိုးရ႐ုံးဌာနမ်ားသုံးရန္အတြက္ SERVICE အိုဗာပရင့္နဲ႕ တံဆိပ္ေခါင္း ၁၃လုံးထုတ္ခဲ့ပါတယ္။
.
ထူးဆန္းတာက တံဆိပ္ေခါင္းပုံေတြကို အဂၤလန္နည္းတူ ဘုရင့္ပုံေတြနဲ႕ဘဲ ထုတ္ရေသာ္လည္း ျမန္မာျပည္သေကၤတေတြျဖစ္တဲ့ ျခေသၤ့ နဂါး ေဒါင္း နတ္႐ုပ္ပုံေတြနဲ႕ တြဲထုတ္ခဲ့တာပါ။ အလယ္အလတ္တန္ဖိုးရွိ တံဆိပ္ေခါင္း၄လုံးကို ျမန္မာရိုးရာပုံေတြနဲ႕ ထုတ္ခဲ့တာပါ။ အဲဒီပုံေတြအတြက္ ဒီဇိုင္းၿပိဳင္ပြဲ ေခၚယူခဲ့တယ္လို႔လည္း သိရပါတယ္။ ပုံစာေတြအေနနဲ႕လည္း ROYAL BARGE၊ BURMA TEAK၊ THE IRRAWADDY၊ BURMA RICE လို႔ ရိုက္ႏွိပ္ထားပါတယ္။
.
  ၁၉၃၈ ကတည္းက တံဆိပ္ေခါင္းဒီဇိုင္းၿပိဳင္ပြဲ လုပ္ရေကာင္းမွန္း သိခဲ့တဲ့ ျမန္မာတံဆိပ္ေခါင္း ထုတ္ဖို႔တာဝန္ရွိသူေတြကို ေလးစားပါတယ္။ လက္ရွိတာဝန္ရွိသူေတြလည္း တံဆိပ္ေခါင္းအသစ္ေတြအတြက္ ၿပိဳင္ပြဲေခၚယူဖို႔ တိုက္တြန္းလိုက္ပါတယ္။
.
ရည္ၫႊန္းစာအုပ္။ ။ ေက်ာ္ျမင့္ေမာင္ ေရး ''ျမန္မာ့စာပို႔ တံဆိပ္ေခါင္းမ်ား'' 

16 October 2019

ရေအကျိုး ဆယ့်တပါး၊












(Unicode version)

   သူငယ်ချင်းတယောက်ရှိတယ်။ သူက ရောက်ရှိရာနေရာမှာ အခြေအနေလိုက်ပြီး သောက်ရေအိုးကအစ၊ ချိုးရေစည်အလယ်၊ အိမ်သာကန်အဆုံး ရေဖြည့်ပေးလေ့ အကျင့်ရှိတယ်။ သူ့ကို မင်းရေအလှူကြောင့် ရေအကျိုးဆယ့်တပါးပြည့်ပါစေလိုပြောရင်၊ ''လုပ်ပြီ ရေးအကျိုးက ဆယ်ပါးပါကွလို့'' ပြန်ပြောတတ်တယ်။ အေး တိုးလာတဲ့တပါးက မင်းအခုဖြည့်ပေးတဲ့ရေ သုံးရတယ်လေကွာလို့ ပြန်ရှင်းခဲ့ဘူးပါတယ်။
.
အခြားသောအလှူတွေမှာလည်း သက်ဆိုင်ရာအကျိုးတွေ ရှိပါတယ်။ သင်္ကန်းလှူရင်အကျိုးဘယ်နှစ်ပါး၊ ကျောင်းလှူရင်အကျိုးဘယ်နှစ်ပါး၊ ဆီမီးလှူရင်အကျိုးဘယ်နှစ်ပါး စသဖြင့်ပေါ့။ တချို့ကလည်း ရရှိမယ့်အကျိုးကို မျှော် ပြီးလှူတတ်ကြတယ်။ ရာထူးအမြင့်ရအောင် ထီးလှူကြသလို သွားလာရေးအဆင်ပြေအောင် ဖိနပ်လှူမယ်ဆိုတာမျိုးပေါ့။
.
တကယ့် ကုသိုလ်မြောက်အောင်လှူချင်ရင်၊ နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့အလို့ငှာ လှူချင်ရင် အကျိုးကိုရည်ပြီး မလှူကောင်းဘူးတဲ့။ အကျိုးက အလိုလိုကိုပြည့်မှာ။ မိမိအလှူပစ္စည်း လက်ခံရရှိသူ စိတ်ချမ်းသာစွာအကျိုးရှိစွာ သုံးနိုင်ပါစေလို့ စိတ်မှန်းပြီး ရည်စူးလှူန်ိုင်ရမယ်တဲ့။ ဒါမှ အမြင့်မြတ်ဆုံး အလှူမြောက်မယ်တဲ့။
.
ဒ်ိတော့ ရေလှူရင် ရေအကျိုးဆယ်ပါးကို မျှော်ပြီးလှူစရာ မလိုဘူးလေ။ မိမိလှူလိုက်တဲ့ရေ သုံးစွဲသူ သောက်သုံးသူတွေ အကျိုးရှိရှိ သုံးစွဲနိုင်ပါစေလို့ ရေအကျိုးနံပတ်ဆယ့်တစ်ကို ရည်မှန်းလိုက်ရင် ကျန်ဆယ်ပါးအလိုလို ပြည့်သွားပါလိမ့်မယ်လို့ ထင်မိပါတယ်ဗျာ။

XxXxXx

(Zawgyi version)

   သူငယ္ခ်င္းတေယာက္ရွိတယ္။ သူက ေရာက္ရွိရာေနရာမွာ အေျခအေနလိုက္ၿပီး ေသာက္ေရအိုးကအစ၊ ခ်ိဳးေရစည္အလယ္၊ အိမ္သာကန္အဆုံး ေရျဖည့္ေပးေလ့ အက်င့္ရွိတယ္။ သူ႕ကို မင္းေရအလႉေၾကာင့္ ေရအက်ိဳးဆယ့္တပါးျပည့္ပါေစလိုေျပာရင္၊ ''လုပ္ၿပီ ေရးအက်ိဳးက ဆယ္ပါးပါကြလို႔'' ျပန္ေျပာတတ္တယ္။ ေအး တိုးလာတဲ့တပါးက မင္းအခုျဖည့္ေပးတဲ့ေရ သုံးရတယ္ေလကြာလို႔ ျပန္ရွင္းခဲ့ဘူးပါတယ္။
.
အျခားေသာအလႉေတြမွာလည္း သက္ဆိုင္ရာအက်ိဳးေတြ ရွိပါတယ္။ သကၤန္းလႉရင္အက်ိဳးဘယ္ႏွစ္ပါး၊ ေက်ာင္းလႉရင္အက်ိဳးဘယ္ႏွစ္ပါး၊ ဆီမီးလႉရင္အက်ိဳးဘယ္ႏွစ္ပါး စသျဖင့္ေပါ့။ တခ်ိဳ႕ကလည္း ရရွိမယ့္အက်ိဳးကို ေမွ်ာ္ ၿပီးလႉတတ္ၾကတယ္။ ရာထူးအျမင့္ရေအာင္ ထီးလႉၾကသလို သြားလာေရးအဆင္ေျပေအာင္ ဖိနပ္လႉမယ္ဆိုတာမ်ိဳးေပါ့။
.
တကယ့္ ကုသိုလ္ေျမာက္ေအာင္လႉခ်င္ရင္၊ နိဗၺာန္ေရာက္ေၾကာင္း အေထာက္အပံ့အလို႔ငွာ လႉခ်င္ရင္ အက်ိဳးကိုရည္ၿပီး မလႉေကာင္းဘူးတဲ့။ အက်ိဳးက အလိုလိုကိုျပည့္မွာ။ မိမိအလႉပစၥည္း လက္ခံရရွိသူ စိတ္ခ်မ္းသာစြာအက်ိဳးရွိစြာ သုံးနိုင္ပါေစလို႔ စိတ္မွန္းၿပီး ရည္စူးလႉန္ိုင္ရမယ္တဲ့။ ဒါမွ အျမင့္ျမတ္ဆုံး အလႉေျမာက္မယ္တဲ့။
.
ဒ္ိေတာ့ ေရလႉရင္ ေရအက်ိဳးဆယ္ပါးကို ေမွ်ာ္ၿပီးလႉစရာ မလိုဘူးေလ။ မိမိလႉလိုက္တဲ့ေရ သုံးစြဲသူ ေသာက္သုံးသူေတြ အက်ိဳးရွိရွိ သုံးစြဲနိုင္ပါေစလို႔ ေရအက်ိဳးနံပတ္ဆယ့္တစ္ကို ရည္မွန္းလိုက္ရင္ က်န္ဆယ္ပါးအလိုလို ျပည့္သြားပါလိမ့္မယ္လို႔ ထင္မိပါတယ္ဗ်ာ။ 

09 October 2019

145th UPU stamp


(Unicode version)

   ကမ္ဘာ့စာပို့သမဂ္ဂ ၁၄၅နှစ်ပြည့် တံဆိပ်ခေါင်းထုတ်ပါတယ်။ ၂၀၀ကျပ်တန်ပါ။ FDC ၂၀၀ကျပ်တန်လည်း ထုတ်ပါတယ်။ ရန်ကုန်နဲ့ နေပြည်တော် စာတိုက်ကြီးကရောင်းတဲ့ တံဆိပ်ခေါင်းအချို့ ခွေးသွားစိတ် (perforation) မကောင်းပါ။ ဆက်တိုက်ထုတ်လို့ စက်အသွားတွေ တုန်းကုန်ပြီလားမသိပါ။
.
ဒီဇိုင်း ခေတ်မီလှပပါတယ်။ လေ့လာကြည့်တော့ UPU ရဲ့ဒီဇိုင်းပါ။ ကနဦး ဂန္ဒီတံဆိပ်ခေါင်းထုတ်စဥ်က အန္ဒိယအလံသုံးရောင်နဲ့တင် ဗိုလ်ဆန်သလောက် နိုင်ငံတကာစီးရီးကျ အန္ဒိယဆန်နေပါလား ဝေဖန်မလို့ပါ။ ခုတော့ မပြောတော့ပါ။
.
နိုင်ငံတကာစီးရီးမို့ ထင်ပါတယ်။ နိုင်ငံအမည်နဲ့ တန်ဖိုး မြန်မာလိုမပါတော့ပါ။ ၁၄၅နှစ်ပတ်လည်ပွဲ တရားဝင်လုပ်တဲ့ ကာဇက်စတန်နိုင်ငံက ထုတ်တဲ့ခေါင်းမှာတော့ ဘာသာနှစ်မျိုးလုံး ဖော်ပြထားပါတယ်။ 
.
UPU နဲ့ ပတ်သက်လို့ ဒီတကြိမ်ထုတ်တာ မြန်မာနိုင်ငံက စတုတ္ထအကြိမ်ပါ။ ၇၅နှစ်ပြ်ည့်(၁၉၄၉) မှာ ခြောက်ခေါင်း၊ ရာပြည့် (၁၉၇၄) မှာ ငါးခေါင်းနဲ့ ၁၂၅နှစ်ပြည့် (၁၉၉၉) မှာ နှစ်ခေါင်း ထုတ်ဝေခဲ့ဘူးပါတယ်။ နိုင်ငံတကာမှ စုသူတွေ စိတ်ဝင်စားနိုင်တဲ့ ခေါင်းစဥ်ဖြစ်လို့ အနည်းဆုံး သုံးလေးခေါင်းတစုံ ထုတ်သင့်တယ်လို့ ထင်မိကြောင်းပါဗျာ။ 


XxXxXx 

(Zawgyi version)

   ကမၻာ့စာပို႔သမဂၢ ၁၄၅ႏွစ္ျပည့္ တံဆိပ္ေခါင္းထုတ္ပါတယ္။ ၂၀၀က်ပ္တန္ပါ။ FDC ၂၀၀က်ပ္တန္လည္း ထုတ္ပါတယ္။ ရန္ကုန္နဲ႕ ေနျပည္ေတာ္ စာတိုက္ႀကီးကေရာင္းတဲ့ တံဆိပ္ေခါင္းအခ်ိဳ႕ ေခြးသြားစိတ္ (perforation) မေကာင္းပါ။ ဆက္တိုက္ထုတ္လို႔ စက္အသြားေတြ တုန္းကုန္ၿပီလားမသိပါ။
.
ဒီဇိုင္း ေခတ္မီလွပပါတယ္။ ေလ့လာၾကည့္ေတာ့ UPU ရဲ႕ဒီဇိုင္းပါ။ ကနဦး ဂႏၵီတံဆိပ္ေခါင္းထုတ္စဥ္က အႏၵိယအလံသုံးေရာင္နဲ႕တင္ ဗိုလ္ဆန္သေလာက္ နိုင္ငံတကာစီးရီးက် အႏၵိယဆန္ေနပါလား ေဝဖန္မလို႔ပါ။ ခုေတာ့ မေျပာေတာ့ပါ။
.
နိုင္ငံတကာစီးရီးမို႔ ထင္ပါတယ္။ နိုင္ငံအမည္နဲ႕ တန္ဖိုး ျမန္မာလိုမပါေတာ့ပါ။ ၁၄၅ႏွစ္ပတ္လည္ပြဲ တရားဝင္လုပ္တဲ့ ကာဇက္စတန္နိုင္ငံက ထုတ္တဲ့ေခါင္းမွာေတာ့ ဘာသာႏွစ္မ်ိဳးလုံး ေဖာ္ျပထားပါတယ္။ 
.
UPU နဲ႕ ပတ္သက္လို႔ ဒီတႀကိမ္ထုတ္တာ ျမန္မာနိုင္ငံက စတုတၳအႀကိမ္ပါ။ ၇၅ႏွစ္ျပ္ည့္(၁၉၄၉) မွာ ေျခာက္ေခါင္း၊ ရာျပည့္ (၁၉၇၄) မွာ ငါးေခါင္းနဲ႕ ၁၂၅ႏွစ္ျပည့္ (၁၉၉၉) မွာ ႏွစ္ေခါင္း ထုတ္ေဝခဲ့ဘူးပါတယ္။ နိုင္ငံတကာမွ စုသူေတြ စိတ္ဝင္စားနိုင္တဲ့ ေခါင္းစဥ္ျဖစ္လို႔ အနည္းဆုံး သုံးေလးေခါင္းတစုံ ထုတ္သင့္တယ္လို႔ ထင္မိေၾကာင္းပါဗ်ာ။