Showing posts with label မြန်မာ​. Show all posts
Showing posts with label မြန်မာ​. Show all posts

30 April 2026

ဆဋ္ဌသင်္ဂါယနာတင်ပွဲ နှစ်၇၀ပြည့်၊

ဆဋ္ဌသင်္ဂါယနာတင်ပွဲ ဦးနု ဝန်ကြီးချုပ်ဖြစ်တုံးက ရန်ကုန် ကမ္ဘာအေးကုန်းမြင့်မှာ ကျင်းပခဲ့တာ နှစ်၇၀ပြည့်ပြီ။ ဒီနေ့ ကဆုန်လပြည့်နေ့မှာ အထိမ်းအမှတ် တံဆိပ်ခေါင်း ထုတ်ပါတယ်။ ကမ္ဘာအေးမှာလည်း ပွဲကျင်းပနေပါတယ်။ . တံဆိပ်ခေါင်း ၇မျိုးထုတ်တယ်။ အလျှားလိုက် ၆မျိုးနဲ့ ဒေါင်လိုက် ၁လုံး။ အားလုံး ၂၀၀ကျပ်တန်တွေပါ။ FDCလည်း ထုတ်တယ်။ ၆၀၀ကျပ်ပါ။ . တံဆိပ်ခေါင်းထုတ်တဲ့ စိတ်ကူးရော၊ တံဆိပ်ခေါင်း ဒီဇိုင်းတွေရော သဘောကျပါတယ်။ ပြောစရာက အဝါများတဲ့ တံဆိပ်ခေါင်းနှစ်မျိုးက အရောင်မှိန်တော့ ဆင်တူလိုဖြစ်နေလို့ သေချာကြည့်ခွဲရတယ်။ ရန်ကုန်စာတိုက်ကြီး အရောင်းဌာနမှာတောင် မှားလို့ပြန်လဲနေတာ တွေ့လိုက်တယ်။ . အထိမ်းအမှတ်ထုတ်မှာ တံဆိပ်ခေါင်း ၇မျိုးထုတ်တာ အများဆုံးဘဲလား မသိ။ လုံးချင်းမဟုတ်ဘဲ sheet အဖြစ်တော့ ၈ခေါင်းတွဲ ဆယ်ခေါင်းတွဲတွေ ထုတ်ဘူးတယ်။ လွတ်လပ်ရေးရပြီးတဲ့ ပထမနှစ် အာဇာနည်အထိမ်းအမှတ်ထုတ်တော့ ဒီဇိုင်းတူ အရောင်ကွဲ ၁၂လုံး ထုတ်ခဲ့တယ်။ အဲဒီတုံးက အစဥ်သုံးမထုတ်ရသေးလို့ ခဏသုံးလို့ရအောင် ထုတ်ခဲ့တာလား မသိပါ။ . တံဆိပ်ခေါင်းစုတာ ခေတ်စားချိန် ၁၉၈၀-၉၀ တွေတုံးကသာ ဒီလိုတွေထုတ်ခဲ့ရင် မြန်မာ့တံဆိပ်ခေါင်းတွေ ကမ္ဘာ့စာရင်းမှာ ပေါက်နိုင်တယ်။ ခုလည်း အများစုတဲ့ခေါင်းစဥ်ဖြစ်တဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက်ထုတ်ရင် စုကြမှာပါ။ နောက်လကုန်ဆို စတော့မှာမလို့ မှီပါ့ဦးမလားမသိ။ စိတ်ကူးကြည့်တာပါ။ . Fdc ပေါ်မှာ တံဆိပ်ခေါင်း အားလုံးကပ်ဖို့ မဖြစ်နိုင်ပါ။ သို့အတွက် တမျိုးထဲကပ်ထားသော FDC သာ ဖော်ပြလိုက်ပါကြောင်း။

27 March 2026

ကော်ဖီတံဆိပ်ခေါင်း၊

ယနေ့ ပြင်ဦးလွင်ကော်ဖီ ဂုဏ်ပြုတံဆိပ်ခေါင်း ထွက်တယ်။ ''ရှိ'' အနေနဲ့ ထုတ်တာပါ။ မြန်မာပြည်မှာ လောလောဆယ် တံဆိပ်ခေါင်းကပ် စာပို့လို့မရတဲ့အတူတူ စုဖို့ဘဲ ရှိတွေထုတ်နေတာဖြစ်မယ်။ တရွက် ၂၀၀ ကျပ်ပါ။ FDC လည်းထွက်တယ်။ တခု ၆၀၀ ကျပ်ပါ။ . မြန်မာ့စိုက်ပျိုးရေးထွက်ကုန် ဂုဏ်ပြုတံဆိပ်ခေါင်း စီးရီးလို့ ခေါ်ရမယ်ထင်တယ်။ ဟိုတခေါက်က လဘက်ဂုဏ်ပြု၊ ဒီတခေါက် ကော်ဖီဂုဏ်ပြု။ ဒီလို ခေါင်းစဥ်အသစ်တွေ စဥ်းစားထုတ်ဝေတာ သဘောကျပါ၏။ . ဒီတခေါက် FDC မြန်မာမြေပုံပေါ်က ပြင်ဦးလွင် နေရာကနီးစပ်တယ်။ အရင်တခေါက် တာမိုးညဲဒေသ နေရာက အနောက်နည်းနည်း ရောက်နေသလားလို့ပါ။ နောက်လ ဘာထွက်ကုန်ကို တံဆိပ်ခေါင်းထုတ်မလည်း စောင့်နေပါမယ်ဗျို့။

03 November 2018

၂၀၂၀အတွက် ကြိုတင်စဉ်းစားကြည့်ခြင်း၊

 
(Unicode version )

   မဲပေးနေကြပြီ။ ၂၀၂၀မတိုင်ခင်အထိ နောက်ဆုံးဖြစ်မည်ထင်သည်။ ပြည်သူချစ်သော NLDပါတီသည် ကျင်းပနေသော ၁၃နေရာတွင် ကိုးနေရာလောက် နိုင်မည်ထင်သည်။ တိုင်းရင်းသားပြည်နယ်နေရာများသာ စောင့်ကြည့်ဖို့ လိုပါလိမ့်မည်။

.

အရေးကြီးသည်မှာ ၂၀၂၀ရွေးကောက်ပွဲပါ။ ယှဉ်ဘက် ပြည်ခိုင်ဖြိုးပါတီ ဤကြားဖြတ်တွင် ပြတ်ပြတ်သားသား ကျဆုံးခ့ဲလျှင် ၂၀၂၀တွင် တိုင်းရင်းသားပြည်နယ်များတွင် ဘယ်လိုလုပ်မလဲ စဉ်းစားကြည့်မိသည်။ သူတို့သည် ပြိုင်ဘက်များမဟုတ်၍ လက်တွဲဘော်ဖြစ်အောင် မူဝါဒချသင့်ပါပြီ။

.

NLD အနေနဲ့ ၂၀၂၀တွင် တိုင်းရင်းသားပါတီများနှင့် ယှဉ်အရွေးခံဦးမလား။ ကိုယ်ပွားတိုင်းရင်းသားပါတီ (သို့) လက်တွဲမည့် မဟာမိတ်တိုင်းရင်းသားပါတီများသာ ပြိုင်အရွေးခံစေမည်လား။ ကြိုတင်ကြေငြာခြင်းဖြင့် တိုင်းရင်းသားစည်းလုံးရေး စလုပ်သင့်သည်ဟု ထင်မိပါသည်။

.

၂၀၂၀မတိုင်ခင် ခြေဥ မပြင်နိုင်မှာ သေချာပါသည်။ လက်ရှိခြေဥနှင့် မညီသော်လည်း ပြည်နယ်များတွင် အများဆုံအနိုင်ရသည့် ပါတီအား ပြည်နယ်အစိုးရ ဝန်ကြီးချုပ်ခန့်မည်ဟုတော့ အနည်းဆုံး အခွင့်အရေး ပေးသင့်သည်။ ကျန်အစိုးရ အဖွဲ့ဝင်နေရာများ အတွက်တော့ ညှိရမှာပေါ့။ တိုင်းရင်းသားများအတွက် အခွင့်အရေး ပေးနိုင်ဖို့ စဉ်းစားကြည့်တာသာ ဖြစ်သည်။

.

ပိုမိုကောင်းမွန်သော အိုင်ဒီယာများလည်း ရှိနေနိုင်ပါသည်။ ဆန္ဒစောနေမိခြင်း ဖြစ်သည်။ တိုင်းရင်းသားများကသာ NLDပါတီကို မယုံကြည်လျှင် ပြည်ထောင်စုတို့ ဖက်ဒရယ်တို့ဆိုတာတွေ ဝေးပြီဟုထင်မိပါကြောင်း။ ။

XxXxXx

(Zawgyi version)


 မဲေပးေနၾကၿပီ။ ၂၀၂၀မတိုင္ခင္အထိ ေနာက္ဆံုးျဖစ္မည္ထင္သည္။ ျပည္သူခ်စ္ေသာ NLDပါတီသည္ က်င္းပေနေသာ ၁၃ေနရာတြင္ ကိုးေနရာေလာက္ ႏိုင္မည္ထင္သည္။ တိုင္းရင္းသားျပည္နယ္ေနရာမ်ားသာ ေစာင့္ၾကည့္ဖို႔ လိုပါလိမ့္မည္။
.
အေရးႀကီးသည္မွာ ၂၀၂၀ေရြးေကာက္ပြဲပါ။ ယွဥ္ဘက္ ျပည္ခိုင္ၿဖိဳးပါတီ ဤၾကားျဖတ္တြင္ ျပတ္ျပတ္သားသား က်ဆံုးခ့ဲလွ်င္ ၂၀၂၀တြင္ တိုင္းရင္းသားျပည္နယ္မ်ားတြင္ ဘယ္လိုလုပ္မလဲ စဥ္းစားၾကည့္မိသည္။ သူတို႔သည္ ၿပိဳင္ဘက္မ်ားမဟုတ္၍ လက္တြဲေဘာ္ျဖစ္ေအာင္ မူဝါဒခ်သင့္ပါၿပီ။
.
NLD အေနနဲ႔ ၂၀၂၀တြင္ တိုင္းရင္းသားပါတီမ်ားႏွင့္ ယွဥ္အေရြးခံဦးမလား။ ကိုယ္ပြားတိုင္းရင္းသားပါတီ (သို႔) လက္တြဲမည့္ မဟာမိတ္တိုင္းရင္းသားပါတီမ်ားသာ ၿပိဳင္အေရြးခံေစမည္လား။ ႀကိဳတင္ေၾကျငာျခင္းျဖင့္ တိုင္းရင္းသားစည္းလံုးေရး စလုပ္သင့္သည္ဟု ထင္မိပါသည္။
.
၂၀၂၀မတိုင္ခင္ ေျခဥ မျပင္ႏိုင္မွာ ေသခ်ာပါသည္။ လက္႐ွိေျခဥႏွင့္ မညီေသာ္လည္း ျပည္နယ္မ်ားတြင္ အမ်ားဆံုအနိဳင္ရသည့္ ပါတီအား ျပည္နယ္အစိုးရ ဝန္ႀကီးခ်ဳပ္ခန္႔မည္ဟုေတာ့ အနည္းဆံုး အခြင့္အေရး ေပးသင့္သည္။ က်န္အစိုးရ အဖြဲ႔ဝင္ေနရာမ်ား အတြက္ေတာ့ ညႇိရမွာေပါ့။ တိုင္းရင္းသားမ်ားအတြက္ အခြင့္အေရး ေပးႏိုင္ဖို႔ စဥ္းစားၾကည့္တာသာ ျဖစ္သည္။
.
ပိုမိုေကာင္းမြန္ေသာ အိုင္ဒီယာမ်ားလည္း ႐ွိေနႏိုင္ပါသည္။ ဆႏၵေစာေနမိျခင္း ျဖစ္သည္။ တိုင္းရင္းသားမ်ားကသာ NLDပါတီကို မယံုၾကည္လွ်င္ ျပည္ေထာင္စုတို႔ ဖက္ဒရယ္တို႔ဆိုတာေတြ ေဝးၿပီဟုထင္မိပါေၾကာင္း။   ။