(Unicode version)
ယတျာဆိုတာအည့ံပြေပျောက်အောင် လုပ်တာလို့ဘဲ နားလည်ပါတယ်။ အသေးစိတ်တော့ မသိပါ။ ကိုယ်တိုင်လဲ လုပ်ဘူးပါတယ်။ ဗေဒင်ဆရာ စံဇာနီဘိုရဲ့ မဟေသီခေတ်က ယတျာတွေဆို တွေ့ရင် လုပ်ဖြစ်ပါတယ်။ ဆရာက ရာသီနဲ့ တွက်ပေးလေ့ရှိပါတယ်။ သူ့အရင် မဂ္ဂဇင်းတွေမှာက နေ့နဲ့ဘဲ တွက်ပေးလေ့ရှိတော့ ဆရာဟောချက်က ထူးဆန်းနေတာပေါ့။ သူ့ယတျာနည်းတွေကလဲ အလွန်ခေတ်မှီပါတယ်။
စိတ်၀င်စားဖို့လဲ ကောင်းပါတယ်။ ကြာသပတေးနေ့တွင် သောကြာသားသူငယ်ချင်းအား မုန့်ကြွေးပါ။ စနေနေ့တွင် ဖိနပ်အသစ်၀ယ်စီးပါ။ မွေးနေ့တွင် အနောက်အရပ်သို့လှည့်၍ ရေတခွက်သောက်ယင်း ဆုတောင်းပါ၊ ဆိုတာတွေပါ။ လွယ်လွယ်ကူကူ လုပ်နိုင်တာမျိုးလေးတွေ ဆိုတော့ကြုံယင်လုပ်လိုက်ကျတာပါဘဲ။ မြန်မာပြည် မှာတော့ ဗေဒင်ယတျာနဲ့ ကင်းသူ ရှားပါလိမ့်မယ်။ ကိုယ် စိတ်မ၀င်စားလို့ မလုပ်တာတောင် မိဘဆွေမျိုး အပေါင်းအသင်း တွေက လုပ်ပေးဘူးတာ ကြုံဘူးကြမှာပါ။
ယတျာကောင်းရင် မင်းလောင်းပျောက်တယ်လို့ စွဲနေကြတ့ဲ မြန်မာပြည်ဘဲလေ။ တိုင်းပြည်ကောင်းအောင်သာ မစွမ်းရှိမယ်။ အုပ်ချုပ်သူတွေအတွက်ဆို ယတျာတွေက စွမ်းမှစွမ်းဖြစ်နေတာလား မသိပါ။
ခုပုံမှ တွေ့ရသလိုပါဘဲ။ နာမည်ကြီးစေတီ တဆူအပေါ်မှာ တွေ့ခ့ဲရပါတယ်။ လှမ်းမြင်ရသလောက်တော့ ယိုးဒယားမြစေတီပုံတူ တဆူတင်ထားတာပါ။ ယတျာလို့ဘဲ ထင်တာပါဘဲ။ အရှေ့တောင်ထောင့်လောက်ကို လှည့်ထားပါတယ်။ သာမန်ကတော့ စေတီ အလှပျက်ပါတယ်။ ဘာရည်ရွယ်ချက်လဲ မသိပါဘူး။ ဒီနေရာမျိုးမှာ ဒီလောက်ထူးထူးခြားခြား လုပ်ခွင့်ရတာ တော်ယုံ၀ိတ်နဲ့ မရလောက်ပါ။ နိုင်ငံတော် အဆင့်လောက်ဖြစ်နိုင်ပါတယ်။
နိုင်ငံတော်ကြီး တိုးတက်ရေးအတွက်လား။ အုပ်ချုပ်သူ မင်းများအတွက်လားတော့ မသိပါ။
ဘာကြောင့်ဖြစ်ဖြစ် ဘုရားကို ကြည်ညိုရတာ စိတ်အနှောင့်အယှက်ဖြစ်မိကြောင်းပါ။ ။
XxXxXx
(Zawgyi version)
ယတ်ာဆိုတာအည့ံေျပေပ်ာက္ေအာင္ လုပ္တာလို႔ဘဲ နားလည္ပါတယ္။ အေသးစိတ္ေတာ့ မသိပါ။ ကိုယ္တိုင္လဲ လုပ္ဘူးပါတယ္။ ေဗဒင္ဆရာ စံဇာနီဘိုရဲ႕ မေဟသီေခတ္က ယတ်ာေတြဆို ေတြ႔ရင္ လုပ္ျဖစ္ပါတယ္။ ဆရာက ရာသီနဲ႔ တြက္ေပးေလ့႐ွိပါတယ္။ သူ႔အရင္ မဂၢဇင္းေတြမွာက ေန႔နဲ႔ဘဲ တြက္ေပးေလ့႐ွိေတာ့ ဆရာေဟာခ်က္က ထူးဆန္းေနတာေပါ့။ သူ႔ယတ်ာနည္းေတြကလဲ အလြန္ေခတ္မွီပါတယ္။
စိတ္၀င္စားဖို႔လဲ ေကာင္းပါတယ္။ ၾကာသပေတးေန႔တြင္
ေသာၾကာသားသူငယ္ခ်င္းအား မုန္႔ေႂကြးပါ။ စေနေန႔တြင္
ဖိနပ္အသစ္၀ယ္စီးပါ။ ေမြးေန႔တြင္ အေနာက္အရပ္သို႔လွည့္၍
ေရတခြက္ေသာက္ယင္း ဆုေတာင္းပါ၊ ဆိုတာေတြပါ။ လြယ္လြယ္ကူကူ
လုပ္ႏိုင္တာမ်ိဳးေလးေတြ ဆိုေတာ့ၾကံဳယင္လုပ္လိုက္က်တာပါဘဲ။
ျမန္မာျပည္ မွာေတာ့ ေဗဒင္ယတ်ာနဲ႔ ကင္းသူ ႐ွားပါလိမ့္မယ္။ ကိုယ္
စိတ္မ၀င္စားလို႔ မလုပ္တာေတာင္ မိဘေဆြမ်ိဳး အေပါင္းအသင္း ေတြက
လုပ္ေပးဘူးတာ ၾကံဳဘူးၾကမွာပါ။
ယတ်ာေကာင္းရင္
မင္းေလာင္းေပ်ာက္တယ္လို႔ စြဲေနၾကတ့ဲ ျမန္မာျပည္ဘဲေလ။
တိုင္းျပည္ေကာင္းေအာင္သာ မစြမ္း႐ွိမယ္။ အုပ္ခ်ဳပ္သူေတြအတြက္ဆို
ယတ်ာေတြက စြမ္းမွစြမ္းျဖစ္ေနတာလား မသိပါ။
ခုပံုမွ
ေတြ႔ရသလိုပါဘဲ။ နာမည္ႀကီးေစတီ တဆူအေပၚမွာ ေတြ႔ခ့ဲရပါတယ္။
လွမ္းျမင္ရသေလာက္ေတာ့ ယိုးဒယားျမေစတီပံုတူ တဆူတင္ထားတာပါ။
ယတ်ာလို႔ဘဲ ထင္တာပါဘဲ။ အေ႐ွ့ေတာင္ေထာင့္ေလာက္ကို လွည့္ထားပါတယ္။
သာမန္ကေတာ့ ေစတီ အလွပ်က္ပါတယ္။ ဘာရည္ရြယ္ခ်က္လဲ မသိပါဘူး။
ဒီေနရာမ်ိဳးမွာ ဒီေလာက္ထူးထူးျခားျခား လုပ္ခြင့္ရတာ ေတာ္ယံု၀ိတ္နဲ႔
မရေလာက္ပါ။ ႏိုင္ငံေတာ္ အဆင့္ေလာက္ျဖစ္ႏိုင္ပါတယ္။
ႏိုင္ငံေတာ္ႀကီး တိုးတက္ေရးအတြက္လား။ အုပ္ခ်ဳပ္သူ မင္းမ်ားအတြက္လားေတာ့ မသိပါ။
ဘာေၾကာင့္ျဖစ္ျဖစ္ ဘုရားကို ၾကည္ညိဳရတာ စိတ္အေႏွာင့္အယွက္ျဖစ္မိေၾကာင္းပါ။ ။
No comments:
Post a Comment
Thank you.