07 February 2009

Man Utd


-->
-->

(Unicode version)

ဒီ စာကို ရေးဖို့ ကျွန်တော် စဉ်းစားတာ လွန်ခဲ့တဲ့ နှစ်ပတ် မန်ယူ အသင်း အေ၀း ဘိုလ်တန် ကွင်းမှာ နိုင်ကတည်းကပါ။ အဲဒီအချိန်က လီဗာပူး က အဲဗာတန် နဲ့ မကန်ခင် ကလေးကပါ။ ခုမှ ရေးတော့ တစ်မျိုးဖြစ်နေပါတယ်။


တကယ်က ကျွန်တော်က မန်ယူ fan ပါ။ ၁၉၉၁ - ၂ လောက်က စပြီး မန်ယူ ကို သတိထားခဲ့မိပြီး တောက်လျှောက် အားပေး ခ့ဲပါတယ်။ အမြဲ နိုင်လွန်းလို့ အားပေးစရာ အထူးမလို ဘူးလို့တောင် တစ်ခါတစ်ရံ ထင်ခ့ဲမိပါတယ်။ မန်ယူ ကန်ခဲ့တ့ဲပွဲ ၆၀% လောက်က နိုင်တတ်တယ်လေ။ အထူး အားပေးရမယ့် အချိန် ဆိုလို့ Champions League မှာဘဲ ရှိပါတယ်။ EPL ခေတ်မှာ နှစ်ခါဘဲ ဗိုလ်စွဲဖူးတယ်လေ။ EPL မှာ မန်ယူ နိုင်တာ ထူးမှ မထူးတာ။


ခုဒီနှစ် ၂၀၀၈ - ၉ မှာလဲ မန်ယူ ဗိုလ်စွဲ ဦးမှာပါ။ စောစောက ပြောခဲ့သလို ကျွန်တော် ရေးတာ နောက်ကျသွားတော့ ဗိုလ်စွဲခါနီးမှ ရေးတယ်ထင်ကြတော့ မှာပါ။ လီဗာပူးက ရာသီကုန်ယင် ဒုတိယ မဆိုထားနဲ့ တတိယလောက်တောင် ရောက်သွားနိုင်ပါတယ်။ အာကြီးနဲ့ ချဲဆီးကလဲ သူဖာသာသူ ရှုပ်နေပါတယ် ။ Champions League ကို အာရုံများသွားယင် ပိုဆိုးနိုင်ပါတယ်။


League ပြိုင်ပွဲ တစ်ခုမှာ ဗိုလ်စွဲဖို့ ဒါဏ်ရာကင်း ကစားသမား များများလိုပါတယ်။ ပွဲများများ ကစားရတ့ဲ အခါ ကစားသမား ထုတ်ပုံလိုပါတယ်။ ဘယ် Cup ကိုဦးစားပေး ကစားမလဲ ဆိုတာ ရွေးတတ်ရပါမယ်။ နည်းပြ ၊ မန်နေဂျာ ဟာ ဒီစဉ်းစားခန်းမှာ အရမ်းအရေးကြီးပါတယ်။ ဖာဂူဆန် ဟာ ဒီအလုပ်အတွက် မွေးဖွားလာသလိုပါဘဲ။ နောက်ဆုံး ဗိုလ်ဆွဲဖို့ အရေးကြီးတ့ဲ အချက်ကတော့ ချန်ပီယံ ဖြစ်ဖို့ ကံ ပါဘဲ။ မန်ယူ အသင်းဟာ ကစားသမားကောင်းတွေ ရှာဖွေခေါ်နိုင်တ့ဲ ၊ ကစားသမားကို အကျိုးရှိစွာ ၊ နေရာမှန်စွာ အသုံးချနိုင်တ့ဲ မန်နေဂျာ ကောင်းရှိသလို ဗိုလ်စွဲဖို့ ကံ ကလဲ အမြဲ ဖေးမခဲ့ပါတယ်။


ဒီနှစ်လဲ ဗိုလ်စွဲ ဦးမှာပါ ။ ဒါပေမ့ဲ အရေးကြီးတ့ဲ Champions League မှာ ဗိုလ်စွဲ မယ်မထင်မိ ပါဘူး။ ဒီနှစ် အီတလီ အသင်း တစ်သင်းသင်း ဗိုလ်စွဲ မယ်ထင်ပါတယ်။ နောက် England မှာ အရေးကြီးတ့ဲ cup တစ်ခု ဖြစ်တဲ့ F.A Cup မှာလဲ ဗိုလ်စွဲမယ် မထင်ပါဘူး။ ခု ဗိုလ်လုပွဲ ရောက်နေတ့ဲ League Cup မှာတော့ ဗိုလ်စွဲ နိုင်ပါတယ်။ ဒါတွေက ကျွန်တော့် အထင်ပါ ။ ဒါပေမ့ဲ ဖာဂူဆန် က လူတွေ မထင်မှတ်တာ လုပ်ပြတတ်တော့ စောင့်တော့ ကြည့်ရဦးမှာပါ ။ Double ထက်တော့ ရော့မှာ မဟုတ်တာ သေချာပါတယ် ၊ မန်ယူ အပေါင်းအသင်းတို့ ခင်ဗျား။ ။


XxXxXx 

(Zawgyi version)

ဒီ စာကို ေရးဖို႔ ကၽြန္ေတာ္ စဥ္းစားတာ လြန္ခဲ့တဲ့ ႏွစ္ပတ္ မန္ယူ အသင္း အေ၀း ဘိုလ္တန္ ကြင္းမွာ ႏိုင္ကတည္းကပါ။ အဲဒီအခ်ိန္က လီဗာပူး က အဲဗာတန္ နဲ႔ မကန္ခင္ ကေလးကပါ။ ခုမွ ေရးေတာ့ တစ္မ်ိဳးျဖစ္ေနပါတယ္။

တကယ္က ကၽြန္ေတာ္က မန္ယူ fan ပါ။ ၁၉၉၁ - ၂ ေလာက္က စၿပီး မန္ယူ ကို သတိထားခဲ့မိၿပီး ေတာက္ေလွ်ာက္ အားေပး ခ့ဲပါတယ္။ အျမဲ ႏိုင္လြန္းလို႔ အားေပးစရာ အထူးမလို ဘူးလို႔ေတာင္ တစ္ခါတစ္ရံ ထင္ခ့ဲမိပါတယ္။ မန္ယူ ကန္ခဲ့တ့ဲပြဲ ၆၀% ေလာက္က ႏိုင္တတ္တယ္ေလ။ အထူး အားေပးရမယ့္ အခ်ိန္ ဆိုလို႔ Champions League မွာဘဲ ႐ွိပါတယ္။ EPL ေခတ္မွာ ႏွစ္ခါဘဲ ဗိုလ္စြဲဖူးတယ္ေလ။ EPL မွာ မန္ယူ ႏိုင္တာ ထူးမွ မထူးတာ။

ခုဒီႏွစ္ ၂၀၀၈ - ၉ မွာလဲ မန္ယူ ဗိုလ္စြဲ ဦးမွာပါ။ ေစာေစာက ေျပာခဲ့သလို ကၽြန္ေတာ္ ေရးတာ ေနာက္က်သြားေတာ့ ဗိုလ္စြဲခါနီးမွ ေရးတယ္ထင္ၾကေတာ့ မွာပါ။ လီဗာပူးက ရာသီကုန္ယင္ ဒုတိယ မဆိုထားနဲ႔ တတိယေလာက္ေတာင္ ေရာက္သြားႏိုင္ပါတယ္။ အာႀကီးနဲ႔ ခ်ဲဆီးကလဲ သူဖာသာသူ ႐ႈပ္ေနပါတယ္ ။ Champions League ကို အာ႐ံုမ်ားသြားယင္ ပိုဆိုးႏိုင္ပါတယ္။

League ၿပိဳင္ပြဲ တစ္ခုမွာ ဗိုလ္စြဲဖို႔ ဒါဏ္ရာကင္း ကစားသမား မ်ားမ်ားလိုပါတယ္။ ပြဲမ်ားမ်ား ကစားရတ့ဲ အခါ ကစားသမား ထုတ္ပံုလိုပါတယ္။ ဘယ္ Cup ကိုဦးစားေပး ကစားမလဲ ဆိုတာ ေ႐ြးတတ္ရပါမယ္။ နည္းျပ ၊ မန္ေနဂ်ာ ဟာ ဒီစဥ္းစားခန္းမွာ အရမ္းအေရးႀကီးပါတယ္။ ဖာဂူဆန္ ဟာ ဒီအလုပ္အတြက္ ေမြးဖြားလာသလိုပါဘဲ။ ေနာက္ဆံုး ဗိုလ္ဆြဲဖို႔ အေရးႀကီးတ့ဲ အခ်က္ကေတာ့ ခ်န္ပီယံ ျဖစ္ဖို႔ ကံ ပါဘဲ။ မန္ယူ အသင္းဟာ ကစားသမားေကာင္းေတြ ႐ွာေဖြေခၚႏိုင္တ့ဲ ၊ ကစားသမားကို အက်ိဳး႐ွိစြာ ၊ ေနရာမွန္စြာ အသံုးခ်ႏိုင္တ့ဲ မန္ေနဂ်ာ ေကာင္း႐ွိသလို ဗိုလ္စြဲဖို႔ ကံ ကလဲ အျမဲ ေဖးမခဲ့ပါတယ္။

ဒီႏွစ္လဲ ဗိုလ္စြဲ ဦးမွာပါ ။ ဒါေပမ့ဲ အေရးႀကီးတ့ဲ Champions League မွာ ဗိုလ္စြဲ မယ္မထင္မိ ပါဘူး။ ဒီႏွစ္ အီတလီ အသင္း တစ္သင္းသင္း ဗိုလ္စြဲ မယ္ထင္ပါတယ္။ ေနာက္ England မွာ အေရးႀကီးတ့ဲ cup တစ္ခု ျဖစ္တဲ့ F.A Cup မွာလဲ ဗိုလ္စြဲမယ္ မထင္ပါဘူး။ ခု ဗိုလ္လုပြဲ ေရာက္ေနတ့ဲ League Cup မွာေတာ့ ဗိုလ္စြဲ ႏိုင္ပါတယ္။ ဒါေတြက ကၽြန္ေတာ့္ အထင္ပါ ။ ဒါေပမ့ဲ ဖာဂူဆန္ က လူေတြ မထင္မွတ္တာ လုပ္ျပတတ္ေတာ့ ေစာင့္ေတာ့ ၾကည့္ရဦးမွာပါ ။ Double ထက္ေတာ့ ေရာ့မွာ မဟုတ္တာ ေသခ်ာပါတယ္ ၊ မန္ယူ အေပါင္းအသင္းတို႔ ခင္ဗ်ား။ ။

No comments:

Post a Comment

Thank you.