25 July 2019

ရာစုသစ် ခင်ဝမ်း


(Zawgyi version)

   ခင္ဝမ္းပံုတူ ပန္းခ်ီနဲ႔ မဂၢဇင္း ေတြ႔လို႔ ဝယ္ျဖစ္ပါတယ္။ ခင္ဝမ္းလြန္ခ့ဲတာ ႏွစ္နွစ္ဆယ္နီးၿပီကတေၾကာင္း၊ ခင္ဝမ္းပံု မ်က္ႏွာဖံုးတင္တာကတေၾကာင္း အံ့ၾသစြာနဲ႔ပါ။ 'ရာစုသစ္မဂၢဇင္း' အတြဲ-၃ [၂၀၁၉] ပါ။
.
ခင္ဝမ္း အမွတ္တရထုတ္တာပါဘဲ။ အယ္ဒီတာ့စကား၊ ပန္းခ်ီေမာင္ညိဳဝင္းရဲ႕ အမွတ္တရစာ၊ ခင္ဝမ္းဘိုင္အိုဂရပ္ဖီနဲ႔ ေဆာင္းပါး ၉ပုဒ္ပါဝင္ပါတယ္။ ၁၉၉၅ထုတ္ မုဒိတာမဂၢဇင္းမွာ ခင္ဝမ္းေရးခ့ဲတ့ဲ 'ေငြမိုး' ဆိုတ့ဲကဗ်ာကိုလည္း ျပန္လည္ေဖာ္ျပထားပါတယ္။
.
ခင္ဝမ္းအေၾကာင္းေတြ မဖတ္ရတာၾကာလာေတာ့ သတိတရဖတ္ရတာေပါ့။ ေဆာင္းပါးေတြ အမွတ္တရေရးၾကတာက ေမာင္ဒီ၊ မ်ိဳးျမတ္သူ၊ ဂြၽန္ဘြား၊ ဘေဌးၾကည္၊ ေမာင္ညီၫြတ္၊ ၿငိမ္းခ်မ္းဆု၊ ေနမ်ိဳးနဲ႔ ေမာင္ေဆြခင္(ခရမ္းျပာ)တို႔ပါဘဲ။
.
ထူးထူးျခားျခား ေဆာင္းပါးက သမီးအရင္း 'ဇူလိုင္သီ' ေရးတ့ဲ 'အေဖ့ကိုလြမ္းတ့ဲ အလြမ္းေတြ' ျဖစ္ပါတယ္။ ခင္ဝမ္းနဲ႔သမီးေတြကို အနီးကပ္ျမင္လိုက္ရသလိုပါဘဲ။ ေပ်ာ္စရာမိသားစု ျဖစ္ခ့ဲၾကမွာပါ။
.
၂၀၁၃ထုတ္ 'ခင္ဝမ္း' စာအုပ္ထဲမွာ တခ်ိဳ႕အေၾကာင္းအရာေတြ ဖတ္ဘူးေသာ္လည္း ပံုစံသစ္တခ်ိဳ႕မို႔ ဖတ္ရတာ ႀကိဳက္ပါတယ္။ ေနာက္ေလးငါေျခာက္လအၾကာ ႏွစ္ႏွစ္ဆယ္ျပည့္မွာလည္း အမွတ္တရေတြ တဝႀကီးဖတ္ခ်င္ပါေသးတယ္။ သက္ဆိုင္သူေတြ စီစဥ္ၾကပါဦး။

XxXxXx

(Unicode version)

   ခင်ဝမ်းပုံတူ ပန်းချီနဲ့ မဂ္ဂဇင်း တွေ့လို့ ဝယ်ဖြစ်ပါတယ်။ ခင်ဝမ်းလွန်ခ့ဲတာ နှစ်နှစ်ဆယ်နီးပြီကတကြောင်း၊ ခင်ဝမ်းပုံ မျက်နှာဖုံးတင်တာကတကြောင်း အံ့သြစွာနဲ့ပါ။ 'ရာစုသစ်မဂ္ဂဇင်း' အတွဲ-၃ [၂၀၁၉] ပါ။ 
.
ခင်ဝမ်း အမှတ်တရထုတ်တာပါဘဲ။ အယ်ဒီတာ့စကား၊ ပန်းချီမောင်ညိုဝင်းရဲ့ အမှတ်တရစာ၊ ခင်ဝမ်းဘိုင်အိုဂရပ်ဖီနဲ့ ဆောင်းပါး ၉ပုဒ်ပါဝင်ပါတယ်။ ၁၉၉၅ထုတ် မုဒိတာမဂ္ဂဇင်းမှာ ခင်ဝမ်းရေးခ့ဲတ့ဲ 'ငွေမိုး' ဆိုတ့ဲကဗျာကိုလည်း ပြန်လည်ဖော်ပြထားပါတယ်။
.
ခင်ဝမ်းအကြောင်းတွေ မဖတ်ရတာကြာလာတော့ သတိတရဖတ်ရတာပေါ့။ ဆောင်းပါးတွေ အမှတ်တရရေးကြတာက မောင်ဒီ၊ မျိုးမြတ်သူ၊ ဂျွန်ဘွား၊ ဘဌေးကြည်၊ မောင်ညီညွတ်၊ ငြိမ်းချမ်းဆု၊ နေမျိုးနဲ့ မောင်ဆွေခင်(ခရမ်းပြာ)တို့ပါဘဲ။
.
ထူးထူးခြားခြား ဆောင်းပါးက သမီးအရင်း 'ဇူလိုင်သီ' ရေးတ့ဲ 'အဖေ့ကိုလွမ်းတ့ဲ အလွမ်းတွေ' ဖြစ်ပါတယ်။ ခင်ဝမ်းနဲ့သမီးတွေကို အနီးကပ်မြင်လိုက်ရသလိုပါဘဲ။ ပျော်စရာမိသားစု ဖြစ်ခ့ဲကြမှာပါ။ 
.
၂၀၁၃ထုတ် 'ခင်ဝမ်း' စာအုပ်ထဲမှာ တချို့အကြောင်းအရာတွေ ဖတ်ဘူးသော်လည်း ပုံစံသစ်တချို့မို့ ဖတ်ရတာ ကြိုက်ပါတယ်။ နောက်လေးငါခြောက်လအကြာ နှစ်နှစ်ဆယ်ပြည့်မှာလည်း အမှတ်တရတွေ တဝကြီးဖတ်ချင်ပါသေးတယ်။ သက်ဆိုင်သူတွေ စီစဉ်ကြပါဦး။ 

12 July 2019

ခြေဥ ဘယ်လိုပြင်မှာလည်း

(Zawgyi version)

   လာမယ့္ ၁၇ရက္ေန႔တြင္ ျပည္ေထာင္စုလႊတ္ေတာ္သို႔ ေျခဥျပင္ဖို႔ တင္မည္ထင္သည္။ ေျခဥျပင္ေရး လႊတ္ေတာ္မွဖြဲ႔ေပးထားတ့ဲ ေကာ္မတီက လႊတ္ေတာ္နားခ်ိန္မွာ အစည္းအေဝးေတြလုပ္ၿပီး ျပင္သင့္တ့ဲအခ်က္ေတြ ျပဳစုၿပီးသြာၿပီဟုဆိုသည္။
.
ဘယ္လိုျပင္မွာလည္း သိခ်င္လွၿပီ။ ဥာဏ္မမွီပါ။ ဘာေၾကာင့္လည္းဆိုေတာ့ ေျခဥ႐ွိ ျပည္သူအမ်ားစု ျပင္ခ်င္သည့္အခ်က္ေတြက စစ္တပ္မွေထာက္ခံမွ ျပင္၍ ရမည္။ စစ္တပ္ကလည္ သူတို႔ကို ေျခဥမွဖယ့္သည့္ကိစၥ မည္သို႔ေထာက္ခံမည္နည္း။
.
ပံုမွန္အတိုင္ျပင္ဖို႔ မလြယ္တာ ဦးေအာင္ၾကည္ၫြန္႔နဲ႔ ေဒါက္တာျမတ္ဥာဏစိုးတို႔ ဦးေဆာင္ေသာ ေကာ္မတီကလည္း မသိမဟုတ္။ တနည္းနည္းေတာ့ ဝိနည္းလြတ္လုပ္မွရမည္ကို သိထားၿပီးသား။ 
.
ထိုေကာ္မတီက ေဆြးေႏြးဆံုးျဖတ္သမွ် ျပင္ပမေပါက္ၾကားရဟု ဆံုးျဖတ္ထားသျဖင့္ ဘာေတြျပင္မည္ကို အတိအက် မသိၾကရ။ ဘယ္လိုျပင္မည္ကို မသိၾကရ။ ခန္႔မွန္းေနၾကယံုသာ။ သို႔ေသာ္လည္း ထိုေကာ္မတီတြင္ စစ္တပ္ကိုယ္စားလွယ္မ်ား ပါသျဖင့္ တပ္ခ်ဳပ္က အခ်ိန္မဆိုင္း အကုန္သိၿပီးေလာက္ၿပီ။ သမ႐ိုးက်နည္းနဲ႔ေတာ့ ျပင္ခြင့္ျပဳပါ့မလား။
.
ဆႏၵေတြေစာတာ မဟုတ္ေသာ္လည္း သိခ်င္လွၿပီ။ ထိုေန႔တြင္ တခါတည္း မဲခြဲမည္ဟုယူဆၾက၍ ေထာက္ခံပြဲေတြလုပ္ဖို႔ တာဆူေနၾကၿပီ။ ေကာ္မတီသည္ မျဖစ္ႏိုင္မ့ဲလမ္းကို ဇြတ္ေလ်ာက္မယ္ မထင္။ ျပင္ဖို႔ႀကိဳးစားေသာ္လည္း မရဟုဆိုယံု လုပ္မည္မထင္။
.
 တနည္းဘဲ စဥ္းစားမိသည္မွာ ဒီအခ်က္ေတြျပင္ခ်င္တယ္၊ ျပင္သင့္မျပင္သင့္ ျပည္သူ႔ဆႏၵခံယူပြဲနဲ႔ ဆံုးျဖတ္ခိုင္းမလား။ ဒါဆို ၄၃၆လြတ္မလား။ သိေတာ့ သိခ်င္လွၿပီ။   ။

XxXxXx

(Unicode)

   လာမယ့် ၁၇ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ ခြေဥပြင်ဖို့ တင်မည်ထင်သည်။ ခြေဥပြင်ရေး လွှတ်တော်မှဖွဲ့ပေးထားတ့ဲ ကော်မတီက လွှတ်တော်နားချိန်မှာ အစည်းအဝေးတွေလုပ်ပြီး ပြင်သင့်တ့ဲအချက်တွေ ပြုစုပြီးသွာပြီဟုဆိုသည်။
.
ဘယ်လိုပြင်မှာလည်း သိချင်လှပြီ။ ဉာဏ်မမှီပါ။ ဘာကြောင့်လည်းဆိုတော့ ခြေဥရှိ ပြည်သူအများစု ပြင်ချင်သည့်အချက်တွေက စစ်တပ်မှထောက်ခံမှ ပြင်၍ ရမည်။ စစ်တပ်ကလည် သူတို့ကို ခြေဥမှဖယ့်သည့်ကိစ္စ မည်သို့ထောက်ခံမည်နည်း။
.
ပုံမှန်အတိုင်ပြင်ဖို့ မလွယ်တာ ဦးအောင်ကြည်ညွန့်နဲ့ ဒေါက်တာမြတ်ဉာဏစိုးတို့ ဦးဆောင်သော ကော်မတီကလည်း မသိမဟုတ်။ တနည်းနည်းတော့ ဝိနည်းလွတ်လုပ်မှရမည်ကို သိထားပြီးသား။ 
.
ထိုကော်မတီက ဆွေးနွေးဆုံးဖြတ်သမျှ ပြင်ပမပေါက်ကြားရဟု ဆုံးဖြတ်ထားသဖြင့် ဘာတွေပြင်မည်ကို အတိအကျ မသိကြရ။ ဘယ်လိုပြင်မည်ကို မသိကြရ။ ခန့်မှန်းနေကြယုံသာ။ သို့သော်လည်း ထိုကော်မတီတွင် စစ်တပ်ကိုယ်စားလှယ်များ ပါသဖြင့် တပ်ချုပ်က အချိန်မဆိုင်း အကုန်သိပြီးလောက်ပြီ။ သမရိုးကျနည်းနဲ့တော့ ပြင်ခွင့်ပြုပါ့မလား။
.
ဆန္ဒတွေစောတာ မဟုတ်သော်လည်း သိချင်လှပြီ။ ထိုနေ့တွင် တခါတည်း မဲခွဲမည်ဟုယူဆကြ၍ ထောက်ခံပွဲတွေလုပ်ဖို့ တာဆူနေကြပြီ။ ကော်မတီသည် မဖြစ်နိုင်မ့ဲလမ်းကို ဇွတ်လျောက်မယ် မထင်။ ပြင်ဖို့ကြိုးစားသော်လည်း မရဟုဆိုယုံ လုပ်မည်မထင်။
.
 တနည်းဘဲ စဉ်းစားမိသည်မှာ ဒီအချက်တွေပြင်ချင်တယ်၊ ပြင်သင့်မပြင်သင့် ပြည်သူ့ဆန္ဒခံယူပွဲနဲ့ ဆုံးဖြတ်ခိုင်းမလား။ ဒါဆို ၄၃၆လွတ်မလား။ သိတော့ သိချင်လှပြီ။ ။


09 July 2019

စစ်တပ်နဲ့ နိုင်ငံရေးပါတီ


(Zawgyi version)

   တပ္မေတာ္ စစ္တပ္နဲ႔ ႏိုင္ငံေရးပါတီဆိုတာ ျပဒါးတလမ္း သံတလမ္းပါဘဲ။ ဘယ္လိုမွ ပတ္သက္လို႔မရ၊ မပတ္သက္သင့္တ့ဲ အရာႏွစ္ခုပါ။ ဒီမိုကေရစီစံနစ္ က်င့္သံုးတ့ဲ ႏိုင္ငံေတြမွာ ပိုသိသာတာေပါ့။
.
စစ္တပ္ေတြ ႏိုင္ငံအုပ္ခ်ဳပ္ခ်င္ေတာ့ အာဏာသိမ္းတတ္ပါတယ္။ အနည္းငယ္ၾကာလာတာနဲ႔ ႏိုင္ငံေရးပါတီေထာင္ၿပီး ဒီမိုကေရစီအတုလုပ္ အုပ္ခ်ဳပ္တတ္ပါတယ္။ ေအာင္ျမင္တ့ဲႏိုင္ငံ ကမာၻမွာ မ႐ွိသေလာက္ပါဘဲ။
.
ျမန္မာ့သမိုင္းကို ျပန္ၾကည့္ရင္ သိသာတာတခု ေတြ႔ရမွာပါ။ ဖာသိဖာသာေနတတ္တယ္ ထင္ရတ့ဲ ျမန္မာႏိုင္ငံသားေတြရဲ႕ ႏိုင္ငံေရး ေရခ်ိန္ ျမင့္လို႔လား မသိပါဘူး။ အာဏာသိမ္းၿပီး ဖြဲ႔ခ့ဲတ့ဲ မဆလပါတီကလြဲရင္ ျမန္မာ့ႏိုင္ငံေရးမွာ စစ္တပ္ကေထာင္ေပးတ့ဲပါတီ လူထုက မဲမေပးတာ ေတြ႔ရမွာပါ။ မဆလပါတီေခတ္ကေတာ့ ဒီမိုကေရစီ မဲေပးတ့ဲေခတ္မဟုတ္လို႔ အုပ္ခ်ဳပ္ခြင့္ရတာပါ။ လူထုလက္မခံေတာ့ ျပဳတ္သြားတာပါဘဲ။
.
ပထမဆံုး ဖဆပလပါတီ အုပ္ခ်ဳပ္ေနခ်ိန္ ပါတီကြဲပါတယ္။ တည္ျမဲနဲ႔ သန္႔႐ွင္းဆိုၿပီးေပါ့။ ေရြးေကာက္ပြဲမွာ စစ္တပ္က ပိုင္ၿပီဆိုၿပီး တည္ျမဲဖဆပလဘက္က ဝင္ကူၾကတာ ဦးႏုေခါင္းေဆာင္တ့ဲ သန္႔႐ွင္းဖဆပလက မဲအျပတ္ႏိုင္ပါတယ္။ ဒါကိုမေၾကနပ္ေတာ့ ၆၂မွာ အာဏာသိမ္းခ့ဲတာပါ။
.
အာဏာသိမ္းၿပီး မဆလပါတီေထာင္ အုပ္ခ်ဳပ္ပါတယ္။ ၂၆ႏွစ္အၾကာ ၈၈မွာ လူထုက လက္မခံေတာ့ တျပည္လံုး ဆႏၵျပျဖဳတ္ခ်ပါတယ္။ စစ္တပ္က အာဏာထပ္သိမ္းပါတယ္။ သူတို႔ႏိုင္မယ္ထင္ၿပီး ေရြးေကာက္ပြဲ လုပ္ပါတယ္။ မဆလ မဟန္မွန္းသိလို္ တဆညဆိုၿပီး ဝင္ပါတယ္။ ဦးတင္ဦးနဲ႔ အေမစုဦးေဆာင္တ့ဲ NLDပါတီက မဲအျပတ္အသတ္ႏိုင္ပါတယ္။
.
အာဏာလႊဲမေပးပါဘူး။ ႏွစ္ႏွစ္ဆယ္ေက်ာ္ စစ္အစိုးရအေနနဲ႔ ဆက္အုပ္ခ်ဳပ္ပါတယ္။ သူတို႔ စိတ္ႀကိဳက္ ၾကံ့ဖြံ႔ လူမႈေရးအသင္းေထာင္တယ္။ စိတ္ႀကိဳက္ေျခဥေရးၿပီးမွ ႏိုင္ငံ့ဘ႑ာေတြနဲ႔ ဖြဲ႔ထားတ့ဲ စစ္ဗိုလ္ႀကီးမ်ားဦးေဆာင္တ့ဲ ၾကံ့ဖြတ္အသင္းကို ပါတီအျဖစ္ေျပာင္းၿပီး ေရြးေကာက္ပြဲလုပ္တယ္။ ျပည္သူစိတ္မဝင္စားတ့ဲ ၂၀၁၀မွာေတာင္ မဲခိုးၿပီးဘဲႏိုင္ပါတယ္။ ၂၀၁၅က်ေတာ့ NLDလည္းဝင္ၿပိဳင္ေရာ ႐ွံုးလိုက္တာမွ အျပတ္အသတ္ဘဲ။
.
ဒီသံုးႀကိမ္ကိုၾကည့္ျခင္းျဖင့္ စစ္တပ္နဲ႔ပတ္သက္တ့ဲပါတီ၊ စစ္တပ္က တည္ေထာင္တ့ဲပါတီ၊ စစ္တပ္က ေနာက္ကြယ္မွာ႐ွိတယ္လို႔ အထင္ခံရတ့ဲပါတီ မွန္ကန္တ့ဲ ေရြးေကာက္ပြဲမွာ ႏိုင္ေျခမ႐ွိတာ အထင္အ႐ွားျဖစ္ေၾကာင္းပါခင္ဗ်ာ။

XxXxXx

(Unicode version)

   တပ်မတော် စစ်တပ်နဲ့ နိုင်ငံရေးပါတီဆိုတာ ပြဒါးတလမ်း သံတလမ်းပါဘဲ။ ဘယ်လိုမှ ပတ်သက်လို့မရ၊ မပတ်သက်သင့်တ့ဲ အရာနှစ်ခုပါ။ ဒီမိုကရေစီစံနစ် ကျင့်သုံးတ့ဲ နိုင်ငံတွေမှာ ပိုသိသာတာပေါ့။
.
စစ်တပ်တွေ နိုင်ငံအုပ်ချုပ်ချင်တော့ အာဏာသိမ်းတတ်ပါတယ်။ အနည်းငယ်ကြာလာတာနဲ့ နိုင်ငံရေးပါတီထောင်ပြီး ဒီမိုကရေစီအတုလုပ် အုပ်ချုပ်တတ်ပါတယ်။ အောင်မြင်တ့ဲနိုင်ငံ ကမ္ဘာမှာ မရှိသလောက်ပါဘဲ။
.
မြန်မာ့သမိုင်းကို ပြန်ကြည့်ရင် သိသာတာတခု တွေ့ရမှာပါ။ ဖာသိဖာသာနေတတ်တယ် ထင်ရတ့ဲ မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံရေး ရေချိန် မြင့်လို့လား မသိပါဘူး။ အာဏာသိမ်းပြီး ဖွဲ့ခ့ဲတ့ဲ မဆလပါတီကလွဲရင် မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ကထောင်ပေးတ့ဲပါတီ လူထုက မဲမပေးတာ တွေ့ရမှာပါ။ မဆလပါတီခေတ်ကတော့ ဒီမိုကရေစီ မဲပေးတ့ဲခေတ်မဟုတ်လို့ အုပ်ချုပ်ခွင့်ရတာပါ။ လူထုလက်မခံတော့ ပြုတ်သွားတာပါဘဲ။
.
ပထမဆုံး ဖဆပလပါတီ အုပ်ချုပ်နေချိန် ပါတီကွဲပါတယ်။ တည်မြဲနဲ့ သန့်ရှင်းဆိုပြီးပေါ့။ ရွေးကောက်ပွဲမှာ စစ်တပ်က ပိုင်ပြီဆိုပြီး တည်မြဲဖဆပလဘက်က ဝင်ကူကြတာ ဦးနုခေါင်းဆောင်တ့ဲ သန့်ရှင်းဖဆပလက မဲအပြတ်နိုင်ပါတယ်။ ဒါကိုမကြေနပ်တော့ ၆၂မှာ အာဏာသိမ်းခ့ဲတာပါ။
.
အာဏာသိမ်းပြီး မဆလပါတီထောင် အုပ်ချုပ်ပါတယ်။ ၂၆နှစ်အကြာ ၈၈မှာ လူထုက လက်မခံတော့ တပြည်လုံး ဆန္ဒပြဖြုတ်ချပါတယ်။ စစ်တပ်က အာဏာထပ်သိမ်းပါတယ်။ သူတို့နိုင်မယ်ထင်ပြီး ရွေးကောက်ပွဲ လုပ်ပါတယ်။ မဆလ မဟန်မှန်းသိလို် တဆညဆိုပြီး ဝင်ပါတယ်။ ဦးတင်ဦးနဲ့ အမေစုဦးဆောင်တ့ဲ NLDပါတီက မဲအပြတ်အသတ်နိုင်ပါတယ်။
.
အာဏာလွှဲမပေးပါဘူး။ နှစ်နှစ်ဆယ်ကျော် စစ်အစိုးရအနေနဲ့ ဆက်အုပ်ချုပ်ပါတယ်။ သူတို့ စိတ်ကြိုက် ကြံ့ဖွံ့ လူမှုရေးအသင်းထောင်တယ်။ စိတ်ကြိုက်ခြေဥရေးပြီးမှ နိုင်ငံ့ဘဏ္႑ာတွေနဲ့ ဖွဲ့ထားတ့ဲ စစ်ဗိုလ်ကြီးများဦးဆောင်တ့ဲ ကြံ့ဖွတ်အသင်းကို ပါတီအဖြစ်ပြောင်းပြီး ရွေးကောက်ပွဲလုပ်တယ်။ ပြည်သူစိတ်မဝင်စားတ့ဲ ၂၀၁၀မှာတောင် မဲခိုးပြီးဘဲနိုင်ပါတယ်။ ၂၀၁၅ကျတော့ NLDလည်းဝင်ပြိုင်ရော ရှုံးလိုက်တာမှ အပြတ်အသတ်ဘဲ။
.
ဒီသုံးကြိမ်ကိုကြည့်ခြင်းဖြင့် စစ်တပ်နဲ့ပတ်သက်တ့ဲပါတီ၊ စစ်တပ်က တည်ထောင်တ့ဲပါတီ၊ စစ်တပ်က နောက်ကွယ်မှာရှိတယ်လို့ အထင်ခံရတ့ဲပါတီ မှန်ကန်တ့ဲ ရွေးကောက်ပွဲမှာ နိုင်ခြေမရှိတာ အထင်အရှားဖြစ်ကြောင်းပါခင်ဗျာ။

02 July 2019

ဝါဆိုလ တံဆိပ်ခေါင်း

 (Zawgyi version)

   ယေန႔ ရာသီပန္းနဲ႔ ပြဲေတာ္စီးရီးအတြက္ ဝါဆိုလတံဆိပ္ေခါင္း ထြက္ပါတယ္။ ရဟန္းခံ႐ွင္ျပဳပြဲနဲ႔ ပုန္းညက္ပန္းပါ။
.
တံဆိပ္ေခါင္းက ၂၀၀က်ပ္တန္ ျဖစ္ၿပီး FDC လည္းထြက္ပါတယ္။

XxXxXx

(Unicode version)

   ယနေ့ ရာသီပန်းနဲ့ ပွဲတော်စီးရီးအတွက် ဝါဆိုလတံဆိပ်ခေါင်း ထွက်ပါတယ်။ ရဟန်းခံရှင်ပြုပွဲနဲ့ ပုန်းညက်ပန်းပါ။
.
တံဆိပ်ခေါင်းက ၂၀၀ကျပ်တန် ဖြစ်ပြီး FDC လည်းထွက်ပါတယ်။ 

30 June 2019

ခင်ဝမ်းသီချင်းနဲ့ ချစ်ရေးဆိုသူ၊



(Zawgyi version)

   ဆရာဦးေက်ာ္ဝင္းရဲ႕စာအုပ္ ''ေပ်ာက္ဆံုးသြားေသာ မ်ိဳးဆက္တစ္ခု'' တတိယတြဲကို စဖတ္ကာစမွာဘဲ ေရးစရာေပၚလာတယ္။
.
ဆရာေထာင္က လြတ္ကာစ မံုရြာျပန္ေရာက္ေတာ့ အရင္ကရင္းႏွီးခ့ဲသူ မံုရြာသူေလးကို ခ်စ္ေရးဆိုတယ္။ ဘယ္လိုလည္းဆိုေတာ့ ကိုေနဝင္းေရးၿပီး ခင္ဝမ္းျပန္ဆိုတ့ဲ ''ေနမင္းျပံဳးမယ့္ေ႔န သီခ်င္းကို စီဒီခုတ္၊ သီခ်င္းစာသားနဲ႔အတူ ေပးၿပီးေျပာခ့ဲတာတ့ဲ။ မူလဆိုသူ ထီးဆိုင္ဗား႐ွင္းမဟုတ္ဘူးေနာ္။
.
မံုရြာသူေလးက ဆရာတင္မိုးရဲ႕ ကဗ်ာနဲ႔အေၾကာင္းျပန္ေတာ့ ဆရာတို႔ အဆင္ေျပသြားၾကပါတယ္။ ေလးစားသြားၿပီဗ်ာ။

XxXxXx

(Unicode version)

   ဆရာဦးကျော်ဝင်းရဲ့စာအုပ် ''ပျောက်ဆုံးသွားသော မျိုးဆက်တစ်ခု'' တတိယတွဲကို စဖတ်ကာစမှာဘဲ ရေးစရာပေါ်လာတယ်။
.
ဆရာထောင်က လွတ်ကာစ မုံရွာပြန်ရောက်တော့ အရင်ကရင်းနှီးခ့ဲသူ မုံရွာသူလေးကို ချစ်ရေးဆိုတယ်။ ဘယ်လိုလည်းဆိုတော့ ကိုနေဝင်းရေးပြီး ခင်ဝမ်းပြန်ဆိုတ့ဲ ''နေမင်းပြုံးတ့ဲနေ့'' သီချင်းကို စီဒီခုတ်၊ သီချင်းစာသားနဲ့အတူ ပေးပြီးပြောခ့ဲတာတ့ဲ။ မူလဆိုသူ ထီးဆိုင်ဗားရှင်းမဟုတ်ဘူးနော်။
.
မုံရွာသူလေးက ဆရာတင်မိုးရဲ့ ကဗျာနဲ့အကြောင်းပြန်တော့ ဆရာတို့ အဆင်ပြေသွားကြပါတယ်။ လေးစားသွားပြီဗျာ။ 

26 June 2019

မီတာခတက်တာရဲ့ နောက်ဆက်တွဲ



(Zawgyi version)

စဥ္းစားမိတာပါ။ မီတာခတက္တာ ေနာက္ဆက္တြဲေပါ့။
.
မဆလေခတ္က လွ်ပ္စစ္မီး ျပသနာမၾကားရဘူး။ လာခ်င္လာမယ္။ လွ်ပ္စစ္ပစၥည္း သံုးသူနည္းပါေသးတယ္။
.
နဝတေခတ္ ေစ်းကြက္စီးပြားေရးဖြင့္လိုက္ေတာ့ အိမ္ေတြမွာ တီဗီနဲ႔ ထမင္းအိုးေရာက္လာတယ္။ အျခား လ်ပ္စစ္ပစၥည္းေတြလည္း သံုးလာၾကေတာ့ မီးအားက်တာ ဆိုးလာတယ္။ သူတို႔ရဲ႕ လွ်ပ္စစ္နဲ႔ပတ္သက္တ့ဲ အသိနဲ႔ စီမံခန္႔ခြဲမႈက သိၿပီးျဖစ္လို႔ မေျပာေတာ့ပါ။
.
ဒီေတာ့ ျပည္သူေတြက  ကိုယ့္ဖာသာ လိုအပ္ခ်က္ကို ျဖည့္ရတာေပါ့။ ဖြဘုတ္မေပၚေသးလို႔ လမ္းေပၚထြက္ေျပာရင္ နရင္းက်င္းခံရမယ္။ ဒီေတာ့ မီးက်ရင္သံုးဖို႔ မီးအားျမႇင့္စက္ဆိုတာေတြ စဝယ္သံုးၾကရတယ္။ ဆရာႀကီး ဦးေဖသိန္းထုတ္တ့ဲ UPT မီးျမႇင့္စက္ဆို နာမည္ႀကီးေပါ့။ တတ္ႏိုင္သူအခ်ိဳ႕ မီးစက္ဝယ္သံုးၾကရၿပီ။ ဘာသံမွ မထြက္ရဲဘူး။
.
အ့ဲဒီကစလို႔ ဝယ္သံုးၾကရတ့ဲ အီးပီစီအေထာက္အကူျပဳပစၥည္းေတြ မနည္းပါ။ မီးျမႇင့္စက္၊ မီးစက္၊ ယူပီအက္စ္၊ ေဆ့ဂတ္ စသျဖင့္ေပါ့၊ တအိမ္တအိမ္ မနည္းဘူး။ စဥ္းစားၾကည့္ဘူးတယ္။ အိမ္တိုင္းက အပိုဝယ္ရတာေတြ တႏိုင္ငံလံုးေပါင္းရင္ ႏုကလိယဓာတ္အားေပးစက္ရံု ေထာင္ႏိုင္ေလာက္ရဲ႕လို႔။
.
ဒါေပမ့ဲ ဘာသံမွ မထြက္ရဲဘူး။ ကိုယ္သံုးခ်င္ ကိုယ္ပိုက္ဆံ႐ွာဘဲ။ မီးမွိန္မွိန္ေလးလာလည္း ေပ်ာ္ေနရတာ။ ခု ဒီအစိုးရက ဒါမ်ိဳးအပိုေတြ မသံုးရေအာင္ စလုပ္ေတာ့မွ အသံေတြထြက္လိုက္ၾကတာ။ ထပ္ဆဲဖို႔ သတိေပးလိုက္ဦးမယ္။ စံနစ္မွန္လို႔ မီးမွန္ရင္ သင္တို႔ဝယ္ခ့ဲတ့ဲ အီးပီစီအေထာက္အကူျပဳပစၥည္းေတြ အလကားျဖစ္ၿပီ။ မဟုတ္တာလုပ္ခ့ဲသူကို မဆဲရဲေတာ့ ေကာင္းေအာင္လုပ္သူကိုဘဲ ထပ္ဆဲၾကေပါ့။     ။

XxXxXx

(Unicode version)

စဉ်းစားမိတာပါ။ မီတာခတက်တာ နောက်ဆက်တွဲပေါ့။
.
မဆလခေတ်က လျှပ်စစ်မီး ပြသနာမကြားရဘူး။ လာချင်လာမယ်။ လျှပ်စစ်ပစ္စည်း သုံးသူနည်းပါသေးတယ်။
.
နဝတခေတ် ဈေးကွက်စီးပွားရေးဖွင့်လိုက်တော့ အိမ်တွေမှာ တီဗီနဲ့ ထမင်းအိုးရောက်လာတယ်။ အခြား လျပ်စစ်ပစ္စည်းတွေလည်း သုံးလာကြတော့ မီးအားကျတာ ဆိုးလာတယ်။ သူတို့ရဲ့ လျှပ်စစ်နဲ့ပတ်သက်တ့ဲ အသိနဲ့ စီမံခန့်ခွဲမှုက သိပြီးဖြစ်လို့ မပြောတော့ပါ။
.
ဒီတော့ ပြည်သူတွေက ကိုယ့်ဖာသာ လိုအပ်ချက်ကို ဖြည့်ရတာပေါ့။ ဖွဘုတ်မပေါ်သေးလို့ လမ်းပေါ်ထွက်ပြောရင် နရင်းကျင်းခံရမယ်။ ဒီတော့ မီးကျရင်သုံးဖို့ မီးအားမြှင့်စက်ဆိုတာတွေ စဝယ်သုံးကြရတယ်။ ဆရာကြီး ဦးဖေသိန်းထုတ်တ့ဲ UPT မီးမြှင့်စက်ဆို နာမည်ကြီးပေါ့။ တတ်နိုင်သူအချို့ မီးစက်ဝယ်သုံးကြရပြီ။ ဘာသံမှ မထွက်ရဲဘူး။
.
အ့ဲဒီကစလို့ ဝယ်သုံးကြရတ့ဲ အီးပီစီအထောက်အကူပြုပစ္စည်းတွေ မနည်းပါ။ မီးမြှင့်စက်၊ မီးစက်၊ ယူပီအက်စ်၊ ဆေ့ဂတ် စသဖြင့်ပေါ့၊ တအိမ်တအိမ် မနည်းဘူး။ စဉ်းစားကြည့်ဘူးတယ်။ အိမ်တိုင်းက အပိုဝယ်ရတာတွေ တနိုင်ငံလုံးပေါင်းရင် နုကလိယဓာတ်အားပေးစက်ရုံ ထောင်နိုင်လောက်ရဲ့လို့။
.
ဒါပေမ့ဲ ဘာသံမှ မထွက်ရဲဘူး။ ကိုယ်သုံးချင် ကိုယ်ပိုက်ဆံရှာဘဲ။ မီးမှိန်မှိန်လေးလာလည်း ပျော်နေရတာ။ ခု ဒီအစိုးရက ဒါမျိုးအပိုတွေ မသုံးရအောင် စလုပ်တော့မှ အသံတွေထွက်လိုက်ကြတာ။ ထပ်ဆဲဖို့ သတိပေးလိုက်ဦးမယ်။ စံနစ်မှန်လို့ မီးမှန်ရင် သင်တို့ဝယ်ခ့ဲတ့ဲ အီးပီစီအထောက်အကူပြုပစ္စည်းတွေ အလကားဖြစ်ပြီ။ မဟုတ်တာလုပ်ခ့ဲသူကို မဆဲရဲတော့ ကောင်းအောင်လုပ်သူကိုဘဲ ထပ်ဆဲကြပေါ့။ ။

24 June 2019

စင်ကာပူသွား တောလား၊


(Zawgyi version)

စင္ကာပူ ေရာက္သည့္ေန႔ ေလဆိပ္တာမင္နယ္ဝမ္းေ႐ွ႕တြင္ အသစ္ဖြင့္ေသာ Jewel ဆိုေသာ ဆိုင္အစုကို ၾကည့္မိ၍သာ ေတာ္ေတာ့သည္။ ျပန္သည့္ေန႔သည္ တနဂၤေႏြေန႔ ျဖစ္ေနေလရာ အလုပ္အနားရသည့္ ျမန္မာမမ်ား အပါအဝင္ လာၾကည့္သူမ်ားႏွင့္ ျပည့္ေနေလသည္။ ဆယ္ဖီအလုအယက္ဆြဲ ေအာ္ဟစ္စကားေျပာေနၾကရာ အသာလစ္ခ့ဲရေတာ့သည္။ အေကာင္းစား အသံုးအေဆာင္မ်ားႏွင့္ စားေသာက္ဆိုင္မ်ားပါသည္။ ႐ုပ္႐ွင္ရံုပါ႐ွိသည္ေျပာသည္။ စလံုးထံုးစံအတိုင္း လူလာလည္ခ်င္ေအာင္ လွလွပပ လုပ္ထားရာ ဆယ္ဖီဆြဲလိုသူမ်ား ႂကြၾကပါကုန္။
.
ၿမိဳ႕လည္သည္ သိတ္မထူး။( ေနာက္ဆံုးေရာက္တာ ငါးႏွစ္ေက်ာ္ၿပီ၊) အစိမ္းလိုင္း အနီလိုင္းရထားမ်ားဆို ေဟာင္းလွၿပီ။ ဟိုးအရင္ ေတြ႔ကာစေလာက္ သန္႔႐ွင္းေတာက္ေျပာင္သည္ဟု မထင္မိေတာ့။
.
အျပန္ေလဆိပ္တြင္ (ဂ်က္စတားလိုင္း) စက္ျဖင့္ခ်က္ခင္လုပ္တာ လြယ္လွသည္။ အရင္အေခါက္အခ်ိန္မ်ားတံုးကလည္း ႐ွိေနႏိုင္ေသာ္လည္း ျပန္သမွ် ဆီလက္တာေလဆိပ္ဖက္မွသာ ျပန္ရသျဖင့္ မေတြ႔ၾကံဳခ့ဲဘူးပါ။ ပတ္စပို႔ကို စက္ျဖင့္ဖတ္သည္ျဖစ္ရာ ျမန္မာပတ္စပို႔တခ်ိဳ႕ကို မဖတ္ႏိုင္တာ ေတြ႔ရသည္။ သို႔ေသာ္ လက္မွတ္ခ်က္ခင္ေကာင္တာတြင္ လူနဲသြားသျဖင့္ မေစာင့္ရသေလာက္ပါ။
.
အေကာင္းဆံုးကေတာ့ အင္မီဂေရး႐ွင္း အထြက္ပါ။ စက္ျဖင့္ ခ်က္ခင္လုပ္သည့္ေနရာသို႔ သြားခိုင္းသည္။ အထြက္တံုးလိုခ်င္သျဖင့္ ပံုမွန္စစ္သည့္ေကာင္တာ (ႏွစ္ခုသံုးခုဘဲ ႐ွိေတာ့သည္။) သို႔သြားမည္လုပ္ရာ အတင္းလွမ္းေခၚၿပီး စက္ေနရာမွသာ ျဖတ္ေစပါသည္။ ပတ္စပိုကိုဖတ္ လက္ေဗြႏွိပ္ၿပီးသည္ႏွင့္ တံခါးပြင့္ၿပီး ၿပီးေတာ့သည္။ ၁၅စကၠန္႔ခန္႔သာ။ လက္မွတ္နဲ႔ အင္မီဂေရး႐ွင္း ခ်က္ခင္ ၅မိနစ္ႏွင့္ ၿပီးႏိုင္ၿပီ။ ပံုမွန္ေကာင္တာမ်ိဳးသို႔ လက္ေဗြမႏွိပ္ႏိုင္သည့္ ကေလးပါသူမ်ားကိုသာ သြားေစရာ လူ႐ွင္းေနပါသည္။
.
အေကာင္းဆံုးနဲ႔ အညံ့ဆံုးတြဲေနတတ္ရာ အညံ့ဆံုးမွာ အင္မီဂေရး႐ွင္း အဝင္ျဖစ္သည္။ ယခုအထိ အင္မီဂေရး႐ွင္းကဒ္ေခၚ ဝိႈက္ကဒ္ျဖည့္ေနရတံုး။ ေကာင္တာျဖတ္၍ အဝင္သမားကို စစ္တာ က်စ္တာ ရစ္တာနားလည္ေပးႏိုင္ေသာ္လည္း ဗီယက္နမ္ႏွင့္ ျမန္မာေတာင္ မသံုးေတာ့ေသာ ဝိႈက္ကဒ္ျဖည့္ခိုင္းေနတံုး။

(Unicode version)

စင်ကာပူ ရောက်သည့်နေ့ လေဆိပ်တာမင်နယ်ဝမ်းရှေ့တွင် အသစ်ဖွင့်သော Jewel ဆိုသော ဆိုင်အစုကို ကြည့်မိ၍သာ တော်တော့သည်။ ပြန်သည့်နေ့သည် တနင်္ဂနွေနေ့ ဖြစ်နေလေရာ အလုပ်အနားရသည့် မြန်မာမများ အပါအဝင် လာကြည့်သူများနှင့် ပြည့်နေလေသည်။ ဆယ်ဖီအလုအယက်ဆွဲ အော်ဟစ်စကားပြောနေကြရာ အသာလစ်ခ့ဲရတော့သည်။ အကောင်းစား အသုံးအဆောင်များနှင့် စားသောက်ဆိုင်များပါသည်။ ရုပ်ရှင်ရုံပါရှိသည်ပြောသည်။ စလုံးထုံးစံအတိုင်း လူလာလည်ချင်အောင် လှလှပပ လုပ်ထားရာ ဆယ်ဖီဆွဲလိုသူများ ကြွကြပါကုန်။
.
မြို့လည်သည် သိတ်မထူး။( နောက်ဆုံးရောက်တာ ငါးနှစ်ကျော်ပြီ၊) အစိမ်းလိုင်း အနီလိုင်းရထားများဆို ဟောင်းလှပြီ။ ဟိုးအရင် တွေ့ကာစလောက် သန့်ရှင်းတောက်ပြောင်သည်ဟု မထင်မိတော့။
.
အပြန်လေဆိပ်တွင် (ဂျက်စတားလိုင်း) စက်ဖြင့်ချက်ခင်လုပ်တာ လွယ်လှသည်။ အရင်အခေါက်အချိန်များတုံးကလည်း ရှိနေနိုင်သော်လည်း ပြန်သမျှ ဆီလက်တာလေဆိပ်ဖက်မှသာ ပြန်ရသဖြင့် မတွေ့ကြုံခ့ဲဘူးပါ။ ပတ်စပို့ကို စက်ဖြင့်ဖတ်သည်ဖြစ်ရာ မြန်မာပတ်စပို့တချို့ကို မဖတ်နိုင်တာ တွေ့ရသည်။ သို့သော် လက်မှတ်ချက်ခင်ကောင်တာတွင် လူနဲသွားသဖြင့် မစောင့်ရသလောက်ပါ။
.
အကောင်းဆုံးကတော့ အင်မီဂရေးရှင်း အထွက်ပါ။ စက်ဖြင့် ချက်ခင်လုပ်သည့်နေရာသို့ သွားခိုင်းသည်။ အထွက်တုံးလိုချင်သဖြင့် ပုံမှန်စစ်သည့်ကောင်တာ (နှစ်ခုသုံးခုဘဲ ရှိတော့သည်။) သို့သွားမည်လုပ်ရာ အတင်းလှမ်းခေါ်ပြီး စက်နေရာမှသာ ဖြတ်စေပါသည်။ ပတ်စပိုကိုဖတ် လက်ဗွေနှိပ်ပြီးသည်နှင့် တံခါးပွင့်ပြီး ပြီးတော့သည်။ ၁၅စက္ကန့်ခန့်သာ။ လက်မှတ်နဲ့ အင်မီဂရေးရှင်း ချက်ခင် ၅မိနစ်နှင့် ပြီးနိုင်ပြီ။ ပုံမှန်ကောင်တာမျိုးသို့ လက်ဗွေမနှိပ်နိုင်သည့် ကလေးပါသူများကိုသာ သွားစေရာ လူရှင်းနေပါသည်။
.
အကောင်းဆုံးနဲ့ အညံ့ဆုံးတွဲနေတတ်ရာ အညံ့ဆုံးမှာ အင်မီဂရေးရှင်း အဝင်ဖြစ်သည်။ ယခုအထိ အင်မီဂရေးရှင်းကဒ်ခေါ် ဝှိုက်ကဒ်ဖြည့်နေရတုံး။ ကောင်တာဖြတ်၍ အဝင်သမားကို စစ်တာ ကျစ်တာ ရစ်တာနားလည်ပေးနိုင်သော်လည်း ဗီယက်နမ်နှင့် မြန်မာတောင် မသုံးတော့သော ဝှိုက်ကဒ်ဖြည့်ခိုင်းနေတုံး။