30 June 2018

ပညာဆိုတာ ပြန့်ပွားဖို့ပါ၊




(Unicode version )



   လူသားတွေ ပေါ်လာပြီးနောက် နေမကောင်းထိုင်မသာ ဖြစ်ကြမှာပါဘဲ။ ဒါတွေဖြစ်ရင် ပျောက်ကင်းသွားအောင် ကုသပေးတ့ဲ ပညာလည်း တဖြေးဖြေးပေါ်လာပြီး ထွန်းကားလာတာပါ။ ဆရာဝန်ခေါ် သမားတော်တွေ ဖြစ်လာတာပေါ့။ ပြောချင်တာက ဆေးဝါးသုံးပြီးကုသတ့ဲအကြောင်းဖြစ်ပြီး တန်ခိုးနဲ့ကုသတ့ဲ ပျောက်စေဆရာတွေ မပါပါ။

.

အရှေ့တိုင်းမှာ ဘုရားဇတ်တော်တွေထဲက ဇီဝကဆို ထူးချွန်ခ့ဲတ့ဲ သမားတော်ကြီးပါ။ သူ့နောက်မှာလည်း ထူးချွန်တ့ဲ သမားတော်တွေ ရှိနေမှာပါဘဲ။ အန္ဒိယ တရုပ်တို့လိုဘဲ မြန်မာပြည်မှာလည်း တော်တ့ဲ သမားတော်တွေ ရှိခ့ဲကြမှာပါ။ ဘာဖြစ်လို့ ခုချိန်မှာ ရှေးခေတ်ထက် ပိုမိုထွန်းကားနေတ့ဲ မြန်မာ့ဆေးပညာ မရှိတော့တာလဲ။ ထင်တာကတော့ စံနစ်တကျ ပညာကို လက်ဆင့်မကမ်းခ့ဲ၊ သင်မပေးခ့ဲကြလို့ပါဘဲ။ တချို့ဆို ဖွက်တောင်ဖွက်ကြသေးသတ့ဲ။

.

လွန်ခ့ဲသောနှစ် ၂၄၀၀ခန့်က အနောက်တိုင်းမှာလည်း ဆေးပညာ စဖွံ့ဖြိုးခ့ဲပါတယ်။ အဲဒီအချိန်က အရှေ့နဲ့အနောက် အဆင့်သိတ်ကွာမယ် မထင်ပါ။ အဲဒီအချိန် ဂရိနိုင်ငံမှာ ဆေးပညာသင်ကြားမှု စတင်ခ့ဲပြီး ဟစ်ပိုကရိတ် သို့မဟုတ် ဟစ်ပိုကရေးတီးက ဆေးကုသူတွေ ဆိုရမယ့်သစ္စာတောင် ပြုစုပေးခ့ဲပါတယ်။ ဆေးပညာကို လက်ဆင့်ကမ်း စံနစ်တကျ သင်ပေးခ့ဲကြတာ အခုဘယ်လောက် ဖွံ့ဖြိုးနေတာ အားလုံးအသိပါဘဲ။

.

မြန်မာပြည်မှာလဲ မြန်မာ့ဆေးနည်းတွေ တတ်သိကုသနိုင်သူတွေ ရှိဦးမှာပါ။ မိမိတတ်ထားတ့ဲ ဆေးပညာတွေကို သင်ပေးခြင်းဖြင့် ထားခ့ဲစေချင်ပါတယ်။ ရှေးအရင်က ပုဂ္ဂိုလ်တွေ ပညာဖွက်သွားကြတာ အများလုပ်စားမှာ စိုးရိမ်တာ ရာခိုင်နှုန်းတခုအထိ ပါပါလိမ့်မယ်။ အနောက်တိုင်းဆေးလောကကို ကြည့်ရင် မမှန်ကြောင်း တွေ့မှာပါ။ တက္ကသိုလ်ကြီးတွေဖွင့်ပြီး အဆင့်မှီသူတွေ တက်စေတာတောင် ဆေးဆရာဝန်တွေ လိုနေပါသေးတယ်။ မြန်မာသမားတော်တွေ အနေနဲ့လည်း အများကို ပညာပြန့်ပွားအောင် သင်ပေးရင်း မြန်မာ့ဆေးပညာ ပြန်လည်ဖွံ့ဖြိုးလာအောင် လုပ်သင့်ပါပြီ။ မဟုတ်ပါက မကြာခင်အတွင်း ကွယ်ပျောက်သွားနိုင်ကြောင်းပါဗျာ။


XxXxXx

(Zawgyi version)

   လူသားေတြ ေပၚလာၿပီးေနာက္ ေနမေကာင္းထိုင္မသာ ျဖစ္ၾကမွာပါဘဲ။ ဒါေတြျဖစ္ရင္ ေပ်ာက္ကင္းသြားေအာင္ ကုသေပးတ့ဲ ပညာလည္း တေျဖးေျဖးေပၚလာၿပီး ထြန္းကားလာတာပါ။ ဆရာဝန္ေခၚ သမားေတာ္ေတြ ျဖစ္လာတာေပါ့။ ေျပာခ်င္တာက ေဆးဝါးသံုးၿပီးကုသတ့ဲအေၾကာင္းျဖစ္ၿပီး တန္ခိုးနဲ႔ကုသတ့ဲ ေပ်ာက္ေစဆရာေတြ မပါပါ။
.
အေ႐ွ႕တိုင္းမွာ ဘုရားဇတ္ေတာ္ေတြထဲက ဇီဝကဆို ထူးခြၽန္ခ့ဲတ့ဲ သမားေတာ္ႀကီးပါ။ သူ႔ေနာက္မွာလည္း ထူးခြၽန္တ့ဲ သမားေတာ္ေတြ ႐ွိေနမွာပါဘဲ။ အႏၵိယ တ႐ုပ္တို႔လိုဘဲ ျမန္မာျပည္မွာလည္း ေတာ္တ့ဲ သမားေတာ္ေတြ ႐ွိခ့ဲၾကမွာပါ။ ဘာျဖစ္လို႔ ခုခ်ိန္မွာ ေ႐ွးေခတ္ထက္ ပိုမိုထြန္းကားေနတ့ဲ ျမန္မာ့ေဆးပညာ မ႐ွိေတာ့တာလဲ။ ထင္တာကေတာ့ စံနစ္တက် ပညာကို လက္ဆင့္မကမ္းခ့ဲ၊ သင္မေပးခ့ဲၾကလို႔ပါဘဲ။ တခ်ိဳ႕ဆို ဖြက္ေတာင္ဖြက္ၾကေသးသတ့ဲ။
.
လြန္ခ့ဲေသာႏွစ္ ၂၄၀၀ခန္႔က အေနာက္တိုင္းမွာလည္း ေဆးပညာ စဖြံ႔ၿဖိဳးခ့ဲပါတယ္။ အဲဒီအခ်ိန္က အေ႐ွ႕နဲ႔အေနာက္ အဆင့္သိတ္ကြာမယ္ မထင္ပါ။ အဲဒီအခ်ိန္ ဂရိႏိုင္ငံမွာ ေဆးပညာသင္ၾကားမႈ စတင္ခ့ဲၿပီး ဟစ္ပိုကရိတ္ သို႔မဟုတ္ ဟစ္ပိုကေရးတီးက ေဆးကုသူေတြ ဆိုရမယ့္သစၥာေတာင္ ျပဳစုေပးခ့ဲပါတယ္။ ေဆးပညာကို လက္ဆင့္ကမ္း စံနစ္တက် သင္ေပးခ့ဲၾကတာ အခုဘယ္ေလာက္ ဖြံ႔ၿဖိဳးေနတာ အားလံုးအသိပါဘဲ။
.
ျမန္မာျပည္မွာလဲ ျမန္မာ့ေဆးနည္းေတြ တတ္သိကုသႏိုင္သူေတြ ႐ွိဦးမွာပါ။ မိမိတတ္ထားတ့ဲ ေဆးပညာေတြကို သင္ေပးျခင္းျဖင့္ ထားခ့ဲေစခ်င္ပါတယ္။ ေ႐ွးအရင္က ပုဂၢိဳလ္ေတြ ပညာဖြက္သြားၾကတာ အမ်ားလုပ္စားမွာ စိုးရိမ္တာ ရာခိုင္ႏႈန္းတခုအထိ ပါပါလိမ့္မယ္။ အေနာက္တိုင္းေဆးေလာကကို ၾကည့္ရင္ မမွန္ေၾကာင္း ေတြ႔မွာပါ။ တကၠသိုလ္ႀကီးေတြဖြင့္ၿပီး အဆင့္မွီသူေတြ တက္ေစတာေတာင္ ေဆးဆရာဝန္ေတြ လိုေနပါေသးတယ္။ ျမန္မာသမားေတာ္ေတြ အေနနဲ႔လည္း အမ်ားကို ပညာျပန္႔ပြားေအာင္ သင္ေပးရင္း ျမန္မာ့ေဆးပညာ ျပန္လည္ဖြံ႔ၿဖိဳးလာေအာင္ လုပ္သင့္ပါၿပီ။ မဟုတ္ပါက မၾကာခင္အတြင္း ကြယ္ေပ်ာက္သြားႏိုင္ေၾကာင္းပါဗ်ာ။ 

27 June 2018

အမှန်အကန် ဝေဖန်သူများဖတ်ဖို့




(Unicode version )


   ဒေါ်စုနဲ့ NLD အစိုးရကို ဝေဖန်တ့ဲစာတွေ ဖတ်ရသည်။ သေချာတာက NLD အစိုးရသည် ရာနှုန်းပြည့် မဖြစ်တာသေချာပါသည်။ ဝေဖန်နိုင်ပါသည်။ သို့သော် နာမည်ဖျက်ချင်လို့ ရေးသူတွေရှိသလို အနည်းငယ်မှန်ရင်ကို ဝင်ဆွမ်းကြီးလောင်းသူတွေရှိနေတာကို သတိထားမိပါသည်။

.

ရေးသူတွေကို လေ့လာကြည့်ပါသည်။ တကယ့်ပညာရှင်တွေက စေတနာနဲ့ရေးတာရှိသလို NLD အစိုးရကို အမည်ဖျက်ချင်လို့ ဝုံးသူတွေလဲများပါသည်။ အနီကြောင်များ၊ တက်လာတ့ဲအစိုးရမှန်သမျှ ရန်သူလို့ထင်နေသူများ၊ တခုခုဟော့ပြပြီး ဆယ်လီဖြစ်မည့်သူများ၊ ဆရာကြီးလုပ်ချင်သူများ မျိုးစုံတွေ့ရပါသည်။

.

ထိုသူများထဲက စေတနာအစစ်နဲ့ ရေးသူများကို မေတ္တာရပ်ချင်ပါသည်။ ကျန်သူများက ပြောလည်း ရမည်မထင်လို့ မပြောတာပါ။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံသားထဲမှ လုပ်နိုင်မည်ဟု ထင်ရသူများနဲ့ လုပ်ကြည့်နေရတာ ဖြစ်ပါသည်။ ရှင်းရှင်းပြောရလျှင် နှစ်ပေါင်းများစွာ စာရိတ္တပါပျက်နေသည့် ဝန်ထမ်းများကို ပြန်လည်တည်ဆောက်နေရချိန် ဖြစ်သည်။ အရေးကြီးဆုံးက စစ်အာဏာရှင်နဲ့ သူတို့လက်စွဲပါတီအောက် ပြန်မရောက်ရေး ဖြစ်ပါလိမ့်မည်။

.

အကောင်းဆုံပုံစံနဲ့ ဝေးနေတာ သေချာပါသည်။ ချို့ယွင်းချက်များကို ထောက်ပြလိုလျှင် ပြည်သူတွေ အစိုးရကို စိတ်ပျက်အောင် ရေးသည့်ပုံစံမျိုးနဲ့ မရေးစေချင်ပါ။ များသောအားဖြင့် ထိုသို့အပစ်တင် ရေးသူများ သုံးလေ့ရှိသည့် စာလုံးမှာ ဒီမိုကရေစီ အစိုးရကို အပစ်မပြောရဘူးလား ဖြစ်ပါသည်။

.

သေချာ စဉ်းစားကြည့်ပါ ဆရာကြီးတို့။ ကျွန်တော်တို့ ခင်ဗျားတို့ ရွှေနိုင်ငံကြီးက ဒီမိုကရေစီနိုင်ငံ အစစ်ဖြစ်နေပါပြီလား။

XxXxXx

(Zawgyi version)

   ေဒၚစုနဲ႔ NLD အစိုးရကို ေဝဖန္တ့ဲစာေတြ ဖတ္ရသည္။ ေသခ်ာတာက NLD အစိုးရသည္ ရာႏႈန္းျပည့္ မျဖစ္တာေသခ်ာပါသည္။ ေဝဖန္ႏိုင္ပါသည္။ သို႔ေသာ္ နာမည္ဖ်က္ခ်င္လို႔ ေရးသူေတြ႐ွိသလို အနည္းငယ္မွန္ရင္ကို ဝင္ဆြမ္းႀကီးေလာင္းသူေတြ႐ွိေနတာကို သတိထားမိပါသည္။
.
ေရးသူေတြကို ေလ့လာၾကည့္ပါသည္။ တကယ့္ပညာ႐ွင္ေတြက ေစတနာနဲ႔ေရးတာ႐ွိသလို NLD အစိုးရကို အမည္ဖ်က္ခ်င္လို႔ ဝံုးသူေတြလဲမ်ားပါသည္။ အနီေၾကာင္မ်ား၊ တက္လာတ့ဲအစိုးရမွန္သမွ် ရန္သူလို႔ထင္ေနသူမ်ား၊ တခုခုေဟာ့ျပျပီး ဆယ္လီျဖစ္မည့္သူမ်ား၊ ဆရာႀကီးလုပ္ခ်င္သူမ်ား မ်ိဳးစံုေတြ႔ရပါသည္။
.
ထိုသူမ်ားထဲက ေစတနာအစစ္နဲ႔ ေရးသူမ်ားကို ေမတၱာရပ္ခ်င္ပါသည္။ က်န္သူမ်ားက ေျပာလည္း ရမည္မထင္လို႔ မေျပာတာပါ။ ေဒၚေအာင္ဆန္းစုၾကည္သည္ ျမန္မာႏိုင္ငံသားထဲမွ လုပ္ႏိုင္မည္ဟု ထင္ရသူမ်ားနဲ႔ လုပ္ၾကည့္ေနရတာ ျဖစ္ပါသည္။ ႐ွင္း႐ွင္းေျပာရလွ်င္ ႏွစ္ေပါင္းမ်ားစြာ စာရိတၱပါပ်က္ေနသည့္ ဝန္ထမ္းမ်ားကို ျပန္လည္တည္ေဆာက္ေနရခ်ိန္ ျဖစ္သည္။ အေရးႀကီးဆံုးက စစ္အာဏာ႐ွင္နဲ႔ သူတို႔လက္စြဲပါတီေအာက္ ျပန္မေရာက္ေရး ျဖစ္ပါလိမ့္မည္။
.
အေကာင္းဆံုပံုစံနဲ႔ ေဝးေနတာ ေသခ်ာပါသည္။ ခ်ိဳ႕ယြင္းခ်က္မ်ားကို ေထာက္ျပလိုလွ်င္ ျပည္သူေတြ အစိုးရကို စိတ္ပ်က္ေအာင္ ေရးသည့္ပံုစံမ်ိဳးနဲ႔ မေရးေစခ်င္ပါ။ မ်ားေသာအားျဖင့္ ထိုသို႔အပစ္တင္ ေရးသူမ်ား သံုးေလ့႐ွိသည့္ စာလံုးမွာ ဒီမိုကေရစီ အစိုးရကို အပစ္မေျပာရဘူးလား ျဖစ္ပါသည္။
.
ေသခ်ာ စဥ္းစားၾကည့္ပါ ဆရာႀကီးတို႔။ ကြၽန္ေတာ္တို႔ ခင္ဗ်ားတို႔ ေရႊႏိုင္ငံႀကီးက ဒီမိုကေရစီႏိုင္ငံ အစစ္ျဖစ္ေနပါၿပီလား။

23 June 2018

ကမ္ဘာ့ဖလားဘောလုံးပွဲ



(Unicode version)




   ကမ္ဘာ့ဖလားအကြောင်း မှတ်မိတာလေးတွေပါ။ ငယ်ငယ်ထဲက ဘောလုံးကန်တာ သဘောကျတာပါ။ ပြည်တွင်းပွဲတွေတောင် မကြည့်ခ့ဲဘူးတာ ကမ်ဘာ့ဖလားဆိုတာ အဝေးကြီးပါ။ သတင်းစာထဲမှာ သတင်းတိုလေး ဘရာဇီး ၄၊ အီတလီ ၂ ဆိုတာမျိုး စောင့်ဖတ်ခ့ဲရတာပေါ့။ သတင်းအကျယ်ကတော့ နှစ်ရက်လောက်နောက်ကျပြီးမှ အသေးစိတ်ရေးလေ့ ရှိပါတယ်။ မောင်ရဲဝင်းကို သဘောအကျဆုံးပေါ့။

.

ရုပ်ရှင်အဖြစ် စကြည့်ဘူးတာကတော့ ၁၉၇၀ မက္ကဆီကိုမှာ ကန်တ့ဲပွဲကို ဇတ်လမ်းလုပ် ရိုက်ထားတ့ဲကားပါ။ ဘောရူးကောင်လေးတယောက် ဘောလုံးပွဲကြည့်ချင်လွန်းလို့ တယောက်ထဲ ထွက်လာခ့ဲတ့ဲဇတ်လမ်းပါ။ တက့ဲပွဲတွေပါ ညှပ်ပြသွားတယ်။ လမ်းမှာမျိုးစုံကြုံပြီး ကောင်လေးဖိုင်နယ်ပွဲအမှီ ရောက်သွားလား မမှတ်မိတော့။ နာမည်က The world at their feet တ့ဲ။ ပီလီကန်ပုံတွေ သဘောအရမ်းကျခ့ဲပြီး ဘရာဇီးကိုသိခ့ဲတာပါ။ ကြည့်တုံးကဆို ကောင်လေးကို ဘရာဇီးလေးဘဲ ထင်ခ့ဲတာ။ ဘောလုံးပွဲက မက္ကဆီကိုမှာဆိုတော့ မက္ကဆီကဲန်လေးဘဲ ဖြစ်မှာပါ။ ပြည်ပဘောပွဲကို အရှင်စမြင်ဘူးခ့ဲတာပေါ့။

.

၇၄ပွဲကိုတော့ တပွဲလားဘဲ ပြန်ပြတာ ကြည့်ခ့ဲရတယ်။ အခု နတ်မောက်လမ်း မျက်စိဆေးရုံနဲ့ ချပ်ထရီယမ်ဟိုတယ်ကြားလောက်မှာ အဲဒီခေတ်က အနောက်ဂျာမဏီသံရုံးရှိတယ်။ ၁၆မီလီမီတာဖလင်နဲ့ထင်တယ်။ ရုပ်ရှင်လို ထိုးပြတာ။ ညဘက်ဆိုတော့ အိမ်ကိုမနည်းပြောပြီးသွားရတာ ကလေးတွေဆိုပြီး ခြံစောင့်ကုလားက ပေးမဝင်လို့ လူကြီးနဲ့ကပ်လိုက်ပြီး ကြည့်ခ့ဲရတယ်လို့ မှတ်မိတယ်။

.

၇၈ ၈၂ပွဲတွေတော့ သတင်းစာနဲ့ တံခွန်ဂျာနယ်က ပုံတွေနဲ့ဘဲ ကြေနပ်ခ့ဲရတယ်။ TIME နဲ့ Newsweek မှာ ပါတ့ဲ ရောင်စုံပုံတွေဆို လွှတ်သဘောကျပေါ့။ သူတို့က နိုင်ငံရေးအသားပေးဆိုတော့ တကြိမ်စီလောက်ဘဲ မျက်နာဖုံးဆောင်းပါးအဖြစ် ဝေဝေဆာဆာ ဖော်ပြလေ့ရှိတယ်။

.

၈၆ပွဲမှာမှ နောက်ကျဗီဒီယို ကြည့်ခွင့်ရတော့တာ။ အိမ်မှာဘယ်ကြည့်နိုင်မှာလည်း။ တိုးကြောင်ကလေး ဂြိုဟ်တုစတေရှင်က ကူးထားတာဆိုတ့ဲ အခွေကို ရုံတွေက ပြစားတာ။ ညကကန်တ့ဲပွဲ နောက်နေ့ညနေဆို ကြည့်ရပြီ။ အင်းစိန်လမ်းမပေါ် အခု ပါရမီလမ်းဖောက်လိုက်တ့ဲနားမှာ ကျောင်းလမ်းထိပ်မှတ်တိုင်နားက လဘက်ရည်ဆိုင်မှာ စကြည့်ရတာ။ ဆိုင်ပိတ်ချိန် ညဖက်မှ ပြတာ။ တဆယ်ပေးခ့ဲရတာလို့ မှတ်မိနေတာဘဲ။

.

နောက်နှစ်ပွဲတွေကျ ရှစ်ပေစလောင်းတပ်လိုက်တော့ အင်ဒိုချယ်နယ်တွေကနေ live ကြည့်ရပါပြီ။ ကြည့်ရုံမက အခြားသူတွေပါ ကြည့်ရအောင် ဗီဒီယိုခွေ ကူးပေးခ့ဲပါသေးတယ်။ တိုက်ရိုက်ကြည့်ခွင့်သာမက အရုပ်အသံ ကြည်လင်စွာကြည့်ရတော့ အရသာအပြည့် ရခ့ဲပါတယ်။

.

ခုချိန်တော့ မြန်မာပြည် ရုပ်သံချယ်နယ်တွေကလည်း တိုက်ရိုက်လွှင့်ပေးနေတော့ အများစု ကြည့်ရပါပြီ။ အိပ်ရေးပျက်တာတော့ ရှိသပေါ့ဗျာ။ ပွဲလုပ်ခွင့်ရတ့ဲ နိုင်ငံတွေက အချိန်ကွာတာကိုး။ အာဆီယံဆယ်နိုင်ငံပေါင်းပြီး ကမ်ဘာ့ဖလားပွဲလုပ်ဖို့ ဆော်သြသံတော့ ကြားဘူးသဗျ။ ခုတော့ အသံမထွက်တော့ပါဘူး။ အ့ဲလိုလုပ်ဖြစ်မှဘဲ ကွင်းထဲမှာ ကြည့်ဘူးတော့မယ် ထင်တာပါဘဲ။ ။


XxXxXx

(Zawgyi version)

   ကမ႓ာ့ဖလားအေၾကာင္း မွတ္မိတာေလးေတြပါ။ ငယ္ငယ္ထဲက ေဘာလံုးကန္တာ သေဘာက်တာပါ။ ျပည္တြင္းပြဲေတြေတာင္ မၾကည့္ခ့ဲဘူးတာ ကမ႓ာ့ဖလားဆိုတာ အေဝးႀကီးပါ။ သတင္းစာထဲမွာ သတင္းတိုေလး ဘရာဇီး ၄၊ အီတလီ ၂ ဆိုတာမ်ိဳး ေစာင့္ဖတ္ခ့ဲရတာေပါ့။ သတင္းအက်ယ္ကေတာ့ ႏွစ္ရက္ေလာက္ေနာက္က်ၿပီးမွ အေသးစိတ္ေရးေလ့ ႐ွိပါတယ္။ ေမာင္ရဲဝင္းကို သေဘာအက်ဆံုးေပါ့။
.
႐ုပ္႐ွင္အျဖစ္ စၾကည့္ဘူးတာကေတာ့ ၁၉၇၀ မကၠဆီကိုမွာ ကန္တ့ဲပြဲကို ဇတ္လမ္းလုပ္ ႐ိုက္ထားတ့ဲကားပါ။ ေဘာ႐ူးေကာင္ေလးတေယာက္ ေဘာလံုးပြဲၾကည့္ခ်င္လြန္းလို႔ တေယာက္ထဲ ထြက္လာခ့ဲတ့ဲဇတ္လမ္းပါ။ တက့ဲပြဲေတြပါ ညႇပ္ျပသြားတယ္။ လမ္းမွာမ်ိဳးစံုၾကံဳၿပီး ေကာင္ေလးဖိုင္နယ္ပြဲအမွီ ေရာက္သြားလား မမွတ္မိေတာ့။ နာမည္က The world at their feet တ့ဲ။ ပီလီကန္ပံုေတြ သေဘာအရမ္းက်ခ့ဲၿပီး ဘရာဇီးကိုသိခ့ဲတာပါ။ ၾကည့္တံုးကဆို ေကာင္ေလးကို ဘရာဇီးေလးဘဲ ထင္ခ့ဲတာ။ ေဘာလံုးပြဲက မကၠဆီကိုမွာဆိုေတာ့ မကၠဆီကဲန္ေလးဘဲ ျဖစ္မွာပါ။ ျပည္ပေဘာပြဲကို အ႐ွင္စျမင္ဘူးခ့ဲတာေပါ့။
.
၇၄ပြဲကိုေတာ့ တပြဲလားဘဲ ျပန္ျပတာ ၾကည့္ခ့ဲရတယ္။ အခု နတ္ေမာက္လမ္း မ်က္စိေဆးရံုနဲ႔ ခ်ပ္ထရီယမ္ဟိုတယ္ၾကားေလာက္မွာ အဲဒီေခတ္က အေနာက္ဂ်ာမဏီသံရံုး႐ွိတယ္။ ၁၆မီလီမီတာဖလင္နဲ႔ထင္တယ္။ ႐ုပ္႐ွင္လို ထိုးျပတာ။ ညဘက္ဆိုေတာ့ အိမ္ကိုမနည္းေျပာၿပီးသြားရတာ ကေလးေတြဆိုၿပီး ျခံေစာင့္ကုလားက ေပးမဝင္လို႔ လူႀကီးနဲ႔ကပ္လိုက္ၿပီး ၾကည့္ခ့ဲရတယ္လို႔ မွတ္မိတယ္။
.
၇၈ ၈၂ပြဲေတြေတာ့ သတင္းစာနဲ႔ တံခြန္ဂ်ာနယ္က ပံုေတြနဲ႔ဘဲ ေၾကနပ္ခ့ဲရတယ္။ TIME နဲ႔ Newsweek မွာ ပါတ့ဲ ေရာင္စံုပံုေတြဆို လႊတ္သေဘာက်ေပါ့။ သူတို႔က ႏိုင္ငံေရးအသားေပးဆိုေတာ့ တျကိမ္စီေလာက္ဘဲ မ်က္နာဖံုးေဆာင္းပါးအျဖစ္ ေဝေဝဆာဆာ ေဖာ္ျပေလ့႐ွိတယ္။
.
၈၆ပြဲမွာမွ ေနာက္က်ဗီဒီယို ၾကည့္ခြင့္ရေတာ့တာ။ အိမ္မွာဘယ္ၾကည့္ႏိုင္မွာလည္း။ တိုးေၾကာင္ကေလး ၿဂိဳဟ္တုစေတ႐ွင္က ကူးထားတာဆိုတ့ဲ အေခြကို ရံုေတြက ျပစားတာ။ ညကကန္တ့ဲပြဲ ေနာက္ေန႔ညေနဆို ၾကည့္ရၿပီ။ အင္းစိန္လမ္းမေပၚ အခု ပါရမီလမ္းေဖာက္လိုက္တ့ဲနားမွာ ေက်ာင္းလမ္းထိပ္မွတ္တိုင္နားက လဘက္ရည္ဆိုင္မွာ စၾကည့္ရတာ။ ဆိုင္ပိတ္ခ်ိန္ ညဖက္မွ ျပတာ။ တဆယ္ေပးခ့ဲရတာလို႔ မွတ္မိေနတာဘဲ။
.
ေနာက္ႏွစ္ပြဲေတြက် ႐ွစ္ေပစေလာင္းတပ္လိုက္ေတာ့ အင္ဒိုခ်ယ္နယ္ေတြကေန live ၾကည့္ရပါၿပီ။ ၾကည့္ရံုမက အျခားသူေတြပါ ၾကည့္ရေအာင္ ဗီဒီယိုေခြ ကူးေပးခ့ဲပါေသးတယ္။ တိုက္႐ိုက္ၾကည့္ခြင့္သာမက အ႐ုပ္အသံ ၾကည္လင္စြာၾကည့္ရေတာ့ အရသာအျပည့္ ရခ့ဲပါတယ္။
.
ခုခ်ိန္ေတာ့ ျမန္မာျပည္ ႐ုပ္သံခ်ယ္နယ္ေတြကလည္း တိုက္႐ိုက္လႊင့္ေပးေနေတာ့ အမ်ားစု ၾကည့္ရပါၿပီ။ အိပ္ေရးပ်က္တာေတာ့ ႐ွိသေပါ့ဗ်ာ။ ပြဲလုပ္ခြင့္ရတ့ဲ ႏိုင္ငံေတြက အခ်ိန္ကြာတာကိုး။ အာဆီယံဆယ္ႏိုင္ငံေပါင္းၿပီး ကမ႓ာ့ဖလားပြဲလုပ္ဖို႔ ေဆာ္ၾသသံေတာ့ ၾကားဘူးသဗ်။ ခုေတာ့ အသံမထြက္ေတာ့ပါဘူး။ အ့ဲလိုလုပ္ျဖစ္မွဘဲ ကြင္းထဲမွာ ၾကည့္ဘူးေတာ့မယ္ ထင္တာပါဘဲ။    ။

19 June 2018

မွေးနေ့ဆုတောင်း ၇၃



(Unicode version)


   ဒေါ်အောင်ဆန်းစုကြည် အနည်းဆုံး နောက်နှစ်နှစ်ဆယ်လောက် ကျန်းမာနေ အသက်ရှင်နေဖို့ လိုပါတယ်။

.

မြန်မာတွေက NLD မကလို့ ဘာပါတီဖြစ်ဖြစ် စိတ်မချရပါဘူး။ လစ်ရင်တွယ်တတ်မှ လူတော်လို့ သတ်မှတ်ထားတ့ဲ သူတွေများလို့ပါ။ ခုတောင် သူရှိလို့၊ သူ့ကြောက်လို့ ငြိမ်နေသူတွေ အများကြီးပါ။

.

ပြီးတော့ ဒေါ်စုကို ကိုယ့်ကိုယ်ကိုထက် ပိုယုံပါတယ်။ ကိုယ်သာ သူ့လောက်ပိုက်ဆံရှိရင် ဒီဗမာတွေကို ပစ်ထားခ့ဲလောက်ပါပြီ။ နင်တို့ဖာသာ ပေဖြစ်ရင်ခံ၊ တူဖြစ်ရင်နှံလို့ အော်ပြီး နေခ့ဲကြပေတော့လို့။

.

တကယ်က ၇၃နှစ်အရွယ် အမေအို မုဆိုးမတယောက်ဟာ တရားဘာဝနာပွား မြေးထိန်းရင်း အေးဆေးစွာ ဘဝကို ကုန်ဆုံးစေရမှာပါ။

.

ခုတော့ အားနာနာနဲ့ဘဲ ဆုတောင်းရဦးမယ်။

#ဒေါ်အောင်ဆန်းစုကြည်_သက်တော်ရာကျော်_ရှည်ပါစေသတည်း။

XxXxXx

(Zawgyi version)

   ေဒၚေအာင္ဆန္းစုၾကည္ အနည္းဆံုး ေနာက္ႏွစ္ႏွစ္ဆယ္ေလာက္ က်န္းမာေန အသက္႐ွင္ေနဖို႔ လိုပါတယ္။
.
ျမန္မာေတြက NLD မကလို႔ ဘာပါတီျဖစ္ျဖစ္ စိတ္မခ်ရပါဘူး။ လစ္ရင္တြယ္တတ္မွ လူေတာ္လို႔ သတ္မွတ္ထားတ့ဲ သူေတြမ်ားလို႔ပါ။ ခုေတာင္ သူ႐ွိလို႔၊ သူ႔ေၾကာက္လို႔ ၿငိမ္ေနသူေတြ အမ်ားႀကီးပါ။
.
ၿပီးေတာ့ ေဒၚစုကို ကိုယ့္ကိုယ္ကိုထက္ ပိုယံုပါတယ္။ ကိုယ္သာ သူ႔ေလာက္ပိုက္ဆံ႐ွိရင္ ဒီဗမာေတြကို ပစ္ထားခ့ဲေလာက္ပါၿပီ။ နင္တို႔ဖာသာ ေပျဖစ္ရင္ခံ၊ တူျဖစ္ရင္ႏွံလို႔ ေအာ္ၿပီး ေနခ့ဲၾကေပေတာ့လို႔။
.
တကယ္က ၇၃ႏွစ္အရြယ္ အေမအို မုဆိုးမတေယာက္ဟာ တရားဘာဝနာပြား ေျမးထိန္းရင္း ေအးေဆးစြာ ဘဝကို ကုန္ဆံုးေစရမွာပါ။
.
ခုေတာ့ အားနာနာနဲ႔ဘဲ ဆုေတာင္းရဦးမယ္။
#ေဒၚေအာင္ဆန္းစုၾကည္_သက္ေတာ္ရာေက်ာ္_႐ွည္ပါေစသတည္း။

17 June 2018

အိုက်စလန်ဆိုတာ







(Unicode version)


အိုက်စလန်ဆိုတာ ဥရောပနဲ့ အမေရိကကြား အာတိတ်စက်ဝိုင်းနားကပ်နေတ့ဲ ကျွန်းနိုင်ငံလေးပါ။ လူဦးရေ သုံးသိန်းခွဲ၊ ရန်ကုန်လူဦးရေရဲ့ နှစ်ဆယ်ပုံတပုံဘဲ ရှိပါတယ်။ ဘောလုံးလိဂ်တောင် မရှိပါ။

.

Football king visit ဆိုပြီး အဲရစ်ကန်တိုနာ သွားလည်တ့ဲ ဗီဒီယို ကြည့်လိုက်ရတယ်။ ဘောလုံးလေ့ကျင့်ကွင်းတခုက လေယာဉ်ထားတ့ဲရုံလို အလုံပိတ်နဲ့။ ရာသီဥတု ဆိုးလွန်းလို့ပါ။ ကမ်ဘာ့အသန်ဆုံးလူတွေ လေ့ကျင့်တ့ဲ gym မှ ကရိယာတွေကို ကန်တိုနာတောင် မမနိုင်ပါ။ လူကောင်ထွားတာကလည်း မနေ့က အာဂျင်တီးနားပွဲမှာ အဓိက အထောက်အကူ ဖြစ်စေခ့ဲပါတယ်။

.

အိုက်စလန်မြို့တော်နာမည်က ရေကျားဗစ်လို့ ခေါ်တယ်။ အ့ဲဒီက လူနာမည် မြို့နာမည်တွေက စာလုံးပေါင်း အထူးအဆန်းနဲ့ ရှည်ပါတယ်။ ရေကျားဗစ်ကို ပထမဆုံးမှတ်မိသွားတာက ချက်စ်ပွဲကြောင့်ပါ။

.

စစ်အေးခေတ်က ချက်စ်ချန်ပီယံတွေက ရုရှတွေဘဲ။ စပါ့စကီး ချန်ပီယံဖြစ်နေချိန် စိန်ခေါ်သူက အမေရိကန်က ဘော်ဘီဖစ်ရှာပါ။ အဲဒီမှာ သူတို့ထိုးမ့ဲနေရာကို ရေကျားဗစ်ကို ရွေးခ့ဲတာပါ။ မြန်မာပြည်မှာလည်း သတင်းစာတွေမှာ ထိုးကွက်တွေကအစ ဖော်ပြခ့ဲပြီး ချက်စ်ရောဂါ အစပြုခ့ဲတာပါ။

.

နောက်တကြိမ် နာမည်ကြီးတာက စစ်အေးခေတ်ကုန်ဖို့ အမေရိကန်သမတ ရေဂင်နဲ့ ဆိုဗီယက်ခေါင်းဆောင် ဂိုဘာချော့တို့ ထိပ်သီးအစည်းအဝေး လုပ်ခ့ဲတ့ဲ နေရာပါ။ အမေရိကန်တွေ တည်းဖို့နေရာမရှိလို့ အခက်အခဲ ဖြစ်နေချိန်မှာ ရုရှဘက်က သူတို့လူတွေနေဖို့ ဟိုတယ်သဘောၤယူလာတာ မှတ်မိသဘောကျနေတုံးပါ။

.

မနေ့က ကမ်ဘာ့ဘောလုံးပြိုင်ပွဲမှာ အိုက်စလဲန်က သမိုင်းသစ်တွေ ရေးထိုးသွားပြန်ပါပြီ။ ဒီနေ့အင်တာနက်မှာလည်း အရှာခံရဆုံး စကားလုံးဖြစ်နေနိုင်ပါတယ်။


XxXxXx

(Zawgyi version )

အိုက္စလန္ဆိုတာ ဥေရာပနဲ႔ အေမရိကၾကား အာတိတ္စက္ဝိုင္းနားကပ္ေနတ့ဲ ကြၽန္းႏိုင္ငံေလးပါ။ လူဦးေရ သံုးသိန္းခြဲ၊ ရန္ကုန္လူဦးေရရဲ႕ ႏွစ္ဆယ္ပံုတပံုဘဲ ႐ွိပါတယ္။ ေဘာလံုးလိဂ္ေတာင္ မ႐ွိပါ။
.
Football king visit ဆိုၿပီး အဲရစ္ကန္တိုနာ သြားလည္တ့ဲ ဗီဒီယို ၾကည့္လိုက္ရတယ္။ ေဘာလံုးေလ့က်င့္ကြင္းတခုက ေလယာဥ္ထားတ့ဲရံုလို အလံုပိတ္နဲ႔။ ရာသီဥတု ဆိုးလြန္းလို႔ပါ။ ကမ႓ာ့အသန္ဆံုးလူေတြ ေလ့က်င့္တ့ဲ gym မွ ကရိယာေတြကို ကန္တိုနာေတာင္ မမႏိုင္ပါ။ လူေကာင္ထြားတာကလည္း မေန႔က အာဂ်င္တီးနားပြဲမွာ အဓိက အေထာက္အကူ ျဖစ္ေစခ့ဲပါတယ္။
.
အိုက္စလန္ၿမိဳ႕ေတာ္နာမည္က ေရက်ားဗစ္လို႔ ေခၚတယ္။ အ့ဲဒီက လူနာမည္ ၿမိဳ႕နာမည္ေတြက စာလံုးေပါင္း အထူးအဆန္းနဲ႔ ႐ွည္ပါတယ္။ ေရက်ားဗစ္ကို ပထမဆံုးမွတ္မိသြားတာက ခ်က္စ္ပြဲေၾကာင့္ပါ။
.
စစ္ေအးေခတ္က ခ်က္စ္ခ်န္ပီယံေတြက ႐ု႐ွေတြဘဲ။ စပါ့စကီး ခ်န္ပီယံျဖစ္ေနခ်ိန္ စိန္ေခၚသူက အေမရိကန္က ေဘာ္ဘီဖစ္႐ွာပါ။ အဲဒီမွာ သူတို႔ထိုးမ့ဲေနရာကို ေရက်ားဗစ္ကို ေရြးခ့ဲတာပါ။ ျမန္မာျပည္မွာလည္း သတင္းစာေတြမွာ ထိုးကြက္ေတြကအစ ေဖာ္ျပခ့ဲၿပီး ခ်က္စ္ေရာဂါ အစျပဳခ့ဲတာပါ။
.
ေနာက္တႀကိမ္ နာမည္ႀကီးတာက စစ္ေအးေခတ္ကုန္ဖို႔ အေမရိကန္သမတ ေရဂင္နဲ႔ ဆိုဗီယက္ေခါင္းေဆာင္ ဂိုဘာေခ်ာ့တို႔ ထိပ္သီးအစည္းအေဝး လုပ္ခ့ဲတ့ဲ ေနရာပါ။ အေမရိကန္ေတြ တည္းဖို႔ေနရာမ႐ွိလို႔ အခက္အခဲ ျဖစ္ေနခ်ိန္မွာ ႐ု႐ွဘက္က သူတို႔လူေတြေနဖို႔ ဟိုတယ္သေဘာၤယူလာတာ မွတ္မိသေဘာက်ေနတံုးပါ။
.
မေန႔က ကမ႓ာ့ေဘာလံုးၿပိဳင္ပြဲမွာ အိုက္စလဲန္က သမိုင္းသစ္ေတြ ေရးထိုးသြားျပန္ပါၿပီ။ ဒီေန႔အင္တာနက္မွာလည္း အ႐ွာခံရဆံုး စကားလံုးျဖစ္ေနႏိုင္ပါတယ္။ 

14 June 2018

ဗဟိုလမ်း ချဲ့တ့ဲကိစ္စ၊



(Unicode version)


      ဗဟိုလမ်း (အရင်ရှမ်းလမ်း)ထပ်ခင်းလို့ တချို့အိမ်တွေ အောက်ထပ်ကို ခေါင်းငုံ့ဝင်ရလို့ အပစ်တင်တာ တွေ့နေရပါတယ်။ အရင် ရှမ်းလမ်းခေတ်ကတည်းက ဆီဆုံလမ်းကနေ မင်းလမ်းထိပ်အထိလောက် လမ်းအရှေ့ဘက်က လမ်းထက် နှစ်ပေ သုံးပေလောက်ကိုနိမ့်တာပါ။ အရေးအခင်းမဖြစ်ချိန် ဆီဆုံလမ်းထိပ်က တရုပ်လေးလဘက်ရည်ဆိုင်တို့ သူဌေးမင်းဆိုင်တို့ ထိုင်နေကြသူတွေသိပါတယ်။

.

အ့ဲဒီခေတ်က ကန်ထရိုက်ဆောက်တော့ မြှင့်ဆောက်ကြတာပါဘဲ။ ဒါပေမယ့် လမ်းနဲ့ဝေးသေးတော့ မသိသာဘူး။ ဗဟိုလမ်းအဖြစ်ချဲ့တော့ သိသာသွားတာပါဘဲ။ လမ်းထက်နိမ့်နေပြီ။ ခုထပ်ပိုးလွှာခင်းတော့ တပေနီးပါး ထပ်နိမ့်မှာပေါ့။

.

ဒီအိမ်အနည်း ဒုက္ခရောက်မှာစိုးလို့ လမ်းမခင်းလို့ မဖြစ်ပါ။ နောက်တကြိမ်ပြန်ဆောက်ရင် မြှင့်ဆောက်ဖို့ဘဲ ရှိပါတယ်။ လွယ်မယ်မဟုတ်ပေမ့ဲ ဆီဆုံလမ်းထောင့်က နှစ်ခါရှိပါပြီ။ အဲဒီအိမ်တွေအတွက်တော့ ဆောရီးပါ။ မကောင်းသူထိပ် ကောင်းသူထိပ်ဘဲ။ ဒါမျိုးတွေ ဒါ့ထက်ဆိုးတာတွေ ရှိသေး။

.

လုပ်သင့်တာက လမ်းဖြတ်မြောင်းတွေရှိရင် မခင်းခင် သေချာပြန်ဆောက်သင့်တယ်။ ဖြစ်နိုင်ရင်လည်း မခင်းခင် မူလလမ်းမှာတူးပြီး လိုလိုမယ်မယ် ပိုက်အလွတ်တွေ မြှုပ်ခ့ဲသင့်တယ်။ လမ်းတလျောက်ရော ကန့်လန့်တွေရော။ ခင်းပြီးမှ ပြန်တူးကြတာ စိတ်ပျက်စရာ။

.

စိုးရိမ်တာက အခုထပ်ခင်းနည်းက သံချောင်းမထည့်ဘဲ ထုထူထူခင်းတ့ဲနည်း။ ရှမ်းလမ်းဖြတ်ခင်းတ့ဲ ရေမြောင်းကြီနေရာမှာ သံကူကွန်ကရစ် မလိုဘဲ ရပါ့မလား။ အေးလေ။ ရလို့ခင်းတာဘဲ နေမှာပါ။ သူတို့က ဗိုလ်ကြီးတွေဘဲ၊ ဆောရီး။ အင်ဂျင်နီယာတွေဘဲ။

XxXxXx

(Zawgyi version)

      ဗဟိုလမ္း (အရင္႐ွမ္းလမ္း)ထပ္ခင္းလို႔ တခ်ိဳ႕အိမ္ေတြ ေအာက္ထပ္ကို ေခါင္းငံု႔ဝင္ရလို႔ အပစ္တင္တာ ေတြ႔ေနရပါတယ္။ အရင္ ႐ွမ္းလမ္းေခတ္ကတည္းက ဆီဆံုလမ္းကေန မင္းလမ္းထိပ္အထိေလာက္ လမ္းအေ႐ွ႕ဘက္က လမ္းထက္ နွစ္ေပ သံုးေပေလာက္ကိုနိမ့္တာပါ။ အေရးအခင္းမျဖစ္ခ်ိန္ ဆီဆံုလမ္းထိပ္က တ႐ုပ္ေလးလဘက္ရည္ဆိုင္တို႔ သူေဌးမင္းဆိုင္တို႔ ထိုင္ေနၾကသူေတြသိပါတယ္။
.
အ့ဲဒီေခတ္က ကန္ထ႐ိုက္ေဆာက္ေတာ့ ျမႇင့္ေဆာက္ၾကတာပါဘဲ။ ဒါေပမယ့္ လမ္းနဲ႔ေဝးေသးေတာ့ မသိသာဘူး။ ဗဟိုလမ္းအျဖစ္ခ်ဲ့ေတာ့ သိသာသြားတာပါဘဲ။ လမ္းထက္နိမ့္ေနၿပီ။ ခုထပ္ပိုးလႊာခင္းေတာ့ တေပနီးပါး ထပ္နိမ့္မွာေပါ့။
.
ဒီအိမ္အနည္း ဒုကၡေရာက္မွာစိုးလို႔ လမ္းမခင္းလို႔ မျဖစ္ပါ။ ေနာက္တႀကိမ္ျပန္ေဆာက္ရင္ ျမႇင့္ေဆာက္ဖို႔ဘဲ ႐ွိပါတယ္။ လြယ္မယ္မဟုတ္ေပမ့ဲ ဆီဆံုလမ္းေထာင့္က ႏွစ္ခါ႐ွိပါၿပီ။ အဲဒီအိမ္ေတြအတြက္ေတာ့ ေဆာရီးပါ။ မေကာင္းသူထိပ္ ေကာင္းသူထိပ္ဘဲ။ ဒါမ်ိဳးေတြ ဒါ့ထက္ဆိုးတာေတြ ႐ွိေသး။
.
လုပ္သင့္တာက လမ္းျဖတ္ေျမာင္းေတြ႐ွိရင္ မခင္းခင္ ေသခ်ာျပန္ေဆာက္သင့္တယ္။ ျဖစ္ႏိုင္ရင္လည္း မခင္းခင္ မူလလမ္းမွာတူးၿပီး လိုလိုမယ္မယ္ ပိုက္အလြတ္ေတြ ျမႇဳပ္ခ့ဲသင့္တယ္။ လမ္းတေလ်ာက္ေရာ ကန္႔လန္႔ေတြေရာ။ ခင္းၿပီးမွ ျပန္တူးၾကတာ စိတ္ပ်က္စရာ။
.
စိုးရိမ္တာက အခုထပ္ခင္းနည္းက သံေခ်ာင္းမထည့္ဘဲ ထုထူထူခင္းတ့ဲနည္း။ ႐ွမ္းလမ္းျဖတ္ခင္းတ့ဲ ေရေျမာင္းႀကီေနရာမွာ သံကူကြန္ကရစ္ မလိုဘဲ ရပါ့မလား။ ေအးေလ။ ရလို႔ခင္းတာဘဲ ေနမွာပါ။ သူတို႔က ဗိုလ္ႀကီးေတြဘဲ၊ ေဆာရီး။ အင္ဂ်င္နီယာေတြဘဲ။

12 June 2018

ဒေါ်နယ်ထရမ့်နဲ့ မြန်မာ့စီးပွားရေး



(Unicode version)




ဒီအခိုက်အတန့်မှာ ဒေါ်နွယ်ထွန်းကို ဝက်ကလေးက သေနတ်ထုတ်ပစ်လိုက်ရမှာလို့ တွေးမိတာ အကြောင်းရှိပါတယ်။ ကိုယ်ပိုင် အယူအဆပေါ့။ သူတို့ချင်း စစ်ဖြစ်တာ၊ ဝက်ကလေးကို ဝိုင်းပစ်ကြတာတော့ သူတို့ကံပေါ့။

.

NLD အစိုးရဖွဲ့ခွင့်ရတော့ နိုင်ငံတကာက ဆဲန်ရှင်တွေ ရုပ်သိမ်းပြီး မြန်မာပြည်မှာ လာရင်းနှီးမြုပ်နှံမယ်၊ မြန်မာတွေ အလုပ်တွေရကြတော့မယ်လို့ ထင်ခ့ဲတယ်။ NLD အစိုးရ ပထမနှစ်မှာ ရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ ကုမ္ပဏီဥပဒေတွေကြောင့် အလာနှေးနေတယ်။ ဒါတွေပြင်ပြီးရင်တော့ လာကြမှာဘဲပေါ့။

.

ဒါပေမယ့် ၂၀၁၆ အမေရိကန်သမတရွေးပွဲမှာ ဒေါ်နွယ်ထွန်း နိုင်သွားတယ်။ သူ့ရဲ့ အမေရိကန် ဗဟိုပြု စီးပွားရေးကြောင့် အမေရိကန် အပြင်ဘက် ရင်းနှီးမြုပ်နှံမှု အသစ်တွေ မလုပ်ရဲကြတော့ပါဘူး။ သမိုင်းတလျောက် ချုပ်ဆိုခ့ဲတ့ဲ စီးပွားရေးသဘောတူချက်တွေကို လက်မခံတော့ဘူး လုပ်လာတယ်။ အိမ်နီးချင်း ကနေဒါနဲ့ မက္ကဆီကိုတို့နဲ့လည်း အဆင်မပြေတော့ဘူး။ ဒီကိုလာကာနီး အနောက်ကမ်ဘာရဲ့ အရေးအကြီးဆုံး G7 ထိပ်သီးဆွေးနွေးပွဲမှာတောင် တော်တော်အဆင်မပြေခ့ဲဟန် တူပါတယ်။

.

အမေရိကန်ရဲ့ ရင်းနှီးမြုပ်နှံမှုဟာ တော်တော်အရေးကြီးပါတယ်။ အခြားတိုင်းပြည်က ကုမ္ပဏီတွေတောင် အမေရိကန်မှာ မထုတ်လို့ အမေရိကန်မှာ ပေးမရောင်းရင် အမေရိကန်ပြင်ပမှာ ရင်းနှီးမြုပ်နှံမှု မလုပ်ရဲကြတော့ပါဘူး။ မက္ကဆီကိုမှာ စက်ရုံ အသစ်ဖွင့်ဖို့ ပြင်ဆင်နေတ့ဲ ဂျပန် တိုယိုတာကားကုမ္ပဏီတောင် အမေရိကန်ထဲ စက်ရုံရွှေ့ဖို့ လုပ်ရတာကြည့်ရင် သိသာပါတယ်။

.

မြန်မာပြည်က ခုမှ စဖို့ အခွင့်အရေးရတ့ဲ နိုင်ငံပါ။ အရင်နှစ်သုံးဆယ် စစ်အစိုးရမို့ ဟုတ်တိပတ်တိ မလာကြပါ။ လူသားအရင်းအမြစ်ကို အဓိကထားတ့ဲ စက်ရုံမျိုးဖြစ်တ့ဲ အထည်ချုပ် ဖိနပ်ချုပ်လိုမျိုးတွေ အရင်ကထက် ပိုလုပ်ခွင့် ရသင့်တာပါ။ ဒါကလည်း မြန်မာတွေ တော်လို့မဟုတ်ပါဘူး။ အမေရိကန်က ပေးလေ့ရှိတ့ဲ အထူးအခွင့်အရေးကြောင့် မြန်မာပြည်မှာထုတ်ပြီး အမေရိကန်သွင်းရင် အခွန်သက်သာခွင့် ပြုထားလို့ပါ။ အာဆီယံနိုင်ငံတွေ တရုပ်နဲ့ ဘင်္ဂလားဒေ့တို့ ဒီအခွင့်အရေး သုံးစားလာတာ နှစ်သုံးဆယ်ကျော်ရောပေါ့။

.

ဒါ့ကြောင့် ဒေါ်နွယ်ထွန်းရဲ့ စီးပွားရေးပေါ်လစီကြောင့်လို့ ထင်မိတာပါ။ ဘင်္ဂလီပြဿနာက တမတ်သားလောက်ဘဲ ပါမှာပါ။ မဟုတ်ရင် မြန်မာပြည်ထဲက စက်မှုဇုန်တွေမှာ မြှုပ်နှံဖို့ စိတ်ဝင်စားကြမှာပါ။ ခုတော့ အစိုးရကောင်းရရက်နဲ့ တိုင်းပြည်မတက်တာ ပြည်သူတွေရဲ့ ကံဘဲအောက်မေ့ရမှာဘဲ။

XxXxXx

(Zawgyi version)

ဒီအခိုက္အတန့္မွာ ေဒၚႏြယ္ထြန္းကို ဝက္ကေလးက ေသနတ္ထုတ္ပစ္လိုက္ရမွာလို႔ ေတြးမိတာ အေၾကာင္း႐ွိပါတယ္။ ကိုယ္ပိုင္ အယူအဆေပါ့။ သူတို႔ခ်င္း စစ္ျဖစ္တာ၊ ဝက္ကေလးကို ဝိုင္းပစ္ၾကတာေတာ့ သူတို႔ကံေပါ့။
.
NLD အစိုးရဖြဲ႔ခြင့္ရေတာ့ ႏိုင္ငံတကာက ဆဲန္႐ွင္ေတြ ႐ုပ္သိမ္းၿပီး ျမန္မာျပည္မွာ လာရင္းႏွီးျမဳပ္ႏွံမယ္၊ ျမန္မာေတြ အလုပ္ေတြရၾကေတာ့မယ္လို႔ ထင္ခ့ဲတယ္။ NLD အစိုးရ ပထမႏွစ္မွာ ရင္းႏွီးျမႇဳပ္ႏွံမႈဥပေဒနဲ႔ ကုမၸဏီဥပေဒေတြေၾကာင့္ အလာေႏွးေနတယ္။ ဒါေတြျပင္ၿပီးရင္ေတာ့ လာၾကမွာဘဲေပါ့။
.
ဒါေပမယ့္ ၂၀၁၆ အေမရိကန္သမတေရြးပြဲမွာ ေဒၚႏြယ္ထြန္း ႏိုင္သြားတယ္။ သူ႔ရဲ႕ အေမရိကန္ ဗဟိုျပဳ စီးပြားေရးေၾကာင့္ အေမရိကန္ အျပင္ဘက္ ရင္းႏွီးျမဳပ္ႏွံမႈ အသစ္ေတြ မလုပ္ရဲၾကေတာ့ပါဘူး။ သမိုင္းတေလ်ာက္ ခ်ဳပ္ဆိုခ့ဲတ့ဲ စီးပြားေရးသေဘာတူခ်က္ေတြကို လက္မခံေတာ့ဘူး လုပ္လာတယ္။ အိမ္နီးခ်င္း ကေနဒါနဲ႔ မကၠဆီကိုတို႔နဲ႔လည္း အဆင္မေျပေတာ့ဘူး။ ဒီကိုလာကာနီး အေနာက္ကမ႓ာရဲ႕ အေရးအႀကီးဆံုး G7 ထိပ္သီးေဆြးေႏြးပြဲမွာေတာင္ ေတာ္ေတာ္အဆင္မေျပခ့ဲဟန္ တူပါတယ္။
.
အေမရိကန္ရဲ႕ ရင္းႏွီးျမဳပ္ႏွံမႈဟာ ေတာ္ေတာ္အေရးႀကီးပါတယ္။ အျခားတိုင္းျပည္က ကုမၸဏီေတြေတာင္ အေမရိကန္မွာ မထုတ္လို႔ အေမရိကန္မွာ ေပးမေရာင္းရင္ အေမရိကန္ျပင္ပမွာ ရင္းႏွီးျမဳပ္ႏွံမႈ မလုပ္ရဲၾကေတာ့ပါဘူး။ မကၠဆီကိုမွာ စက္ရံု အသစ္ဖြင့္ဖို႔ ျပင္ဆင္ေနတ့ဲ ဂ်ပန္ တိုယိုတာကားကုမၸဏီေတာင္ အေမရိကန္ထဲ စက္ရံုေရႊ႔ဖို႔ လုပ္ရတာၾကည့္ရင္ သိသာပါတယ္။
.
ျမန္မာျပည္က ခုမွ စဖို႔ အခြင့္အေရးရတ့ဲ ႏိုင္ငံပါ။ အရင္ႏွစ္သံုးဆယ္ စစ္အစိုးရမို႔ ဟုတ္တိပတ္တိ မလာၾကပါ။ လူသားအရင္းအျမစ္ကို အဓိကထားတ့ဲ စက္ရံုမ်ိဳးျဖစ္တ့ဲ အထည္ခ်ဳပ္ ဖိနပ္ခ်ဳပ္လိုမ်ိဳးေတြ အရင္ကထက္ ပိုလုပ္ခြင့္ ရသင့္တာပါ။ ဒါကလည္း ျမန္မာေတြ ေတာ္လို႔မဟုတ္ပါဘူး။ အေမရိကန္က ေပးေလ့႐ွိတ့ဲ အထူးအခြင့္အေရးေၾကာင့္ ျမန္မာျပည္မွာထုတ္ၿပီး အေမရိကန္သြင္းရင္ အခြန္သက္သာခြင့္ ျပဳထားလို႔ပါ။ အာဆီယံႏိုင္ငံေတြ တ႐ုပ္နဲ႔ ဘဂၤလားေဒ့တို႔ ဒီအခြင့္အေရး သံုးစားလာတာ ႏွစ္သံုးဆယ္ေက်ာ္ေရာေပါ့။
.
ဒါ့ေၾကာင့္ ေဒၚႏြယ္ထြန္းရဲ႕ စီးပြားေရးေပၚလစီေၾကာင့္လို႔ ထင္မိတာပါ။ ဘဂၤလီျပႆနာက တမတ္သားေလာက္ဘဲ ပါမွာပါ။ မဟုတ္ရင္ ျမန္မာျပည္ထဲက စက္မႈဇုန္ေတြမွာ ျမႇဳပ္ႏွံဖို႔ စိတ္ဝင္စားၾကမွာပါ။ ခုေတာ့ အစိုးရေကာင္းရရက္နဲ႔ တိုင္းျပည္မတက္တာ ျပည္သူေတြရဲ႕ ကံဘဲေအာက္ေမ့ရမွာဘဲ။