28 November 2017
စုအတွက် ဆုမလိုတော့ပါ။
(Unicode version)
    ဒေါ်အောင်ဆန်းစုကြည်ကို ၈၈နောက်ပိုင်း စစ်အစိုးရက အပုတ်ချ တိုက်ခိုက်ခ့ဲပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ဒေါ်စုဦးဆောင်တ့ဲ NLD ပါတီက အပြတ်အသတ် အနိုင်ရရက်သားနဲ့ အစိုးရဖွဲ့ခွင့် မပေးတ့ဲအပြင် အပြင်းအထန် နှိပ်ကွပ်ခ့ဲပါတယ်။ ဒီဒဏ်ကို ဒေါ်စုက ကြံကြံ့ခံခ့ဲတ့ဲအတွက် နိုဘယ်ဆုအပါအဝင် ဆုပေါင်းများစွာ ချီးမြင့်ခြင်း ခံခ့ဲရပါတယ်။
.
ဒီလို အသိအမှတ်ပြု ဆုတွေချီးမြှင့်တာကို မြန်မာပြည်သူတွေ ကျေနပ်ခ့ဲကြပါတယ်။ မိမိတို့ မဲဆန္ဒနဲ့ နိုင်ငံကို ဦးဆောင်ဖို့ မဲပေးရွေးခ့ဲတာကို စစ်အစိုးရ အသိအမှတ်မပြုပေမ့ဲ ကမ်ဘာက အသိအမှတ်ပြုလို့ ကျေးဇူးတင်ခ့ဲပါတယ်။
.
ခုနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေက မဲပေးလို့ နိုင်ငံကို ဦးဆောင်ခွင့် ရနေပါပြီ။ ဒီလိုအချိန်မှာ အထူးသဖြင့် အနောက်နိုင်ငံတွေက ရခိုင်ပြည်နယ် ဘင်္ဂါလီအရေးမှာ သူတို့စိတ်ကြိုက် မလုပ်လို့ဆိုပြီး အရင်က ပေးခ့ဲတ့ဲ ဆုတွေပြန်သိမ်းပါတယ်။
.
ဒီလိုပြန်သိမ်းတာ ကိစ္စမရှိတော့ပါ။ မြန်မာတွေ အများစုက ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်ကို ခေါင်းဆောင်ခွင့်ရနေပြီဖြစ်လို့ ကျေနပ်နေပြီး ဆုတွေမလိုတော့ပါ။ ဒေါ်စုကို ဆုပေးခွင့်ရတ့ဲ အဖွဲ့တွေကသာ ဂုဏ်တက်တ့ဲသဘော ရှိနေတယ်လို့ ထင်နေကြပါပြီ။ ပြည်သူအများစုကို ဗျူးကြည့်ရင် အမေစုအတွက် မြန်မာပြည်သားတွေ ရှိနေပြီမို့ ဘာဆုမှမလိုကြောင်း တသဘောထဲ ဖြေကြမယ်ထင်ပါကြောင်း။ ။
XxXxXx
(Zawgyi version)
    ဒေါ်အောင်ဆန်းစုကြည်ကို ၈၈နောက်ပိုင်း စစ်အစိုးရက အပုတ်ချ တိုက်ခိုက်ခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ဒေါ်စုဦးဆောင်တဲ့ NLD ပါတီက အပြတ်အသတ် အနိုင်ရရက်သားနဲ့ အစိုးရဖွဲ့ခွင့် မပေးတဲ့အပြင် အပြင်းအထန် နှိပ်ကွပ်ခဲ့ပါတယ်။ ဒီဒဏ်ကို ဒေါ်စုက ကြံကြံ့ခံခဲ့တဲ့အတွက် နိုဘယ်ဆုအပါအဝင် ဆုပေါင်းများစွာ ချီးမြင့်ခြင်း ခံခဲ့ရပါတယ်။
.
ဒီလို အသိအမှတ်ပြု ဆုတွေချီးမြှင့်တာကို မြန်မာပြည်သူတွေ ကျေနပ်ခဲ့ကြပါတယ်။ မိမိတို့ မဲဆန္ဒနဲ့ နိုင်ငံကို ဦးဆောင်ဖို့ မဲပေးရွေးခဲ့တာကို စစ်အစိုးရ အသိအမှတ်မပြုပေမဲ့ ကမ္ဘာက အသိအမှတ်ပြုလို့ ကျေးဇူးတင်ခဲ့ပါတယ်။
.
.
18 November 2017
သိချင်ပါသည်
(Unicode version )
 သိချင်တာလေး တခုရှိလို့ပါ။
.
၂၀၁၁က စခ့ဲတ့ဲ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်တွေမှာ တပ်မတော်သားကိုယ်စားလှယ်တွေ မဲပေးခ့ဲရတ့ဲ အကြိမ် မနည်းတော့လောက်ပါဘူး။
.
အ့ဲဒီမဲပေးခ့ဲတ့ဲ အကြိမ်တိုင်းမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ပေးခ့ဲသည့်မဲ အားလုံးတူတူ မဖြစ်သောအကြိမ် ရှိခ့ဲပါသလား သိချင်တာပါ။ အမြဲတမ်း တူတူ မဲပေးခ့ဲကြပါသလား။ မိမိသဘောအတိုင်း ပေးခွင့်ရလို့ တပ်မတော်သား ကိုယ်စားလှယ်မဲတွေ မတူတ့ဲအကြိမ် ရှိခ့ဲပါသလား သိချင်လှပါသည်။
.
ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် လိုအပ်ချက်အားလုံး ပြည့်စုံနေသည့်တိုင် လွှတ်တော်တွင် မဲခွဲလျှင် အနည်းဆုံး တပ်မတော်သားမဲ တမဲရမှ ပြင်နိုင်သည့် ပုဒ်မများ ရှိနေပါသည်။ ထိုအခြေအနေအတွက် ဖြစ်နိုင်ခြေ ရှိမရှိ သိနေချင်တာ ဖြစ်ပါကြောင်း။
XxXxXx
(Zawgyi version )
.
၂၀၁၁က စခဲ့တဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်တွေမှာ တပ်မတော်သားကိုယ်စားလှယ်တွေ မဲပေးခဲ့ရတဲ့ အကြိမ် မနည်းတော့လောက်ပါဘူး။
.
အဲ့ဒီမဲပေးခဲ့တဲ့ အကြိမ်တိုင်းမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ပေးခဲ့သည့်မဲ အားလုံးတူတူ မဖြစ်သောအကြိမ် ရှိခဲ့ပါသလား သိချင်တာပါ။ အမြဲတမ်း တူတူ မဲပေးခဲ့ကြပါသလား။ မိမိသဘောအတိုင်း ပေးခွင့်ရလို့ တပ်မတော်သား ကိုယ်စားလှယ်မဲတွေ မတူတဲ့အကြိမ် ရှိခဲ့ပါသလား သိချင်လှပါသည်။
.
17 November 2017
ရဲတိုက် ဘယ်လမ်းလိုက်မလဲ
(Unicode version)
 ရဲတိုက်လွတ်လာတ့ဲ အကြောင်းတွေဖတ်မိတော့ MRTV4 မှာထင်တယ်၊ ဆွေဇင်ထိုက်နဲ့ ဗျူးထားတာလေး ပြန်သတိရတယ်။
.
အနုပညာသမားတွေ မူးယစ်ဆေးစွဲကြတယ်။ အဖမ်းခံရပြီး အပစ်ပေးခံရတယ်။ ပြန်လွတ်လာချိန်မှာ ပြန်ညိမှာစိုးလို့ အနုပညာအလုပ် ပြန်ပေးကြတယ်။တချို့ အောင်မြင်တ့ဲအဆင့်တောင် ပြန်ရောက်ပါတယ်။ တချို့ လုံးဝလွတ်ကင်းသွားသလို တချို့ ဒီထဲဘဲ ပြန်ရောက်သွားပါသတ့ဲ။
.
နာမည်တွေနဲ့ကို ဥပမာပေး ပြောတာပါ။ ပြန်အောင်မြင်တ့ဲအထဲမှာ စိုင်းထီးစိုင်နဲ့ ကျော်ဟိန်းကို ဥပမာပေးတယ်လို့ ထင်မိတာဘဲ။ သေချာ မမှတ်မိလို့ ဆောရီးပါ။
.
သူများတွေလို တကြိမ်မကပါ၊ နှစ်ကြိမ်လွတ် နှစ်ကြိမ်လုံးနာမည်ကြီးပြီး မူးယစ်ကမ်ဘာထဲ ပြန်ရောက်ပြီး ကျဆုံးသွားတာ ဇော်ဝမ်းပါဘဲတ့ဲ။
.
ကျောက်ခဲနဲ့ နာမည်ကြီးတယ်။ မူးယစ်နဲ့ အဖမ်းခံရတယ်။ ပြန်လွတ်တယ်။ အနုပညာလောကမှာ ပြန်အောင်မြင်တယ်။ ဆွေဇင်ထိုက်ကတော့ သူအောင်မြင်တ့ဲ ရုပ်ရှင်လား သီချင်းလားမသိ၊ ပြောပြပါတယ်။ မမှတ်မိလို့ ထပ်ဆောရီးပါ။
.
နောက်တကြိမ် ပြန်အဖမ်းခံရပြန်တယ်။ ပြန်လွတ်တယ်။ သရုပ်ပြန်ဆောင်တယ်။ အရမ်းကို အောင်မြင်ပြန်တာဘဲတ့ဲ။ ဒီတခါက သင်္ကြန်မိုးပါ။ အ့ဲဒီနောက်တော့ ပြန်ညိနေတာ သေသည်အထိပါဘဲတ့ဲ။
.
ဒီနေ့ လွတ်လာတ့ဲသူလည်း အ့ဲဒီဗျူးလေးကြည့်စေချင်တယ်။ ပြန်ပြရင် ကြည့်ချင်ပါသေးတယ်။
XxXxXx
(Zawgyi version )
 ရဲတိုက်လွတ်လာတဲ့ အကြောင်းတွေဖတ်မိတော့ MRTV4 မှာထင်တယ်၊ ဆွေဇင်ထိုက်နဲ့ ဗျူးထားတာလေး ပြန်သတိရတယ်။
.
.
.
သူများတွေလို တကြိမ်မကပါ၊ နှစ်ကြိမ်လွတ် နှစ်ကြိမ်လုံးနာမည်ကြီးပြီး မူးယစ်ကမ္ဘာထဲ ပြန်ရောက်ပြီး ကျဆုံးသွားတာ ဇော်ဝမ်းပါဘဲတဲ့။
.
.
.
15 November 2017
တတိယအကြိမ်ဆိုရင်
(Unicode version)
 ဂျီတီအိုင်ဆင်းကို ဒရိုင်ဘာရာထူးခေါ်လို့ ကန့်ကွက်တယ်။ သေချာဖတ်တော့ ပြည်ပသင်တန်းသွားတက်နိုင်ရမယ်ဆိုတာပါတယ်။ ဒါ့ထက်မြင့်တ့ဲ အလုပ်ကိုခိုင်းဖို့ ဝင်ပေါက်လည်း ဖြစ်နိုင်ပါတယ်။ အလုပ်နေရာနည်းပြီး ကျောင်းဆင်းများလာရင် ဒီလိုဘဲ ဖြစ်မှာပါ။
.
အံ့သြစရာ ကောင်းတာက မျက်စိမှတ် ဘွဲ့ကိုအထင်ကြီးတ့ဲနိုင်ငံမှာ ဘယ်ဘွဲ့ရမှက မကန့်ကွက်တာပါဘဲ။ ကိုယ့်အခြေအနေ ကိုယ်သိလို့် ဖြစ်မှာပါ။
.
၁၉၆၂ မတိုင်ခင်က ရိုးရိုး ဝိဇ္ဇာ သိပ္ပံဘွဲ့တွေ တန်ဖိုးရှိခ့ဲပါတယ်။ ရတ့ဲလူကလည်း နည်းတာကိုး။ ပထမအကြိမ် အာဏာသိမ်းပြီးတ့ဲနောက် တန်ဖိုးကျသွားတာ အားလုံးအသိပါ။
.
၁၉၈၈ မတိုင်ခင်အထိ အင်ဂျင်နီယာနဲ့ ဆရာဝန်ဘွဲ့က တန်ဖိုးရှိခ့ဲပါသေးတယ်။ ဒုတိယအကြိမ် အာဏာသိမ်းပြီးတ့ဲနောက် အင်ဂျင်နီယာဘွဲ့လည်း တန်ဖိုးတော်တော်ကျသွားပါတယ်။ ခြောက်ဘာသာအမှတ် ၃၀၀လောက်ရတာတောင် ဘွဲ့ကြိုတန်း GTC ဆိုတာ တက်လို့ရခ့ဲတယ်။ အင်ဂျင်နီယာကောလိပ် တက္ကသိုလ်တွေလည်း မဆလခေတ် စက်မှုအထက်တန်းကျောင်းထက် များခ့ဲပြီး ကျောင်းဆင်းတွေများတော့ အလုပ်ရဖို့ ခက်သွားတာပါဘဲ။
.
ခုချိန်ထိ တန်ဖိုးမလျော့သေးတာက ဆရာဝန်ဘွဲ့ပါ။ ဝင်ခွင့်လည်း မြင့်တုံးပါဘဲ။ စဉ်းစားမိတာက တတိယအကြိမ်များ အာဏာသိမ်းလိုက်ရင် ဝိဇ္ဇာသိပ္ပံဘွဲ့တို့ အင်ဂျင်နီယာဘွဲ့တို့လို ဖြစ်သွားမလားဆိုတာပါဘဲ။
XxXxXx
(Zawgyi version)
.
.
၁၉၆၂ မတိုင်ခင်က ရိုးရိုး ဝိဇ္ဇာ သိပ္ပံဘွဲ့တွေ တန်ဖိုးရှိခဲ့ပါတယ်။ ရတဲ့လူကလည်း နည်းတာကိုး။ ပထမအကြိမ် အာဏာသိမ်းပြီးတဲ့နောက် တန်ဖိုးကျသွားတာ အားလုံးအသိပါ။
.
၁၉၈၈ မတိုင်ခင်အထိ အင်ဂျင်နီယာနဲ့ ဆရာဝန်ဘွဲ့က တန်ဖိုးရှိခဲ့ပါသေးတယ်။ ဒုတိယအကြိမ် အာဏာသိမ်းပြီးတဲ့နောက် အင်ဂျင်နီယာဘွဲ့လည်း တန်ဖိုးတော်တော်ကျသွားပါတယ်။ ခြောက်ဘာသာအမှတ် ၃၀၀လောက်ရတာတောင် ဘွဲ့ကြိုတန်း GTC ဆိုတာ တက်လို့ရခဲ့တယ်။ အင်ဂျင်နီယာကောလိပ် တက္ကသိုလ်တွေလည်း မဆလခေတ် စက်မှုအထက်တန်းကျောင်းထက် များခဲ့ပြီး ကျောင်းဆင်းတွေများတော့ အလုပ်ရဖို့ ခက်သွားတာပါဘဲ။
.
14 November 2017
ရယ်စရာ မြန်မာပြည် SMS
(Unicode version)
   လွန်ခ့ဲတ့ဲ လေးငါးနှစ်က စင်ကာပူကို ခဏရောက်တော့ ဖုန်းကဒ်ဝယ်သုံးပါတယ်။ စင်းတယ်လ် ကဒ်ထင်ပါတယ်။ ဖော်မြူလာဝမ်းကား ပုံလေးနဲ့။ ဖုန်းဘဲ အဓိကသုံးပြီး SMS ကို အကျင့်မရှိလို့ မသုံးမိပါဘူး။ စင်ကာပူမှာ နေနေကျသူတွေကတော့ ဈေးသက်သာလို့ တွင်တွင်သုံးတာ တွေ့ရပါတယ်။ အပြန်အလှန်ကို စာရိုက် ပို့နေကြတာပါ။
.
စင်ကာပူက သူငယ်ချင်းကို မေးကြည့်တော့မှ ဖုန်းလစဉ် plan ဝယ်ရင် free sms ရလေ့ ရှိသတ့ဲ။ ကိုယ်ဝယ်တ့ဲ plan ပေါ်မူတည်ပြီး တလ အကြိမ် နှစ်ရာ ငါးရာ စသဖြင့်ပေါ့။ ဒီတော့လည်း သုံးဖြစ်တာပေါ့။ ခုတော့ instant messenger တွေပေါ်လာလို့ SMS သုံးသူ မရှိသလောက် ဖြစ်သွားပါပြီ။
.
မြန်မာနိုင်ငံမှာလည်း အရင်က ဖုန်းဆက်ခ အင်တာနက်ခ ဈေးကြီးခ့ဲပေမ့ဲ ပုဂ္ဂလိက ကုမ္ပဏီတွေ လုပ်ခွင့်ပြုလိုက်တ့ဲနောက်ပိုင်း ဈေးကျလာပါတယ်။ အခုဆို ပြောခ တမိနစ် တဆယ်ကျပ် plan ပေါ်လာပါပြီ။ (အဲဒီ plan တွေရဲ့ အင်တာနက်ခက တမဂ် ၈ကျပ်တော့ သတိထားကြပါ။) အင်တာနက်ခမှာလည်း တမဂ်ကို နှစ်ကျပ်အောက်ဘဲ ကျသင့်တ့ဲ package plan တွေ ပေါ်နေပါပြီ။
.
သူများထက် ထူးတ့ဲ မြန်မာနိုင်ငံမှာ ဖုန်းခ အင်တာနက်ခ လျော့သွားသော်လည်း SMS ခက တခါပို့ ၁၅ကျပ်ပါတ့ဲ။ ရယ်စရာလိုကို ဖြစ်နေပါတယ်။ နဂိုရ်ကမှ သုံးလေ့မရှိတာ ဆယ့်ငါးကျပ်ဆိုတော့ ဖုန်းတမိနစ်ခွဲ ပြောတော့မှာပေါ့။ Viber တို့ WhatsApp တို့ကနေ ရုပ်ပါကြည့်ပြီးပြော၊ ပုံတွေပါ ပို့တော့မှာပေါ့ဗျာ။
.
ဒီတော့ ဖုန်းနဲ့တွဲနေတ့ဲ SMS စံနစ်မဖျက်နိုင်သေးတ့ဲ အတူတူ တလ SMS ၅၀ ဖရီး၊ ၅၀ ကျော်သွားရင် တခါပို့ တကျပ်တို့ လုပ်ကြည့်ကြပါလား ဖုန်းအော်ပရေတာများရယ်။မြန်မာတွေ SMS သုံးလာမလား စမ်းကြည့်သင့်တယ်ထင်တယ်ဗျာ။
XxXxXx
(Zawgyi version )
.
.
.
.
11 November 2017
Asean stamp
(Unicode version)
အာဆီယံနှစ် ၅၀ပြည့်အဖြစ် အထိမ်းအမှတ် တံဆိပ်ခေါင်း ထုတ်ပါတယ်။ မြန်မာ့အမျိုးသားပန်း ပိတောက်ခက် ပုံနဲ့ပါ။
.
ကျပ် ၁၀၀၀တန် တမျိုးဘဲ ထုတ်ပါတယ်။ မြန်မာ့စာတိုက်လုပ်ငန်းက first day cover ထုတ်ပါတယ်။
.
ဒီဇိုင်း တိုးတက်လာသော်လည်း ကွာလတီကတော့ အရင်အတိုင်းပါဘဲ။
XxXxXx
(Zawgyi version )
.
.
07 November 2017
မြန်မာ အမျိုးသားပန်း
(Unicode version)
 ယနေ့ထုတ် ကြေးမုံသတင်းစာတွင် လာမည့် ၁၁ရက်နေ့တွင် အာဆီယံ နှစ်၅၀ပြည့် အထိမ်းအမှတ် ဖြစ် တံဆိပ်ခေါင်း ထုတ်မည်ဖြစ်ကြောင်း သတင်းပါရှိသည်။
.
တံဆိပ်ခေါင်းရဲ့ ပုံမှာ မြန်မာနိုင်ငံ၏ National Flower ဖြစ်သော ပိတောက်ပန်းပုံဟု ဖော်ပြထားသောကြောင့် မြန်မာနိုင်ငံ၏ အမျိုးသားပန်းအဖြစ် ပိတောက်ပန်းကို သတ်မှတ်လိုက်ကြောင်း သေချာသွားပါပြီ။
.
အရင် စစ်အစိုးရလက်ထက်က ပိတောက်ပန်းနှင့် သဇင်ပန်း ဘယ်ပန်းကို အမျိုးသားပန်းအဖြစ် ရွေးချယ်မည်ကို မဆုံးဖြတ်နိုင်ခ့ဲပါ။
.နိုင်ငံအများစုတွင် National Flower နှင့် National Animal ကို အထိမ်းအမှတ်အဖြစ် ရွေးချယ်ထားလေ့ ရှိသည်။ မြန်မာနိုင်ငံအတွက် National Flower ကို ရွေးချယ်ပြီးသော်လည်း ယခုထိတိုင် National Animal ကို ရွေးချယ်ထားသည်ဟု မကြားရသေးပါ။
XxXxXx
(Zawgyi version)
.
.
အရင် စစ်အစိုးရလက်ထက်က ပိတောက်ပန်းနှင့် သဇင်ပန်း ဘယ်ပန်းကို အမျိုးသားပန်းအဖြစ် ရွေးချယ်မည်ကို မဆုံးဖြတ်နိုင်ခဲ့ပါ။