26 July 2012

မြန်မာကွ


(Unicode version)

            မြန်မာပြည်တွင် ဘောလုံးဝါသနာပါသူများသည် အခြားအသင်းအင်္ကျီများသာ၀တ်နေကြရသည်။ မြန်မာအသင်းကို အားမပေးချင်သောကြောင့်တော့ မဖြစ်နိုင်။ အခြားအကြောင်းကြောင့် သာဖြစ်ပါလိမ့်မည်။

            ခုတလောတော့ U-22 နိုင်လို့လားမသိ။ အဲဒီအသင်း၀တ်သော ၀တ်စုံတွေရောင်းနေတာတွေ့လာရသည်။ ပုံမှ ၀ိုင်းပြထားသော အနီရောင်၀တ်စုံသည်မြန်မာအသင်း ၀တ်စုံဖြစ်သည်။ မန်ယူတွေ၊ အာကြီးတွေ ကျန်နေတော့မည်။

           နှစ်နှစ်ဆယ်အတွင်း မြန်မာခြေစစ်ပွဲအောင်ခံဲ့ခြင်းသည် မြန်မာနိုင်ငံ ကံ နှင့်လည်း ဆိုင်နေပါလိမ့်မည်။ နိုင်ရမည့်သူ နိုင် လာသောအခါ ကျန်တာတွေပါ နိုင်လာတာဖြစ်ပါလိမ့်မည်။ ။


XxXxXx

(Zawgyi version)

            ျမန္မာျပည္တြင္ ေဘာလံုး၀ါသနာပါသူမ်ားသည္ အျခားအသင္းအကၤ်ီမ်ားသာ၀တ္ေနၾကရသည္။ ျမန္မာအသင္းကို အားမေပးခ်င္ေသာေၾကာင့္ေတာ့ မျဖစ္ႏိုင္။ အျခားအေၾကာင္းေၾကာင့္ သာျဖစ္ပါလိမ့္မည္။
            ခုတေလာေတာ့ U-22 ႏိုင္လို႔လားမသိ။ အဲဒီအသင္း၀တ္ေသာ ၀တ္စံုေတြေရာင္းေနတာေတြ႔လာရသည္။ ပံုမွ ၀ိုင္းျပထားေသာ အနီေရာင္၀တ္စံုသည္ျမန္မာအသင္း ၀တ္စံုျဖစ္သည္။ မန္ယူေတြ၊ အာႀကီးေတြ က်န္ေနေတာ့မည္။
           ႏွစ္ႏွစ္ဆယ္အတြင္း ျမန္မာေျခစစ္ပြဲေအာင္ခံဲ့ျခင္းသည္ ျမန္မာႏိုင္ငံ ကံ ႏွင့္လည္း ဆိုင္ေနပါလိမ့္မည္။ ႏိုင္ရမည့္သူ ႏိုင္ လာေသာအခါ က်န္တာေတြပါ ႏိုင္လာတာျဖစ္ပါလိမ့္မည္။     ။

20 July 2012

အာဇာနည်

(Unicode version)

                      ခုဘဲ သတင်းဖတ်လိုက်ရပါသည်။ ဒု သမတ ကိုယ်တိုင် အာဇာနည်နေ့တွင်

လွမ်းသူ့ပန်းခွေချလိမ့်မည်ဟု။ ထူးဆန်းသွားပါသလား။ မြန်မာပြည်တွင် အာဇာနည်ဆိုသော စကားလုံးကို အဆင့်နှိမ့်ချခံထားသည်မှာ ၁၉၉၀ ခန့်ကပင်။ခုတော့ ဗိုလ်ချုပ်ပုံ၊ ဒေါ်စုပုံတို့နှင့်အတူ နေရာမှန် လူမှန်ပြန်ဖြစ်လာပါပြီ။ ၁၉၉၀ ခန့်က ဒေါ်စုကို နှိမ်ချင်ဇောနှင့် ဗိုလ်ချုပ်တို့ အာဇာနည်နေ့တို့ကိုပါ သေးသိမ်အောင်လုပ်ရက်ခ့ဲကြသည်။ အတိတ်ကံ နည်းနေစဉ်

အချိန်ပေါ့ဗျာ။

                       သို့သော် ဗေဒင်ကိန်းခန်း သဘောအရဆိုလျှင် အာဇာနည်ဆိုသော စကားလုံး

မကွယ်ပျောက်ခ့ဲပါ။ ထိုနှစ်များအတွင်း အာဇာနည် ဆိုသော အဆိုတော်ပေါ်လာသည်။

အလွန်ပင်ကြော်ကြားခ့ဲသည်။ အစားထိုးသလိုဖြစိခ့ဲသည်။ကလေးများကိုမေးပါက

အဆိုတော် အာဇာနည်ကိုသာ သိသည်။ တကယ့်အာဇာနည် ကိုးဦးက်ု မသိတော့။

ခုတော့ ဗိုလ်ချုပ်နှင့်အတူ အာဇာနည်ဆိုသော စကားလုံး ကံဇာတာပြန်တက်လာပြီ။

အစိုးရအဖွဲ့ကပင် ပြန်အသိအမှတ်ပြုလာရပြီ။ အာဇာနည်ကို ရှေ့လျှောက်ကျောင်းတွေမှာ ပါပြန်ကြားရတော့ မည်ထင်သည်။

                   ဒီမှာ ကွျှန်တော်စဉ်းစားမိတာက ဟိုအဆိုကျော် အာဇာနည်ကိုပါ။ နာမ်

အစားထိုးခံထားရသလိုဖြစ်နေရာ မူလ Original ပြန်နေရာရလာပြီ ဖြစ်သဖြင့်

သူဖယ်ပေးရတော့မည်ထင်သည်။ သေချာကြည့်ပါက ဒေါ်စု နေရာပြန်ရ ကံဇာတာတက်လာသော

အချိန်တွင် သူ့ကို နေရာမပေးခ့ဲသူများ ကံ စနိမ့်လာသည်ကို သတိထားမိသည်။

ဒေါ်စုအပေါ်တွင် စိတ်ထားမမှန်သူများ ပေါ်လာတော့မည်။ မနေ့က အာဇာနည်နေ့

အခမ်းအနားတွင် ယဉ်ကျေးမှု၀န်ကြီး တက်သည်ကို မတွေ့ရပါ။ ကံနိမ့်ပြီး

နေမကောင်းဖြစ်နေသလား၊ ပြုတ်ပြီလားမသိ။ ဒါတွေတွေ့ရသောကြောင့် အဆိုတော်

အာဇာနည်သည် နာမည်ကျယင်ကျ၊ မကျပါက ထိခိုက်နိုင်သည်ဟု ထင်သည်။ ခုတလော

အင်တာဗျူးများတွင် R ဇာနည်ဟုပေါင်းသည်ကို တွေ့ရသည်။ ယတျာများလား

မသိတော့ပါ။

                   ဘာဖြစ်ဖြစ် အာဇာနည် နှင့်အတူ ဒေါ်စုကတော့ ကံ ပြန်တက်လာပါတော့မည်။


XxXxXx

(Zawgyi version )

                      ခုဘဲ သတင္းဖတ္လိုက္ရပါသည္။ ဒု သမတ ကိုယ္တိုင္ အာဇာနည္ေန႔တြင္
လြမ္းသူ႕ပန္းေခြခ်လိမ့္မည္ဟု။ ထူးဆန္းသြားပါသလား။ ျမန္မာျပည္တြင္ အာဇာနည္ဆိုေသာ   စကားလံုးကို အဆင့္ႏွိမ့္ခ်ခံထားသည္မွာ ၁၉၉၀ ခန္႔ကပင္။ခုေတာ့ ဗိုလ္ခ်ဳပ္ပံု၊ ေဒၚစုပံုတို႔ႏွင့္အတူ ေနရာမွန္ လူမွန္ျပန္ျဖစ္လာပါၿပီ။ ၁၉၉၀ ခန္႔က ေဒၚစုကို နွိမ္ခ်င္ေဇာႏွင့္ ဗိုလ္ခ်ဳပ္တို႔ အာဇာနည္ေန႔တို႔ကိုပါ ေသးသိမ္ေအာင္လုပ္ရက္ခ့ဲၾကသည္။ အတိတ္ကံ နည္းေနစဥ္
အခ်ိန္ေပါ့ဗ်ာ။
                       သို႔ေသာ္ ေဗဒင္ကိန္းခန္း သေဘာအရဆိုလွ်င္ အာဇာနည္ဆိုေသာ စကားလံုး
မကြယ္ေပ်ာက္ခ့ဲပါ။ ထိုႏွစ္မ်ားအတြင္း အာဇာနည္ ဆိုေသာ အဆိုေတာ္ေပၚလာသည္။
အလြန္ပင္ေၾကာ္ၾကားခ့ဲသည္။ အစားထိုးသလိုျဖစိခ့ဲသည္။ကေလးမ်ားကိုေမးပါက
အဆိုေတာ္ အာဇာနည္ကိုသာ သိသည္။ တကယ့္အာဇာနည္ ကိုးဦးက္ု မသိေတာ့။
ခုေတာ့ ဗိုလ္ခ်ဳပ္ႏွင့္အတူ အာဇာနည္ဆိုေသာ စကားလံုး ကံဇာတာျပန္တက္လာၿပီ။
အစိုးရအဖြဲ႔ကပင္ ျပန္အသိအမွတ္ျပဳလာရၿပီ။ အာဇာနည္ကို ေရွ့ေလွ်ာက္ေက်ာင္းေတြမွာ  ပါျပန္ၾကားရေတာ့ မည္ထင္သည္။
                   ဒီမွာ ကႊ်န္ေတာ္စဥ္းစားမိတာက ဟိုအဆိုေက်ာ္ အာဇာနည္ကိုပါ။ နာမ္
အစားထိုးခံထားရသလိုျဖစ္ေနရာ မူလ Original ျပန္ေနရာရလာၿပီ ျဖစ္သျဖင့္
သူဖယ္ေပးရေတာ့မည္ထင္သည္။ ေသခ်ာၾကည့္ပါက ေဒၚစု ေနရာျပန္ရ ကံဇာတာတက္လာေသာ
အခ်ိန္တြင္ သူ႔ကို ေနရာမေပးခ့ဲသူမ်ား ကံ စနိမ့္လာသည္ကို သတိထားမိသည္။
ေဒၚစုအေပၚတြင္ စိတ္ထားမမွန္သူမ်ား ေပၚလာေတာ့မည္။ မေန႔က အာဇာနည္ေန႔
အခမ္းအနားတြင္ ယဥ္ေက်းမႈ၀န္ႀကီး တက္သည္ကို မေတြ႔ရပါ။ ကံနိမ့္ၿပီး
ေနမေကာင္းျဖစ္ေနသလား၊ ျပဳတ္ၿပီလားမသိ။ ဒါေတြေတြ႔ရေသာေၾကာင့္ အဆိုေတာ္
အာဇာနည္သည္ နာမည္က်ယင္က်၊ မက်ပါက ထိခိုက္ႏိုင္သည္ဟု ထင္သည္။ ခုတေလာ
အင္တာဗ်ဴးမ်ားတြင္ R ဇာနည္ဟုေပါင္းသည္ကို ေတြ႔ရသည္။ ယတ်ာမ်ားလား
မသိေတာ့ပါ။
                   ဘာျဖစ္ျဖစ္ အာဇာနည္ ႏွင့္အတူ ေဒၚစုကေတာ့ ကံ ျပန္တက္လာပါေတာ့မည္။

28 June 2012

ကုလားအရေးအခင်း - ၃

(Unicode version)

                 အယင် post များနှင့်ဆက်အောင် ခေါင်းစဉ်ကို နံပါတ် ၃ လုပ်လိုက်ရသော်လည်း

တကယ်က ကျွန်တော် နှင့် ကုလားများ ဖြစ်သင့်ပါသည်။ ကျွန်တော်နှင့် ကုလားများ ပါတ်သက်ပုံကို ရေးချင်တာပါ။ မြန်မာပြည်တွင် နေသူတိုင်းသည်ကုလားဆိုသော အနိ္ဒယနွယ်ဖွားများနှင့် မပါတ်သက်သူ လုံး၀မရှိနိုင်ပါ။ အမျိုးမတော်ဘူးသူသာ ရှိနိုင်ပါသည်။

                ငယ်စဉ်က ပေါင်းခ့ဲသော ကုလားလူမျိုး တစ်ဦးကိုလဲ သတိရမိသည်။ ဘောလုံးရိုက်တန်း ကစားစဉ် သူသေချာ မကစားသဖြင့် ကျန်သူများက သြဘာပေးကြသည်။ ခွေးကုလား၊ ဘယ်လိုကစားနေတာလဲ၊ ဟေ့ သောက်ကုလား သေချာလုပ်ကွာ စသဖြင့် အော်ကြသည်ကို ဘေးမှ ကြည့်နေသူ သူ့အဖေကြားနေရသည်။ ကြာလာသော် မနေနိုင်တော့။ ဟေ့ကောင် ၊ မင်းလုပ်တာနဲ့

တို့ကုလားတွေလဲ ရစရာမရှိတော့ဘူး၊ မင်းအိမ်ပြန်တော့ဟု ပင်မောင်းထုတ်ခံရပါသည်။

ရန်ဖြစ်စရာမလိုဘဲ အပျော်သာဖြစ်ခ့ဲပါသည်။

                  နောက် သူငယ်ချင်းကျတော့ ကုလားနှင့်တူသဖြင့် ကုလားဟု ငယ်စဉ်က

တောက်လျှောက်ခေါ်ခံခ့ဲရသည်။ ထူးဆန်းသည်မှာ နောက်ကျောင်းအသစ်သို့ရောက်သော် သူ့ထက်

 ကုလားပုံပေါက်သူပေါ်လာ၍ အခေါ်မခံရတော့ဘဲ နောက်နံမည်အသစ်ရသွားပါသည်.။ အထူးဆန်းဆုံး

 သူငယ်ချင်းမှာ သူငယ်ချင်းများက တရုပ်ကြီးဟုခေါ်ခံရပြီး အိမ်တွင်မူ ကုလားဟု ခေါ်ခံရသူပါ။

လူတစ်ယောက်ထဲက ပုံနှစ်မျိုးပေါက်နေပုံ ရပါသည်။

                  ထို့အပြင် ကျွန်တော့် ဆရာအချို့သည်လည်း ကုလားများရှိခ့ဲ ဘူးပါသည်။

မြန်မာများ အတွက် ကုန်ကုန်ပြောရလျှင် အာဇာနည်ထဲမှာပင် ကုလားနှစ်ဦးတောင်ပါနေပါသည်။

 နှစ်ဦးစလုံး မူစလင်များပင်။ ဗုဒ္ဓဘာသာများအတွက် ဗုဒ္ဓသည် ကုလားပြည်မှ ကုလားပင်။

                 သို့ဖြစ်၍ ပြဿနာ မရှိခ့ဲကြပါ။ အတူယှဉ်တွဲ၍ နှစ်ပေါင်းများစွာပင်နေခ့ဲကြပါသည်။

 ခုတလော ရခိုင်တွင် ပြဿနာဖြစ်ခါမှ နေရခက်သလိုဖြစ်လာသည်။ ပေါင်းနေသူချင်း ဒီခေါင်းစဉ်

 မပြောရန် အလိူလို ရှောင်နေရသည်။ မဆိုင်မှန်းလဲ သိပါသည်။ မျက်နှာပူသည့် သဘော။

                  ဒီလို ရေရှည်ဆက် မဖြစ်နေရန် နဂိုရ် မူစလင်ကုလားများက ရခိုင်တွင်

ပြဿနာရှာနေသော ရခိုင်များသည် ပြည်တွင်းရှိသူများနှင့် လုံး၀မဆိုင်ကြောင်း ၊ ရှုံ့ချကြောင်း

ကြေငြာသင့်ပါသည်။ အမှန်တကယ်လည်း ပါတ်သက်မှု့ မရှိအောင် ဂရုပြုသင့်ပါကြောင်း။ ။


XxXxXx

(Zawgyi version)

                 အယင္ post မ်ားႏွင့္ဆက္ေအာင္  ေခါင္းစဥ္ကို နံပါတ္ ၃ လုပ္လိုက္ရေသာ္လည္း
တကယ္က ကၽြန္ေတာ္ ႏွင့္ ကုလားမ်ား ျဖစ္သင့္ပါသည္။ ကၽြန္ေတာ္ႏွင့္ ကုလားမ်ား   ပါတ္သက္ပံုကို   ေရးခ်င္တာပါ။ ျမန္မာျပည္တြင္ ေနသူတိုင္းသည္ကုလားဆိုေသာ အႏိၵယႏြယ္ဖြားမ်ားႏွင့္ မပါတ္သက္သူ လံုး၀မရွိႏိုင္ပါ။ အမ်ိဳးမေတာ္ဘူးသူသာ ရွိႏိုင္ပါသည္။
                ငယ္စဥ္က ေပါင္းခ့ဲေသာ ကုလားလူမ်ိဳး  တစ္ဦးကိုလဲ သတိရမိသည္။    ေဘာလံုးရိုက္တန္း ကစားစဥ္ သူေသခ်ာ မကစားသျဖင့္ က်န္သူမ်ားက ၾသဘာေပးၾကသည္။  ေခြးကုလား၊ ဘယ္လိုကစားေနတာလဲ၊ ေဟ့ ေသာက္ကုလား ေသခ်ာလုပ္ကြာ စသျဖင့္ ေအာ္ၾကသည္ကို ေဘးမွ ၾကည့္ေနသူ သူ႔အေဖၾကားေနရသည္။   ၾကာလာေသာ္   မေနႏိုင္ေတာ့။  ေဟ့ေကာင္ ၊  မင္းလုပ္တာနဲ႔
တို႔ကုလားေတြလဲ ရစရာမရွိေတာ့ဘူး၊  မင္းအိမ္ျပန္ေတာ့ဟု ပင္ေမာင္းထုတ္ခံရပါသည္။
ရန္ျဖစ္စရာမလိုဘဲ အေပ်ာ္သာျဖစ္ခ့ဲပါသည္။
                  ေနာက္ သူငယ္ခ်င္းက်ေတာ့ ကုလားႏွင့္တူသျဖင့္ ကုလားဟု ငယ္စဥ္က
ေတာက္ေလွ်ာက္ေခၚခံခ့ဲရသည္။ ထူးဆန္းသည္မွာ ေနာက္ေက်ာင္းအသစ္သို႔ေရာက္ေသာ္ သူ႕ထက္
 ကုလားပံုေပါက္သူေပၚလာ၍ အေခၚမခံရေတာ့ဘဲ ေနာက္နံမည္အသစ္ရသြားပါသည္.။ အထူးဆန္းဆံုး
 သူငယ္ခ်င္းမွာ သူငယ္ခ်င္းမ်ားက တရုပ္ႀကီးဟုေခၚခံရၿပီး အိမ္တြင္မူ ကုလားဟု ေခၚခံရသူပါ။
လူတစ္ေယာက္ထဲက ပံုႏွစ္မ်ိဳးေပါက္ေနပံု ရပါသည္။
                  ထို႔အျပင္ ကၽြန္ေတာ့္ ဆရာအခ်ိဳ႕သည္လည္း ကုလားမ်ားရွိခ့ဲ ဘူးပါသည္။
ျမန္မာမ်ား အတြက္ ကုန္ကုန္ေျပာရလွ်င္ အာဇာနည္ထဲမွာပင္ ကုလားႏွစ္ဦးေတာင္ပါေနပါသည္။
 ႏွစ္ဦးစလံုး မူစလင္မ်ားပင္။ ဗုဒၶဘာသာမ်ားအတြက္ ဗုဒၶသည္ ကုလားျပည္မွ ကုလားပင္။
                 သို႔ျဖစ္၍ ျပႆနာ မရွိခ့ဲၾကပါ။ အတူယွဥ္တြဲ၍ ႏွစ္ေပါင္းမ်ားစြာပင္ေနခ့ဲၾကပါသည္။
 ခုတေလာ ရခိုင္တြင္ ျပႆနာျဖစ္ခါမွ ေနရခက္သလိုျဖစ္လာသည္။  ေပါင္းေနသူခ်င္း ဒီေခါင္းစဥ္
 မေျပာရန္ အလိူလို ေရွာင္ေနရသည္။ မဆိုင္မွန္းလဲ သိပါသည္။ မ်က္ႏွာပူသည့္ သေဘာ။
                  ဒီလို ေရရွည္ဆက္ မျဖစ္ေနရန္ နဂိုရ္ မူစလင္ကုလားမ်ားက ရခိုင္တြင္
ျပႆနာရွာေနေသာ ရခိုင္မ်ားသည္ ျပည္တြင္းရွိသူမ်ားႏွင့္ လံုး၀မဆိုင္ေၾကာင္း ၊ ရႈံ႔ခ်ေၾကာင္း
ေၾကျငာသင့္ပါသည္။ အမွန္တကယ္လည္း ပါတ္သက္မႈ႔ မရွိေအာင္ ဂရုျပဳသင့္ပါေၾကာင္း။ ။

19 June 2012

SU & U2

(Unicode version)


 ၁၉၉၀ နှစ်များက U2 ဧ။် War Tour Sticker များ ရန်ကုန်တွင် ကားများတွင်ကပ်ခ့ဲကြသည်။ အတွင်းမှကြည့်လျှင် U2 သည် SU ဟုမြင်ရပြီး အလံတွင်လည်း NLD အလံ နှင့်တူအောင်ကြယ်တစ်ပွင့် ထည့်ပေးထားကြသည်။ ဒေါ်စု ကို ချစ်ကြသည့်အကြောင်း ကိုယ့်နည်း ကိုယ့်ဟန်နှင့် ပြခ့ဲကြသော သဘောဖြစ်သည်။

နောက်ပိုင်းတွင် U2 မှ BONO ကလည်း NLD နှင့်ဒေါ်စုကို များစွာ ထောက်ခံခ့ဲသည်မှာ ယနေ့တိုင်ပင်။

XxXxXx

(Zawgyi version)

 ၁၉၉၀ ႏွစ္မ်ားက U2 ဧ။္ War Tour Sticker မ်ား ရန္ကုန္တြင္ ကားမ်ားတြင္ကပ္ခ့ဲၾကသည္။ အတြင္းမွၾကည့္လွ်င္ U2 သည္ SU ဟုျမင္ရၿပီး အလံတြင္လည္း NLD အလံ ႏွင့္တူေအာင္ၾကယ္တစ္ပြင့္ ထည့္ေပးထားၾကသည္။ ေဒၚစု ကို ခ်စ္ၾကသည့္အေၾကာင္း ကိုယ့္နည္း ကိုယ့္ဟန္ႏွင့္ ျပခ့ဲၾကေသာ သေဘာျဖစ္သည္။
ေနာက္ပိုင္းတြင္ U2 မွ BONO ကလည္း NLD ႏွင့္ေဒၚစုကို မ်ားစြာ ေထာက္ခံခ့ဲသည္မွာ ယေန႔တိုင္ပင္။








16 June 2012

အန္တရယ်

(Unicode version)

ခေတ်စားနေသော Installation art တို့ Performance art တို့ မဟုတ်ပါ။

လမ်းချဲ့နေသော လှည်းတန်းဂုန်းကျော်တံတားအနီး လျှပ်စစ်ဓါတ်ကြိုးများကိုတွေ့ရတာပါ။

၆၆၀၀ ဗို့ရှိတယ်လို့ရေးထားပါတယ်။ ဓါတ်ပုံရိုက်ချိန်ကဆို မိုးရွာနေပါသေးတယ်။

လုပ်ထုံးလုပ်နည်းအတိုင်း လုပ်တာဘဲဖြစ်ပါစေ။

XxXxXx

(Zawgyi version)

ေခတ္စားေနေသာ Installation art တို႔ Performance art တို႔ မဟုတ္ပါ။
လမ္းခ်ဲ႔ေနေသာ လွည္းတန္းဂုန္းေက်ာ္တံတားအနီး လွ်ပ္စစ္ဓါတ္ႀကိဳးမ်ားကိုေတြ႔ရတာပါ။
၆၆၀၀ ဗို႔ရွိတယ္လို႔ေရးထားပါတယ္။ ဓါတ္ပံုရိုက္ခ်ိန္ကဆို မိုးရြာေနပါေသးတယ္။
လုပ္ထံုးလုပ္နည္းအတိုင္း လုပ္တာဘဲျဖစ္ပါေစ။