30 January 2012
ကျားသေ
(Unicode version )
ပြီးခ့ဲသော ရက်ပိုင်းအတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသုူများကို လွှတ်ပေးခ့ဲပါသည်။ မင်းကိုနိုင်တို့ အုပ်စုနှင့်အတူ ဗိုလ်ချုပ်ခင်ညွန့်ပါ လွတ်လာတာတွေ့ရပါသည်။ ဤတွင်ဂျာနယ်တော်တော်များများက ဗိုလ်ချုပ်ခင်ညွန့်ကို နိုင်ငံရေးထဲပြန်ပါဦးမလားဟု အဓိပါယ်သက်ရောက်သော မေးခွန်းများမေးကြပါသည်။ ဘာသဘောပါနည်း။ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်တို့နှင့် တတန်းထဲ နေရာပေးသည့် သဘောလား။ မိမိရန်သူဧ။် ရန်သူ@သည် မိမိဧ။် မိတ်ဆွေ ဖြစ်သည်ဟု ဆိုလိုခြင်းလား မကွဲပြားပါ။
ဗိုလ်ချုပ်ခင်ညွန့်ဧ။် ကျေးဇူးခံ ကျေးဇူးစားများကတော့ ကျေးဇူးရှင်ကို နေရာပြန်ပေးချင်ကြတာ သဘာ၀ပါ။ မြန်မာလူမျိုးပြီပြီ ကျေးဇူးဆပ်ချင်ကြလိမ့်မည်သာ။ မဟုတ်ပါက မြန်မာလူမျိုးများပြီပြီ အလုံးစုံ ခွင့်လွှတ်လိုက်ကြပြီလား မသိပါ။ ခွင့်လွှတ်သင့်သော အပြုအမူ ဘာများဆောင်ရွက်ပြခ့ဲပါသလဲ။ အနည်းဆုံး Lip Service လေးဖြစ်ပင် မှားခ့ဲကြောင်း ပြောသံကြားခ့ဲပါသလား။
ကျွန်တော်တို့သည် ဗုဒ္ဒဘာသာ၀င်များပီပီ ခွင့်လွှတ်လိုက်တာကို လက်ခံရပါမည်။ ကံ ကံဧ။် အကြောင်းတရားပေါ့ ဟု ဖြေကြတာ လက်ခံပါသည်။ သို့သော် ကျားသေ ကိုတော့ အသက်မသွင်းသင့်ပါ။ ၀ဋ်ပြန်လည်မည်ကို ကြောက်သဖြင့် ဗမာများ သူတပါး အသက်မသတ်ချင်ပါ။ သို့သော် ဤကျားသေသည် မိမိတို့ဧ။် လက်ချက်ကြောင့် သေခြင်းမဟုတ်၊ သူတို့ ကျားကျားခြင်း နယ်လုရာမှ ရံှုး၍သေသော ကျားဖြစ်သည်။ ဤကျား နယ်လုချိန်က ရှင်ကျန်နေပါကလည်း မိမိတို့အတွက် အန္တရယ်ပင် ဖြစ်မည်ထင်သည်။ ခုလို လေပြေလေးနှင့် လာမည်မထင်။
ထို့အတွက်ဆိုရလျှင် ဘာကြောင့် ကျားသေကို အသက်သွင်းခင်နေကြရပါသလဲ။ စဉ်းစားကြည့်ကြပါဦးဗျို့။ ။
XxXxXx
(Zawgyi version)
21 January 2012
အနှိပ်သည်
(Unicode version )
နိုင်ငံတကာက မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော Sanction Lift လုပ်ရန်အတွက် အရေးပါသော အချက်တစ်ချက်မှာ တိုင်းရင်းသားများနဲ့ စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရန်ဆိုသော အချက်ဖြစ်သည်။ သို့ဆိုလျှင် နိုင်ငံတကာက Lift လုပ်ရန် အနှိပ်သည်ဧ။် အခန်းက အရေးပါလာပါသည်။
ကျွန်တော်ကိုယ်တိုင်အသေးစိတ် မသိသော်လည်း ဖတ်ဖူးသော စာလေးအရပြောခြင်း ဖြစ်ပါသည်။ မှားလျှင်တော့ ၀န္တာမိပါ။ တိုင်းရင်းသားများနှင့် အစိုးရက အဖွဲ့များခွဲ၍ဆွေးနွေးမှု များပြုလုပ်စေရာ တစ်ဖွဲ့ကို ဦးအောင်သောင်းက ဦးဆောင်ပါသည်။ ကျွန်တော်ဖတ်ဖူးသော စာတွင် အနှိပ်သည်အောင်သောင်းဟု အမည်တပ် ခံထားရတာ တွေ့ဖူးပါသည်။ ဗိုလိချုပ်သန်းရွှေကို အိမ်တိုင်ရာရောက် ညဖက်တွင်သွားသွားနှိပ်ပေးရင်း ဂုံးချောတတ်သူဟု ကြားဖူးပါသည်။ ယခင် စက်မှု (၁) ၀န်ကြီးဘ၀တွင်လည်း လာဘ် အလွန်စားသူဟု နာမည်ကြီးပါသည်။ အလွန်ဟု ပြောရခြင်းမှာ ထိုခေတ် ၀န်ကြီးတိုင်း လာဘ်စားပြီး သူက များလွန်းခြင်းကို ဆိုလိုပါသည်။
ယခု ငြိမ်းချမ်းရေးအဖွဲ့ကို အနှိပ်သည် ဦးဆောင်နေရရာ လာဘ်မစားဟု သေချာပါမလားမသိပါ။ မင်းတို့ ငြိမ်းချမ်းရေးရရင် ဒါတွေဒါတွေ လုပ်ခွင့်ရအောင် ငါပြောပေးမယ်၊ ဒီအတွက် ငါ့ကို ဒါတွေဒါတွေ ပြန်ပေးရမယ်ဟု
တောင်းမလား မသိပါ။ အကျင့်ပါနေလို့လေ။ သူဆွေးနွေးနေရသည့် အပိုင်းမှာ ကချင်ဒေသ ဖြစ်သည့်အတွက် ကျေျာက်စိမ်းလုပ်ခွင့် တောင်းနေမှာ စိုးမိပါသည်။ ကျန် တိုင်းရင်းသားများနဲ့ ငြိမ်းချမ်းရေးက နီးစပ်နေပြီး ဤကချင်တစ်ဖွဲ့သာ ခက်ခဲနေခြင်းမှာ ဒီအတွက်ကြောင့်များလား တွေးမိပါသည်။
တကယ်တော့အနှီပ်သည် အောင်သောင်းစာစုသည် ပြုတ်သွားသောထောက်လှမ်းရေးများက ရေးဟန်တူပါသည်။ သူတို့ ဗိုလ်ခင်ညွန့်ကိုဦးအောင်သောင်းက ဗိုလ်ချုပ်သန်းရွှေကို ည ည နှိပ်ပေးယင်း ဂုံးချောခ့ဲသည်ဟု
ယူဆ၍ရေးဟန်တူပါသည်။ တကယ်က သူတို့ဆရာလည်းမထူးပါ။ ဒီပုတ်ထဲက ဒီပဲသာ။ခုတစ်ကြိမ် ဦးအောင်သောင်းတို့လုပ်နေတာ ယခင်အပစ်များကို ဆေးကြောသည့် သဘောသာ ဖြစ်ပါစေဟု ဆုတောင်းမိပါသည် ခင်ဗျား။ ။
XxXxXx
(Zawgyi version)
14 January 2012
star movies
(Unicode version )
၁-၁-၁၂ ရက်နေ့ကစပြီး star movies ဆိုတာမရှိတော့ပါ။ Fox movie အဖြစ်ပြောင်းသွားပါပြီ။
အမှတ်တရ ရိုက်ထားလိုက်တာပါ။ ကြည့်လေ့တော့ မရှိပါ။
ပြနေကျကားတွေဘဲပြနေတာပါဘဲ။
XxXxXx
(Zawgyi version )
၁-၁-၁၂ ရက်နေ့ကစပြီး star movies ဆိုတာမရွိတော့ပါ။ Fox movie အျဖစ်ျေပာင်းသြားပါပြီ။
အမွတ္တရ ရိုက္ထားလိုက္တာပါ။ ကြည့်လေ့တော့ မရွိပါ။
ျပေနက်ကားတြေဘျဲပေနတာပါဘဲ။