14 November 2019

လူညံ့တွေကို လဲမပေးဘူးဆိုရင်.....

(Unicode version)

မနေ့ညက ၈နာရီသတင်းနားထောင်ပါသည်။ သတင်းခေါင်းစဥ်မှာ သမတထံ သံအမတ်နှစ်ဦး ခန့်အပ်လွှာပေးတာဘဲပါသဖြင့် ကြည့်လက်စပြင်သစ်စီးရီး CHEFS ကိုဘဲဆက်ကြည့်နေပါသည်။
.
မဆလခေတ်ကတည်းက ည၈နာရီသတင်းတွေကို ခေါင်းစဥ်နားထောင်လေ့ရှိခဲ့သည်။ အရေးကြီးတာ ထိုအချိန်မှာကြေငြာလေ့ ရှိသကို။ ခုချိန်ထိ တီဗီနားရှိလျှင် နားထောင်ဖြစ်ဆဲပါ။ စိတ်ဝင်စားစရာခေါင်းစဥ်မပါလျှင် ဆက်နားမထောင်တော့။
.
မနေ့က သံအမတ်ခန့်အပ်လွှာဘဲပါတော့ ဆက်နားမထောင်ဖြစ်ပါ။ ဒီမနက်ဖေ့ဘုတ်သတင်းတွေကြည့်တော့ စာရေးဆရာမဂျူး အမျိုးသားစာပေဆုရ၍ ချီးကျူးတာတွေ့မှ သိရသည်။ အခြားဘယ်သူတွေရလည်း သိချင်လို့ MOI ဖေ့ဘုတ်သွားကြည့်ရာ (မနက်၇နာရီအထိ) မတွေ့သေးပါ။
.
တကယ်ဆို စာရေးဆရာကြီးကိုယ်တိုင် ဝန်ကြီးဖြစ်နေချိန် မြန်မာနိုင်ငံအတွက် အမြင့်ဆုံးစာပေဆုသတင်းကို သတင်းခေါင်းစဥ်မှာကို ကြေငြာသင့်သည်။ စာရေးဆရာများအတွက် ဂုဏ်ယူစရာကိစ္စ။ စစ်အစိုးရခေတ်ကလို မပေးမဖြစ်လို့ ဝတ်ကျေတန်းကျေ ကိုယ့်လူကိုယ်ပေးခဲ့တာဆို ထားပါတော့။
.
ပြည်သူရွေးချယ်သောအစိုးရခေတ် ပြန်ကြားရေးဝန်ကြီးဌာနကို ပြည်သူအများ အားမလိုအားမရဖြစ်ရတာများပြီ။ မနေ့ကလည်း ပါချုပ်ဆရာတော်ကြီးကိစ္စ အကုသိုလ်ကောင်များက လုပ်ကြံသတင်းဖြန့်ကြသည်။ ဒါမျိုးဆို ပြန်ကြားရေးဌာနက သာသနာရေးဌာနကို အမြန်ဆုံးလှမ်းမေးပြီး ဖြေရှင်းချက်ထုတ်သင့်သည်။ ခုတော့ မတုန်မလှုပ်။
.
အစိုးရရဲ့ ပုံရိပ်ထိခိုက်လာလျှင် အမြန်ဆုံးဖြေရှင်းဖို့ ပြန်ဝန်တွင်တာဝန်ရှိပါသည်။ စစ်အစိုးရခေတ်လို အပေါ်ကပြောမှလုပ်မည်ဆိုလျှင် အခြားဒီမိုကရေစီနိုင်ငံများလို ပြန်ကြားရေးဌာန ထားမနေပါနှင့်တော့။ ပြန်ကြားရေးဌာနအတွက် ပြန်ကြားရေးဝန်ကြီးတွင် တာဝန်အရှိဆုံးဖြစ်သည်။ လက်ရှိပြန်ကြားရေးဝန်ကြီးကို ဆက်သုံးနေမည်ဆိုလျှင် သူ့ကိုပြောင်းသည်အထိ NLDပါတီကိုဘဲ မဲဆက်ပေးရမည်ဟု ဆုံးဖြတ်လိုက်ပါပြီ။ NLDပါတီ လွှတ်တော်အမတ်များနဲ့ အစိုးရအဖွဲ့ဝင်များ အားလုံးကောင်းသွားသည်အထိ NLD ပါတီကိုဘဲ မဲပေးသင့်ပါကြောင်း။


XxXxXx

(Zawgyi version )

မေန႕ညက ၈နာရီသတင္းနားေထာင္ပါသည္။ သတင္းေခါင္းစဥ္မွာ သမတထံ သံအမတ္ႏွစ္ဦး ခန့္အပ္လႊာေပးတာဘဲပါသျဖင့္ ၾကည့္လက္စျပင္သစ္စီးရီး CHEFS ကိုဘဲဆက္ၾကည့္ေနပါသည္။
.
မဆလေခတ္ကတည္းက ည၈နာရီသတင္းေတြကို ေခါင္းစဥ္နားေထာင္ေလ့ရွိခဲ့သည္။ အေရးႀကီးတာ ထိုအခ်ိန္မွာေၾကျငာေလ့ ရွိသကို။ ခုခ်ိန္ထိ တီဗီနားရွိလွ်င္ နားေထာင္ျဖစ္ဆဲပါ။ စိတ္ဝင္စားစရာေခါင္းစဥ္မပါလွ်င္ ဆက္နားမေထာင္ေတာ့။
.
မေန႕က သံအမတ္ခန့္အပ္လႊာဘဲပါေတာ့ ဆက္နားမေထာင္ျဖစ္ပါ။ ဒီမနက္ေဖ့ဘုတ္သတင္းေတြၾကည့္ေတာ့ စာေရးဆရာမဂ်ဴး အမ်ိဳးသားစာေပဆုရ၍ ခ်ီးက်ဴးတာေတြ႕မွ သိရသည္။ အျခားဘယ္သူေတြရလည္း သိခ်င္လို႔ MOI ေဖ့ဘုတ္သြားၾကည့္ရာ (မနက္၇နာရီအထိ) မေတြ႕ေသးပါ။
.
တကယ္ဆို စာေရးဆရာႀကီးကိုယ္တိုင္ ဝန္ႀကီးျဖစ္ေနခ်ိန္ ျမန္မာနိုင္ငံအတြက္ အျမင့္ဆုံးစာေပဆုသတင္းကို သတင္းေခါင္းစဥ္မွာကို ေၾကျငာသင့္သည္။ စာေရးဆရာမ်ားအတြက္ ဂုဏ္ယူစရာကိစၥ။ စစ္အစိုးရေခတ္ကလို မေပးမျဖစ္လို႔ ဝတ္ေက်တန္းေက် ကိုယ့္လူကိုယ္ေပးခဲ့တာဆို ထားပါေတာ့။
.
ျပည္သူေ႐ြးခ်ယ္ေသာအစိုးရေခတ္ ျပန္ၾကားေရးဝန္ႀကီးဌာနကို ျပည္သူအမ်ား အားမလိုအားမရျဖစ္ရတာမ်ားၿပီ။ မေန႕ကလည္း ပါခ်ဳပ္ဆရာေတာ္ႀကီးကိစၥ အကုသိုလ္ေကာင္မ်ားက လုပ္ႀကံသတင္းျဖန့္ၾကသည္။ ဒါမ်ိဳးဆို ျပန္ၾကားေရးဌာနက သာသနာေရးဌာနကို အျမန္ဆုံးလွမ္းေမးၿပီး ေျဖရွင္းခ်က္ထုတ္သင့္သည္။ ခုေတာ့ မတုန္မလႈပ္။
.
အစိုးရရဲ႕ ပုံရိပ္ထိခိုက္လာလွ်င္ အျမန္ဆုံးေျဖရွင္းဖို႔ ျပန္ဝန္တြင္တာဝန္ရွိပါသည္။ စစ္အစိုးရေခတ္လို အေပၚကေျပာမွလုပ္မည္ဆိုလွ်င္ အျခားဒီမိုကေရစီနိုင္ငံမ်ားလို ျပန္ၾကားေရးဌာန ထားမေနပါႏွင့္ေတာ့။ ျပန္ၾကားေရးဌာနအတြက္ ျပန္ၾကားေရးဝန္ႀကီးတြင္ တာဝန္အရွိဆုံးျဖစ္သည္။ လက္ရွိျပန္ၾကားေရးဝန္ႀကီးကို ဆက္သုံးေနမည္ဆိုလွ်င္ သူ႕ကိုေျပာင္းသည္အထိ NLDပါတီကိုဘဲ မဲဆက္ေပးရမည္ဟု ဆုံးျဖတ္လိုက္ပါၿပီ။ NLDပါတီ လႊတ္ေတာ္အမတ္မ်ားနဲ႕ အစိုးရအဖြဲ႕ဝင္မ်ား အားလုံးေကာင္းသြားသည္အထိ NLD ပါတီကိုဘဲ မဲေပးသင့္ပါေၾကာင္း။

07 November 2019

မိုးတွေတောင် ငိုနေပြီ...


(Unicode version)

   နိုဝင်ဘာလဆန်းသည်အထိ ရန်ကုန်တွင်နွေလိုပူသည်။ ပြီးခဲ့သောရက်အနည်းငယ်မှစ မိုးကွက်ကျားရွာပြီး ဒီနေ့တော့ မိုးအုံ့ပြီး မိုးတွင်းလိုရွာနေသည်။ ဘယ်နှစ်ရက်ဆက်ရွာမှာလဲ၊ မိုးရပ်ပြီးရင် ဆောင်းလိုအေးတော့မှာလား ရန်ကုန်ကသူတွေ သိချင်နေမှာပါ။
.
ဖေ့ဘုတ်ပေါ်မှစိုက်ပျိုးရေးဂရုတခုတွင် အထက်မြန်မာပြည် ဒေသတချို့မှ စိုက်ပျိုးရေးသမားများ သိချင်နေသည်။ သူတို့ဘက် မိုးရွာမှာလား။ မိုးများမှာမို့ စိုက်ထားတာလေး ကြိုသိမ်းလိုက်ရတော့မှာလား။
.
လျှပ်စစ်ဒုဝန်ကြီးက သူ့ဖေ့ဘုတ်တွင်ရေးသည်။ နောင်နှစ်နွေရာသီ မီးမပျက်စေရေးအတွက် အင်းလေးကန်တို့ ပေါင်းလောင်းဆည်တို့ရေတိုးစေချင်နေသည်တဲ့။ ရှမ်းပြည်ဘက်မိုးရွာအောင် ဝိုင်းဆုတောင်းပေးကြမလား။ တောင်ကြီးရဲ့အစည်ဆုံး မီးပုံးပြန်လွှတ်ပွဲသမားတွေ ပွဲတော်ရက်မိုးလွတ်မလား သိချင်နေကြမှာပါဘဲ။
.
မြန်မာနိုင်ငံ အစိုးရဌာနများမှာ မိုးလေဝသဦးစီးဌာန တခုရှိသည်။ ရေဒီယိုသတင်း၊ တီဗီသတင်းနှင့် ဖေ့ဘုတ်မှာစာမျက်နှာဖွင့် ကြေငြာပေးနေသည်။ ပြည်သူအများစုကြီး သတိမှထားမိပါလေစ။
.
ပြည်သူအများစုကြီး မိုးလေဝသနှင့်ပတ်သက်ပြီး အားထားနေရသည်က ဆရာကြီးဦးထွန်းလွင်ကိုပါ။ သူရဲ့ဟောပြောချက်၊ သူ့ရဲ့ဆောင်းပါးများနဲ့ ပြည်သူထဲအပေါက်ဆုံးက သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာပါ။
.
ပျင်းစရာကောင်းသော၊ မိမိနှင့်မပတ်သက်ဟုထင်ရသော၊ လူစိတ်ဝင်စားမှုနည်းသော မိုးလေဝသကို လူအများစုကြီးစိတ်ဝင်စားလာတာ ဦးထွန်းလွင်ကြောင့်ဟုဆိုလျှင် ညင်းနိုင်ကြမည်မထင်။ ဆရာကြီး၏ မိုးလေဝသပညာတွင်မက ဆရာကြီး၏ တင်ဆက်မှုအနုပညာ၊ အထူးသဖြင့် ဟာသရသကြောင့် ပြည်သူအများ မိုးလေဝသကို စိတ်ဝင်စားရကောင်းမှန်း သိလာကြသည်ဟုဆိုချင်ပါသည်။
.
ယခု ဆရာကြီးမရှိတော့ပါ။ ကွယ်လွန်ခဲ့ပါပြီ။ တိုက်တိုက်ဆိုင်ဆိုင် မြန်မာပြည်နေရာအနှံ့အပြားတွင် တချို့ဒေသများတွင်နေရာကြဲကြဲ၊ တချို့ဒေသများတွင်နေရာကွက်ကြား၊ တချို့ဒေသများတွင် မိုးထစ်ချုန်းရွာနေပါသည်။ (ဒီစာရေးတော့ သူပြောနေကြအသံကို ကြားလာမိပါတယ်) စိုင်းစိုင်မောဝ်ရဲ့ သီချင်းတပုဒ်သတိရမိသည်။ ''မိုးတွေတောင် ငိုနေပြီ ဆရာကြီးရေ'' ။ မိုးလေဝသဆရာကြီးဦးထွန်းလွင် ကောင်းရာသုဂတိ လားပါစေ။


XxXxXx

(Zawgyi version)

   နိုဝင္ဘာလဆန္းသည္အထိ ရန္ကုန္တြင္ႏြေလိုပူသည္။ ၿပီးခဲ့ေသာရက္အနည္းငယ္မွစ မိုးကြက္က်ား႐ြာၿပီး ဒီေန႕ေတာ့ မိုးအုံ႕ၿပီး မိုးတြင္းလို႐ြာေနသည္။ ဘယ္ႏွစ္ရက္ဆက္႐ြာမွာလဲ၊ မိုးရပ္ၿပီးရင္ ေဆာင္းလိုေအးေတာ့မွာလား ရန္ကုန္ကသူေတြ သိခ်င္ေနမွာပါ။
.
ေဖ့ဘုတ္ေပၚမွစိုက္ပ်ိဳးေရးဂ႐ုတခုတြင္ အထက္ျမန္မာျပည္ ေဒသတခ်ိဳ႕မွ စိုက္ပ်ိဳးေရးသမားမ်ား သိခ်င္ေနသည္။ သူတို႔ဘက္ မိုး႐ြာမွာလား။ မိုးမ်ားမွာမို႔ စိုက္ထားတာေလး ႀကိဳသိမ္းလိုက္ရေတာ့မွာလား။
.
လွ်ပ္စစ္ဒုဝန္ႀကီးက သူ႕ေဖ့ဘုတ္တြင္ေရးသည္။ ေနာင္ႏွစ္ႏြေရာသီ မီးမပ်က္ေစေရးအတြက္ အင္းေလးကန္တို႔ ေပါင္းေလာင္းဆည္တို႔ေရတိုးေစခ်င္ေနသည္တဲ့။ ရွမ္းျပည္ဘက္မိုး႐ြာေအာင္ ဝိုင္းဆုေတာင္းေပးၾကမလား။ ေတာင္ႀကီးရဲ႕အစည္ဆုံး မီးပုံးျပန္လႊတ္ပြဲသမားေတြ ပြဲေတာ္ရက္မိုးလြတ္မလား သိခ်င္ေနၾကမွာပါဘဲ။
.
ျမန္မာနိုင္ငံ အစိုးရဌာနမ်ားမွာ မိုးေလဝသဦးစီးဌာန တခုရွိသည္။ ေရဒီယိုသတင္း၊ တီဗီသတင္းႏွင့္ ေဖ့ဘုတ္မွာစာမ်က္ႏွာဖြင့္ ေၾကျငာေပးေနသည္။ ျပည္သူအမ်ားစုႀကီး သတိမွထားမိပါေလစ။
.
ျပည္သူအမ်ားစုႀကီး မိုးေလဝသႏွင့္ပတ္သက္ၿပီး အားထားေနရသည္က ဆရာႀကီးဦးထြန္းလြင္ကိုပါ။ သူရဲ႕ေဟာေျပာခ်က္၊ သူ႕ရဲ႕ေဆာင္းပါးမ်ားနဲ႕ ျပည္သူထဲအေပါက္ဆုံးက သူ႕ရဲ႕ေဖ့ဘုတ္စာမ်က္ႏွာပါ။
.
ပ်င္းစရာေကာင္းေသာ၊ မိမိႏွင့္မပတ္သက္ဟုထင္ရေသာ၊ လူစိတ္ဝင္စားမႈနည္းေသာ မိုးေလဝသကို လူအမ်ားစုႀကီးစိတ္ဝင္စားလာတာ ဦးထြန္းလြင္ေၾကာင့္ဟုဆိုလွ်င္ ညင္းနိုင္ၾကမည္မထင္။ ဆရာႀကီး၏ မိုးေလဝသပညာတြင္မက ဆရာႀကီး၏ တင္ဆက္မႈအႏုပညာ၊ အထူးသျဖင့္ ဟာသရသေၾကာင့္ ျပည္သူအမ်ား မိုးေလဝသကို စိတ္ဝင္စားရေကာင္းမွန္း သိလာၾကသည္ဟုဆိုခ်င္ပါသည္။
.
ယခု ဆရာႀကီးမရွိေတာ့ပါ။ ကြယ္လြန္ခဲ့ပါၿပီ။ တိုက္တိုက္ဆိုင္ဆိုင္ ျမန္မာျပည္ေနရာအႏွံ႕အျပားတြင္ တခ်ိဳ႕ေဒသမ်ားတြင္ေနရာႀကဲႀကဲ၊ တခ်ိဳ႕ေဒသမ်ားတြင္ေနရာကြက္ၾကား၊ တခ်ိဳ႕ေဒသမ်ားတြင္ မိုးထစ္ခ်ဳန္း႐ြာေနပါသည္။ (ဒီစာေရးေတာ့ သူေျပာေနၾကအသံကို ၾကားလာမိပါတယ္) စိုင္းစိုင္ေမာဝ္ရဲ႕ သီခ်င္းတပုဒ္သတိရမိသည္။ ''မိုးေတြေတာင္ ငိုေနၿပီ ဆရာႀကီးေရ'' ။ မိုးေလဝသဆရာႀကီးဦးထြန္းလြင္ ေကာင္းရာသုဂတိ လားပါေစ။ 

03 November 2019

မေတ္တာနဲ့ အုပ်ချုပ်ခြင်း၊


(Unicode version)

   NLD ပါတီ ရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက် အမေစုကပြောခဲ့ပါတယ်။ ကျမတို့အစိုးရက မေတ္တာနဲ့ အုပ်ချုပ်မယ့် အစိုးရပါ လို့။
.
အများပြည်သူတွေမဆိုထားနဲ့။ ပါတီဝင်တွေကပင် ထင်ထားခဲ့ကြတာပါ။ ပေဖြစ်တုံးက ခံခဲ့ရသမျှ ပြန်နှံရတော့မယ်လို့။
.
တကယ်ကျ အမေစုက လက်တုန့်ပြန်ဖို့မဆိုထားနှင့်၊ အတိတ်ဟောင်းတွေကို ပြန်ဖော်ပြောတာကိုတောင် မလုပ်စေတော့ပါဘူး။
.
ပြည်သူအချို့က မကြေနပ်နိုင်ကြပါဘူး။ မေတ္တာနဲ့ အုပ်ချုပ်တယ်ဆိုတာကို နားမလည်နိုင်ကြပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူတို့မှာ မေတ္တာအစစ်မရှိလို့ပါ။
.
မေတ္တာဖြင့်အုပ်ချုပ်တယ်ဆိုတာ ပါဝါအာဏာရှိသူတွေ မဟုတ်မတရားလုပ်ခွင့်ပေးတါ မဟုတ်ပါဘူး။ လုပ်တာတွေ့ရင် အရေးယူနေတာလက်တွေ့ပါ။
.
မေတ္တာနဲ့အုပ်ချုပ်တယ်ဆိုတာ အတိတ်တွေပြန်လှန်ပြီး အပစ်တင်နေဖို့ မဟုတ်ဘူးတဲ့။ မေတ္တာနည်းသူတွေ သဘောပေါက်ဖို့မလွယ်လောက်ဘူး။
.
တချို့ကလည်း ပြောကြတယ်။ မြန်မာပြည်သားတွေကို ပါဝါလေးပြပြီးအုပ်ချုပ်မှ အလုပ်ဖြစ်မှာ။ မေတ္တာနဲ့ ခပ်ပျော့ပျော့အုပ်ချုပ်နေလို့ မရဘူးတဲ့။
.
လူတွေမျိုးစုံပြောကြလည်း အမေစုက မေတ္တာနဲ့အုပ်ချုပ်နေဆဲပါဘဲ။  မြန်မာပြည်သားအများစု မေတ္တာရဲ့တန်ဖိုးကို သိလာနိုင်ကြပါစေလို့ဘဲ ဆုတောင်းမိပါတယ်။


XxXxXx

(Zawgyi version)

   NLD ပါတီ ေ႐ြးေကာက္ပြဲမွာ အနိုင္ရၿပီးတဲ့ေနာက္ အေမစုကေျပာခဲ့ပါတယ္။ က်မတို႔အစိုးရက ေမတၱာနဲ႕ အုပ္ခ်ဳပ္မယ့္ အစိုးရပါ လို႔။
.
အမ်ားျပည္သူေတြမဆိုထားနဲ႕။ ပါတီဝင္ေတြကပင္ ထင္ထားခဲ့ၾကတာပါ။ ေပျဖစ္တုံးက ခံခဲ့ရသမွ် ျပန္ႏွံရေတာ့မယ္လို႔။
.
တကယ္က် အေမစုက လက္တုန့္ျပန္ဖို႔မဆိုထားႏွင့္၊ အတိတ္ေဟာင္းေတြကို ျပန္ေဖာ္ေျပာတာကိုေတာင္ မလုပ္ေစေတာ့ပါဘူး။
.
ျပည္သူအခ်ိဳ႕က မေၾကနပ္နိုင္ၾကပါဘူး။ ေမတၱာနဲ႕ အုပ္ခ်ဳပ္တယ္ဆိုတာကို နားမလည္နိုင္ၾကပါဘူး။ ဘာေၾကာင့္လည္းဆိုေတာ့ သူတို႔မွာ ေမတၱာအစစ္မရွိလို႔ပါ။
.
ေမတၱာျဖင့္အုပ္ခ်ဳပ္တယ္ဆိုတာ ပါဝါအာဏာရွိသူေတြ မဟုတ္မတရားလုပ္ခြင့္ေပးတါ မဟုတ္ပါဘူး။ လုပ္တာေတြ႕ရင္ အေရးယူေနတာလက္ေတြ႕ပါ။
.
ေမတၱာနဲ႕အုပ္ခ်ဳပ္တယ္ဆိုတာ အတိတ္ေတြျပန္လွန္ၿပီး အပစ္တင္ေနဖို႔ မဟုတ္ဘူးတဲ့။ ေမတၱာနည္းသူေတြ သေဘာေပါက္ဖို႔မလြယ္ေလာက္ဘူး။
.
တခ်ိဳ႕ကလည္း ေျပာၾကတယ္။ ျမန္မာျပည္သားေတြကို ပါဝါေလးျပၿပီးအုပ္ခ်ဳပ္မွ အလုပ္ျဖစ္မွာ။ ေမတၱာနဲ႕ ခပ္ေပ်ာ့ေပ်ာ့အုပ္ခ်ဳပ္ေနလို႔ မရဘူးတဲ့။
.
လူေတြမ်ိဳးစုံေျပာၾကလည္း အေမစုက ေမတၱာနဲ႕အုပ္ခ်ဳပ္ေနဆဲပါဘဲ။ ျမန္မာျပည္သားအမ်ားစု ေမတၱာရဲ႕တန္ဖိုးကို သိလာနိုင္ၾကပါေစလို႔ဘဲ ဆုေတာင္းမိပါတယ္။ 

28 October 2019

တန်ဆောင်မုန်းလ တံဆိပ်ခေါင်း


(Unicode version)

   ပန်းနဲ့ပွဲတော်စီးရီး တန်ဆောင်မုန်းလအတွက် တံဆိပ်ခေါင်း ယနေ့ထုတ်ဝေသည်။ တန်ဆောင်မုန်းလ ကထိန်လှည့်သည့်ပွဲပုံနှင့် ခဝဲပန်းပုံဖြစ်သည်။ တံဆိပ်ခေါင်းက ၂၀၀ကျပ်တန်ဖြစ်ပြီး ၂၀၀ကျပ်တန် FDC လည်း ထုတ်ဝေသည်။
.
အောက်တိုဘာလအတွင်း တံဆိပ်ခေါင်း၃ကြိမ် ထုတ်ခဲ့ခြင်းက မြန်မာတံဆိပ်ခေါင်းလောကအတွက် အမှတ်တရပါ။ ယခင်သြဂုတ်လက ၃ကြိမ်ထုတ်ခဲ့ဘူးသော်လည်း လဆန်းတရက်တိုင်းထုတ်သည့် ပန်းနှင့်ပွဲတော်စီးရီးအတွက် နှစ်ကြိမ်နဲ့ အထိမ်းအမှတ်ထုတ် တကြိမ်ဖြစ်သည်။ ယခုလမှာမူ ပန်းနဲ့ပွဲတော်အတွက် တကြိမ်နှင့် အထိမ်းအမှတ်နှစ်ကြိမ်ဖြစ်သဖြင့် ထူးခြားမှုတခုအဖြစ် မှတ်တမ်းတင်ရမည်။


XxXxXx

(Zawgyi version )

   ပန္းနဲ႕ပြဲေတာ္စီးရီး တန္ေဆာင္မုန္းလအတြက္ တံဆိပ္ေခါင္း ယေန႕ထုတ္ေဝသည္။ တန္ေဆာင္မုန္းလ ကထိန္လွည့္သည့္ပြဲပုံႏွင့္ ခဝဲပန္းပုံျဖစ္သည္။ တံဆိပ္ေခါင္းက ၂၀၀က်ပ္တန္ျဖစ္ၿပီး ၂၀၀က်ပ္တန္ FDC လည္း ထုတ္ေဝသည္။
.
ေအာက္တိုဘာလအတြင္း တံဆိပ္ေခါင္း၃ႀကိမ္ ထုတ္ခဲ့ျခင္းက ျမန္မာတံဆိပ္ေခါင္းေလာကအတြက္ အမွတ္တရပါ။ ယခင္ၾသဂုတ္လက ၃ႀကိမ္ထုတ္ခဲ့ဘူးေသာ္လည္း လဆန္းတရက္တိုင္းထုတ္သည့္ ပန္းႏွင့္ပြဲေတာ္စီးရီးအတြက္ ႏွစ္ႀကိမ္နဲ႕ အထိမ္းအမွတ္ထုတ္ တႀကိမ္ျဖစ္သည္။ ယခုလမွာမူ ပန္းနဲ႕ပြဲေတာ္အတြက္ တႀကိမ္ႏွင့္ အထိမ္းအမွတ္ႏွစ္ႀကိမ္ျဖစ္သျဖင့္ ထူးျခားမႈတခုအျဖစ္ မွတ္တမ္းတင္ရမည္။ 

26 October 2019

စားခဲ့သမျှ ပြန်အန်ထွက်တော့မယ်












(Unicode version)

   နောက်နှစ်ဒီအချိန်ဆို ရွေးကောက်ပွဲကြီးအတွက် ဆူညံနေရော့မယ်။ ခုတနှစ်အလိုမှာတောင် လှုပ်ရှားမှုလေးတွေ စကြားလာရပြီ။ အမေစုရဲ့ NLD ပါတီက ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်းတွေ သတ်မှတ်လိုက်ပြီကြားတယ်။ ကျွန်တော်တို့ မဲပေးမယ့် NLD ကိုယ်စားလှယ်တွေ ကောင်းဖို့လိုတယ်လေ။
.
တပြည်လုံးအတိုင်းအတာနဲ့ ဝင်အရွေးခံနိုင်မယ့်ပါတီ များများစားစားမရှိနိုင်ပါဘူး။ ပြည်သူတွေမကြိုက်တဲ့ ဖွတ်ပါတီရှိမယ်။ စစ်ဗိုလ်ဟောင်းတွေ ကြီးစိုးတဲ့ ရွှေပါတီနှစ်ခုရှိမယ်။လူကြိုက်များလို့ ရွှေပါတီခေါ်တာ မဟုတ်ရပါဗျာ။ တဖွဲ့က အမည်မှာရွှေပါသူ ဦးဆောင်ပြီး နောက်တဖွဲ့က ရွှေရောင်အင်္ကျီဆင်တူနဲ့မလို့ပါ။
.
နောက်တဖွဲ့ရှိနိုင်သေးတယ်။ ၉၀ရွေးကောက်ပွဲကတည်းက နလန်မထူတဲ့ မဆလဟောင်းတွေရဲ့ တဆညပါတီလေ။ မဲဆန္ဒနယ် သုံးရာကျော်ဝင်မယ်ဆိုလို့ လေ့လာကြည့်တော့ ဗိုလ်နေဝင်းမြေး ဝက်ခြောက်ကြီးက စပွန်ဆာပေးမှာမို့တဲ့။ ဒီဝက်ဘာလို့ ဖွတ်နဲ့မပေါင်းလည်း ထပ်လေ့လာကြည့်တော့ လက်ရှိဖွတ်ဥက္ကဌက သူတို့သားအဖကို ထောင်ထဲထည့်ဖို့သတင်းပေးသူဖြစ်နေတယ်လေ။ သားသားကြောက်ကြောက်ပေါ့။
.
ဒီအဖွဲ့တွေကို ပြည်သူအများစုလက်မခံတာ အသိသာကြီးပါ။ ရိုးသားတဲ့နယ်ကသူတွေကို ခြောက်ပြီးစည်းရုံးမယ်။ မဟုတ်ရင် ပေးကမ်းပြီးစည်းရုံးမှာအသေချာပါဘဲ။ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ မဖြစ်နိုင်တာတွေ ဂတိပေးစည်းရုံးမယ်၊ ဟိုဟာပေးဒီဟာပေး စည်းရုံးမယ်။ ဆန်ဆီဆားတွေအလှူလာပေးသလို လျော့စျေးတွေနဲ့လည်း လိုက်ရောင်းနိုင်တယ်။
.
ဒီလိုလိုက်လုပ်ရင် အချို့ကသဘောမကျကြဘူး။ ကျွန်တော်ကတော့ အားပေးတယ်။ သူတို့ပေးသမျှယူ၊ သူတို့ကြွေးသမျှစားကြပါ။ ပြီးတော့မှကိုယ်ချစ်တဲ့ NLDပါတီမဲပေးရင်ပြီးတာဘဲ။ လျော့စျေးနဲ့လာရောင်းလို့ တန်ရင်ဝယ်သာထားလိုက်။
.
ဒီလိုလုပ်လို့ မတရားလုပ်မိတယ်မထင်ကြနဲ့။ အဲဒီပါတီတွေထောင်သူအားလုံးက နိုင်ငံ့ဘဏ္ဍာဝါးထားသူတွေကြီးဘဲ။ သူတို့ယူထားတဲ့အထဲက ပြည်သူတွေကိုပြန်ပေးရတာလို့ သဘောထားပြီးယူကြ။ တနည်းအားဖြင့်တော့ ပြည်သူ့ဘဏ္ဍာခိုးစားထားတာ ပြန်အန်တာဘဲဖြစ်တယ်။ စိတ်ရှင်းရှင်းသာ ယူကြစားကြပေတော့။


XxXxXx

(Zawgyi version )

   ေနာက္ႏွစ္ဒီအခ်ိန္ဆို ေ႐ြးေကာက္ပြဲႀကီးအတြက္ ဆူညံေနေရာ့မယ္။ ခုတႏွစ္အလိုမွာေတာင္ လႈပ္ရွားမႈေလးေတြ စၾကားလာရၿပီ။ အေမစုရဲ႕ NLD ပါတီက ကိုယ္စားလွယ္ေလာင္းေတြရဲ႕ အရည္အခ်င္းေတြ သတ္မွတ္လိုက္ၿပီၾကားတယ္။ ကြၽန္ေတာ္တို႔ မဲေပးမယ့္ NLD ကိုယ္စားလွယ္ေတြ ေကာင္းဖို႔လိုတယ္ေလ။
.
တျပည္လုံးအတိုင္းအတာနဲ႕ ဝင္အေ႐ြးခံနိုင္မယ့္ပါတီ မ်ားမ်ားစားစားမရွိနိုင္ပါဘူး။ ျပည္သူေတြမႀကိဳက္တဲ့ ဖြတ္ပါတီရွိမယ္။ စစ္ဗိုလ္ေဟာင္းေတြ ႀကီးစိုးတဲ့ ေ႐ႊပါတီႏွစ္ခုရွိမယ္။လူႀကိဳက္မ်ားလို႔ ေ႐ႊပါတီေခၚတာ မဟုတ္ရပါဗ်ာ။ တဖြဲ႕က အမည္မွာေ႐ႊပါသူ ဦးေဆာင္ၿပီး ေနာက္တဖြဲ႕က ေ႐ႊေရာင္အကၤ်ီဆင္တူနဲ႕မလို႔ပါ။
.
ေနာက္တဖြဲ႕ရွိနိုင္ေသးတယ္။ ၉၀ေ႐ြးေကာက္ပြဲကတည္းက နလန္မထူတဲ့ မဆလေဟာင္းေတြရဲ႕ တဆညပါတီေလ။ မဲဆႏၵနယ္ သုံးရာေက်ာ္ဝင္မယ္ဆိုလို႔ ေလ့လာၾကည့္ေတာ့ ဗိုလ္ေနဝင္းေျမး ဝက္ေျခာက္ႀကီးက စပြန္ဆာေပးမွာမို႔တဲ့။ ဒီဝက္ဘာလို႔ ဖြတ္နဲ႕မေပါင္းလည္း ထပ္ေလ့လာၾကည့္ေတာ့ လက္ရွိဖြတ္ဥကၠဌက သူတို႔သားအဖကို ေထာင္ထဲထည့္ဖို႔သတင္းေပးသူျဖစ္ေနတယ္ေလ။ သားသားေၾကာက္ေၾကာက္ေပါ့။
.
ဒီအဖြဲ႕ေတြကို ျပည္သူအမ်ားစုလက္မခံတာ အသိသာႀကီးပါ။ ရိုးသားတဲ့နယ္ကသူေတြကို ေျခာက္ၿပီးစည္း႐ုံးမယ္။ မဟုတ္ရင္ ေပးကမ္းၿပီးစည္း႐ုံးမွာအေသခ်ာပါဘဲ။ ေ႐ြးေကာက္ပြဲနီးလာတာနဲ႕အမွ် မျဖစ္နိုင္တာေတြ ဂတိေပးစည္း႐ုံးမယ္၊ ဟိုဟာေပးဒီဟာေပး စည္း႐ုံးမယ္။ ဆန္ဆီဆားေတြအလႉလာေပးသလို ေလ်ာ့ေစ်းေတြနဲ႕လည္း လိုက္ေရာင္းနိုင္တယ္။
.
ဒီလိုလိုက္လုပ္ရင္ အခ်ိဳ႕ကသေဘာမက်ၾကဘူး။ ကြၽန္ေတာ္ကေတာ့ အားေပးတယ္။ သူတို႔ေပးသမွ်ယူ၊ သူတို႔ေႂကြးသမွ်စားၾကပါ။ ၿပီးေတာ့မွကိုယ္ခ်စ္တဲ့ NLDပါတီမဲေပးရင္ၿပီးတာဘဲ။ ေလ်ာ့ေစ်းနဲ႕လာေရာင္းလို႔ တန္ရင္ဝယ္သာထားလိုက္။
.
ဒီလိုလုပ္လို႔ မတရားလုပ္မိတယ္မထင္ၾကနဲ႕။ အဲဒီပါတီေတြေထာင္သူအားလုံးက နိုင္ငံ့ဘ႑ာဝါးထားသူေတြႀကီးဘဲ။ သူတို႔ယူထားတဲ့အထဲက ျပည္သူေတြကိုျပန္ေပးရတာလို႔ သေဘာထားၿပီးယူၾက။ တနည္းအားျဖင့္ေတာ့ ျပည္သူ႕ဘ႑ာခိုးစားထားတာ ျပန္အန္တာဘဲျဖစ္တယ္။ စိတ္ရွင္းရွင္းသာ ယူၾကစားၾကေပေတာ့။