13 March 2019

ခြေဥပုဒ်မ၂၆၁ဘဲ မပြင်သင့်



   (Unicode version)


   လက်ရှိ နာဂစ်ခြေဥရဲ့ ပုဒ်မ၂၆၁သည် တိုင်းနဲ့ပြည်နယ်များမှာ ဝန်ကြီးချုပ်ခန့်အပ်ရေးနဲ့ သက်ဆိုင်တယ်။ လူအများ စိတ်မဝင်စားချိန် သူတို့ဖာသာသူတို့ အတည်ပြုချိန်မှာ စစ်တပ်မှဆင်းသက်လာသော ဖွတ်ပါတီသာ အစိတ်သားအားကိုးနဲ့ အမြဲနိုင်မည်ယူဆပြီး ဝန်ကြီးချုပ်များကို သမတက ခန့်ရမည်လို့ ထည့်ရေးခ့ဲတယ်။

.

NLDပါတီ အမတ်များက သူတို့ရဲ့ ရွေးကောက်ပွဲဝင်ဂတိအတိုင်း ပြည်သူမကြိုက်သော လက်မခံသော ခြေဥကို ပြင်ရန်ကြိုးစားချိန်မှာ ဖွတ်များက တစခန်းထလာတယ်။ NLDထက် အရင်ဦးအောင် နာဂစ်ခြေဥမှ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်များကို သက်ဆိုင်ရာတိုင်းနဲ့ပြည်နယ် လွှတ်တော်များမှသာ ရွေးချယ်စေရမယ်တ့ဲ။ ၂၀၁၅ရလာဒ်အရဆိုလျှင် ရခိုင်နှင့်ရှမ်းမှာ ဖွတ်များ တိုင်းရင်းသားပါတီအချို့နဲ့ အစိတ်သားပေါင်းပြီး ဖွတ်ဝန်ကြီးချုပ်ရွေးဖို့ ကြံကြတာပါ။

.

ရုတ်တရက်ကြည့်လျှင် သူတို့လည်း ခြေဥပြင်ပေးတယ်ပေါ့။ NLDအမတ်များ ဖွဲ့စည်းတ့ဲ ဘာတွေပြင်သင့်လည်း စီစစ်နေတုံး ဦးအောင်တင်တာလည်း ပါတယ်။ NLDပါတီက ဒီတခုထဲပြင်တာ ဖက်ဒရယ်မကျလို့ ပယ်ခ့ဲရင် NLDကို တိုင်းရင်းသားတွေနဲ့ ရန်တိုက်ပေးပြီးသားလည်း ဖြစ်တယ်ပေါ့။ ကလိမ်ကကျစ်ကျတ့ဲ ကလေးအတွေးပါဘဲ။

.

ဒီခေတ်မှာ တိုင်းရင်းသားတွေလည်း ဒီလောက်မညံ့တော့ပါလူး။ ခြေဥကြီးတခုလုံး ပြင်သင့်တယ်ဆိုတာ သဘောပေါက်ကျမှာပါ။ တိုင်းရင်းသားတွေ လိုချင်တ့ဲ ဖက်ဒရယ်မူနဲ့မှ မကိုပ်တာကိုး။

.

ဖွတ်ပါတီရယ် ဖွတ်ပါတီရဲ့ပင်မ စစ်တပ်ဆီက သူတို့တိုက်နေတာ နှစ်၇၀ရှိနေပြီ။ ခြေဥပြင်လို့ အစိတ်သားလွှတ်တော်ထဲမရှိရင် ဆွေးနွေးလို့ ပိုလွယ်မယ်ဆိုတာ အသေအချာဘဲလေ။ ပိုဆိုးမှာက ၂၆၁တခုထဲပြင်ပြီး အစိတ်သားနဲ့ပေါင်းလို့ ဝန်ကြီးချုပ်ရွေးရင် သူတို့စိတ်ကြိုက်ဘဲ ခန့်မှာဘဲ။ သူတို့အခိုင်းခံရမ့ဲ တိုင်းရင်းသားဖြစ်သွားမှာ သဘောပေါက်ကြမှာပါ။

XxXxXx

(Zawgyi version)


လက္႐ွိ နာဂစ္ေျခဥရဲ႕ ပုဒ္မ၂၆၁သည္ တိုင္းနဲ႔ျပည္နယ္မ်ားမွာ ဝန္ႀကီးခ်ဳပ္ခန္႔အပ္ေရးနဲ႔ သက္ဆိုင္တယ္။ လူအမ်ား စိတ္မဝင္စားခ်ိန္ သူတို႔ဖာသာသူတို႔ အတည္ျပဳခ်ိန္မွာ စစ္တပ္မွဆင္းသက္လာေသာ ဖြတ္ပါတီသာ အစိတ္သားအားကိုးနဲ႔ အျမဲႏိုင္မည္ယူဆၿပီး ဝန္ႀကီးခ်ဳပ္မ်ားကို သမတက ခန္႔ရမည္လို႔ ထည့္ေရးခ့ဲတယ္။
.
NLDပါတီ အမတ္မ်ားက သူတို႔ရဲ႕ ေရြးေကာက္ပြဲဝင္ဂတိအတိုင္း ျပည္သူမႀကိဳက္ေသာ လက္မခံေသာ ေျခဥကို ျပင္ရန္ႀကိဳးစားခ်ိန္မွာ ဖြတ္မ်ားက တစခန္းထလာတယ္။ NLDထက္ အရင္ဦးေအာင္ နာဂစ္ေျခဥမွ တိုင္းနဲ႔ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ားကို သက္ဆိုင္ရာတိုင္းနဲ႔ျပည္နယ္ လႊတ္ေတာ္မ်ားမွသာ ေရြးခ်ယ္ေစရမယ္တ့ဲ။ ၂၀၁၅ရလာဒ္အရဆိုလွ်င္ ရခိုင္ႏွင့္႐ွမ္းမွာ ဖြတ္မ်ား တိုင္းရင္းသားပါတီအခ်ိဳ႕နဲ႔ အစိတ္သားေပါင္းၿပီး ဖြတ္ဝန္ႀကီးခ်ဳပ္ေရြးဖို႔ ၾကံၾကတာပါ။
.
႐ုတ္တရက္ၾကည့္လွ်င္ သူတို႔လည္း ေျခဥျပင္ေပးတယ္ေပါ့။ NLDအမတ္မ်ား ဖြဲ႔စည္းတ့ဲ ဘာေတြျပင္သင့္လည္း စီစစ္ေနတံုး ဦးေအာင္တင္တာလည္း ပါတယ္။ NLDပါတီက ဒီတခုထဲျပင္တာ ဖက္ဒရယ္မက်လို႔ ပယ္ခ့ဲရင္ NLDကို တိုင္းရင္းသားေတြနဲ႔ ရန္တိုက္ေပးၿပီးသားလည္း ျဖစ္တယ္ေပါ့။ ကလိမ္ကက်စ္က်တ့ဲ ကေလးအေတြးပါဘဲ။
.
ဒီေခတ္မွာ တိုင္းရင္းသားေတြလည္း ဒီေလာက္မညံ့ေတာ့ပါလူး။ ေျခဥႀကီးတခုလံုး ျပင္သင့္တယ္ဆိုတာ သေဘာေပါက္က်မွာပါ။ တိုင္းရင္းသားေတြ လိုခ်င္တ့ဲ ဖက္ဒရယ္မူနဲ႔မွ မကိုပ္တာကိုး။
.
ဖြတ္ပါတီရယ္ ဖြတ္ပါတီရဲ႕ပင္မ စစ္တပ္ဆီက သူတို႔တိုက္ေနတာ ႏွစ္၇၀႐ွိေနၿပီ။ ေျခဥျပင္လို႔ အစိတ္သားလႊတ္ေတာ္ထဲမ႐ွိရင္ ေဆြးေႏြးလို႔ ပိုလြယ္မယ္ဆိုတာ အေသအခ်ာဘဲေလ။ ပိုဆိုးမွာက ၂၆၁တခုထဲျပင္ၿပီး အစိတ္သားနဲ႔ေပါင္းလို႔ ဝန္ႀကီးခ်ဳပ္ေရြးရင္ သူတို႔စိတ္ႀကိဳက္ဘဲ ခန္႔မွာဘဲ။ သူတို႔အခိုင္းခံရမ့ဲ တိုင္းရင္းသားျဖစ္သြားမွာ သေဘာေပါက္ၾကမွာပါ။ 

06 March 2019

တပေါင်းလ တံဆိပ်ခေါင်း





(Unicode version)







   ဆယ့်နှစ်လရာသီ ပွဲနဲ့ပန်းစီးရီးရဲ့ တတိယတံဆိပ်ခေါင်း ယနေ့ထွက်ပါတယ်။ တပေါင်းလအတွက် သဲပုံစေတီပွဲနဲ့ သရဖီပန်းပါ။

   စီးရီးဆိုတော့ အရင်တံဆိပ်ခေါင်းများနဲ့ ခပ်ဆင်ဆင် လှလှပပပါ။ ဒီတခေါက် တချို့ခေါင်းတွေမှာ တံဆိပ်ခေါင်းရဲ့ အရေးကြီးတ့ဲ အချက်တချက်ဖြစ်တ့ဲ ခွေးသွားစိတ်လေးတွေ (perforation) မသတ်ရပ်တာ တွေ့လာရပါပြီ။ နောက်လာမ့ဲ တံဆိပ်ခေါင်းတွေ ပိုမဆိုးဖို့ ဆုတောင်းရမှာပါ။

   တံဆိပ်ခေါင်းက ၂၀၀ကျပ်တန် ဖြစ်ပြီး first day cover လည်းထွက်ပါတယ်။ တအိပ် ၂၀၀ကျပ်ပါဘဲ။


XxXxXx

(Zawgyi version )

   ဆယ့္ႏွစ္လရာသီ ပြဲနဲ႔ပန္းစီးရီးရဲ႕ တတိယတံဆိပ္ေခါင္း ယေန႔ထြက္ပါတယ္။ တေပါင္းလအတြက္ သဲပံုေစတီပြဲနဲ႔ သရဖီပန္းပါ။
   စီးရီးဆိုေတာ့ အရင္တံဆိပ္ေခါင္းမ်ားနဲ႔ ခပ္ဆင္ဆင္ လွလွပပပါ။ ဒီတေခါက္ တခ်ိဳ႕ေခါင္းေတြမွာ တံဆိပ္ေခါင္းရဲ႕ အေရးႀကီးတ့ဲ အခ်က္တခ်က္ျဖစ္တ့ဲ ေခြးသြားစိတ္ေလးေတြ (perforation) မသတ္ရပ္တာ ေတြ႔လာရပါၿပီ။ ေနာက္လာမ့ဲ တံဆိပ္ေခါင္းေတြ ပိုမဆိုးဖို႔ ဆုေတာင္းရမွာပါ။
   တံဆိပ္ေခါင္းက ၂၀၀က်ပ္တန္ ျဖစ္ၿပီး first day cover လည္းထြက္ပါတယ္။ တအိပ္ ၂၀၀က်ပ္ပါဘဲ။ 

04 March 2019

သေဒဏ်ဆိုတာ ထောက်၆နှစ်၈လပါတဲ့




(Unicode version)


   ပြီးခ့ဲတ့ဲရက်ပိုင်းက တောင်ငူမြို့ လူမြင်ကွင်းလူသတ်မှုကနေ အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းမှာ သေနတ်နဲ့တေ့ပစ်တ့ဲ လူသတ်မှုအထိ ဖြစ်ခ့ဲတယ်။ ကျော်မကောင်း ကြားမကောင်း ရေးမကောင်းတ့ဲ သက်ငယ်မုဒိမ်းမှုတွေ ဖြစ်ခ့ဲတယ်။ သိန်းပေါင်းသိန်းသန်းချီတန်နေတ့ဲ မူးယစ်ဆေးမှုတွေ ဖြစ်ခ့ဲတယ်။ ခိုးမှုလိမ်မှုတွေကတော့ မယုံနိုင်လောက်အောင် ဖြစ်ခ့ဲတယ်။ အမှုမျိုးစုံကလည်း ဖြစ်နေဆဲဘဲ။

.

ဒါဘာကိုပြလည်းဆိုရင် ပညာသည်စကားနဲ့တော့ ဥပဒေစိုးမိုးမှု မရှိတာပေါ့။ နားလည်လွယ်အောင်ပြောရရင် ဥပဒေကို ဂရုမစိုက်တော့တာပါ။ အပစ်တခုကျူးလွန်လည်း ခံရမ့ဲပစ်ဒဏ်ကို မကြောက်ကြတော့လို့ပါ။ တရားမစွဲအောင် အာဏာနဲ့သုံးတယ်၊ ငွေနဲ့ပေါက်တယ်။ ပစ်မှုထင်ရှားလွန်းလို့ အပစ်ဒဏ်ပေးခံရရင်တောင် လွတ်ငြိမ်းခွင့်အမျိုးမျိုးနဲ့ လွတ်မှာသိတော့ မကြောက်ကြတော့ပါ။ အမြင့်ဆုံးအပစ် သေဒဏ်ဆိုတာ ထောင်၆နှစ်နဲ့ ၈လပါလို့ ပျက်ရယ်ပြုကြတ့ဲအဆင့် ရောက်နေပါပြီ။

.

လက်ရှိ NLDအစိုးရလက်ထက်မှာတော့ တရားရေးစံနစ်ကို ပြန်တည့်မတ်နေပါပြီ။ ဥပဒေစိုးမိုးရေးအတွက် တာဝန်ရှိတ့ဲ အုပ်ချုပ်ရေးဘက်ကတော့ စပြောင်းနေပါပြီ။ ကျန်နှစ်ဖွဲ့ဖြစ်တ့ဲ တရားရေးနဲ့ ပြည်ထဲရေးကို ပြောင်းဖို့လိုပါသေးတယ်။ နှစ်သုံးဆယ်နီးပါး ငွေများတရားနိုင်ဖြစ်ခ့ဲတာ လူတွေအသိပါ။ ဒါတောင် တပ်မတော်နဲ့ပတ်သက်တ့ဲအမှုဆို သူတို့ဖာသာဘဲ ဆုံးဖြတ်ခွင့် ပေးထားဆဲပါ။

.

မြန်မာလူမျိုးအများစုက လုပ်ပြမှ ကြောက်တတ်တာပါ။ အမြင့်ဆုံးအပစ်ဖြစ်တ့ဲ သေဒဏ်ကို လွှတ်နေသ၍ လူသတ်ဖို့ လက်မတွန့်သူတွေ ရှိနေမှာပါ။ အရင်နှစ်သုံးဆယ် အရွေးကောက်ခံ အစိုးရမဟုတ်လို့ သေဒဏ်ပေးမရတာလည်း တကြောင်းပါတ့ဲ။ NLDအစိုးရလက်ထက်မှာတော့ သေဒဏ်ပေးလို့ရပါပြီ။

.

 အောက်တရားရုံးတွေကလည်း အရင်ခေတ်ထက် ပိုပြီးအမိန့်တွေ ချလာမှာပါ။ နောက်ဆုံးအယူခံက သမတအပေါ် မူတည်တော့ သမတကြီးဦးဝင်းမြင့် ဘယ်လိုစဉ်းစားမလည်း စိတ်ဝင်စားစရာပါ။ ဟိုးအရင် မြန်မာသမတတွေက ဗုဒ္ဓဘာသာဝင်ပီပီ အသက်ကယ်လိုက်တယ်ဆိုပြီး တသက်တကျွန်း ပြောင်းပေးတာမျိုး ရှိခ့ဲပါတယ်။ ဒါမျိုး ဆက်ရှိနေမယ်ဆိုရင်တော့.....

XxXxXx

(Zawgyi version )

  ၿပီးခ့ဲတ့ဲရက္ပိုင္းက ေတာင္ငူၿမိဳ႕ လူျမင္ကြင္းလူသတ္မႈကေန အျပည္ျပည္ဆိုင္ရာေလယာဥ္ကြင္းမွာ ေသနတ္နဲ႔ေတ့ပစ္တ့ဲ လူသတ္မႈအထိ ျဖစ္ခ့ဲတယ္။ ေက်ာ္မေကာင္း ၾကားမေကာင္း ေရးမေကာင္းတ့ဲ သက္ငယ္မုဒိမ္းမႈေတြ ျဖစ္ခ့ဲတယ္။ သိန္းေပါင္းသိန္းသန္းခ်ီတန္ေနတ့ဲ မူးယစ္ေဆးမႈေတြ ျဖစ္ခ့ဲတယ္။ ခိုးမႈလိမ္မႈေတြကေတာ့ မယံုႏိုင္ေလာက္ေအာင္ ျဖစ္ခ့ဲတယ္။ အမႈမ်ိဳးစံုကလည္း ျဖစ္ေနဆဲဘဲ။
.
ဒါဘာကိုျပလည္းဆိုရင္ ပညာသည္စကားနဲ႔ေတာ့ ဥပေဒစိုးမိုးမႈ မ႐ွိတာေပါ့။ နားလည္လြယ္ေအာင္ေျပာရရင္ ဥပေဒကို ဂ႐ုမစိုက္ေတာ့တာပါ။ အပစ္တခုက်ဴးလြန္လည္း ခံရမ့ဲပစ္ဒဏ္ကို မေၾကာက္ၾကေတာ့လို႔ပါ။ တရားမစြဲေအာင္ အာဏာနဲ႔သံုးတယ္၊ ေငြနဲ႔ေပါက္တယ္။ ပစ္မႈထင္႐ွားလြန္းလို႔ အပစ္ဒဏ္ေပးခံရရင္ေတာင္ လြတ္ၿငိမ္းခြင့္အမ်ိဳးမ်ိဳးနဲ႔ လြတ္မွာသိေတာ့ မေၾကာက္ၾကေတာ့ပါ။ အျမင့္ဆံုးအပစ္ ေသဒဏ္ဆိုတာ ေထာင္၆ႏွစ္နဲ႔ ၈လပါလို႔ ပ်က္ရယ္ျပဳၾကတ့ဲအဆင့္ ေရာက္ေနပါၿပီ။
.
လက္႐ွိ NLDအစိုးရလက္ထက္မွာေတာ့ တရားေရးစံနစ္ကို ျပန္တည့္မတ္ေနပါၿပီ။ ဥပေဒစိုးမိုးေရးအတြက္ တာဝန္႐ွိတ့ဲ အုပ္ခ်ဳပ္ေရးဘက္ကေတာ့ စေျပာင္းေနပါၿပီ။ က်န္ႏွစ္ဖြဲ႔ျဖစ္တ့ဲ တရားေရးနဲ႔ ျပည္ထဲေရးကို ေျပာင္းဖို႔လိုပါေသးတယ္။ ႏွစ္သံုးဆယ္နီးပါး ေငြမ်ားတရားႏိုင္ျဖစ္ခ့ဲတာ လူေတြအသိပါ။ ဒါေတာင္ တပ္မေတာ္နဲ႔ပတ္သက္တ့ဲအမႈဆို သူတို႔ဖာသာဘဲ ဆံုးျဖတ္ခြင့္ ေပးထားဆဲပါ။
.
ျမန္မာလူမ်ိဳးအမ်ားစုက လုပ္ျပမွ ေၾကာက္တတ္တာပါ။ အျမင့္ဆံုးအပစ္ျဖစ္တ့ဲ ေသဒဏ္ကို လႊတ္ေနသ၍ လူသတ္ဖို႔ လက္မတြန္႔သူေတြ ႐ွိေနမွာပါ။ အရင္ႏွစ္သံုးဆယ္ အေရြးေကာက္ခံ အစိုးရမဟုတ္လို႔ ေသဒဏ္ေပးမရတာလည္း တေၾကာင္းပါတ့ဲ။ NLDအစိုးရလက္ထက္မွာေတာ့ ေသဒဏ္ေပးလို႔ရပါၿပီ။
.
 ေအာက္တရားရံုးေတြကလည္း အရင္ေခတ္ထက္ ပိုၿပီးအမိန္႔ေတြ ခ်လာမွာပါ။ ေနာက္ဆံုးအယူခံက သမတအေပၚ မူတည္ေတာ့ သမတႀကီးဦးဝင္းျမင့္ ဘယ္လိုစဥ္းစားမလည္း စိတ္ဝင္စားစရာပါ။ ဟိုးအရင္ ျမန္မာသမတေတြက ဗုဒၶဘာသာဝင္ပီပီ အသက္ကယ္လိုက္တယ္ဆိုၿပီး တသက္တကြၽန္း ေျပာင္းေပးတာမ်ိဳး ႐ွိခ့ဲပါတယ္။ ဒါမ်ိဳး ဆက္႐ွိေနမယ္ဆိုရင္ေတာ့..... 

19 February 2019

အမေစုခရီးစဉ်များ နောက်ဆက်တွဲ







  (Unicode version)

   ဒီရက်ပိုင်း အမေစုအတော် ခရီးသွားခ့ဲပါတယ်။ ကချင် ချင်း ရှမ်း တနင်္သာရီ အနှံ့ပါဘဲ။ အမေစု ခရီးစဉ်က အခြားရုံးအလုပ်ကိစ္စတွေလည်း ပါပေမယ့် အမေရဲ့ ပြည်သူ့အသံကို ကြားချင်တာကလည်း အကြောင်းတခုဖြစ်မှာပါ။

.

ခရီးစဉ်တွေမှာ ဒေါ်စုကိုတွေ့ချင်လွန်းလို့ ကြိုဆိုသူများတာ မဆန်းပါဘူး။ ဓာတ်ပုံအရိုက်ခံရဆုံး လူတဦးဖြစ်မှာ အသေအချာပါ။ လူထုနဲ့ တွေ့ဆုံပွဲတွေမှာတော့ လူထုဆန္ဒကို ဌာနဆိုင်ရာတွေရှေ့မှာ ပြောခွင့်ပြုလာတာတော့ ပြည်သူလူထု အကြိုက်ပါဘဲ။ အရင်ဆရာတွေတုံးက ဘာမှပြောခွင့်မရတ့ဲအပြင် လက်အုပ်ချီကြိုဆိုပြီး ပြောတာနားထောင်လာရတာ မဟုတ်လား။

.

ကချင်ခရီးအစတွေမှာ ပြည်သူတွေတင်ပြတာ သိတ်မရဲဝံ့သေးပါ။ အရင်ခေတ်လို ပြန်သွားရင် ပြသနာရှာခံရမှာ စိုးနေသေးလို့လား မသိပါ။ တဖြေးဖြေးပြောရဲလာကြတာ တနင်္သာရီခရီးကျတော့ အတော့ကိုပြောကြတာပါ။ တကယ်က နှစ်ငါးဆယ်ကျော် အောင့်ထားသမျှ ပြောကြရတာကိုး။

.

သေချာတာကတော့ ဌာနဆိုင်ရာများနဲ့ သက်ဆိုင်ရာဝန်ကြီးတွေ အလူးအလဲပါဘဲ။ မဟုတ်တာလုပ်ထားရင် အရင်လိုချောင်မှာ မဟုတ်တော့ပါဘူး။ အရင်က ပြည်သူ့ကို ဂရုမစိုက်ဘဲ လုပ်ချင်ရာလုပ်ခ့ဲကြတာ ခုတော့ တန်ပြန်ခံရပါတော့မယ်။

.

နောက်တဆက်တည်း တွေးမိတာက လူသန့်လာပါတော့မယ်။ ၂၀၁၅ တုံးက နေရာလိုချင်သူတွေ ကိုယ်ကျိုးရှာလိုသူတွေ ငါအာဏာရရင် အရင်မောင်တွေလို သမလိုက်မဟ့ဲဆိုပြီး ပါလာသူတွေ ၂၀၂၀မှာ လစ်ကြပါလိမ့်မယ်။ ဝန်ကြီးဖြစ်ပြီဆိုပြီး မလုပ်မရှုတ်မပြုတ်လုပ်နေသူတွေ ကျန်ရစ်ပါလိမ့်မယ်။

.

ပြည်နယ်နဲ့တိုင်း အစိုးရတွေကိုလည်း ပြည်သူနဲ့ ပိုထိတွေ့ကြဖို့ အမေစုက တိုက်တွန်းခ့ဲပါပြီ။ ပြည်သူတွေကလည်း ဆန္ဒတွေ ပိုပြောခွင့်ရလာတော့မှာပါ။ ပြည်သူဘက်ကလည်း မှန်မှန်ကန်ကန် အဓိပ္ပာယ်ရှိရှိတင်ပြကြဖို့ လိုပါတယ်။ မိမိကိုယ်ကျိုးအတွက်ဘဲ လုပ်လို့မဖြစ်ပါဘူး။

.

ဒီလို ပြည်သူနဲ့ထိတွေမှုများတ့ဲ စံနစ်တည်ထောင်နိုင်ရင် အလုပ်ကြိုးစားတ့ဲအစိုးရတွေ အဂတိနည်းတ့ဲအစိုးရတွေ ပေါ်ထွန်းလာမှာ အသေအချာပါ။ ၂၀၂၀မှာ NLDပါတီကို မဲပေးခြင်းဖြင့် ဒီစံနစ်ခိုင်မာအောင် တည်ဆောက်ကြပါလို့ တိုက်တွန်းလိုပါတယ်။

XxXxXx

(Zawgyi version)

 ဒီရက္ပိုင္း အေမစုအေတာ္ ခရီးသြားခ့ဲပါတယ္။ ကခ်င္ ခ်င္း ႐ွမ္း တနသၤာရီ အႏွံ႔ပါဘဲ။ အေမစု ခရီးစဥ္က အျခားရံုးအလုပ္ကိစၥေတြလည္း ပါေပမယ့္ အေမရဲ႕ ျပည္သူ႔အသံကို ၾကားခ်င္တာကလည္း အေၾကာင္းတခုျဖစ္မွာပါ။
.
ခရီးစဥ္ေတြမွာ ေဒၚစုကိုေတြ႔ခ်င္လြန္းလို႔ ႀကိဳဆိုသူမ်ားတာ မဆန္းပါဘူး။ ဓာတ္ပံုအ႐ိုက္ခံရဆံုး လူတဦးျဖစ္မွာ အေသအခ်ာပါ။ လူထုနဲ႔ ေတြ႔ဆံုပြဲေတြမွာေတာ့ လူထုဆႏၵကို ဌာနဆိုင္ရာေတြေ႐ွ႕မွာ ေျပာခြင့္ျပဳလာတာေတာ့ ျပည္သူလူထု အႀကိဳက္ပါဘဲ။ အရင္ဆရာေတြတံုးက ဘာမွေျပာခြင့္မရတ့ဲအျပင္ လက္အုပ္ခ်ီႀကိဳဆိုၿပီး ေျပာတာနားေထာင္လာရတာ မဟုတ္လား။
.
ကခ်င္ခရီးအစေတြမွာ ျပည္သူေတြတင္ျပတာ သိတ္မရဲဝံ့ေသးပါ။ အရင္ေခတ္လို ျပန္သြားရင္ ျပသနာ႐ွာခံရမွာ စိုးေနေသးလို႔လား မသိပါ။ တေျဖးေျဖးေျပာရဲလာၾကတာ တနသၤာရီခရီးက်ေတာ့ အေတာ့ကိုေျပာၾကတာပါ။ တကယ္က ႏွစ္ငါးဆယ္ေက်ာ္ ေအာင့္ထားသမွ် ေျပာၾကရတာကိုး။
.
ေသခ်ာတာကေတာ့ ဌာနဆိုင္ရာမ်ားနဲ႔ သက္ဆိုင္ရာဝန္ႀကီးေတြ အလူးအလဲပါဘဲ။ မဟုတ္တာလုပ္ထားရင္ အရင္လိုေခ်ာင္မွာ မဟုတ္ေတာ့ပါဘူး။ အရင္က ျပည္သူ႔ကို ဂ႐ုမစိုက္ဘဲ လုပ္ခ်င္ရာလုပ္ခ့ဲၾကတာ ခုေတာ့ တန္ျပန္ခံရပါေတာ့မယ္။
.
ေနာက္တဆက္တည္း ေတြးမိတာက လူသန္႔လာပါေတာ့မယ္။ ၂၀၁၅ တံုးက ေနရာလိုခ်င္သူေတြ ကိုယ္က်ိဳး႐ွာလိုသူေတြ ငါအာဏာရရင္ အရင္ေမာင္ေတြလို သမလိုက္မဟ့ဲဆိုၿပီး ပါလာသူေတြ ၂၀၂၀မွာ လစ္ၾကပါလိမ့္မယ္။ ဝန္ႀကီးျဖစ္ၿပီဆိုၿပီး မလုပ္မ႐ႈတ္မျပဳတ္လုပ္ေနသူေတြ က်န္ရစ္ပါလိမ့္မယ္။
.
ျပည္နယ္နဲ႔တိုင္း အစိုးရေတြကိုလည္း ျပည္သူနဲ႔ ပိုထိေတြ႔ၾကဖို႔ အေမစုက တိုက္တြန္းခ့ဲပါၿပီ။ ျပည္သူေတြကလည္း ဆနၵေတြ ပိုေျပာခြင့္ရလာေတာ့မွာပါ။ ျပည္သူဘက္ကလည္း မွန္မွန္ကန္ကန္ အဓိပၸာယ္႐ွိ႐ွိတင္ျပၾကဖို႔ လိုပါတယ္။ မိမိကိုယ္က်ိဳးအတြက္ဘဲ လုပ္လို႔မျဖစ္ပါဘူး။
.
ဒီလို ျပည္သူနဲ႔ထိေတြမႈမ်ားတ့ဲ စံနစ္တည္ေထာင္ႏိုင္ရင္ အလုပ္ႀကိဳးစားတ့ဲအစိုးရေတြ အဂတိနည္းတ့ဲအစိုးရေတြ ေပၚထြန္းလာမွာ အေသအခ်ာပါ။ ၂၀၂၀မွာ NLDပါတီကို မဲေပးျခင္းျဖင့္ ဒီစံနစ္ခိုင္မာေအာင္ တည္ေဆာက္ၾကပါလို႔ တိုက္တြန္းလိုပါတယ္။ 

13 February 2019

ကယားပြည်နယ်မှ ဗိုလ်ချုပ်ကြေးရုပ်












(Unicode version)

   ဗိုလ်ချုပ်မွေးနေ့မတိုင်ခင်တစ်ရက် ပြည်ထောင်စုနေ့မှာ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမှုနဲ့ပတ်သက်ပြီး ဆန္ဒပြသူတချို့နဲ့ ရဲတွေ ထိပ်တိုက်တိုးတာ အားလုံးသိကြမှာပါ။ ပြည်မကအများစုက ခြေဥပြင်မယ်ဆိုလို့ လက်မဲကြီးက မီးမွှေးနေပြီလို့ ထင်ကြပါတယ်။ အရင်ကလည်း အမြဲ ဖြစ်ခ့ဲတာကိုး။

.

ဒါပေမယ့် Myanmar Now သတင်းအရ အဲဒီနေ့က ဆန္ဒပြသူအများစုဟာ ဒေသခံတိုင်းရင်းသားတွေ ဖြစ်ကြပြီး စစ်အစိုးရလက်ထက်က အာဇာနည်နေ့တွေမှာ ချီတက်အလေးပြုသူတွေ ပါဝင်ကြတယ်။ အထူးသဖြင့် ၂၀၁၅ ရွေးကောက်ပွဲမှာ NLD အနိုင်ရရေးအတွက် လှုပ်ရှားပေးသူတွေ ပါဝင်ကြတယ်ဆိုတာ အံ့အားသင့်ဖွယ် သိလိုက်ရပါတယ်။

.

လက်ရှိအခြေအနေအရ ဗိုလ်ချုပ်ကြေးရုပ် စိုက်လိုသူတွေနဲ့ ကန့်ကွက်လိုသူတွေ ဆက်ဆွေးနွေးကြပါလိမ့်မယ်။ ဒါ ကောင်းတ့ဲ ဒီမိုကရေစီ အလေ့အထပါ။ ညှိနှိုင်းပြေလည်လိမ့်မယ်လို့လည်း ယုံကြည်ပြီး ဆုလည်းတောင်းပါတယ်။ ကိုယ့်အချင်းချင်းပြေလည်ရင် အပြင်လူဝင်ပြီး သွေးခွဲလို့ မရတော့ဘူးပေါ့။

.

Myanmar Now ရဲ့ သတင်းမှာဘဲ ကယားလူငယ်တချို့ရဲ့ ထင်မြင်ချက်ကို ဖော်ပြထားပါတယ်။ ကရင်နီဒေသလို့လည်းခေါ်တ့ဲ ကယားပြည်နယ်သည် ရှေးပဝေသဏီကပင် ဗမာဘုရင်လက်အောက်ရော၊ အင်္ဂလိပ်ကိုလိုနီအဖြစ်ရော မရောက်ဘူးလို့ ယုံကြည်ကြသတ့ဲ။ အဲဒီမှာ မှန်မလိုနဲ့ လွဲရှာကြတော့တာပါဘဲ။

.

ကယားပြည်နယ်သည် ဗမာရော အင်္ဂလိပ်ရောရဲ့ ကိုလိုနီမဖြစ်ခ့ဲပေမယ့် ၁၉၆၂ခု မတ်လ ၂ရက်နေ့ကစလို့ စစ်တပ်ရဲ့ကိုလိုနီဖြစ်ခ့ဲတယ်လေ။ ခုလည်း မြန်မာပြည်ရဲ့ ကျန်အစိတ်အဝှမ်းများနည်းတူ စစ်ကိုလိုနီက အပြည့်အဝ မလွတ်သေးတာ သတိထားကြရလိမ့်မယ်။

.

 NLDလက်ရှိအစိုးရက တကယ်လွတ်လပ်သော တန်းတူညီမျှရှိသော ဖက်ဒရယ်ဖြစ်အောင် ကြိုးပမ်းနေတာကို မြင်အောင်ကြည့်ကြပါ။ မြန်မာလူမျိုးများလည်း စစ်တပ်ရဲ့ ဖိနှိပ်ချုပ်ချယ် အုပ်ချုပ်ခံခ့ဲရတာ သိကြပါ။ NLD အစိုးအရက ဖက်ဒရယ်ပြည်ထောင်စုဖြစ်အောင် ချီတက်နေချိန်မှာ အဓိက အဟန့်အတားဖြစ်နေတ့ဲ နာဂစ်ခြေဥကို စတင်ပြင်ဖို့ ကြိုးစားနေတာ ဝင်ကူညီကြပါ။ တိုင်းရင်းသားတွေ ပြည်မသားတွေ ညီတူဆန္ဒတူမှ အပြည့်အဝ ဖက်ဒရယ်စံနစ်ရမယ်ဆိုတာ လုံးဝဥသုံ ယုံကြည်ထားကြပါဗျာ။ ။

XxXxXx

(Zawgyi version)

   ဗိုလ္ခ်ဳပ္ေမြးေန႔မတိုင္ခင္တစ္ရက္ ျပည္ေထာင္စုေန႔မွာ ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕မွာ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ စိုက္ထူမႈနဲ႔ပတ္သက္ၿပီး ဆႏၵျပသူတခ်ိဳ႕နဲ႔ ရဲေတြ ထိပ္တိုက္တိုးတာ အားလံုးသိၾကမွာပါ။ ျပည္မကအမ်ားစုက ေျခဥျပင္မယ္ဆိုလို႔ လက္မဲႀကီးက မီးေမႊးေနၿပီလို႔ ထင္ၾကပါတယ္။ အရင္ကလည္း အျမဲ ျဖစ္ခ့ဲတာကိုး။
.
ဒါေပမယ့္ Myanmar Now သတင္းအရ အဲဒီေန႔က ဆႏၵျပသူအမ်ားစုဟာ ေဒသခံတိုင္းရင္းသားေတြ ျဖစ္ၾကၿပီး စစ္အစိုးရလက္ထက္က အာဇာနည္ေန႔ေတြမွာ ခ်ီတက္အေလးျပဳသူေတြ ပါဝင္ၾကတယ္။ အထူးသျဖင့္ ၂၀၁၅ ေရြးေကာက္ပြဲမွာ NLD အနိုင္ရေရးအတြက္ လႈပ္႐ွားေပးသူေတြ ပါဝင္ၾကတယ္ဆိုတာ အံ့အားသင့္ဖြယ္ သိလိုက္ရပါတယ္။
.
လက္႐ွိအေျခအေနအရ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ စိုက္လိုသူေတြနဲ႔ ကန္႔ကြက္လိုသူေတြ ဆက္ေဆြးေႏြးၾကပါလိမ့္မယ္။ ဒါ ေကာင္းတ့ဲ ဒီမိုကေရစီ အေလ့အထပါ။ ညႇိႏိႈင္းေျပလည္လိမ့္မယ္လို႔လည္း ယံုၾကည္ၿပီး ဆုလည္းေတာင္းပါတယ္။ ကိုယ့္အခ်င္းခ်င္းေျပလည္ရင္ အျပင္လူဝင္ၿပီး ေသြးခြဲလို႔ မရေတာ့ဘူးေပါ့။
.
Myanmar Now ရဲ႕ သတင္းမွာဘဲ  ကယားလူငယ္တခ်ိဳ႕ရဲ႕ ထင္ျမင္ခ်က္ကို ေဖာ္ျပထားပါတယ္။ ကရင္နီေဒသလို႔လည္းေခၚတ့ဲ ကယားျပည္နယ္သည္ ေ႐ွးပေဝသဏီကပင္ ဗမာဘုရင္လက္ေအာက္ေရာ၊ အဂၤလိပ္ကိုလိုနီအျဖစ္ေရာ မေရာက္ဘူးလို႔ ယံုၾကည္ၾကသတ့ဲ။  အဲဒီမွာ မွန္မလိုနဲ႔ လြဲ႐ွာၾကေတာ့တာပါဘဲ။
.
ကယားျပည္နယ္သည္ ဗမာေရာ အဂၤလိပ္ေရာရဲ႕ ကိုလိုနီမျဖစ္ခ့ဲေပမယ့္ ၁၉၆၂ခု မတ္လ ၂ရက္ေန႔ကစလို႔ စစ္တပ္ရဲ႕ကိုလိုနီျဖစ္ခ့ဲတယ္ေလ။ ခုလည္း ျမန္မာျပည္ရဲ႕ က်န္အစိတ္အဝွမ္းမ်ားနည္းတူ စစ္ကိုလိုနီက အျပည့္အဝ  မလြတ္ေသးတာ သတိထားၾကရလိမ့္မယ္။
.
 NLDလက္႐ွိအစိုးရက တကယ္လြတ္လပ္ေသာ တန္းတူညီမွ်႐ွိေသာ ဖက္ဒရယ္ျဖစ္ေအာင္ ႀကိဳးပမ္းေနတာကို ျမင္ေအာင္ၾကည့္ၾကပါ။ ျမန္မာလူမ်ိဳးမ်ားလည္း စစ္တပ္ရဲ႕ ဖိႏွိပ္ခ်ဳပ္ခ်ယ္ အုပ္ခ်ဳပ္ခံခ့ဲရတာ သိၾကပါ။ NLD အစိုးအရက ဖက္ဒရယ္ျပည္ေထာင္စုျဖစ္ေအာင္ ခ်ီတက္ေနခ်ိန္မွာ အဓိက အဟန္႔အတားျဖစ္ေနတ့ဲ နာဂစ္ေျခဥကို စတင္ျပင္ဖို႔ ႀကိဳးစားေနတာ ဝင္ကူညီၾကပါ။ တိုင္းရင္းသားေတြ ျပည္မသားေတြ ညီတူဆႏၵတူမွ အျပည့္အဝ ဖက္ဒရယ္စံနစ္ရမယ္ဆိုတာ လံုးဝဥသံု ယံုၾကည္ထားၾကပါဗ်ာ။     ။

05 February 2019

တပို့တွဲလ တံဆိပ်ခေါင်း

(Unicode version)


   ရာသီအလိုက် ပွဲတော်နဲ့ပန်း စီးရီးရဲ့ ဒုတိယမြောက် တံဆိပ်ခေါင်းထွက်ပါတယ်။ တပို့တွဲလဆန်း တစ်ရက်နေ့မှာ ထမနဲ့ပွဲနဲ့ ပေါက်ပန်းပုံနဲ့ ထုတ်ပါတယ်။ FDC လဲ စီးရီးအတိုင်းထုတ်ပါတယ်။ FDC က ၂၀၀ကျပ်၊ တံဆိပ်ခေါင်း ၂၀၀ကျပ် ပါ။

.

ပထမခေါင်းနဲ့ စီးရီးအတိုင်း လိုက်ဖက်တ့ဲ ဒီဇိုင်းပါ။ နောက်ဆက်ထုတ်မ့ဲ တံဆိပ်ခေါင်းများရဲ့ ဒီဇိုင်းလည်း ဆင်တူဘဲဖြစ်မှာပါ။ တံဆိပ်ခေါင်း ဆယ့်နှစ်လုံး စီးရီးထုတ်တာ မြန်မာပြည်အတွက်တော့ ပထမဆုံးပါ။


XxXxXx

(Zawgyi version)

   ရာသီအလိုက္ ပြဲေတာ္နဲ႔ပန္း စီးရီးရဲ႕ ဒုတိယေျမာက္ တံဆိပ္ေခါင္းထြက္ပါတယ္။ တပို႔တြဲလဆန္း တစ္ရက္ေန႔မွာ ထမနဲ႔ပြဲနဲ႔ ေပါက္ပန္းပံုနဲ႔ ထုတ္ပါတယ္။ FDC လဲ စီးရီးအတိုင္းထုတ္ပါတယ္။ FDC က ၂၀၀က်ပ္၊ တံဆိပ္ေခါင္း ၂၀၀က်ပ္ ပါ။
.
ပထမေခါင္းနဲ႔ စီးရီးအတိုင္း လိုက္ဖက္တ့ဲ ဒီဇိုင္းပါ။ ေနာက္ဆက္ထုတ္မ့ဲ တံဆိပ္ေခါင္းမ်ားရဲ႕ ဒီဇိုင္းလည္း ဆင္တူဘဲျဖစ္မွာပါ။ တံဆိပ္ေခါင္း ဆယ့္ႏွစ္လံုး စီးရီးထုတ္တာ ျမန္မာျပည္အတြက္ေတာ့ ပထမဆံုးပါ။

03 February 2019

YP အဓွန့်ရှည်ဖို့လိုတယ်










  (Unicode version)

   ၂၀၁၈ထဲမှာ ရန်ကုန်ဝန်ကြီးချုပ်ကွီးဖြိုးက ရန်ကုန်အစိုးရ အနေနဲ့ ဓာတ်ဆီဈေးထိန်းပေးချင်လို့် ကုမ္ပဏီဖွဲ့လုပ်ချင်တယ်လို့် ပြောခ့ဲဘူးပါတယ်။ လက်ရှိဆီဆိုင်ပိုင်ရှင် ခရိုနီတွေက မပြောရသေးဘူး။ မနာလိုတ့ဲ NLDအမတ်တွေက စကန့်ကွက်တာနဲ့ ဖြစ်မလာခ့ဲပါဘူး။

.

ဓာတ်ဆီလုပ်ငန်း ရန်ကုန်အစိုးရအနေနဲ့ လုပ်ချင်ရခြင်းအကြောင်းကို ကွီးဖြိုးရှင်းပြတုံးက သူ အင်မတန် လူကြီးဆန်ခ့ဲပါတယ်။ လက်ရှိလုပ်ငန်းရှင်တွေက ဒေါ်လာဈေးကျချိန် ရေနံဈေးကျချိန်မှာ အများကြီးရင်းပြီး ဝယ်မထားနိုင်ကြောင်းနဲ့ သိမ်းစရာနေရာ အများကြီး မရှိကြောင်းဘဲ ပြောခ့ဲပါတယ်။ ဒါတွေကို တိုင်းအစိုးရအနေနဲ့ ဖြေရှင်းပေးချင်လို့ပါဘဲ ပြောခ့ဲတယ်။

.

တက့ဲအကြောင်းက ဒေါ်လာဈေးရေနံဈေး ကမ္ဘာမှာတက်ရင် ဒီကဓာတ်ဆီဈေး ချက်ချင်းလိုက်တက်ပါတယ်။ ရက်မကူးပါဘူး။ ဟိုမှာကျရင်တော့ တက်ဈေးတုံးက ဝယ်ထားရလို့ဆိုပြီး ဈေးကျဖို့ လချီစောင့်ရပါတယ်။ တက်တိုင်းကျတိုင်း အချီကြီးအမြတ်ထုတ်ကြလွန်းလို့ဓာတ်ဆီလုပ်ငန်းကို ရန်ကုန်အစိုးရ အနေနဲ့ ဝင်ထိန်းချင်တာပါ။ ဒီလိုအမြတ်ထုပ်မှုမျိုးကို စစ်အစိုးရခေတ်တလျောက်လုံး ဒေါ်လာနဲ့ ပြည်ပကသွင်းရတ့ဲ စားအုန်းဆီ ဘိလပ်မြေ သံချောင်းတွေကစလို့ အိမ်သုံးဆေးဝါးအထိ လုပ်စားလာကြတာပါ။

.

ကုမ္ပဏီလုပ်ခွင့်မရတော့ လုပ်ငန်းရှင်တဦးကို မြေနေရာပေးပြီး ဖွင့်စေပါတယ်။ yangon petrol (yp) ဆိုပြီးတော့ပါ။ ဓာတ်ဆီဈေး တက်ချင်တိုင်း တက်မရတော့ပါ။ ခုဆို 92ron ဆို ၇၀၀အောက်ဘဲ ရောင်းနေရပါပြီ။ yp မှာတော့ ဒါ့ထက်လျော့ပါတယ်။ ဆိုင်အသစ်တွေဖွင့်ဖို့ မြေနေရာ အခက်အခဲ ဖြစ်နေပါတယ်။

.

ဒီလိုပြည်သူတွေ သက်သာအောင် စလုပ်တာနဲ့ ခရိုနီတွေနဲ့ သူတို့မီဒီယာတွေက စတင်တိုက်ခိုက်ပါတယ်။ ကွီးဖြိုးက မြေနေရာကို အောက်ဈေးနဲ့ ပေးတယ်ဆိုပြီးတော့ပါ။ ကွီးဖြိုးကို အမှုရှာရင်း သူတို့ပြန်အပတ်ခံနေရတ့ဲ တစ်ပူးအချဉ်ထုပ်က အဆိုးဆုံးပါ။

.

တကယ်ဆို အရင်ဓာတ်ဆီဆိုင်တွေကို အရင်အစိုးရက ဘယ်သူတွေကို ဘယ်လိုဈေးနဲ့ ပေးခ့ဲတာလည်း ယှဉ်ပြဖို့လိုပါတယ်။ အရင်ဆိုင်တွေက နေရာကောင်းတွေကြီးမှာပါ။ ကွီးဖြိုးကို ပုဂ္ဂိုလ်ရေးမကြေနပ်လို့ ပြောသူရယ်၊ မိမိအမြတ်ကြီးစားကွက်ပျက်လို့ ရေးခိုင်းသူတွေရယ် သတိထားရမှာက ဒီကိစ္စဟာ ပြည်သူတွေအပေါ် တိုက်ရိုက်အကျိုး သက်ရောက်တယ်ဆိုတာပါဘဲ။ ပြည်သူ့မေတ္တာ ခံယူရပါလိမ့်မယ်။ သတိကြီးကြီးထားကြပါ။

XxXxXx

(Zawgyi version )

 ၂၀၁၈ထဲမွာ  ရန္ကုန္ဝန္ႀကီးခ်ဳပ္ကီြးၿဖိဳးက ရန္ကုန္အစိုးရ အေနနဲ႔ ဓာတ္ဆီေစ်းထိန္းေပးခ်င္လို္႔ ကုမၸဏီဖြဲ႔လုပ္ခ်င္တယ္လို္႔ ေျပာခ့ဲဘူးပါတယ္။ လက္႐ွိဆီဆိုင္ပိုင္႐ွင္ ခ႐ိုနီေတြက မေျပာရေသးဘူး။ မနာလိုတ့ဲ NLDအမတ္ေတြက စကန္႔ကြက္တာနဲ႔ ျဖစ္မလာခ့ဲပါဘူး။
.
ဓာတ္ဆီလုပ္ငန္း ရန္ကုန္အစိုးရအေနနဲ႔ လုပ္ခ်င္ရျခင္းအေၾကာင္းကို ကီြးၿဖိဳး႐ွင္းျပတံုးက သူ အင္မတန္ လူႀကီးဆန္ခ့ဲပါတယ္။ လက္႐ွိလုပ္ငန္း႐ွင္ေတြက ေဒၚလာေစ်းက်ခ်ိန္ ေရနံေစ်းက်ခ်ိန္မွာ အမ်ားႀကီးရင္းၿပီး ဝယ္မထားႏိုင္ေၾကာင္းနဲ႔ သိမ္းစရာေနရာ အမ်ားႀကီး မ႐ွိေၾကာင္းဘဲ ေျပာခ့ဲပါတယ္။ ဒါေတြကို တိုင္းအစိုးရအေနနဲ႔ ေျဖ႐ွင္းေပးခ်င္လို႔ပါဘဲ ေျပာခ့ဲတယ္။
.
တက့ဲအေၾကာင္းက ေဒၚလာေစ်းေရနံေစ်း ကမာၻမွာတက္ရင္ ဒီကဓာတ္ဆီေစ်း ခ်က္ခ်င္းလိုက္တက္ပါတယ္။ ရက္မကူးပါဘူး။ ဟိုမွာက်ရင္ေတာ့ တက္ေစ်းတံုးက ဝယ္ထားရလို႔ဆိုၿပီး ေစ်းက်ဖို႔ လခ်ီေစာင့္ရပါတယ္။ တက္တိုင္းက်တိုင္း အခ်ီႀကီးအျမတ္ထုတ္ၾကလြန္းလို႔ဓာတ္ဆီလုပ္ငန္းကို ရန္ကုန္အစိုးရ အေနနဲ႔ ဝင္ထိန္းခ်င္တာပါ။ ဒီလိုအျမတ္ထုပ္မွုမ်ိဳးကို စစ္အစိုးရေခတ္တေလ်ာက္လံုး ေဒၚလာနဲ႔ ျပည္ပကသြင္းရတ့ဲ စားအုန္းဆီ ဘိလပ္ေျမ သံေခ်ာင္းေတြကစလို႔ အိမ္သံုးေဆးဝါးအထိ လုပ္စားလာၾကတာပါ။
.
ကုမၸဏီလုပ္ခြင့္မရေတာ့ လုပ္ငန္း႐ွင္တဦးကို ေျမေနရာေပးၿပီး ဖြင့္ေစပါတယ္။ yangon petrol (yp) ဆိုၿပီးေတာ့ပါ။ ဓာတ္ဆီေစ်း တက္ခ်င္တိုင္း တက္မရေတာ့ပါ။ ခုဆို 92ron ဆို ၇၀၀ေအာက္ဘဲ ေရာင္းေနရပါၿပီ။ yp မွာေတာ့ ဒါ့ထက္ေလ်ာ့ပါတယ္။ ဆိုင္အသစ္ေတြဖြင့္ဖို႔ ေျမေနရာ အခက္အခဲ ျဖစ္ေနပါတယ္။
.
ဒီလိုျပည္သူေတြ သက္သာေအာင္ စလုပ္တာနဲ႔ ခ႐ိုနီေတြနဲ႔ သူတို႔မီဒီယာေတြက စတင္တိုက္ခိုက္ပါတယ္။ ကီြးၿဖိဳးက ေျမေနရာကို ေအာက္ေစ်းနဲ႔ ေပးတယ္ဆိုၿပီးေတာ့ပါ။ ကီြးၿဖိဳးကို အမႈ႐ွာရင္း သူတို႔ျပန္အပတ္ခံေနရတ့ဲ တစ္ပူးအခ်ဥ္ထုပ္က အဆိုးဆံုးပါ။
.
တကယ္ဆို အရင္ဓာတ္ဆီဆိုင္ေတြကို အရင္အစိုးရက ဘယ္သူေတြကို ဘယ္လိုေစ်းနဲ႔ ေပးခ့ဲတာလည္း ယွဥ္ျပဖို႔လိုပါတယ္။ အရင္ဆိုင္ေတြက ေနရာေကာင္းေတြႀကီးမွာပါ။ ကီြးၿဖိဳးကို ပုဂၢိဳလ္ေရးမေၾကနပ္လို႔ ေျပာသူရယ္၊ မိမိအျမတ္ႀကီးစားကြက္ပ်က္လို႔ ေရးခိုင္းသူေတြရယ္ သတိထားရမွာက ဒီကိစၥဟာ ျပည္သူေတြအေပၚ တိုက္႐ိုက္အက်ိဳး သက္ေရာက္တယ္ဆိုတာပါဘဲ။ ျပည္သူ႔ေမတၱာ ခံယူရပါလိမ့္မယ္။ သတိႀကီးႀကီးထားၾကပါ။