17 January 2017

ထောက်ခံပွဲကြီး

(Unicode version )

  ခုတလော ထောက်ခံပွဲတွေမြင်တော့ တွေးမိတယ်။ ဘယ်ကိစ္စမဆို ထောက်ခံသူနဲ့ ကန့်ကွက်သူ ရှိမှာပါဘဲ။ ကိစ္စအကြီးကြီးတွေဆို မကြိုက်သူက ကန့်ကွက်ကြ ဆန္ဒပြကြမှာ မလွဲပါဘူး။ ကန့်ကွက် ဆန္ဒပြသူတွေ မှန်မမှန် အရည်အတွက် များမများကြည့်ပြီး ပြင်သင့်တာ ပြင်ပေးရမှာပါဘဲ။ ကိုယ်ကျိုးအတွက် အများကိုမင့ဲတ့ဲ ဆန္ဒပြသူ အနည်းငယ်ဆိုရင်တော့ ဖျောင်းဖျတန်ဖျောင်းဖျ လစ်လျူရှုတန် လစ်လျူရှုလိုက်ရမှာပါဘဲ။

.

ထောက်ခံပွဲကျတော့ တမျိုးကြီးဘဲ။ ထောက်ခံပွဲလုပ်ရတယ် ဆိုကတည်းက သူတို့ကို မထောက်ခံသူ များလို့များလား။ မကြိုက်သူ များလို့လား။ လုပ်ရပ်မှန် လူကြိုက်များရင် ထောက်ခံပွဲ လုပ်စရာမှ မလိုတာလဲလေ။ လက်ရှိအောင်မြင်နေတ့ဲသူ အဖွဲ့အစည်း ပါတီတွေ တခုမှ ထောက်ခံပွဲလုပ်တာ မတွေ့ဘူးဘူး။ ထောက်ခံပွဲ လုပ်ရတယ်ဆိုကတည်းက တခုခုတော့ လွဲနေပြီ ထင်တာဘဲဗျာ။

.

ထောက်ခံပွဲတွေကို မဆလခေတ်မှာ မတွေ့ခ့ဲရဘူး။ ၈၈နောက်ပိုင်း စစ်အစိုးရခေတ်ကျမှ သူတို့လုပ်ရပ်ထောက်ခံပွဲတွေ လုပ်ခိုင်းလာတာ သတိထားမိတယ်။ လူတွေက မကြိုက်လို့ တကယ်မထောက်ခံတော့ ချော့ချီခြောက်ချီနဲ့ ပွဲဖြစ်အောင် လုပ်ခဲ့ကြရတယ်။ ငွေပေး၊ ထမင်းထုပ်ပေး။ မတက်ရင် ဖမ်းမယ်ခြောက်၊ ပွဲမဖြစ်ဖြစ်အောင် ထောက်ခံပွဲကြီးလုပ်ပြ။ နောက်နေ့ သတင်းစာထဲထည့်။ ဘယ်သူယုံအောင်လို့ ဒီလိုလုပ်ပြကြသလဲ ဉာဏ်မမှီပါဘူးဗျာ။ စစ်အစိုးရရဲ့ နောက်ဆက်တွဲတွေက ဒီနေ့အထိ ဒီအချိုးမျိုး ချိုးတုံး။ ငွေပေးတာ နည်းလို့လားမသိ။ လူတော့ အများကြီး လျော့သွားရှာတယ်။

.

ထောက်ခံတာကို ပွဲလုပ်စရာ စီတန်းလှည့်လည်စရာမလိုဘဲ လုပ်ပြတာကို ဘယ်လိုဥပမာနဲ့ ရေးရမလဲ စဉ်းစားနေတုံး ပွဲကြီးကို တန်းတိုးတာပါဘဲဗျာ။ ထမင်းထုပ်ကမ်းစရာမလို၊ မိမိထမင်းမိမိစားပြီး ကူမယ်ဆိုတာကို ထမင်းထုပ်ကမ်းသူအများကြီး။ ပိုက်ဆံပေးစရာမလိုတ့ဲအပြင် ကိုယ့်တာဝန်ကိုယ်ယူပြီး ဗော်လန်တီယာလုပ်လိုသူတွေ အများကြီး။ ဗော်လန်တီယာတွေကို အီးပါရှူးပေါက်ထိ ကူပါရစေဆိုတ့ဲသူတွေ အများကြီး။ လိုင်းကားပိုင်ရှင်တွေ ဂဂျီဂဂျောင်လုပ်ရင် မိမိကိုယ်ပိုင်ကားနဲ့ ကူမ့ဲသူတွေ အများကြီး။ ခရီးသည်တွေ အဆင်ပြေစေဖို့ ဖုန်းနဲ့သုံးဖို့ app တွေ မြေပုံတွေထုတ်ပေးသူတွေ အများကြီး။ အဆင်မပြေမှုတွေကို သည်းခံပြီး ဘယ်လိုအဆင်မပြေကြောင်း၊ ဘယ်လိုပြင်စေချင်ကြောင်း စေတနာနဲ့ သတင်းပို့သူတွေ အများကြီး။ နောက်ဆုံး ဖေ့ဘုတ်ပေါ်မှာ သည်းခံကြပါ၊ စိတ်ရှည်ကြပါ၊ တပတ်အတွင်း အဆင်ပြေသွားမှာပါလို့ နှစ်သိမ့်တ့ဲသူတွေ အများကြီး။ ဒီအများကြီးတွေဟာ ဘယ်သူမှ ခြိမ်းခြောက်လို့မဟုတ်ဘဲ ပြည်သူကောင်းဖို့ လုပ်တ့ဲ စံနစ်သစ်တခုကို ထောက်ခံနေတ့ဲသူတွေ မဟုတ်ပါလားခင်ဗျား။

.

ဟိုးအရင်က ထောက်ခံပွဲ လုပ်ခ့ဲသူတွေ၊ လောလောဆယ် ထောက်ခံပွဲလုပ်နေသူတွေ၊ နောက်နောင် ထောက်ခံပွဲလုပ်ဖို့ စဉ်းစားနေသူတွေ ထောက်ခံတယ်ဆိုတာ ပွဲလုပ်စရာမလိုဘူးလို့ သိရင် ကြေနပ်ပါပြီ။ ။

XxXxXx

(Zawgyi version )

  ခုတေလာ ေထာက္ခံပြဲေတြျမင္ေတာ့ ေတြးမိတယ္။ ဘယ္ကိစၥမဆို ေထာက္ခံသူနဲ႔ ကန္႔ကြက္သူ ႐ွိမွာပါဘဲ။ ကိစၥအႀကီးႀကီးေတြဆို မႀကိဳက္သူက ကန္႔ကြက္ၾက ဆႏၵျပၾကမွာ မလြဲပါဘူး။ ကန္႔ကြက္ ဆႏၵျပသူေတြ မွန္မမွန္ အရည္အတြက္ မ်ားမမ်ားၾကည့္ၿပီး ျပင္သင့္တာ ျပင္ေပးရမွာပါဘဲ။ ကိုယ္က်ိဳးအတြက္ အမ်ားကိုမင့ဲတ့ဲ ဆႏၵျပသူ အနည္းငယ္ဆိုရင္ေတာ့ ေဖ်ာင္းဖ်တန္ေဖ်ာင္းဖ် လစ္လ်ဴ႐ႈတန္ လစ္လ်ဴ႐ႈလိုက္ရမွာပါဘဲ။
.
ေထာက္ခံပြဲက်ေတာ့ တမ်ိဳးႀကီးဘဲ။ ေထာက္ခံပြဲလုပ္ရတယ္ ဆိုကတည္းက သူတို႔ကို မေထာက္ခံသူ မ်ားလို႔မ်ားလား။ မႀကိဳက္သူ မ်ားလို႔လား။ လုပ္ရပ္မွန္ လူႀကိဳက္မ်ားရင္ ေထာက္ခံပြဲ လုပ္စရာမွ မလိုတာလဲေလ။ လက္႐ွိေအာင္ျမင္ေနတ့ဲသူ အဖြဲ႔အစည္း ပါတီေတြ တခုမွ ေထာက္ခံပြဲလုပ္တာ မေတြ႔ဘူးဘူး။ ေထာက္ခံပြဲ လုပ္ရတယ္ဆိုကတည္းက တခုခုေတာ့ လြဲေနၿပီ ထင္တာဘဲဗ်ာ။
.
ေထာက္ခံပြဲေတြကို မဆလေခတ္မွာ မေတြ႔ခ့ဲရဘူး။ ၈၈ေနာက္ပိုင္း စစ္အစိုးရေခတ္က်မွ သူတို႔လုပ္ရပ္ေထာက္ခံပြဲေတြ လုပ္ခိုင္းလာတာ သတိထားမိတယ္။ လူေတြက မႀကိဳက္လို႔ တကယ္မေထာက္ခံေတာ့ ေခ်ာ့ခ်ီေျခာက္ခ်ီနဲ႔ ပြဲျဖစ္ေအာင္ လုပ္ခဲ့ၾကရတယ္။ ေငြေပး၊ ထမင္းထုပ္ေပး။ မတက္ရင္ ဖမ္းမယ္ေျခာက္၊ ပြဲမျဖစ္ျဖစ္ေအာင္ ေထာက္ခံပြဲႀကီးလုပ္ျပ။ ေနာက္ေန႔ သတင္းစာထဲထည့္။ ဘယ္သူယံုေအာင္လို႔ ဒီလိုလုပ္ျပၾကသလဲ ဥာဏ္မမွီပါဘူးဗ်ာ။ စစ္အစိုးရရဲ႕ ေနာက္ဆက္တြဲေတြက ဒီေန႔အထိ ဒီအခ်ိဳးမ်ိဳး ခ်ိဳးတံုး။ ေငြေပးတာ နည္းလို႔လားမသိ။ လူေတာ့ အမ်ားႀကီး ေလ်ာ့သြား႐ွာတယ္။
.
ေထာက္ခံတာကို ပြဲလုပ္စရာ စီတန္းလွည့္လည္စရာမလိုဘဲ လုပ္ျပတာကို ဘယ္လိုဥပမာနဲ႔ ေရးရမလဲ စဥ္းစားေနတံုး ပြဲႀကီးကို တန္းတိုးတာပါဘဲဗ်ာ။ ထမင္းထုပ္ကမ္းစရာမလို၊ မိမိထမင္းမိမိစားၿပီး ကူမယ္ဆိုတာကို ထမင္းထုပ္ကမ္းသူအမ်ားႀကီး။ ပိုက္ဆံေပးစရာမလိုတ့ဲအျပင္ ကိုယ့္တာဝန္ကိုယ္ယူၿပီး ေဗာ္လန္တီယာလုပ္လိုသူေတြ အမ်ားႀကီး။ ေဗာ္လန္တီယာေတြကို အီးပါ႐ွဴးေပါက္ထိ ကူပါရေစဆိုတ့ဲသူေတြ အမ်ားႀကီး။ လိုင္းကားပိုင္႐ွင္ေတြ ဂဂ်ီဂေဂ်ာင္လုပ္ရင္ မိမိကိုယ္ပိုင္ကားနဲ႔ ကူမ့ဲသူေတြ အမ်ားႀကီး။ ခရီးသည္ေတြ အဆင္ေျပေစဖို႔ ဖုန္းနဲ႔သံုးဖို႔ app ေတြ ေျမပံုေတြထုတ္ေပးသူေတြ အမ်ားႀကီး။ အဆင္မေျပမႈေတြကို သည္းခံၿပီး ဘယ္လိုအဆင္မေျပေၾကာင္း၊ ဘယ္လိုျပင္ေစခ်င္ေၾကာင္း ေစတနာနဲ႔ သတင္းပို႔သူေတြ အမ်ားႀကီး။ ေနာက္ဆံုး ေဖ့ဘုတ္ေပၚမွာ သည္းခံၾကပါ၊ စိတ္႐ွည္ၾကပါ၊ တပတ္အတြင္း အဆင္ေျပသြားမွာပါလို႔ ႏွစ္သိမ့္တ့ဲသူေတြ အမ်ားႀကီး။ ဒီအမ်ားႀကီးေတြဟာ ဘယ္သူမွ ၿခိမ္းေျခာက္လို႔မဟုတ္ဘဲ ျပည္သူေကာင္းဖို႔ လုပ္တ့ဲ စံနစ္သစ္တခုကို ေထာက္ခံေနတ့ဲသူေတြ မဟုတ္ပါလားခင္ဗ်ား။
.
ဟိုးအရင္က ေထာက္ခံပြဲ လုပ္ခ့ဲသူေတြ၊ ေလာေလာဆယ္ ေထာက္ခံပြဲလုပ္ေနသူေတြ၊ ေနာက္ေနာင္ ေထာက္ခံပြဲလုပ္ဖို႔ စဥ္းစားေနသူေတြ ေထာက္ခံတယ္ဆိုတာ ပြဲလုပ္စရာမလိုဘူးလို႔ သိရင္ ေၾကနပ္ပါၿပီ။ ။

16 January 2017

ရန်ကုန် ဘတ်စ်ကားခေတ်သစ်

(Unicode version)

  တကယ်တော့ မထသဖျက်တယ်ဆိုတာ ဘတ်စကားလိုင်းတွေ ဖျက်တာမဟုတ်ပါဘူး။

.

မဟုတ်တမ်းတရားတွေလုပ်နေတ့ဲ management body ကိုဘဲ ဖျက်တာပါ။ ပိုက်ဆံတွေကောက်ပြီး ဘုံးတယ်။ ပိုက်ဆံပေးထားရင် ဘာလုပ်လုပ်ရတယ်။ ကားစုတ်လဲရတယ်။ ကားခပိုတောင်းလဲ ရတယ်။ နောက်ဆုံး လမ်းပေါ်ဗိုလ်ကျတ့ဲအထိ ခွင့်ပြုနေတယ်။ သွားတိုင်ရင် မသိချင်ယောင်ဆောင်ပေးတ့ဲ အုပ်ချုပ်သူအပျက်တွေကို ဖယ်ပစ်တာပါ။

တကယ်အလုပ်လုပ်ရတ့ဲ ကားမောင်းသူ စပယ်ယာ ကားပိုင်ရှင်တွေကတော့ အများအားဖြင့် အလုပ်ဆက်လုပ်လို့ ရမှာပါ။ ကားစုတ်တွေလည်း တဖြေးဖြေးလဲသွားမယ် ထင်ပါတယ်။

.

ဘာပြောပြော ရန်ကုန်ဘတ်စကားသမိုင်း မနက်ဖန် အသစ်စပြီဗျို့။

XxXxXx

(Zawgyi version)

  တကယ္ေတာ့ မထသဖ်က္တယ္ဆိုတာ ဘတ္စကားလိုင္းေတြ ဖ်က္တာမဟုတ္ပါဘူး။
.
မဟုတ္တမ္းတရားေတြလုပ္ေနတ့ဲ management body ကိုဘဲ ဖ်က္တာပါ။ ပိုက္ဆံေတြေကာက္ၿပီး ဘံုးတယ္။ ပိုက္ဆံေပးထားရင္ ဘာလုပ္လုပ္ရတယ္။ ကားစုတ္လဲရတယ္။ ကားခပိုေတာင္းလဲ ရတယ္။ ေနာက္ဆံုး လမ္းေပၚဗိုလ္က်တ့ဲအထိ ခြင့္ျပဳေနတယ္။ သြားတိုင္ရင္ မသိခ်င္ေယာင္ေဆာင္ေပးတ့ဲ အုပ္ခ်ဳပ္သူအပ်က္ေတြကို ဖယ္ပစ္တာပါ။
တကယ္အလုပ္လုပ္ရတ့ဲ ကားေမာင္းသူ စပယ္ယာ ကားပိုင္႐ွင္ေတြကေတာ့ အမ်ားအားျဖင့္ အလုပ္ဆက္လုပ္လို႔ ရမွာပါ။ ကားစုတ္ေတြလည္း တေျဖးေျဖးလဲသြားမယ္ ထင္ပါတယ္။
.
ဘာေျပာေျပာ ရန္ကုန္ဘတ္စကားသမိုင္း မနက္ဖန္ အသစ္စၿပီဗ်ိဳ႕။

15 January 2017

NLD အစိုးရနဲ့ ကျောင်းသားလူငယ်

(Unicode version )

  ပြည်သူက ရွေးချယ်တ့ဲအစိုးရနဲ့ စစ်အစိုးရ၊ သူတို့ယူနီဖောင်းချိန်းတ့ဲ ဦးသိန်းစိန်အစိုးရ ကွာတာတွေ အများကြီးထဲက တချက်ကို ပြောပြချင်ပါတယ်။

.

လူငယ်တွေကို ယုံယုံကြည်ကြည် တာဝန်ပေးသုံးလာခြင်းပါဘဲ။ တနင်္လာနေ့မှာ စမ့ဲ ရန်ကုန်ဘတ်စကား ခေတ်သစ်မှာ လုပ်အားပေးဖို့ ဗော်လန်တီယာခေါ်လိုက်တော့ လူငယ်တွေ အများကြီးထွက်လာပါတယ်။ ကွီးဖြိုးကလဲ လူငယ်တွေကို တန်းတူခေါ်တွေ့ပြီး တာဝန်ပေးပါတယ်။ အရင်ခေတ်ကလို ငွေသုံးထောင်လဲ မပေးရ၊ ထမင်းထုပ်လဲ ကမ်းစရာမလို၊ ကြိုပို့ဖို့ ကားပေးမ့ဲသူတွေ တပုံတပင်နဲ့ လူငယ်တွေ ကူညီလုပ်အားပေးကြပါတော့မယ်။

.

ဒီလိုမြင်ကွင်းမျိုး ၁၉၈၈နောက်ပိုင်း မတွေ့ရတော့ပါဘူး။ အဲဒီနောက်ပိုင်း အစိုးရအဆက်ဆက်ဟာ လူငယ်ကျောင်းသားတွေကို ရန်သူလို့ သဘောထားခဲ့ကြတာပါ။ လူအင်အားလိုတော့ ရပ်ကွက်ထဲ ဈေးထဲက လူမိုက်ကြီးငယ်တွေကို အခွင့်အရေးနဲ့ ပိုက်ဆံပေးပြီး ခေါ်ခိုင်းခ့ဲပါတယ်။ လက်ပတ်နီနဲ့ ပြည်သူ့စွမ်းအားရှင်တွေလေ။ နှိုင်းယှဉ်စရာ မသင့်လောက်အောင်ကို ကွာခြားသွားပါပြီ။

.

နောက်ပိုင်း လူထုအကျိုးအတွက် လုပ်ငန်းတွေပေါ်လာရင် လူငယ်တွေကို ယုံယုံကြည်ကြည် ခေါ်တာဝန်ပေးစေချင်ပါတယ်။ အထူးသဖြင့် အထက်တန်းကျောင်းနဲ့ တက္ကသိုလ်ကျောင်းသားတွေဟာ စဉ်းစားဆင်ခြင်နိုင်ပြီဖြစ်တ့ဲ အရွယ်ရောက်ပြီမို့ လုပ်ချင်တ့ဲ ရည်ရွယ်ချက်ကို ရှင်းပြပြီး အကူအညီ တောင်းသင့်ပါတယ်။ ဒါမှ လူငယ်တွေလဲ အများအတွက် လုပ်တာ စိတ်ဝင်စားလာမှာပါ။ ဒီလိုလုပ်တတ်သွားတာဟာ နောင် သူတို့ လူကြီးလုပ်ရတ့ဲအခါ အကျိုးရှိလာမှာပါ။ အတန်းငယ်တွေကလည်း သူတို့ကို အားကျပြီး တာဝန်ယူချင်စိတ်တွေ ပေါ်လာမှာပါ။ ဒီလို အဆင့်ဆင့် တာဝန်ယူတတ်သွားရင် မြန်မာနိုင်ငံ တိုးတက်လာဖို့ သေချာသွားပါပြီ။

.

NLD ခေတ်မှာ လူငယ်တွေ ကျောင်းသားတွေ နေရာမှန် ပြန်ရပါစေ။

XxXxXx

(Zawgyi version )

  ျပည္သူက ေရြးခ်ယ္တ့ဲအစိုးရနဲ႔ စစ္အစိုးရ၊ သူတို႔ယူနီေဖာင္းခ်ိန္းတ့ဲ ဦးသိန္းစိန္အစိုးရ ကြာတာေတြ အမ်ားႀကီးထဲက တခ်က္ကို ေျပာျပခ်င္ပါတယ္။
.
လူငယ္ေတြကို ယံုယံုၾကည္ၾကည္ တာဝန္ေပးသံုးလာျခင္းပါဘဲ။ တနလၤာေန႔မွာ စမ့ဲ ရန္ကုန္ဘတ္စကား ေခတ္သစ္မွာ လုပ္အားေပးဖို႔ ေဗာ္လန္တီယာေခၚလိုက္ေတာ့ လူငယ္ေတြ အမ်ားႀကီးထြက္လာပါတယ္။ ကီြးၿဖိဳးကလဲ လူငယ္ေတြကို တန္းတူေခၚေတြ႔ၿပီး တာဝန္ေပးပါတယ္။ အရင္ေခတ္ကလို ေငြသံုးေထာင္လဲ မေပးရ၊ ထမင္းထုပ္လဲ ကမ္းစရာမလို၊ ႀကိဳပို႔ဖို႔ ကားေပးမ့ဲသူေတြ တပံုတပင္နဲ႔ လူငယ္ေတြ ကူညီလုပ္အားေပးၾကပါေတာ့မယ္။
.
ဒီလိုျမင္ကြင္းမ်ိဳး ၁၉၈၈ေနာက္ပိုင္း မေတြ႔ရေတာ့ပါဘူး။ အဲဒီေနာက္ပိုင္း အစိုးရအဆက္ဆက္ဟာ လူငယ္ေက်ာင္းသားေတြကို ရန္သူလို႔ သေဘာထားခဲ့ၾကတာပါ။ လူအင္အားလိုေတာ့ ရပ္ကြက္ထဲ ေစ်းထဲက လူမိုက္ႀကီးငယ္ေတြကို အခြင့္အေရးနဲ႔ ပိုက္ဆံေပးၿပီး ေခၚခိုင္းခ့ဲပါတယ္။ လက္ပတ္နီနဲ႔ ျပည္သူ႔စြမ္းအား႐ွင္ေတြေလ။ ႏိႈင္းယွဥ္စရာ မသင့္ေလာက္ေအာင္ကို ကြာျခားသြားပါၿပီ။
.
ေနာက္ပိုင္း လူထုအက်ိဳးအတြက္ လုပ္ငန္းေတြေပၚလာရင္ လူငယ္ေတြကို ယံုယံုၾကည္ၾကည္ ေခၚတာဝန္ေပးေစခ်င္ပါတယ္။ အထူးသျဖင့္ အထက္တန္းေက်ာင္းနဲ႔ တကၠသိုလ္ေက်ာင္းသားေတြဟာ စဥ္းစားဆင္ျခင္ႏိုင္ၿပီျဖစ္တ့ဲ အရြယ္ေရာက္ၿပီမို႔ လုပ္ခ်င္တ့ဲ ရည္ရြယ္ခ်က္ကို ႐ွင္းျပၿပီး အကူအညီ ေတာင္းသင့္ပါတယ္။ ဒါမွ လူငယ္ေတြလဲ အမ်ားအတြက္ လုပ္တာ စိတ္ဝင္စားလာမွာပါ။ ဒီလိုလုပ္တတ္သြားတာဟာ ေနာင္ သူတို႔ လူႀကီးလုပ္ရတ့ဲအခါ အက်ိဳး႐ွိလာမွာပါ။ အတန္းငယ္ေတြကလည္း သူတို႔ကို အားက်ၿပီး တာဝန္ယူခ်င္စိတ္ေတြ ေပၚလာမွာပါ။ ဒီလို အဆင့္ဆင့္ တာဝန္ယူတတ္သြားရင္ ျမန္မာႏိုင္ငံ တိုးတက္လာဖို႔ ေသခ်ာသြားပါၿပီ။
.
NLD ေခတ္မွာ လူငယ္ေတြ ေက်ာင္းသားေတြ ေနရာမွန္ ျပန္ရပါေစ။

12 January 2017

ဂုဏ်ပြုထိုက်သူ

(Unicode version)

လှည်းတန်း ရထားဂုံးတဝိုက် ၊ ဗဟိုလမ်းတဝိုက်မှာ အမှိုက်လှည်း သန့်ရှင်းရေးလုပ်နေတ့ဲ သူ့ကို ဖြတ်သွားရင်း သတိထားမိပါတယ်။

.

တခြားသူတွေလို လမ်းပေါ်မှာ ရှင်းရင်ပြီးရောဆိုပြီး အမှိုက်တွေ မြောင်းထဲလှည်းချတာ မဟုတ်ပါ။ (စည်ပင်ဝန်ထမ်း တချို့တောင် အဲ့လိုလုပ်လေ့ ရှိပါတယ်။) သူက အမှိုက်အိပ်ပါ ယူလာလေ့ရှိပြီး တခါတည်း ထည့်သိမ်းသွားတတ်ပါတယ်။

.

သူ ဘယ်သူမှန်း မသိပေမ့ဲ ဂုဏ်ပြုထိုက်တ့ဲသူ တဦးပါဘဲ။

XxXxXx

(Zawgyi version)

လွည္းတန္း ရထားဂံုးတဝိုက္ ၊ ဗဟိုလမ္းတဝိုက္မွာ အမိႈက္လွည္း သန္႔႐ွင္းေရးလုပ္ေနတ့ဲ သူ႔ကို ျဖတ္သြားရင္း သတိထားမိပါတယ္။
.
တျခားသူေတြလို လမ္းေပၚမွာ ႐ွင္းရင္ၿပီးေရာဆိုၿပီး အမိႈက္ေတြ ေျမာင္းထဲလွည္းခ်တာ မဟုတ္ပါ။ (စည္ပင္ဝန္ထမ္း တခ်ိဳ႕ေတာင္ အဲ့လိုလုပ္ေလ့ ႐ွိပါတယ္။) သူက အမိႈက္အိပ္ပါ ယူလာေလ့႐ွိၿပီး တခါတည္း ထည့္သိမ္းသြားတတ္ပါတယ္။
.
သူ ဘယ္သူမွန္း မသိေပမ့ဲ ဂုဏ္ျပဳထိုက္တ့ဲသူ တဦးပါဘဲ။

11 January 2017

ရန်ကုန် ဘတ်စ်ကားစံနစ်သစ်

(Unicode version )

   ၁၆ရက် တနင်္လာနေ့တွင် ရန်ကုန်မြို့ရဲ့ သယ်ယူပို့ဆောင်ရေး တခေတ်ဆန်းတော့မည်။ အကောင်းဘက်ကို ရွေ့မည့်အရွေ့ဟု ထင်ပါသည်။ လောလောဆယ်ကားကျပ်မှု မထသယာဉ်ဝန်ထမ်းများရဲ့ ဆက်ဆံရေးကြောင့် ပြဿနာဖြစ်မှုများကို ရှောင်ရှားနိုင်မည့်အပြင် အနာဂတ် မက်ဂါမြို့တော်အတွက် စံနစ်ကျသော ပို့ဆောင်ရေးစံနစ်ကို အစပျိုးနိုင်မည်ဟု ယုံကြည်မိပါသည်။

.

အရင်ခေတ်က မထသမှ အုပ်ချုပ်သူ စစ်ဗိုလ်များသည် ကားပိုင်ရှင်များနှင့် လက်ဝါးချင်းသာမက တကိုယ်လုံးချင်းရိုက်စားလုပ်၍ ကားလိုင်းများခွင့်ပြုခ့ဲသည်။ ဆီထုတ်ခွင့် ဂက်စ်ထုတ်ခွင့် ကားသွင်းခွင့်များကို မိုနိုပိုလီလုပ်ခဲ့ကြသည်။ ယခုချိန် မထသဖျက်မည်မို့ စာရင်းစစ်စေသောအခါ လိုင်းငါးဆယ်လောက်တွင် ကားမပြေးဘဲ လိုင်းနာမည်သာ ရှိတာ ပေါ်လာခ့ဲသည်။ အခြား ဘာဂွင်တွေ ဖွက်ထားဦးမည်မသိ။

.

စံနစ်တခု စလျှင် အခက်အခဲ ကြုံမှာသေချာပါသည်။ အထစ်အငေါ့တွေ့မှာ သေချာပါသည်။ အချိန်အနည်းငယ်အတွင်း ပြုပြင်သွားမည်ဆိုလျှင် စီမံခန့်ခွဲမှု ကောင်း၍ဖြစ်ပါမည်။ အချိန်တိုအတွင်း လိုအပ်ချက်များကို ဖြည့်ဆီးနိုင်မည်ဟု ထင်မိသည်။ လူအများကြီး သန်းနှင့်ချီပတ်သက်သဖြင့် အဆင်မပြေမှုကတော့ ပေါ်မှာသေချာသည်။ တကယ်တော့ အများသူငှါ ပုံမှန်ချိန်တွင်ပင် အလုပ်ရှုပ်လေ့ရှိသည့် တနင်္လာနေ့မျိုးတွင် မစဘဲ စနေနေ့တရက်တွင် စလျှင် ဖြေရှင်းရတာ ပိုသက်သာမည်ဟု ထင်မိပါသည်။

.

လောလောဆယ် လူတွေစိုးရိမ်တာ သုံးချက်ရှိသည်။ ပထမတချက်က စီးရမည့်ယာဉ်လိုင်း နံပတ်များ မသိဖြစ်နေခြင်းပါ။ ဒါကလဲ မြေပုံများနှင့် ယာဉ်လိုင်းနံပတ်များ ထုတ်ပြန်ပေးနေသည်။ ဖေ့ဘုတ်ပေါ်တွင်တော့ မျိုးစုံပေါ့။ အစပိုင်းရက်များတွင် ဗော်လန်တီယာများဖြင့်ကူညီဖို့လဲ စီစဉ်နေတာ ကြားရပါသည်။ ဤပြဿနာသည် တပတ်အတွင်း မှတ်မိ၍ ပြေလည်သွားနိုင်သည်။

.

ဒုတိယပြဿနာမှာ ကားပြောင်းစီးရမည့် ပြဿနာ။ ယခုလက်ရှိတွင် ယာဉ်လိုင်းများကို ကွေ့ကောက်၍ပြေးခွင့်ပြုထားသဖြင့် ခရီးသည်များ ကားပြောင်းစရာ မလိုသော်လည်း စံနစ်သစ်တွင်ပြောင်းရမည်။ လမ်းလျောက်ရမှာပျင်းသူရှိသလို တချို့နေရာများတွင် တော်တော်ဝေးဝေးလျောက်ရမည်။ ဥပမာအနေဖြင့် လှည်းတန်းလမ်းမမှ ပြည်လမ်းသို့ ကားပြောင်းရမည့်သူသည် လှည်းတန်းဈေးရှေ့မှ မာလာဆောင်မှတ်တိုင်အထိ လျောက်ရမည်။ အင်းစိန်လမ်းကူးဖို့ ဂုံးကျော်တံတားလဲ ဖြတ်ရမည်ဖြစ်ရာ တော်တော်လှမ်းနေသည်။ နောက်ပိုင်း စဉ်းစားသင့်သည့်အချက် ဖြစ်လာပါလိမ့်မည်။

.

တတိယ ပြဿနာမှာ ကားအဆင့်ဆင့်စီးရ၍ ကားခပိုကုန်ခြင်းဖြစ်သည်။ အရင်က ကြည့်မြင်တိုင်မှ ကမ်ဘာအေးဘုရားသို့ သွားမည့်သူသည် တဆင့်တည်း ငွေနှစ်ရာကျပ်နှင့်ရောက်သည်။ ယခုအခါ သုံးဆင့်ပြောင်းရပါက ငွေခြောက်ရာကျပ် ကုန်ရတော့မည်။ အနည်းဆုံး နှစ်ဆင့်စီးလှျှင်ပင် လေးရာကုန်တော့မည်။ နောက်ပိုင်း ကဒ်သုံးနိုင်၍ ဇုန်စံနစ်ဖြင့် ကားခကောက်မှသာ သက်သာနိုင်မည် ထင်သည်။

.

တခြားလိုအပ်ချက်များလည်း ပေါ်လာနိုင်ပါသည်။ ယာဉ်ကြောကြပ်မှုကြောင့် အချိန်သက်သာသွားနိုင်သဖြင့် စမ်းသတ်ပြောင်းချိန်တွင် သည်းညည်းခံပေးဖို့ လိုပါသည်။ ၈၈နောက်ပိုင်း ရန်ကုန်တွင် ကားလိုင်းသစ်တွေပြောင်းကာစကလည်း အခက်အခဲကြုံခ့ဲသော်လည်း အခုအသားကျနေကြပါပြီ။ ယခုပြောင်းလိုက်သော စံနစ်ကိုလည်း ရက်ပိုင်းအတွင်း အသားကျသွာမည်ဟု ထင်မိပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာလူမျိုးတို့ရဲ့ သည်းခံစိတ်နှင့် အကင်းပါးမှုကြောင့်ဟု ထင်မိပါကြောင်း။ ။

XxXxXx

(Zawgyi version )

   ၁၆ရက္ တနလၤာေန႔တြင္ ရန္ကုန္ၿမိဳ႕ရဲ႕ သယ္ယူပို႔ေဆာင္ေရး တေခတ္ဆန္းေတာ့မည္။ အေကာင္းဘက္ကို ေရြ႔မည့္အေရြ႔ဟု ထင္ပါသည္။ ေလာေလာဆယ္ကားက်ပ္မႈ မထသယာဥ္ဝန္ထမ္းမ်ားရဲ႕ ဆက္ဆံေရးေၾကာင့္ ျပႆနာျဖစ္မႈမ်ားကို ေ႐ွာင္႐ွားႏိုင္မည့္အျပင္ အနာဂတ္ မက္ဂါၿမိဳ႕ေတာ္အတြက္ စံနစ္က်ေသာ ပို႔ေဆာင္ေရးစံနစ္ကို အစပ်ိဳးႏိုင္မည္ဟု ယံုၾကည္မိပါသည္။
.
အရင္ေခတ္က မထသမွ အုပ္ခ်ဳပ္သူ စစ္ဗိုလ္မ်ားသည္ ကားပိုင္႐ွင္မ်ားႏွင့္ လက္ဝါးခ်င္းသာမက တကိုယ္လံုးခ်င္း႐ိုက္စားလုပ္၍ ကားလိုင္းမ်ားခြင့္ျပဳခ့ဲသည္။ ဆီထုတ္ခြင့္ ဂက္စ္ထုတ္ခြင့္ ကားသြင္းခြင့္မ်ားကို မိုႏိုပိုလီလုပ္ခဲ့ၾကသည္။ ယခုခ်ိန္ မထသဖ်က္မည္မို႔ စာရင္းစစ္ေစေသာအခါ လိုင္းငါးဆယ္ေလာက္တြင္ ကားမေျပးဘဲ လိုင္းနာမည္သာ ႐ွိတာ ေပၚလာခ့ဲသည္။ အျခား ဘာဂြင္ေတြ ဖြက္ထားဦးမည္မသိ။
.
စံနစ္တခု စလွ်င္ အခက္အခဲ ၾကံဳမွာေသခ်ာပါသည္။ အထစ္အေငါ့ေတြ႔မွာ ေသခ်ာပါသည္။ အခ်ိန္အနည္းငယ္အတြင္း ျပဳျပင္သြားမည္ဆိုလွ်င္ စီမံခန္႔ခြဲမႈ ေကာင္း၍ျဖစ္ပါမည္။ အခ်ိန္တိုအတြင္း လိုအပ္ခ်က္မ်ားကို ျဖည့္ဆီးႏိုင္မည္ဟု ထင္မိသည္။ လူအမ်ားႀကီး သန္းႏွင့္ခ်ီပတ္သက္သျဖင့္ အဆင္မေျပမႈကေတာ့ ေပၚမွာေသခ်ာသည္။ တကယ္ေတာ့ အမ်ားသူငွါ ပံုမွန္ခ်ိန္တြင္ပင္ အလုပ္႐ႈပ္ေလ့႐ွိသည့္ တနလၤာေန႔မ်ိဳးတြင္ မစဘဲ စေနေန႔တရက္တြင္ စလွ်င္ ေျဖ႐ွင္းရတာ ပိုသက္သာမည္ဟု ထင္မိပါသည္။
.
ေလာေလာဆယ္ လူေတြစိုးရိမ္တာ သံုးခ်က္႐ွိသည္။ ပထမတခ်က္က စီးရမည့္ယာဥ္လိုင္း နံပတ္မ်ား မသိျဖစ္ေနျခင္းပါ။ ဒါကလဲ ေျမပံုမ်ားႏွင့္ ယာဥ္လိုင္းနံပတ္မ်ား ထုတ္ျပန္ေပးေနသည္။ ေဖ့ဘုတ္ေပၚတြင္ေတာ့ မ်ိဳးစံုေပါ့။ အစပိုင္းရက္မ်ားတြင္ ေဗာ္လန္တီယာမ်ားျဖင့္ကူညီဖို႔လဲ စီစဥ္ေနတာ ၾကားရပါသည္။ ဤျပႆနာသည္ တပတ္အတြင္း မွတ္မိ၍ ေျပလည္သြားႏိုင္သည္။
.
ဒုတိယျပႆနာမွာ ကားေျပာင္းစီးရမည့္ ျပႆနာ။ ယခုလက္႐ွိတြင္ ယာဥ္လိုင္းမ်ားကို ေကြ႔ေကာက္၍ေျပးခြင့္ျပဳထားသျဖင့္ ခရီးသည္မ်ား ကားေျပာင္းစရာ မလိုေသာ္လည္း စံနစ္သစ္တြင္ေျပာင္းရမည္။ လမ္းေလ်ာက္ရမွာပ်င္းသူ႐ွိသလို တခ်ိဳ႕ေနရာမ်ားတြင္ ေတာ္ေတာ္ေဝးေဝးေလ်ာက္ရမည္။ ဥပမာအေနျဖင့္ လွည္းတန္းလမ္းမမွ ျပည္လမ္းသို႔ ကားေျပာင္းရမည့္သူသည္ လွည္းတန္းေစ်းေ႐ွ႕မွ မာလာေဆာင္မွတ္တိုင္အထိ ေလ်ာက္ရမည္။ အင္းစိန္လမ္းကူးဖို႔ ဂံုးေက်ာ္တံတားလဲ ျဖတ္ရမည္ျဖစ္ရာ ေတာ္ေတာ္လွမ္းေနသည္။ ေနာက္ပိုင္း စဥ္းစားသင့္သည့္အခ်က္ ျဖစ္လာပါလိမ့္မည္။
.
တတိယ ျပႆနာမွာ ကားအဆင့္ဆင့္စီးရ၍ ကားခပိုကုန္ျခင္းျဖစ္သည္။ အရင္က ၾကည့္ျမင္တိုင္မွ ကမ႓ာေအးဘုရားသို႔ သြားမည့္သူသည္ တဆင့္တည္း ေငြႏွစ္ရာက်ပ္ႏွင့္ေရာက္သည္။ ယခုအခါ သံုးဆင့္ေျပာင္းရပါက ေငြေျခာက္ရာက်ပ္ ကုန္ရေတာ့မည္။ အနည္းဆံုး ႏွစ္ဆင့္စီးလွွ်င္ပင္ ေလးရာကုန္ေတာ့မည္။ ေနာက္ပိုင္း ကဒ္သံုးႏိုင္၍ ဇုန္စံနစ္ျဖင့္ ကားခေကာက္မွသာ သက္သာႏိုင္မည္ ထင္သည္။
.
တျခားလိုအပ္ခ်က္မ်ားလည္း ေပၚလာႏိုင္ပါသည္။ ယာဥ္ေၾကာၾကပ္မႈေၾကာင့္ အခ်ိန္သက္သာသြားႏိုင္သျဖင့္ စမ္းသတ္ေျပာင္းခ်ိန္တြင္ သည္းညည္းခံေပးဖို႔ လိုပါသည္။ ၈၈ေနာက္ပိုင္း ရန္ကုန္တြင္ ကားလိုင္းသစ္ေတြေျပာင္းကာစကလည္း အခက္အခဲၾကံဳခ့ဲေသာ္လည္း အခုအသားက်ေနၾကပါၿပီ။ ယခုေျပာင္းလိုက္ေသာ စံနစ္ကိုလည္း ရက္ပိုင္းအတြင္း အသားက်သြာမည္ဟု ထင္မိပါသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ျမန္မာလူမ်ိဳးတို႔ရဲ႕ သည္းခံစိတ္ႏွင့္ အကင္းပါးမႈေၾကာင့္ဟု ထင္မိပါေၾကာင္း။ ။

04 January 2017

လွတ်လပ်ရေးနေ့ တံဆိပ်ခေါင်း









(Unicode version)


၂၀၁၇လွတ်လပ်ရေးနေ့ အထူးထုတ်တံဆိပ်ခေါင်းပါ။

တရာတန် တမျိုးဘဲထုတ်ပါတယ်။

ကွာလတီ အတော်ညံ့ပါတယ်။



XxXxXx

(Zawgyi version)

၂၀၁၇လြတ္လပ္ေရးေန႔  အထူးထုတ္တံဆိပ္ေခါင္းပါ။
တရာတန္ တမ်ိဳးဘဲထုတ္ပါတယ္။
ကြာလတီ အေတာ္ညံ့ပါတယ္။

03 January 2017

အဝေးပြေးလမ်း အသုံးပြုခ

(Unicode version )

   မြန်မာပြည်တလွှား အဝေးပြေးလမ်းက ပိုက်ဆံကောက်တ့ဲ တိုးဂိတ်တွေအကြောင်း ရေးကြတာ များပါပြီ။ ကောင်းတာနည်းပြီး မကောင်းတာများပါတယ်။

.

အဝေးပြေးလမ်းတွေကို သူများနိုင်ငံတွေမှာ အစိုးရက ပိုက်ဆံမထုတ်ရပါဘူးတ့ဲ။ ဆောက်ခွင့်ရတ့ဲကုမ္ပဏီက ဘဏ်မှာ ငွေချေးခွင့်ရပြီး ဆောက်တယ်။ ပြီးတော့မှ စာချုပ်ထဲမှာပါတ့ဲအတိုင်း လမ်းသုံးခ ကောက်တယ်။ ဘဏ်တိုးပြန်ဆပ်တယ်။ အစိုးရရော ကုမ္ပဏီရော လမ်းသုံးရတ့ဲ ပြည်သူတွေရော သုံးဦးသုံးဖလှယ် အကျိုးရှိတ့ဲ လုပ်ငန်းပါဘဲ။ ဘဏ်တွေပါ အတိုးရတော့ အလုပ်ဖြစ်သေး။

.

ဒီမှာတော့ အစိုးရကဖောက်ပေးရတယ်။ ဖောက်ပြီးသားလမ်းကို အသုံးပြုခ ကောက်ခွင့်ပေးလိုက်တာပါဘဲ။ ကုမ္ပဏီက ပြုပြင်ထိမ်းသိမ်းပေးရုံဘဲ။ အသစ်ဖောက်စရာမလိုတော့ တော်တော်သက်သာမှာပါဘဲ။ အသုံးပြုခကိုတော့ ဘယ်လိုညှိကောက်ကြတယ် မသိဘူး။ ခရိုနီကုမ္ပဏီတွေဘဲ ကောက်ခွင့်ရကြတယ်။ ဘာနဲ့တူသလဲဆိုတော့ ဘုရားမှာ အလှူခံလေလံပစ်သလို ထင်မိတယ်။ အစိုးရက၊ ဆောက်လုပ်ရေးက တိုက်ရိုက်ကောက်လို့ မဖြစ်ဘူးလား မသိပါဘူး။ အစိုးရက ဆောက်ပေးထားတ့ဲဟာကို။ အေးလေ၊ သူတို့ဝန်ထမ်းတွေ ကောက်ရင် ပိုနည်းသွားတ့ဲ အတွေ့အကြုံရှိလို့ဘဲ ဖြစ်မှာပါ။

.

ဒီတော့ ကုမ္ပဏီတွေ ကောက်ဖို့ လမ်းမိုင်အလိုက် သတ်မှတ်ပေးလိုက်တယ်။ မိုင်အလိုက် တိုးဂိတ်တွေကိုဖြတ်ရင် သတ်မှတ်ခပေးရတယ်။ အဓိက အကြံပြုချင်တာက သတ်မှတ်ခပါ။ မိုင်အလိုက် အတိအကျသတ်မှတ်လိုက်တော့ ပိုက်ဆံအစွန်းထွက်တွေ ထွက်လာတယ်။ ဥပမာ လှည်းကူးကိုသွားဖို့ ထောက်ကြ့ံတိုးဂိတ်ကိုဖြတ်ရင် ၁၆၄ကျပ်ကျတယ်။ နှစ်ရာပေးလိုက်ရင် ဘယ်တော့မှ ပြန်မအမ်းပါဘူး။ တနေ့တနေ့ ကားထောင်ချီ အသွားအပြန်ရှိတယ်။ အပိုပေးရငွေ သိန်းချီရှိတယ်။ မြန်မာပြည် တပြည်လုံးက ဂိတ်တွေအားလုံးဆို တွက်သာကြည့်လိုက်ပေတော့။ ဒီအပိုငွေအားလုံးက နိုင်ငံတော်ကိုမဝင်ဘဲ စာရင်းအင်းမရှိဘဲ ကန်ထရိုက်တွေ ရသွားတာပါ။

.

သူတို့ကလည်း မဟုတ်တာ လုပ်တာမဟုတ်ပါ။ ငွေအကြွေ အတိအကျယူလာရင် လက်ခံမှာပါဘဲ။ ကားအများကြီးကိုတော့ ဘယ်ပြန်အမ်းနိုင်မှာလည်း။ ဒီတော့ စံနစ်လေး ပြင်သင့်တယ်ထင်လို့ပါ။ နောက်နှစ် ကန်ထရိုက်မပေးခင် အသုံးပြုခ တွက်ပါ။ ခုဏလို ၁၆၄ကျပ်ကျရင် တရားဝင် ၂၀၀ကျပ် သတ်မှတ်ပါ။ အစွန်းထွက်တွေ မသတ်မှတ်ပါနဲ့။ အစွန်းထွက် ၅၀အောက်ရောက်ရင် ရာပြည့်ကျပ် သတ်မှတ်နိုင်ရင် သတ်မှတ်ပါ။ ဒီလိုသတ်မှတ်ရင် ဘာထူးမလဲဆိုတော့ ပေးရတ့ဲသူကတော့ ပုံမှန်ဘဲ ပေးရမှာပါဘဲ။ အစွန်းထွက်တွေ နိုင်ငံတော်ကိုဝင်တော့ ပညာရေး ကျန်းမာရေးတွေမှာ ပိုသုံးနိုင်တာပေါ့။ ခရိုနီကြီးတွေလည်း လမ်းမဖောက်ရဘဲ ငွေကောက်ရုံဆိုတော့ သိပ်နစ်နာစရာ မမြင်ကြောင်းပါခင်ဗျ။

XxXxXx

(Zawgyi version )

   ျမန္မာျပည္တလႊား အေဝးေျပးလမ္းက ပိုက္ဆံေကာက္တ့ဲ တိုးဂိတ္ေတြအေၾကာင္း ေရးၾကတာ မ်ားပါၿပီ။ ေကာင္းတာနည္းၿပီး မေကာင္းတာမ်ားပါတယ္။
.
အေဝးေျပးလမ္းေတြကို သူမ်ားႏိုင္ငံေတြမွာ အစိုးရက ပိုက္ဆံမထုတ္ရပါဘူးတ့ဲ။ ေဆာက္ခြင့္ရတ့ဲကုမၸဏီက ဘဏ္မွာ ေငြေခ်းခြင့္ရၿပီး ေဆာက္တယ္။ ၿပီးေတာ့မွ စာခ်ဳပ္ထဲမွာပါတ့ဲအတိုင္း လမ္းသံုးခ ေကာက္တယ္။ ဘဏ္တိုးျပန္ဆပ္တယ္။ အစိုးရေရာ ကုမၸဏီေရာ လမ္းသံုးရတ့ဲ ျပည္သူေတြေရာ သံုးဦးသံုးဖလွယ္ အက်ိဳး႐ွိတ့ဲ လုပ္ငန္းပါဘဲ။ ဘဏ္ေတြပါ အတိုးရေတာ့ အလုပ္ျဖစ္ေသး။
.
ဒီမွာေတာ့ အစိုးရကေဖာက္ေပးရတယ္။ ေဖာက္ၿပီးသားလမ္းကို အသံုးျပဳခ ေကာက္ခြင့္ေပးလိုက္တာပါဘဲ။ ကုမၸဏီက ျပဳျပင္ထိမ္းသိမ္းေပးရံုဘဲ။ အသစ္ေဖာက္စရာမလိုေတာ့ ေတာ္ေတာ္သက္သာမွာပါဘဲ။ အသံုးျပဳခကိုေတာ့ ဘယ္လိုညႇိေကာက္ၾကတယ္ မသိဘူး။ ခ႐ိုနီကုမၸဏီေတြဘဲ ေကာက္ခြင့္ရၾကတယ္။ ဘာနဲ႔တူသလဲဆိုေတာ့ ဘုရားမွာ အလႉခံေလလံပစ္သလို ထင္မိတယ္။ အစိုးရက၊ ေဆာက္လုပ္ေရးက တိုက္႐ိုက္ေကာက္လို႔ မျဖစ္ဘူးလား မသိပါဘူး။ အစိုးရက ေဆာက္ေပးထားတ့ဲဟာကို။ ေအးေလ၊ သူတို႔ဝန္ထမ္းေတြ ေကာက္ရင္ ပိုနည္းသြားတ့ဲ အေတြ႔အၾကံဳ႐ွိလို႔ဘဲ ျဖစ္မွာပါ။
.
ဒီေတာ့ ကုမၸဏီေတြ ေကာက္ဖို႔ လမ္းမိုင္အလိုက္ သတ္မွတ္ေပးလိုက္တယ္။ မိုင္အလိုက္ တိုးဂိတ္ေတြကိုျဖတ္ရင္ သတ္မွတ္ခေပးရတယ္။ အဓိက အၾကံျပဳခ်င္တာက သတ္မွတ္ခပါ။ မိုင္အလိုက္ အတိအက်သတ္မွတ္လိုက္ေတာ့ ပိုက္ဆံအစြန္းထြက္ေတြ ထြက္လာတယ္။ ဥပမာ လွည္းကူးကိုသြားဖို႔ ေထာက္ၾက့ံတိုးဂိတ္ကိုျဖတ္ရင္ ၁၆၄က်ပ္က်တယ္။ ႏွစ္ရာေပးလိုက္ရင္ ဘယ္ေတာ့မွ ျပန္မအမ္းပါဘူး။ တေန႔တေန႔ ကားေထာင္ခ်ီ အသြားအျပန္႐ွိတယ္။ အပိုေပးရေငြ သိန္းခ်ီ႐ွိတယ္။ ျမန္မာျပည္ တျပည္လံုးက ဂိတ္ေတြအားလံုးဆို တြက္သာၾကည့္လိုက္ေပေတာ့။ ဒီအပိုေငြအားလံုးက ႏိုင္ငံေတာ္ကိုမဝင္ဘဲ စာရင္းအင္းမ႐ွိဘဲ ကန္ထ႐ိုက္ေတြ ရသြားတာပါ။
.
သူတို႔ကလည္း မဟုတ္တာ လုပ္တာမဟုတ္ပါ။ ေငြအေႂကြ အတိအက်ယူလာရင္ လက္ခံမွာပါဘဲ။ ကားအမ်ားႀကီးကိုေတာ့ ဘယ္ျပန္အမ္းႏိုင္မွာလည္း။ ဒီေတာ့ စံနစ္ေလး ျပင္သင့္တယ္ထင္လို႔ပါ။ ေနာက္ႏွစ္ ကန္ထ႐ိုက္မေပးခင္ အသံုးျပဳခ တြက္ပါ။ ခုဏလို ၁၆၄က်ပ္က်ရင္ တရားဝင္ ၂၀၀က်ပ္ သတ္မွတ္ပါ။ အစြန္းထြက္ေတြ မသတ္မွတ္ပါနဲ႔။ အစြန္းထြက္ ၅၀ေအာက္ေရာက္ရင္ ရာျပည့္က်ပ္ သတ္မွတ္ႏိုင္ရင္ သတ္မွတ္ပါ။ ဒီလိုသတ္မွတ္ရင္ ဘာထူးမလဲဆိုေတာ့ ေပးရတ့ဲသူကေတာ့ ပံုမွန္ဘဲ ေပးရမွာပါဘဲ။ အစြန္းထြက္ေတြ ႏိုင္ငံေတာ္ကိုဝင္ေတာ့ ပညာေရး က်န္းမာေရးေတြမွာ ပိုသံုးႏိုင္တာေပါ့။ ခ႐ိုနီႀကီးေတြလည္း လမ္းမေဖာက္ရဘဲ ေငြေကာက္ရံုဆိုေတာ့ သိပ္နစ္နာစရာ မျမင္ေၾကာင္းပါခင္ဗ်။