05 October 2016

သဘောရိုး ပါ။

   
 




(Unicode version)


      တရားစီရင်ရေးမှာ တရားသူကြီးတွေ ချမှတ်လိုက်တ့ဲ အမိန့်တခုနဲ့ ပတ်သက်ပြီး မကြေနပ်ရင် အယူခံဝင်လို့ဘဲ ရပါတယ်။ ပြန်လှန် အရေးယူလို့ မရပါဘူး။ ခု ခေတ်စားနေတ့ဲ စကားလုံးနဲ့သုံးရရင် သဘောရိုးနဲ့ ဆောင်ရွက်တယ်ပေါ့။ ဒီလိုဘဲ အုပ်ချုပ်သူဝန်ထမ်းတွေ ထုတ်လိုက်တ့ဲ အမိန့်ကြောင့် နစ်နာတာတွေရှိရင်လဲ သဘောရိုးနဲ့ ဆုံးဖြတ်ခ့ဲလို့ရှိရင် ပြန်တရားစွဲခွင့် မရှိလို့ သိရပါတယ်။

.

ပြီးခ့ဲတ့ဲ ရက်ပိုင်းအတွင်းက အင်းဝအပ်ချုပ်ဆိုင်နဲ့ ကလေးငယ်အမှုမှာ လူ့အခွင့်အရေးကော်မရှင်က ဖြန်ဖြေပေးလိုက်တ့ဲ ကိစ္စမှာလည်း ကော်မရှင်လူကြီးတွေရဲ့ ဆုံးဖြတ်မှုဟာ မတရားတ့ဲအကြောင်း ခေါင်းရှိတ့ဲသူတိုင်း သိကြပါတယ်။ လွှတ်တော်အထိတောင်ရောက်ပြီး ဟိုးလေးတကျော်ပါ။ ဒါပေမ့ဲ သဘောရိုးနဲ့ လုပ်ဆောင်တ့ဲအတွက် အရေးယူလို့တော့ မရပါဘူး။ မသကာ ပြုတ်ရုံဆိုတါတောင် ခုထိ ကုတ်ကပ်နေကြတုံးပါ။

.

အုပ်ချုပ်သူဝန်ထမ်းတွေ တရားသူကြီးတွေ လူ့ကော်ကလူကြီးတွေ သဘောရိုးနဲ့ ဆောင်ရွက်မှု ဟုတ်မဟုတ် ဘယ်လိုလုပ် သိနိုင်မလဲ။ သူတို့စိတ်ထဲ ဝင်ကြည့်လို့မှ မရနိုင်တာ။ လာဘ်လာဘ ယူထားပြီး မတရားတ့ဲဘက်က လိုက်တယ်လို့ သက်သေပြမှ အရေးယူနိုင်မ့ဲ သဘောပါဘဲ။ ပေးတ့ဲသူရော ယူတ့ဲသူရော ဘယ်သူမှ အမှန်ပြောမည် မဟုတ်ပါ။

.

ဒီလိုဖြစ်နေရတာဟာ တရားဥပဒေတွေကြောင့်ဆိုရင် ပြင်ဖို့ လိုလာပါပြီ။ ရှိပြီးသားဆိုလဲ ကျင့်သုံးဖို့ လိုနေပါပြီ။ ယာဉ်မောင်းတယောက် မတော်တဆမှုဖြစ်တယ်။ သူချို့ယွင်းချက်ကြောင့် သူ့ပေါ့ဆမှုကြောင့်ဆို သူ့ယာဉ်မောင်းလိုင်စင် ပြန်သိမ်းရမှာပါဘဲ။ အရေးယူမှု ပြုရမှာပါဘဲ။ ဥပဒေဆိုတာ လိုအပ်လာရင် လွှတ်တော်မှာ ဆွေးနွေးပြီး ထုတ်နိုင်တ့ဲခေတ် ရောက်နေပါပြီ။ ဒါမှ တရားဥပဒေစိုးမိုးမှုအောက်ကို တိုင်းသူပြည်သားတွေနဲ့အတူ ဒီလူတွေ ရောက်လာမှာပါ။



ကာတွန်းဆရာကို ခရက်ဒစ်ပေးပါတယ်။



   
XxXxXx


      တရားစီရင္ေရးမြာ တရားသူႀကီးေၾတ ခ္မြတႅိုကၱ့ဲ အမိႏ္႔တခုနဲ႔ ပတ္သက္ၿပီး ေမၾကနပ္ရင္ အယူခံဝငႅို႔ဘဲ ရပါတယ္။ ်ပႏႅြႏ္ ေအရးယူလို႔ မရပါဘူး။ ခု ေခတၥားေနတ့ဲ စကားလံုးနဲ႔သံုးရရင္ ေသဘာ႐ိုးနဲ႔ ေဆာင္ျရကၱယ္ေပါ့။ ဒီလိုဘဲ အုပၡ္ဳပ္သဴဝႏၳမ္းေၾတ ထုတႅိုကၱ့ဲ အမိႏ္႔ေၾကာင့္ နစၷာတာေၾတ႐ြိရငႅဲ ေသဘာ႐ိုးနဲ႔ ဆံုး်ဖတၡ့ဲလို႔႐ြိရင္ ်ပႏၱရားၿစဲျခင့္ မ႐ြိလို႔ သိရပါတယ္။

.

ၿပီးခ့ဲတ့ဲ ရကၸိုင္းအၾတင္းက အင္းဝအပၡ္ဳပ္ဆိုငၷဲ႔ ေကလးငယ္အမႈမြာ လူ႔အျခင့္ေအရးေကာၼ႐ြငၠ ်ဖႏ္ေ်ေဖပးလိုကၱ့ဲ ကိစၥမြာလၫ္း ေကာၼ႐ြငႅဴႀကီးေၾတရဲ႕ ဆံုး်ဖတၼႈဟာ မတရားတ့ဲေအၾကာင္း ေခါင္း႐ြိတ့ဲသူတိုင္း သိၾကပါတယ္။ လႊတ္ေတာ္အထိေတာင္ေရာက္ၿပီး ဟိုးေလးေတက္ာၸါ။ ဒါေပမ့ဲ ေသဘာ႐ိုးနဲ႔ လုပ္ေဆာငၱ့ဲအၾတက္ ေအရးယူလို႔ေတာ့ မရပါဘူး။ မသကာ ်ပဳတ္ရံုဆိုတါေတာင္ ခုထိ ကုတၠပ္ေနၾကတံုးပါ။

.

အုပၡ္ဳပ္သဴဝႏၳမ္းေၾတ တရားသူႀကီးေၾတ လူ႔ေကာၠလူႀကီးေၾတ ေသဘာ႐ိုးနဲ႔ ေဆာင္ျရကၼႈ ဟုတၼဟုတ္ ဘယႅိုလုပ္ သိႏိုငၼလဲ။ သူတို႔စိတၳဲ ဝင္ၾကည့ႅို႔မြ မရႏိုငၱာ။ လာဘႅာဘ ယူထားၿပီး မတရားတ့ဲဘကၠ လိုကၱယႅို႔ သက္ေသ်ပမြ ေအရးယူႏိုငၼ့ဲ ေသဘာပါဘဲ။ ေပးတ့ဲသူေရာ ယူတ့ဲသူေရာ ဘယ္သဴမြ အမြႏ္ေ်ပာမၫ္ မဟုတၸါ။

.

ဒီလို်ဖစ္ေနရတာဟာ တရားဥေပေဒေၾတၾကာင့္ဆိုရင္ ်ပငၹို႔ လိုလာပါၿပီ။ ႐ြိၿပီးသားဆိုလဲ က္င့္သံုးဖို႔ လိုေနပါၿပီ။ ယာၪ္ေမာင္းေတယာက္ ေမတာၱဆမႈ်ဖစၱယ္။ သူခ္ိဳ႕ၾယင္းခ္က္ေၾကာင့္ သူ႔ေပါ့ဆမႈေၾကာင့္ဆို သူ႔ယာၪ္ေမာင္းလိုငၥင္ ်ပႏ္သိမ္းရမြာပါဘဲ။ ေအရးယူမႈ ်ပဳရမြာပါဘဲ။ ဥေပဒဆိုတာ လိုအပႅာရင္ လႊတ္ေတာၼြာ ေၾဆးေႏျးၿပီး ထုတ္ႏိုငၱ့ဲေခတ္ ေရာက္ေနပါၿပီ။ ဒါမြ တရားဥေပဒစိုးမိုးမႈေအာကၠို တိုင္းသူ်ပၫ္သားေၾတနဲ႔အတူ ဒီလူေၾတ ေရာကႅာမြာပါ။



ကာၾတႏ္းဆရာကို ခရကၵစ္ေပးပါတယ္။



     

01 October 2016

ဇွန်သဉ္စာဂိုဏ်းသားများသို့...

 (Unicode version )

        ကျွန်တော်သည် စစ်အစိုးရကို၎င်း၊ စစ်အစိုးရလွှဲပေးသွားသော ဦးသိန်းစိန်အစိုးရကို၎င်း မကြိုက်နှစ်သက်ခ့ဲပါ။ ထို့အတွက် သူတို့မကောင်းကြောင်းများကို ရေးသားခ့ဲသည်။ အလိမ်အညာ အချက်များမပါခ့ဲပါ။ သူတို့ အာဏာကို မတရားယူထားကြောင်း ပြည်သူ့ဘဏ္႑ာများကို အလွဲသုံးစားလုပ်ကြောင်းများသာ ရေးခ့ဲပါသည်။ ကိုယ်မကြိုက်တာ မကြိုက်ကြောင်းရေးပြတာဘဲ ရှိခ့ဲပါသည်။

.

ပြီးခ့ဲသော ရက်ပိုင်းအတွင်းက နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြည်တော်ပြန်ချိန် ကျန်းမာရေး ချို့ယွင်းမှုနှင့် ပတ်သက်၍ ဖွတ်များက မဟုတ်တာတွေ ဝါဒဖြန့်ကြသည်။ သေသွားပြီ၊ လေဖြတ်သွားပြီမှစ၍ မျက်နှာမှ အရေးအကြောင်းဖျောက်ရန် ဆေးထိုးလို့ နေမကောင်းဖြစ်သွားတာအထိ ပါဝင်သည်။ အဆိုးဆုံးမှာ အသက် ခွန်နှစ်ဆယ်ကျော် အမေအိုတယောက်ကို လှချင်လွန်းလို့ တင်တုဝင်တတ်လို့ ဖြစ်ရတာဟု ပေါက်ပန်းသေးပြောကြခြင်း ဖြစ်သည်။

.

   ကြားကြားခြင်း စိတ်တော်တော်ဆိုး၍ ပြန်ဆဲစာ ရေးချင်စိတ် ပေါ်သော်လည်း တခုတွေးမိ၍ စိတ်ဆိုးပြေခ့ဲရသည်။ တဖက်ဂိုဏ်းသားများသည် လူတယောက်၏ အရည်အချင်း၊ တနည်းအားဖြင့် ဦးခေါင်းအတွင်းရှိ ဦးဏှောက် ဉာဏ်ပညာရဲ့တန်ဖိုးကို ယခုတိုင် သဘောပေါက်ခြင်းဝေးလို့ စိတ်ဝင်စားရကောင်းမှန်းပင် သိဟန်မတူကြသေးပါ။ ဒါဆို သူတို့ ဘာကို စိတ်ဝင်စားကြသနည်း။ ရှင်းပါသည်။ သူတို့ပါတီကို မဲပေးဖို့ စည်းရုံးရေးဆင်းခိုင်းသည့် ဇွန်သဉ္စာလိုဟာမျိုးကို စိတ်ဝင်စားနေကြဆဲပါ။ ဒါကြောင့် အသက်ခွန်နှစ်ဆယ်ကျော် အမေအို တင်တု တတ်မတတ် စိတ်ဝင်စားနေကြတာနေမှာ။ ကိုယ်နဲ့နှိုင်း မရိုင်းတ့ဲ။

.

   ဒီကိစ္စ မခံရပ်နိုင်သည့် ဒီမိုများက ပြန်ဆဲကြသောအခါ သူတို့က ပြန်တုံ့ပြန်ကြသေးသည်။ သူတို့ခေါင်းဆောင်ကိုလဲ ဒီမိုတွေက ရှုံ့ချ အပုပ်ချတာဘဲတ့ဲ။ ဇွန်သဉ္စာဂိုဏ်းသားများ သိစေချင်ပါသည်။ ဒီမိုဘက်သားများသည် မဟုတ်တမ်းတရား အပုပ်မချကြပါ။ ခိုး၍ ခိုးသည်၊ မဟုတ်တာလုပ်၍ လုပ်သည်၊ မတရားလုပ်၍ လုပ်သည်ဟုသာ ပြောကြခြင်း ဖြစ်ပါသည်။ တနည်းအားဖြင့် ကျွန်တော်အပါအဝင် ဒီမိုဘက်မှ ရေးသူများသည် ဓမ္မဘက်ကို ထောက်ခံပြီး ရေးကြခြင်း၊ အဓမ္မဘက်ကို အပစ်တင်ရေးကြခြင်းသာဖြစ်၍ ကျေနပ်မိပါကြောင်း။

.

တရားသောဝါဒ အောင်ရမည်။

XxXxXx

(Zawgyi version )

       ကြၽန္ေတာ္သည္ စစ္အစိုးရကို၎၊ စစ္အစိုးရလႊဲေပးသြားေသာ ဦးသိန္းစိန္အစိုးရကို၎ မႀကိဳက္ႏွစ္သက္ခ့ဲပါ။ ထို႔အတြက္ သူတို႔မေကာင္းေၾကာင္းမ်ားကို ေရးသားခ့ဲသည္။ အလိမ္အညာ အခ်က္မ်ားမပါခ့ဲပါ။ သူတို႔ အာဏာကို မတရားယူထားေၾကာင္း ျပည္သူ႔ဘ႑ာမ်ားကို အလြဲသံုးစားလုပ္ေၾကာင္းမ်ားသာ ေရးခ့ဲပါသည္။ ကိုယ္မႀကိဳက္တာ မႀကိဳက္ေၾကာင္းေရးျပတာဘဲ ႐ွိခ့ဲပါသည္။
.
ၿပီးခ့ဲေသာ ရက္ပိုင္းအတြင္းက ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ ျပည္ေတာ္ျပန္ခ်ိန္ က်န္းမာေရး ခ်ိဳ႕ယြင္းမႈႏွင့္ ပတ္သက္၍ ဖြတ္မ်ားက မဟုတ္တာေတြ ဝါဒျဖန္႔ၾကသည္။ ေသသြားၿပီ၊ ေလျဖတ္သြားၿပီမွစ၍ မ်က္ႏွာမွ အေရးအေၾကာင္းေဖ်ာက္ရန္ ေဆးထိုးလို႔ ေနမေကာင္းျဖစ္သြားတာအထိ ပါဝင္သည္။ အဆိုးဆံုးမွာ အသက္ ခြန္ႏွစ္ဆယ္ေက်ာ္ အေမအိုတေယာက္ကို လွခ်င္လြန္းလို႔ တင္တုဝင္တတ္လို႔ ျဖစ္ရတာဟု ေပါက္ပန္းေသးေျပာၾကျခင္း ျဖစ္သည္။
.
   ၾကားၾကားျခင္း စိတ္ေတာ္ေတာ္ဆိုး၍ ျပန္ဆဲစာ ေရးခ်င္စိတ္ ေပၚေသာ္လည္း တခုေတြးမိ၍ စိတ္ဆိုးေျပခ့ဲရသည္။ တဖက္ဂိုဏ္းသားမ်ားသည္ လူတေယာက္၏ အရည္အခ်င္း၊ တနည္းအားျဖင့္ ဦးေခါင္းအတြင္း႐ွိ ဦးေဏွာက္ ဥာဏ္ပညာရဲ႕တန္ဖိုးကို ယခုတိုင္ သေဘာေပါက္ျခင္းေဝးလို႔ စိတ္ဝင္စားရေကာင္းမွန္းပင္ သိဟန္မတူၾကေသးပါ။ ဒါဆို သူတို႔ ဘာကို စိတ္ဝင္စားၾကသနည္း။ ႐ွင္းပါသည္။ သူတို႔ပါတီကို မဲေပးဖို႔ စည္းရံုးေရးဆင္းခိုင္းသည့္ ဇြန္သဥၥာလိုဟာမ်ိဳးကို စိတ္ဝင္စားေနၾကဆဲပါ။ ဒါေၾကာင့္ အသက္ခြန္ႏွစ္ဆယ္ေက်ာ္ အေမအို တင္တု တတ္မတတ္ စိတ္ဝင္စားေနၾကတာေနမွာ။ ကိုယ္နဲ႔ႏိႈင္း မ႐ိုင္းတ့ဲ။
.
   ဒီကိစၥ မခံရပ္ႏိုင္သည့္ ဒီမိုမ်ားက ျပန္ဆဲၾကေသာအခါ သူတို႔က ျပန္တံု႔ျပန္ၾကေသးသည္။ သူတို႔ေခါင္းေဆာင္ကိုလဲ ဒီမိုေတြက ႐ွံု႔ခ် အပုပ္ခ်တာဘဲတ့ဲ။ ဇြန္သဥၥာဂိုဏ္းသားမ်ား သိေစခ်င္ပါသည္။ ဒီမိုဘက္သားမ်ားသည္ မဟုတ္တမ္းတရား အပုပ္မခ်ၾကပါ။ ခိုး၍ ခိုးသည္၊ မဟုတ္တာလုပ္၍ လုပ္သည္၊ မတရားလုပ္၍ လုပ္သည္ဟုသာ ေျပာၾကျခင္း ျဖစ္ပါသည္။ တနည္းအားျဖင့္ ကြၽန္ေတာ္အပါအဝင္ ဒီမိုဘက္မွ ေရးသူမ်ားသည္ ဓမၼဘက္ကို ေထာက္ခံၿပီး ေရးၾကျခင္း၊ အဓမၼဘက္ကို အပစ္တင္ေရးၾကျခင္းသာျဖစ္၍ ေက်နပ္မိပါေၾကာင္း။
.
တရားေသာဝါဒ ေအာင္ရမည္။ 

19 September 2016

Refugees summit

(Unicode version) 

        ယနေ့ ကုလသမဂ္ဂမှာ ဒုက္ခသည်များဆိုင်ရာ ထိပ်သီးညီလာခံကျင်းပပါတော့မယ်။ မြန်မာနိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည်ဖြစ်ရာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ရခိုင်ရောက်ဘင်္ဂလီကိစ္စမှာ စိတ်ဝင်စားသူ နှစ်ဖက်လုံး စောင့်မျှော်နေကြမှာပါ။

.

    ဒီအချိန်မှာ တွေးမိတာက စစ်အစိုးရနဲ့ ပတ်သက်မှုမရှိတော့တ့ဲ မြန်မာအရပ်သားအစိုးရဖြစ်တာ ကံကောင်းတာပါဘဲ။ မြန်မာနိုင်ငံအတွက်သာ ကံကောင်းတာမဟုတ်ဘဲ အရပ်ဝတ်ဗိုလ်ချုပ်တွေလဲ ကံကောင်းတာပါဘဲ။ သူတို့အထဲက မည်သူတက်သည်ဖြစ်စေ ခုချိန်မျိုးမှာ ဆန္ဒပြခံရရုံမက အဆဲပါခံနေရလောက်ပါပြီ။ ၂၀၁၀မတိုင်ခင်ကဆို ဘင်္ဂါလီထောက်ခံသူတွေသာမက စစ်အစိုးရဆန့်ကျင်သူတွေပါ လာဆဲနေလောက်ပါပြီ။

.

    ဘင်္ဂလီအရေးကို OIC နဲ့ အခြားချမ်းသာသော မူစလင်နိုင်ငံများက ထောက်ပ့ံပေးဟန်တူပါတယ်။ ငွေကြေးများစွာအသုံးပြုပြီး မီဒီယာတွေကို စည်းရုံးနိုင်ပါတယ်။ ဒီလိုအချိန်ဆို မြန်မာသံရုံးနဲ့ ကုလအစည်းအဝေးတွေမှာ ဆန္ဒပြသူတွေ စည်ကားနေလောက်ပါပြီ။ ပြီးရင် တီဗီတွေကနေ လွှင့်ပေးပါပြီ။ မြန်မာအစိုးရကို မီဒီယာကနေတဆင့် ဖိအားပေးတ့ဲ သဘောပါဘဲ။ ပြီးနောက်ပိုင်းမှ တူရကီလိုနိုင်ငံကလူလွှတ်ပြီး မြန်မာစစ်အစိုးရကို ပိုက်ဆံပေးစည်းရုံးခိုင်းပါတယ်။ မြန်မာစစ်အစိုးရကလဲ သူတို့အတွက် ဒေါ်လာမျက်မျက်လေးရတော့ ဘင်္ဂါလီအရေးကို တင်းတင်းကြပ်ကြပ် မကိုင်တွယ်တ့ဲအပြင် ဝှုက်ကဒ်ထုတ်ပေးပြီး မဲပေးခွင့်တောင် ပြုခ့ဲတာပါ။

.

    ဒီတခေါက် ကိုဖီအာနန်ကော်မရှင် အရှိန်နဲ့ အရင်ကလောက် ဆန္ဒပြမ့ဲသူ မတွေ့ရပါဘူး။ တကယ်က ဒီတကြိမ်က ဒုက္ခသည်ဆိုင်ရာ အစည်းအဝေးပါ။ ပိုသက်ဆိုင်တာပေါ့။ ဒါကိုက နိုင်ငံတကာ မျက်နှာစာမှာ အောက်မကျရတော့တာပါဘဲ။ ဒီလို မြန်မာ့ပုံရိပ် မြင့်လာတာကို မမြင်တ့ဲအပြင် ကော်မရှင်ကို ကန့်ကွက်တ့ဲ တဆယ့်တစ်တွေကို ထိုင်သာဆဲနေလိုက်ချင်တော့တာပါဘဲဗျာ။ ။

XxXxXx

(Zawgyi version )

       ယေန႔ ကုလသမဂၢမွာ ဒုကၡသည္မ်ားဆိုင္ရာ ထိပ္သီးညီလာခံက်င္းပပါေတာ့မယ္။ ျမန္မာႏိုင္ငံေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ မိန္႔ခြန္းေျပာၾကားမည္ျဖစ္ရာ စိတ္ဝင္စားစရာ ေကာင္းလွပါတယ္။ ရခိုင္ေရာက္ဘဂၤလီကိစၥမွာ စိတ္ဝင္စားသူ ႏွစ္ဖက္လံုး ေစာင့္ေမွ်ာ္ေနၾကမွာပါ။
.
    ဒီအခ်ိန္မွာ ေတြးမိတာက စစ္အစိုးရနဲ႔ ပတ္သက္မႈမ႐ွိေတာ့တ့ဲ ျမန္မာအရပ္သားအစိုးရျဖစ္တာ ကံေကာင္းတာပါဘဲ။ ျမန္မာႏိုင္ငံအတြက္သာ ကံေကာင္းတာမဟုတ္ဘဲ အရပ္ဝတ္ဗိုလ္ခ်ဳပ္ေတြလဲ ကံေကာင္းတာပါဘဲ။ သူတို႔အထဲက မည္သူတက္သည္ျဖစ္ေစ ခုခ်ိန္မ်ိဳးမွာ ဆႏၵျပခံရရံုမက အဆဲပါခံေနရေလာက္ပါၿပီ။ ၂၀၁၀မတိုင္ခင္ကဆို ဘဂၤါလီေထာက္ခံသူေတြသာမက စစ္အစိုးရဆန္႔က်င္သူေတြပါ လာဆဲေနေလာက္ပါၿပီ။
.
    ဘဂၤလီအေရးကို OIC နဲ႔ အျခားခ်မ္းသာေသာ မူစလင္ႏိုင္ငံမ်ားက ေထာက္ပ့ံေပးဟန္တူပါတယ္။ ေငြေၾကးမ်ားစြာအသံုးျပဳၿပီး မီဒီယာေတြကို စည္းရံုးႏိုင္ပါတယ္။ ဒီလိုအခ်ိန္ဆို ျမန္မာသံရံုးနဲ႔ ကုလအစည္းအေဝးေတြမွာ ဆႏၵျပသူေတြ စည္ကားေနေလာက္ပါၿပီ။ ၿပီးရင္ တီဗီေတြကေန လႊင့္ေပးပါၿပီ။ ျမန္မာအစိုးရကို မီဒီယာကေနတဆင့္ ဖိအားေပးတ့ဲ သေဘာပါဘဲ။ ၿပီးေနာက္ပိုင္းမွ တူရကီလိုႏိုင္ငံကလူလႊတ္ၿပီး ျမန္မာစစ္အစိုးရကို ပိုက္ဆံေပးစည္းရံုးခိုင္းပါတယ္။ ျမန္မာစစ္အစိုးရကလဲ သူတို႔အတြက္ ေဒၚလာမ်က္မ်က္ေလးရေတာ့ ဘဂၤါလီအေရးကို တင္းတင္းၾကပ္ၾကပ္ မကိုင္တြယ္တ့ဲအျပင္ ဝႈက္ကဒ္ထုတ္ေပးၿပီး မဲေပးခြင့္ေတာင္ ျပဳခ့ဲတာပါ။
.
    ဒီတေခါက္ ကိုဖီအာနန္ေကာ္မ႐ွင္ အ႐ွိန္နဲ႔ အရင္ကေလာက္ ဆႏၵျပမ့ဲသူ မေတြ႔ရပါဘူး။ တကယ္က ဒီတႀကိမ္က ဒုကၡသည္ဆိုင္ရာ အစည္းအေဝးပါ။ ပိုသက္ဆိုင္တာေပါ့။ ဒါကိုက ႏိုင္ငံတကာ မ်က္ႏွာစာမွာ ေအာက္မက်ရေတာ့တာပါဘဲ။ ဒီလို ျမန္မာ့ပံုရိပ္ ျမင့္လာတာကို မျမင္တ့ဲအျပင္ ေကာ္မ႐ွင္ကို ကန္႔ကြက္တ့ဲ တဆယ့္တစ္ေတြကို ထိုင္သာဆဲေနလိုက္ခ်င္ေတာ့တာပါဘဲဗ်ာ။ ။ 

09 September 2016

တချို့က ပိန်းကိုပိန်းတယ်။

(Unicode version)

       မြန်မာပြည်က တချို့ဖွဘုတ်သုံးသူတွေက ပိန်းတယ်ဗျာ။ တော်တော့်ကို ပိန်းတယ်။ သူတို့ပိန်းကြောင်း ဖွဘုတ်ပေါ် ခဏခဏ ချပြရတာလဲ အမော။ သူတို့စားလို့ သုံးလေးတုံးကုန်ပြီ၊ ဘာဝါးမိမှန်း ခုထိကို မသိသေးဘူး။ အ့ံရော အ့ံရော။ ရှင်းပြဖို့ နဲနဲတော့ရှည်မယ်။

.

     မြန်မာနိုင်ငံလွတ်လပ်ရေး ရကာစ ပါလီမန်ခေတ်မှာ အစိုးရ အဖွဲ့ရဲ့ခေါင်းဆောင်က ဝန်ကြီးချုပ်ဘဲ။ အစိုးရရဲ့ executive power ကို ဝန်ကြီးချုပ်က ထိန်းချုပ်တယ်။ ဖိုင်နယ် အချုပ် ဆုံးဖြတ်ခွင့်ပေါ့။ သမတရှိသော်လည်း အဆောင်အယောင် သဘောဘဲ ထားပါတယ်။ အဲဒီအချိန်ရဲ့ ခြေဥအရပေါ့။

.

     ၁၉၆၂မှာ ဗိုလ်နေဝင်း အာဏာသိမ်းလိုက်တော့ အဲဒီပါဝါက တော်လှန်ရေးကောင်စီ ဥက္ကဌဗိုလ်နေဝင်းဆီ ရောက်သွားတယ်။

     ၁၉၇၄ ခြေဥရေးပြီး အုပ်ချုပ်ပုံ ပြောင်းသွားလဲ ပါဝါက သူ့ဆီမှာပါဘဲ။ သူသမတလုပ်နေစဉ် မသိသာပေမ့ဲ ဦးစန်းယု ဦးစိန်လွင် ဒေါက်တာမောင်မောင်တို့ သမတလုပ်တော့ သိသာလာရော။ ၁၉၈၈ လူတွေမကြိုက်လို့ ဆန္ဒပြတော့ စစ်တပ်က ”အာဏာသိမ်းရတော့မလား အဖေကြီးလို့” သူ့ကို သွားမေးရတုံး။ ဆုံးဖြတ်ပိုင်ခွင့်အာဏာက ဗိုလ်ချုပ်နေဝင်းဆီမှာပါဘဲ။ ဘယ်သမတမှ မဆုံးဖြတ်နိုင်။

.

     ၁၉၈၈ အာဏာသိမ်းအပြီး နဝတဥက္ကဌ ဗိုလ်ချုပ်စောမောင်ဖြစ်ပေမ့ဲ သူ့ဆီမှာ အဲဒီပါဝါ ရှိမရှိ မသေချာပါ။ နောက်သုံးလေးနှစ်အကြာ ဗိုလ်ချုပ်သန်းရွှေ တက်လာသည်အထိ ပါဝါဟာ သူတို့အဖေကြီးဆီမှ ရှိဆဲဟု လူတွေက သတ်မှတ်ခ့ဲကြတာပါ။ အဖေကြီးခိုင်းဘတ် ဗိုလ်ချုပ်ခင်ညွန့်က ချယ်လှယ်နေတာကလား။ ဗိုလ်ချုပ်သန်းရွှေထက် ဗိုလ်ချုပ်ခင်ညွန့် ပိုအာဏာရှိတယ်လို့ ပြည်သူအများထင်ခ့ဲကြတယ်။

.

     နအဖခေတ်မှာတော့ ဗိုလ်ချုပ်သန်းရွှေက ပါဝါဟာ သူ့မှာရှိကြောင်း တဖြေးဖြေးပြခ့ဲပါတယ်။ အဖေကြီးမိသားစုကို အကျယ်ချုပ်လိုက်တယ်။ အဖေကြီးရဲ့ တပည့်ကြီးကိုလဲ ထောက်ချုပ်ကဖြုတ်ပြီး အကျယ်ချုပ်ခ့ဲတာပါဘဲ။

.

     ၂၀၁၀မှာ လက်ရှိခြေဥအရ ဗိုလ်ချုပ်သိန်းစိန် သမတဖြစ်လာပေမ့ဲလည်း ပါဝါအာဏာက ဗိုလ်ချုပ်သန်းရွှေဆီမှာ လို့ဘဲ သတ်မှတ်ခံခ့ဲရတာပါ။ နောက်ပိုင်း မဟုတ်မှန်းသိလာကြပါတယ်။ အဲဒီမှာဘဲ ဗိုလ်ချုပ်သိန်းစိန်ကို ပမာမခန့်ပြုရဲသူတွေ ပေါ်လာပြီး ရွေးကောက်ပွဲ ရှုံးရခြင်း အကြောင်းတချက် ဖြစ်လာပါတယ်။

.

     ၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်စုရဲ့ NLD အပြတ်နိုင်သော်လည်း ဒေါ်စုသမတ မဖြစ်အောင် လုပ်ထားတ့ဲ ၅၉စ ကို ပြင်မပေးပါဘူး။ အဲဒီကတည်းက ဒေါ်စုက စင်ကာပူ CNA နဲ့ အင်တာဗျူးမှာ ကမ္ဘာကျော်စကား #I_will_be_above_president. ကိုပြောခ့ဲပါတယ်။ အဲဒီတုံးက ပျက်ရယ်ပြုသူတွေ မယုံကြည်သူတွေ ဒုနဲ့ဒေးပါ။ အစိုးရဖွဲ့အပြီး သုံးလေးလအကြာမှာတော့ သူ့စကား မှန်ကြောင်း ပြခ့ဲပါပြီ။

      နိုင်ငံတော်၏အတိုင်ပင်ခံ ဆိုတ့ဲ ရာထူးကိုထွင်ကာ ဆုံးဖြတ်ခွင့် အာဏာပါဝါကို ကိုင်ဆောင် သုံးဆွဲပြနေပါပြီ။ သေချာ ရွေးချယ်ခန့်ထားခ့ဲတ့ဲ သမတကြီးကို ဂုဏ်ထူးဆောင်အဆင့်မှာထားပြီး အခန်းအနားနဲ့ လိုအပ်မှဘဲ ထွက်စေပါတော့တယ်။

.

     စစ်တပ်က ဆွဲခ့ဲတ့ဲ ခြေဥကို အလိမ္မာဆုံးနည်းနဲ့ ကျော်ဖြတ်ခ့ဲတာကို ငပိန်းတွေ ခုထိသဘောမပေါက်တာ အံ့သြစရာတော့ သိတ်မဟုတ်ပါ။ သူတို့က ငပိန်းတွေကိုး။ အစိုးရရဲ့ ဆုံးဖြတ်ခွင့် ပါဝါအာဏာသည် ရာထူးအမည်နာမနဲ့ မဆိုင်။ ရယူထားသူနဲ့သာ ဆိုင်တယ်ဆိုတာ မြန်မာနိုင်ငံသမိုင်းမှာလဲ အထင်အရှား မြင်နိုင်ရဲ့သားနဲ့ သမတကြီးဘယ်ရောက်နေလဲ၊ သမတနာမည်မေ့နေပြီတို့ မလုပ်ကြပါနဲ့တော့။ ရှက်ဖွယ်ဘဲ ငပိန်းတို့ရေ။ ။

XxXxXx

(Zawgyi version)

       ျမန္မာျပည္က တခ်ိဳ႕ဖြဘုတ္သံုးသူေတြက ပိန္းတယ္ဗ်ာ။ ေတာ္ေတာ့္ကို ပိန္းတယ္။ သူတို႔ပိန္းေၾကာင္း ဖြဘုတ္ေပၚ ခဏခဏ ခ်ျပရတာလဲ အေမာ။ သူတို႔စားလို႔ သံုးေလးတံုးကုန္ၿပီ၊ ဘာဝါးမိမွန္း ခုထိကို မသိေသးဘူး။ အ့ံေရာ အ့ံေရာ။ ႐ွင္းျပဖို႔ နဲနဲေတာ့႐ွည္မယ္။
.
     ျမန္မာႏိုင္ငံလြတ္လပ္ေရး ရကာစ ပါလီမန္ေခတ္မွာ အစိုးရ အဖြဲ႔ရဲ႕ေခါင္းေဆာင္က ဝန္ႀကီးခ်ဳပ္ဘဲ။ အစိုးရရဲ႕ executive power ကို ဝန္ႀကီးခ်ဳပ္က ထိန္းခ်ဳပ္တယ္။ ဖိုင္နယ္ အခ်ဳပ္ ဆံုးျဖတ္ခြင့္ေပါ့။ သမတ႐ွိေသာ္လည္း အေဆာင္အေယာင္ သေဘာဘဲ ထားပါတယ္။ အဲဒီအခ်ိန္ရဲ႕ ေျခဥအရေပါ့။
.
     ၁၉၆၂မွာ ဗိုလ္ေနဝင္း အာဏာသိမ္းလိုက္ေတာ့ အဲဒီပါဝါက ေတာ္လွန္ေရးေကာင္စီ ဥကၠဌဗိုလ္ေနဝင္းဆီ ေရာက္သြားတယ္။
     ၁၉၇၄ ေျခဥေရးၿပီး အုပ္ခ်ဳပ္ပံု ေျပာင္းသြားလဲ ပါဝါက သူ႔ဆီမွာပါဘဲ။ သူသမတလုပ္ေနစဥ္ မသိသာေပမ့ဲ ဦးစန္းယု ဦးစိန္လြင္ ေဒါက္တာေမာင္ေမာင္တို႔ သမတလုပ္ေတာ့ သိသာလာေရာ။ ၁၉၈၈ လူေတြမႀကိဳက္လို႔ ဆႏၵျပေတာ့ စစ္တပ္က ”အာဏာသိမ္းရေတာ့မလား အေဖႀကီးလို႔” သူ႔ကို သြားေမးရတံုး။ ဆံုးျဖတ္ပိုင္ခြင့္အာဏာက ဗိုလ္ခ်ဳပ္ေနဝင္းဆီမွာပါဘဲ။ ဘယ္သမတမွ မဆံုးျဖတ္ႏိုင္။
.
     ၁၉၈၈ အာဏာသိမ္းအၿပီး နဝတဥကၠဌ ဗိုလ္ခ်ဳပ္ေစာေမာင္ျဖစ္ေပမ့ဲ သူ႔ဆီမွာ အဲဒီပါဝါ ႐ွိမ႐ွိ မေသခ်ာပါ။ ေနာက္သံုးေလးႏွစ္အၾကာ ဗိုလ္ခ်ဳပ္သန္းေရႊ တက္လာသည္အထိ ပါဝါဟာ သူတို႔အေဖႀကီးဆီမွ ႐ွိဆဲဟု လူေတြက သတ္မွတ္ခ့ဲၾကတာပါ။ အေဖႀကီးခိုင္းဘတ္ ဗိုလ္ခ်ဳပ္ခင္ၫြန္႔က ခ်ယ္လွယ္ေနတာကလား။ ဗိုလ္ခ်ဳပ္သန္းေရႊထက္ ဗိုလ္ခ်ဳပ္ခင္ၫြန္႔ ပိုအာဏာ႐ွိတယ္လို႔ ျပည္သူအမ်ားထင္ခ့ဲၾကတယ္။
.
     နအဖေခတ္မွာေတာ့ ဗိုလ္ခ်ဳပ္သန္းေရႊက ပါဝါဟာ သူ႔မွာ႐ွိေၾကာင္း တေျဖးေျဖးျပခ့ဲပါတယ္။ အေဖႀကီးမိသားစုကို အက်ယ္ခ်ဳပ္လိုက္တယ္။ အေဖႀကီးရဲ႕ တပည့္ႀကီးကိုလဲ ေထာက္ခ်ဳပ္ကျဖဳတ္ၿပီး အက်ယ္ခ်ဳပ္ခ့ဲတာပါဘဲ။
.
     ၂၀၁၀မွာ လက္႐ွိေျခဥအရ ဗိုလ္ခ်ဳပ္သိန္းစိန္ သမတျဖစ္လာေပမ့ဲလည္း ပါဝါအာဏာက ဗိုလ္ခ်ဳပ္သန္းေရႊဆီမွာ လို႔ဘဲ သတ္မွတ္ခံခ့ဲရတာပါ။ ေနာက္ပိုင္း မဟုတ္မွန္းသိလာၾကပါတယ္။ အဲဒီမွာဘဲ ဗိုလ္ခ်ဳပ္သိန္းစိန္ကို ပမာမခန္႔ျပဳရဲသူေတြ ေပၚလာၿပီး ေရြးေကာက္ပြဲ ႐ႈံးရျခင္း အေၾကာင္းတခ်က္ ျဖစ္လာပါတယ္။
.
     ၂၀၁၅ ေရြးေကာက္ပြဲမွာ ေဒၚစုရဲ႕ NLD အျပတ္ႏိုင္ေသာ္လည္း ေဒၚစုသမတ မျဖစ္ေအာင္ လုပ္ထားတ့ဲ ၅၉စ ကို ျပင္မေပးပါဘူး။ အဲဒီကတည္းက ေဒၚစုက စင္ကာပူ CNA နဲ႔ အင္တာဗ်ဴးမွာ ကမာၻေက်ာ္စကား #I_will_be_above_president. ကိုေျပာခ့ဲပါတယ္။ အဲဒီတံုးက ပ်က္ရယ္ျပဳသူေတြ မယံုၾကည္သူေတြ ဒုနဲ႔ေဒးပါ။ အစိုးရဖြဲ႔အၿပီး သံုးေလးလအၾကာမွာေတာ့ သူ႔စကား မွန္ေၾကာင္း ျပခ့ဲပါၿပီ။
      ႏိုင္ငံေတာ္၏အတိုင္ပင္ခံ ဆိုတ့ဲ ရာထူးကိုထြင္ကာ ဆံုးျဖတ္ခြင့္ အာဏာပါဝါကို ကိုင္ေဆာင္ သံုးဆြဲျပေနပါၿပီ။ ေသခ်ာ ေရြးခ်ယ္ခန္႔ထားခ့ဲတ့ဲ သမတႀကီးကို ဂုဏ္ထူးေဆာင္အဆင့္မွာထားၿပီး အခန္းအနားနဲ႔ လိုအပ္မွဘဲ ထြက္ေစပါေတာ့တယ္။
.
     စစ္တပ္က ဆြဲခ့ဲတ့ဲ ေျခဥကို အလိမၼာဆံုးနည္းနဲ႔ ေက်ာ္ျဖတ္ခ့ဲတာကို ငပိန္းေတြ ခုထိသေဘာမေပါက္တာ အံ့ၾသစရာေတာ့ သိတ္မဟုတ္ပါ။ သူတို႔က ငပိန္းေတြကိုး။ အစိုးရရဲ႕ ဆံုးျဖတ္ခြင့္ ပါဝါအာဏာသည္ ရာထူးအမည္နာမနဲ႔ မဆိုင္။ ရယူထားသူနဲ႔သာ ဆိုင္တယ္ဆိုတာ ျမန္မာႏိုင္ငံသမိုင္းမွာလဲ အထင္အ႐ွား ျမင္ႏိုင္ရဲ႕သားနဲ႔ သမတႀကီးဘယ္ေရာက္ေနလဲ၊ သမတနာမည္ေမ့ေနၿပီတို႔ မလုပ္ၾကပါနဲ႔ေတာ့။ ႐ွက္ဖြယ္ဘဲ ငပိန္းတို႔ေရ။ ။

07 September 2016

ခြောက်အိပ်မက်

         ကျုပ် ညက အိပ်မက်မက်တယ်ဗျာ။ ခင်ဗျားတို့ရော မက်ဘူးလား မသိဘူး။ ကျောင်းပြန်ရောက်သွားတ့ဲ အိပ်မက်ပေါ့။ နိုးလာတော့ ကျောင်းသားတယောက်လို ကြောက်နေတုံးရယ်။ တကယ်က ကျောင်းပြီးတာဘဲ နှစ်သုံးဆယ် ကျော်ခ့ဲပေါ့။

.

     ကျောင်းမှာ ဒီနေ့ ကျောင်းစစ်ဆေးရေးလာမ့ဲနေ့တ့ဲ။ တကျောင်းလုံးလဲ လှဲကျင်းထားလိုက်တာ တောက်ပြောင်နေတာဘဲ။ ဆရာ ဆရာမတွေကလဲ ခါတိုင်းထက် ပိုရှိုးထုတ်ထားကြ၊ ကျောင်းသူကျောင်းသားတွေကလဲ ခါတိုင်းထက် ပိုတောက်ပြောင်နေကြပေါ့။

.

     ကျောင်းစစ်လာမှာက တိုင်းကလိုလို ဗဟိုကလိုလိုဘဲ။ ကျောင်းသားတွေ အဆင့်နဲ့ ဘယ်သိမှာလဲ။ ကျုပ်တို့အသိဆုံးက ကျောင်းအုပ်ကြီးဘဲဟာ။ ခုက ကျောင်းအုပ်ဆရာကြီးတောင် တိုက်ပုံအသစ်နဲ့ ပြာယာခပ်နေမင့်ဟာ။ တော်တော် အရေးကြီးမ့ဲ စစ်ဆေးရေးဘဲ။

.

     အိပ်မက်ထဲ ကြည့်မရတ့ဲ ကျောင်းသားတွေအကြောင်း ပြောပြမလို့ဟ။ သူတို့က ကျောင်းစစ်လာတာကို ပျော်နေကြတာ။ ဖြေချင်လွန်းလို့ ရွစိရွစိ ဖြစ်နေကြသေး။ သူတို့က စာလဲအမြဲရ။ ကျောင်းစာတင်မက အားကစားတော်သူ အဆိုအကတော်သူတွေဆိုတော့ အစစ်ခံချင်နေကြတာ။ ဘေးကလူ မျက်စိတောင်နောက်သေး။ အေးလေ၊ မျက်နှာပန်းလှမ့ဲသူတွေကတော့ အစစ်ခံချင်နေကြတာပေါ့။

.

     ခက်တာက ကျုပ်တို့တသိုက်ဘဲ။ အတန်းအနောက်ဆုံးထဲ ထိုင်နေကျ အုပ်စုပေါ့။ စာကမရ၊ ရန်ဖြစ်တာတော့ အမြဲပါတ့ဲ အုပ်စုပေါ့။ ခုလို တိုင်းစစ် ဗဟိုစစ်မပြောနဲ့၊ အတန်းပိုင်စာမေးရင်တောင် အမြဲဘဲ အပစ်ပေးခံနေရတ့ဲ အုပ်စု။ တခြားကျောင်းသားတွေနဲ့ မတ့ဲပေမ့ဲ ကျုပ်တို့ အချင်းချင်းတော့ ညီတ့ဲအုပ်စု။ တချို့ မလိုသူတွေက ကျီးကန်းတွေတ့ဲ။ ခုလို စစ်ဆေးရေးဝင်ရင် စိတ်အညစ်ရဆုံး မောင်တွေပေါ့ဗျာ။ စစ်ဆေးရေးဆရာကြီးတွေ လျောက်မေးရင် စာမရတာအပြင် တခြားမဟုတ်တာလုပ်ထားတာတွေပါ ပေါ်နိုင်လို့ လုံးဝကို မကြိုက်တာပါ။

.

     ဒါပေမ့ဲ ကျောင်းစစ်ဆေးရေးဝင်မယ်ဆိုတော့လဲ မတတ်နိုင် အစစ်ခံရတော့မှာဘဲ။ ကျုပ်တို့အုပ်စုလဲ ဘယ်လို ဂလန့်တိုက်ရမလဲ တီးတိုးတိုင်ပင်နေကြတုံး။ အသံတွေ တိတ်သွားလို့ အခြေအနေ စုံးစမ်းကြည့်တော့ ဟိုဘက်အဆောင် စစစ်နေပြီတ့ဲ။ လာစစ်တ့ဲ ဆရာကြီး သဘောကောင်းပါစေ ဆုတောင်းရင်း ဟိုဘက်အဆောင်ကို ပြူတင်းပေါက်က ချောင်းကြည့်လိုက်တော့ အ့ြံသပြီး နိုးလာလို့ တော်တော့တယ်။

.

     ကျောင်းစစ်လာနေတ့ဲ ဆရာကြီးက ဦးကိုဖီအာနန် ကြီးဗျား။ နားမှာလဲ နားကွင်းတဖက်နဲ့။ အိ်ပ်မက်ဘဲဗျာ၊ သူမက်ချင်သလို မက်မှာပေါ့။ 

05 September 2016

ဘာကြောက်နေကြတာလဲ။

(Unicode version )

ရခိုင်အကြံပေးကော်မရှင်က ဘာမှလည်း မစရသေးဘူး။ ဆုံးဖြတ်ချက်က ဘယ်နေမှန်းမသိသေး။

.

ဝိုင်းကန့်ကွက်နေသူတွေက မဟုတ်တာ လုပ်ထားမိကြလို့လား။

.

ကိုယ်မှန်နေရင် လာစစ်ပေးသူ ဝိတ်ကြီးလေ ပိုကောင်းလေပေါ့။ ကိုယ့်သဘောအတိုင်းဆို ဒီကော်မရှင်မှာ အင်္ဂလန်ဘုရင်မကြီး ဥက္ကဌခန့်၊ အမေရိကန် တရုပ် ရုရှ ပြင်သစ် နိုင်ငံတွေက သမတတွေရယ် ပါစေချင်သေး၊ နေကောင်းရင် ဂျပန်ဘုရင်ကို အတွင်းရေးမှူးခန့်ပြီး ကုန်ကျစားရိတ် စိုက်ခိုင်းလိုက်မယ်။ ကုလဟောင်း ဖရီးမင်းလောက်တော့ တံခါးစောင့်လောက်ဘဲ ခန့်မှာ။

.

ဘာကြောက်နေကြတာလဲဗျာ။ ဒေါ်စု နာမည်ရသွားမှာ စိုးလို့လား။ ဒါတော့ ဦအေးမောင်မပြောနဲ့။ သိကြားဆင်းတားတောင် မရနိုင်ဘူး။ စိတ်ထားမှန်နေတာကိုးဗျ။

XxXxXx

(Zawgyi version)

ရခိုင္အၾကံေပးေကာ္မ႐ွင္က ဘာမွလည္း မစရေသးဘူး။ ဆံုးျဖတ္ခ်က္က ဘယ္ေနမွန္းမသိေသး။
.
ဝိုင္းကန္႔ကြက္ေနသူေတြက မဟုတ္တာ လုပ္ထားမိၾကလို႔လား။
.
ကိုယ္မွန္ေနရင္ လာစစ္ေပးသူ ဝိတ္ႀကီးေလ ပိုေကာင္းေလေပါ့။ ကိုယ့္သေဘာအတိုင္းဆို ဒီေကာ္မ႐ွင္မွာ အဂၤလန္ဘုရင္မႀကီး ဥကၠဌခန္႔၊ အေမရိကန္ တ႐ုပ္ ႐ု႐ွ ျပင္သစ္ ႏိုင္ငံေတြက သမတေတြရယ္ ပါေစခ်င္ေသး၊ ေနေကာင္းရင္ ဂ်ပန္ဘုရင္ကို အတြင္းေရးမႉးခန္႔ၿပီး ကုန္က်စားရိတ္ စိုက္ခိုင္းလိုက္မယ္။ ကုလေဟာင္း ဖရီးမင္းေလာက္ေတာ့ တံခါးေစာင့္ေလာက္ဘဲ ခန္႔မွာ။
.
ဘာေၾကာက္ေနၾကတာလဲဗ်ာ။ ေဒၚစု နာမည္ရသြားမွာ စိုးလို႔လား။ ဒါေတာ့ ဦေအးေမာင္မေျပာနဲ႔။ သိၾကားဆင္းတားေတာင္ မရႏိုင္ဘူး။ စိတ္ထားမွန္ေနတာကိုးဗ်။

02 September 2016

၂၁ရာစုပင်လုံ တံဆိပ်ခေါင်း



၃၁.၀၈.၂၀၁၆    
   
 (Unicode version )


      ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစုပင်လုံ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုတံဆိပ်ခေါင်း သုံးမျိုးထုတ်ပါသည်။ တစ်ရာကျပ်၊ နှစ်ရာကျပ်တန်နှင့် ငါးရာကျပ်တန် များဖြစ်သည်။

.

     တံဆိပ်ခေါင်း ဒီဇိုင်းအနေနှင့် တိုးတက်လာသည်ဟု ထင်မိသည်။ တစ်ရာကျပ်တန်ခေါင်း ဒီဇိုင်းမှာ အကောင်းဆုံးဖြစ်သည်။ ငါးရာတန်လဲ မဆိုးပါ။ နှစ်ရာကျပ်တန်ကတော့ အရင်ခေတ်က စတိုင်အတိုင်း ကြော်ငြာဘုတ် bill board ဒီဇိုင်းကို တံဆိပ်ခေါင်း ထုတ်သလိုဖြစ်နေသည်။

.

     စာတိုက်ဌာနမှ တရားဝင်ထုတ်သော firstday cover မှာ ဝယ်မရပါ။ ခဏနှင့် ကုန်သွားသည်ဟုဆိုသည်။ ဝါသနာရှင် အလိုရှိသူများ စာတိုက်ကြီးအဝရှိ အရာကြီးရောင်းသောဆိုင်လေးတွင် အားပေးနိုင်ပါလိမ့်မည်။ တံဆိပ်ခေါင်းသုံးမျိုးပုံ ပို့စကဒ်သုံးမျိုးကိုလဲ ထုတ်ဝေခ့ဲသည်။

.

     ယခု တံဆိပ်ခေါင်း သုံးမျိုးသည် ပြည်သူ့အစိုးရလက်ထက် ပထမဆုံး ထုတ်ဝေသော တံဆိပ်ခေါင်းဖြစ်ပါသည်။ အစဉ်အမြဲသုံး တံဆိပ်ခေါင်းများကိုလဲ ယခုအစိုးရခေတ်တွင် ဒီဇိုင်းအသစ်များဖြင့် ပြန်ထုတ်သင့်ပါကြောင်း။


XxXxXx

(Zawgyi version)

     ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ညီလာခံ ၂၁ရာစုပင္လံု အထိမ္းအမွတ္အျဖစ္ ဂုဏ္ျပဳတံဆိပ္ေခါင္း သံုးမ်ိဳးထုတ္ပါသည္။ တစ္ရာက်ပ္၊ ႏွစ္ရာက်ပ္တန္ႏွင့္ ငါးရာက်ပ္တန္ မ်ားျဖစ္သည္။
.
     တံဆိပ္ေခါင္း ဒီဇိုင္းအေနႏွင့္ တိုးတက္လာသည္ဟု ထင္မိသည္။ တစ္ရာက်ပ္တန္ေခါင္း ဒီဇိုင္းမွာ အေကာင္းဆံုးျဖစ္သည္။ ငါးရာတန္လဲ မဆိုးပါ။ ႏွစ္ရာက်ပ္တန္ကေတာ့ အရင္ေခတ္က စတိုင္အတိုင္း ေၾကာ္ျငာဘုတ္ bill board ဒီဇိုင္းကို တံဆိပ္ေခါင္း ထုတ္သလိုျဖစ္ေနသည္။
.
     စာတိုက္ဌာနမွ တရားဝင္ထုတ္ေသာ firstday cover မွာ ဝယ္မရပါ။ ခဏႏွင့္ ကုန္သြားသည္ဟုဆိုသည္။ ဝါသနာ႐ွင္ အလို႐ွိသူမ်ား စာတိုက္ႀကီးအဝ႐ွိ အရာႀကီးေရာင္းေသာဆိုင္ေလးတြင္ အားေပးႏိုင္ပါလိမ့္မည္။ တံဆိပ္ေခါင္းသံုးမ်ိဳးပံု ပို႔စကဒ္သံုးမ်ိဳးကိုလဲ ထုတ္ေဝခ့ဲသည္။
.
     ယခု တံဆိပ္ေခါင္း သံုးမ်ိဳးသည္ ျပည္သူ႔အစိုးရလက္ထက္ ပထမဆံုး ထုတ္ေဝေသာ တံဆိပ္ေခါင္းျဖစ္ပါသည္။ အစဥ္အျမဲသံုး တံဆိပ္ေခါင္းမ်ားကိုလဲ ယခုအစိုးရေခတ္တြင္ ဒီဇိုင္းအသစ္မ်ားျဖင့္ ျပန္ထုတ္သင့္ပါေၾကာင္း။