08 January 2008

ခင်၀မ်း

ခင်၀မ်း

၁၉၇၇ ဆောင်းရာသီတွင် ကျွန်တော် တောင်ကြီးမြို့ သို့ရောက်နေပါသည်။ တောင်ကြီးတန်ဆောင်တိုင် က ထိုစဉ်ကတည်းက အလွန်စည်ပါသည်။ ချမ်းချမ်းအေးအေးထဲတွင် မီးပုံပြန်လွှတ်ပွဲ ကြည့်ရသည်မှာ အရသာပင်။ ထိုအချိန်ကထုံးစံအရ ရန်ပုံငွေအတွက်ဆိုင်များ ဖွင့်ကြသည်မှာ အစီအရီပင်။ တစ်ချို့ဆိုင်များတွင် ကက်ဆက်ဖွင့်ကြသော်လည်း တစ်ချို့ဆိုင်များက တီး၀ိုင်းနှင့်ဖျော်ဖြေကြသည်။ ငွေ တစ်ကျပ်ပေးလွှျှင် သီချင်းတောင်း၍ရသည်။ မိမိရည်ညွှန်းလိုသူကို နာမည်ရေး၍တောင်းကြသည်။
ထိုနှစ်တွင်အများဆုံးတောင်းကြ ၊ ကြားကြသော သီချင်းမှာ နှုတ်ဆက်ခဲ့ပါတယ် ၊ ကွျှန်တော်သွားတော့မယ် ဆိုသောစာသားပင်။ ကွျှန်တော်တည်းသောအိမ်မှာ ဂစ်တာတီးလျှင်၄င်း ၊ ကက်ဆက်ဖွင့်လျှင်၄င်း ဒီသီချင်းသာ ကြားရသည်။ ကြားခါစက ထူးဆန်းသော်လည်း နားမှာမစွဲခဲ့ ။ တဖြည်းဖြည်းနားထောင်ပါများလာသောအခါ သဘောကျလာသည်။ ပထမ အစက ထိုတစ်ပုဒ်သာ သဘောကျခ့ဲရာမှ တစ်ခွေလုံးသဘောကျလာသည်။
သီချင်းဆိုသူမေးသောအခါ ဘယ်သူမှရေရေရာရာ မပြောနိုင်ကြ။ စိုင်းထီးစိုင် ဟုပြောကြသော်လည်း မတူပါ။ ထိုစဉ်ကတေးသံသွင်းဆိုင်များ မှတ်ပုံတင်ရန်လုပ်နေသဖြင့် cover card ဖြင့်လည်းမကူးနိုင်။ မိမိဖာသာ ရေးထားသော ကက်ဆက် cover card များသာရှိသည်။ hitachi cover card ပေါ်တွင်သီချင်းအမည်များ ရေးမှတ်ထားကြရသည်။ ဆိုင်တစ်ဆိုင်မှ cover card တောင်းကြည့်သောအခါ သီဆိုသူနာမည် ရေးမထားပါ။ဘေးတိုက်ပုံကလည်း စိုင်းထီးစိုင်း လိုလို ဘာလိုလို။ series နာမည်က "နှင်းဆီဖြူရဲ့ အေ၀းကလူတယောက်" ၊ တေးဂီတ " သက်တန့်တံတားအဖွဲ့ " ဟုသာဖေါ်ပြထားသည် ။


06 January 2008

ကျွန်တော်နဲ့မောင်း - ၃

(Unicode version) 



အဟမ်း၊ အဟမ်း ၊ ကြွားစရာလေးရှိနေပါတယ် ။ အောင်တော့မှ ပြောတော့မယ်ဆိုတဲ့ မောင်းအောင်သွားပါပြီ ။၇ မောင်းလောင်းတာတစ်ပွဲ သရေကျတော့ ၆ မောင်းအောင်ပါတယ် ။
ဝါဆော နဲ့ မီေဝါ ပွဲ ၊ အစ်ပ်၀စ်ချ် နဲ့ ပို့မောက် ပွဲ ၊ ဘရစ်စတို နဲ့ ဘိုရို ပွဲ ၊ ဆောက်သမ်ပတမ် နဲ့ လက်စတာ ပွဲ၊ ပရက်စတမ် နဲ့ စကမ်းသော့ ပွဲ ၊ ပလိုင်းမောက် နဲ့ ဟားစီးတီး ပွဲ တွေမှာအောင်ပါတယ် ။ ၀က်ဟမ်း နဲ့ မန်စီးတီး ပွဲ မှာသရေကျသွားတော့ ၆ ပွဲမောင်းအောင်တာပါ ။ ဘယ်လောက်လဲတော့ မသိချင်ကြပါနဲ့ ။ အဆ ၃၄ ဆ ရော်တာလောက်သာ သိထားကြပါ ။
ကြားမှာ လောင်းပေမဲ့လဲ မအောင်တော့ ပြောအားမရှိဘူးပေါ့် ၊ ခုတော့ပေါက်ဖူးသွားပြီလေ ။

XxXxXx

(Zawgyi version )

အဟမ္း၊ အဟမ္း ၊ ၾကြားစရာေလးရွိေနပါတယ္ ။ ေအာင္ေတာ့မွ ေျပာေတာ့မယ္ဆိုတဲ့ ေမာင္းေအာင္သြားပါျပီ ။၇ ေမာင္းေလာင္းတာတစ္ပြဲ သေရက်ေတာ့ ၆ ေမာင္းေအာင္ပါတယ္ ။
၀ါေဆာ နဲ႕ မီေ၀ါ ပြဲ ၊ အစ္ပ္၀စ္ခ်္ နဲ႔ ပို႔ေမာက္ ပြဲ ၊ ဘရစ္စတို နဲ႔ ဘိုရို ပြဲ ၊ ေဆာက္သမ္ပတမ္ နဲ႔ လက္စတာ ပြဲ၊ ပရက္စတမ္ ႏဲ႔ စကမ္းေသာ့ ပြဲ ၊ ပလိုင္းေမာက္ နဲ႔ ဟားစီးတီး ပြဲ ေတြမွာေအာင္ပါတယ္ ။ ၀က္ဟမ္း နဲ႔ မန္စီးတီး ပြဲ မွာသေရက်သြားေတာ့ ၆ ပြဲေမာင္းေအာင္တာပါ ။ ဘယ္ေလာက္လဲေတာ့ မသိခ်င္ၾကပါနဲ႔ ။ အဆ ၃၄ ဆ ေရာ္တာေလာက္သာ သိထားၾကပါ ။
ၾကားမွာ ေလာင္းေပမဲ့လဲ မေအာင္ေတာ့ ေျပာအားမရွိဘူးေပၚ့ ၊ ခုေတာ့ေပါက္ဖူးသြားျပီေလ ။

05 January 2008

ရေဒီယို တီ​ဗီလိုင်စင်















(Unicode version)


ပြည်ထောင်စုမြန်မာနိုင်ငံသားတွေဟာ ၂၀၀၇ ခုနှစ်ကုန်ခါနီးမှာ ဓါတ်ဆီ Quota လျှော့မယ်ဆိုလို့ ရင်တထိတ်ထိတ် နဲ့ စိုးရိမ်ခ့ဲကြပါတယ် ။ ၂၀၀၈ ခု နှစ်ဆန်းတစ်ရက်မှာ နဂိုရ်အတိုင်းဘဲ ပေးမယ်ဆိုလို့ စိိတ်ချမ်းသာခဲ့ကြရပါတယ် ။ တစ်ရက်ဘဲခံပါတယ် ။ နောက်တစ်မျိုးလာပြန်ပါတယ် ။ ဒီတစ်ခါက စလောင်းလိုင်စင်ကြေးပါ ။

အရင်နှစ်တွေက စလောင်းလိုင်စင်ကြေး တစ်နှစ်ကို ၆၀၀၀ ကျပ် ကောက်ပါတယ် ။ ခုဒီနှစ်မှာ တစ်နှစ်လား တသက်စာလားမသိပါ ။ ၁,၀၀၀,၀၀၀ ကျပ် ကောက်ပါမယ် ။ ဟုတ်ပါတယ် ။ ကျပ် ဆယ်သိန်းပါ ။ အစိုးရ Exchange rate တစ်ဒေါ်လာကို ၆ ကျပ် နဲ့ တွက်ယင် ဒေါ်လာ တစ်သိန်းခွဲလောက်ကျပါမယ် ။ တစ်နိုင်ငံလုံးက စလောင်းခွန်သာ ဒေါ်လာနဲ့ရယင် ကိုယ်ပိုင်ဂြိဟ်တုတောင်လွှတ်တင်နိုင်မှာပါ ။

ရန်ကုန်သားတွေ ပြောစရာရနေကြပါတယ် ။ အမျိုးမျိုးလဲခန့်မှန်းနေကြပါတယ် ။ MRTV-5 ကိုကြည့်အောင်လုပ်တာလို့ တစ်ချို့ကလဲ ထင်ကြပါတယ် ။မဖြစ်နိုင်ပါဘူး ။၈ ပေ စလောင်းမှာလာတဲ့ Channel နဲ့ MRTV-5 မှာလာတာမတူပါဘူး ။ ၈ ပေမှာ လာတာတွေက FTA ( Free to air ) channel တွေပါ ။ သက်ဆိုင်ရာနိုင်ငံတွေက Free လွှင့်နေတာ ပါ ။ ကြားကပိုက်ဆံ၀င်ကောက်သလိုဖြစ်နေပါမယ် ။ မိုးနတ်မင်းများ ကယ်ကြပါဦး ။

တကယ်က Radio လိုင်စင် က စခ့ဲတာပါ ။ ရှေးက သူတို့လွှင့်တာဖမ်းနားထောင်လို့ လွှင့်တ့ဲသူကို အခ ပေးရတာပါ ။ TV စပေါ်တုံးကလဲ ဒီလိုပါဘဲ ။ အဲဒီခေတ်က Radio , TV လွှင့်သူဟာ အစိုးရတွေဘဲဖြစ်လို့ အစိုးရကို License ကြေးဆိုပြီးပေးရတာပါ ။ ခုနောက်ပိုင်းမှာတော့ ကြော်ငြာ ကသာယူပါတော့တယ် ။ Radio ,TV တစ်လုံးချင်းဆီကနေ ပိုက်ဆံလိုက်မကောက်တော့ပါဘူး ။ အလုပ်ရှုပ်မခံတော့ပါဘူး ။

ထူးဆန်းတာတွေ ဖြစ်တတ် ၊ လုပ်တတ်တဲ့ ကျွန်တော် တို့ ရွှေမြန်မာနိုင်ငံမှာ တစ်ချိန်က Video အောက်စက်တွေ ပေါ်တော့ ဗီဒီယို လိုင်စင်ကြေးဆိုပြီး ကောက်ဖူးပါတယ် ။ တကယ်က တစ်ချို့အောက် စက်မှာ TV ဖမ်းနိုင်တ့ဲ Tuner ပါပါတယ် ။ ဒါမျိုးစက်ကိုသာ ကောက်ရမှာပါ ။ မသိချင်ယောင်ဆောင်ပြီးကောက်ခဲ့ သလားမသိပါဘူး ။

ခုလဲ အော်ကျယ်အော်ကျယ် လုပ်နေလို့ မဖြစ်ပါဘူး ။ တော်ကြာ ရှုပ်တယ်ကွာ ၊ အိမ်တိုင်းအိမ်တိုင်းမှာ DVD , VCD တွေရှိ နေတာ အခွန်ကောက်နေပါဦးမယ်ဗျာ ။

မိုးနတ်မင်းကြီးများ ကယ်ပါဦးဗျို့၊မတရားဖြစ်နေပါတယ် ။ ။

XxXxXx

(Zawgyi version)

ျပည္ေထာင္စုျမန္မာႏိုင္ငံသားေတြဟာ ၂၀၀၇ ခုႏွစ္ကုန္ခါနီးမွာ ဓါတ္ဆီ Quota ေလွ်ာ့မယ္ဆိုလို႔ ရင္တထိတ္ထိတ္ နဲ႔ စိုးရိမ္ခ့ဲၾကပါတယ္ ။ ၂၀၀၈ ခု ႏွစ္ဆန္းတစ္ရက္မွာ နဂိုရ္အတိုင္းဘဲ ေပးမယ္ဆိုလို႔ စိိတ္ခ်မ္းသာခဲ့ၾကရပါတယ္ ။ တစ္ရက္ဘဲခံပါတယ္ ။ ေနာက္တစ္မ်ိဳးလာျပန္ပါတယ္ ။ ဒီတစ္ခါက စေလာင္းလိုင္စင္ေၾကးပါ ။
အရင္ႏွစ္ေတြက စေလာင္းလိုင္စင္ေၾကး တစ္ႏွစ္ကို ၆၀၀၀ က်ပ္ ေကာက္ပါတယ္ ။ ခုဒီႏွစ္မွာ တစ္ႏွစ္လား တသက္စာလားမသိပါ ။ ၁,၀၀၀,၀၀၀ က်ပ္ ေကာက္ပါမယ္ ။ ဟုတ္ပါတယ္ ။ က်ပ္ ဆယ္သိန္းပါ ။ အစိုးရ Exchange rate တစ္ေဒၚလာကို ၆ က်ပ္ နဲ႔ တြက္ယင္ ေဒၚလာ တစ္သိန္းခြဲေလာက္က်ပါမယ္ ။ တစ္ႏိုင္ငံလံုးက စေလာင္းခြန္သာ ေဒၚလာနဲ႔ရယင္ ကိုယ္ပိုင္ျဂိဟ္တုေတာင္လႊတ္တင္ႏိုင္မွာပါ ။
ရန္ကုန္သားေတြ ေျပာစရာရေနၾကပါတယ္ ။ အမ်ိဳးမ်ိဳးလဲခန္႔မွန္းေနၾကပါတယ္ ။ MRTV-5 ကိုၾကည့္ေအာင္လုပ္တာလို႔ တစ္ခ်ိဳ႕ကလဲ ထင္ၾကပါတယ္ ။မျဖစ္ႏိုင္ပါဘူး ။၈ ေပ စေလာင္းမွာလာတဲ့ Channel နဲ႔ MRTV-5 မွာလာတာမတူပါဘူး ။ ၈ ေပမွာ လာတာေတြက FTA ( Free to air ) channel ေတြပါ ။ သက္ဆိုင္ရာႏိုင္ငံေတြက Free လႊင့္ေနတာ ပါ ။ ၾကားကပိုက္ဆံ၀င္ေကာက္သလိုျဖစ္ေနပါမယ္ ။ မိုးနတ္မင္းမ်ား ကယ္ၾကပါဦး ။
တကယ္က Radio လိုင္စင္ က စခ့ဲတာပါ ။ ေရွးက သူတို႔လႊင့္တာဖမ္းနားေထာင္လို႔ လႊင့္တ့ဲသူကို အခ ေပးရတာပါ ။ TV စေပၚတံုးကလဲ ဒီလိုပါဘဲ ။ အဲဒီေခတ္က Radio , TV လႊင့္သူဟာ အစိုးရေတြဘဲျဖစ္လို႔ အစိုးရကို License ေၾကးဆိုျပီးေပးရတာပါ ။ ခုေနာက္ပိုင္းမွာေတာ့ ေၾကာ္ျငာ ကသာယူပါေတာ့တယ္ ။ Radio ,TV တစ္လံုးခ်င္းဆီကေန ပိုက္ဆံလိုက္မေကာက္ေတာ့ပါဘူး ။ အလုပ္ရႈပ္မခံေတာ့ပါဘူး ။
ထူးဆန္းတာေတြ ျဖစ္တတ္ ၊ လုပ္တတ္တဲ့ ကြၽန္ေတာ္ တို႔ ေရႊျမန္မာႏိုင္ငံမွာ တစ္ခ်ိန္က Video ေအာက္စက္ေတြ ေပၚေတာ့ ဗီဒီယို လိုင္စင္ေၾကးဆိုျပီး ေကာက္ဖူးပါတယ္ ။ တကယ္က တစ္ခ်ိဳ႕ေအာက္ စက္မွာ TV ဖမ္းႏိုင္တ့ဲ Tuner ပါပါတယ္ ။ ဒါမ်ိဳးစက္ကိုသာ ေကာက္ရမွာပါ ။ မသိခ်င္ေယာင္ေဆာင္ျပီးေကာက္ခဲ့ သလားမသိပါဘူး ။
ခုလဲ ေအာ္က်ယ္ေအာ္က်ယ္ လုပ္ေနလို႔ မျဖစ္ပါဘူး ။ ေတာ္ၾကာ ရႈပ္တယ္ကြာ ၊ အိမ္တိုင္းအိမ္တိုင္းမွာ DVD , VCD ေတြရွိ ေနတာ အခြန္ေကာက္ေနပါဦးမယ္ဗ်ာ ။
မိုးနတ္မင္းၾကီးမ်ား ကယ္ပါဦးဗ်ိဳ႕၊မတရားျဖစ္ေနပါတယ္ ။ ။

01 January 2008

နေပျော်ပါသည် မြန်မာပြည်

(Unicode version)

ကျွန်တော်တို့မြန်မာ စကားပုံ ရှိပါတယ် ။ ပုထုဇနော ဥမ္မာတကော ပါ ။ ကျွန်တော်နားလည်တာကတော့ လူတိုင်းဟာအရူးပါ ။ ဒီစကားပုံမှန်ကန်ကြောင်းပြတဲ့ ဆောင်းပါး ၃၀-၁၂-၂၀၀၇ မှာထုတ်တ့ဲ ကြေးမုံ သတင်းစာ မှာဖတ်လိုက်ရပါတယ် ။ မြန်မာပြည်မှာနေတဲ့သူ တချို့ကလွဲယင် အားလုံးဟာ အရူးတွေပါဘဲ ။ ပျော်စရာကောင်းလိုက်တာဗျာ ။
ဆောင်းပါးခေါင်းစဉ်က နေပျော်ပါသည် မြန်မာပြည် ပါတ့ဲ ၊ ရေးသူကတော့ထုံးစံအတိုင်း နာမည်မပါပါ ။ အငြိမ်းစား၀န်ထမ်းတစ်ဦး လီု့သာပါပါတယ် ။ ဒီဆောင်းမှာ နိုင်ငံအလိုက် ဈေးနှုံးတွေရေးထားပါတယ် ။ နိုင်ငံအလိုက် တစ်နေ့တာကုန်ကျစရိတ်တွေ တင်ပြထားပါတယ် ။ ဆန်ဈေး ၊ ဓတ်ဆီဈေး ၊ ဒီဇယ်ဈေး များ စုံလင်စွာတင်ပြထားပါတယ် ။ ဟုတ်ပါတယ် ၊ မြန်မာပြည်မှာ အသက်သာဆုံးပါဘဲ ။ ဒါဖြင့်ဘာကြောင့် ဒီလောက် နေပျော်တဲ့ နေရာမှာ မနေကြတာပါလိမ့် ၊ ကျွန်တော်ပြောတယ်မဟုတ်လား ၊ လူတွေဟာ အရူးတွေပါလို့ ။
ဆောင်းပါးအရ ပြင်သစ်တွေဟာ အရူးဆုံးပါဘဲ ။ တစ်ရက်ကို ကျပ်၁၃၉၃၀၇.၁၀ ကုန်တ့ဲနေရာ မှာနေကြပါတယ်။ သြော်သနားစရာ ။ ခုမှ တိုးတင်လာတဲ့ ဗီယက်နမ်တောင် တစ်ရက် ၇၇၀၈.၆၉ ကျပ် ကုန်ပါတယ် ။ ဒါဆိုယင် မြန်မာတွေ ဘာလို့နိုင်ငံခြား ထွက်ချင်နေကြပါလိမ့် ။ ဘာလို့ နိုင်ငံခြားသားတွေ ဒီကိုပြောင်းမလာကြပါလိမ့် ။ ကျွန်တော် ဉာဏ်မှီပါဘူး ။
ကျွန်တော် ဉာဏ်မှီသလောက်ပြောရယင် မြန်မာပြည်မှာ တစ်ရက်ကို မြိ့ုပြမှာ ၁၂၆၀.၇၀ ကျပ် ဘဲကုန်ပါတယ် ။ ဂုဏ်ယူစရာ မကောင်းဘးူလားဗျာ ။ တစ်လကို ၃၇၈၂၁ ကျပ်ဘဲကျပါတယ် ။ အလွန်သက်သာပါတယ် ။ လင်မယားနှစ်ယောက်ဆို ၇၅၆၄၂ ကျပ်ဘဲကျပါတယ် ။ လျှပ်စစ်ဘိုး၊ရေဘိုး၊အခြားစရိတ် တွေပေါင်းလိုက်ယင် ၁၀၀,၀၀၀ကျပ်ထားပါတော့ ။ ၀န်ထမ်းေတွေ ဘယ်လိုလုပ် စားနေကြပါလိမ့် ၊ အိမ်စားရိတ်၊ကျောင်းစားရိတ်၊ အား ၊ ကျွန်တော်နားမလည်နိုင်ပါ ။
ဒီလောက်နေပျော်တ့ဲနေရာမှာ မနေဘဲ အားအားယားယား နိုင်ငံခြား ထွက်ချင်နေသူတွေများ အ့ံသြ မိသည် ။ တစ်လ ၂၀၀,၀၀၀ လောက်ရယင် နေစမ်းပါ ။ ဂျွမ်းပစ်ပြီးနေနိုင်တာကို ။ သူတို့မက်တဲ့ ဒေါ်လာန့ဲ ၁၅၃.၈၅ $ ရယင်ပြီးပြီ ။ ( ဆောင်းပါးတွင် တစ်ဒေါ်လာ ၁၃၀၀ကျပ် ဖြင့်တွက်ထားပါသည်) ဘာကြောင့် ထွက်ချင်ကြမှန်း နားမလည်နိုင်ပါဗျာ ။ ဆောင်းပါးမှာ အဲဒီနိုင်ငံတွေမှာ လခ ဘယ်လောက်ရကြတယ်ဆိုတာ ဖေါ် ပြပေးယင်ကောင်းမှာဘဲ ။ နို့မို့ သူတို့ဘယ်လိုစားနေကြပါလိမ့်လို့ ကျွန်တော်တွေးပူနေရဦးမယ် ။
ခုတော့ အဲဒီကလူတွေရူးနေတာ သေချာသည် ။ ။


XxXxXx 

(Zawgyi version) 

ကြၽန္ေတာ္တို႔ျမန္မာ စကားပုံ ရွိပါတယ္ ။ ပုထုဇေနာ ဥမၼာတေကာ ပါ ။ ကြၽန္ေတာ္နားလည္တာကေတာ့ လူတိုင္းဟာအရူးပါ ။ ဒီစကားပံုမွန္ကန္ေၾကာင္းျပတဲ့ ေဆာင္းပါး ၃၀-၁၂-၂၀၀၇ မွာထုတ္တ့ဲ ေၾကးမံု သတင္းစာ မွာဖတ္လိုက္ရပါတယ္ ။ ျမန္မာျပည္မွာေနတဲ့သူ တခ်ဳိ႕ကလြဲယင္ အားလံုးဟာ အရူးေတြပါဘဲ ။ ေပ်ာ္စရာေကာင္းလိုက္တာဗ်ာ ။
ေဆာင္းပါးေခါင္းစဥ္က ေနေပ်ာ္ပါသည္ ျမန္မာျပည္ ပါတ့ဲ ၊ ေရးသူကေတာ့ထံုးစံအတိုင္း နာမည္မပါပါ ။ အျငိမ္းစား၀န္ထမ္းတစ္ဦး လီု႔သာပါပါတယ္ ။ ဒီေဆာင္းမွာ ႏိုင္ငံအလိုက္ ေစ်းႏႈံးေတြေရးထားပါတယ္ ။ ႏိုင္ငံအလိုက္ တစ္ေန႔တာကုန္က်စရိတ္ေတြ တင္ျပထားပါတယ္ ။ ဆန္ေစ်း ၊ ဓတ္ဆီေစ်း ၊ ဒီဇယ္ေစ်း မ်ား စံုလင္စြာတင္ျပထားပါတယ္ ။ ဟုတ္ပါတယ္ ၊ ျမန္မာျပည္မွာ အသက္သာဆံုးပါဘဲ ။ ဒါျဖင့္ဘာေၾကာင့္ ဒီေလာက္ ေနေပ်ာ္တဲ့ ေနရာမွာ မေနၾကတာပါလိမ့္ ၊ ကြၽန္ေတာ္ေျပာတယ္မဟုတ္လား ၊ လူေတြဟာ အရူးေတြပါလို႔ ။
ေဆာင္းပါးအရ ျပင္သစ္ေတြဟာ အရူးဆံုးပါဘဲ ။ တစ္ရက္ကို က်ပ္၁၃၉၃၀၇.၁၀ ကုန္တ့ဲေနရာ မွာေနၾကပါတယ္။ ေၾသာ္သနားစရာ ။ ခုမွ တိုးတင္လာတဲ့ ဗီယက္နမ္ေတာင္ တစ္ရက္ ၇၇၀၈.၆၉ က်ပ္ ကုန္ပါတယ္ ။ ဒါဆိုယင္ ျမန္မာေတြ ဘာလို႔ႏိုင္ငံၿခား ထြက္ခ်င္ေနၾကပါလိမ့္ ။ ဘာလုိ႔ ႏိုင္ငံျခားသားေတြ ဒီကိုေျပာင္းမလာၾကပါလိမ့္ ။ ကြၽန္ေတာ္ ဥာဏ္မွီပါဘူး ။
ကြၽန္ေတာ္ ဥာဏ္မွီသေလာက္ေျပာရယင္ ျမန္မာျပည္မွာ တစ္ရက္ကို ျမိ႔ဳျပမွာ ၁၂၆၀.၇၀ က်ပ္ ဘဲကုန္ပါတယ္ ။ ဂုဏ္ယူစရာ မေကာင္းဘးူလားဗ်ာ ။ တစ္လကို ၃၇၈၂၁ က်ပ္ဘဲက်ပါတယ္ ။ အလြန္သက္သာပါတယ္ ။ လင္မယားႏွစ္ေယာက္ဆို ၇၅၆၄၂ က်ပ္ဘဲက်ပါတယ္ ။ လွ်ပ္စစ္ဘိုး၊ေရဘိုး၊အျခားစရိတ္ ေတြေပါင္းလိုက္ယင္ ၁၀၀,၀၀၀က်ပ္ထားပါေတာ့ ။ ၀န္ထမ္းေေတြ ဘယ္လိုလုပ္ စားေနၾကပါလိမ့္ ၊ အိမ္စားရိတ္၊ေက်ာင္းစားရိတ္၊ အား ၊ ကြၽန္ေတာ္နားမလည္ႏိုင္ပါ ။
ဒီေလာက္ေနေပ်ာ္တ့ဲေနရာမွာ မေနဘဲ အားအားယားယား ႏိုင္ငံျခား ထြက္ခ်င္ေနသူေတြမ်ား အ့ံၾသ မိသည္ ။ တစ္လ ၂၀၀,၀၀၀ ေလာက္ရယင္ ေနစမ္းပါ ။ ဂြၽမ္းပစ္ျပီးေနႏိုင္တာကို ။ သူတို႔မက္တဲ့ ေဒၚလာန႔ဲ ၁၅၃.၈၅ $ ရယင္ျပီးျပီ ။ ( ေဆာင္းပါးတြင္ တစ္ေဒၚလာ ၁၃၀၀က်ပ္ ျဖင့္တြက္ထားပါသည္) ဘာေၾကာင့္ ထြက္ခ်င္ၾကမွန္း နားမလည္ႏိုင္ပါဗ်ာ ။ ေဆာင္းပါးမွာ အဲဒီႏိုင္ငံေတြမွာ လခ ဘယ္ေလာက္ရၾကတယ္ဆိုတာ ေဖၚ ျပေပးယင္ေကာင္းမွာဘဲ ။ ႏို႔မို႔ သူတို႔ဘယ္လိုစားေနၾကပါလိမ့္လို႔ ကြၽန္ေတာ္ေတြးပူေနရဦးမယ္ ။
ခုေတာ့ အဲဒီကလူေတြရူးေနတာ ေသခ်ာသည္ ။ ။

30 December 2007

ခင်မောင်တိုးဆိုတဲ့ ခင်ဝမ်းရဲ့နှုတ်ဆက်ခဲ့ပါတယ်၊



ခင်၀မ်းရဲ့အမှတ်တရ ခင်မောင်တိုးဆိုထားတဲ့ အခွေထဲက VIDEO CLIP ကလေးပါ ။ ခင်၀မ်းအကြောင်းလေးတွေ ထဲ့ထားတာ သဘောကျလို့တင်လိုက်တာပါ ။ 3GP Version မို့လို့စကားလုံးတွေ ဖတ်လို့ရချင်မှရပါဦးမယ် ။ Connection ကောင်းကောင်းရမှ MPEG Format နဲ့ထပ်တင်ပါဦးမယ် ။ မူပိုင်ကတော့ ချိုကြည်သာတေးသံသွင်း ပါ ။ ။

29 December 2007

Myanmar Pyi

(Unicode version)

လူတယောက် အသက် ၆၀ ပြည့်လျှင် မြန်မာပြည်တွင် ပင်စင်ပေးပါသည် ။ မြန်မာတစ်ယောက်အနေနဲ ့ အနားယူသင့်ပြီဟု သတ်မှတ်ပါသည် ။ အငြိမ်းစားဟု အခေါ်ခံရသော်လည်း လက်တွေ ့တွင်မူ အငြိမ်းမစားနိုင်ဘဲ ပူပင်နေရသူက များနေပါသည် ။ ကြီးကံကောင်းသူများသာ တကယ်အငြိမ်းစား နိုင်ပါသည် ။ မြန်မာတစ်ချို ့ကျတော့ လည်း အသက် ၆၀ ကျော်တာတောင် ပြည့်စုံရက်နဲ ့အနားမယူနိုင်ရှာ ။ တိုင်းပြည်အတွက်ဖြစ်မှာပါဗျာ ။
နောက်တစ်ပါတ် အတွင်းတွင် ကျွန်တော်တို ့ အရမ်းရင်းနှီးနေသူတစ်ဦး သက်ပြည့်အငြိမ်းစား ယူပါတော့မည် ။ ကျွန်တော်တို ့နှင့်ပါတ်သက်ရုံမျှမကဘဲ ကျွန်တော်တို ့ဘ၀ ကိုလုံး၀လွှမ်းမိုးနိုင်သူတစ်ဦးလဲဖြစိပါသည် ။ သူကား ၁၉၄၈ ခု ဇန်နဝါရီ ၄ ရက်နေ ့ တွင် မွေးဖွားခဲ့သော မြန်မာပြည်ကြီးပင် ဖြစ်ပါသည် ။ လွန်ခဲ့သော ၂၅ နှစ်ခ့ံက ဗေဒင်ဆရာ စံဇာဏီဘို နှင့်တွေ ့စဉ် မြန်မာပြည်ကြီးကို လူတစ်ယောက်အနေနှင့် ဗေဒင်တွက်နိုင်သလားမေးကြည့်ဘူးရာ တွက်နိုင်ကြောင်းပြောပြီး သူတွက်ထားတာပြခ့ဲဘူးတာ မှတ်မိနေပါသည် ။
မြန်မာပြည်ကြီးသည် မွေးကာစကပင် ပြည်တွင်းစစ်ဒဏ်ခံခဲ့ရသည် ။ ၁၄ နှစ်သား ၁၉၆၂ တွင်တစ်ခါ ၊ အသက် ၄၀ ၊ ၁၉၈၈ တွင်တစ်ခါ ကြီးစွာသော အပြောင်းအလဲကို ကြုံခ့ဲရသည် ။ ထိုအဖြစ်အပျက်များ ဗေဒင်အရမှန်မမှန်ကိုမူ ဆရာများ သိနိုင်ပါလိမ့်မည်။ အသက် ၆၀ ပြည့်ပြီးချိန်တွင် အငြိမ်းစား ရ မရ ကိူမူ တွက်ပြီးသူများ ပြောပြသင့်ပါသည် ။ အငြိမ်းစား ရယုံ မကဘဲ အသက်ပါ ဆုံးရှုံးနိုင်သည် ဆိုလျှင်ပြသနာပါ ။ သို ့မဟုတ် အမှန်တကယ်ကိုပင် အငြိမ်းစားရပြီး အေးချမ်းတော့ မည်ဆိုလျှင်တော့ အကောင်းဆုံးဖြစ်မည် ။
ဆရာစံဇာဏီဘို နှင့်ပြောစဉ်က မြန်မာပြည်ကို ယောက်ကျားအနေနှင့် သတ်မှတ်လား မိန်းမအနေနှင့် သတ်မှတ်လား မမေးမိခဲ့ ၊ ဗေဒင်ဆရာများ ကတော့သိပါလိမ့်မည် ။ မြန်မာများက ကိုယ့်နိုင်ငံကိုယ် အမိ မြန်မာပြည် ဟု သုံးလေ့ရှိပြီး အနောက်နိုင်ငံများက ကိုယ့်နိုင်ငံကိုယ် Father Land ဟုသုံးလေ့ရှိသောကြောင့်ဖြစိသည် ။ ဟောစာတမ်း ကို WEB PAGE တွင်ဖတ်မိသူများ အကြောင်းကြားစေလိုပါသည်ခင်ဗျား ။ ။


XxXxXx

(Zawgyi version )

လူတေယာက္ အသက္ ၆၀ ျပည့္လွ်င္ ျမန္မာျပည္တြင္ ပင္စင္ေပးပါသည္ ။ ျမန္မာတစ္ေယာက္အေနနဲ ့ အနားယူသင့္ျပီဟု သတ္မွတ္ပါသည္ ။ အျငိမ္းစားဟု အေခၚခံရေသာ္လည္း လက္ေတြ ့တြင္မူ အျငိမ္းမစားႏိုင္ဘဲ ပူပင္ေနရသူက မ်ားေနပါသည္ ။ ၾကီးကံေကာင္းသူမ်ားသာ တကယ္အျငိမ္းစား ႏိုင္ပါသည္ ။ ျမန္မာတစ္ခ်ိဳ ့က်ေတာ့ လည္း အသက္ ၆၀ ေက်ာ္တာေတာင္ ျပည့္စံုရက္နဲ ့အနားမယူႏိုင္ရွာ ။ တိုင္းျပည္အတြက္ျဖစ္မွာပါဗ်ာ ။
ေနာက္တစ္ပါတ္ အတြင္းတြင္ ကြၽန္ေတာ္တို ့ အရမ္းရင္းႏွီးေနသူတစ္ဦး သက္ျပည့္အျငိမ္းစား ယူပါေတာ့မည္ ။ ကြၽန္ေတာ္တို ့ႏွင့္ပါတ္သက္ရံုမွ်မကဘဲ ကြၽန္ေတာ္တို ့ဘ၀ ကိုလံုး၀လႊမ္းမိုးႏိုင္သူတစ္ဦးလဲျဖစိပါသည္ ။ သူကား ၁၉၄၈ ခု ဇန္န၀ါရီ ၄ ရက္ေန ့ တြင္ ေမြးဖြားခဲ့ေသာ ျမန္မာျပည္ၾကီးပင္ ျဖစ္ပါသည္ ။ လြန္ခဲ့ေသာ ၂၅ ႏွစ္ခ့ံက ေဗဒင္ဆရာ စံဇာဏီဘို ႏွင့္ေတြ ့စဥ္ ျမန္မာျပည္ၾကီးကို လူတစ္ေယာက္အေနႏွင့္ ေဗဒင္တြက္ႏိုင္သလားေမးၾကည့္ဘူးရာ တြက္ႏိုင္ေၾကာင္းေျပာျပီး သူတြက္ထားတာျပခ့ဲဘူးတာ မွတ္မိေနပါသည္ ။
ျမန္မာျပည္ၾကီးသည္ ေမြးကာစကပင္ ျပည္တြင္းစစ္ဒဏ္ခံခဲ့ရသည္ ။ ၁၄ ႏွစ္သား ၁၉၆၂ တြင္တစ္ခါ ၊ အသက္ ၄၀ ၊ ၁၉၈၈ တြင္တစ္ခါ ၾကီးစြာေသာ အေျပာင္းအလဲကို ၾကံဳခ့ဲရသည္ ။ ထိုအျဖစ္အပ်က္မ်ား ေဗဒင္အရမွန္မမွန္ကိုမူ ဆရာမ်ား သိႏိုင္ပါလိမ့္မည္။ အသက္ ၆၀ ျပည့္ျပီးခ်ိန္တြင္ အျငိမ္းစား ရ မရ ကိူမူ တြက္ျပီးသူမ်ား ေျပာျပသင့္ပါသည္ ။ အျငိမ္းစား ရယံု မကဘဲ အသက္ပါ ဆံုးရွုံးႏိုင္သည္ ဆိုလွ်င္ျပသနာပါ ။ သို ့မဟုတ္ အမွန္တကယ္ကိုပင္ အျငိမ္းစားရျပီး ေအးခ်မ္းေတာ့ မည္ဆိုလွ်င္ေတာ့ အေကာင္းဆံုးျဖစ္မည္ ။
ဆရာစံဇာဏီဘို ႏွင့္ေျပာစဥ္က ျမန္မာျပည္ကို ေယာက္က်ားအေနႏွင့္ သတ္မွတ္လား မိန္းမအေနႏွင့္ သတ္မွတ္လား မေမးမိခဲ့ ၊ ေဗဒင္ဆရာမ်ား ကေတာ့သိပါလိမ့္မည္ ။ ျမန္မာမ်ားက ကိုယ့္ႏိုင္ငံကိုယ္ အမိ ျမန္မာျပည္ ဟု သံုးေလ့ရွိျပီး အေနာက္ႏိုင္ငံမ်ားက ကိုယ့္ႏိုင္ငံကိုယ္ Father Land ဟုသံုးေလ့ရွိေသာေၾကာင့္ျဖစိသည္ ။ ေဟာစာတမ္း ကို WEB PAGE တြင္ဖတ္မိသူမ်ား အေၾကာင္းၾကားေစလိုပါသည္ခင္ဗ်ား ။ ။

25 December 2007

thai polled - 2

မေန ့က ယ္ုးဒယား ေရြးေကာက္ပြဲမွာ သက္ဆင္ကိုေထာက္ခံတဲ့ပါတီ အႏိုင္ရသြားပါတယ္ ။ အမ်ားစုရဖို ့ မဲအနည္းငယ္ဘဲ လိုပါေတာ့တယ္ ။ ယိုးဒယားစစ္တပ္ ဘာလုပ္မလဲ ေစာင့္ၾကည့္ရပါမယ္ ။ ေျမာက္ပိုင္း ဇင္းမယ္ က ppp ပါတီ က္ုဘဲ မဲေပးခဲ့ ၾကတယ္ ။ ေတာင္ပိုင္း Bangkok ကေတာ့ ဆန္ ့က်င္ဖက္ပါတီကို မဲေပးခဲ့ၾကပါတယ္ ။
ကြၽန္ေတာ္တို ့ဆီက်ယင္လဲ ဘယ္လိုျဖစ္မလဲ ေတြးၾကည့္မိပါတယ္ ။ မုန္ ့ဆီေက်ာ္ကျဖင့္ဘယ္မွန္းမသိ မေျပာၾကပါနဲ ့ ။ လာေတာ့လာပါလိမ့္မယ္ ။ လာယင္ဘာလုပ္ၾကမွာလဲ ။ ၁၀၀ % ရမွ စၾကမယ္ဆိုယင္ေတာ့ ဒီဘ၀ မွာ မွီမယ္မထင္ဘူး ။ အၾကိမ္ၾကိမ္ျပင္ေနတာနဲ႔ ဘဲ ျပီးသြားလိမ့္မယ္ ။ ရသေလာက္နဲ ့ စၾကရယင္မေကာင္းဘူးလား ။ ဒီလိုေျပာလို ့ ကြၽန္ေတာ့္ကို ဘက္ မသတ္မွတ္ၾကပါနဲ ့ ။ ဘယ္ဘက္ကမွ မဟုတ္ပါ ။
ယိုးဒယား အေျခအေနကို ၾကည့္ယင္ ၂၁ ရာစုရဲ ့ ေခါင္းေဆာင္ဟာ မ်ိဳးခ်စ္စိတ္ရွိဖို ့ အဓိက မဟုတ္ေတာ့ဘဲ စီးပြားေရးလုပ္တတ္ဖို ့အဓိကျဖစ္ေနတာ ေတြ ့ရမွာပါ ။ သက္ဆင္ ဟာ သူ ့ အတြက္လုပ္သြားတာေတြ ရွိပါလိမ့္မယ္ ၊ ဒါေပမဲ့ ႏိုင္ငံအတြက္လဲ လုပ္သြားတဲ့ အတြက္လဲ တ၀က္ေလာက္က ခြင့္လႊႊတ္ၾကတာေနမွာေပါ့ ။ ေခါင္းေဆာင္က အားလံုးနီးပါး သူ့အတြက္ၾကိးဘဲ လုပ္သြားယင္ေတာ့ ၀ိုင္းဆဲတာခံရမွာေပါ့ ။
ခက္တာက ကိုယ္တိုင္ ဘာလုပ္ေနမွန္း မသိတာပါ ။ မရွိတာထက္ မသိတာခက္တာေပါ့။ ရိုးရိုးသားသားလုပ္ေသာ္လည္း အရည္အခ်င္း မရွိယင္ျပသနာ ဘဲ ။ အခ်ိန္ကုန္ အက်ိဳးမရွိ ျဖစ္သြားမွာပါ ။ ဘယ္သူကမွေတာ့ တမင္ပ်က္ေအာင္လုပ္လိုက္မဟ့ဲ လို ့ေတြးလုပ္မွာ မဟုတ္ဘူးထင္ပါတယ္ ။ ၾကားဖူးတ့ဲ ပံုျပင္ထဲက ေမာင္အငယ္ဆံုး ဆိုယင္ေတာ့ မသိဘူးေပါ့ ။
မိတ္ေဆြတို ့ ၊ ခုေရးေနတာ ယိုးဒယား ႏိုင္ငံကီုၾကည့္ေရးေနတာပါ ။ အေရးမတတ္ေတာ့ ဟိုေရာက္ဒီေရာက္ ျဖစ္သြားတတ္ပါတယ္ ။ ဟိုထင္ဒီထင္လဲ မျဖစ္ၾကပါနဲ ့ဗ်ာ ။ ။