(Unicode version )
ဒေါ်အောင်ဆန်းစုကြည် သမတမဖြစ်နိုင်သေးပါ။ တနေ့ဖြစ်ရပါမည်။ ကျွန်တော်တော့ နေ့တိုင်းဆန္ဒပြုသည်။ ဒေါ်စုအတွက် အဓိကမဟုတ်ပါ။ မြန်မာပြည်နှင့် နိုင်ငံသားတွေအတွက် အဓိကပါ။ king.(Queen) မဖြစ်ဘဲ king maker ဖြစ်သော်လည်း မကြေနပ်နိုင်ပါ။ တန်ရာ တန်ရာရမှသာ ကြေနပ်ပါမည်။
.
မနက်ဖြန် ကြေငြာမည် ့ ဝန်ကြီးစာရင်း လွှတ်တော်ပို့စဉ်က နိုင်ငံခြားရေးဌာနကို ထိပ်ဆုံးမှာ ထားသဖြင့် ဒေါ်စု တာဝန်ယူမည်ဟု သတင်းများထွက်လာသည်။ သို့မှသာ ကာလုံအစည်းအဝေးတွင် ပါနိုင်မှာမို့လို့ဟု ပြောကြသည်။ ဒေါ်စုမတက်သောအစည်းအဝေး တန်ဖိုးသူ့ဖာသာ ကျသွားပါလိမ့်မည်။ မဖြစ်မနေလုပ်ရချိန်တွင်လဲ မိမိဘက်သားများကိုသာ လိုသည်များမှာလိုက်ရုံသာရှိသည်။
.
တချို့ကလဲ သမတရုံးဝန်ကြီး နေရာမှ စီစဉ်ညွှန်ကြားနိုင်သည်တ့ဲ။ မလိုအပ်ဟုထင်သည်။ ယခုလဲ ပါတီဥက္ကဌ လူထုခေါင်းဆောင်အနေဖြင့် စီမံခန့်ခွဲနိုင်ပြီးဖြစ်သည်။ ပါတီခေါင်းဆောင် သာမန်လွှတ်တော်ကိုယ်စားလှယ် အဖြစ်နေပြီး နောက်ကွယ်မှ စီမံခြင်းဖြင့် အေးအေးဆေးဆေးလဲ လုပ်နိုင်သည်။ မလိုအပ် မတက်ချင်သောပွဲများက်ိုလဲ ရှောင်ရှားနိုင်သည်။
.
လောလောဆယ် ကြားရသည့်သတင်းအရပင် ကောင်းကွက်တခု တွေ့နေရပါ
ပြီ။ သတင်း၏တိကျမှုကိုတော့ မသိရပါ။ တပ်မတော်နေ့ညစာစားပွဲ တက်ဖို့ဖိတ်တာ သမတဘဲဖိတ်ပါ၊ သမတကအရေးအကြီးဆုံးပါဟု ပြော၍ငြင်းလိုက်သည်ဆိုသည်။ မတက်ချင်လျှင် ငြင်း၍သင့်တော်သည်။ အခြားပြည်တွင်းပြည်ပ ပုဂိ္ဂုလ်များကိုလည်း မတွေ့လိုလျှင် ထိုနည်းအတိုင်းပင် ပြုမူနိုင်ပါသည်။ အနားရသည်ပေါ့။
.
သို့သော် ဒေါ်အောင်ဆန်းစုကြည် တသက်လုံး ဒီအဆင့်ဘဲ နေသွားရမှာလားဟု မပွားကြပါနှင့်။ လုံးဝ မဟုတ်ပါ။ သူနှင့်အထိုက်တန်ဆုံး နိုင်ငံတော်နှင့်အစိုးရ အကြီးအကဲ သမတဖြစ်ရပါဦးမည်။ မလိုသူတွေဆွဲခ့ဲသည့် နာဂစ်ခြေဥကို ပြင်နိုင်ဖို့ ဝိုင်းဝန်းကူည်ီအားပေးကြပါစို့။ ။
XxXxXx
(Zawgyi version)
.
.
.
.
No comments:
Post a Comment
Thank you.