07 November 2018

၂၀၂၀ မပေါ့ဆကြစေလို၊


(Zawgyi version )

   ၿပီးခ့ဲေသာ ရက္ပိုင္းအတြင္းက ၾကားျဖၾကားျဖတ္ေရြးေက ၿပီးခ့ဲပါၿပီ။ ေကာ္မ႐ွင္က ကန္႔ကြက္မႈအခ်ိဳ႕ ႐ွိေနေသာ္လည္း အႏိုင္ရသူကို ေၾကျငာခ့ဲပါၿပီ။ NLD ပါတီအေနျဖင့္ ေနရာအနည္းငယ္ ေလ်ာ့ခ့ဲပါသည္။
.
ဤအေျခအေနကို မ်ိဳးစံုေကာက္ခ်က္ခ်ၾကသည္။ အနီေၾကာင္မ်ားႏွင့္ အနီေယာင္ေဆာင္မ်ားက NLD ကို လူႀကိဳက္နည္းၿပီဟု ဝါဒျဖန္႔ၾကသည္။ ျပည္သူေတြ ဒီမိုကေရစီကို စိတ္မဝင္စားၾကေတာ့ဟုလည္း ေအာ္ၾကသည္။ ေသခ်ာတာကေတာ့ ဒီတႀကိမ္ ေရြးေကာက္ပြဲကို လူစိတ္ဝင္စားမႈ နည္းတာအမွန္။ ၾကားျဖတ္မို႔ ျဖစ္မည္ထင္ပါသည္။
.
သူတို႔ ဝါဒျဖန္႔သလို NLD ကို လူႀကိဳက္နည္းသြားသျဖင့္ NLD က်ဆံုးခန္း စၿပီလား။ လံုးဝ မျဖစ္ႏိုင္၊ မျဖစ္သင့္။  လက္႐ွိ ျမန္မာ့ႏိုင္ငံေရး အေျခအေနအရ NLD က်ဆံုးလွ်င္ ျမန္မာ့ဒီမိုကေရစီ က်ဆံုးသည္ႏွင့္ အတူတူ ျဖစ္ေနေသာေၾကာင့္ပါ။ ေလာေလာဆယ္ တတိယ အင္အားစုဆိုတာ မ႐ွိ။ ၂၀၂၀ မတိုင္ခင္လည္း ေပၚေပါက္လာႏိုင္စရာ မျမင္။
.
ထို႔အတြက္ စစ္တပ္ေနာက္ခံ ၾကံ့ဖြတ္ႏွင့္ NLDသာ ယွဥ္စရာ ႐ွိသည္။ NLDကို ျပည္သူေတြ မဲမေပးလွ်င္ တပ္ႏွင့္ေပါင္းၿပီး ၾကံ့ဖြတ္ေတြ အာဏာျပန္ရသြားလိမ့္မည္။ ျမန္မာႏိုင္ငံသားတို႔ ႏိုင္ငံေရးေရခ်ိန္ကို ယံုသျဖင့္ ၂၀၂၀က်လွ်င္ မဲေပးၾကလိမ့္မည္ဟု ယံုပါသည္။
.
NLD ပါတီအေနႏွင့္ အဓိကထား လုပ္ရမည့္အခ်က္မွာ တိုင္းရင္းသားပါတီမ်ားႏွင့္ ဆက္ဆံေရးျဖစ္သည္။ တိုင္းရင္းသားမဲမ်ား ရေရးအတြက္ မဟာမိတ္တိုင္းရင္းသား ပါတီမ်ား  ခိုင္မာေအာင္ လုပ္ဖို႔လိုလိမ့္မည္။
.
NLDပါတီ အမတ္မ်ားအေနႏွင့္ လက္က်န္ႏွစ္ႏွစ္အတြင္း ျပည္သူႏွင့္ မဲဆႏၵ႐ွင္မ်ားႏွင့္ ပိုထိေတြ႔ဖို႔ လိုမည္။ တခ်ိဳ႕ဆို႔ ေရြးေကာက္ပြဲ ၿပီးကတည္းက တခါမွေပၚမလာတ့ဲ။ ပါတီလူႀကီးမ်ားကလည္း ေနာက္တႀကိမ္ ကိုုယ္စားလွယ္ ေရြးရာတြင္ ေဒသအသံကို ပိုမိုနားေထာင္ ေပးေစလိုပါသည္။
.
ေသခ်ာတာကေတာ့ ၂၀၂၀အတြက္ ပါတီေရာ ျပည္သူပါ မေပါ့ဆသင့္ပါ။ NLD ပါတီကို မဲေပးၾကသည္မွာ အေမ ေဒၚေအာင္ဆန္းစုၾကည္ေၾကာင့္ဆိုတာ အားလံုးအသိပါ။ အေမအေနႏွင့္ ဘယ္ေလာက္ လုပ္ေနရသလည္း သတိထားၾကပါ။ အေမစု လက္ႏွင့္ေရးသမွ်ကို ေျချဖင့္ မဖ်က္မိၾကပါေစႏွင့္။   ။

XxXxXx

(Unicode version )

   ပြီးခ့ဲသော ရက်ပိုင်းအတွင်းက ကြားဖြတ်ရွေးကောက်ပွဲ ပြီးခ့ဲပါပြီ။ ကော်မရှင်က ကန့်ကွက်မှုအချို့ ရှိနေသော်လည်း အနိုင်ရသူကို ကြေငြာခ့ဲပါပြီ။ NLD ပါတီအနေဖြင့် နေရာအနည်းငယ် လျော့ခ့ဲပါသည်။

.

ဤအခြေအနေကို မျိုးစုံကောက်ချက်ချကြသည်။ အနီကြောင်များနှင့် အနီယောင်ဆောင်များက NLD ကို လူကြိုက်နည်းပြီဟု ဝါဒဖြန့်ကြသည်။ ပြည်သူတွေ ဒီမိုကရေစီကို စိတ်မဝင်စားကြတော့ဟုလည်း အော်ကြသည်။ သေချာတာကတော့ ဒီတကြိမ် ရွေးကောက်ပွဲကို လူစိတ်ဝင်စားမှု နည်းတာအမှန်။ ကြားဖြတ်မို့ ဖြစ်မည်ထင်ပါသည်။

.

သူတို့ ဝါဒဖြန့်သလို NLD ကို လူကြိုက်နည်းသွားသဖြင့် NLD ကျဆုံးခန်း စပြီလား။ လုံးဝ မဖြစ်နိုင်၊ မဖြစ်သင့်။ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေအရ NLD ကျဆုံးလျှင် မြန်မာ့ဒီမိုကရေစီ ကျဆုံးသည်နှင့် အတူတူ ဖြစ်နေသောကြောင့်ပါ။ လောလောဆယ် တတိယ အင်အားစုဆိုတာ မရှိ။ ၂၀၂၀ မတိုင်ခင်လည်း ပေါ်ပေါက်လာနိုင်စရာ မမြင်။

.

ထို့အတွက် စစ်တပ်နောက်ခံ ကြံ့ဖွတ်နှင့် NLDသာ ယှဉ်စရာ ရှိသည်။ NLDကို ပြည်သူတွေ မဲမပေးလျှင် တပ်နှင့်ပေါင်းပြီး ကြံ့ဖွတ်တွေ အာဏာပြန်ရသွားလိမ့်မည်။ မြန်မာနိုင်ငံသားတို့ နိုင်ငံရေးရေချိန်ကို ယုံသဖြင့် ၂၀၂၀ကျလျှင် မဲပေးကြလိမ့်မည်ဟု ယုံပါသည်။

.

NLD ပါတီအနေနှင့် အဓိကထား လုပ်ရမည့်အချက်မှာ တိုင်းရင်းသားပါတီများနှင့် ဆက်ဆံရေးဖြစ်သည်။ တိုင်းရင်းသားမဲများ ရရေးအတွက် မဟာမိတ်တိုင်းရင်းသား ပါတီများ ခိုင်မာအောင် လုပ်ဖို့လိုလိမ့်မည်။

.

NLDပါတီ အမတ်များအနေနှင့် လက်ကျန်နှစ်နှစ်အတွင်း ပြည်သူနှင့် မဲဆန္ဒရှင်များနှင့် ပိုထိတွေ့ဖို့ လိုမည်။ တချို့ဆို့ ရွေးကောက်ပွဲ ပြီးကတည်းက တခါမှပေါ်မလာတ့ဲ။ ပါတီလူကြီးများကလည်း နောက်တကြိမ် ကိုယ်စားလှယ် ရွေးရာတွင် ဒေသအသံကို ပိုမိုနားထောင် ပေးစေလိုပါသည်။

.

သေချာတာကတော့ ၂၀၂၀အတွက် ပါတီရော ပြည်သူပါ မပေါ့ဆသင့်ပါ။ NLD ပါတီကို မဲပေးကြသည်မှာ အမေ ဒေါ်အောင်ဆန်းစုကြည်ကြောင့်ဆိုတာ အားလုံးအသိပါ။ အမေအနေနှင့် ဘယ်လောက် လုပ်နေရသလည်း သတိထားကြပါ။ အမေစု လက်နှင့်ရေးသမျှကို ခြေဖြင့် မဖျက်မိကြပါစေနှင့်။ ။

03 November 2018

၂၀၂၀အတွက် ကြိုတင်စဉ်းစားကြည့်ခြင်း၊

 
(Unicode version )

   မဲပေးနေကြပြီ။ ၂၀၂၀မတိုင်ခင်အထိ နောက်ဆုံးဖြစ်မည်ထင်သည်။ ပြည်သူချစ်သော NLDပါတီသည် ကျင်းပနေသော ၁၃နေရာတွင် ကိုးနေရာလောက် နိုင်မည်ထင်သည်။ တိုင်းရင်းသားပြည်နယ်နေရာများသာ စောင့်ကြည့်ဖို့ လိုပါလိမ့်မည်။

.

အရေးကြီးသည်မှာ ၂၀၂၀ရွေးကောက်ပွဲပါ။ ယှဉ်ဘက် ပြည်ခိုင်ဖြိုးပါတီ ဤကြားဖြတ်တွင် ပြတ်ပြတ်သားသား ကျဆုံးခ့ဲလျှင် ၂၀၂၀တွင် တိုင်းရင်းသားပြည်နယ်များတွင် ဘယ်လိုလုပ်မလဲ စဉ်းစားကြည့်မိသည်။ သူတို့သည် ပြိုင်ဘက်များမဟုတ်၍ လက်တွဲဘော်ဖြစ်အောင် မူဝါဒချသင့်ပါပြီ။

.

NLD အနေနဲ့ ၂၀၂၀တွင် တိုင်းရင်းသားပါတီများနှင့် ယှဉ်အရွေးခံဦးမလား။ ကိုယ်ပွားတိုင်းရင်းသားပါတီ (သို့) လက်တွဲမည့် မဟာမိတ်တိုင်းရင်းသားပါတီများသာ ပြိုင်အရွေးခံစေမည်လား။ ကြိုတင်ကြေငြာခြင်းဖြင့် တိုင်းရင်းသားစည်းလုံးရေး စလုပ်သင့်သည်ဟု ထင်မိပါသည်။

.

၂၀၂၀မတိုင်ခင် ခြေဥ မပြင်နိုင်မှာ သေချာပါသည်။ လက်ရှိခြေဥနှင့် မညီသော်လည်း ပြည်နယ်များတွင် အများဆုံအနိုင်ရသည့် ပါတီအား ပြည်နယ်အစိုးရ ဝန်ကြီးချုပ်ခန့်မည်ဟုတော့ အနည်းဆုံး အခွင့်အရေး ပေးသင့်သည်။ ကျန်အစိုးရ အဖွဲ့ဝင်နေရာများ အတွက်တော့ ညှိရမှာပေါ့။ တိုင်းရင်းသားများအတွက် အခွင့်အရေး ပေးနိုင်ဖို့ စဉ်းစားကြည့်တာသာ ဖြစ်သည်။

.

ပိုမိုကောင်းမွန်သော အိုင်ဒီယာများလည်း ရှိနေနိုင်ပါသည်။ ဆန္ဒစောနေမိခြင်း ဖြစ်သည်။ တိုင်းရင်းသားများကသာ NLDပါတီကို မယုံကြည်လျှင် ပြည်ထောင်စုတို့ ဖက်ဒရယ်တို့ဆိုတာတွေ ဝေးပြီဟုထင်မိပါကြောင်း။ ။

XxXxXx

(Zawgyi version)


 မဲေပးေနၾကၿပီ။ ၂၀၂၀မတိုင္ခင္အထိ ေနာက္ဆံုးျဖစ္မည္ထင္သည္။ ျပည္သူခ်စ္ေသာ NLDပါတီသည္ က်င္းပေနေသာ ၁၃ေနရာတြင္ ကိုးေနရာေလာက္ ႏိုင္မည္ထင္သည္။ တိုင္းရင္းသားျပည္နယ္ေနရာမ်ားသာ ေစာင့္ၾကည့္ဖို႔ လိုပါလိမ့္မည္။
.
အေရးႀကီးသည္မွာ ၂၀၂၀ေရြးေကာက္ပြဲပါ။ ယွဥ္ဘက္ ျပည္ခိုင္ၿဖိဳးပါတီ ဤၾကားျဖတ္တြင္ ျပတ္ျပတ္သားသား က်ဆံုးခ့ဲလွ်င္ ၂၀၂၀တြင္ တိုင္းရင္းသားျပည္နယ္မ်ားတြင္ ဘယ္လိုလုပ္မလဲ စဥ္းစားၾကည့္မိသည္။ သူတို႔သည္ ၿပိဳင္ဘက္မ်ားမဟုတ္၍ လက္တြဲေဘာ္ျဖစ္ေအာင္ မူဝါဒခ်သင့္ပါၿပီ။
.
NLD အေနနဲ႔ ၂၀၂၀တြင္ တိုင္းရင္းသားပါတီမ်ားႏွင့္ ယွဥ္အေရြးခံဦးမလား။ ကိုယ္ပြားတိုင္းရင္းသားပါတီ (သို႔) လက္တြဲမည့္ မဟာမိတ္တိုင္းရင္းသားပါတီမ်ားသာ ၿပိဳင္အေရြးခံေစမည္လား။ ႀကိဳတင္ေၾကျငာျခင္းျဖင့္ တိုင္းရင္းသားစည္းလံုးေရး စလုပ္သင့္သည္ဟု ထင္မိပါသည္။
.
၂၀၂၀မတိုင္ခင္ ေျခဥ မျပင္ႏိုင္မွာ ေသခ်ာပါသည္။ လက္႐ွိေျခဥႏွင့္ မညီေသာ္လည္း ျပည္နယ္မ်ားတြင္ အမ်ားဆံုအနိဳင္ရသည့္ ပါတီအား ျပည္နယ္အစိုးရ ဝန္ႀကီးခ်ဳပ္ခန္႔မည္ဟုေတာ့ အနည္းဆံုး အခြင့္အေရး ေပးသင့္သည္။ က်န္အစိုးရ အဖြဲ႔ဝင္ေနရာမ်ား အတြက္ေတာ့ ညႇိရမွာေပါ့။ တိုင္းရင္းသားမ်ားအတြက္ အခြင့္အေရး ေပးႏိုင္ဖို႔ စဥ္းစားၾကည့္တာသာ ျဖစ္သည္။
.
ပိုမိုေကာင္းမြန္ေသာ အိုင္ဒီယာမ်ားလည္း ႐ွိေနႏိုင္ပါသည္။ ဆႏၵေစာေနမိျခင္း ျဖစ္သည္။ တိုင္းရင္းသားမ်ားကသာ NLDပါတီကို မယံုၾကည္လွ်င္ ျပည္ေထာင္စုတို႔ ဖက္ဒရယ္တို႔ဆိုတာေတြ ေဝးၿပီဟုထင္မိပါေၾကာင္း။   ။

23 October 2018

တို့ပြည်အတွက်သူရဲကောင်း



(Unicode version)


သံစဉ်ရိုးရိုးလေးနဲ့ စာသားကောင်းတ့ဲ ဒီသီချင်းကို နားထောင်ရင်း စဉ်းစားမိတယ်။

.

ပြည်တော်သာစီမံကိန်းလုပ်တော့ ဦးနုက လူထုစည်းရုံးဖို့ သီချင်းဆိုပြိုင်ပွဲ လုပ်သတ့ဲ။ အထက်ဗမာပြည် အောက်ဗမာပြည်ခွဲပြီး ဆုပေးသတ့ဲ။.

.

အောက်ဗမာပြည်က စီမံကိန်းစာသားတွေ ထည့်ပြီးဆိုတ့ဲသီချင်းက ဆုရတယ်။ တနိုင်ငံလုံးလည်း သူဘဲရသတ့ဲ။ အထက်ဗမာပြည်မှာ မြို့မငြိမ်းကို ရေးခိုင်းတော့ စီမံကိန်းဝါဒဖြန့် စာသားတွေမပါဘဲ ''လူချွန်လူကောင်း'' သီချင်းရေးပေးတာ ဆုမရဘူး။

.

ဒါပေမယ့် နှစ်၇၀ကြာသည်အထိ ဘယ်သီချင်း ကျန်ရစ်သလဲ သိသာပါတယ်။ ဝါဒဖြန့်စာသားသုံး ရေးခိုင်းရင် အောင်မြင်ဖို် မလွယ်ပါဘူး။ မဆလ နဝတခေတ် သီချင်းတွေ အများကြီး ပျောက်ကုန်ပေါ့။

.

ခုသီချင်း ''တို့ပြည်အတွက် သူရဲကောင်း'' ကလည်း အမိန့်နဲ့ ရေးခိုင်းတာမဟုတ်လို့ အဆင်ပြေတာပါ။အများလည်း သီဆိုနိုင်ပြီး ဗိုလ်ချုပ်ရော ဒေါ်စုကိုပါ ထည့်စပ်ထားတာမို့ တွင်ကျန်ပါစေ။

XxXxXx

(Zawgyi version)


သံစဥ္႐ိုး႐ိုးေလးနဲ႔ စာသားေကာင္းတ့ဲ ဒီသီခ်င္းကို နားေထာင္ရင္း စဥ္းစားမိတယ္။
.
ျပည္ေတာ္သာစီမံကိန္းလုပ္ေတာ့ ဦးႏုက လူထုစည္းရံုးဖို႔ သီခ်င္းဆိုၿပိဳင္ပြဲ လုပ္သတ့ဲ။ အထက္ဗမာျပည္ ေအာက္ဗမာျပည္ခြဲၿပီး ဆုေပးသတ့ဲ။.
.
ေအာက္ဗမာျပည္က စီမံကိန္းစာသားေတြ ထည့္ၿပီးဆိုတ့ဲသီခ်င္းက ဆုရတယ္။ တႏိုင္ငံလံုးလည္း သူဘဲရသတ့ဲ။ အထက္ဗမာျပည္မွာ ၿမိဳ႕မၿငိမ္းကို ေရးခိုင္းေတာ့ စီမံကိန္းဝါဒျဖန္႔ စာသားေတြမပါဘဲ ''လူခြၽန္လူေကာင္း'' သီခ်င္းေရးေပးတာ ဆုမရဘူး။
.
ဒါေပမယ့္ ႏွစ္၇၀ၾကာသည္အထိ ဘယ္သီခ်င္း က်န္ရစ္သလဲ သိသာပါတယ္။ ဝါဒျဖန္႔စာသားသံုး ေရးခိုင္းရင္ ေအာင္ျမင္ဖို္ မလြယ္ပါဘူး။ မဆလ နဝတေခတ္ သီခ်င္းေတြ အမ်ားႀကီး ေပ်ာက္ကုန္ေပါ့။
.
ခုသီခ်င္း ''တို႔ျပည္အတြက္ သူရဲေကာင္း'' ကလည္း အမိန္႔နဲ႔ ေရးခိုင္းတာမဟုတ္လို႔ အဆင္ေျပတာပါ။အမ်ားလည္း သီဆိုႏိုင္ၿပီး ဗိုလ္ခ်ဳပ္ေရာ ေဒၚစုကိုပါ ထည့္စပ္ထားတာမို႔ တြင္က်န္ပါေစ။

18 October 2018

ရန်ကုန်အစိုးရ နဲ့ ညိုညိုသင်း

(Unicode version)

အဂတိစစ်ဆေးရေးရုံးကို ရန်ကုန်တိုင်းအစိုးရကိစ္စ ညိုညိုသင်းတိုင်တာ ဘာလို့ ဒေါသထွက်ကြတာလည်း ကျနော်စဉ်းစားမရဘူး။ ကျနော်တော့ အားပေးတယ်ဗျာ။

.

ပထမအချက်က ရန်ကုန်အစိုးရ စည်းလွတ်ဝါးလွတ် လုပ်သလား။ ၈၈နောက်ပိုင်းထဲက ''ဥပဒေက မည်သို့ပင် ဆိုစေကာမူ''ဆိုပြီး လုပ်ခ့ဲတာ များပြီ။ ခုလို စစ်ဆေးခြင်းဖြင့် ရန်ကုန်အစိုးရ (အဓိကက ဘဏ္႑ာရေးဝန်ကြီး) မဟုတ်တာ လုပ်တာလား၊ စည်းနဲ့အညီ မလုပ်တာလား ပေါ်လာပါမယ်။

.

တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာအရ ရှယ်ယာတွေကို ပြည်သူ့ပိုက်ဆံနဲ့ဝယ်ပြီး ဝန်ကြီးအမည်ပေါက်ထားတယ်လို့ တွေ့ရတယ်။ လွှတ်တော်မှာလည်း ဆွေးနွေးတယ်။ တစ်ပူးတွေလည်း ဝင်ဂုံးဆင်းတာ အချုပ်ခံနေရပြီ။

.

ကျနော့အမြင်က ဒီခေတ်မှာ ဒီလောက်အများကြီး စားရဲဖို့ မဖြစ်နိုင်ပါ။ လုပ်ထုံးလုပ်နည်း လွဲတာသာ ဖြစ်ပါလိမ့်မည်။ တိုင်းအစိုးရကိုယ်စား ဝန်ကြီးဝယ်တာကို နားလည်မှုလွဲတာ ဖြစ်ပါလိမ့်မည်။ လုပ်ထုံးနားမလည်သူကို အရေးယူခြင်းဖြင့် နောင်ကျဉ်ကြပါလိမ့်မည်။

.

နောက်တချက်က အရင်အစိုးရခေတ်က အစိုးရမြေတွေ အလကားဈေးနဲ့ ငှါးခ့ဲတာတွေပါ ထည့်တိုင်တာ သဘောကျတာ။ ကန်တော်ကြီး၊ ပြည်သူ့ဥယာဉ်၊ အင်းယားအပါအဝင် အစိုးရမြေများကို ဈေးပေါပေါနှင့် ပတ်သက်သူများကို အငှါးချသွားသည့်ကိစ္စ။

.

ဒီအထဲက တချို့သည် ဦးသိန်းစိန်ခေတ်တွင် ရန်ကုန်တိုင်းအစိုးရက ချပေးထားတာဖြစ်သည်။ ပြန်စစ်ပြီး အခြားပြည်နယ်တိုင်းများက့ဲသို့ ပြန်ပေးလျော်စေရမည်။ ကြည့်ကောင်းမည်မှာ ထိုစဉ်က ရန်ကုန်တိုင်းဝန်ချုပ်က လက်ရှိ နိုင်ငံတော် ဒုသမတဖြစ်နေခြင်းပင်။

.

ဒါ့ကြောင့် ဒေါ်ညိုညိုသင်းတိုင်တာ ကျနော်ဒေါသထွက်စရာ မရှိ။ တချက်ခုတ် နှစ်ချက်ပြတ်ဘဲ။ ဗရာဘို။

XxXxXx

(Zawgyi version)

အဂတိစစ္ေဆးေရးရံုးကို ရန္ကုန္တိုင္းအစိုးရကိစၥ ညိဳညိဳသင္းတိုင္တာ ဘာလို႔ ေဒါသထြက္ၾကတာလည္း က်ေနာ္စဥ္းစားမရဘူး။ က်ေနာ္ေတာ့ အားေပးတယ္ဗ်ာ။
.
ပထမအခ်က္က ရန္ကုန္အစိုးရ စည္းလြတ္ဝါးလြတ္ လုပ္သလား။ ၈၈ေနာက္ပိုင္းထဲက ''ဥပေဒက မည္သို႔ပင္ ဆိုေစကာမူ''ဆိုၿပီး လုပ္ခ့ဲတာ မ်ားၿပီ။ ခုလို စစ္ေဆးျခင္းျဖင့္ ရန္ကုန္အစိုးရ (အဓိကက ဘ႑ာေရးဝန္ႀကီး) မဟုတ္တာ လုပ္တာလား၊ စည္းနဲ႔အညီ မလုပ္တာလား ေပၚလာပါမယ္။
.
တိုင္းစာရင္းစစ္ခ်ဳပ္ အစီရင္ခံစာအရ ႐ွယ္ယာေတြကို ျပည္သူ႔ပိုက္ဆံနဲ႔ဝယ္ၿပီး ဝန္ႀကီးအမည္ေပါက္ထားတယ္လို႔ ေတြ႔ရတယ္။ လႊတ္ေတာ္မွာလည္း ေဆြးေႏြးတယ္။ တစ္ပူးေတြလည္း ဝင္ဂံုးဆင္းတာ အခ်ဳပ္ခံေနရၿပီ။
.
က်ေနာ့အျမင္က ဒီေခတ္မွာ ဒီေလာက္အမ်ားႀကီး စားရဲဖို႔ မျဖစ္ႏိုင္ပါ။ လုပ္ထံုးလုပ္နည္း လြဲတာသာ ျဖစ္ပါလိမ့္မည္။ တိုင္းအစိုးရကိုယ္စား ဝန္ႀကီးဝယ္တာကို နားလည္မႈလြဲတာ ျဖစ္ပါလိမ့္မည္။ လုပ္ထံုးနားမလည္သူကို အေရးယူျခင္းျဖင့္ ေနာင္က်ဥ္ၾကပါလိမ့္မည္။
.
ေနာက္တခ်က္က အရင္အစိုးရေခတ္က အစိုးရေျမေတြ အလကားေစ်းနဲ႔ ငွါးခ့ဲတာေတြပါ ထည့္တိုင္တာ သေဘာက်တာ။ ကန္ေတာ္ႀကီး၊ ျပည္သူ႔ဥယာဥ္၊ အင္းယားအပါအဝင္ အစိုးရေျမမ်ားကို ေစ်းေပါေပါႏွင့္ ပတ္သက္သူမ်ားကို အငွါးခ်သြားသည့္ကိစၥ။
.
ဒီအထဲက တခ်ိဳ႕သည္ ဦးသိန္းစိန္ေခတ္တြင္ ရန္ကုန္တိုင္းအစိုးရက ခ်ေပးထားတာျဖစ္သည္။ ျပန္စစ္ၿပီး အျခားျပည္နယ္တိုင္းမ်ားက့ဲသို႔ ျပန္ေပးေလ်ာ္ေစရမည္။ ၾကည့္ေကာင္းမည္မွာ ထိုစဥ္က ရန္ကုန္တိုင္းဝန္ခ်ဳပ္က လက္႐ွိ ႏိုင္ငံေတာ္ ဒုသမတျဖစ္ေနျခင္းပင္။
.
ဒါ့ေၾကာင့္ ေဒၚညိဳညိဳသင္းတိုင္တာ က်ေနာ္ေဒါသထြက္စရာ မ႐ွိ။ တခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ဘဲ။ ဗရာဘို။ 

11 October 2018

ကွီးဖြိုးနဲ့တစ်ပူး ကိစ္စ








(Unicode version)

တစ်ပူးအားကစားဂျာနယ်ကို စထွက်ကတည်းက ကြိုက်ခ့ဲပါတယ်။ သတင်းစုံအောင်၊ နောက်ဆုံးသတင်းပါအောင်၊ အမှားနည်းအောင် ကြိုးစားခ့ဲတာ သိသာပါတယ်။ သတင်းစာထုတ်တော့လည်း တခေတ်ပါဘဲ။ မြန်မာနိုင်ငံရေး ဒီမိုကရေစီ အပြောင်းအလဲမှာ အဓိကနေရာကပါခ့ဲတာ ငြင်းမရပါ။

.

ဒါပေမယ့် အရပ်သားအစိုးရဖွဲ့ဖို့ NLD အနိုင်ရကတည်းက အပြောင်းလဲကြီး ပြောင်းခ့ဲပါတယ်။ NLD အစိုးရကိုသာမက ဒေါ်အောင်ဆန်းစုကြည်ကိုတောင် မထိခလုတ် ထိခလုတ် တိုက်ခိုက်လာပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် နာရီကိစ္စမှာ အကွဲကြီးကွဲပြီး တောက်လျောက်အပစ်ရှာနေတော့တယ်။

.

သတင်းစာဆိုတာ အစိုးရကို ထိမ်းကျောင်းသင့်တာ၊ ထိမ်းကျောင်းနိုင်တာ စိတ်ဝင်စားသူတိုင်း သိပါတယ်။ ဒါမျိုးအတွက် လေ့ကျင့်ပေးခ့ဲတယ်လို့ ယူဆရတ့ဲ တစ်ပူးသတင်းသမားတွေဟာ သူတို့ပိုင်ရှင် NLD အစိုးရနဲ့ အဆင်မပြေချိန်ကစလို့ သတင်းစာပေါ်မှာ ရသလောက် ယုတ်မာခ့ဲတ့ဲအပြင် သူတို့ရဲ့ဖေ့ဘုတ်တွေမှာ ဖော်ပြလို့မသင့်တ့ဲ စာတွေအထိရေးပြီး ရိုင်းစိုင်းခ့ဲကြတာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် တိုင်းပြည်တည်ဆောက်မ့ဲ စတုတၳမဏ္႑ိုင်ဝေးလို့ လူကြီးလူကောင်းတွေအဖြစ် သတ်မှတ်ဖို့တောင် မသင့်တော်ခ့ဲပါ။

.

ခု တစ်ပူးနဲ့ကွီးဖြိုး ငြိတ့ဲကိစ္စမှာ တစ်ပူးက အောက်တန်းကျသလို ရန်ကုန်အစိုးရဘက်ကလည်း လွန်ခ့ဲပါတယ်။ အဓိကက တိုင်းဘဏ္႑ာရေးဝန်ကြီး ဦးမြင့်သောင်းအမည်နဲ့ ပြည်သူ့ပိုက်ဆံသုံးပြီး အစုရှယ်ယာတွေ ဝယ်ထားတယ်လို့ ဖော်ပြလို့ ဖြစ်မှာပါ။ စာရင်းစစ်အစီရင်ခံစာမှာ ဖော်ပြလို့ သတင်းလုပ်တယ်ထင်ပါတယ်။ မဟုတ်ရင် မဟုတ်ကြောင်း သတင်းစားရှင်းလင်းပွဲ လုပ်ပါ။ သတင်းစာက အမှားပြင်ဆင်ချက်ထုတ်ပြီး တရားဝင်တောင်းပန်ခိုင်းရမှာပါ။ မတောင်းပန်မှ တရားစွဲသင့်တာပါ။

.

ခုက အဆင့်တွေ ကျော်သလို ဖြစ်နေတယ်။ ကြားက ဝင်ခြေထိုးပေးနေတ့ဲ ဖွတ်တွေနဲ့ အနီကြောင်တွေ ပျော်စရာ ဖြစ်နေတယ်။ ဦးမြင့်သောင်း အမည်ပေါက်ဝယ်တာ မဟုတ်ရင် စာရင်းစစ်အစီရင်ခံစာကို ပြန်ပြင်ခိုင်းရမယ်။ တရားစွဲရင်လည်း ဦးမြင့်သောင်းအနေန့ဲဘဲ စွဲသင့်ပါတယ်။ ရန်ကုန်အစိုးရ အနေနဲ့စွဲတော့ ရိုက်တာသတင်းထောက်ကြောင့် နံမည်ပျက်နေတ့ဲ မြန်မာနိုင်ငံရဲ့ စာပေလွတ်လပ်ခွင့်ကို မီးပိုထိုးသလိုပါ ဖြစ်နေပါတယ်။

.

နိုင်ငံရေးမှာ ပုဂ္ဂိုလ်ရေး မပါရဘူးဆိုတာ မြန်မာပြည်အတွက် လုံးဝမဖြစ်နိုင်ပါ။ ခုဟာကလည်း တစ်ပူးအဖွဲ့နဲ့ ကွီးဖြိုးတို့ရဲ့ အာဃာတတွေ ပိုမြင်ရစေပါတယ်။ ဖွတ်တွေနဲ့ အနီကြောင်တွေ သတိထားရမှာတခုက ကွီးဖြိုးပြုတ်လည်း NLD အစိုးရက တယောက်ခန့်မှာပါဘဲ။ ကွီးဖြိုးကို ထောက်ခံနေကြတယ် ဆိုတာလည်း NLD အစိုးရကို ထောက်ခံနေကြလို့ပါဘဲ။ ကွီးဖြိုးတယောက်ထဲသည် NLD မဟုတ်ပါ။

XxXxXx

(Zawgyi version)

တစ္ပူးအားကစားဂ်ာနယ္ကို စထြက္ကတည္းက ႀကိဳက္ခ့ဲပါတယ္။ သတင္းစံုေအာင္၊ ေနာက္ဆံုးသတင္းပါေအာင္၊ အမွားနည္းေအာင္ ႀကိဳးစားခ့ဲတာ သိသာပါတယ္။ သတင္းစာထုတ္ေတာ့လည္း တေခတ္ပါဘဲ။ ျမန္မာႏိုင္ငံေရး ဒီမိုကေရစီ အေျပာင္းအလဲမွာ အဓိကေနရာကပါခ့ဲတာ ျငင္းမရပါ။
.
ဒါေပမယ့္ အရပ္သားအစိုးရဖြဲ႔ဖို႔ NLD အႏိုင္ရကတည္းက အေျပာင္းလဲႀကီး ေျပာင္းခ့ဲပါတယ္။ NLD အစိုးရကိုသာမက ေဒၚေအာင္ဆန္းစုၾကည္ကိုေတာင္ မထိခလုတ္ ထိခလုတ္ တိုက္ခိုက္လာပါတယ္။ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ နာရီကိစၥမွာ အကြဲႀကီးကြဲၿပီး ေတာက္ေလ်ာက္အပစ္႐ွာေနေတာ့တယ္။
.
သတင္းစာဆိုတာ အစိုးရကို ထိမ္းေက်ာင္းသင့္တာ၊ ထိမ္းေက်ာင္းႏိုင္တာ စိတ္ဝင္စားသူတိုင္း သိပါတယ္။ ဒါမ်ိဳးအတြက္ ေလ့က်င့္ေပးခ့ဲတယ္လို႔ ယူဆရတ့ဲ တစ္ပူးသတင္းသမားေတြဟာ သူတို႔ပိုင္႐ွင္ NLD အစိုးရနဲ႔ အဆင္မေျပခ်ိန္ကစလို႔ သတင္းစာေပၚမွာ ရသေလာက္ ယုတ္မာခ့ဲတ့ဲအျပင္ သူတို႔ရဲ႕ေဖ့ဘုတ္ေတြမွာ ေဖာ္ျပလို႔မသင့္တ့ဲ စာေတြအထိေရးၿပီး ႐ိုင္းစိုင္းခ့ဲၾကတာပါ။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ တိုင္းျပည္တည္ေဆာက္မ့ဲ စတုတၳမ႑ိုင္ေဝးလို႔ လူႀကီးလူေကာင္းေတြအျဖစ္ သတ္မွတ္ဖို႔ေတာင္ မသင့္ေတာ္ခ့ဲပါ။
.
ခု တစ္ပူးနဲ႔ကီြးျဖိဳး ျငိတ့ဲကိစၥမွာ တစ္ပူးက ေအာက္တန္းက်သလို ရန္ကုန္အစိုးရဘက္ကလည္း လြန္ခ့ဲပါတယ္။ အဓိကက တိုင္းဘ႑ာေရးဝန္ႀကီး ဦးျမင့္ေသာင္းအမည္နဲ႔ ျပည္သူ႔ပိုက္ဆံသံုးၿပီး အစု႐ွယ္ယာေတြ ဝယ္ထားတယ္လို႔ ေဖာ္ျပလို႔ ျဖစ္မွာပါ။ စာရင္းစစ္အစီရင္ခံစာမွာ ေဖာ္ျပလို႔ သတင္းလုပ္တယ္ထင္ပါတယ္။ မဟုတ္ရင္ မဟုတ္ေၾကာင္း သတင္းစား႐ွင္းလင္းပြဲ လုပ္ပါ။  သတင္းစာက အမွားျပင္ဆင္ခ်က္ထုတ္ၿပီး  တရားဝင္ေတာင္းပန္ခိုင္းရမွာပါ။ မေတာင္းပန္မွ တရားစြဲသင့္တာပါ။
.
ခုက အဆင့္ေတြ ေက်ာ္သလို ျဖစ္ေနတယ္။ ၾကားက ဝင္ေျခထိုးေပးေနတ့ဲ ဖြတ္ေတြနဲ႔ အနီေၾကာင္ေတြ ေပ်ာ္စရာ ျဖစ္ေနတယ္။ ဦးျမင့္ေသာင္း အမည္ေပါက္ဝယ္တာ မဟုတ္ရင္ စာရင္းစစ္အစီရင္ခံစာကို ျပန္ျပင္ခိုင္းရမယ္။ တရားစြဲရင္လည္း ဦးျမင့္ေသာင္းအေနန႔ဲဘဲ စြဲသင့္ပါတယ္။ ရန္ကုန္အစိုးရ အေနနဲ႔စြဲေတာ့ ႐ိုက္တာသတင္းေထာက္ေၾကာင့္ နံမည္ပ်က္ေနတ့ဲ ျမန္မာႏိုင္ငံရဲ႕ စာေပလြတ္လပ္ခြင့္ကို မီးပိုထိုးသလိုပါ ျဖစ္ေနပါတယ္။
.
ႏိုင္ငံေရးမွာ ပုဂၢိဳလ္ေရး မပါရဘူးဆိုတာ ျမန္မာျပည္အတြက္ လံုးဝမျဖစ္ႏိုင္ပါ။ ခုဟာကလည္း တစ္ပူးအဖြဲ႔နဲ႔ ကီြးၿဖိဳးတို႔ရဲ႕ အာဃာတေတြ ပိုျမင္ရေစပါတယ္။ ဖြတ္ေတြနဲ႔ အနီေၾကာင္ေတြ သတိထားရမွာတခုက ကီြးၿဖိဳးျပဳတ္လည္း NLD အစိုးရက တေယာက္ခန္႔မွာပါဘဲ။ ကီြးၿဖိဳးကို ေထာက္ခံေနၾကတယ္ ဆိုတာလည္း NLD အစိုးရကို ေထာက္ခံေနၾကလို႔ပါဘဲ။ ကီြးၿဖိဳးတေယာက္ထဲသည္ NLD မဟုတ္ပါ။ 

05 October 2018

ခင်ခင်ထူး၏ အညာသူအညာသား



(Unicode version)

ဆရာမခင်ခင်ထူးရဲ့ အညာသူအညာသား စာအုပ်ကို ဖတ်ပြီးပါပြီ၊ ဖတ်ဖတ်ချင်း စဉ်းစားမိသည်မှာ ၂၀၀၃ခုနှစ်က ပထမအကြိမ် စထုတ်ခ့ဲသော ထိုစာအုပ်ကို ဘာလို့ ခုမှဖတ်မိရပါသနည်း။ ဤမျှလောက်ကို ဖတ်ကောင်းပါသည်။ ယခုဖတ်ရသော စာအုပ်မှာ ၂၀၁၈ မတ်လထုတ် စတုတၳအကြိမ် ဖြစ်သည်။

.

ကောင်းကြောင်းချီးမွမ်းနေလျှင် ငတာဖြစ်မှာစိုးလို့ သဘောကျတာတွေဘဲ ပြောပါတော့မည်။ စာအုပ်က ဆရာမရဲ့ မွေးရာဇာတိ ရွာပြန်သည့်အကြောင်းပါ။ ဆွေမျိုးများနှင့် ပြန်တွေ့ချိန်ကြုံရသည်များကို အညာလေနှင့်ရေးထားတာ သရုပ်ပေါ်လှသည်။ မိမိဆွေမျိုး မိတ်ဆွေသူငယ်ချင်း ပတ်သက်သူများအကြောင်း အရေးကောင်းသည့် စာရေးဆရာများတွင် သော်တာဆွေ သုမောင်နှင့်အတူ ခင်ခင်ထူးလည်း အတူတူပါလား။

.

အညာလေ အညာစကားပြောဟန်များ ရေးရာတွင် မူလအသံထွက်အတိုင်း ရေးသဖြင့် ပိုသရုပ်ပေါ်ပါသည်။ စာလုံးပေါင်းသတ်ပုံကျမ်းနဲ့မညီဆိုပြီး ပြင်ခိုင်းခ့ဲလျှင် ပျက်ပြီ။ ဒေသသုံး ဝေါဟာရများ၊ အသုံးအဆောင် အခေါ်အဝေါ်များကိုလည်း အများကြီး သိရပါသည်။

.

ဆရာမက မြန်မာစာကြွယ်ဝသည် ပြောရမည်။ ဒေသဝေါဟာရများအပြင် နာမဝိသေသန၊ ကြိယာဝိသေသနာများ ဖောချင်းသုံးထားတာ တွေ့ရမည်။ အများစုမှာ ထိုဒေသတွင် အမြဲသုံးနေကြသော်လည်း အပြင်တွင်သုံးတာ မတွေ့ရတာလည်း ဖြစ်နိုင်ပါသည်။

.

ဆရာမ၏ ဝတၳုတိုများကို မဂ္ဂဇင်းများတွင် ရံဖန်ရံခါ ဖတ်ဘူးပါသည်။ သို့သော် ယခုစာအုပ်ဖတ်ပြီးမှ ဆရာမ၏ဝတၳုတို ဝတၳုလတ်ပေါင်းချုပ်များ ဘာကြောင့်အများအပြား ထွက်နေသည်ကို သဘောပေါက်မိပြီ။ ထိုစာအုပ်များကိုလည်း ရှာဖွေဖတ်ရှုရပါဦးမည်။


XxXxXx

(Zawgyi version )

ဆရာမခင္ခင္ထူးရဲ႕ အညာသူအညာသား စာအုပ္ကို ဖတ္ၿပီးပါၿပီ၊ ဖတ္ဖတ္ခ်င္း စဥ္းစားမိသည္မွာ ၂၀၀၃ခုႏွစ္က ပထမအႀကိမ္ စထုတ္ခ့ဲေသာ ထိုစာအုပ္ကို ဘာလို႔ ခုမွဖတ္မိရပါသနည္း။ ဤမွ်ေလာက္ကို ဖတ္ေကာင္းပါသည္။ ယခုဖတ္ရေသာ စာအုပ္မွာ ၂၀၁၈ မတ္လထုတ္ စတုတၳအႀကိမ္ ျဖစ္သည္။
.
ေကာင္းေၾကာင္းခ်ီးမြမ္းေနလွ်င္ ငတာျဖစ္မွာစိုးလို႔ သေဘာက်တာေတြဘဲ ေျပာပါေတာ့မည္။ စာအုပ္က ဆရာမရဲ႕ ေမြးရာဇာတိ ရြာျပန္သည့္အေၾကာင္းပါ။ ေဆြမ်ိဳးမ်ားႏွင့္ ျပန္ေတြ႔ခ်ိန္ၾကံဳရသည္မ်ားကို အညာေလႏွင့္ေရးထားတာ သ႐ုပ္ေပၚလွသည္။ မိမိေဆြမ်ိဳး မိတ္ေဆြသူငယ္ခ်င္း ပတ္သက္သူမ်ားအေၾကာင္း အေရးေကာင္းသည့္ စာေရးဆရာမ်ားတြင္ ေသာ္တာေဆြ သုေမာင္ႏွင့္အတူ ခင္ခင္ထူးလည္း အတူတူပါလား။
.
အညာေလ အညာစကားေျပာဟန္မ်ား ေရးရာတြင္ မူလအသံထြက္အတိုင္း ေရးသျဖင့္ ပိုသ႐ုပ္ေပၚပါသည္။ စာလံုးေပါင္းသတ္ပံုက်မ္းနဲ႔မညီဆိုၿပီး ျပင္ခိုင္းခ့ဲလွ်င္ ပ်က္ၿပီ။ ေဒသသံုး ေဝါဟာရမ်ား၊ အသံုးအေဆာင္ အေခၚအေဝၚမ်ားကိုလည္း အမ်ားႀကီး သိရပါသည္။
.
ဆရာမက ျမန္မာစာႂကြယ္ဝသည္ ေျပာရမည္။ ေဒသေဝါဟာရမ်ားအျပင္ နာမဝိေသသန၊ ႀကိယာဝိေသသနာမ်ား ေဖာခ်င္းသံုးထားတာ ေတြ႔ရမည္။ အမ်ားစုမွာ ထိုေဒသတြင္ အျမဲသံုးေနၾကေသာ္လည္း အျပင္တြင္သံုးတာ မေတြ႔ရတာလည္း ျဖစ္ႏိုင္ပါသည္။
.
ဆရာမ၏ ဝတၳဳတိုမ်ားကို မဂၢဇင္းမ်ားတြင္ ရံဖန္ရံခါ ဖတ္ဘူးပါသည္။ သို႔ေသာ္ ယခုစာအုပ္ဖတ္ၿပီးမွ ဆရာမ၏ဝတၳဳတို ဝတၳဳလတ္ေပါင္းခ်ဳပ္မ်ား ဘာေၾကာင့္အမ်ားအျပား ထြက္ေနသည္ကို သေဘာေပါက္မိၿပီ။ ထိုစာအုပ္မ်ားကိုလည္း ႐ွာေဖြဖတ္႐ႈရပါဦးမည္။