17 May 2025
အိုးခိုင်မော့၊
လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်က မျက်စိနီလာပြီး ယားယားနေလို့ မျက်စဥ်းခပ်အုံးမှပါဆိုပြီးလိုက်ဝယ်တယ်။ ဆေးဆိုင်တော်တော်များများက မရောင်းကြဘူး။ ဆရာဝန်ညွှန်ကြားလွှာ ယူခဲ့ပါတဲ့။ မတည့်လို့ ဇတ်လမ်းဖြစ်တတ်လို့တဲ့။
.
တဆိုင်ကတော့ ဘယ်လိုမျက်စဥ်းလည်းတဲ့။ ငယ်ငယ်က ကြားဘူးတဲ့ တက်ထရာဆိုက်ကလင်းလို့ ပြောလိုက်တော့ မကြားဘူးဘူးတဲ့။ နောက်တဆိုင်ရောက်တော့ မျက်စဥ်းဆေးတော့မဟုတ်။ မျက်စိကြည်ဆေးဆိုပြီး ပုလင်းလေးပြတယ်။ မဂ္ဂဇင်းတွေထဲ ကြော်ငြာမြင်ဘူးတာနဲ့ ဝယ်သုံးကြည့်လိုက်တယ်။ ဗီရိုတိုတဲ့။
.
မျက်စိနဲ့ တည့်သွားတယ်ထင်တယ်။ နီတာယားတာ သက်သာသွားတယ်။ အမြဲလည်းမခပ်ဖြစ်ပါဘူး။ သက်သာနေရင် မေ့နေတာပေါ့။ စဝယ်တုံးက တပုလင်း တထောင်ကျော်ဘဲ ပေးရတယ်ထင်တာဘဲ။
.
တပုလင်းကိုသုံးတာ နှစ်မချီတောင် လအတော်ကြာပါတယ်။ ဒီတော့ ဈေးတဖြေးဖြေးတက်တာပေါ့။ နောက်ဆုံးဝယ်တာ လွန်ခဲ့တဲ့ လေးငါးလဖြစ်မယ်။ ဘယ်မှာမှ ရှာမရတော့။ ထိုင်းအဝင်ကုန်တွေ ပိတ်ဖမ်းလို့ ပစ္စည်းမဝင်တော့လို့တဲ့။
.
ဒီလိုနဲ့ဘဲ တရက်လမ်းလျောက်ရင်း လမ်းဘေးဆေးဆိုင်တဆိုင် ဝင်မေးကြည့်တော့ ရှိတယ်။ တပုလင်း ခြောက်ထောင့်ငါးရာတဲ့။ ဟာ နောက်ဆုံးဝယ်တုံးက သုံးထောင်ကျော်ပါ (တကယ်က သေချာမမှတ်မိ) မများဘူးလားဆိုတော့ ထိုင်းကုန်တွေ ဖမ်းနေလို့၊ ဆိုင်ပေါ်တင်ရင်တောင် လိုက်သိမ်းမယ်တဲ့ဆိုပြီး ရှင်းပြနေတာနဲ့ ဝယ်ခဲ့ရတာဘဲ။
.
ပြီးခဲ့တဲ့တပတ်က လဘက်ရည်ဆိုင်ထိုင်ရင်း ဘရိုတယောက်ကပြောတယ်။ သူလိုချင်လို့ ရှာတာ မရတဲ့။ ဒါနဲ့ ညနေလမ်းလျောက်ရင်း အရင်ဝယ်ခဲ့တဲ့ဆိုင် သွားမေးကြည့်တယ်။
.
ပစ္စည်း မလာတော့ဘူးတဲ့။ ပစ္စည်းရှိသူကလည်း ဈေးတင်တာ တပုလင်း ကျပ်သုံး/လေးသောင်းမလို့ မတင်တော့ဘူးတဲ့။ အိုးခိုင်မော့ဘဲ။ ပုလင်းသေးလေး၊ ဆယ့်သုံးml ဘဲ ရှိတာ။ ရေမွှေးထက်တောင် တန်နေပြီ။ စီးပွားရေး ဦးမော့လာတဲ့ သဘောများလားမသိ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Thank you.