မှတ်မိသလောက် အမေရိကန်တွေက နိုင်ငံတကာကိစ္စတွေမှာ သူတို့ ဝင်ပါ ကူညီချင်ရင် အကြောင်းမျိုးစုံပြပြီး ဝင်ပါတတ်တယ်။ ယူအဲန်တပ်ဆိုပြီး ယူအဲန်သဘောတူညီချက်နဲ့ဝင်လည်း အများစုက သူတို့ပါဘဲ။ ပိုက်ဆံလည်း သူတို့ဘဲ အကုန်ခံတာ။
.
၉၁က အီရတ်ဝင်ဖို့ ယူအဲန်က သဘောမတူတော့လည်း အမေရိကန်နဲ့ မဟာမိတ်ဆိုပြီး သဘောတူတဲ့နိုင်ငံနဲ့ဘဲ ပေါင်းဝင်တာပါ။ ပနားမားမှာ အာဏာရှင် နော်ရေဂါးကို ဖြုတ်ချဖမ်းတုံးက ဘယ်သူ့မှမတိုင်ပင်သလို ဟိုတလောက အီရန်ဗိုလ်ချုပ်တကောင် ဆော်တုံးကလည်း ဘယ်သူမှကြိုမသိခဲ့ပါ။ တရားဝင်မကြေညာဘဲ ဝင်ပါခဲ့တဲ့ နိုင်ငံတကာအရေးတွေလည်း ရှိခဲ့တယ်။
.
အဓိကက သူတို့ စီးပွားရေးရယ် နိုင်ငံသားရယ်ထိရင်တော့ ပါတတ်တယ်။ သဘာဝဓာတ်ငွေ့နဲ့ ရေနံကို အရင်က စိတ်အဝင်စားဆုံး။ ခုတော့မသေချာလို့ ဒီမှာရှိတဲ့ အမေရိကန်တွေဘဲ လိုက်ဆော်ရမလို။
.
နောက်အရေးကြီးတာက ဖြစ်ပျက်နေတာတွေကို အမေရိကန်လူထုကြီး သိဖို့၊ စိတ်ဝင်စားဖို့။ အဲဒီအတွက်က အမေရိကန် သတင်းဌာနတွေ အရေးအပါဆုံးဘဲ။ တနာရီတခါကြေညာနေတဲ့ သူတို့ရဲ့ သတင်းခေါင်းစဥ်တွေမှာပါမှ မြန်မြန်ထိရောက်မယ်။ တလောကတွင် ဖတ်လိုက်ရတဲ့ ဗီယက်နမ်စစ်ပွဲအကြောင်းမှာ အမေရိကန်ပြည်သူတွေက တီဗီသတင်းဌာနတွေကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနတွေထက် ပိုယုံကြည်တာ အဲဒီစစ်က စခဲ့ကြောင်းသိရတယ်။
.
မနေ့ညကရောက်တဲ့ CNN သတင်းထောက် Clarissa Ward ကို ကျနော်မမှတ်မိပါ။ သူက အင်တာနေရှယ်အပိုင်းမှာ ချိဖ် ဖြစ်နေပါပြီ။ သူ့ရဲ့သတင်းတွေ အမေရိကားမှာ ပေါက်ပါစေ ဆုတောင်းတယ်။ အများထင်နေသလို ေဇာ်မဲလုံးနဲ့ဗျူးပြီး ပြန်ယုံဆိုရင်တော့ မမိုက်သေး။
.
ကျနော်က အမေရိကန်သံရုံးထက် CNN ကို ပိုယုံသူပါ။
No comments:
Post a Comment
Thank you.