(Unicode version)
ငယ်စဉ်ကတည်းက မရိုးနိုင်အောင် ကြားဘူး ဖတ်ဘူးသော ဗမာရာဇဝင်တပုဒ် ရှိပါသည်။ ပြီးခ့ဲသော ရက်ပိုင်းကလဲ တစ်ပူးသတင်းစာတွင် ပြန်လည်ဖတ်ရှုရသည်။ ထိုအချိန်တွင် တခြားလူငယ်များ၏ ပြောသံကိုကြားရ၍ ရေးမိပါသည်။ သူတို့ အချင်းချင်း နောက်တာလဲ ဖြစ်ချင်ဖြစ်မည်။ သို့သော် ယနေ့လူငယ်များ၏ သဘောများလား စောကြောမိ၍ပါ။
.
ပုံပြင် လိုရင်းက ..... .... ...
တခါက ပုဂံပြည်တွင် စောလူးမင်း အုပ်ချုပ်နေသည်။ တနေ့တွင် တပည့်ကျော် ငရမန်ကန်းနှင့် ကြွေကစားရာ ငရမန်ကန်းက တပွဲနိုင်သဖြင့် လက်ခမောင်းထခတ်သည်ဟူ၏။ စောလူးမင်းက ကြည့်မရသဖြင့် ဒီလောက်နိုင်ချင်ရင် အပိုင်စားနယ်မြေ ပြန်လူစု၍ ငါ့ကို ပုန်ကန်ဟု စေလေ၏။ ငရမန်ကန်းလဲ လူစု၍ ပုဂံကို ဝိုင်းထား၏။ အပြင်မှ စစ်မြှူသည်ကို စောလူးမင်း ဒေါသထွက်၍ ကျန်စစ်သားကို ခေါ်ပြီးထွက်တိုက်ရာ စောလူးမင်း အဖမ်းခံရပြီး ကျန်စစ်သား ပုဂံသို့ ပြန်ပြေးလေ၏။ သတင်းကြားသော နန်းတော်မှ အမတ်အပေါင်းတို့က ကျန်စစ်သားကို နန်းအပ်တော့သည်။ ကျန်စစ်သားက သစ္စာစကားပြောလေသည်။ " ငါ့ရှင် မသေသေး၊ သူမရှိမှ ငါနန်းတက်မည် " ဆိုပြီး ..... .... ... နောက်ပိုင်း ဇတ်လမ်းကတော့ စာဖတ်သူအများစု သိမှာပါ။
.
အဲဒီအကြောင်း ဖတ်ရတ့ဲ လူငယ်တွေ ပြောတာပါ။
" ကျန်စစ်သားကလဲ ပဲများနေတယ်။ လွယ်လွယ်နဲ့ ဘုရင်ဖြစ်မှာကို ယူလိုက်တာ မဟုတ်ဘူး၊"
" အေးလေ၊ မဟုတ်တာတောင် မလုပ်ရဘဲ ကံကြောင့်ရတာ။ ဒီခေတ်သာဆို ဘဲကြီး ငတ်ပြီ " တ့ဲဗျား။
.
သေချာစဉ်းစားကြည့်တော့ ခေတ်နှင့် လျှော်ညီနေသည်။ သူတို့ ကြီးလာသည့် သက်တမ်းတလျောက် မြင်ခ့ဲသမျှ ကြားခ့ဲသမျှကို အခြေခံခြင်း ဖြစ်သည်။ ဒီခေတ်မှာ ရိုးရိုးသားသား လုပ်ကိုင်နေလျှင် ကြီးပွားချမ်းသာမည်ဟု မထင်ကြတော့။ `ဂွင်´ဆိုတာဘဲ အရေးကြီးနေသည်။ ရှာဖွေနေကြသည်။ ပုံမှန်လုပ်ကိုင်နေသူတွေကို `င အ ´ဟု ထင်နေကြပြီလား။
.
ကျွန်တော်သည် ပညာရှင် မဟုတ်သဖြင့် မစဉ်းစားတတ်တော့ပါ။ ပညာရေးကြောင့်လား၊ ပတ်ဝန်းကျင်ကြောင့်လား၊ လူကြီးမိဘ ဆရာသမားတွေက မဆုံးမတော့လို့လား။ အကြောင်းကြောင့်လား။ ဘယ်အကြောင်းကြောင့်ဖြစ်ဖြစ် အနာဂတ်မြန်မာပြည်အတွက် ရင်လေးမိပါတော့သည်။
XxXxXx
(Zawgyi version )
.
ပုံပြင် လိုရင်းက ..... .... ...
.
အဲဒီအကြောင်း ဖတ်ရတဲ့ လူငယ်တွေ ပြောတာပါ။
.
.
No comments:
Post a Comment
Thank you.