24 May 2016
သတင်​း နဲ့ အတင်​း
(Unicode version)
       တခါတ​လေ​တော့ စဉ်​းစားမိတယ်​။ ​ယောင်္ကျား​တွေနဲ့ မိန်​းမ​တွေ စိတ်​ဝင်​စားတာ မတူကြဘူး။ မြန်​မာပြည်​မှာသာမက ကမ္ဘာမှာလဲ ဒီအတိုင်​းပဲ ရှိဟန်​တူပါတယ်​။
.
     ​ယောကျၤားအများစုက မိမိနဲ့အ​ဝေးက ကိစ္စ​တွေကို စိတ်​ဝင်​စားတယ်​။ ဟိုဌာနက ဘာဖြစ်​တယ်​။ ဟိုဝန်​ကြီးက ဘာဖြစ်​တယ်​​ပေါ့။ ​နေပြည်​​တော်​အစိုးရက ဘယ်​လို စသဖြင်​့။ နည်​းနည်​းပိုတ့ဲသူဆို ဟိုနိုင်​ငံ ဒီနိုင်​ငံကိစ္စ​တွေပါ ပါ​သေး။ ပြီး​တော့ ကိုယ်​့ဖာသာ သတ်​မှတ်​ထားတယ်​။ `သတင်​း​´တွေက အ​ရေးကြီးတယ်​တ့ဲ။
.
     မိန်​းမ​တွေကျ အနီးက ကိစ္စ​တွေကို ပိုစိတ်​ဝင်​စား​လေ့ ရှိပါတယ်​။ လမ်​းထိပ်​အိမ်​က အဖွားကြီးဝတ်​တာက ဘယ်​လို။ ဟို​ကောင်​​လေးနဲ့ ဟိုဟာမ​လေးက ဘာဖြစ်​​နေပြီ။ ​ဘေးအိမ်​က လင်​မယား အ​ခြေအ​နေမ​ကောင်​းဘူး။ ဟိုသူကြီး ​ထော​နေဟန်​တူတယ်​ စသဖြင်​့​ပေါ့။ ​ယောကျၤား​တွေက​တော့ သတ်​မှတ်​ပါတယ်​၊ `အတင်​း´ ​ပြောတယ်​တ့ဲ။
.
     တကယ်​​တော့ အရင်​က သူ့ဖာသူ အဆင်​​ပြေပါတယ်​။ စိတ်​ဝင်​စားမှုနဲ့ ပတ်​သက်​တ့ဲ အလုပ်​လုပ်​ကြဖို့ပါဘဲ။ ​ယောကျၤားအများစုက အပြင်​အလုပ်​ နိုင်​ငံတကာနဲ့ ပတ်​သက်​တ့ဲ အစိုးရအလုပ်​အထိ လုပ်​ကြရပါတယ်​။ မိန်​းမအများစုက အိမ်​မှာဘဲ​နေ၊ အိမ်​လုံ​အောင်​ လုပ်​ကြတာပါဘဲ။ ဝင်​​ရောက်​စွက်​ဖက်​​လေ့လဲ မရှိပါဘူး။
.
     ခု​ခေတ်​ကျ​တော့ ​ပြောင်​းလာပါပြီ။ အဓိကက​တော့ မိန်​းမ​တွေ အပြင်​ထွက်​ လုပ်​ရတာ ပိုများလာပါပြီ။ သတင်​း​တွေ ပိုသိဖို့ ကြိုးစားလာကြပါပြီ။ သူတို့ရဲ့ မူလ​ဗီဇ အတင်​းကို သတင်​းအထိ တိုးချဲ့လာနိုင်​ပါတယ်​။ အဲဒီ​တော့ ​ယောကျၤားအများစုကလဲ အတင်​း​ပြောဖို့ ​လေ့လာကြမလား ခင်​​ဗျား။
XxXxXx
(Zawgyi version)
.
.
     မိန်းမ​တြေက် အနီးက ကိစ္စ​တြေကို ပိုစိတ်​ဝင်​စား​လေ့ ရွိပါတယ်​။ လမ်းထိပ်​အိမ်​က အဖြားကြီးဝတ်​တာက ဘယ်​လို။ ဟို​ကောင်​​လေးနဲ့ ဟိုဟာမ​လေးက ဘျာဖစ်​​နေပြီ။ ​ဘေးအိမ်​က လင်​မယား အျေခအ​နေမ​ကောင်းဘူး။ ဟိုသူကြီး ​ထော​နေဟန်​တူတယ်​ စသျဖင့်​​ပေါ့။ ​ယောက်င်္ား​တြေက​တော့ သတ်​မွတ်​ပါတယ်​၊ `အတင်း´ျေပာတယ်​တဲ့။
.
     တကယ်​​တော့ အရင်​က သူ့ဖာသူ အဆင်ျေပပါတယ်​။ စိတ်​ဝင်​စားမှုနဲ့ ပတ်​သက်​တဲ့ အလုပ်​လုပ်​ကြဖို့ပါဘဲ။ ​ယောက်င်္ားအမ်ားစုက အျပင်​အလုပ်​ နိုင်​ငံတကာနဲ့ ပတ်​သက်​တဲ့ အစိုးရအလုပ်​အထိ လုပ်​ကြရပါတယ်​။ မိန်းမအမ်ားစုက အိမ်​မွာဘဲ​နေ၊ အိမ်​လုံ​အောင်​ လုပ်​ကြတာပါဘဲ။ ဝင်​​ရောက်​စြက်​ဖက်​​လေ့လဲ မရွိပါဘူး။
.
     ခု​ခေတ်​က်​တော့ျေပာင်းလာပါပြီ။ အဓိကက​တော့ မိန်းမ​တြေ အျပင်​ထြက်​ လုပ်​ရတာ ပိုမ်ားလာပါပြီ။ သတင်း​တြေ ပိုသိဖို့ ကြိုးစားလာကြပါပြီ။ သူတို့ရဲ့ မူလ​ဗီဇ အတင်းကို သတင်းအထိ တိုးခ်ဲ့လာနိုင်​ပါတယ်​။ အဲဒီ​တော့ ​ယောက်င်္ားအမ်ားစုကလဲ အတင်းျေပာဖို့ ​လေ့လာကြမလား ခင်​​ဗ်ား။ 
18 May 2016
အာဆီယံ-ရုရှ နဲ့ ​ဒေါ်​အောင်​ဆန်း​စုကြည်​
(Unicode version )
    သမတကြီးရုရှသွားတာ နှစ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်တောင် မဟုတ်ပါ။ အာဆီယံအောက်မှာ လုပ်တာဖြစ်ပါတယ်။ အနည်းဆုံး သုံးလေးနှစ် ကြိုစီစဉ်ထားတ့ဲ ကိစ္စမျိုးပါ။
.
လွှတ်တော်မှာ တပ်မတော်ကတင်တ့ဲ နှစ်နိုင်ငံစစ်တပ်ခြင်း ပူးပေါင်းဆောင်ရွက်ရေးစာချုပ် အတည်ပြုတာဟာ လုပ်ရိုးလုပ်စဉ်ပါ။ ဒီကိစ္စလဲ ဦးသိန်းစိန်ခေတ်ကတည်းက စခ့ဲတာနေမှာပါ။ ဟိုးအရင် စစ်အစိုးရခေတ်ကတည်းက ရုရှနဲ့ ပလဲပနံသင့်နေတာ အားလုံးအသိ။
.
ကိစ္စနှစ်ခု တိုက်ဆိုင်သွားတာနဲ့ အမေစုက အမေရိကန်နဲ့တရုပ်အကြား ပါဝါကစားပြီဆိုပြီး အိုဗာတင်းနေတယ်လို့ ထင်တာဘဲ။ တကယ်က သုံးနိုင်ငံလုံးနဲ့ ယှဉ်တွဲလုပ်နိုင်မှ အဆင်ပြေမှာပါ။
.
တကယ်ပြာတာကတော့ အာဆီယံတွေဘဲ ဖြစ်မှာပါ။ ပထမဆုံး ဒေါ်စုကြုံတ့ဲ အာဆီယံအစည်းအဝေးကို ဒေါ်စုမတက်ဘူးလေ။ ထိုင်းနဲ့စင်ကာပူ သတင်းစာတွေမှာပါတ့ဲ ဆောင်းပါးအရ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ သိမ်ငယ်နေတာကလား။ အာဆီယံ-ရုရှ ထိပ်သီးဆွေးနွေးပွဲရဲ့ နောက်ဆက်တွဲ နိုင်ငံခြားရေးဝန်ကြီးခြင်း အစည်းအေ၀းမှာ ဘာမှအရေးကြီးတာ မပါကြောင်း ဒေါ်စုသိလို့ မတက်တာ ထင်ကြောင်းဗျာ။
XxXxXx
(Zawgyi version)
.
.
.
09 May 2016
တိုင်းရင်းသားများနဲ့ ၂၁ရာစုပင်​လုံ
(Unicode version )
        ဒီ​နေ့မနက်​ သတင်​း​တွေမှာ NLDနဲ့ ပတ်​သက်​ပြီး ဦးခွန်​ထွန်​းဦးရဲ့ ​ပြောဆိုချက်​ကို ဖတ်​လိုက်​ရပါတယ်​။ ၂၁ရာစု ပင်​လုံညီလာခံ စမယ်​လုပ်​ခါမှ အဓိကကျတ့ဲ တိုင်​းရင်​းသား​​ခေါင်း​​ဆောင်​တဦးရဲ့ မှတ်​ချက်​ကို အ့ံသြမိပါတယ်​။ ဦးခွန်​ထွန်​းဦးနဲ့ SNLDသည်​ NLDရဲ့ အဓိက မဟာမိတ်​လို့ ဒီမှတ်​ချက်​ ကြားသည်​အထိ ယုံမှတ်​ထားလို့ပါဘဲ။
     ဒုသမတမ​ပေးကတည်​းက အဆင်​မှ​ပြေပါ့မလား ​တွေးမိပါတယ်​။ ​နောက်​ဆုံးဒုသမတကလည်​း ရှမ်​းဘဲမို့ အခြားတိုင်​းရင်​းသားကို အလှည်​့​ပေးတာ နားလည်​ခ့ဲမယ်​ ထင်​ခ့ဲပါတယ်​။ ရှမ်​းပြည်​ဝန်​ကြီးချုပ်​ကို NLDရဲ့ ​ပေါ်လစီအရ မခန်​့ဘဲ ပြည်​နယ်​အစိုးရမှာ ဝန်​ကြီး​နေရာ​ပေးတာမယူ​တော့ ​ကြေ​ကြေနပ်​နပ်​ဘဲလို့ ထင်​ခ့ဲပါတယ်​။
     မဟုတ်​ပါ​စေနဲ့လို့ ဆု​တောင်​း​သော်​လည်​း ခုမှတ်​ချက်​အရ မ​ကြေနပ်​သံ ထွက်​ခ့ဲပါပြီ။ ပိုဆိုးတာက ရှမ်​းပြည်​အ​ရေး ဥပမာမ​ပေးဘဲ ရခိုင်​နဲ့ ယှဉ်​ပြခ့ဲတာပါ။ NLD အစိုးရအ​နေနဲ့ မိမိဘက်​က ဘယ်​​လောက်​ဘဲ ရိုးသား​နေပါ​စေ၊ ရည်​ရွယ်​ထားတာ​တွေ ရှိ​နေပါ​စေ၊ တိုင်​းရင်​းသား​တွေ
စိတ်​ထဲ ​ဗမာNLD မဟုတ်​ဘူးဆိုတာ သံသယရှင်​း​အောင်​ ပြဖို့လိုလာပါပြီ။
      ကျွန်​​တော်​့မှာ အလွန်​ခင်​မင်​ရ​သော ဆရာတဦးရှိခ့ဲပါတယ်​။ ကရင်​တိုင်​းရင်​းသားပါ။ မဆလ​ခေတ်​မှာ တန်​းတူပညာ​ရေး (ပြည်​ပအထိ ပညာသင်​ယူခွင်​့လဲ) ရခ့ဲပါတယ်​။ ထို​ခေတ်​က သင်​့​တော်​​သော အလုပ်​အကိုင်​လဲ ရခ့ဲပါတယ်​။ စစ်​အစိုးရ​ခေတ်​မှာလဲ ​ကောင်​းမွန်​​သော အလုပ်​လုပ်​ခ့ဲရပါတယ်​။ အလွန်​ရိုးသားပြီး ကြိုးစားလို့ အထက်​လူကြီးတိုင်​း သ​ဘောကျခံခ့ဲရသူပါ။ ခုကွယ်​လွန်​ခ့ဲပါပြီ။ သူနဲ့ ​နေ့တိုင်​း​လောက်​ စကား​ပြောဖြစ်​ရာမှာ တ​နေ့ အံ့သြရပါတယ်​။ `ကရင်​လူမျိုး​တွေဟာ သူအပါအဝင်​ မြန်​မာပြည်​မှာ second citizen လို့ ခံစား​နေရတယ်​´ ဆိုလို့ပါ။ `ဆရာ၊ ဆရာ မိသားစုပါ အဆင်​​ပြေ​နေတာဘဲ၊ ကျွန်​​တော်​တို့ထက်​​တောင်​ ဆရာ အခွင်​့အ​ရေး ရ​နေတာဘဲ´ လို့ ပြန်​​ပြောလိုက်​ပါတယ်​။ သူပြန်​​ပြောတာက `မင်​းတို့က ​ဗမာဆို​တော့ သတိထားမိမှာ မဟုတ်​ဘူး။ ငါတို့အများစုက ဒီလိုဘဲ စိတ်​ထဲမှာ ခံစား​နေကြတယ်​´တ့ဲ။ ကျွန်​​တော်​ အရမ်​းအံ့အားသင်​့ခ့ဲရပါတယ်​။ ကျွန်​​တော်​့စိတ်​ထဲ သူက ပိုကံ​ကောင်​းခ့ဲတယ်၊ အဆင်​ေ​​ပြ​နေတယ် ​ထင်​​နေတာကလား။
     ဆရာ မှန်​တယ်​၊မှားတယ်​ မငြင်​းလိုပါ။ တိုင်​းရင်​းသားများ အမြင်​ကျဉ်​းတယ်​ မ​ပြောလိုပါ။ သူတို့လဲ လွတ်​လပ်​​ရေးရပြီးကတည်​းက ကြုံခ့ဲသမျှ ခံစား​နေရတာ ဖြစ်​နိုင်​ပါတယ်​။ ​ဗမာအများစုဘက်​က ကြည်​့ရင်​ အထူးအဆန်​းဖြစ်​နိုင်​ပါတယ်​။ အများစုက အနည်​းစုရဲ့ အထင်​အမြင်​ကို တခါတရံ သတိမပြုမိတာ ဖြစ်​နိုင်​ပါတယ်​။
     ခု NLDအစိုးရက သတိပြုမိရပါ​တော့မယ်​။ ရခိုင်​ဦး​အေး​မောင်​တုံးက အစွန်​း​ရောက်​သွားတယ်​ ​ပြောလို့ရ​ပေမ့ဲ ရှမ်​း​တွေကပါ အသံထွက်​လာပါပြီ။ ဦးခွန်​ထွန်​းဦး တ​ယောက်​ထဲ သ​ဘော​ပေါက်​​တောင်​ သူ့​နောက်​က သာမန်​ရှမ်​းလူမျိုး​တွေအထိ စိတ်​ရှင်​း​အောင်​ လုပ်​ပြဖို့ လိုလာပြီ ထင်​ပါတယ်​။ စာအုပ်​​ပေါ်မှာ၊ ​ဟော​ပြောမှု​တွေမှာ တိုင်​းရင်​းသား​တွေနဲ့ တန်​းတူပါ ၊ ဘယ်​​လောက်​​ရေး​ရေး ​ပြော​ပြော သူတို့ ယုံကြည်​​အောင်​ လုပ်​ပြဖို့ လိုလာပါပြီ။ အပြန်​အလှန်​ အပစ်​တင်​​နေယုံနဲ့ ဒီပြဿနာ မ​အေးနိုင်​ပါ။ မဆလ​ခေတ်​ နအဖ​ခေတ်​ကလို အားမတန်​လို့ ပြန်​မ​ပြောတာ ဖြစ်​​နေနိုင်​ပါတယ်​။ ပြည်​သူ​ရွေးတ့ဲ အစိုးရ​ခေတ်​မှာ စတင်​​ဖြေရှင်​းသင်​့ပါပြီ ။
     သက်​ဆိုင်​ရာ ရာထူး​တွေကိုလည်​း ခုအချိန်​မှ ပြန်​​ပြောင်းခန့်လို့လဲ မသင့်​​တော်​​တော့ပါ။ ပြည်​နယ်​များသို့ ဘတ်​ဂျက်​​တွေ တိုး​ပေး​နေယုံနဲ့လဲ ​ကြေနပ်​မည်​ မထင်​ပါ။ ကျင်​းပဖို့ တာဆူ​နေတ့ဲ ၂၁ရာစုပင်​လုံညီလာခံမှာ ပထမဆုံး အာဂျင်​ဒါအ​နေနဲ့ လက်​ရှိအစိုးရသည်​ ​ဗမာလူမျိုးကြီးဝါဒ အစိုးရမဟုတ်​​ကြောင်​း၊ တိုင်​းရင်​းသား အများစု ယုံကြည်​လာ​အောင်​ ဘာ​တွေလုပ်​သင်​့တယ်​ ဆိုတ့ဲအ​ကြောင်​း ​ဆွေး​နွေးရပါလိမ်​့မယ်​ ထင်​ပါတယ်​။
     သတိထားရမ့ဲ အချက်​တခုက ဖက်​ဒရယ်​အစိုးရပီသ​အောင်​ ပြည်​နယ်​နဲ့တိုင်​း အစိုးရ​တွေကို လုပ်​ပိုင်​ခွင်​့​တွေ ပို​ပေးမယ်​ဆိုတာမျိုးနဲ့ ခုအချိန်​မှာ မရနိုင်​​တော့ပါ။ ဘာဖြစ်​လို့လဲဆို​တော့ အဲဒီ ပြည်​နယ်​နဲ့တိုင်​းအစိုးရ​တွေမှာ သူတို့​နေရာ မရနိုင်​​တော့ဘူးလို့ သူတို့ ထင်​သွားကြပါပြီ။ တနိုင်​ငံလုံးကို လွှမ်​းခြုံနိုင်​တ့ဲ ​ဗမာပါတီကသာ မဲနိုင်​ပြီး အစိုးရဖွဲ့ခွင်​့​ပေးထားတ့ဲ လက်​ရှိ​ခြေဥကို ပြင်​​ပေးဖို့ အ​ရေးတကြီးလိုအပ်​​နေပါပြီ။ ဒါ​တွေအဆင်​မ​ပြေသ၍ ငြိမ်​းချမ်​း​ရေးကလဲ ​ဝေးဦးမယ်​ထင်​ပါတယ်​။ ​နောက်​အ​ရေးအကြီးဆုံးအချက်​က တိုင်​းရင်​းသားပါတီ​တွေကလဲ ဒီ၂၁ရာစု ပင်​လုံညီလာခံမှာ မိမိတို့ရဲ့ ခံစားချက်​များကိုလဲ ပွင်​့ပွင်​့လင်​းလင်​း တင်​ပြကြလိမ်​့မယ်​လို့ ထင်​မိ​ကြောင်​းပါ။
XxXxXx
(Zawgyi version) 
05 May 2016
ဗိုလ်​ချုပ်​ပုံ တံဆိပ်​​ခေါင်း
(Unicode version)
        နိုင်​ငံတိုင်​းမှာ စာပို့ဖို့ တံဆိပ်​​ခေါင်​း ထုတ်​ကြပါတယ်​။ ခု​ခေတ်​က စာထည်​့သူ နည်​းသွား​ပေမ့ဲ ရှိ​နေ​သေးတ့ဲအတွက်​ တံဆိပ်​​ခေါင်​း ထုတ်​ဖို့လိုပါ​သေးတယ်​။ အဲဒီတံဆိပ်​​ခေါင်​း​တွေကို စု​ဆောင်​း​နေသူ​တွေလဲ ရှိတုံးဘဲ​ဗျ။
.
     တံဆိပ်​​ခေါင်​းကို နှစ်​မျိုးထုတ်​​လေ့ ရှိပါတယ်​။ ပထမတမျိုးက အစဉ်​အမြဲသုံး Definitive Stamps ပါ။ အရည်​အတွက်​ မကန်​့သတ်​ဘဲ လိုလာသမျှ ထုတ်​​ဝေ​ပေးရပါတယ်​။ မြန်​မာပြည်​မှာ ထုတ်​ခ့ဲဘူးတာ ဖဆပလ​ခေတ်​မှာ မြန်​မာ့ရိုးရာပုံများ၊ ​တော်​လှန်​​ရေး​ကောင်​စီ​ခေတ်​မှာ ငှက်​စီးရီး၊ မဆလ​ခေတ်​မှာ တိုင်​းရင်​းသားပုံများနဲ့ နဝတ​ခေတ်​မှာ တူရိယျာစီးရီး ထုတ်​​ဝေခ့ဲပါတယ်​။
.
ဒုတိယတမျိုးမှာ အထူးထုတ်​၊ အမှတ်​တရထုတ်​ Commemorative Stamps ပါ။ ပွဲတခုခု၊ အထိမ်​းအမှတ်​တခုခု​ကြောင်​့ ထုတ်​​ဝေတာ ဖြစ်​ပါတယ်​။
.
     ဒုတိယတမျိုးက​တော့ မြန်​မာပြည်​မှာ ထုတ်​​​နေဆဲပါ။အနည်​းဆုံး နှစ်​တိုင်​း လွတ်​လပ်​​ရေး​နေ့မှာ ထုတ်​​လေ့ရှိပါတယ်​။ ပထမတမျိုးက​တော့ ​နောက်​ဆုံးထုတ်​ခ့ဲတာ နှစ်​နှစ်​ဆယ်​​ကျော်​​လောက်​ပါပြီ။ ဒီမိုက​ရေစီ အစိုးရ​ခေတ်​မှာ အသစ်​ထုတ်​​ဝေသင်​့ပြီ ထင်​ပါတယ်​။
.
     အစဉ်​သုံးအဖြစ်​ ​ဗိုလ်​ချုပ်​​အောင်​ဆန်​းပုံနဲ့ ထုတ်​သင်​့ပါတယ်​။ အစဉ်​သုံးသည်​ အမြဲထပ်​ပုံနှိပ်​​နေရမှာဖြစ်​တ့ဲအတွက်​ ဒီဇိုင်​းတမျိုးထဲကိုဘဲ တန်​ဖိုးအလိုက်​ အ​ရောင်​​ပြောင်​းပြီး ထုတ်​သင်​့ပါတယ်​။ ၅၀ကျပ်​တန်​က အနီ​ရောင်​၊ ၁၀၀ကျပ်​တန်​က အပြာ​ရောင်​၊ ၂၀၀ကျပ်​တန်​က အစိမ်​း​ရောင်​ စသဖြင်​့​ပေါ့။့ စာပို့ဌာနကသူ​တွေက ဘယ်​​လောက်​တန်​​တွေ ထုတ်​သင်​့တယ်​ ဆုံးဖြတ်​ရမှာပါ။ ကျွန်​​တော်​အကြိုက်​ဆုံးအရွယ်​က​တော့ အင်္ဂလန်​က ဘုရင်​မ တံဆိပ်​​ခေါင်​း​လေး​တွေ အရွယ်​ပါဘဲ။ တန်​ဖိုးမြှင်​့ high value ​တွေ​တော့ ဆိုဇ်​ ကြီးကြီးထုတ်​တာ​ပေါ့။
.
     အထူးထုတ်​က​တော့ အချိန်​အခါလိုက်​ ထုတ်​​နေရုံပါဘဲ။ ကျွန်​​တော်​့စိတ်​ကူး တံဆိပ်​​ခေါင်​းပုံ​လေး တခုလဲ ထည်​့​ပေးလိုက်​ပါတယ်​။ ပိုက်​ဆံ​တွေ​ပေါ်မှာ ​ဗိုလ်​ချုပ်​ပုံ ပြန်​သုံးဖို့ အခက်​အခဲ ရှိနိုင်​​ပေမ့ဲ ​ဗိုလ်​ချုပ်​ပုံတံဆိပ်​​ခေါင်​း​တွေ မြင်​ရဖို့က မခက်​​လောက်​ဘူး ထင်​မိပါတယ်​ခင်​​ဗျား။
XxXxXx
(Zawgyi version)
.
.
.
.
.
27 April 2016
၂၁ရာစု ပင်​လုံညီလာခံ
(Unicode version)
        ပြည်​​ထောင်​စု ငြိမ်​းချမ်​း​ရေးအတွက်​ ပြည်​​ထောင်​စုအဆင်​့ ​ကော်​မတီကို ဒီ​နေ့ ​ဒေါ်​အောင်​ဆန်​းစုကြည်​ ကိုယ်​တိုင်​​ခေါင်​း​ဆောင်​ပြီး ကျင်​းပပါတယ်​။ သာမန်​ပြည်​သူလူထုကြီး ​မျှော်​လင်​့​နေတာ အစိုးရစတက်​ ကတည်​းကပါ။
.
     ကမ္ဘာမှာ စံချိန်​တင်​တ့ဲ ပြည်​တွင်​းစစ်​အဖြစ်​ မ​ကောင်​းသတင်​း ​ကြော်​ကြား​နေတာပါ။ လွတ်​လပ်​​ရေးရကတည်​းက စခ့ဲတာ ​သေ​ကြေခ့ဲတာ သိန်​းချီခ့ဲ​လောက်​ပါပြီ။ မြန်​မာနိုင်​ငံ မတိုးတက်​တာရဲ့ ရာခိုင်​နှုန်​း ​တော်​​တော်​များများဟာ ပြည်​တွင်​းစစ်​နဲ့ တိုက်​ရိုက်​ပတ်​သက်​တာ မည်​သူမျှ ငြင်​းမယ်​မထင်​ပါ။
.
     အစည်​းအ​ေ၀းမှာ ​ဒေါ်စုက ၂၁ရာစုရဲ့ ပင်​လုံညီလာခံကို တလနှစ်​လအတွင်​း ကျင်​းပဖို့ ​ဆော်​​​သြလိုက်​ပါတယ်​။ ကျွန်​​တော်​က​တော့ ရာနှုံးပြည်​့​ထောက်​ခံပြီး ဝမ်​း​မြောက်​ဝမ်​းသာ ဖြစ်​မိတယ်​။
.
     ဒီအစည်​းအ​ဝေး လုပ်​တာနဲ့ မင်​းက တိုင်​းပြည်​ချက်​ချင်​း ငြိမ်​းချမ်​းသွားမယ်​ ထင်​လို့လား၊ အဲဒီ​လောက်​ မလွယ်​ဘူးကွလို့ အ​ငေါ်မတူးကြပါနဲ့ခင်​​ဗျာ။ တိုင်​းသူပြည်​သား အများစုလိုဘဲ ငြိမ်​းချမ်​း​ရေးရဖို့ ​တော်​​တော်​ကြီးကို လုပ်​ရမယ်​ဆိုတာ ကျွန်​​တော်​သိပါတယ်​။
.
     ကျွန်​​တော်​ ဝမ်​းသာရခြင်​း အ​ကြောင်​းအရင်​းက ဘယ်​သူ​တွေ ငြိမ်​းချမ်​း​ရေး မလိုချင်​တာလဲ ​ဗူး​ပေါ်သလို ​ပေါ်လာ​တော့မှာကိုပါ​ဗျာ။ ဘယ်​သူ​တွေက စစ်​ပွဲ​တွေ​ကြောင်​့ အကျိုးရှိ​နေပြီး ငြိမ်​းချမ်​း​ရေး ရမှာကို ​ကြောက်​​နေသလဲ ပြည်​သူ​တွေ မျက်​ဝါးထင်​ထင်​ မြင်​ကြရ​တော့မှာပါ။
.
     ဒီ​နေရာမှာ မိတ်​​ဆွေက စစ်​တပ်​ကိုဘဲ ​ပြောတယ်​မထင်​လိုက်​ပါနဲ့။ မြန်​မာပြည်​အနှံ့မှာ စစ်​ပွဲ​တွေ မရပ်​ရခြင်​းသည်​ မြန်​မာစစ်​တပ်​ တခုထဲ​ကြောင်​့​တော့ ကျွန်​​တော်​မထင်​လို့ပါ။ ၂၁ရာစုပင်​လုံ အစည်​းအ​ေ၀းကြီးကို တီ​ဗီမှာ တိုက်​ရိုက်​လွင်​့လိုက်​ရင်​ ဘယ်​သူ​တွေ ငြိမ်​းချမ်​း​ရေး မလိုချင်​လို့ အ​ကြောင်​းပြချက်​​တွေ၊ ဆင်​​ခြေ​တွေ​ပေး​နေ​ကြ
ကြောင်​း ​ပေါ်လာ​တော့မှာပါခင်​​ဗျား။
ဓာတ်​ပုံခရက်​ဒစ်​၊ ၊ကာတွန်​းဝင်​းထွန်​း
XxXxXx
(Zawgyi version )
ျပည်​​ထောင်​စု ငြိမ်းခ်မ်း​ရေးအတြက်ျပည်​​ထောင်​စုအဆင့်​ ​ကော်​မတီကို ဒီ​နေ့ ​ဒေါ်​အောင်​ဆန်းစုကြည်​ ကိုယ်​တိုင်​​ခေါင်း​ဆောင်​ပြီး က်င်းပပါတယ်​။ သာမန်ျပည်​သူလူထုကြီး ​မွော််​လင့်​​နေတာ အစိုးရစတက်​ ကတည်းကပါ။
.
     ကမ္ဘာမွာ စံခိန်​တင်​တျဲ့ပည်​တြင်းစစ်​အျဖစ်​ မ​ကောင်းသတင်း ​ကြော်​ကြား​နေတာပါ။ လြတ်​လပ်​​ရေးရကတည်းက စခဲ့တာ ​သေ​ကြေခဲ့တာ သိန်းခ်ီခဲ့​လောက်​ပါပြီ။ျမန်​မာနိုင်​ငံ မတိုးတက်​တာရဲ့ ရာခိုင်​နှုန်း ​တော်​​တော်​မ်ားမ်ားဟျာပည်​တြင်းစစ်​နဲ့ တိုက်​ရိုက်​ပတ်​သက်​တာ မည်​သူမွ်ျငင်းမယ်​မထင်​ပါ။
.
     အစည်းအ​ဝေးမွာ ​ဒေါ်စုက ၂၁ရာစုရဲ့ ပင်​လုံညီလာခံကို တလနွစ်​လအတြင်း က်င်းပဖို့ ​ဆော်​​​သြလိုက်​ပါတယ်​။ ကျြန်​​တော်​က​တော့ ရာနွုံျးပည့်​​ထောက်​ခံပြီး ဝမ်းျေမာက်​ဝမ်းသျာဖစ်​မိတယ်​။
.
     ဒီအစည်းအ​ဝေး လုပ်​တာနဲ့ မင်းက တိုင်ျးပည်​ခ်က်​ခ်င်း ငြိမ်းခ်မ်းသြားမယ်​ ထင်​လို့လား၊ အဲဒီ​လောက်​ မလြယ်​ဘူးကြလို့ အ​ငေါ်မတူးကြပါနဲ့ခင်​​ဗ်ာ။ တိုင်းသျူပည်​သား အမ်ားစုလိုဘဲ ငြိမ်းခ်မ်း​ရေးရဖို့ ​တော်​​တော်​ကြီးကို လုပ်​ရမယ်​ဆိုတာ ကျြန်​​တော်​သိပါတယ်​။
.
     ကျြန်​​တော်​ ဝမ်းသာရျခင်း အ​ကြောင်းအရင်းက ဘယ်​သူ​တြေ ငြိမ်းခ်မ်း​ရေး မလိုခ်င်​တာလဲ ​ဗူး​ပေါ်သလို ​ပေါ်လာ​တော့မွာကိုပါ​ဗ်ာ။ ဘယ်​သူ​တြေက စစ်​ပြဲ​တြေ​ကြောင့်​ အကိုးရွိ​နေပြီး ငြိမ်းခ်မ်း​ရေး ရမွာကို ​ကြောက်​​နေသလျဲပည်​သူ​တြေ မ်က်​ဝါးထင်​ထင်ျမင်​ကြရ​တော့မွာပါ။
.
     ဒီ​နေရာမွာ မိတ်​​ဆြေက စစ်​တပ်​ကိုဘဲျေပာတယ်​မထင်​လိုက်​ပါနဲ့။ျမန်​မျာပည်​အနွံ့မွာ စစ်​ပြဲ​တြေ မရပ်​ရျခင်းသည်ျမန်​မာစစ်​တပ်​ တခုထဲ​ကြောင့်​​တော့ ကျြန်​​တော်​မထင်​လို့ပါ။ ၂၁ရာစုပင်​လုံ အစည်းအ​ဝေးကြီးကို တီ​ဗီမွာ တိုက်​ရိုက်​လြင့်​လိုက်​ရင်​ ဘယ်​သူ​တြေ ငြိမ်းခ်မ်း​ရေး မလိုခ်င်​လို့ အ​ကြောင်ျးပခ်က်​​တြေ၊ ဆင်ျေခ​တြေ​ပေး​နေ​ကြ
ကြောင်း ​ပေါ်လာ​တော့မွာပါခင်​​ဗ်ား။
ဓာတ်​ပုံခရက်​ဒစ်​၊ ၊ကာတြန်းဝင်းထြန်း
23 April 2016
ဦးသိန်​းစိန်​ စင်​တာ
(Unicode version)
    ကျွန်​​တော်​က​တော့ ​သေးစိမ်​ဆင်​တာကြီး ​ထောင်​​စေချင်​သည်​။
.
၁၊ အစိုးရအ​နေနဲ့ ပြည်​သူ့ပိုက်​ဆံ​တွေနဲ့ စိတ်​ကြိုက်​လုပ်​ခွင်​့ရခ့ဲတာ​တောင်​ စီမံခန်​ ့ခွဲမှု ည့ံတာတ​ကြောင်​း၊ ဘုံးကြတာတ​ကြောင်​း​ကြောင်​့ မ​အောင်​မြင်​ခ့ဲ။ ခုလဲ ​အောင်​မြင်​မယ်​ လုံးဝမထင်​။
.
၂၊ ဘယ်​သူ​တွေ ပိုက်​ဆံထည်​့ကြမလဲ သိရတာ​ပေါ့။ ကျွန်​​တော်​့အထင်​က​တော့ ထည်​့ကြမယ်​မထင်​။ အရင်​ ဘုံးလို့ရလို့ အဘ အဘ တ​နေသူ​တွေပါ ​ပြေးမည်​ထင်​သည်​။ ကြံ့ဖွတ်​ရံပုံ​ငွေ​တွေနဲ့ သုံးရ​တော့မည်​။ ထပ်​ဘုံးကြတာ​ပေါ့။
.
၃၊ လုပ်​ဖြစ်​လဲ ပြည်​သူ​တွေဆီက ခိုးထားတာ​တွေ ပြည်​သူ​တွေစီ ပြန်​​ရောက်​တာဘဲ ​အောက်​​မေ့သည်​။ မဲဆွယ်​တုံးကလို​ပေါ့။ ​ပေးတာယူ၍ ဘာလုပ်​ရမည်​ကို ပြည်​သူ​တွေ သိကြသည်​။ အဲဒီတခု​တော့ မြန်​မာပြည်​သူပြည်​သား​တွေကို ကျွန်​​တော်​ အထင်​အကြီးဆုံးပါ။
XxXxXx
(Zawgyi version )
.
.
.
21 April 2016
f-က​လေးရဲ့ တန်​ခိုး
(Unicode version)
 ​လောကကြီးတွင်​ လူအမျိုးမျိုး ​တွေ့ရသည်​။
* ငါကယ်​တင်​ထားလို့ ​လောကကြီး ဒုက္ခမ​ရောက်​တာမှသည်​ ...
*ငါကဆရာကြီးဘဲ၊ ဒီ​ကောင်​​တွေ ဂရုစိုက်​စရာမလို။
* လူလိမ်​​တွေများတယ်​၊ အလိမ်​မခံရ​အောင်​ သတိနဲ့​နေမှ။
* ငါ့ဆရာ သူလုပ်​တာ အကုန်​မှန်​တယ်​၊ ​ထောက်​ခံမှ။
* သူက ငါ့သူငယ်​ချင်​းရဲ့သူငယ်​ချင်​း၊ သူလဲ​တော်​တယ်​။
* သူက အင်္ဂလိပ်​လို ကျွမ်​းတယ်​၊ သူလုပ်​တာ အမှန်​ဖြစ်​မှာဘဲ။
* သူက နိုင်​ငံခြားပြန်​ဆို​တော့ သူ့ကို အထင်​ကြီးမှ ဖြစ်​မယ်​။
* ဒီ​ကောင်​ ငါ့ကို အခွင်​့အ​ရေး​ပေးနိုင်​တယ်​၊ သူ့မျက်​နှာရ​အောင်​ လုပ်​ထားမှ။
* ဒီ​ကောင်​က ငါ့တပည်​့ဖြစ်​ဘူးပါတယ်​၊ ဂရုစိုက်​စရာ မလိုပါဘူး။
* မ​အေ​ပေး ဟိုတခါ ငါ့ကိုနှိပ်​သွားတယ်​၊ အဆင်​း ဘီးတပ်​​ပေးမှ။
* သူ့ဖာသာသူ ဘယ်​​လောက်​​တော်​​တော်​ မမြင်​ချင်​​ယောင်​​ဆောင်​​နေမှ။
* ဒီ​ကောင်​ ကြိုးစားလုပ်​ထားတာ​လေး အသိအမှတ်​ပြုလိုက်​မှပါ​လေ။
* ​လောကကြီးက ​ပျော်​စရာကြီးပါ။ ရီစရာ​တွေ များများလုပ်​မှ။
* သူများ​တွေ အများကြီးလုပ်​တယ်​။ ငါလဲ တခုခုလုပ်​ပြမှပါ။
* ငါဒါမျိုး လုပ်​တတ်​တယ်​၊ မင်​းတို့ လုပ်​တတ်​ရဲ့လား။
* ငါ့မှာ ပိုင်​တာက ဒါ​တွေဘဲ၊ မင်​းတို့မှာ ရှိရဲ့လား။
* လူအထင်​ကြီး​အောင်​ တရားအ​ကြောင်​း​တွေ လူကြားထဲ ​ပြောရတာ အရသာဘဲ။
* ​လောကမှာ အစား​ကောင်​းကသာ အ​ရေးအကြီးဆုံး ပါကွာ။
* ဒီ​ကောင်​​တွေလုပ်​တာ လွဲ​နေတယ်​။ ငါ ဆရာလုပ်​မှ ဖြစ်​မှာ။
.
လူအမျိုးမျိုးရဲ့ အ​တွေးအမျိုးမျိုးကို ​တွေ့ဘူးကြမှာပါ။ စရိုက်​ ​ဗီဇမျိုးစုံ​ပေါ့။ ခင်​​ဗျားတို့ ကြုံဘူး စဉ်​းစားဘူးတာ​တွေလဲ အများကြီးရှိဦးမှာပါ။ အဲဒါ​တွေပါ ထပ်​ဖြည်​့လိုက်​ဦး။
.
ရယ်​စရာ ​ကောင်​းတာက အ့ဲဒါ​တွေအားလုံး ​ဖေ့ဘုတ်​ ​ခေါ် ဖွဘုတ်​​ပေါ်မှာ လာ​တွေ့​နေရတာပါဘဲ​ဗျာ။
XxXxXx
(Zawgyi version )
.
.
ရယ်​စရာ ​ကောင်းတာက အဲ့ဒါ​တွေအားလုံး ​ဖေ့ဘုတ်​ ​ခေါ် ဖွဘုတ်​​ပေါ်မှာ လာ​တွေ့​နေရတာပါဘဲ​ဗျာ။