27 October 2009

သွေးချင်းချင်းနီ


(Unicode version)

မြို့တော် မဟုတ်တော့တ့ဲ ရန်ကုန်မှာ တည်ရှိတ့ဲ ရွှေတိဂုံဘုရားခြေရင်းမှာ သွေးချင်းချင်းနီ မယ်လို့များ ကြားကြပါသလား။

ရွှေတိဂုံဘုရား အောက်ခြေကို အနီရောင်တွေ သုတ်ထားတာ သေချာမြင်ကြရမှာပါ။

XxXxXx

(Zawgyi version)

ၿမိဳ႕ေတာ္ မဟုတ္ေတာ့တ့ဲ ရန္ကုန္မွာ တည္႐ွိတ့ဲ ေ႐ႊတိဂံုဘုရားေျခရင္းမွာ ေသြးခ်င္းခ်င္းနီ မယ္လို႔မ်ား ၾကားၾကပါသလား။
ေရႊတိဂံုဘုရား ေအာက္ေျခကို အနီေရာင္ေတြ သုတ္ထားတာ ေသခ်ာျမင္ၾကရမွာပါ။

25 October 2009

မြူ


၂၀၀၉ ခုအတွက် ပထမဆုံး ကျတ့ဲ မြူပါ။

၂၀၀၉ ခုအတြက္ ပထမဆံုး က်တ့ဲ ျမဴပါ။

14 October 2009

ဘယ်သူ့ကြောင့်လဲ။

(Unicode version)

မေးခွန်းလေး တစ်ခုမေးလိုပါသည်။ သေချာ စဉ်းစား၍ ဖြေကြစေလိုပါသည်။ သီအိုရီ အတိုင်း မစဉ်းစားဘဲ မေးခွန်းဧ။် လိုရင်းကိုသာ စဉ်းစားစေလိုပါသည်။

တစ်ခါက ရွာတစ်ရွာတွင် မိသားစု တစ်စု ရှိသတ့ဲ။ အဲဒီ မိသားစုမှာ သားများနဲ့ သမီး အထွေးဆုံးတစ်ယောက် ရှိတယ်လို့ မှတ်ပါ။ အထွေးဆုံးဆိုတော့ အရမ်းချစ်ကြပြီး အရမ်း အလို လိုက်ကြတာပေါ့။ သဟာနဲ့ ပုံပြင်ထဲက အတိုင်း ဆိုယင်တော့ တစ်နေ့သ၌ မိဘနှစ်ပါးဟာ ဗာရာဏသီ ပြည်ကို ခရီးထွက် သွားသတ့ဲ။ သွားခါနီးမှာ သားတွေကို မှာတယ်။ လိမ်လိမ်မာမာ နေကြပါ။ အထူးသဖြင့် မိဘများ မရှိခိုက် ကြက်တိုက်၊ ငှက်ဖမ်း၊ အရက်သောက် မလုပ်ကြပါနဲ့။ သမီးအထွေးဆုံးက ကြည့်ထားပါ၊ အမေတို့ အဖေတို့ စိတ်ချမ်းသာပါရစေ၊ လို့ မှာသွားသတ့ဲ။

သားတွေကလဲ သားတွေဆိုတော့ လူကြီးတွေ စိတ်ချမ်းသာအောင် မလုပ်ပါဘူး၊ စိတ်ချ လက်ချသာ သွားပါ လို့ပြောလိုက်တယ်။ သွားတ့ဲညနေက စလို့ဘဲ သားတွေကလဲ သားတွေဆိုတော့ မှာသွားတာတွေ စလုပ်ပါတော့တယ်။ ညီမအငယ်ဆုံး ကလဲ လုံး၀ကို ကြည့်မရတော့ ဘူးပေါ့။ အကိုတွေကို ပြောတယ်။ မလုပ်ကြဖို့ပေါ့။ မိဘတွေ သိယင် မိဘတွေ စိတ်ဆင်းရဲလိမ့်မယ်ပေါ့။

အကိုတွေကလဲ ယောက်ကျားလေးတွေဆိုတော့ လွယ်လွယ်ဘဲ စဉ်းစားပါတယ်။ ညီမလေး၊ လွယ်လွယ်လေးပါ။ အကိုတို့ လုပ်တာတွေ ညီမလေး မိဘတွေကို ပြန်မပြောယင် မိဘတွေ စိတ်မဆင်းရဲ ရတော့ဘူးပေါ့။ ဒီတော့ ညီမလေး ပြန်မပြောပါနဲ့ လို့ ပိတ်သတ့ဲ။ လွယ်လိုက်တဲ့ အကြံနော်။ ရွှေချထားဖို့တောင် ကောင်းတယ်။

ဇတ်လမ်းကစပြီ။ ညီမလေးကလဲ သူ့ကိုအာဏာ အပြည့်ပေးထားတုံး ပြောလို့ မရတာကို မကြေနပ်ဘူး။ စာရေးပြီးတိုင်မယ် လုပ်တယ်။ အကိုတွေက တားပါတယ်။ ညီမလေး၊ အကိုတို့ ဘာလုပ်လုပ် မိဘတွေ မသိယင် မိဘတွေ စိတ်မဆင်းရဲဘူး၊ ညီမလေး တိုင်လိုက်လို့ သိပြီး မိဘတွေ စိတ်ဆင်းရဲယင် မိဘတွေကို စိတ်ဆင်းရဲအောင် လုပ်သူဟာ အကိုတို့ မဟုတ်တော့ဘူး။ သိအောင် လုပ်တ့ဲ ညီမလေးဘဲ ဖြစ်တော့မယ်လို့ စေတနာပါပါနဲ့ တားကြသတဲ့။ လာဘ်ထိုးဖို့တော့ မစဉ်းစားကြဘူး။ တော်တော် ညံ့တဲ့ အကိုတွေဘဲ။ ဒီခေတ်နဲ့ဆို အံ၀င်မှာမဟုတ်ဘူးနော်။

ပုံပြင်ကတော့ ဒါပါဘဲ။ ဒီဇတ်လမ်းမှာ တစ်ခြား Factor တွေမစဉ်းစားဘဲ မိဘကို စိတ်စဉ်းရဲအောင် လုပ်သူအစစ်ဟာ ဘယ်သူပါလဲ။ မိဘမသိအောင် တိတ်တိတ်လုပ်တ့ဲ အကိုတွေလား၊ မိဘသိအောင် လုပ်တ့ဲ ညီမလေးလား။ ကြည်တ့ဲရှုထောင့် အပေါ်မူတည်ပြီး အဖြေကွာ သွားမယ်ထင်တယ်။ လွယ်လွယ် သမရိုးကျ သီအိုရီတွေ မေ့လိုက်ကြရအောင်။ ။


XxXxXx

(Zawgyi version)

ေမးခြန္းေလး တစ္ခုေမးလိုပါသည္။ ေသခ်ာ စဥ္းစား၍ ေျဖၾကေစလိုပါသည္။ သီအိုရီ အတိုင္း မစဥ္းစားဘဲ ေမးခြန္းဧ။္ လိုရင္းကိုသာ စဥ္းစားေစလိုပါသည္။
တစ္ခါက ႐ြာတစ္႐ြာတြင္ မိသားစု တစ္စု ႐ွိသတ့ဲ။ အဲဒီ မိသားစုမွာ သားမ်ားနဲ႔ သမီး အေထြးဆံုးတစ္ေယာက္ ႐ွိတယ္လို႔ မွတ္ပါ။ အေထြးဆုံးဆိုေတာ့ အရမ္းခ်စ္ၾကၿပီး အရမ္း အလို လိုက္ၾကတာေပါ့။ သဟာနဲ႔ ပံုျပင္ထဲက အတိုင္း ဆိုယင္ေတာ့ တစ္ေန႔သ၌ မိဘႏွစ္ပါးဟာ ဗာရာဏသီ ျပည္ကို ခရီးထြက္ သြားသတ့ဲ။ သြားခါနီးမွာ သားေတြကို မွာတယ္။ လိမ္လိမ္မာမာ ေနၾကပါ။ အထူးသျဖင့္ မိဘမ်ား မ႐ွိခိုက္ ၾကက္တိုက္၊ ငွက္ဖမ္း၊ အရက္ေသာက္ မလုပ္ၾကပါနဲ႔။ သမီးအေထြးဆံုးက ၾကည့္ထားပါ၊ အေမတို႔ အေဖတို႔ စိတ္ခ်မ္းသာပါရေစ၊ လို႔ မွာသြားသတ့ဲ။
သားေတြကလဲ သားေတြဆိုေတာ့ လူႀကီးေတြ စိတ္ခ်မ္းသာေအာင္ မလုပ္ပါဘူး၊ စိတ္ခ် လက္ခ်သာ သြားပါ လို႔ေျပာလိုက္တယ္။ သြားတ့ဲညေနက စလို႔ဘဲ သားေတြကလဲ သားေတြဆိုေတာ့ မွာသြားတာေတြ စလုပ္ပါေတာ့တယ္။ ညီမအငယ္ဆံုး ကလဲ လံုး၀ကို ၾကည့္မရေတာ့ ဘူးေပါ့။ အကိုေတြကို ေျပာတယ္။ မလုပ္ၾကဖို႔ေပါ့။ မိဘေတြ သိယင္ မိဘေတြ စိတ္ဆင္းရဲလိမ့္မယ္ေပါ့။
အကိုေတြကလဲ ေယာက္က်ားေလးေတြဆိုေတာ့ လြယ္လြယ္ဘဲ စဥ္းစားပါတယ္။ ညီမေလး၊ လြယ္လြယ္ေလးပါ။ အကိုတို႔ လုပ္တာေတြ ညီမေလး မိဘေတြကို ျပန္မေျပာယင္ မိဘေတြ စိတ္မဆင္းရဲ ရေတာ့ဘူးေပါ့။ ဒီေတာ့ ညီမေလး ျပန္မေျပာပါနဲ႔ လို႔ ပိတ္သတ့ဲ။ လြယ္လိုက္တဲ့ အၾကံေနာ္။ ေ႐ႊခ်ထားဖို႔ေတာင္ ေကာင္းတယ္။
ဇတ္လမ္းကစၿပီ။ ညီမေလးကလဲ သူ႔ကိုအာဏာ အျပည့္ေပးထားတံုး ေျပာလို႔ မရတာကို မေၾကနပ္ဘူး။ စာေရးၿပီးတိုင္မယ္ လုပ္တယ္။ အကိုေတြက တားပါတယ္။ ညီမေလး၊ အကိုတို႔ ဘာလုပ္လုပ္ မိဘေတြ မသိယင္ မိဘေတြ စိတ္မဆင္းရဲဘူး၊ ညီမေလး တိုင္လိုက္လို႔ သိၿပီး မိဘေတြ စိတ္ဆင္းရဲယင္ မိဘေတြကို စိတ္ဆင္းရဲေအာင္ လုပ္သူဟာ အကိုတို႔ မဟုတ္ေတာ့ဘူး။ သိေအာင္ လုပ္တ့ဲ ညီမေလးဘဲ ျဖစ္ေတာ့မယ္လို႔ ေစတနာပါပါနဲ႔ တားၾကသတဲ့။ လာဘ္ထိုးဖို႔ေတာ့ မစဥ္းစားၾကဘူး။ ေတာ္ေတာ္ ညံ့တဲ့ အကိုေတြဘဲ။ ဒီေခတ္နဲ႔ဆို အံ၀င္မွာမဟုတ္ဘူးေနာ္။
ပံုျပင္ကေတာ့ ဒါပါဘဲ။ ဒီဇတ္လမ္းမွာ တစ္ျခား Factor ေတြမစဥ္းစားဘဲ မိဘကို စိတ္စဥ္းရဲေအာင္ လုပ္သူအစစ္ဟာ ဘယ္သူပါလဲ။ မိဘမသိေအာင္ တိတ္တိတ္လုပ္တ့ဲ အကိုေတြလား၊ မိဘသိေအာင္ လုပ္တ့ဲ ညီမေလးလား။ ၾကည္တ့ဲ႐ႈေထာင့္ အေပၚမူတည္ၿပီး အေျဖကြာ သြားမယ္ထင္တယ္။ လြယ္လြယ္ သမ႐ိုးက် သီအိုရီေတြ ေမ့လိုက္ၾကရေအာင္။ ။

04 October 2009

“တေးဂီတဧ။် တန်ခိုးစွမ်းပကား”



-->







နိုင်ဇော်ရေး “တေးဂီတဧ။် တန်ခိုးစွမ်းပကား” စာအုပ်တွင် ခင်၀မ်း အကြောင်း ပါသည်ဟု သိ၍ စာအုပ်ဆိုင်များတွင် ရှာကြည့်ပါသည်။ လှည်းတန်းရှိ ဆိုင်များတွင် သုံးကြိမ်ခန့် ရှာ သော်လည်း မရခ့ဲပါ။ ရမယ့်ရတော့လည်း အိမ်တိုင်ယာရောက် ရောက်လာခ့ဲပါသည်။

မဖတ်ရခင်က အားခဲထားသလောက် အားမရခ့ဲပါ။ ကျွန်တော်ထင်ထားသည်က လွန်ခ့ဲသော ၁၀ နှစ်ကျော်က မဟေသီမဂ္ဂဇင်းတွင် လေးဖြူအကြောင်းဖြင့် စခ့ဲသည့် တေးရေး တေးဆို ပညာသည်များ အကြောင််းဖြစ်သည်။ ထိုစဉ်က လေးဖြူ ၊ စိုင်းခမ်းလိတ် ၊ ရွှေဂျော်ဂျော် ၊ မြင့်မိုးအောင် စသည့် တေးဂီတ ဖန်တီးသူများ အကြောင်း ဖတ်၍ အလွန် ကောင်းခ့ဲပါသည်။

ယခု စာအုပ်က ထိုစာအုပ် မဟုတ်ပါ။ အခြားမဂ္ဂဇင်းများတွင် ဖေါ်ပြခ့ဲသော တေးသီချင်းစာသားများ အကြောင်း နှင့် အဆိုတော် အချို့အကြောင်းဖြစ်သည်။ ကျွန်တော်တို့ ကြိုက်နှစ်သက်ခ့ဲသော တေးသီချင်းများအပြင် ယနေ့ခေတ် ဟစ်ဟော့ ဆရာများအထိပါပါသည်။ နိုင်ဇော်က ဆရာ၀န် စာရေးဆရာဖြစ်၍ ဆရာ၀န်အဆိုတော်များ အကြောင်းပါ သီးသန့်ဆောင်းပါး တစ်ပုဒ် ပါပါသည်။

ကျွန်တော်က ခင်၀မ်း အကြောင်းဘဲ ပြောချင်ပါသည်။ တေးစာသားများ အကြောင်း ရေးထားသော ဆောင်းပါးတွင် စိုင်းထီးစိုင်ဆိုထားသော စိုင်းခမ်းလိတ်ဧ။် သီချင်းစာသားများ အကြောင်းအများဆုံး ညွှန်းထားသောလည်း ခင်၀မ်းဧ။် သီချင်းစာသားများ ကဗျာဆန်ကြောင်း သူနှစ်သက်ကြောင်း အနည်းငယ် ဖေါ်ပြထားပါသည်။ စိုင်းထီးစိုင်တို့ စာသားများမှာ လည်း ကျွန်တော်တို့ စွဲလန်းခ့ဲရသော သီချင်းစာသားများပင်။

ခင်၀မ်းအကြောင်း သီးသန့်ဆောင်းပါးတွင် ခင်၀မ်းရေးသော “စိတ္တဇပန်းချီ” စာအုပ်ကို အဆောင်ကျောင်းနေစဉ်က ခေါင်းရင်းတွင် ထားအိပ်သည်အထိ စွဲလမ်းခ့ဲကြောင်း ပြောခ့ဲသော်လည်း သီချင်းများ အကြောင်းတွင်မူ သီချင်းလေးပုဒ်ခန့်သာ စာသားများနှင့် ဖေါ်ပြခ့ဲသည်။ ခင်၀မ်း ပန်းချီထက် သီချင်းကို ပိုနှစ်သက်သော ကျွန်တော့်အတွက် အားမရခ့ဲပါ။ တေးဂီတဧ။် တန်ခိုး တစ်အုပ်လုံး ခင်၀မ်း သီချင်းများ အကြောင်းသာ ဖြစ်စေချင်သည်။

သို့သော်လည်း မဖတ်ရသည်နှင့် စာလျှင် တော်ပါသေးသည်။ ကိုယ်တိုင် သူတို့လို မရေးနိုင်၍ ရေးသူများကို ကျေးဇူးတင်ပါသည်။


15 September 2009

ဂျင်းရွှေ

(Unicode version )

မြန်မာပြည်တွင်းမှာရော ပြည်ပမှာပါ ကြားနေရတာ နှစ် နှစ်ဆယ်လောက်ရှိနေပါပြီ။ ဒါ ဘာလဲဆိုတော့ လက်ရှိ အစိုးရကို ဖြုတ်ချဖို့အတွက် မျိုးစုံ ဆော်သြ နေတာပါ။ အဖြူရောင် လှုပ်ရှားမှု ၊ အနီရောင် လှုပ်ရှားမှု ၊ အနက်ရောင် လှုပ်ရှားမှု စသဖြင့် အရောင်တွေကို စုံနေပါပြီ။ ဘာမှ ဖြစ်မလာပါဘူး။

နောက် ပိုစတာ campaign ၊ ဓါတ်ပုံ campaign တွေလဲ မျိုးစုံနေပါပြီ။ ဒါ့အပြင် လမ်းလျှောက် လှုပ်ရှားမှု ၊ ထိုင်သပိတ် ထသပိတ် တွေကြောင့် အဖမ်းခံကြရသူတွေလဲ မနဲတော့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် လွတ်အောင်ဆိုပြီး အင်္ဂါနေ့တိုင်း ဘုရားတွေမှာ သွားဆုတောင်းလို့ အရိုက်ခံရသူတွေတောင် ရှိတယ်ကြားရပါတယ်။

ဘာမှဖြစ်မလာပါဘူး။ နှစ် နှစ်ဆယ်တောင် ရှိလာပါပြီ။ အစိုးရ သတင်းစာ တွေမှာကတော့ ဂျင်းရှပ် နည်းတွေဆိုပြီး နာမည်တပ် ခံရတာဘဲရှိပါတယ်။ အာဏာ လက်ရှိသူကို သွား စ လို့ကတော့ ခုလိုဘဲ အဆော်ခံရမှာပါ။ ဒါကြောင့် စိတ်၀င်စားသူတွေကို စမ်းကြည့်ဖို့ နည်းလမ်းလေး ပြောပြ ချင်ပါတယ်။ ကိုယ့်ဖါသာကိုယ် အိမ်ထဲမှာဘဲ စမ်းစမ်း ၊ ဘုရားပေါ် တက်ပြီး စမ်းချင်လဲစမ်း ၊ လူစုလူေ၀းနဲ့တောင် လုပ်လို့ရ နိုင်ပါတယ်။ လွယ်တာကလဲ အရမ်းကို လွယ်တာပါ။

ဘုရားဟောခ့ဲတ့ဲ မေတ္တာပို့ဖို့ပါဘဲ။ မိမိ ရန်သူလို့ သဘောထားတ့ဲ နအဖ အဖွဲ့ကြီး ကျန်းမာ ချမ်းသာပါစေလို့ ဆုတောင်းဖို့ပါဘဲ။ မရီကြပါနဲ့။ ဒေါသလဲ မထွက်ကြပါနဲ့။ တကယ်စမ်းကြည့် သင့်တ့ဲ ကိစ္စပါ။ အသံထွက်ပြိး ဆုတောင်းလဲ လာဖမ်းမှာ မဟုတ်ပါဘူး။ လူစုလူေ၀းနဲ့ လှုပ်ရှားလဲ လာတားမှာ မဟုတ်ပါဘူး။ တကယ်အတည်ကို ဆုတောင်းရမှာပါ။

အသေးစိတ်ချင်ယင် သောကြာနေ့တိုင်း ဗိုလ်ချုပ်သန်းရွှေ ကျန်းမာပါစေ၊ ချမ်းသာပါစေ ရွတ်ပေးပါ။ ကြာသပတေးနေ့ဆို ဗိုလ်ချုပ်မောင်အေး၊ ဗုဒ္ဓဟူးနေ့ ဗိုလ်ချုပ် ရွှေမန်း၊ ဒီလိုဘဲ နေ့ရှိသ၍ ဗိုလ်ချုပ်အမည်တွေ ရှာကျန်ရွတ်ပေးယင် မေတ္တာ ရောင်ပြန် ဟပ်လာပါမယ်။ မေတ္တာဆိုတာ အသွားအပြန်ရှိတယ်လို့ မြတ်စွာဘုရား ဟောခ့ဲတာပါ။ ကိုယ့်ဖက်ကသာ မှန်သောစေတနာနဲ့ ဆုတောင်းမေတ္တာ ပို့ပေးယင် ကိုယ့်ဆန္ဒတွေ ပြည့်လာမှာပါ။

ဖြစ်ခ့ဲပြီးတာတွေ ပြန်တွေးမနေပါနဲ့တော့။ ရှေ့ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်ယင် တော်ရောပေါ့။ ခုတောင် ဘာလိုလို၊ ဟိုလှည့် ဒီလည့်နဲ့ နှစ် နှစ်ဆယ်ရှိလာပါပြီ။ နောက်ထပ် ဘယ်လောက်ကြာ စောင့်ချင်ကြသေးလို့လဲ။ စမ်းပြီး လုပ်ကြည့်ကြပါလား။

ကျွန်တော်ကတော့ ရိုးရိုးသားသား နည်းလေး တစ်ခု ပြောကြည့်တာပါ။ သတင်းစာမှာ ဆောင်းပါးရေးသူတွေ ဖတ်မိပြီး ကြိုက်လို့ဘဲဖြစ်ဖြစ် မကြိုက်လို့ဘဲ ဖြစ်ဖြစ် နာမည်တပ်မှာ ကိုတော့ ကျွန်တော် မခံချင်ပါ။ ဒါကြောင့် ဒီနည်းလမ်းကို သူများ နာမည်မပေးခင် ကျွန်တော့်ဖာသာဘဲ ကျွန်တော် နာမည်ပေးခ့ဲချင်ပါတယ်။ ဂျင်းရွှေ နည်းလို့။ ကျေးဇူးတင်ပါတယ် ခင်ဗျား။ ။


XxXxXx

(Zawgyi version )

ျမန္မာျပည္တြင္းမွာေရာ ျပည္ပမွာပါ ၾကားေနရတာ ႏွစ္ ႏွစ္ဆယ္ေလာက္႐ွိေနပါၿပီ။ ဒါ ဘာလဲဆိုေတာ့ လက္႐ွိ အစိုးရကို ျဖဳတ္ခ်ဖို႔အတြက္ မ်ိဳးစံု ေဆာ္ၾသ ေနတာပါ။ အျဖဴေရာင္ လႈပ္႐ွားမႈ ၊ အနီေရာင္ လႈပ္႐ွားမႈ ၊ အနက္ေရာင္ လႈပ္႐ွားမႈ စသျဖင့္ အေရာင္ေတြကို စံုေနပါၿပီ။ ဘာမွ ျဖစ္မလာပါဘူး။
ေနာက္ ပိုစတာ campaign ၊ ဓါတ္ပံု campaign ေတြလဲ မ်ိဳးစံုေနပါၿပီ။ ဒါ့အျပင္ လမ္းေလွ်ာက္ လႈပ္႐ွားမႈ ၊ ထိုင္သပိတ္ ထသပိတ္ ေတြေၾကာင့္ အဖမ္းခံၾကရသူေတြလဲ မနဲေတာ့ပါဘူး။ ေဒၚေအာင္ဆန္းစုၾကည္ လြတ္ေအာင္ဆိုၿပီး အဂၤါေန႔တိုင္း ဘုရားေတြမွာ သြားဆုေတာင္းလို႔ အ႐ိုက္ခံရသူေတြေတာင္ ႐ွိတယ္ၾကားရပါတယ္။
ဘာမွျဖစ္မလာပါဘူး။ ႏွစ္ ႏွစ္ဆယ္ေတာင္ ႐ွိလာပါၿပီ။ အစိုးရ သတင္းစာ ေတြမွာကေတာ့ ဂ်င္း႐ွပ္ နည္းေတြဆိုၿပီး နာမည္တပ္ ခံရတာဘဲ႐ွိပါတယ္။ အာဏာ လက္႐ွိသူကို သြား စ လို႔ကေတာ့ ခုလိုဘဲ အေဆာ္ခံရမွာပါ။ ဒါေၾကာင့္ စိတ္၀င္စားသူေတြကို စမ္းၾကည့္ဖို႔ နည္းလမ္းေလး ေျပာျပ ခ်င္ပါတယ္။ ကိုယ့္ဖါသာကိုယ္ အိမ္ထဲမွာဘဲ စမ္းစမ္း ၊ ဘုရားေပၚ တက္ၿပီး စမ္းခ်င္လဲစမ္း ၊ လူစုလူေ၀းနဲ႔ေတာင္ လုပ္လို႔ရ ႏိုင္ပါတယ္။ လြယ္တာကလဲ အရမ္းကို လြယ္တာပါ။
ဘုရားေဟာခ့ဲတ့ဲ ေမတၱာပို႔ဖို႔ပါဘဲ။ မိမိ ရန္သူလို႔ သေဘာထားတ့ဲ နအဖ အဖြဲ႔ႀကီး က်န္းမာ ခ်မ္းသာပါေစလို႔ ဆုေတာင္းဖို႔ပါဘဲ။ မရီၾကပါနဲ႔။ ေဒါသလဲ မထြက္ၾကပါနဲ႔။ တကယ္စမ္းၾကည့္ သင့္တ့ဲ ကိစၥပါ။ အသံထြက္ၿပိး ဆုေတာင္းလဲ လာဖမ္းမွာ မဟုတ္ပါဘူး။ လူစုလူေ၀းနဲ႔ လႈပ္႐ွားလဲ လာတားမွာ မဟုတ္ပါဘူး။ တကယ္အတည္ကို ဆုေတာင္းရမွာပါ။
အေသးစိတ္ခ်င္ယင္ ေသာၾကာေန႔တိုင္း ဗိုလ္ခ်ဳပ္သန္းေရႊ က်န္းမာပါေစ၊ ခ်မ္းသာပါေစ ႐ြတ္ေပးပါ။ ၾကာသပေတးေန႔ဆို ဗိုလ္ခ်ဳပ္ေမာင္ေအး၊ ဗုဒၶဟူးေန႔ ဗိုလ္ခ်ုပ္ ေရႊမန္း၊ ဒီလိုဘဲ ေန႔႐ွိသ၍ ဗိုလ္ခ်ဳပ္အမည္ေတြ ႐ွာက်န္႐ြတ္ေပးယင္ ေမတၱာ ေရာင္ျပန္ ဟပ္လာပါမယ္။ ေမတၱာဆိုတာ အသြားအျပန္႐ွိတယ္လို႔ ျမတ္စြာဘုရား ေဟာခ့ဲတာပါ။ ကိုယ့္ဖက္ကသာ မွန္ေသာေစတနာနဲ႔ ဆုေတာင္းေမတၱာ ပို႔ေပးယင္ ကိုယ့္ဆႏၵေတြ ျပည့္လာမွာပါ။
ျဖစ္ခ့ဲၿပီးတာေတြ ျပန္ေတြးမေနပါနဲ႔ေတာ့။ ေ႐ွ႕ ကိုယ္ျဖစ္ခ်င္တာေတြ ျဖစ္ယင္ ေတာ္ေရာေပါ့။ ခုေတာင္ ဘာလိုလို၊ ဟိုလွည့္ ဒီလည့္နဲ႔ ႏွစ္ ႏွစ္ဆယ္႐ွိလာပါၿပီ။ ေနာက္ထပ္ ဘယ္ေလာက္ၾကာ ေစာင့္ခ်င္ၾကေသးလို႔လဲ။ စမ္းၿပီး လုပ္ၾကည့္ၾကပါလား။
ကၽြန္ေတာ္ကေတာ့ ႐ိုး႐ိုးသားသား နည္းေလး တစ္ခု ေျပာၾကည့္တာပါ။ သတင္းစာမွာ ေဆာင္းပါးေရးသူေတြ ဖတ္မိၿပီး ၾကိဳက္လို႔ဘဲျဖစ္ျဖစ္ မႀကိဳက္လို႔ဘဲ ျဖစ္ျဖစ္ နာမည္တပ္မွာ ကိုေတာ့ ကၽြန္ေတာ္ မခံခ်င္ပါ။ ဒါေၾကာင့္ ဒီနည္းလမ္းကို သူမ်ား နာမည္မေပးခင္ ကၽြန္ေတာ့္ဖာသာဘဲ ကၽြန္ေတာ္ နာမည္ေပးခ့ဲခ်င္ပါတယ္။ ဂ်င္းေ႐ႊ နည္းလို႔။ ေက်းဇူးတင္ပါတယ္ ခင္ဗ်ား။ ။

09 September 2009

ကိုး

(Unicode version) 

09/09/09/09/09/09 AM.
2009ခု ။ စက်တင်ဘာလ ။ ကိုးရက် ။ ကိုးနာရီ ။ ကိုးမိနစ် ။ ကိုးစက္ကန့် ။


XxXxXx 

(Zawgyi version) 

09/09/09/09/09/09 AM.
2009ခု ။ စက္တင္ဘာလ ။ ကိုးရက္ ။ ကိုးနာရီ ။ ကိုးမိနစ္ ။ ကိုးစကၠန္႔ ။

06 September 2009

သြော် ရန်ကုန်




(Unicode version)



ရန်ကုန်မှာ နေသူတွေ ဒုက္ခအသစ်တစ်မျိုးတွေ့နေကြပါတယ်။ ကန်ထရိုက်တိုက်နဲ့ ပါတ်သက်လို့ပေါ့။ ကန်ထရိုက်တိုက်နဲ့ပါတ်သက်တ့ဲ ဒုက္ခတွေ အများကြီးထဲမှာ နောက်ဆုံးအသစ် တစ်ခုတိုးလာပါတယ်။ လုပ်ကြံပြောတာ မဟုတ်ကြောင်း ဓါတ်ပုံပါထ့ဲပေးထားပါတယ်။ နောက်ဆုံး ထုတ်လိုက်တ့ဲ မြူနီစပါယ် ဥပဒေအရ ကန်ထရိုက်တိုက်တွေ အရှေ့မှာ ငါးပေအကျယ် ၊ ငါးပေ အနက် ရှိတ့ဲ မြောင်း တူးပေးရပါမယ်။ တိုက်အသစ်ဆောက်သူတိုင်း မြောင်းမပါယင် တိုက်ပြီးစီးကြောင်း လူနေထိုင်ခွင့် BCC ထုတ်မပေးဘူးလို့ ဆိုပါတယ်။
ငါးပေ အကျယ်ဆိုတာ နယ်ကုန်ပါ။ ဒီတော့ မြင်တ့ဲအတိုင်း ခုနှစ်ပေလောက် တူးမှ အုတ်စီလို့ရမှာပါ။ ဒီမြောင်းပေါ်မှာ မြောင်းဖုံးပြန်လုပ်ပေးယင်တောင် ကားနင်းရင် ကျိုးမှာ အသေအချာ ပါဘဲ။ အယင် အင်္ဂလိပ်ခေတ်က ခင်းပေးထားတ့ဲ အလွန်ခိုင်တ့ဲ တစ်ပေ မြောင်းဖုံးတွေတောင် ကားနင်းပါများယင် ကွဲလာပါတယ်။ ငါးပေအကျယ် မြောင်းဖုံးကတော့ ပထမဦးဆုံး ဖြတ်တ့ဲ နင်းတ့ဲ ကားကို ကျိုးပြီး ကျွန်ကျမှာ အသေအချာပါဘဲ။
တစ်ချို့ ကန်ထရိုက်တွေက သူတို့နဲ့ မဆိုင်လို့ အခန်းရှင်တွေ ကိုယ့်ဖာသာကိုယ် ခင်းရမယ်ဆိုပါတယ်။ အနဲဆုံး သိန်းဆယ်ဂဏန်း ထပ်ကုန်ပါမယ်။ အဆိုးဆုံးကတော့ ကြည့်မြင်တိုင်က လမ်းကျင်းတွေမှာ ကန်ထရိုက်တိုက် နှစ်လုံးမျက်နှာချင်းဆိုင် ဆောက်ယင် အလယ်လမ်းမြေ ကားတစ်စီး မမောင်းလောက်တော့ပါဘူး။ နှစ်စီးရှောင်ဖို့ဆိုတာတော့ Out of question ပါဘဲ။ တော်တော်ထူးဆန်းတဲ့ အမိန့်ပါဘဲ။ အမိန့်ထုတ်တာ ရန်ကုန်သား မဟုတ်လောက်ဘူး။ တောသား တစ်ယောက်ဘဲ နေမှာ။
ပြီးတော့ ခုလောလောဆယ် ဆောက်တ့ဲအိမ်ရှေ့မှာဘဲ တူးခိုင်းတာ။ တစ်လမ်းလုံးမှာ တစ်တိုက်ထဲဆောက်ယင် ကန့်လန့်ကိုဖြစ်နေတာပါ။ ပုံမှာမြင်ရတ့ဲအတိုင်း မြောင်းသေးဘေးမှာ မြောင်းကြီးဖြစ်နေတာပါ။ မြောင်းအခြားနေရာက ရေတွေ အဲဒီ ကန်လိုဖြစ်နေတ့ဲ မြောင်းကြီးထဲမှာ စုပြီး အိုင်နေမှာ အသေအချာပါဘဲ။ ခုပုံရိုက်ခ့ဲတ့ဲနေရာဆို လမ်းအလယ်လောက် အမြင့်ဆုံးမှာရှိပါတယ်။ နဂိုရ်ကဆို မြောင်းထဲမှာ ရေကျန်တောင် သိတ်မတွေ့ရပါဘူးတ့ဲ။ နောက်ဆိုယင် ခြင်ဖေါက်တ့ဲ နေရာကြီး ဖြစ်တော့မှာပါ။
လမ်းတို့၊ မြောင်းတို့ လုပ်တာ နားမလည်တ့ဲသူတွေ အတွက် လွယ်သလိုပါဘဲ။ ဟိုလိုလုပ်လိုက် ဒီလိုလုပ်လိုက်နဲ့ လွယ်လွယ်လေးထင်ကြမှာပါ။ တကယ်ကလဲ သိတ်အခက်ကြီး မဟုတ်ပါဘူး။ အင်ဂျင်နီယာ ပညာတွေ ဆုံးခန်းတိုင်အောင် တတ်စရာလဲ မလိုပါဘူး။ Common Sense နဲနဲ ရှိယင် ညွှန်ကြားလို့ရပါတယ်။ ဒါပေမ့ဲ အကောင်းဆုံးကတော့ ကိုယ်မသိတဲ့ ကိစ္စကို သိသူတွေနဲ့ တိုင်ပင်ပြီး လုပ်တာပါဘဲ။ မြန်မာပြည်မှာ Civil အင်ဂျင်နီယာတွေ အများကြီးပါ။
ဒါမျိုးအထူးအဆန်းတွေ မြန်မာနိုင်ငံမှာ အဖြစ် များနေလို့ ပြောပြန်ယင်လဲ ပြောသူဘဲ လွန်ရာကျနေလား မသိပါဘူး။ ဟုတ်တယ်လေ။ အတဲ့တော့ လူတိုင်း လုပ်တတ်တာပေါ့ဗျာ ။

XxXxXx

(Zawgyi version)


ရန္ကုန္မွာ ေနသူေတြ ဒုကၡအသစ္တစ္မ်ိဳးေတြ႔ေနၾကပါတယ္။ ကန္ထ႐ိုက္တိုက္နဲ႔ ပါတ္သက္လို႔ေပါ့။ ကန္ထ႐ိုက္တိုက္နဲ႔ပါတ္သက္တ့ဲ ဒုကၡေတြ အမ်ားႀကီးထဲမွာ ေနာက္ဆံုးအသစ္ တစ္ခုတိုးလာပါတယ္။ လုပ္ၾကံေျပာတာ မဟုတ္ေၾကာင္း ဓါတ္ပံုပါထ့ဲေပးထားပါတယ္။ ေနာက္ဆံုး ထုတ္လိုက္တ့ဲ ျမဴနီစပါယ္ ဥပေဒအရ ကန္ထ႐ိုက္တိုက္ေတြ အေ႐ွ႕မွာ ငါးေပအက်ယ္ ၊ ငါးေပ အနက္ ႐ွိတ့ဲ ေျမာင္း တူးေပးရပါမယ္။ တိုက္အသစ္ေဆာက္သူတိုင္း ေျမာင္းမပါယင္ တိုက္ၿပီးစီးေၾကာင္း လူေနထိုင္ခြင့္ BCC ထုတ္မေပးဘူးလို႔ ဆိုပါတယ္။
ငါးေပ အက်ယ္ဆိုတာ နယ္ကုန္ပါ။ ဒီေတာ့ ျမင္တ့ဲအတိုင္း ခုႏွစ္ေပေလာက္ တူးမွ အုတ္စီလို႔ရမွာပါ။ ဒီေျမာင္းေပၚမွာ ေျမာင္းဖံုးျပန္လုပ္ေပးယင္ေတာင္ ကားနင္းရင္ က်ိဳးမွာ အေသအခ်ာ ပါဘဲ။ အယင္ အဂၤလိပ္ေခတ္က ခင္းေပးထားတ့ဲ အလြန္ခိုင္တ့ဲ တစ္ေပ ေျမာင္းဖံုးေတြေတာင္ ကားနင္းပါမ်ားယင္ ကြဲလာပါတယ္။ ငါးေပအက်ယ္ ေျမာင္းဖံုးကေတာ့ ပထမဦးဆံုး ျဖတ္တ့ဲ နင္းတ့ဲ ကားကို က်ိဳးၿပီး ကၽြန္က်မွာ အေသအခ်ာပါဘဲ။
တစ္ခ်ိဳ႕ ကန္ထ႐ိုက္ေတြက သူတို႔နဲ႔ မဆိုင္လို႔ အခန္း႐ွင္ေတြ ကိုယ့္ဖာသာကိုယ္ ခင္းရမယ္ဆိုပါတယ္။ အနဲဆံုး သိန္းဆယ္ဂဏန္း ထပ္ကုန္ပါမယ္။ အဆိုးဆံုးကေတာ့ ၾကည့္ျမင္တိုင္က လမ္းက်င္းေတြမွာ ကန္ထ႐ိုက္တိုက္ ႏွစ္လံုးမ်က္ႏွာခ်င္းဆိုင္ ေဆာက္ယင္ အလယ္လမ္းေျမ ကားတစ္စီး မေမာင္းေလာက္ေတာ့ပါဘူး။ ႏွစ္စီးေ႐ွာင္ဖို႔ဆိုတာေတာ့ Out of question ပါဘဲ။ ေတာ္ေတာ္ထူးဆန္းတဲ့ အမိန္႔ပါဘဲ။ အမိန္႔ထုတ္တာ ရန္ကုန္သား မဟုတ္ေလာက္ဘူး။ ေတာသား တစ္ေယာက္ဘဲ ေနမွာ။
ၿပီးေတာ့ ခုေလာေလာဆယ္ ေဆာက္တ့ဲအိမ္ေ႐ွ႔မွာဘဲ တူးခိုင္းတာ။ တစ္လမ္းလံုးမွာ တစ္တိုက္ထဲေဆာက္ယင္ ကန္႔လန္႔ကိုျဖစ္ေနတာပါ။ ပံုမွာျမင္ရတ့ဲအတိုင္း ေျမာင္းေသးေဘးမွာ ေျမာင္းႀကီးျဖစ္ေနတာပါ။ ေျမာင္းအျခားေနရာက ေရေတြ အဲဒီ ကန္လိုျဖစ္ေနတ့ဲ ေျမာင္းႀကီးထဲမွာ စုၿပီး အိုင္ေနမွာ အေသအခ်ာပါဘဲ။ ခုပံု႐ိုက္ခ့ဲတ့ဲေနရာဆို လမ္းအလယ္ေလာက္ အျမင့္ဆံုးမွာ႐ွိပါတယ္။ နဂိုရ္ကဆို ေျမာင္းထဲမွာ ေရက်န္ေတာင္ သိတ္မေတြ႔ရပါဘူးတ့ဲ။ ေနာက္ဆိုယင္ ျခင္ေဖါက္တ့ဲ ေနရာႀကီး ျဖစ္ေတာ့မွာပါ။
လမ္းတို႔၊ ေျမာင္းတို႔ လုပ္တာ နားမလည္တ့ဲသူေတြ အတြက္ လြယ္သလိုပါဘဲ။ ဟိုလိုလုပ္လိုက္ ဒီလိုလုပ္လိုက္နဲ႔ လြယ္လြယ္ေလးထင္ၾကမွာပါ။ တကယ္ကလဲ သိတ္အခက္ႀကီး မဟုတ္ပါဘူး။ အင္ဂ်င္နီယာ ပညာေတြ ဆံုးခန္းတိုင္ေအာင္ တတ္စရာလဲ မလိုပါဘူး။ Common Sense နဲနဲ ႐ွိယင္ ၫႊန္ၾကားလို႔ရပါတယ္။ ဒါေပမ့ဲ အေကာင္းဆံုးကေတာ့ ကိုယ္မသိတဲ့ ကိစၥကို သိသူေတြနဲ႔ တိုင္ပင္ၿပီး လုပ္တာပါဘဲ။ ျမန္မာျပည္မွာ Civil အင္ဂ်င္နီယာေတြ အမ်ားႀကီးပါ။
ဒါမ်ိဳးအထူးအဆန္းေတြ ျမန္မာႏိုင္ငံမွာ အျဖစ္ မ်ားေနလို႔ ေျပာျပန္ယင္လဲ ေျပာသူဘဲ လြန္ရာက်ေနလား မသိပါဘူး။ ဟုတ္တယ္ေလ။ အတဲ့ေတာ့ လူတိုင္း လုပ္တတ္တာေပါ့ဗ်ာ ။