04 January 2009

new stamps


-->
(Unicode version) 

ယနေ့ မြန်မာနိုင်ငံရဲ့ ၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့ပါ။ အထိမ်းအမှတ် တံဆိပ်ခေါင်း နှစ်မျိုး ထုတ်ပါတယ်။ Quality ကတော့ အထူးပြောမနေတော့ပါဘူး။ တကယ်ထူးတာကတော့ ဈေးနှုံးပါ။ ၂၀၀ ကျပ်တန် နဲ့ ၃၀၀ကျပ် တန်တွေ ထုတ်တာပါ။ စုတ့ဲသူတွေ တော်တော်အီပါတယ်။ တစ်စုံ ဆို ၅၀၀ကျပ် ကျနေပါပြီ။ ခါတိုင်းဆို ကျွန်တော် First Day Cover ဆယ်စုံလောက် စုပါတယ်။ ခု ဒီတစ်ခါတော့ နှစ်စုံသာ ၀ယ်ပါတော့တယ်။ loose ကလဲ သတ်သတ် စုရသေးတယ်လေ။

တကယ်က အယင် တံဆိပ်ခေါင်း စုတာ ခေတ်စားတုံးက ဒါမျိုးလုပ်သင့်တာပါ။ ခုတော့ စိတ်၀င်စားသူ အလွန် နဲသွားတ့ဲခေတ် ဖြစ်နေပါပြီ။ Email ခေတ်ရောက်ကုန်ပြီလေ။ အယင်ကဆို အထိမ်းအမှတ် ဖျက်တုံး ရိုက်ဖို့ တန်းစီရတာ အတော်ကြာ စောင့်ရပါတယ်။ ဒီနေ့ လူတစ်ယောက်မှ မစောင့်ရပါဘူး။

ကိုယ်တိုင်သွားမိမှ အရင်လွတ်ထားတ့ဲ တံဆိပ်ခေါင်းတွေ သွားတွေ့ပါတယ်။ တံဆိပ်ခေါင်း၀ယ်မရခ့ဲဘဲ First Day Cover သာ ၀ယ်ခ့ဲရပါတယ်။ မနှစ်က (ဘာလိုလိုနဲ့ မနှစ်က ဖြစ်သွားပြီဗျို့) အခြေခံ ဥပဒေ ဆန္ဒခံယူပွဲ တုံးကထုတ် ထားတာပါ။ ရတာလေးဘဲ post တင်လိုက်ပါတယ်ဗျာ။ ။



XxXxXx 

(Zawgyi version) 

ယေန႔ ျမန္မာႏိုင္ငံရဲ့ ၆၁ ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ပါ။ အထိမ္းအမွတ္ တံဆိပ္ေခါင္း ႏွစ္မ်ိဳး ထုတ္ပါတယ္။ Quality ကေတာ့ အထူးေျပာမေနေတာ့ပါဘူး။ တကယ္ထူးတာကေတာ့ ေစ်းႏႈံးပါ။ ၂၀၀ က်ပ္တန္ နဲ႔ ၃၀၀က်ပ္ တန္ေတြ ထုတ္တာပါ။ စုတ့ဲသူေတြ ေတာ္ေတာ္အီပါတယ္။ တစ္စံု ဆို ၅၀၀က်ပ္ က်ေနပါၿပီ။ ခါတိုင္းဆို ကၽြန္ေတာ္ First Day Cover ဆယ္စံုေလာက္ စုပါတယ္။ ခု ဒီတစ္ခါေတာ့ ႏွစ္စုံသာ ၀ယ္ပါေတာ့တယ္။ loose ကလဲ သတ္သတ္ စုရေသးတယ္ေလ။
တကယ္က အယင္ တံဆိပ္ေခါင္း စုတာ ေခတ္စားတံုးက ဒါမ်ိဳးလုပ္သင့္တာပါ။ ခုေတာ့ စိတ္၀င္စားသူ အလြန္ နဲသြားတ့ဲေခတ္ ျဖစ္ေနပါၿပီ။ Email ေခတ္ေရာက္ကုန္ၿပီေလ။ အယင္ကဆို အထိမ္းအမွတ္ ဖ်က္တံုး ႐ိုက္ဖို႔ တန္းစီရတာ အေတာ္ၾကာ ေစာင့္ရပါတယ္။ ဒီေန႔ လူတစ္ေယာက္မွ မေစာင့္ရပါဘူး။
ကိုယ္တိုင္သြားမိမွ အရင္လြတ္ထားတ့ဲ တံဆိပ္ေခါင္းေတြ သြားေတြ႔ပါတယ္။ တံဆိပ္ေခါင္း၀ယ္မရခ့ဲဘဲ First Day Cover သာ ၀ယ္ခ့ဲရပါတယ္။ မႏွစ္က (ဘာလိုလိုနဲ႔ မႏွစ္က ျဖစ္သြားၿပီဗ်ိဳ႕) အေျခခံ ဥပေဒ ဆႏၵခံယူပြဲ တံုးကထုတ္ ထားတာပါ။ ရတာေလးဘဲ post တင္လိုက္ပါတယ္ဗ်ာ။ ။

03 January 2009

MY home 2009

ကျွှွန်တော့့်ရဲ့ အိမ်ကို ၂၀၀၇ အောက်တိုဘာ ၂၇ ရက်က ဓါတ်ပုံ ရိုက်ခ့ဲပါတယ်။ ရည်ရွယ်တာကတော့ နှစ်တိုင်း အဲဒီနေ့မှာ ရိုက်ဖို့ပါဘဲ။ ဒါပေမ့ဲ မေ့နေလို့ ၂၀၀၉ နှစ်ဆန်းတစ်ရက်နေ့ကျမျ ရိုက်နိုင်ပါတယ်။ နောက်နှစ်လဲ နှစ်ဆန်းတစ်ရက်နေ့တွေမှာ မမေ့အောင်ကြိုးစား ရတော့မှာပေါ့။

27 December 2008

F-1 တံဆိပ်ခေါင်း


(Unicode version)

စင်ကာပူကထုတ်တဲ့ တံဆိပ်ခေါင်း First Day Cover ပါ။ စင်ကာပူဟာ ဖေါ်မြူလာ၀မ်း Night Race လုပ်ရုံတင်မက တံဆိပ်ခေါင်းပါ ထုတ်ရောင်းလိုက်ပါသေးတယ်။ Thematic စုတ့ဲသူဆို ကားပုံပါလို့ စုတ့ဲသူရော၊ F-1 အကြောင်းစုတ့ဲသူရော၊ စင်ကာပူက ထုတ်တိုင်းစုတ့ဲသူတွေရော အားလုံး၀ယ်ကြရတာပေါ့။ ကားပြိုင်ပွဲက ရတ့ဲ အပို၀င်ငွေလေ။ မိုက်တယ်နော်။

တရုပ်အများစု ရှိတ့ဲ နိုင်ငံမို့ အမဲရောင်တံဆိပ်ခေါင်း ကြိုက်ပါ့မလားမသိဖူး။ Night Race ရ့ဲသဘော ပေါ်အောင် လုပ်ထားတာနေမှာပါ။ First Day Cover မှာတော့ ဘောင်အနီလေး ကွပ်ပေးထားပါတယ်။ Ready Made လုပ်ပေးထားတ့ဲ ပုံပါ Cover ကို ၅ $ ပေးရပါတယ်။ တံဆိပ်ခေါင်းဖိုးက ၄ှ $ လေ။

မြန်မာနိုင်ငံ ကလဲ ဒီလို Quality တံဆိပ်ခေါင်းလေးတွေ ထုတ်စေချင်ပါတယ်။ ဒါပေမ့ဲ email တွေပေါ်လာတော့ တံဆိပ်ခေါင်းတွေ ကွယ်ပျောက် တော့မှာပါ။ မြန်မာပြည်ဟာ တံဆိပ်ခေါင်းနဲ့ နိုင်ငံခြားငွေရှာခွင့်ရတော့မယ် မထင်တော့ပါဘူး။ နောက်ဘ၀ကျမှ လုပ်ကြတာပေါ့ဗျာ။ ။


XxXxXx

(Zawgyi version)

စင္ကာပူကထုတ္တဲ့ တံဆိပ္ေခါင္း First Day Cover ပါ။ စင္ကာပူဟာ ေဖၚျမဴလာ၀မ္း Night Race လုပ္႐ုံတင္မက တံဆိပ္ေခါင္းပါ ထုတ္ေရာင္းလိုက္ပါေသးတယ္။ Thematic စုတ့ဲသူဆို ကားပံုပါလို႔ စုတ့ဲသူေရာ၊ F-1 အေၾကာင္းစုတ့ဲသူေရာ၊ စင္ကာပူက ထုတ္တိုင္းစုတ့ဲသူေတြေရာ အားလံုး၀ယ္ၾကရတာေပါ့။ ကားၿပိဳင္ပြဲက ရတ့ဲ အပို၀င္ေငြေလ။ မိုက္တယ္ေနာ္။
တ႐ုပ္အမ်ားစု ႐ွိတ့ဲ ႏိုင္ငံမို႔ အမဲေရာင္တံဆိပ္ေခါင္း ႀကိဳက္ပါ့မလားမသိဖူး။ Night Race ရ့ဲသေဘာ ေပၚေအာင္ လုပ္ထားတာေနမွာပါ။ First Day Cover မွာေတာ့ ေဘာင္အနီေလး ကြပ္ေပးထားပါတယ္။ Ready Made လုပ္ေပးထားတ့ဲ ပံုပါ Cover ကို ၅ $ ေပးရပါတယ္။ တံဆိပ္ေခါင္းဖိုးက ၄ွ $ ေလ။
ျမန္မာႏိုင္ငံ ကလဲ ဒီလို Quality တံဆိပ္ေခါင္းေလးေတြ ထုတ္ေစခ်င္ပါတယ္။ ဒါေပမ့ဲ email ေတြေပၚလာေတာ့ တံဆိပ္ေခါင္းေတြ ကြယ္ေပ်ာက္ ေတာ့မွာပါ။ ျမန္မာျပည္ဟာ တံဆိပ္ေခါင္းနဲ႔ ႏိုင္ငံျခားေငြ႐ွာခြင့္ရေတာ့မယ္ မထင္ေတာ့ပါဘူး။ ေနာက္ဘ၀က်မွ လုပ္ၾကတာေပါ့ဗ်ာ။ ။

21 December 2008

နောက်ဘ၀မှာ-၂


(Unicode version )

ပြီးခ့ဲတ့ဲလက အပြင်းပြေ poll လေး တစ်ခု ကျွန်တော်လုပ်ခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်သန်းရွှေ နောက်ဘ၀တွင် ဖြစ်ချင်တာဖြစ်ရလျှင် ဘယ်သူ့ဘ၀ ရချင်သနည်းဟု မေးခ့ဲခြင်းဖြစ်ပါသည်။ ဖြေခဲ့သူများကိုလဲ ကျေးဇူးတင်ပါသည်။

လောကကြီးတွင်ပြောရတာ လွယ်သော်လည်း လက်တွေ့တွင်မူ တစ်ချို့ကိစ္စများမှာ တော်တော် ဂွကျပါသည်။ ရှင်းရှင်းပြောရလျှင် ကျွန်တော်ကိုယ်တိုင် ဤ poll မေးချိန်အထိ ဘာဖြေရမှန်းမသိပါ။ တစ်ခါတစ်ရံ နာမည်ကြီး နာမည်ကောင်း လိုချင်သော်လည်း ပိုက်ဆံ မရှိဘဲလည်း မနေချင်ပါ။ အထူးသဖြင့် ဤခေတ်ကြီးလို အရာရာ ငွေ အဓိက ကျနေချိန်တွင် ပိုဆိုးပါသည်။

တစ်ခါတစ်ရံတွင် ဘယ်သူတွေ ဘာပြောပြော ချမ်းသာနေရင် ပြီးတာဘဲဟု လည်းထင်မိပါသည်။ ဆဲနေသော်လည်း ကိုယ်မှကြားတာ မဟုတ်တာဘဲဟု တွေးမိသည်။ လိုချင်တာရှိလျှင် ဒီကောင်တွေ လာပြီးတောင် ခယ ကြဦးမှာ မဟုတ်ပါလား။ သို့သော် ကိုယ်ကိုတိုင်ဧ။် ဆင်ခြင်တုံတရားက သတိပေးနေပါသည်။ ဗုဒ္ဓဘာသာတရား အရ နောက်ဘ၀ သံသရာ ကိုလဲ ကြောက်တာပါသေးသည်။ ဒီဘ၀ ခဏတာလေးမှာ ခံစားရယုံဖြင့် နောင်ဘ၀ပေါင်းများစွာ မခံချင်ပါ။

ဤလိုဖြင့် ဟိုလိုတွေးလိုက် ဒီလိုတွေးလိုက်ဖြင့် ခုထိလည်း ဘာဖြေရမှန်းမသိသေးပါ။ သူများတော့ မေးပြီး ကိုယ်တိုင်တော့ မဖြေဘူးဟု မထင်စေလိုပါ။ တကယ်ကို မပြတ်သား သေးလို့ပါခင်ဗျား။ ။


XxXxXx 

(Zawgyi version )

ၿပီးခ့ဲတ့ဲလက အျပင္းေျပ poll ေလး တစ္ခု ကၽြန္ေတာ္လုပ္ခဲ့ပါသည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ ဗိုလ္ခ်ဳပ္သန္းေရႊ ေနာက္ဘ၀တြင္ ျဖစ္ခ်င္တာျဖစ္ရလွ်င္ ဘယ္သူ႕ဘ၀ ရခ်င္သနည္းဟု ေမးခ့ဲျခင္းျဖစ္ပါသည္။ ေျဖခဲ့သူမ်ားကိုလဲ ေက်းဇူးတင္ပါသည္။
ေလာကႀကီးတြင္ေျပာရတာ လြယ္ေသာ္လည္း လက္ေတြ႔တြင္မူ တစ္ခ်ိဳ႕ကိစၥမ်ားမွာ ေတာ္ေတာ္ ဂြက်ပါသည္။ ရွင္း႐ွင္းေျပာရလွ်င္ ကၽြန္ေတာ္ကိုယ္တိုင္ ဤ poll ေမးခ်ိန္အထိ ဘာေျဖရမွန္းမသိပါ။ တစ္ခါတစ္ရံ နာမည္ႀကီး နာမည္ေကာင္း လိုခ်င္ေသာ္လည္း ပိုက္ဆံ မ႐ွိဘဲလည္း မေနခ်င္ပါ။ အထူးသျဖင့္ ဤေခတ္ႀကီးလို အရာရာ ေငြ အဓိက က်ေနခ်ိန္တြင္ ပိုဆိုးပါသည္။
တစ္ခါတစ္ရံတြင္ ဘယ္သူေတြ ဘာေျပာေျပာ ခ်မ္းသာေနရင္ ၿပီးတာဘဲဟု လည္းထင္မိပါသည္။ ဆဲေနေသာ္လည္း ကိုယ္မွၾကားတာ မဟုတ္တာဘဲဟု ေတြးမိသည္။ လိုခ်င္တာ႐ွိလွ်င္ ဒီေကာင္ေတြ လာၿပီးေတာင္ ခယ ၾကဦးမွာ မဟုတ္ပါလား။ သို႔ေသာ္ ကိုယ္ကိုုတိုင္ဧ။္ ဆင္ျခင္တံုတရားက သတိေပးေနပါသည္။ ဗုဒၶဘာသာတရား အရ ေနာက္ဘ၀ သံသရာ ကိုလဲ ေၾကာက္တာပါေသးသည္။ ဒီဘ၀ ခဏတာေလးမွာ ခံစားရယံုျဖင့္ ေနာင္ဘ၀ေပါင္းမ်ားစြာ မခံခ်င္ပါ။
ဤလိုျဖင့္ ဟိုလိုေတြးလိုက္ ဒီလိုေတြးလိုက္ျဖင့္ ခုထိလည္း ဘာေျဖရမွန္းမသိေသးပါ။ သူမ်ားေတာ့ ေမးၿပီး ကိုယ္တိုင္ေတာ့ မေျဖဘူးဟု မထင္ေစလိုပါ။ တကယ္ကို မျပတ္သား ေသးလို႔ပါခင္ဗ်ား။ ။

17 December 2008

47

47, 47,47 , 47 474747474747474747474747 47 474444
47,47 , 47 474747474747474747474747 47 47444744
47 , 47 474747474747474747474747 47 47444447, 47,
47 474747474747474747474747 47 47444447, 47,47 , 47
474747474747474747474747 47 47444447, 47,47 , 47
4747474747474747474747 47 47444447, 47,47 , 47 47
47474747474747474747 47 47444447, 47,47 , 47 474747
47474747 47 47444447, 47,47 , 47 4747474747474747
47 47 47444447, 47,47 , 47 474747474747474747474747

09 December 2008

လမင်းပြုံးတ့ဲနေ့


(Unicode version )

ပြီးခ့ဲတ့ဲ တနင်္လာနေ့က ရန်ကုန်မှ တွေ့လိုက်ရတ့ဲ လ နဲ့ ကြယ်တွေရဲ့ ပုံပါ။ ကိုယ်တွေ့မျက်မြင် တွေ့လိုက်ရသူတွေ ၂၀၀၉ကနေ ၂၀၁၀ အတွင်း ပျော်စရာတွေဘဲ တွေ့မယ်လို့ ဗေဒင်ဆရာကြီး ဦးဦးစိမ်းက ဟောပါတယ်။ ကိုယ်တွေ့မတွေ့လိုက်တ့ဲသူတွေ ဒီဓါတ်ပုံကို တစ်ပါတ်အတွင်း နှစ်ခါကြည့်ယင်လဲ အတူတူပါဘဲဟု ဆရာစိမ်း ပြောပါသည်။ ဆရာ့ကို လုံး၀ ယုံကြပါခင်ဗျား။ ။

XxXxXx

(Zawgyi version )


ၿပီးခ့ဲတ့ဲ တနလၤာေန႔က ရန္ကုန္မွ ေတြ႔လိုက္ရတ့ဲ လ နဲ႔ ၾကယ္ေတြရဲ့ ပံုပါ။ ကိုယ္ေတြ႔မ်က္ျမင္ ေတြ႔လိုက္ရသူေတြ ၂၀၀၉ကေန ၂၀၁၀ အတြင္း ေပ်ာ္စရာေတြဘဲ ေတြ႔မယ္လို႔ ေဗဒင္ဆရာႀကီး ဦးဦးစိမ္းက ေဟာပါတယ္။ ကိုယ္ေတြ႔မေတြ႔လိုက္တ့ဲသူေတြ ဒီဓါတ္ပံုကို တစ္ပါတ္အတြင္း ႏွစ္ခါၾကည့္ယင္လဲ အတူတူပါဘဲဟု ဆရာစိမ္း ေျပာပါသည္။ ဆရာ့ကို လံုး၀ ယံုၾကပါခင္ဗ်ား။ ။