21 March 2018

မြန်မာနိုင်ငံ၏ သမတအသစ်












မြန်မာနိုင်ငံ၏ သမတအသစ်အဖြစ် ဦးဝင်းမြင့်ကို ကြိုဆိုပါတယ် ။

ျမန္မာႏိုင္ငံ၏ သမတအသစ္အျဖစ္ ဦးဝင္းျမင့္ကို ႀကိဳဆိုပါတယ္ ။

15 March 2018

ပြည်သူတွေ ညီဖို့ဘဲလိုတယ်



(Unicode version )


လက်ရှိ တရုပ်အစိုးရက ချမ်းသာချင်လို့သာ ချမ်းသာနေတာ၊ NLD အစိုးရလုပ်ရပ်ကို မမှီတာ အသေအချာ၊

.

ကြည့်လေ၊ လက်ရှိသမတ ရှီချင်ဖျင့်ကို သက်တမ်းတိုးပေးချင်တာနဲ့ သမတသက်တမ်း နှစ်ကြိမ်ကိုပြင်ပြီး အကန့်အသတ်မရှိလို့ လုပ်ပစ်သတ့ဲ။

.

သူ့သက်တမ်းက ငါးနှစ်တောင် ကျန်သေးတယ်။ ဒီအတောအတွင်း သေသွားရင် ဥပဒေကြီးသာ အဖတ်တင်ကျန်ခ့ဲမှာ မြင်ရောင်မိသေး။ နီးမှ ကပ်လုပ်ရောပေါ့။

.

ပိုဆိုးတာက ဥပဒေကို သူ့နာမည်မပါဘဲ ပြင်လိုက်တော့ သူကတော့ တော်လွန်းလို့ ထားပါတော့၊ သူ့အလွန်ခေတ်ကျ နောက်လူတွေပါ သမတအကန့်အသတ်မရှိ လုပ်ခွင့်ရကုန်မယ်။ ဒီကမောင်တွေနဲ့ ခတ်ဆင်ဆင်တယောက် သမတဖြစ်ပြီး ပြန်မဆင်းလို့ကတော့ အာဏာရှင်စံနစ် ပြန်ပေါ်လာပြီး တရုပ်ပြည်သာမက တကမ်ဘာလုံး စိတ်ဆင်းရဲရဦးမယ်။

.

NLD အစိုးရဖွဲ့တုံးက အမေစုကို သမတဖြစ်ခွင့် ပိတ်ထားတော့ မလုပ်ဘူးလေ၊ သမတပြီးရင် အာဏာအကြီးဆုံးရာထူး နိုင်ငံတော်အတိုင်ပင်ခံရာထူးကို ထွင်တယ်၊ အဲဒီရာထူးကို အမေစုနာမည်နဲ့ဘဲ ဥပဒေထုတ်တယ်။ အမေစုကလွဲလို် ကျန်သူလိုက်လုပ်လို့ မရ။

.

ဒါကြောင့်ပြောတာ၊ တရုပ်အစိုးရထက် သာပါတယ်လို့။ ပြည်သူတွေသာညီရင် အမေစုခေါင်းဆောင်တ့ဲ NLD အစိုးရခေတ်မှာ မြန်မာတွေ ကမ်ဘာမှာ လူရာဝင်ပြီ။ ။

XxXxXx

(Zawgyi version)

လက္႐ွိ တ႐ုပ္အစိုးရက ခ်မ္းသာခ်င္လို႔သာ ခ်မ္းသာေနတာ၊ NLD အစိုးရလုပ္ရပ္ကို မမွီတာ အေသအခ်ာ၊
.
ၾကည့္ေလ၊ လက္႐ွိသမတ ႐ွီခ်င္ဖ်င့္ကို သက္တမ္းတိုးေပးခ်င္တာနဲ႔ သမတသက္တမ္း ႏွစ္ႀကိမ္ကိုျပင္ၿပီး အကန္႔အသတ္မ႐ွိလို႔ လုပ္ပစ္သတ့ဲ။
.
သူ႔သက္တမ္းက ငါးႏွစ္ေတာင္ က်န္ေသးတယ္။ ဒီအေတာအတြင္း ေသသြားရင္ ဥပေဒႀကီးသာ အဖတ္တင္က်န္ခ့ဲမွာ ျမင္ေရာင္မိေသး။ နီးမွ ကပ္လုပ္ေရာေပါ့။
.
ပိုဆိုးတာက ဥပေဒကို သူ႔နာမည္မပါဘဲ ျပင္လိုက္ေတာ့ သူကေတာ့ ေတာ္လြန္းလို႔ ထားပါေတာ့၊ သူ႔အလြန္ေခတ္က် ေနာက္လူေတြပါ သမတအကန္႔အသတ္မ႐ွိ လုပ္ခြင့္ရကုန္မယ္။ ဒီကေမာင္ေတြနဲ႔ ခတ္ဆင္ဆင္တေယာက္ သမတျဖစ္ၿပီး ျပန္မဆင္းလို႔ကေတာ့ အာဏာ႐ွင္စံနစ္ ျပန္ေပၚလာၿပီး တ႐ုပ္ျပည္သာမက တကမ႓ာလံုး စိတ္ဆင္းရဲရဦးမယ္။
.
NLD အစိုးရဖြဲ႔တံုးက အေမစုကို သမတျဖစ္ခြင့္ ပိတ္ထားေတာ့ မလုပ္ဘူးေလ၊ သမတၿပီးရင္ အာဏာအႀကီးဆံုးရာထူး ႏိုင္ငံေတာ္အတိုင္ပင္ခံရာထူးကို ထြင္တယ္၊ အဲဒီရာထူးကို အေမစုနာမည္နဲ႔ဘဲ ဥပေဒထုတ္တယ္။ အေမစုကလြဲလို္ က်န္သူလိုက္လုပ္လို႔ မရ။
.
ဒါေၾကာင့္ေျပာတာ၊ တ႐ုပ္အစိုးရထက္ သာပါတယ္လို႔။ ျပည္သူေတြသာညီရင္ အေမစုေခါင္းေဆာင္တ့ဲ NLD အစိုးရေခတ္မွာ ျမန္မာေတြ ကမ႓ာမွာ လူရာဝင္ၿပီ။     ။

13 March 2018

တူသောအကျိုးပေးပါစေ


(Unicode version)


ဂျပန် NHKမှာ UNHCRရဲ့ သံတမန် ဂျပန်အဆိုကျော်နဲ့ ရိုဟင်ဂျာကိစ္စဗျူးပါ။ ထုံးစံအတိုင်း သူကိုယ်တိုင် ဒုက္ခသည်စခန်းကို သွားကြည့်ပြီး အထိတ်တလန့် ဖြစ်သွားကြောင်းပြောပါတယ်။ ယူအဲန်က ပြောနေကျ စကားတွေဘဲ ပြောတာပါ။

.

ဒီမောင် ဂျပန်မှာ ဘယ်လောက်နာမည်ကြီးသလဲ မသိပါ။ သူနာမည် ကြီးရင်ကြီးသလောက် သူ့ဖဲန်တွေက မြန်မာကို မကောင်းမြင်ကြမှာပါ။ ဒီလို သာမန်ပြည်သူတွေကို မြန်မာအစိုးရ ဘယ်လိုမှ လိုက်ဖြေရှင်းလို့ မရနိုင်ပါဘူး။ ဂျပန်အစိုးရ မြန်မာကို ကူညီဖို့တောင် ခက်လာနိုင်ပါတယ်။

.

ဒီလိုဖြစ်အောင် လုပ်ခ့ဲတ့ဲ ပြည်တွင်းပုဆိန်ရိုးတွေကိုဘဲ ဆဲရပါမယ်။ သူတို့ကို လူထုမကြိုက်လို့ ပြုတ်တာနဲ့ ပြည်သူရွေးခ့ဲတ့ဲ အစိုးရကို အခက်ဖြစ်အောင် ဘာသာရေးအသုံးချပြီး အောက်လမ်းနည်းသုံးခ့ဲတာ ပါပါတယ်။ ခုတော့ NLD အစိုးရသာမက ပြည်သူတွေပါ ခံစားရပါတော့မယ်။ ဒါ NLDအစိုးရ အသုံးမကျလို့ပေါ့လို့ စွပ်စွဲနိုင်ပေမယ့် နောင် ဘယ်အစိုးရတက်တက် နိုင်ငံအတွက် အခက်အခဲ ဖြစ်နေပါပြီ။ ဒီဇတ်လမ်း စအောင် မီးရှို့ခ့ဲတ့ဲဖွတ်တွေ ဘဝတိုင်း လူညွန့်တုံးပါစေဗျာ။

XxXxXx

(Zawgyi version )

ဂ်ပန္ NHKမွာ UNHCRရဲ႕ သံတမန္ ဂ်ပန္အဆိုေက်ာ္နဲ႔ ႐ိုဟင္ဂ်ာကိစၥဗ်ဴးပါ။ ထံုးစံအတိုင္း သူကိုယ္တိုင္ ဒုကၡသည္စခန္းကို သြားၾကည့္ၿပီး အထိတ္တလန္႔ ျဖစ္သြားေၾကာင္းေျပာပါတယ္။ ယူအဲန္က ေျပာေနက် စကားေတြဘဲ ေျပာတာပါ။
.
ဒီေမာင္ ဂ်ပန္မွာ ဘယ္ေလာက္နာမည္ႀကီးသလဲ မသိပါ။ သူနာမည္ ႀကီးရင္ႀကီးသေလာက္ သူ႔ဖဲန္ေတြက ျမန္မာကို မေကာင္းျမင္ၾကမွာပါ။ ဒီလို သာမန္ျပည္သူေတြကို ျမန္မာအစိုးရ ဘယ္လိုမွ လိုက္ေျဖ႐ွင္းလို႔ မရႏိုင္ပါဘူး။ ဂ်ပန္အစိုးရ ျမန္မာကို ကူညီဖို႔ေတာင္ ခက္လာႏိုင္ပါတယ္။
.
ဒီလိုျဖစ္ေအာင္ လုပ္ခ့ဲတ့ဲ ျပည္တြင္းပုဆိန္႐ိုးေတြကိုဘဲ ဆဲရပါမယ္။ သူတို႔ကို လူထုမႀကိဳက္လို႔ ျပဳတ္တာနဲ႔ ျပည္သူေရြးခ့ဲတ့ဲ အစိုးရကို အခက္ျဖစ္ေအာင္ ဘာသာေရးအသံုးခ်ၿပီး ေအာက္လမ္းနည္းသံုးခ့ဲတာ ပါပါတယ္။ ခုေတာ့ NLD အစိုးရသာမက ျပည္သူေတြပါ ခံစားရပါေတာ့မယ္။ ဒါ NLDအစိုးရ အသံုးမက်လို႔ေပါ့လို႔ စြပ္စြဲႏိုင္ေပမယ့္ ေနာင္ ဘယ္အစိုးရတက္တက္ ႏိုင္ငံအတြက္ အခက္အခဲ ျဖစ္ေနပါၿပီ။ ဒီဇတ္လမ္း စေအာင္ မီး႐ိႈ့ခ့ဲတ့ဲဖြတ္ေတြ ဘဝတိုင္း လူၫြန္႔တံုးပါေစဗ်ာ။

11 March 2018

ရတနာသိုက်

   ငယ်ငယ်က ကာတွန်းတအုပ်မှာ ဖတ်ဘူးတယ်။ အဝေးဂြိုဟ်က ဂြိုဟ်သားတယောက်ကို ကယ်လိုက်တာ။ ဂြိုဟ်သားက ကျေးဇူးတင်လို့ နောက်တခေါက်လာရင် သူတို့ဆီက တန်ဖိုးရှိရှားပါးတ့ဲ ကျောက်မျက်ရတနာတွေ ယူလာပေးမယ်တ့ဲ။

.

ဂတိအတိုင်း အဲဒီဂြိုဟ်က ကျောက်မျက်ယူလာပြီးပေးတာ ကျောက်စရစ်ခဲကြီး ဖြစ်နေတယ်တ့ဲ။ ဒီကမ်ဘာမှာပေါတယ်၊ ရှားတာ တန်ဖိုးရှိတာ ဒါမျိုးဆိုပြီး စိန်ကျောက်ပြတော့ သူတို့ဂြိုဟ်မှာ နေရာတကာရှိလို့ ဘယ်သူမှ တန်ဖိုးမထားကြဘူးတ့ဲ။ ရှားတ့ဲပစ္စည်းက တန်ဖိုးရှိတာပါ။

.

ဗမာပုံပြင်တွေထဲမှာ ရှေးဟောင်းသိုက်ဆိုရင် အဖိုးတန်ရတနာတွေနဲ့ဘဲ ပြေးမြင်ကြပါတယ်။ သိုက်တူးလို့ရရင် ချမ်းသာပြီဆိုပြီး ရှာကြတ့ဲ သိုက်ဆရာတွေလည်း ရှိခ့ဲဘူးတယ်လို် ဖတ်ဘူးပါတယ်။ သိုက်တွေ့လို့ ချမ်းသာနေသူတော့ မတွေ့ဘူးသေးပါ။

.

ဟိုတနေ့က ဖေ့ဘုတ်မှာဘဲ ပြိတ္တာဘဝမှ ကျွတ်နိုင်သူတွေကို အမျှဝေပြီး ကျွတ်စေတ့ဲ ဆရာတဥိီးအကြောင်း ဖတ်ရပါတယ်။ သိုက်နန်းရှင်တွေကလည်း ကျွတ်နိုင်လို့ အမျှဝေပြီး ကျွတ်စေပါသတ့ဲ။ လူဖြစ်နေတ့ဲ အဆက်တွေလည်း ဝေဒနာတွေရှိရင်ပျောက်သွားပါတယ်တ့ဲ။

.

အဲဒီမှာ သတိထားမိတာက တချို့စောင့်နေတ့ဲ သိုက်ဆိုတာ လူအများထင်သလို ကျောက်သံပတ္တမြားတွေ မဟုတ်ဘဲ မီးသွေးတောင့်လိုဟာတွေ ရှိသတ့ဲ။ သူတို့ခေတ်က တန်ဖိုးရှိလို့ စောင့်နေကြတာလား၊ အမြင်မှားပြီး စောင့်နေကြတာလားတော့ မသိပါ။

.

ဆက်စပ်စဉ်းစားနိုင်ဖို့ပါ။ 

07 March 2018

ဒေါ်စုကိုတော့ အားနာပါ။

(Unicode version)

 စင်ကာပူမှ မြန်မာပြည်ပြန်လာပြီး ကူညီချင်တ့ဲ အင်ဂျင်နီယာ တဦးရေးတ့ဲ ဖေ့ဘုတ်ပို့စ်ကို ဖတ်ကြရမယ် ထင်ပါတယ်။ သူသည်းခံလုပ်သော်လည်း ထင်တိုင်းမပေါက်လို့ စိတ်ပျက်ပြီး "အမေစုကို စဉ်းစားပါအမေ၊ ကျွန်တော်တော့ ပြန်တော့မယ်"လို့ ရေးထားတာပါ။ လက်ရှိလုပ်နေတာတွေ အပစ်တင်ပြီး ရေးထားတာဖတ်ရလို့ ပြန်ရေးမိတာပါ။

.

ပြန်ပါ မောင်ရင်၊ ဒေါ်စုလုပ်နေရတ့ဲ အခက်အခဲရဲ့ အပုံတသိန်းပုံ တပုံလောက်ကြုံ ပြီး စိတ်ပျက်သွားတော့ ပြန်ပါမောင်ရင် ပြန်ပါ။ ပြန်မလာလည်း ရှိတ့ဲသူနဲ့ဘဲ ဆက်ချီတက်နေရမှာပါ။

.

.မောင်ရင် အတော်ဆုံးအတတ်ဆုံးလည်း ဖြစ်မှာပါ။ ယူလာတ့ဲ စံနစ် နည်းပညာတွေ အကောင်းဆုံးလည်း ဖြစ်မှာပါ။ ဒါပေမယ့် ဒီမှာလုပ်နေကျ လူတွေက မောင်ရင့်လို ဗမာတွေဆိုတာ သတိထားပါ။ မနာလိုမှုကြီးတယ်၊ နေရာမပေးချင်ကြဘူး၊ ကိုယ့်ထက်သာသွားမှာ သေမလောက် ကြောက်ကြတ့ဲ ဗမာတွေပါ။ အထူးသဖြင့် အငယ်တွေကိုဆို 'မင်းကဘယ်လောက်တတ်လို့လဲ' လို့ အထင်သေးတတ်တ့ဲ ဗမာလူကြီးတွေပါ။ သူများလုပ်ရင် အပစ်လည်း အလွန်မြင်တတ်ပ။

.

အင်ဂျင်နီယာလောကမှ မဟုတ်ပါဘူး။ တတိုင်းပြည်လုံးရဲ့ နယ်ပယ်အသီးသီးမှာပါ။ ဒါတွေကို မသိလို့ ဒေါ်စုဆက်လုပ်နေတယ် ထင်လို့လား။ မောင်ရင့်အတွေးနဲ့သာဆို ဒေါ်စုပြန်သွားတာ နှစ်သုံးဆယ် ပြည့်ရော့မယ်။

.

ပြန်ပါ။ ပြန်လာချင်မှလည်း ရွှေဗမာတွေဆီ ပြန်လာပါ။ ဗမာပြည်ကတော့ ဒီလိုဘဲ ဆက်သွားနေရမှာပါဘဲ။ ဒါပေမယ့် အပစ်တင်စကား ဆိုတော့မယ်ဆို ဒေါ်စုကိုတော့ အားနားပါဗျာ။


XxXxXx

(Zawgyi version )

 စင္ကာပူမွ ျမန္မာျပည္ျပန္လာၿပီး ကူညီခ်င္တ့ဲ အင္ဂ်င္နီယာ တဦးေရးတ့ဲ ေဖ့ဘုတ္ပို႔စ္ကို ဖတ္ၾကရမယ္ ထင္ပါတယ္။ သူသည္းခံလုပ္ေသာ္လည္း ထင္တိုင္းမေပါက္လို႔ စိတ္ပ်က္ၿပီး "အေမစုကို စဥ္းစားပါအေမ၊ ကြၽန္ေတာ္ေတာ့ ျပန္ေတာ့မယ္"လို႔ ေရးထားတာပါ။ လက္႐ွိလုပ္ေနတာေတြ အပစ္တင္ၿပီး ေရးထားတာဖတ္ရလို႔ ျပန္ေရးမိတာပါ။
.
ျပန္ပါ ေမာင္ရင္၊ ေဒၚစုလုပ္ေနရတ့ဲ အခက္အခဲရဲ႕ အပံုတသိန္းပံု တပံုေလာက္ၾကဳဳံ ၿပီး စိတ္ပ်က္သြားေတာ့ ျပန္ပါေမာင္ရင္ ျပန္ပါ။ ျပန္မလာလည္း ႐ွိတ့ဲသူနဲ႔ဘဲ ဆက္ခ်ီတက္ေနရမွာပါ။
.
.ေမာင္ရင္ အေတာ္ဆုံးအတတ္ဆံုးလည္း ျဖစ္မွာပါ။ ယူလာတ့ဲ စံနစ္ နည္းပညာေတြ အေကာင္းဆံုးလည္း ျဖစ္မွာပါ။ ဒါေပမယ့္ ဒီမွာလုပ္ေနက် လူေတြက ေမာင္ရင့္လို ဗမာေတြဆိုတာ သတိထားပါ။ မနာလိုမႈႀကီးတယ္၊ ေနရာမေပးခ်င္ၾကဘူး၊ ကိုယ့္ထက္သာသြားမွာ ေသမေလာက္ ေၾကာက္ၾကတ့ဲ ဗမာေတြပါ။ အထူးသျဖင့္ အငယ္ေတြကိုဆို 'မင္းကဘယ္ေလာက္တတ္လို႔လဲ' လို႔ အထင္ေသးတတ္တ့ဲ ဗမာလူႀကီးေတြပါ။ သူမ်ားလုပ္ရင္ အပစ္လည္း အလြန္ျမင္တတ္ပ။
.
အင္ဂ်င္နီယာေလာကမွ မဟုတ္ပါဘူး။ တတိုင္းျပည္လံုးရဲ႕ နယ္ပယ္အသီးသီးမွာပါ။ ဒါေတြကို မသိလို႔ ေဒၚစုဆက္လုပ္ေနတယ္ ထင္လို႔လား။ ေမာင္ရင့္အေတြးနဲ႔သာဆို ေဒၚစုျပန္သြားတာ ႏွစ္သံုးဆယ္ ျပည့္ေရာ့မယ္။
.
ျပန္ပါ။ ျပန္လာခ်င္မွလည္း ေရႊဗမာေတြဆီ ျပန္လာပါ။ ဗမာျပည္ကေတာ့ ဒီလိုဘဲ ဆက္သြားေနရမွာပါဘဲ။ ဒါေပမယ့္ အပစ္တင္စကား ဆိုေတာ့မယ္ဆို ေဒၚစုကိုေတာ့ အားနားပါဗ်ာ။ 

02 March 2018

သံဝေဂ ရသင့်ပြီ



(Unicode version )


မြန်မာနိုင်ငံသမိုင်းမှာ

စစ်အာဏာ နှစ်ခါသိမ်းခ့ဲပေမယ့်

သိမ်းသူကတော့ တယောက်တည်းပါဘဲ။

.

ပထမတခါက သူကိုယ်တိုင် သိမ်းပြီး

နောက်တခါက သူကသိမ်းခိုင်းတာပါ။

.

ဒီလို ပါဝါအစွမ်းတွေရှိသူ ဗိုလ်ချုပ်ကြီးလည်း သူ့အစွမ်းတွေကုန်တော့ ဂျောင်ထိုးခံရတာပါဘဲ။ အသုဘတောင် တိတ်တိတ်ချရရှာတယ်။

.

နောက်ထပ် အာဏာသိမ်းချင်တ့ဲ

စစ်ဗိုလ်တွေရှိရင်

သံဝေဂ ယူနိုင်ဖို့ပါ။



XxXxXx

(Zawgyi version )

ျမန္မာႏိုင္ငံသမိုင္းမွာ
စစ္အာဏာ ႏွစ္ခါသိမ္းခ့ဲေပမယ့္
သိမ္းသူကေတာ့ တေယာက္တည္းပါဘဲ။
.
ပထမတခါက သူကိုယ္တိုင္ သိမ္းၿပီး
ေနာက္တခါက သူကသိမ္းခိုင္းတာပါ။
.
ဒီလို ပါဝါအစြမ္းေတြ႐ွိသူ ဗိုလ္ခ်ဳပ္ႀကီးလည္း သူ႔အစြမ္းေတြကုန္ေတာ့ ေဂ်ာင္ထိုးခံရတာပါဘဲ။ အသုဘေတာင္ တိတ္တိတ္ခ်ရ႐ွာတယ္။
.
ေနာက္ထပ္ အာဏာသိမ္းခ်င္တ့ဲ
စစ္ဗိုလ္ေတြ႐ွိရင္
သံေဝဂ ယူႏိုင္ဖို႔ပါ။


09 February 2018

ကမ်ဘာတခြမ်းမှာ



 မြောက်ကိုရီးယားမှ ဝက်ကလေးရဲ့နှမက သမိုင်းဝင်ခရီးစဉ်အဖြစ် တောင်ကိုရီးယားသို့ ရောက်နေပါတယ်။ ဆောင်းရာသီ အိုလံပစ်ဖွင့်ပွဲအတွက်ပါ။

.

တချိန်ထဲမှာဘဲ ဂျပန်ဝန်ကြီးချုပ်နဲ့ အမေရိကန် ဒုသမတလည်း ရောက်နေပါတယ်။ ပြေလည်မ့ဲ စကားလေး ပြောဖြစ်စေချင်တယ်။ သူမအနေနဲ့ တောင်ကိုရီးယားရဲ့ တိုးတက်နေမှုနဲ့ ကမ်ဘာက သူတို့အပေါ် ရန်လိုနေတာမဟုတ်ဘဲ သူ့အကို ပတ်ရမ်းမှာကို စိုးရိမ်နေတာသာဖြစ်ကြောင်း သဘောပေါက်သွားစေချင်ပါတယ်။ ဒီလို အခိုက်အတန့်လေးကနေ နှစ်နိုင်ငံပေါင်းဖြစ်သွားရင် ကမ်ဘာတခြမ်း ငြိမ်းခြမ်းသွားတာပေါ့။

.

မဆီမဆိုင် သူတို့ကို ငြိမ်းချမ်းစေချင်တာက အစိုးရရယ်၊ စစ်တပ်ရယ်၊ တိုင်းရင်းသား၁၃၅မျိုးရယ် နီးစပ်ဖို့မလွယ်တ့ဲ ကျန်တ့ဲ ကမ်ဘာတခြမ်းမှာ ကျွန်တော်ရောက်နေလို့ပါဗျာ။