22 July 2013

၀ိနည်းလွတ်


(Unicode version)

အရှင်၀ီရသူ နှင့် မျိုးစောင့် ဥပဒေထုတ်ချင်သူ ပုဂ္ဂိုလ်များ ခင်ဗျား၊

ဆရာတော်တို့၏ အမျိုး၊ ဘာသာ ချစ်စိတ်ဓါတ်ကိုလေးစားပါသည်။ ၁၀၀%ယုံပါသည်။

သို့သော်ဆရာတော်တို့အဖွဲ့၏ လုပ်ရပ်များကို ပြန်သုံးသပ်စေလိုပါသည်။

ဗုဒ္ဓဘာသာ၀င် အမျိုးသမီး ဘယ်နှစ်ယောက် မူစလင်နဲ့လက်ထပ်သလဲ မသိပါ။

လောလောဆယ် ဂျာနယ်များတွင် မြန်မာနိုင်ငံသား ခရစ်ယံအဆိုတော်များနှင့် ဗုဒ္ဓဘာသာသင် အမျိုးသားများလက်ထပ်တာ နှစ်ကြိမ်တွေ့ လိုက်ရပါသည်။ သတိုးသားတို့ ခရစ်ယံဘာသာသို့ ပြောင်းရန်လိုပါသလား ။ အခြေခံဥပဒေအရ မြန်မာနိုင်ငံ သူ/သားများသည် တူညီသော ခံံစားခွင့် ရှိပါသည်။ ထို မိန်းကလေးများသည်လဲ လုံး၀ မြန်မာနိုင်ငံသားများ ဖြစ်ပါသည်။

မူစလင်နဲ့ ဘယ်နှစ်ယောက် လက်ထပ်သလဲ တော့မသိပါ။

အရှင်ဘုရားတို့၏ လှုံဆော်မှုကြောင့် ဘာသာရေးအဓိကရုဏ်းများဖြစ်ကာ လူတော်တော်များများသေ၊ ပစ္စည်းအမြောက်အများလဲ ပျက်စီးခ့ဲရပါပြီ။

ဆင်းရဲသဖြင့် ပြည်ပတွင် ၊အထူးသဖြင့် မလေးရှားတွင် သွားရောက်လုပ်ကိုင်နေသူများ အသတ်ခံရ၊ ကျန်သူ သိန်းဂဏန်း ခန့် မှာလည်း ကျီးလန့်စာစားဖြစ်နေရပါသည်။

အင်ဒိုနီးရှားရောက် ရေမြောကမ်းတင် အချို့လဲ ထောင်ထဲတွင် အသတ်ခံခ့ဲရပါသည်။

အရှေ့အလယ်ပိုင်းတွင် သွားရောက်လုပ်ကိုင်နေသူများ၏ မိသားစုများမှာလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေကြပါသည်။ ပျော်လို့ သွားနေကြတာ မဟုတ်ပါ။ ဆင်းရဲလွန်းသဖြင့်သာ စွန့်စား၍ သွားနေကြခြင်းဖြစ်ပါသည်။

ဒီမိုကရေစီ ကူးပြောင်းကာစ မြန်မာပြည်သည်လဲ ကမ္ဘာ့အလယ်တွင် ရှင်းနေရပါသည်။ လူအခွင့်အရေးအဖွဲ့၊ ကုလသမဂ္ဂတို့တွင်လဲ ရှင်းရတော့မည်ဟု သမတကြီးကိုယ်တိုင် ဘာသာရေးညီညွတ်ရေးခေါင်းဆောင်များကို ရှင်းပြနေတာ တွေ့လိုက်ရပါသည်။

ပိုဆိုးသည်က စည်းလုံးရမည့် မြန်မာနိုင်ငံသားများ ကွဲလာကြခြင်း ဖြစ်သည်။

ဆရာတော် ဘုန်းကြီးခြင်းလဲ ကွဲလာသည်။ နိုင်ငံရေးသမားခြင်းလဲ ကွဲလာသည်။ ပြည်သူခြင်းလဲ ကွဲလာကုန်ပါသည်။ မြန်မာတွေက နဂိုရ်ကမှ အလိုလို ကွဲချင်နေရသည့်အထဲ ခေါင်းစဉ် အကြီးကြီး ကွဲစရာရသဖြင့် တော်တော်ကို ဆိုးနေပါသည်။ ဒီမိုကရေစီနိုင်ငံ မဖြစ်ချင်ဘဲ နောက်ကြောင်းပြန်လှည့်လို သူများအတွက်တော့ သည်းခြေကြိုက် ဖြစ်မှာပါ။

ဘုရားပွင့်ရာ ဗုဒ္ဒဂါယာမှာလည်း ဗုံးပေါက်ခ့ဲရပါပြီ။

ခုနောက်ဆုံးကြားရသည့် သတင်းအရ အလွန်နူးညံ့သိမ်မွေ့သည့် ဗုဒ္ဓဘာသာ၀င်များ၏ တရားပွဲတွင် ဗုံးပေါက်သည် ဆိုပါသည်။ ဗုဒ္ဓဘာသာတရားပွဲများတွင် ဗုံးရှာရတော့မည် ဆိုသည်အထိ ဖြစ်လာပါတော့မည်။ ဒီကိစ္စ တော်တော်ရှက်ဖို့ ကောင်းနေသည်။

မျိုးစောင့်ဥပဒေ ထုတ်ချင်သူများခင်ဗျား။ မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်သည် ဆိုသည်နှင့် သူတပါးကို တိုက်ခိုက်သလို ဖြစ်နေသည်များကို ကွဲကွဲပြားပြား ဖြစ်စေချင်ပါသည်။မိမိဘာသာ ကိုးကွယ်သူများ ကိုယ့်ဘာသာအပေါ် ပိုမိုယုံကြည်မှုရှိလာအောင် လုပ်ရန်သာရှိပါသည်။

တခြားလွှမ်းမိုးမှုများ ၀င်မလာအောင် ကာကွယ်ရန် ၁၀၀% သဘောတူပါသည်။ လက်ရှိ လုပ်နည်းလုပ်ဟန်မှာ ဒီကောင်တွေအောက်တန်းကျလို့ ငါတို့လဲ အောက်တန်းကျတ့ဲနည်း ပြန်သုံးမယ်ဆိုသလို ဖြစ်နေပါသည်။

ဆရာတော်တို့နှင့် အသင့်တော်ဆုံး စကားလုံးဖြစ်သည့် ၀ိနည်းလွတ် နည်းလမ်းမျိုးဖြင့်သာ ဆက်လက်ဆောင်ရွက်စေလိုကြောင်း လျှောက်ထားလိုက်ရပါသည် အရှင်ဘုရားတို့။ ။

XxXxXx

(Zawgyi version) 

အ႐ွင္၀ီရသူ ႏွင့္ မ်ိဳးေစာင့္ ဥပေဒထုတ္ခ်င္သူ ပုဂၢိဳလ္မ်ား ခင္ဗ်ား၊
ဆရာေတာ္တို႔၏ အမ်ိဳး၊ ဘာသာ ခ်စ္စိတ္ဓါတ္ကိုေလးစားပါသည္။ ၁၀၀%ယံုပါသည္။
သို႔ေသာ္ဆရာေတာ္တို႔အဖြဲ႔၏ လုပ္ရပ္မ်ားကို ျပန္သံုးသပ္ေစလိုပါသည္။
ဗုဒၶဘာသာ၀င္ အမ်ိဳးသမီး ဘယ္ႏွစ္ေယာက္ မူစလင္နဲ႔လက္ထပ္သလဲ မသိပါ။
ေလာေလာဆယ္ ဂ်ာနယ္မ်ားတြင္ ျမန္မာႏိုင္ငံသား ခရစ္ယံအဆိုေတာ္မ်ားႏွင့္ ဗုဒၶဘာသာသင္ အမ်ိဳးသားမ်ားလက္ထပ္တာ ႏွစ္ႀကိမ္ေတြ႔ လိုက္ရပါသည္။ သတိုးသားတို႔ ခရစ္ယံဘာသာသို႔ ေျပာင္းရန္လိုပါသလား ။ အေျခခံဥပေဒအရ ျမန္မာႏိုင္ငံ သူ/သားမ်ားသည္ တူညီေသာ ခံံစားခြင့္ ႐ွိပါသည္။ ထို မိန္းကေလးမ်ားသည္လဲ လံုး၀ ျမန္မာႏိုင္ငံသားမ်ား ျဖစ္ပါသည္။
မူစလင္နဲ႔ ဘယ္ႏွစ္ေယာက္ လက္ထပ္သလဲ ေတာ့မသိပါ။
အ႐ွင္ဘုရားတို႔၏ လႈံေဆာ္မႈေၾကာင့္ ဘာသာေရးအဓိက႐ုဏ္းမ်ားျဖစ္ကာ လူေတာ္ေတာ္မ်ားမ်ားေသ၊ ပစၥည္းအေျမာက္အမ်ားလဲ ပ်က္စီးခ့ဲရပါၿပီ။
ဆင္းရဲသျဖင့္ ျပည္ပတြင္ ၊အထူးသျဖင့္ မေလး႐ွားတြင္ သြားေရာက္လုပ္ကိုင္ေနသူမ်ား အသတ္ခံရ၊ က်န္သူ သိန္းဂဏန္း ခန္႔ မွာလည္း က်ီးလန္႔စာစားျဖစ္ေနရပါသည္။
အင္ဒိုနီး႐ွားေရာက္ ေရေျမာကမ္းတင္ အခ်ိဳ႕လဲ ေထာင္ထဲတြင္ အသတ္ခံခ့ဲရပါသည္။
အေ႐ွ႕အလယ္ပိုင္းတြင္ သြားေရာက္လုပ္ကိုင္ေနသူမ်ား၏ မိသားစုမ်ားမွာလည္း ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိ ျဖစ္ေနၾကပါသည္။ ေပ်ာ္လို႔ သြားေနၾကတာ မဟုတ္ပါ။ ဆင္းရဲလြန္းသျဖင့္သာ စြန္႔စား၍ သြားေနၾကျခင္းျဖစ္ပါသည္။
ဒီမိုကေရစီ ကူးေျပာင္းကာစ ျမန္မာျပည္သည္လဲ ကမာၻ႔အလယ္တြင္ ႐ွင္းေနရပါသည္။ လူအခြင့္အေရးအဖြဲ႕၊ ကုလသမဂၢတို႔တြင္လဲ ႐ွင္းရေတာ့မည္ဟု သမတႀကီးကိုယ္တိုင္ ဘာသာေရးညီညြတ္ေရးေခါင္းေဆာင္မ်ားကို ႐ွင္းျပေနတာ ေတြ႕လိုက္ရပါသည္။
ပိုဆိုးသည္က စည္းလံုးရမည့္ ျမန္မာႏိုင္ငံသားမ်ား ကြဲလာၾကျခင္း ျဖစ္သည္။
ဆရာေတာ္ ဘုန္းႀကီးျခင္းလဲ ကြဲလာသည္။ ႏိုင္ငံေရးသမားျခင္းလဲ ကြဲလာသည္။ ျပည္သူျခင္းလဲ ကြဲလာကုန္ပါသည္။ ျမန္မာေတြက နဂိုရ္ကမွ အလိုလို ကြဲခ်င္ေနရသည့္အထဲ ေခါင္းစဥ္ အႀကီးႀကီး ကြဲစရာရသျဖင့္ ေတာ္ေတာ္ကို ဆိုးေနပါသည္။ ဒီမိုကေရစီႏိုင္ငံ မျဖစ္ခ်င္ဘဲ ေနာက္ေၾကာင္းျပန္လွည့္လို သူမ်ားအတြက္ေတာ့ သည္းေျခႀကိဳက္ ျဖစ္မွာပါ။
ဘုရားပြင့္ရာ ဗုဒၵဂါယာမွာလည္း ဗံုးေပါက္ခ့ဲရပါၿပီ။
ခုေနာက္ဆံုးၾကားရသည့္ သတင္းအရ အလြန္နူးညံ့သိမ္ေမြ႔သည့္ ဗုဒၶဘာသာ၀င္မ်ား၏ တရားပြဲတြင္ ဗံုးေပါက္သည္ ဆိုပါသည္။ ဗုဒၶဘာသာတရားပြဲမ်ားတြင္ ဗံုး႐ွာရေတာ့မည္ ဆိုသည္အထိ ျဖစ္လာပါေတာ့မည္။ ဒီကိစၥ ေတာ္ေတာ္႐ွက္ဖို႔ ေကာင္းေနသည္။
မ်ိဳးေစာင့္ဥပေဒ ထုတ္ခ်င္သူမ်ားခင္ဗ်ား။ မိမိကိုယ္ကို ကာကြယ္ေစာင့္ေ႐ွာက္သည္ ဆိုသည္ႏွင့္ သူတပါးကို တိုက္ခိုက္သလို ျဖစ္ေနသည္မ်ားကို ကြဲကြဲျပားျပား ျဖစ္ေစခ်င္ပါသည္။မိမိဘာသာ ကိုးကြယ္သူမ်ား ကိုယ့္ဘာသာအေပၚ ပိုမိုယံုၾကည္မႈ႐ွိလာေအာင္ လုပ္ရန္သာ႐ွိပါသည္။
တျခားလႊမ္းမိုးမႈမ်ား ၀င္မလာေအာင္ ကာကြယ္ရန္ ၁၀၀% သေဘာတူပါသည္။ လက္႐ွိ လုပ္နည္းလုပ္ဟန္မွာ ဒီေကာင္ေတြေအာက္တန္းက်လို႔ ငါတို႔လဲ ေအာက္တန္းက်တ့ဲနည္း ျပန္သံုးမယ္ဆိုသလို ျဖစ္ေနပါသည္။
ဆရာေတာ္တို႔ႏွင့္ အသင့္ေတာ္ဆံုး စကားလံုးျဖစ္သည့္ ၀ိနည္းလြတ္ နည္းလမ္းမ်ိဳးျဖင့္သာ ဆက္လက္ေဆာင္႐ြက္ေစလိုေၾကာင္း ေလွ်ာက္ထားလိုက္ရပါသည္ အ႐ွင္ဘုရားတို႔။      ။





19 July 2013

သမတဖြစ်ချင်သူများ

(Unicode version)


            ကျွန်တော် ခုတလောလော တော်တော်ကို စိတ်ပူနေမိသည်။ စိတ်ပူတာမှ ည ည ဒုက္ခတော်တော်ရောက်သည်။ တွေးတွေးပူကာ အိပ်မလို့လုပ်ယင်း ပျော်သွားယင်းဖြင့် နောက်နေ့မနက်ရောက်သည် အထိ ဒုက္ခရောက်နေသည်။



            ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့်မဟုတ်ပါ။ ဆွေမျိုး သူငယ်ချင်းများ အတွက်ပင် မဟုတ်ရပါ။ ဆွေမျိုးသူငယ်ချင်းများ စိတ်မဆိုးကြပါနှင့်။ နိုင်ငံတော်ကြီးရှေ့ရေးအတွက် တွေးပူကာအိပ်မပျော်ခြင်း ဖြစ်သည်။ သဘောထားကြီးကြီးဖြင့် ခွင့်လွှတ်တော်မူကြပါ ခင်ဗျာ။




             ဘယ်လိုလုပ်အိပ်ပျော်နိုင်မည်နည်း။ တာ၀န်သိ လုပ်သားပြည်သူတစ်ယောက်အနေနှင့် တွေးပူနေမိသည်။ ဇတ်လမ်းက တိုင်းပြည်တစ်ပြည်တည်း သမတလုပ်ချင်သူများနေသည့် ပြဿနာ။ မင်းကရောဆိုလျှင် ကျွန်တော် မလုပ်ချင်သေးပါ။ ဒီလောက်လုပ်ချင်သူများနေရတ့ဲအထဲ ဆိုကာ အဆဲခံနေရမည်။



             ယခု အချိန် သမတဖြစ်ဖို့ အသင့်တော်ဆုံးသူက ဖွဲ့စည်းပုံအခြေခံဥပဒေ အရမဖြစ်နိုင်သဖြင့် ဒါကြီးကို အရင်ပြင်ရမည်ဆိုဘဲ။ ဒါကလဲ လွယ်လွယ်နဲ့မရ။ အရွေးခံရတာ မဟုတ်ဘဲ လွှတ်တော်လဲ ခပ်တည်တည်လာထိုင်နေသည့် အစိတ်သားဆိုလား၊ အဆိပ်သားဆိုလား သူတို့က အရေးကြီးနေပြန်သည်။ သူတို့ကို ထွက်ပေးဖို့ သူတိို့က ထောက်ခံမှ ရမည်ဆိုသော ဥပဒေမျိုး ရေးဆွဲသွားသူကြီးကို ကြာလေ သတိရလေပါဘဲ။



              ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကြီးကို ခက်ခက်ခဲခဲပြင်ရမည့် အတူတူ ကျွန်တော် အကြံဉာဏ်လေး ပေးချင်ပါသည်။ ၀င်ရှုတ်တာ မဟုတ်ရကြောင်းပါ။ ရှဥ့်လဲဆွဲသာ ပျားလဲပြေးသာပေါ့။ သိယင်လဲ ပြင်ဖတ်ဗျာ။ ဒီမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုပြင်ဖို့ အလုပ်ရှုပ်နေတယ်ဗျ။



             အဟမ်း အဟမ်း၊ ပညာရှိများလို စဉ်းစားလျှင် လွယ်လွယ်လေးပါ။ လက်ရှိ ဥပဒေအရ သမတ တစ်ယောက်သာ မြန်မာပြည်တွင် လုပ်ခွင့်ရှိနေသည်။ ခု လက်ရှိအချိန်အထိ သမတဖြစ်ချင်သည်ဟု ပြောထားသူ ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းစိန်နှင့် ဦးရွှေမန်းတို့ သုံးဦးရှိနေသဖြင့် ဤသို့ပြင်သင့်ပါသည်။



             ဤ ပြည်ထောင်စုသမတမြန်မာနိုင်ငံတော်ကြီး တွင်

(၁) အယင် န၀တ နှင့် နအဖ ခေတ်အုပ်ချုပ်ခ့ဲသူများ အလိုကျဆက်ဆောင်ရွက်နိုင်ရန် သမတတစ်ဦး၊

(၂) လက်ရှိစစ်တပ်ကြီးနှင့် အလွမ်းသင့်သင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် သမတတစ်ဦး၊

(၃) နိုင်ငံတကာမှ လက်ခံကာ ပြည်ပမှ အကူအညီ အထောက်အပ့ံများ ရနိုင်အောင်ဆောင်ရွက်နိုင်ရန် သမတတစ်ဦး ဆိုပြီး ပြင်သင့်ပါသည်။



                ဘာ……………. လုထုက တင်မြှောက်တ့ဲသူ…………….။ အင်း……. ဒါကတော၊့ အင်း…………. ဒုတိယ သမတလောက်ဘဲ လုပ်ဦးကွာ။ ဒီမှာ သမတလုပ်ချင်သူ သုံးဦးဖြစ် နေလို့ မနဲ ခွဲတမ်းချနေရတယ်။ ၂၀၁၅ တော့ မစဉ်းစားတော့ဘူး။ ခွဲတမ်းပြည့်သွားပြီ။



               ဘာ…………….. တိုင်းရင်းသားလဲက တစ်ဦးလောက်……….. အေး ဒါလဲ ဒု သမတဘဲ ဆက်လုပ်ခိုင်း ထားဦးကွာ။ ၂၀၂၀ ရောက်လို့ အေးအေးဆေးဆေးဖြစ်နေယင်တော့ စဉ်းစားကြတာပေါ့။ နောက်ထပ်လဲ သမတဖြစ်ချင်သူပေါ်လာယင် လက်မခံကြနဲ့တော့။ စာရင်းပိတ်လိုက်ကြတော့ဟေ့။



အင်း………… ဒီအတိုင်းဆိုယင် ဆရာကြီး ငါလဲ ၂၀၂၀ မှာတောင် သမတ မဖြစ်နိုင်တော့ပါလား။

XxXxXx

(Zawgyi version)


            ကၽြန္ေတာ္ ခုတေလာေလာ ေတာ္ေတာ္ကို စိတ္ပူေနမိသည္။ စိတ္ပူတာမွ ည ည ဒုကၡေတာ္ေတာ္ေရာက္သည္။ ေတြးေတြးပူကာ အိပ္မလို႔လုပ္ယင္း   ေပ်ာ္သြားယင္းျဖင့္   ေနာက္ေန႔မနက္ေရာက္သည္     အထိ ဒုကၡေရာက္ေနသည္။

            ကိုယ္ေရးကိုယ္တာ ကိစၥေၾကာင့္မဟုတ္ပါ။ ေဆြမ်ိဳး သူငယ္ခ်င္းမ်ား အတြက္ပင္ မဟုတ္ရပါ။ ေဆြမ်ိဳးသူငယ္ခ်င္းမ်ား စိတ္မဆိုးၾကပါႏွင့္။   ႏိုင္ငံေတာ္ႀကီးေ႐ွ႕ေရးအတြက္   ေတြးပူကာအိပ္မေပ်ာ္ျခင္း ျဖစ္သည္။ သေဘာထားႀကီးႀကီးျဖင့္ ခြင့္လႊတ္ေတာ္မူၾကပါ ခင္ဗ်ာ။
             ဘယ္လိုလုပ္အိပ္ေပ်ာ္ႏိုင္မည္နည္း။ တာ၀န္သိ လုပ္သားျပည္သူတစ္ေယာက္အေနႏွင့္ ေတြးပူေနမိသည္။ ဇတ္လမ္းက တိုင္းျပည္တစ္ျပည္တည္း သမတလုပ္ခ်င္သူမ်ားေနသည့္ ျပႆနာ။ မင္းကေရာဆိုလွ်င္ ကၽြန္ေတာ္ မလုပ္ခ်င္ေသးပါ။ ဒီေလာက္လုပ္ခ်င္သူမ်ားေနရတ့ဲအထဲ ဆိုကာ အဆဲခံေနရမည္။

             ယခု အခ်ိန္ သမတျဖစ္ဖို႔  အသင့္ေတာ္ဆံုးသူက ဖြဲ႔စည္းပံုအေျခခံဥပေဒ အရမျဖစ္ႏိုင္သျဖင့္ ဒါႀကီးကို အရင္ျပင္ရမည္ဆိုဘဲ။ ဒါကလဲ လြယ္လြယ္နဲ႔မရ။ အေ႐ြးခံရတာ မဟုတ္ဘဲ လႊတ္ေတာ္လဲ ခပ္တည္တည္လာထိုင္ေနသည့္ အစိတ္သားဆိုလား၊ အဆိပ္သားဆိုလား သူတို႔က အေရးႀကီးေနျပန္သည္။ သူတို႔ကို ထြက္ေပးဖို႔ သူတိို႕က ေထာက္ခံမွ ရမည္ဆိုေသာ ဥပေဒမ်ိဳး ေရးဆြဲသြားသူႀကီးကို ၾကာေလ သတိရေလပါဘဲ။

              ဖြဲ႔စည္းပံုအေျခခံဥပေဒဆိုတာႀကီးကို ခက္ခက္ခဲခဲျပင္ရမည့္ အတူတူ ကၽြန္ေတာ္ အႀကံဥာဏ္ေလး ေပးခ်င္ပါသည္။ ၀င္႐ႈတ္တာ မဟုတ္ရေၾကာင္းပါ။ ႐ွဥ့္လဲဆြဲသာ ပ်ားလဲေျပးသာေပါ့။ သိယင္လဲ ျပင္ဖတ္ဗ်ာ။ ဒီမွာ ဖြဲ႔စည္းပံုအေျခခံဥပေဒ ကိုျပင္ဖို႔ အလုပ္႐ႈပ္ေနတယ္ဗ်။

             အဟမ္း အဟမ္း၊ ပညာ႐ွိမ်ားလို စဥ္းစားလွ်င္ လြယ္လြယ္ေလးပါ။ လက္႐ွိ ဥပေဒအရ သမတ တစ္ေယာက္သာ ျမန္မာျပည္တြင္ လုပ္ခြင့္႐ွိေနသည္။ ခု လက္႐ွိအခ်ိန္အထိ သမတျဖစ္ခ်င္သည္ဟု ေျပာထားသူ ေဒၚေအာင္ဆန္းစုၾကည္၊ ဦးသိန္းစိန္ႏွင့္ ဦးေ႐ႊမန္းတို႔ သံုးဦး႐ွိေနသျဖင့္ ဤသို႔ျပင္သင့္ပါသည္။ 

             ဤ ျပည္ေထာင္စုသမတျမန္မာႏိုင္ငံေတာ္ႀကီး တြင္
(၁) အယင္ န၀တ ႏွင့္ နအဖ ေခတ္အုပ္ခ်ဳပ္ခ့ဲသူမ်ား အလိုက်ဆက္ေဆာင္႐ြက္ႏိုင္ရန္ သမတတစ္ဦး၊
(၂) လက္႐ွိစစ္တပ္ႀကီးႏွင့္ အလြမ္းသင့္သင့္ ပူးေပါင္းေဆာင္႐ြက္ႏိုင္ရန္ သမတတစ္ဦး၊
(၃) ႏိုင္ငံတကာမွ လက္ခံကာ ျပည္ပမွ အကူအညီ အေထာက္အပ့ံမ်ား ရႏိုင္ေအာင္ေဆာင္႐ြက္ႏိုင္ရန္ သမတတစ္ဦး   ဆိုၿပီး ျပင္သင့္ပါသည္။

                ဘာ……………. လုထုက တင္ေျမွာက္တ့ဲသူ…………….။ အင္း……. ဒါကေတာ၊့ အင္း…………. ဒုတိယ သမတေလာက္ဘဲ လုပ္ဦးကြာ။ ဒီမွာ သမတလုပ္ခ်င္သူ သံုးဦးျဖစ္ ေနလို႔ မနဲ ခြဲတမ္းခ်ေနရတယ္။ ၂၀၁၅ ေတာ့ မစဥ္းစားေတာ့ဘူး။ ခြဲတမ္းျပည့္သြားၿပီ။ 

               ဘာ…………….. တိုင္းရင္းသားလဲက တစ္ဦးေလာက္……….. ေအး  ဒါလဲ ဒု သမတဘဲ ဆက္လုပ္ခိုင္း ထားဦးကြာ။ ၂၀၂၀ ေရာက္လို႕ ေအးေအးေဆးေဆးျဖစ္ေနယင္ေတာ့ စဥ္းစားၾကတာေပါ့။ ေနာက္ထပ္လဲ သမတျဖစ္ခ်င္သူေပၚလာယင္ လက္မခံၾကနဲ႔ေတာ့။ စာရင္းပိတ္လိုက္ၾကေတာ့ေဟ့။ 

အင္း………… ဒီအတိုင္းဆိုယင္ ဆရာႀကီး ငါလဲ ၂၀၂၀ မွာေတာင္ သမတ မျဖစ္ႏိုင္ေတာ့ပါလား။

07 July 2013

ဗုဒ္ဓဘာသာ နှင့် TIME

(Unicode version)

TIME မဂ္ဂဇင်းတွင်ပါသော ဆောင်းပါးကို ဖတ်ပြီးသွားပါပြီ။ ဖတ်ပြီးသောအခါ

မြန်မာဗုဒ္ဓဘာသာ ၀င်များ ဘာကြောင့်ဒေါသထွက်နေမှန်း သဘောမပေါက်ဖြစ်မိပါသည်။

အားလုံးကိုဆိုလိုခြင်း မဟုတ်ဘဲ အလွန်ငြိမ်းချမ်းသော ဗုဒ္ဓဘာသာ၀င်များထဲမှ

အစွန်းရောက်များကိုသာ ဆိုလိုသည်ထင်ပါသည်။ ကျန်နိုင်ငံများဖြစ်သော

ထိုင်းနှင့် သီရိလင်္ကာနိုင်ငံ အကြောင်းများက ပိုဆိုးပါသည်။



မြန်မာနိုင်ငံအနေနှင့် ဘုန်းကြီး ၀ီရသူ နှင့်သာ အဓိကဆိုင်ပါသည်။

မျက်နှာဖုံးတင်ထားသဖြင့် ပိုဆိုင်သလိုဖြစ်နေသော်လည်း

မြန်မာဗုဒ္ဓဘာသာ၀င်အများစုမှာ အေးချမ်းမှုကိုသာ လိုလားကြပါလိမ့်မည်။

ဆရာတော်အနေနှင့် သူ့ကိုသူ ဘင်လာဒင်ဟု အင်တာဗျူးများတွင်ပြောဘူးပါက

ဘာမျှရှင်း၍ပင် ရမည်မထင်ပါ။ ပိုက်ဆံရှိလျှင် တရားစွဲကြည့်ပေါ့ဗျာ။ကျွန်တော်ကတော့ မပြောချင်တော့ပါ။ ဒီကိစ္စနှင့် မျိုးစောင့်ဥပဒေ ကိစ္စမျိုးကို ဆက်ဆွေးနွေးနေလျှင် ငရဲ ကြီးလာနိုင်သည့် အတွက်ဖြစ်ပါသည်။



တစ်ယောက်ကပြောပါသည်။ မူစလင်တွေ ဆိုးတာတော့ TIME က မပြောဘူးလားဟူ၏။

ဒီနေရာတွင် မူစလင်များ ပြဿနာတက်တိုင်းသာ ဖေါ်ပြနေရလျှင် TIME သည်

အခြားအလုပ်လုပ်ရတော့မှာ မဟုတ်ပါ။ ယနေ့ ကမ္ဘာပေါ်တွင် အမှုဖြစ်ပျက်နေသမျှ၏

၈၀%ခန့်သည် သူတို့နှင့် တနည်းမဟုတ်တနည်း ပါတ်သက်နေသည်ထင်ပါသည်။

စစ်ဖြစ်နေသမျှတွင်လည်း တစ်ဖက်မဟုတ်တစ်ဖက် သူတို့ပါနေပါသည်။

တစ်ချို့နေရာတွင် နှစ်ဖက်စလုံးသူတို့ပင်။



ဤနေရာတွင်ပိုမို ထင်ရှားစေရန် သတင်းစာသင်တန်းတစ်ခုတွင်

သတင်းစာဆရာကြီးတစ်ဦး သင်ပေးခ့ဲသလို ပြောရမှာ ဖြစ်သော်လည်း

ကျွန်တော်တရားခံဖြစ်မှာဆိုး၍ ကျွန်တော့်နည်း ကျွန်တော့်ဟန်နှင့်သာ

ဥပမာပေးပါတော့မည်။ အစိုးရက ပြည်သူတွေကောင်းကျိုးလုပ်ပေးနေသည် ဆိုသည်မှာ

သတင်းမဟုတ်ဘဲ ပြည်သူတွေ ဒုက္ခရောက်အောင် လုပ်နေသည်ဆိုမှ သတင်းဖြစ်ပါမည်။

သဘောပေါက်။ ။

XxXxXx

(Zawgyi version )

TIME မဂၢဇင္းတြင္ပါေသာ ေဆာင္းပါးကို ဖတ္ၿပီးသြားပါၿပီ။ ဖတ္ၿပီးေသာအခါ
ျမန္မာဗုဒၶဘာသာ ၀င္မ်ား ဘာေၾကာင့္ေဒါသထြက္ေနမွန္း သေဘာမေပါက္ျဖစ္မိပါသည္။
အားလံုးကိုဆိုလိုျခင္း မဟုတ္ဘဲ အလြန္ျငိမ္းခ်မ္းေသာ ဗုဒၶဘာသာ၀င္မ်ားထဲမွ
အစြန္းေရာက္မ်ားကိုသာ ဆိုလိုသည္ထင္ပါသည္။ က်န္ႏိုင္ငံမ်ားျဖစ္ေသာ
ထိုင္းႏွင့္ သီရိလကၤာႏိုင္ငံ အေၾကာင္းမ်ားက ပိုဆိုးပါသည္။

ျမန္မာႏိုင္ငံအေနႏွင့္ ဘုန္းႀကီး ၀ီရသူ ႏွင့္သာ အဓိကဆိုင္ပါသည္။
မ်က္ႏွာဖံုးတင္ထားသျဖင့္ ပိုဆိုင္သလိုျဖစ္ေနေသာ္လည္း
ျမန္မာဗုဒၶဘာသာ၀င္အမ်ားစုမွာ ေအးခ်မ္းမႈကိုသာ လိုလားၾကပါလိမ့္မည္။
ဆရာေတာ္အေနႏွင့္ သူ႔ကိုသူ ဘင္လာဒင္ဟု အင္တာဗ်ဴးမ်ားတြင္ေျပာဘူးပါက
ဘာမွ်႐ွင္း၍ပင္ ရမည္မထင္ပါ။ ပိုက္ဆံရွိလွ်င္ တရားစြဲၾကည့္ေပါ့ဗ်ာ။ကၽြန္ေတာ္ကေတာ့ မေျပာခ်င္ေတာ့ပါ။ ဒီကိစၥႏွင့္ မ်ိဳးေစာင့္ဥပေဒ ကိစၥမ်ိဳးကို ဆက္ေဆြးေႏြးေနလွ်င္ ငရဲ ႀကီးလာႏိုင္သည့္ အတြက္ျဖစ္ပါသည္။

တစ္ေယာက္ကေျပာပါသည္။ မူစလင္ေတြ ဆိုးတာေတာ့ TIME က မေျပာဘူးလားဟူ၏။
ဒီေနရာတြင္ မူစလင္မ်ား ျပႆနာတက္တိုင္းသာ ေဖၚျပေနရလွ်င္ TIME သည္
အျခားအလုပ္လုပ္ရေတာ့မွာ မဟုတ္ပါ။ ယေန႔ ကမာၻေပၚတြင္ အမႈျဖစ္ပ်က္ေနသမွ်၏
၈၀%ခန္႔သည္ သူတို႔ႏွင့္ တနည္းမဟုတ္တနည္း ပါတ္သက္ေနသည္ထင္ပါသည္။
စစ္ျဖစ္ေနသမွ်တြင္လည္း တစ္ဖက္မဟုတ္တစ္ဖက္ သူတို႕ပါေနပါသည္။
တစ္ခ်ိဳ႕ေနရာတြင္ ႏွစ္ဖက္စလံုးသူတို႔ပင္။

ဤေနရာတြင္ပိုမို ထင္ရွားေစရန္ သတင္းစာသင္တန္းတစ္ခုတြင္
သတင္းစာဆရာႀကီးတစ္ဦး သင္ေပးခ့ဲသလို ေျပာရမွာ ျဖစ္ေသာ္လည္း
ကၽြန္ေတာ္တရားခံျဖစ္မွာဆိုး၍ ကၽြန္ေတာ့္နည္း ကၽြန္ေတာ့္ဟန္ႏွင့္သာ
ဥပမာေပးပါေတာ့မည္။ အစိုးရက ျပည္သူေတြေကာင္းက်ိဳးလုပ္ေပးေနသည္ ဆိုသည္မွာ
သတင္းမဟုတ္ဘဲ ျပည္သူေတြ ဒုကၡေရာက္ေအာင္ လုပ္ေနသည္ဆိုမွ သတင္းျဖစ္ပါမည္။
သေဘာေပါက္။ ။

05 July 2013

7Days နှင့် ခင်၀မ်း




July လ ၃ရက်နေ့ထုတ် 7Days Journal တွင် ဆရာမောင်သာချို ရေးသားသော “ဆံနွယ်ကိုပင် ဖြန့်ခင်း၍ ထိုလမ်းကို သူတို့ခင်းခ့ဲကြပါသည် “ ဆောင်းပါးပါလာပါသည်။ ထိုဆောင်းပါး၏ အစတွင် ခင်၀မ်းသီချင်းကို သတိရမိကြောင်းနှင့် စ ထားသဖြင့် ခင်၀မ်းအကြောင်း မတွေ့ရတာကြာပြီဖြစ်သော ကျွန်တော့်အတွက် ကြေနပ်သွားပါသည်။ ပြန်လည်ကူးယူဖေါ်ပြလိုက်ပါသည်။ တစ်ပုဒ်လုံးမဟုတ်ပါ။ ခင်၀မ်းအကြောင်းသာ။





 “မှော်ပေါက်နေသည့်အဆိုတော်ကြီး ကိုခင်၀မ်းက တေးသီချင်းတစ်ပုဒ် ရေးဖွဲ့ သီဆိုခ့ဲဖူးပါသည်။ " နှုတ်ဆက်ခ့ဲပါတယ် " တ့ဲ။ သီချင်းစာသားတစ်နေရာ၌ " နှုတ်ဆက်ခ့ဲပါတယ်….. ကျွန်တော်သွားတော့မယ်….. လမ်းရဲ့သယ်ဆောင်ရာ ဟိုအေ၀းကို အေ၀းကို …. လွမ်းတတ်ယင်လည်းလမ်းမှာဘဲ လွမ်းတော့မယ် " စသည်စသည်ဖြင့် ထည့်သွင်းသီကျူးထားခ့ဲလေရာ ကြက်သည်းမွေးညင်းများထသည်အထိ ကျွန်တော်တို့ ခံစားခ့ဲကြရပါသည်။ လမ်းရဲ့သယ်ဆောင်ရာနောက်ကို ကျွန်တော်တို့ လိုက်နေကြရတာတ့ဲ’’ ။ ။





ဒီလောက်ပါဘဲ၊ ခင်၀မ်းကြီးကို သတိရလိုက်ကြရအောင်။ တစ်ခါလောက်ဖြစ်ဖြစ်ပေါ့ဗျာ။ ။


02 July 2013

ကားကျပ်









(Unicode version)


ရန်ကုန်မှာ နေရာတကာ ကားတွေကျပ်နေပါတယ်။

ကားတွေများလာတာထက် လူတွေ အထူးသဖြင့် ယာဉ်မောင်းတွေ စည်းကမ်းမရှိတာက ပိုဆိုးပါတယ်။

XxXxXx

(Zawgyi version)

ရန္ကုန္မွာ ေနရာတကာ ကားေတြက်ပ္ေနပါတယ္။
ကားေတြမ်ားလာတာထက္ လူေတြ အထူးသျဖင့္ ယာဥ္ေမာင္းေတြ စည္းကမ္းမ႐ွိတာက ပိုဆိုးပါတယ္။