23 March 2013

ခင်၀မ်း ရဲ့ အင်းလျှား




   ခင်၀မ်း ၁၉၄၇ - ၂၀၀၀ အကြောင်းပြောချင်ပါသေးသည်။ စာအုပ်အပြင်အဆင် အတွင်း အပြင်အစဉ်များ ခမ်းနားစွာလုပ်ထား၍ ခင်၀မ်းနှင့် ထိုက်တန်ပါသည်။

သို့သော် ကျွန်တော်ထင်ထားခ့ဲသည့်အတိုင်း ပန်းချီခင်၀မ်းက လွှမ်းမိုးနေသည်။ သီချင်းရေးသူ၊ သီချင်းဆိုသူ ကျွန်တော် Crazy ဖြစ်သော ခင်၀မ်းက လျော့နေသလို ခံစားရသည်။

ပန်းချီအတွက် ခင်၀မ်းဧ။် စွမ်းဆောင်ခ့ဲမှုများသည် အ့ံမခန်းဖြစ်ခ့ဲသော်လည်း ပန်းချီကို မခံစားတတ်သော ကျွန်တော့်အတွက " ကိုယ့်အဖို့တော့ တစ်ကမ္ဘာမှာ သာနေသလိုဘဲ ေ၀းလှတယ် "

ဒါပေမ့ဲ ဆောင်းပါတွေအဆုံး လွတ်နေတ့ဲ စာမျက်နှာ အောက်ဆုံးတွေမှာ သီချင်းစာသားလေးတွေ ကောက်နှုတ်ဖေါ်ပြထားတာတော့ ခင်၀မ်းဆန်လှ သလိုဘဲ ။ ကြိုက်တယ်။

နောက်ပြီး ဖတ်ခ့ဲဘူးပြီး မသိမ်းခ့ဲဘူးတ့ဲ ဆောင်းပါးတစ်ချို့ မတွေ့မိဘူး၊ မန ္တလေးကထုတ်ခ့ဲတ့ဲ (၀တ်မှုန်ဟု မှတ်မိနေသော) မဂ္ဂဇင်းပါ အင်တာဗျူး ရှိဦးမယ်ထင်သည်။ ကျောက်ပန်းတောင်းသား Crazy တစ်ဦးဧ။်ဆောင်းပါးကိုလည်း မှတ်မိနေသေးသည်။ ကြည့်ရသည်မှာ စီစဉ်သူ ခင်၀မ်းဧ။်တူ နှင့်နီးစပ်သူများ ရေးသည်ကိုဘဲ ထ့ဲရဟန်တူပါသည်။ တစ်ချို့ဆို အဲဒီပုဂ္ဂိုလ်ဆီ လာလယ်တုံးသာ တွေ့ဘူးခ့ဲပုံရသည်။ မနာလို အားကျမိသော်လည်း အထင်မကြီးမိ။

နောက်ပြသနာမှာ ခင်၀မ်းဖန်တီးသွားသော ပြဿနာ။ ပူးတွဲပါပန်းချီကို အင်းလျှားဟု အမည်ပေးသွားသည်။ တကယ်ကတော့ ကန်တော်ကြီး ဆိုတာ သေချာပါသည်။ အဲဒီ အုတ်ခုံလေးမှာထိုင်၍ ငါးမျှားဘူးသော အကြိမ်မရေတွက်နိုင်ပါ။ ရခ့ဲသော ငါးဘဲဖြူနှင့် ငါးဇင်စပ်များကို အတူမျှားသူများကို ပေးခ့ဲတာများသည်။ သေချာတာကတော့ ပုံထဲကလူ ငါမဖြစ်နိုင် ပါဘဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်က အုတ်ခုံပေါ်က ထိိုင်မျှားလေ့ရှိသောကြောင့်ပါ။

ပန်းချီနောက်ခံက အဆောက်အဦမှာလဲ နတ်မောက်စက်မှုကျောင်းဖြစ်နေတော့ အင်းလျှားမဟုတ်တာ သေချာနေပြီ။ ခင်၀မ်းလဲ မရှိတော့ ပန်းချီကားအမည် ပြင်ဖို့ရာလဲ မဖြစ်နိုင်တော့။ လုပ်နိုင်တာ တစ်ခုဘဲ ရှိတော့သည်။ သမတကြီးကို အကူအညီတောင်းယုံဘဲရှိသည်။ မရီကြပါနှင့်။ တကယ်ပါ။

" သမတကြီးခင်ဗျား၊ဒီလို ဒီပုံကတော့ မှားသွားပါပြီ။ ဒီအတွက်ကြောင့် ဥပဒေက့ဲကို့ အာဏာတည်သောအမိန့်တစ်ခု ထုတ်၍ အင်းလျှား နဲ့ ကန်တော်ကြီး နာမည်ပြောင်းပေးပါခင်ဗျား "

ကဲ၊ လုပ်ချင်ယင် နည်းရှိပါတယ။် ကြီးကြီးကျယ်ကျယ် အင်္ဂလိပ်လိုဆို " There is the will, there is the way " ပေါ့ဗျာ။ ။

P.S. မူယင်းပန်းချီကို ဖြစ်သလို ဓါတ်ပုံရိုက်တာမဟုတ်ပါ။ မကျွမ်းကျင်မှုသာ ဖြစ်ပါသည်။


16 March 2013

လက်ပန်းတောင်းတောင် ဖီလင်


(Unicode version) 

တစ်နေ့က ေ၇ဒီယိုတွင်သတင်းကြေငြာသံကြားလိုက််ပါသည်။ လက်ပန်းတောင်းတောင် ကိစ္စအစီရင်ခံစာ မနက်ဖန်ထုတ် သတင်းစာများတွင် ပါမည်ဟု။နောက်နေ့တွင် သတင်းစာ လိုက်၀ယ်သော်လည်း မရပါ။ လစဉ်မှာထားသူများသာ ရပါသည်။ ဂျာနယ်များလို အလွယ်တကူ မရသည်ကို တွေ့ရပါသည်။ အ့ံသြစရာပါ။

နောက်နေ့တွင် မှာထားသဖြင့်ရပါသည်။ အစီရင်ခံစာမှာ ရှည်လွန်းသဖြင့် နှစ်ရက်ဖတ်ရပါသည်။ ပထမနေ့ဖတ်အပြီးတွင် FaceBook စာမျက်နှာများတွင် အစီရင်ခံစာကို လက်မခံသည့် သတင်းများ တက်လာနေပါပြီ။ထိုအချိန်ထိ ဖတ်ရသမျှတွင် သပိတ်မှောက်ရမည့်သူများမှာ ၀မ်ပေါင်Co.နှင့် ဦးပိုင်ဖြစ်မည်ဟု ထင်ထားသမျှတက်တက်စဉ်လွဲခ့ဲပါသည်။ လက်ပန်းတောင်တောင်သူများက လက်မခံဟု ကြားသောအခါ တော်တော်အ့ံသြမိပါသည်။ သေချာပါသည်။ အစီရင်ခံစာကို မဖတ်ဟု ထင်ပါသည်။

နောက်နေ့များတွင် ထိုဒေသရှိလူများက ဒေါ်အောင်ဆန်းစုကြည်အလိုမရှိဟုကြွေးကြော်သည်ဟု ကြားရပါသည်။ တော်တော်ကို စိတ်ညစ်စရာပင် ဖြစ်ပါသည်။ တကယ်တော့ ယနေ့ နိုင်ငံတွင် နိုင်ငံရေးနှင့်ပါတ်သက်၍ ယခုလောက် လှုပ်ရှားခွင့်ရနေသည်မှာ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးထဲကြောင့်ဆိုတာ သေချာပါသည်။ ၈၈ကျောင်းသားများကို ဒေါ်စုပြီးလျှင် အယုံကြည်ရဆုံးဖြစ်သော်လည်း ဒေါ်စုမရှိလျှင် သူတို့လဲ အရိုးဆွေးနေလောက်ပါပြီ။ နိုင်ငံတကာတွင် မြန်မာဆိုတာထက် ဒေါ်အောင်ဆန်းစုကြည်ဆိုတာ လူအများပိုသိကြောင်း နိုင်ငံအပြင် ထွက်ဖူးသူများ သိပါသည်။

အစီရင်ခံစာအကြောင်း ပြန်ကောက်ရလျှင် ဤအရာသည် အစီရင်ခံစာသာဖြစ်ပါသည်။ဤအစီရင်ခံစာ အပေါ်မူတည်၍ ဆက်လုပ်ရမည့် အဖွဲ့ကို ဖွဲ့ခ့ဲပါသည်။ ဤနေရာတွင်လဲ ဒေသခံများမပါ၍ဆိုကာ ကန့်ကွက်သူများ ပေါ်လာပါသည်။ ဤအဖွဲ့တွင် လုပ်ပိုင်ခွင့်ရှိသောသူများသာ ပါမှာ အသေအချာပါ။ ဒေသခံတောင်သူများမှာ ဤအဖွဲ့၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်သည့် အဖွဲ့များ ဖွဲ့သည်အခါတွင်သာ ပါရန်ကြိုးစါးရမှာပါ။

မြန်မာနိုင်ငံတွင် နှစ်ငါးဆယ်အတွင်း ဘာလူ့အခွင့်အရေးမှ ပြောခွင့်မရခ့ဲပါ။ ဖယ်ဆိုလျှင် ကိုယ့် အထုပ်ကိုယ်ထမ်း၍ ဒိုးပေတော့။ယခုအစီရင်ခံစာအရ သြစတြေးလျှအဆင့် မိုင်းမြို့လုပ်ပေးရမည့်သဘော ပါပါသည်။ အမေရိကန်နှင့် သြစတြေးလျှအဆင့်ချင်း အတူတူလောက်ရှိပါသည်။ တကယ်ဆိုလျှင် တရုပ် Co.များ အာဖရိကတွင် လုပ်ပေးသလောက်ဆိုလျှင်ပင် မြန်မာပြည်အတွက် တော်တော်မြင့်နေပါပြီ။အမှန်လုပ်ပေးရဲ့လားဆိုတာသာ ဒေါ်စုစောင့်ကြည့်ပေးမည်ဆိုလျှင် ထိုင်၍ပင် ကန်တော့လောက်နေပါပြီ။

ခုတော့ မြန်မာပီပီကဲနေလေပြီ။ လျှော့ပေးသည်နှင့် တိုးတောင်းတော့သည်မှာလူကြီးလူကောင်းမဆန် လိုက်တာ။ အယင်ကဆိုလျှင် ကိုယ့်ကို ဟောက်မည့်သူများဆိုလျှင် လက်အုပ်လေးတွေတောင်ချီနေသူများက မိမိကို တန်းတူဆက်ဆံသူကြမှ အထွန့်တက်ရဲတော့သည်။ သြော် မြန်မာ့ စိတ်ဓါတ်များလား။ လွှတ်တော်တွင် အမတ်ငကြောင်တစ်ဦးပြောလို ပြောဖို့သာ သာရှိတော့သည်။ ရွှေထက်နဲ့ခေါ်တုံးလာပါ၊ ကျည်ဆန်နဲ့ခေါ်မှ မလာချင်ပါနဲ့ဟုသာ။ ။

XxXxXx

(Zawgyi version )

တစ္ေန႔က ေ၇ဒီယိုတြင္သတင္းေၾကျငာသံၾကားလိုက္္ပါသည္။ လက္ပန္းေတာင္းေတာင္ ကိစၥအစီရင္ခံစာ မနက္ဖန္ထုတ္ သတင္းစာမ်ားတြင္ ပါမည္ဟု။ေနာက္ေန႔တြင္ သတင္းစာ လိုက္၀ယ္ေသာ္လည္း မရပါ။ လစဥ္မွာထားသူမ်ားသာ ရပါသည္။ ဂ်ာနယ္မ်ားလို အလြယ္တကူ မရသည္ကို ေတြ႕ရပါသည္။ အ့ံၾသစရာပါ။
ေနာက္ေန႔တြင္ မွာထားသျဖင့္ရပါသည္။ အစီရင္ခံစာမွာ ႐ွည္လြန္းသျဖင့္ ႏွစ္ရက္ဖတ္ရပါသည္။ ပထမေန႔ဖတ္အၿပီးတြင္ FaceBook စာမ်က္ႏွာမ်ားတြင္ အစီရင္ခံစာကို လက္မခံသည့္ သတင္းမ်ား တက္လာေနပါၿပီ။ထိုအခ်ိန္ထိ ဖတ္ရသမွ်တြင္ သပိတ္ေမွာက္ရမည့္သူမ်ားမွာ ၀မ္ေပါင္Co.ႏွင့္ ဦးပိုင္ျဖစ္မည္ဟု ထင္ထားသမွ်တက္တက္စဥ္လြဲခ့ဲပါသည္။ လက္ပန္းေတာင္ေတာင္သူမ်ားက လက္မခံဟု ၾကားေသာအခါ ေတာ္ေတာ္အ့ံၾသမိပါသည္။  ေသခ်ာပါသည္။ အစီရင္ခံစာကို မဖတ္ဟု ထင္ပါသည္။
ေနာက္ေန႔မ်ားတြင္ ထိုေဒသ႐ွိလူမ်ားက ေဒၚေအာင္ဆန္းစုၾကည္အလိုမ႐ွိဟုေႁကြးေႀကာ္သည္ဟု ၾကားရပါသည္။ ေတာ္ေတာ္ကို စိတ္ညစ္စရာပင္ ျဖစ္ပါသည္။ တကယ္ေတာ့ ယေန႔ ႏိုင္ငံတြင္ ႏိုင္ငံေရးႏွင့္ပါတ္သက္၍ ယခုေလာက္ လႈပ္႐ွားခြင့္ရေနသည္မွာ ေဒၚေအာင္ဆန္းစုၾကည္ တစ္ဦးထဲေၾကာင့္ဆိုတာ  ေသခ်ာပါသည္။ ၈၈ေက်ာင္းသားမ်ားကို ေဒၚစုၿပီးလွ်င္ အယံုၾကည္ရဆံုးျဖစ္ေသာ္လည္း ေဒၚစုမ႐ွိလွ်င္  သူတို႔လဲ အ႐ိုးေဆြးေနေလာက္ပါၿပီ။ ႏိုင္ငံတကာတြင္ ျမန္မာဆိုတာထက္ ေဒၚေအာင္ဆန္းစုၾကည္ဆိုတာ လူအမ်ားပိုသိေၾကာင္း ႏိုင္ငံအျပင္ ထြက္ဖူးသူမ်ား သိပါသည္။
အစီရင္ခံစာအေၾကာင္း ျပန္ေကာက္ရလွ်င္ ဤအရာသည္ အစီရင္ခံစာသာျဖစ္ပါသည္။ဤအစီရင္ခံစာ အေပၚမူတည္၍ ဆက္လုပ္ရမည့္ အဖြဲ႕ကို ဖြဲ႕ခ့ဲပါသည္။ ဤေနရာတြင္လဲ ေဒသခံမ်ားမပါ၍ဆိုကာ ကန္႔ကြက္သူမ်ား ေပၚလာပါသည္။ ဤအဖြဲ႕တြင္ လုပ္ပိုင္ခြင့္႐ွိေသာသူမ်ားသာ ပါမွာ အေသအခ်ာပါ။ ေဒသခံေတာင္သူမ်ားမွာ ဤအဖြဲ႔၏ လုပ္ေဆာင္ခ်က္မ်ားကို ေစာင့္ၾကည့္သည့္ အဖြဲ႔မ်ား ဖြဲ႔သည္အခါတြင္သာ ပါရန္ႀကိဳးစါးရမွာပါ။
ျမန္မာႏိုင္ငံတြင္ ႏွစ္ငါးဆယ္အတြင္း ဘာလူ႕အခြင့္အေရးမွ ေျပာခြင့္မရခ့ဲပါ။ ဖယ္ဆိုလွ်င္ ကိုယ့္ အထုပ္ကိုယ္ထမ္း၍ ဒိုးေပေတာ့။ယခုအစီရင္ခံစာအရ ၾသစေၾတးလွ်အဆင့္ မိုင္းၿမိဳ႕လုပ္ေပးရမည့္သေဘာ ပါပါသည္။ အေမရိကန္ႏွင့္ ၾသစေၾတးလွ်အဆင့္ခ်င္း အတူတူေလာက္႐ွိပါသည္။ တကယ္ဆိုလွ်င္ တ႐ုပ္ Co.မ်ား အာဖရိကတြင္ လုပ္ေပးသေလာက္ဆိုလွ်င္ပင္ ျမန္မာျပည္အတြက္ ေတာ္ေတာ္ျမင့္ေနပါၿပီ။အမွန္လုပ္ေပးရဲ့လားဆိုတာသာ ေဒၚစုေစာင့္ၾကည့္ေပးမည္ဆိုလွ်င္ ထိုင္၍ပင္ ကန္ေတာ့ေလာက္ေနပါၿပီ။
ခုေတာ့ ျမန္မာပီပီကဲေနေလၿပီ။ ေလွ်ာ့ေပးသည္ႏွင့္ တိုးေတာင္းေတာ့သည္မွာလူႀကီးလူေကာင္းမဆန္ လိုက္တာ။ အယင္ကဆိုလွ်င္ ကိုယ့္ကို ေဟာက္မည့္သူမ်ားဆိုလွ်င္ လက္အုပ္ေလးေတြေတာင္ခ်ီေနသူမ်ားက မိမိကို တန္းတူဆက္ဆံသူၾကမွ အထြန္႔တက္ရဲေတာ့သည္။ ေၾသာ္ ျမန္မာ့ စိတ္ဓါတ္မ်ားလား။ လႊတ္ေတာ္တြင္ အမတ္ငေၾကာင္တစ္ဦးေျပာလို ေျပာဖို႔သာ သာ႐ွိေတာ့သည္။ ေ႐ႊထက္နဲ႔ေခၚတံုးလာပါ၊ က်ည္ဆန္နဲ႔ေခၚမွ မလာခ်င္ပါနဲ႔ဟုသာ။    

15 March 2013

လက်ပန်းတောင်းတောင်

(Unicode version)



 တစ်နေ့ကစပြီး လက်ပန်းတောင်းတောင်အကြောင်းတွေဖတ်ရပြီး ရေးချင်တာတွေများနေပါသည်။

Face Book ပေါ်တွင်ရေးမိသမျှသာ တင်ထားပါသည်။

မြန်မာအများစုသည် ဒေါ်စုနှင့်အတူရှိမည်ထင်ပါသည်။

မတူသူရှိလဲ ကျွန်တော်ကတော့ ဂရုမစိုက်ပါ။

သူ့ဓါတ်ပုံကိုတွဲတင်ချင်သော်လည်း ကြည့်ယင်းပင် စိတ်ဆင်းရဲသဖြင့် မတင်ဖြစ်တော့ပါ။

Comment များနှင့် အဖြစ်အပျက်များကို တွဲမြင်ကြလိမ့်မည်ဟု ထင်ပါသည်။





ကျွန်တော်လဲ လက်ပန်းတောင်သူ/သားများ အလိုမရှိ အော်ကြည့်ချင်တယ်။


ငယ်ငယ်ကသင်ခ့ဲဘူးတ့ဲ စောလူးမင်းနဲ့ ငရမန်ကန်း ပုံပြင်လေး သတိမရကြဘူးလားဗျို့။


ကြံဖွတ်သူ/သားများနေထိုင်သော ကြံဖွတ်တောင်ဒေသတ၀ိုက်အား

ဗိုလ်ချုပ်သန်းရွှေ၏ အထူးအုပ်ချုပ်ခွင့်ရဒေသကြီးအဖြစ် သတ်မှတ်ပေးပါ၇န်

လွှတ်တော်သို့ တင်သင့်သည် ထင်ပါကြောင်း။


ကြိုက်တယ်။ တစ်ခုတော့ရှိတယ်။ ဒေါ်စုနဲ့တော့ ဘယ်သူ့က်ုမှ မနှိုင်းစေချင်ပါ။

ဒီနိုင်ငံအတွက်ဆို ဒေါ်စုကို ကိုယ့် ကို ကိုယ်ထက်တောင် ယုံသင့်တယ်။



မြန်မာပြည်အပါအ၀င် အရှေ့တိုင်းသားတွေဟာ Good Dictatorship နဲ့ဘဲတန်ပါတယ်။

ပုံမှန်ဆိုယင် တော်သောအာဏာရှင်ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်

အာဏာရှင်နိုင်ငံတိုင်း ပျက်စီးကျဆုံးခ့ဲကြတာပါ။

ခုဒီခေတ်မြန်မာပြည်အတွက်တော့ ဖြစ်နိုင်နေပါပြီ။ ဒေါ်စုကို

တပ်ချုပ်ခန့်ပြီး ၁၀နှစ်လောက် အုပ်ချုပ်ခိုင်းရယင် ကောင်းမယ်ထင်တယ်ဗျာ။



ဒီနေ့ FB ကြည့်ရတာ စိတ်တစ်ခြမ်းငြစ်ပါသည်။

Typical မြန်မာတွေ တွေ့နေရလို့ပါ။

XxXxXx

(Zawgyi version )

 တစ္ေန႔ကစၿပီး လက္ပန္းေတာင္းေတာင္အေၾကာင္းေတြဖတ္ရၿပီး ေရးခ်င္တာေတြမ်ားေနပါသည္။
Face Book ေပၚတြင္ေရးမိသမွ်သာ တင္ထားပါသည္။
ျမန္မာအမ်ားစုသည္ ေဒၚစုႏွင့္အတူ႐ွိမည္ထင္ပါသည္။
မတူသူ႐ွိလဲ ကၽြန္ေတာ္ကေတာ့ ဂ႐ုမစိုက္ပါ။
သူ႕ဓါတ္ပံုကိုတြဲတင္ခ်င္ေသာ္လည္း ၾကည့္ယင္းပင္ စိတ္ဆင္းရဲသျဖင့္ မတင္ျဖစ္ေတာ့ပါ။
Comment မ်ားႏွင့္ အျဖစ္အပ်က္မ်ားကို တြဲျမင္ၾကလိမ့္မည္ဟု ထင္ပါသည္။


ကၽြန္ေတာ္လဲ လက္ပန္းေတာင္သူ/သားမ်ား အလိုမ႐ွိ ေအာ္ၾကည့္ခ်င္တယ္။

ငယ္ငယ္ကသင္ခ့ဲဘူးတ့ဲ ေစာလူးမင္းနဲ႔ ငရမန္ကန္း ပံုျပင္ေလး သတိမရၾကဘူးလားဗ်ိဳ႕။

ႀကံဖြတ္သူ/သားမ်ားေနထိုင္ေသာ ႀကံဖြတ္ေတာင္ေဒသတ၀ိုက္အား
ဗိုလ္ခ်ဳပ္သန္းေ႐ႊ၏ အထူးအုပ္ခ်ဳပ္ခြင့္ရေဒသႀကီးအျဖစ္ သတ္မွတ္ေပးပါ၇န္
လႊတ္ေတာ္သို႔ တင္သင့္သည္ ထင္ပါေၾကာင္း။

ႀကိဳက္တယ္။ တစ္ခုေတာ့႐ွိတယ္။ ေဒၚစုနဲ႔ေတာ့ ဘယ္သူ႕က္ုမွ မႏႈိင္းေစခ်င္ပါ။
ဒီႏိုင္ငံအတြက္ဆို ေဒၚစုကို ကိုယ့္ ကို ကိုယ္ထက္ေတာင္ ယံုသင့္တယ္။


ျမန္မာျပည္အပါအ၀င္ အေ႐ွ႔တိုင္းသားေတြဟာ Good Dictatorship နဲ႔ဘဲတန္ပါတယ္။
ပံုမွန္ဆိုယင္ ေတာ္ေသာအာဏာ႐ွင္ရဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ ဒါေၾကာင့္
အာဏာ႐ွင္ႏိုင္ငံတိုင္း ပ်က္စီးက်ဆံုးခ့ဲၾကတာပါ။
ခုဒီေခတ္ျမန္မာျပည္အတြက္ေတာ့ ျဖစ္ႏိုင္ေနပါၿပီ။ ေဒၚစုကို
တပ္ခ်ဳပ္ခန္႔ၿပီး ၁၀ႏွစ္ေလာက္ အုပ္ခ်ဳပ္ခိုင္းရယင္ ေကာင္းမယ္ထင္တယ္ဗ်ာ။


ဒီေန႔ FB ၾကည့္ရတာ စိတ္တစ္ျခမ္းျငစ္ပါသည္။
Typical ျမန္မာေတြ ေတြ႕ေနရလို႔ပါ။

10 March 2013

ပညာခေတ်

(Unicode version)

ဒီနေ့ဒီအချိန်ဟာပညာခေတ်ဖြစ်တာသေချာပါတယ်။

ရန်ကုန်ကဆိုင်းဘုတ်တွေ ကြည့်လိုက်ယင် ကျူရှင်ကြော်ငြာ သင်တန်းကြော်ငြာတွေ ကြီးဘဲ။

ဒါကို ပညာခေတ်လို့ မခေါ်ယင် ဘယ်ဟာကို ခေါ်ကြမှာပါလိမ့်။

XxXxXx

(Zawgyi version )

ဒီေန႔ဒီအခ်ိန္ဟာပညာေခတ္ျဖစ္တာေသခ်ာပါတယ္။
ရန္ကုန္ကဆိုင္းဘုတ္ေတြ ၾကည့္လိုက္ယင္ က်ဴ႐ွင္ေၾကာ္ျငာ သင္တန္းေၾကာ္ျငာေတြ ႀကီးဘဲ။
ဒါကို ပညာေခတ္လို႔ မေခၚယင္ ဘယ္ဟာကို ေခၚၾကမွာပါလိမ့္။

04 March 2013

နေဆီသို့


(Unicode version) 

ဖေဖေါ်ဝါရီလထဲက နေ့တစ်နေ့မှာပါ။ နေ၀င်ချိန် ကားမောင်းယင်းတွေ့ခ့ဲတာပါ။ မီးပွိုင့်မှာစီနေတ့ဲကားတွေကို ကြည့်လိုက်တော့ အားလုံးနေဆီကို မောင်းနေသလိုမြင်ရပါတယ်။  



XxXxXx 

(Zawgyi version) 

ေဖေဖၚ၀ါရီလထဲက ေန႔တစ္ေန႔မွာပါ။ ေန၀င္ခ်ိန္ ကားေမာင္းယင္းေတြ႕ခ့ဲတာပါ။ မီးပိြဳင့္မွာစီေနတ့ဲကားေတြကို ၾကည့္လိုက္ေတာ့ အားလံုးေနဆီကို ေမာင္းေနသလိုျမင္ရပါတယ္။