22 February 2013
ခင်၀မ်း ၁၉၄၇ - ၂၀၀၀
ခင်၀မ်း ၁၉၄၇-၂၀၀၀ ဆိုတ့ဲစာအုပ်ထွက်လာပါပြီ။ တစ်အုပ်လုံး ခင်၀မ်းနဲ့ပါတ်သက်တာတွေ ဆိုတော့ ခင်၀မ်းCrazy တွေ အမှတ်တရသိမ်းထားစရာပါ။ ကျွန်တော်လည်း ၀ယ်လိုက်တော့တာပေါ့။
Cover က ပုံမှာမြင်တ့ဲ အတိုင်းပါ။ ခင်၀မ်းရဲ့လက်ရာနဲ့ပါ။ ခင်၀မ်းကွယ်လွန်ခြင်း ၁၃နှစ်မြောက်ဆိုတော့ အနက်ရောင်အဖုံးနဲ့ပေါ့။ ၉၇ ခုနှစ်က ဆွဲထားတ့ဲ Self Portrait ကတော့ မတူပါ။
ပထမဆုံး စာမျက်နှာမှာတော့ " ဖူးပွင့်လာမ့ဲ မိုးသောက်ပန်းအတွက် ဆိုက်ရောက်လာတော့မယ့် ရောင်နီအတွက် အဆင်သင့်ပြင်ထား စောင့်ကြိုစမ်းကွယ် ယုံကြည်ခြင်းဟာ ပျော်ရွှင်ခြင်းဘဲ ချစ်ခြင်းမေတ္တာ အောင်မြင်ရမြဲ " ဆိုတ့ဲ စာသားနဲ့ပါ။
ဒီစာအုပ်ထဲမှာခင်၀မ်းတွေ စုံပါတယ်။ ခင်၀မ်းအတၳုပတ္တိ၊ ခင်၀မ်းဓါတ်ပုံတချို့၊ ခင်၀မ်းကိုရည်စူး ပြီးရေးတ့ဲ ကဗျာတွေနဲ့ ဆောင်းပါးတွေပါပါတယ်။ အများစုကတော့ ထုံးစံအတိုင်း ခင်၀မ်းရဲ့ ပန်းချီတွေ အကြောင်းပေါ့။ ခင်၀မ်းဆွဲခ့ဲတ့ဲ ပန်းချီကားတွေ၊ မဂ္ဂဇင်းသရုပ်ဖေါ်ပုံတွေ၊ ခင်၀မ်းကိုယ်တိုင်ရေးခ့ဲ၊ ဘာသာပြန်ခ့ဲတ့ဲ စာပေလက်ရာတွေလဲ စုစည်းပေးထားပါတယ်။ ခင်၀မ်းချစ်သူတွေအတွက် တပျော်ကြီးပေါ့။
ကျွန်တော့အတွက်ကတော့ ခင်၀မ်း သီချင်းတွေ ပါဘဲ။ စီးရီး ၁၁ ခုစလုံးရဲ့ Cover တွေပါတ့ဲ အတွက် ကျွန်တော့် Blog အတွက် မရှိသေးတ့ဲ "ည" စီးရီး Cover ရပါပြီ။ Edit လုပ်ပြီးယင် တင်ပေးပါမယ်။ ပိုကောင်းတာက သူကိုယ်တိုင် ရေး/ဆိုခ့ဲတ့ဲ ( မိုးမိုးနဲ့တွဲဆိုသော နှစ်ပုဒ် အပါအ၀င် ) သီချင်း ၉၁ ပုဒ်ရဲ့ စာသားတွေ၊ တချို့ဆို ဂစ်တာ Chord တွေပါထည့်ပေးထားတာပါ။ နောက်ပိုင်းတဖြေးဖြေး Scan ဖတ်ပြီး တင်ဖို့ ကြိုးစားပါဦးမယ်။ ခင်၀မ်းသီဆိုပြီး ကိုနေ၀င်း၊ ကိုမောင်မောင်၊ ကိုရဲလွင် နဲ့ ကိုသစ်မင်းတို့ရေးတ့ဲ သီချင်းတွေတော့ ဖေါ်ပြထားခြင်းမရှိပါ။
စာအုပ်ကို အားလုံး မဖတ်ရသေးပါဘူး။ ဖတ်ရသလောက် ခင်၀မ်းအမှတ်တရတွေ ဆိုတော့ အရသာရှိပါတယ်။ သီချင်းအကြောင်းရေးသူ နဲပါတယ်။ ပန်းချီဆရာတွေ သတိရတာက ပိုများနေတယ်။ ကျွန်တော်ဖတ်ဘူးတ့ဲ "အကောင်းဆိုတာ လူတိုင်းနဲ့ မတန်ဘူး " ဆိုပြီး ခင်၀မ်းအခွေတွေ အခွေငှားဆိုင်ကနေ ၀ယ်သိမ်းတတ်တ့ဲသူအကြောင်း မတွေ့မိဘူး။ ခင်၀မ်း သီချင်းကြိုက်သူတွေကတော့ ခင်၀မ်းသီချင်းတွေ ညီးနေရယင် ကြေနပ်နေမှာပါ။
ခုတောင် ခင်၀မ်းရဲ့ အသံဝါကြီးနဲ့ ဆိုထားတ့ဲ " အဝါရောင်ပန်းများပွင့်လို့လာ ရိမ်းနွဲ့ကာရယ် သာယာတ့ဲသီချင်းလေး ကြားမိသယောင် တွေးမိပြန်တယ်။" ဆိုတ့ဲ သီချင်းကို ညီးနေမိပြီလေ။      
17 February 2013
ကျွန်းနက်သား
(Unicode version)
ကျွန်းနက်သားလို့ဆိုပါတယ်။ ရေမှာမြုတ်ပါတယ်။ မီးရှို့လိုက်ပြီး ကျန်တ့ဲပြာကို သံလိုက်နဲ့တို့ယင် ကပ်ပါတယ်။WiKi မှာတော့ Black Wood ဆိုပြီး အာဖရိကမှာ ရှိတယ်လို့ ရေးထားပါတယ်။
ကြည့်ရတာ သစ်ကြောထဲကို သံဓါတ်၀င်နေပုံရပါတယ်။ သိတ်သည်းဆ တက်လာပြီး ရေမှာမြုတ်သွားတာပါ။ မီးလောင်လိုက်ယင်တော့ သံပါတ့ဲကွန်ပေါင်းဓါတ် ပြိုကွဲသွားပြီး သံဖြစ်လာဟန်တူပါတယ်။ သံလိုက်နဲ့ကပ်တော့တာပေါ့။ ထူးဆန်းတ့ဲ သစ်လို့တော့ ပြောနိုင်ပါတယ်။ သဘာ၀လွန်တော့ မဟုတ်လောက်ပါဘူး။ ။
XxXxXx
(Zawgyi version)
12 February 2013
13 - 13 - 13
The world is lucky because there is no calender for 13-13-13.
11 February 2013
အာပလာတွေ
အားလုံး အာပလာကြီးတွေပါဘဲလား။
စိတ်ကုန်တယ်။
စိတ်ကုန်တယ်။
09 February 2013
ယိမ်း
ဘာမှတော့ မဆိုင်ပါဘူး။ ကားတွယ်စီးသူတွေ မီးပွိုင့်မှာ မီးနီနေတုံး ခဏနားနေကြတာ။
နောက်ကနေလိုက်ကြည့်တော့ ခင်၀မ်းရဲ့ ယိမ်း ကိုသတိရမိလို့ပါ။
ကားကတော့ အရမ်းမောင်းပါတယ်။
ဲပြုတ်မကျကြပါစေနဲ့။ ဆက် ယိမ်း နိုင်ကြပါစေလေ။
06 February 2013
လူ့ အခွင့်အရေး
(Unicode version)
လူ့အခွင့်အရေးတို့၊ ဆင်းရဲသူပပျောက်ရေးတို့၊ လူကုန်ကူးမှုပပျောက်ရေးတို့ အများဆုံးပြောနေတ့ဲ ရန်ကုန်မြို့ကြီးရဲ့ မီးပွိုင့်တစ်ခုက မြင်ကွင်းပါ။ မူးယစ်ဆေးပပျောက်ရေးတောင်ပါသင့်သေး။ ဘာလို့လဲဆိုတော့ ကော်ရှုဗူးလေး လက်ထဲကိုင်ပြီး တောင်းစားနေတာပါ။ ကော်ရှုတ့ဲ အကျင့်ကို စွဲအောင်လုပ်ပေးပြီးမှ တောင်းစားခိုင်းဟန်တူပါတယ်။
သနားယုံမှတပါး ကျွန်တော်လည်း ဘာမှမလုပ်တတ်။
XxXxXx
(Zawgyi version)
04 February 2013
လှည်းတန်းတံတား
တစ်ဖက် နှစ်ဂုံးကကို မတက်သေးပါ။ နှေးတယ်ထင်တယ်။