06 October 2012

တံဆိပ်ခေါင်း

(Unicode version)


အာဆီယံ ဆက်သွယ်ရေး အရာရှိများ အစည်းအေ၀း အထိမ်းအမှတ်ပါ။

ပထမ ဆုံးအကြိမ် ပုဂံဘုရားပုံပါ။

အမြဲသုံးအဖြစ်တောင် ထုတ်သင့်ပါတယ်။

Bravo.


XxXxXx

(Zawgyi version)

အာဆီယံ ဆက္သြယ္ေရး အရာ႐ွိမ်ား အစည္းအေ၀း အထိမ္းအမွတ္ပါ။
ပထမ ဆံုးအႀကိမ္ ပုဂံဘုရားပံုပါ။
အၿမဲသံုးအျဖစ္ေတာင္ ထုတ္သင့္ပါတယ္။
Bravo.

04 October 2012

သမတကြီး နဲ့ ဒေါ်စု


(Unicode version )

ဒေါ်အောင်ဆန်းစုကြည် ယနေ့ည ၁၀နာရီ ခန့်မှာ ကိုရီးယားလေကြောင်းနဲ့ အမေရိကန်နိုင်ငံကနေ မြန်မာပြည်ကို ပြန်ရောက်ပါတော့မယ်။ ညဖက်ရောက်ပေမ့ဲလို့ ကြိုဘို့ စီစဉ်နေကြ ပါတယ်။ လာမကြိုဖို့ ပြောပေမ့ဲလဲ ရမှာမဟုတ်ပါဘူး။ သူမ အရင်ပြန်လာတ့ဲ ဦးသိန်းစိန်ထက် ပို လူများအောင် လုပ်ကြရဦးမယ်လေ။ မြန်မာတွေ ကောက်ရိုးမီးတောက်နေတာ မဟုတ်ပါစေနဲ့ဗျာ။ဒေါ်စုကလဲ မကြိုဖို့ မေတ္တာရပ်တယ်လို့ ကြားပါတယ်။ ဒီတစ်ခါ စကားနားထောင်ကြပါ့မလား မသိ။ ည ဆိုတော့ လုံခြုံရေး စိုးရိမ်တယ်ဗျာ။ နောက်ကြောင်းပြန်ချင်နေတ့ဲ သူတွေ ဘယ်လောက်ရှိမှန်းလဲ မသိဘူး။

သမတကြီး ဦးသိန်းစိန် ဒီတစ်ခေါက်ပြန်လာတော့ လေဆိပ်မှာ ကြိုတ့ဲသူ ထောင်ဂဏန်းလောက် တော့ရှိလာပါတယ်။ fb ပေါ်မှာ ပုံတွေလဲ တော်တော်များများ တွေ့ရပါတယ်။ မကြာပါဘူး။ နောက်တစ်ရက်မှာ နာမည်အတိအကျ မပြောရဲဘဲ သူတို့ မကြိုချင်ဘဲကြိုရပါတယ် ဆိုတ့ဲ အသံတွေ FB ပေါ်မှာဘဲ တွေ့လာရပါတယ်။ အထူးသဖြင့် ပုံတွေထဲမှာများများတွေ့ရတ့ဲ UMFCI ကသူတွေပါ လို့ရေးထားတာတွေ့ရပါတယ်။ ဟုတ်တော့ ဟုတ်တယ်၊ သူတို့ ဥက္ကဋ္ဌကြီးကလဲ အကဲသား။

သေချာတာကတော့ အန်တီစု နဲ့ သမတကြီးတို့ကို ရန်တိုက်ပေး တာပါဘဲ။ တောင်ဘုန်းကြီး နဲ့ မြောက်ဘုန်းကြီးကို ဘုန်းကြီးကျောင်းသားတွေ မြှောက်ပေးတ့ဲ အဆင့်ပါ။ သူတို့ နှစ်ဦးအမေရိကန်မှာရှိတုံးကလဲ ဒေါ်စုက နေရာပိုရတယ်။ သမတက အိုဘားမားနဲ့တောင် တွေ့ခွင့်မရတော့ အောက်တယ်ပေါ့၊ စသဖြင့် သွေးခွဲ ပေးကြပါတယ်။ တကယ်ဆို မြန်မာနှစ်ဦး အမေရိကန်မှာ တစ်ပြိုင်နက်နေရာရတာ ပိုပြီး ၀မ်းသာသင့် ကြတာပေါ့။

ဒီနှစ်ယောက်ရဲ့ ခရီးစဉ်မှာ အန်တီစု နေရာပိုရတာ လက်ခံပါတယ်။ အရည်အချင်းချင်းက တစ်ခြားစီကိုး။ ဒါတောင် ပြောင်းလဲလာတ့ဲ ဗိုလ်ချုပ်ကြီးဟောင်း မို့လို့ပေါ့။ အရင် ဗိုလ်ချုပ်ရူးကြီးသာဆို ကြည့်ကောင်းလိုက်မ့ဲ ဖြစ်ခြင်း။ ဟင်္သာ နဲ့ လဒ လို့နှိုင်းယှဉ်ရင်တောင် လဒ နာနေဦးမယ်။  

ဒါပေမ့ဲလို့ ဒီတစ်ခေါက်မှာ ဦးသိန်စိန်က စည်းရုံးရေး ပိုရသွားပါတယ်။ ဘာလို့လဲဆိုတော့ ကုလသမဂ္ဂ စင်မြင့် လူအားလုံးရှေ့မှာ ဒေါ်စုကို ချီးကြူးလိုက်လို့ပါဘဲ။ နိုင်ငံရေးအရ လုပ်တာလား၊ စိတ်ရင်းအစစ်အမှန်ဘဲလားတော့ မသိပါ။ စိတ်ရင်းအမှန်လို့ ကျွန်တော်ကတော့ အကောင်းမြင်ပါတယ်။ ပို အမှတ်ရသွားတာက ဦးသန့်ကိုပါ ချီးကြူးသွားလို့ပါ။ ဦးသန့်ရဲ့ ပရိသာတ်ကိုလဲ ရသွားတာပေါ့။ စိတ်ရင်းအမှန်ဘဲ ဖြစ်မှာပါ။

ဒီတော့ သူတို့နှစ်ဦးရဲ့ ဒီတစ်ခေါက် အမေရိကန်ခရီးစဉ်ကို ပြန်ကြည့်ရင် ဒေါ်စုက အစပိုင်း သာသလိုရှိပေမ့ဲ ဦးသိန်းစိန် လုပ်ပုံလေးတွေ လှပတာကြောင့် ပန်း၀င်တော့ ပြိုင်တူလို့ ကျွန်တော်ထင်မိပါတယ် ခင်ဗျား။ ။


XxXxXx 

(Zawgyi version) 

ေဒၚေအာင္ဆန္းစုၾကည္ ယေန႔ည ၁၀နာရီ ခန္႔မွာ ကိုရီးယားေလေၾကာင္းနဲ႔ အေမရိကန္ႏိုင္ငံကေန ျမန္မာျပည္ကို ျပန္ေရာက္ပါေတာ့မယ္။ ညဖက္ေရာက္ေပမ့ဲလို႔ ႀကိဳဘို႔ စီစဥ္ေနၾက ပါတယ္။ လာမႀကိဳဖို႔ ေျပာေပမ့ဲလဲ ရမွာမဟုတ္ပါဘူး။ သူမ အရင္ျပန္လာတ့ဲ ဦးသိန္းစိန္ထက္ ပို လူမ်ားေအာင္ လုပ္ၾကရဦးမယ္ေလ။ ျမန္မာေတြ ေကာက္႐ိုးမီးေတာက္ေနတာ မဟုတ္ပါေစနဲ႔ဗ်ာ။ေဒၚစုကလဲ မႀကိဳဖို႔ ေမတၱာရပ္တယ္လို႔ ၾကားပါတယ္။ ဒီတစ္ခါ စကားနားေထာင္ၾကပါ့မလား မသိ။ ည ဆိုေတာ့ လံုျခံဳေရး စိုးရိမ္တယ္ဗ်ာ။ ေနာက္ေၾကာင္းျပန္ခ်င္ေနတ့ဲ သူေတြ ဘယ္ေလာက္႐ွိမွန္းလဲ မသိဘူး။
သမတႀကီး ဦးသိန္းစိန္ ဒီတစ္ေခါက္ျပန္လာေတာ့ ေလဆိပ္မွာ ႀကိဳတ့ဲသူ ေထာင္ဂဏန္းေလာက္ ေတာ့႐ွိလာပါတယ္။ fb ေပၚမွာ ပံုေတြလဲ ေတာ္ေတာ္မ်ားမ်ား ေတြ႕ရပါတယ္။ မၾကာပါဘူး။ ေနာက္တစ္ရက္မွာ နာမည္အတိအက် မေျပာရဲဘဲ သူတို႔ မႀကိဳခ်င္ဘဲႀကိဳရပါတယ္ ဆိုတ့ဲ အသံေတြ FB ေပၚမွာဘဲ ေတြ႕လာရပါတယ္။ အထူးသျဖင့္ ပံုေတြထဲမွာမ်ားမ်ားေတြ႕ရတ့ဲ UMFCI ကသူေတြပါ လို႔ေရးထားတာေတြ႕ရပါတယ္။  ဟုတ္ေတာ့ ဟုတ္တယ္၊ သူတို႔ ဥကၠ႒ႀကီးကလဲ အကဲသား။
ေသခ်ာတာကေတာ့ အန္တီစု နဲ႔ သမတႀကီးတို႔ကို ရန္တိုက္ေပး တာပါဘဲ။ ေတာင္ဘုန္းႀကီး နဲ႔ ေျမာက္ဘုန္းႀကီးကို ဘုန္းႀကီးေက်ာင္းသားေတြ ေျမွာက္ေပးတ့ဲ အဆင့္ပါ။ သူတို႔ ႏွစ္ဦးအေမရိကန္မွာ႐ွိတံုးကလဲ ေဒၚစုက ေနရာပိုရတယ္။ သမတက အိုဘားမားနဲ႔ေတာင္ ေတြ႔ခြင့္မရေတာ့ ေအာက္တယ္ေပါ့၊ စသျဖင့္ ေသြးခြဲ ေပးၾကပါတယ္။ တကယ္ဆို ျမန္မာႏွစ္ဦး အေမရိကန္မွာ တစ္ၿပိဳင္နက္ေနရာရတာ ပိုၿပီး ၀မ္းသာသင့္ ၾကတာေပါ့။
ဒီႏွစ္ေယာက္ရဲ့ ခရီးစဥ္မွာ အန္တီစု ေနရာပိုရတာ လက္ခံပါတယ္။ အရည္အခ်င္းခ်င္းက တစ္ျခားစီကိုး။ ဒါေတာင္ ေျပာင္းလဲလာတ့ဲ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း မို႔လို႕ေပါ့။ အရင္ ဗိုလ္ခ်ဳပ္႐ူးႀကီးသာဆို ၾကည့္ေကာင္းလိုက္မ့ဲ ျဖစ္ျခင္း။ ဟသၤာ နဲ႔ လဒ လို႔ႏႈိင္းယွဥ္ရင္ေတာင္ လဒ နာေနဦးမယ္။  
ဒါေပမ့ဲလို႔ ဒီတစ္ေခါက္မွာ ဦးသိန္စိန္က စည္း႐ံုးေရး ပိုရသြားပါတယ္။ ဘာလို႔လဲဆိုေတာ့ ကုလသမဂၢ စင္ျမင့္ လူအားလံုးေ႐ွ႕မွာ ေဒၚစုကို ခ်ီးၾကဴးလိုက္လို႔ပါဘဲ။ ႏိုင္ငံေရးအရ လုပ္တာလား၊ စိတ္ရင္းအစစ္အမွန္ဘဲလားေတာ့ မသိပါ။ စိတ္ရင္းအမွန္လို႔ ကၽြန္ေတာ္ကေတာ့ အေကာင္းျမင္ပါတယ္။ ပို အမွတ္ရသြားတာက ဦးသန္႔ကိုပါ ခ်ီးၾကဴးသြားလို႔ပါ။ ဦးသန္႔ရဲ့ ပရိသာတ္ကိုလဲ ရသြားတာေပါ့။ စိတ္ရင္းအမွန္ဘဲ ျဖစ္မွာပါ။
ဒီေတာ့ သူတို႔ႏွစ္ဦးရဲ့ ဒီတစ္ေခါက္ အေမရိကန္ခရီးစဥ္ကို ျပန္ၾကည့္ရင္ ေဒၚစုက အစပိုင္း သာသလို႐ွိေပမ့ဲ ဦးသိန္းစိန္ လုပ္ပံုေလးေတြ လွပတာေၾကာင့္ ပန္း၀င္ေတာ့ ၿပိဳင္တူလို႔ ကၽြန္ေတာ္ထင္မိပါတယ္ ခင္ဗ်ား။    

01 October 2012

မြန်မာ ခရိုနီ

(Unicode version)

မြန်မာအဘိဓာန်တွင် CRONY ဆိုသောအဓိပါယ်မှာ ငယ်ပေါင်းကြီးဖေါ်ဟု ပြောသော်လည်း ယခုခေတ်တွင် နားလည်ထားကြသည်မှာ အာဏာရှိသူများနှင့်ပေါင်းစားသူများ ဟုဖြစ်သည်။ ကာတွန်းတစ်ပုဒ်တွင်ဆိုလျှင် ငါးပေါင်းဟင်းစားချင်သည်ကို ငါးခရိုနီ စားချင်သည်ဟု လှောင်ပြောင်ထားပါသည်။ လက်ရှိ မြန်မာ့စီးပွားရေးလောကတွင်လည်း ခရိုနီများ လုပ်စားလာသည်မှာ နှစ်နှစ်ဆယ်ကျော်ခ့ဲပါပြီ။ နိုင်ငံရေး စံနစ်ပြောင်းသော်လည်း စီးပွားရေးတွင် ခရိုနီများ တွင်ကျယ်ဆဲပင်။

လွှတ်တော်တွင်ရေးဆွဲခ့ဲပြီး သမတထံ တင်ခ့ဲသည့် FDI နိုင်ငံခြားရင်းနှိီးမြှတ်နှံမှုဥပဒေတွင် ခရိုနီများ ဆက်လက်ကောင်းစားရေးအတွက် ထည့်သွင်းရေးဆွဲထားသည့် အချက်တစ်ချက်ကို ထင်ရှားစွာ သတိထားမိပါသည်။ ၅၀း၅၀ ဆိုသည်မှာ ဘာအတွက်နည်း။ ရုတ်တရက်ဆိုလျှင် မြန်မာနိုင်ငံသားများ ပါ၀င်နိုင်ရေးအတွက်ဟု ထင်စရာရှိသည်။ ဆိုကြပါစို့။ ဒေါ်လာသန်း ၂၀၀ တန် လုပ်ငန်းတစ်ခုလုပ်မည်ဆိုလျှင် နိူင်ငံသားတစ်ဦးဦး ဒေါ်လာသန်းတစ်ရာ ထည့်ရပေတော့မည်။ မည်သည့်နိုင်ငံသားများက သန်းတစ်ရာ တတ်နိုင်မည်နည်း။ ခရိုနီများသာ တတ်နိုင်ပါမည်.။ သန်းတစ်ထောင်တန်လောက်ဆိုလျှင်တတ်နိုင်သူတောင် ခရိုနီထဲတွင် တော်တော်ရှားပါမည်.။ ဆိုကြပါစို့။လေး ငါး ဆယ်ယောက်ထက်ပိုမည်မထင်ပါ။

သို့ဆိုလျှင် လုပ်ငန်းကြီးများ ဒီမှာ လာမလုပ်စေချင်တာလား။ အထူးစီမံကိန်းအဖြစ် ခွင့်ပြုမည်ဆိုလျှင်လည်း ဂွင်အဖြစ် ပြောင်းသွားဖို့သာများပါသည်။ ထား၀ယ်စီမံကိန်းဆိုလျှင် ဒေါ်လာသန်းရှစ်ထောင်ဟု သိရကာ မြန်မာဖက်မှ သန်းလေးထောင်ကို ခရိုနီများ မဆိုထားနှင့်၊ မြန်မာ အစိုးရပင်လျှင် မတတ်နိုင်၍ ချေးငှားနေရမှာ အသေအချာပင်။

ဒီခေတ်တွင် လာရောက်ရင်းနှီးမြှတ်နှံရန် အပြိုင်ခေါ်နေရသည့် ခေတ်ဖြစ်နေပြီ။ လာကြပါ။ ကျွန်တော်တို့ဆီမှာ ဘာတွေရှိပါသည်။နစ်ငါးဆယ်နှစ်ခြောက်ဆယ် အခွန်မကောက်ပါ။ ရေမီးကလည်း ဈေး လျှော့ပေးပါမည် စသဖြင့် အပြိုင်ခေါ်နေရချိန်။ ဒီ ခရိုနီတစ်သိုက်ကို အကာအကွယ် ပေးနေဦးမှာလား မေးချင်သည်။ ဒီခရိုနီ တစ်သိုက်သည် စားခ့ဲတာ လွန်နေပြီ။နောက််ဆုံးဓါတ်ဆီဆိုင်တွေ ပေးတုံးကလည်း ခွဲယူကြကာ ဆီ ခိုးရောင်းနေကြသည်။ ရိုးရိုးဓါတ်ဆီကို အနီရောင်ဆိုးကာ Octane အဖြစ်ပင်ရောင်းနေသည်ဟု ကြားရသည်။ ဆက်ပြီး ဒီလူတွေကို အခွင့်အရေး ပေးနေဦးမှာလား။ဘာမှ မလုပ်တတ်လျှင်ပင် ခွင်မပျောက်ရန် အယင်အစိုးရနှင့်ပေါင်း၍ မြေများ၀ယ်ထားသည်မှာ တစ်ပြေလုံး ကုန်ပြီဆိုဧ။် ။

တကယ်က ပြည်သူပြည်သားများ အလုပ်ရရေး၊ ၀င်ငွေတိုးလာရေးသည် အဓိကဖြစ်သည်။ သူဌေး ဘယ်သူဖြစ်ဖြစ် အလုပ်သမားများကို တူတူတန်တန်ပေးလျှင် မျိုးချစ်စိတ်ဆိုထာကို လျှော့စဉ်းစား သင့်သည်ဟု ကျွန်တော်တော့ ထင်သည်။ ပြည်ပကသူ ပိုချမ်းသာမှာစိုး၊ ကိုယ့် ခရိုနီ ချမ်းသာမှုနည်းသွားမှာ စိုး၍ ရင်းနှီးမြှတ်နှံမှုတွင် ကန့်သတ်မှုတွေများနေပါက အိမ်နီးချင်းနိုင်ငံများသို့ ထိုရင်းနှီးမှုများ ထွက်သွားကြပါလိမ့်မည်။

လွှတ်တော်တွင် ခရိုနီများနှင့် ၄င်းတို့နှင့် အလွမ်းသင့်သူများသာ လွှမ်းမိုးနေရာ စိုးရိမ်စရာ ဖြစ်လာသည်။ ၄င်းတို့အတည်ပြုပေးလိုက်သော ခရိုနီအကျိုးပြု ဥပဒေကို သမတက လွှတ်တော်သိုြ့ပင်ဆင်ရန် ပြန်ပို့လိုက်ပြီဖြစ်ရာ နောက်ကျင်းပမည့် လွှတ်တော်တွင် ဘာဆက်လုပ်မည်ကို စောင့်ကြည့်ဖို့ရာသာ ရှိတော့သည်။ လွတ်တော်ဥက္ကဌ ဦးရွှေမန်းသည် နိုင်ငံရေးတွင် ပြောင်မြောက်စွာ လုပ်ဆောင်ပြနေသော်လည်း သူဧ။်သားများသည် ယခင်ခေတ်ကအတိုင်းဆိုလျှင် ခရိုနီ အဆင့်ပင် ကမည်မဟုတ်ဘဲ ခရိုနက် လောက်ဖြစ်နေ၍ ပိုစိုးရိမ်မိကြောင်းပါခင်ဗျား။ ။

XxXxXx 

(Zawgyi version )


မျန္မာအဘိဓာန္တြင္ CRONY ဆိုေသာအဓိပါယ္မွာ ငယ္ေပါင္းႀကီးေဖၚဟု ေျပာေသာ္လည္း ယခုေခတ္တြင္ နားလည္ထားၾကသည္မွာ အာဏာ႐ွိသူမ်ားႏွင့္ေပါင္းစားသူမ်ား ဟုျဖစ္သည္။ ကာတြန္းတစ္ပုဒ္တြင္ဆိုလၽွင္ ငါးေပါင္းဟင္းစားခ်င္သည္ကို ငါးခ႐ိုနီ စားခ်င္သည္ဟု ေလွာင္ေျပာင္ထားပါသည္။ လက္႐ွိ ျမန္မာ့စီးပြားေရးေလာကတြင္လည္း ခ႐ိုနီမ်ား လုပ္စားလာသည္မွာ ႏွစ္ႏွစ္ဆယ္ေက်ာ္ခ့ဲပါၿပီ။ ႏိုင္ငံေရး စံနစ္ေျပာင္းေသာ္လည္း စီးပြားေရးတြင္ ခ႐ိုနီမ်ား တြင္က်ယ္ဆဲပင္။
လႊတ္ေတာ္တြင္ေရးဆြဲခ့ဲၿပီး သမတထံ တင္ခ့ဲသည့္ FDI ႏိုင္ငံျခားရင္းႏွိီးျမွတ္ႏွံမႈဥပေဒတြင္ ခ႐ိုနီမ်ား ဆက္လက္ေကာင္းစားေရးအတြက္ ထည့္သြင္းေရးဆြဲထားသည့္ အခ်က္တစ္ခ်က္ကို ထင္႐ွားစြာ သတိထားမိပါသည္။ ၅၀း၅၀ ဆိုသည္မွာ ဘာအတြက္နည္း။ ႐ုတ္တရက္ဆိုလွ်င္ ျမန္မာႏိုင္ငံသားမ်ား ပါ၀င္ႏိုင္ေရးအတြက္ဟု ထင္စရာ႐ွိသည္။ ဆိုၾကပါစို႔။ ေဒၚလာသန္း ၂၀၀ တန္ လုပ္ငန္းတစ္ခုလုပ္မည္ဆိုလွ်င္ ႏိူင္ငံသားတစ္ဦးဦး ေဒၚလာသန္းတစ္ရာ ထည့္ရေပေတာ့မည္။ မည္သည့္ႏိုင္ငံသားမ်ားက သန္းတစ္ရာ တတ္ႏိုင္မည္နည္း။ ခ႐ိုနီမ်ားသာ တတ္ႏိုင္ပါမည္.။ သန္းတစ္ေထာင္တန္ေလာက္ဆိုလွ်င္တတ္ႏိုင္သူေတာင္ ခ႐ိုနီထဲတြင္ ေတာ္ေတာ္႐ွားပါမည္.။ ဆိုၾကပါစို႔။ေလး ငါး ဆယ္ေယာက္ထက္ပိုမည္မထင္ပါ။
သို႔ဆိုလွ်င္ လုပ္ငန္းႀကီးမ်ား ဒီမွာ လာမလုပ္ေစခ်င္တာလား။ အထူးစီမံကိန္းအျဖစ္ ခြင့္ျပဳမည္ဆိုလွ်င္လည္း ဂြင္အျဖစ္ ေျပာင္းသြားဖို႔သာမ်ားပါသည္။ ထား၀ယ္စီမံကိန္းဆိုလွ်င္ ေဒၚလာသန္း႐ွစ္ေထာင္ဟု သိရကာ ျမန္မာဖက္မွ သန္းေလးေထာင္ကို ခ႐ိုနီမ်ား မဆိုထားႏွင့္၊ ျမန္မာ အစိုးရပင္လွ်င္ မတတ္ႏိုင္၍ ေခ်းငွားေနရမွာ အေသအခ်ာပင္။
ဒီေခတ္တြင္ လာေရာက္ရင္းႏွီးျမွတ္ႏွံရန္ အၿပိဳင္ေခၚေနရသည့္ ေခတ္ျဖစ္ေနၿပီ။ လာၾကပါ။ ကၽြန္ေတာ္တို႔ဆီမွာ ဘာေတြ႐ွိပါသည္။နစ္ငါးဆယ္နွစ္ေျခာက္ဆယ္ အခြန္မေကာက္ပါ။   ေရမီးကလည္း ေစ်း ေလွ်ာ့ေပးပါမည္  စသျဖင့္ အၿပိဳင္ေခၚေနရခ်ိန္။ ဒီ ခ႐ိုနီတစ္သိုက္ကို အကာအကြယ္ ေပးေနဦးမွာလား ေမးခ်င္သည္။ ဒီခ႐ိုနီ တစ္သိုက္သည္ စားခ့ဲတာ လြန္ေနၿပီ။ေနာက္္ဆံုးဓါတ္ဆီဆိုင္ေတြ ေပးတံုးကလည္း ခြဲယူၾကကာ ဆီ ခိုးေရာင္းေနၾကသည္။ ႐ိုး႐ိုးဓါတ္ဆီကို အနီေရာင္ဆိုးကာ Octane အျဖစ္ပင္ေရာင္းေနသည္ဟု ၾကားရသည္။ ဆက္ၿပီး ဒီလူေတြကို အခြင့္အေရး ေပးေနဦးမွာလား။ဘာမွ မလုပ္တတ္လွ်င္ပင္ ခြင္မေပ်ာက္ရန္ အယင္အစိုးရႏွင့္ေပါင္း၍ ေျမမ်ား၀ယ္ထားသည္မွာ တစ္ေျပလံုး ကုန္ၿပီဆိုဧ။္ ။
တကယ္က ျပည္သူျပည္သားမ်ား အလုပ္ရေရး၊ ၀င္ေငြတိုးလာေရးသည္ အဓိကျဖစ္သည္။ သူေဌး ဘယ္သူျဖစ္ျဖစ္ အလုပ္သမားမ်ားကို တူတူတန္တန္ေပးလွ်င္ မ်ိဳးခ်စ္စိတ္ဆိုထာကို ေလွ်ာ့စဥ္းစား သင့္သည္ဟု ကၽြန္ေတာ္ေတာ့ ထင္သည္။ ျပည္ပကသူ ပိုခ်မ္းသာမွာစိုး၊ ကိုယ့္ ခ႐ိုနီ ခ်မ္းသာမႈနည္းသြားမွာ စိုး၍ ရင္းႏွီးျမွတ္ႏွံမႈတြင္ ကန္႔သတ္မႈေတြမ်ားေနပါက အိမ္နီးခ်င္းႏိုင္ငံမ်ားသို႔ ထိုရင္းႏွီးမႈမ်ား ထြက္သြားၾကပါလိမ့္မည္။
လႊတ္ေတာ္တြင္ ခ႐ိုနီမ်ားႏွင့္ ၄င္းတို႔ႏွင့္ အလြမ္းသင့္သူမ်ားသာ လႊမ္းမိုးေနရာ စိုးရိမ္စရာ ျဖစ္လာသည္။ ၄င္းတို႔အတည္ျပဳေပးလိုက္ေသာ ခ႐ိုနီအက်ိဳးျပဳ  ဥပေဒကို သမတက လႊတ္ေတာ္သိုျ႔ပင္ဆင္ရန္ ျပန္ပို႔လိုက္ၿပီျဖစ္ရာ ေနာက္က်င္းပမည့္ လႊတ္ေတာ္တြင္ ဘာဆက္လုပ္မည္ကို ေစာင့္ၾကည့္ဖို႔ရာသာ ႐ွိေတာ့သည္။ လြတ္ေတာ္ဥကၠဌ ဦးေ႐ႊမန္းသည္ ႏိုင္ငံေရးတြင္ ေျပာင္ေျမာက္စြာ လုပ္ေဆာင္ျပေနေသာ္လည္း သူဧ။္သားမ်ားသည္ ယခင္ေခတ္ကအတိုင္းဆိုလွ်င္ ခ႐ိုနီ အဆင့္ပင္ ကမည္မဟုတ္ဘဲ ခ႐ိုနက္ ေလာက္ျဖစ္ေန၍ ပိုစိုးရိမ္မိေၾကာင္းပါခင္ဗ်ား။