17 April 2009
Dagon university
16 April 2009
15 April 2009
new food to taste
(Unicode version)
အတည့်တော့ လူတိုင်း လုပ်တတ်တာပေါ့ဗျာ။
hot dot စားမလား၊ sundwich စားမလား။
hot dog တို့ sandwich တို့ထက်ပိုကောင်းဟန်တူတယ်။
ရန်ကုန်က သပြေရိပ် လဘက်ရည်ဆိုင်မှာ ရနိုင်ပါတယ်။
XxXxXx
(Zawgyi version)
14 April 2009
pre thingyan
(Unicode version)သင်္ကြန်အကြိုနေ့က ရန်ကုန်မှာ မိုးရွာတယ်ပြောပါတယ်။ အပူရော့သွားမယ်ထင်ပါတယ်။တချို့နေရာတွေမှာ ေ၇လျှံတယ်ပြောပါတယ်။ ပျော်စရာကြီးနော်။ ဆယ်ရက် တောင် ရုံးတွေ ပိတ်တယ်တ့ဲ။
XxXxXx
(Zawgyi version)
13 April 2009
Internet
တော်တော်ဆိုးတဲ့ အင်တာနက်ပါ။
ခုရက်ပိုင်းအတွင်း ဒီပုံကိုသာ မြင်နေကြမှာပါ။ ပထမတော့ ဟိုနေ့ပြီးမယ်၊ ဒီနေ့ပြီးမယ်နဲ့ နောက်ဆုံးတော့ တာဝန်မဲ့ ဘယ်နေ့ပြီးမလဲ မသိတော့ပါ ။ လပေးသုံးသူတွေတော့ မတန်တော့ပါဘူး။ ခုသင်္ကြန်နီးလာတော့ connection ပြန်ရလာပါပြီ။ သင်္ကြန်ပြီးရင်တော့ ပုံမှန်ဖြစ်ကောင်းပါရဲ့။
ဒါပေမဲ့ Blog ရေးရမှာပျင်းနေတာနဲ့တော့ အတော်ပါဘဲဗျာ။
ခုရက်ပိုင်းအတွင်း ဒီပုံကိုသာ မြင်နေကြမှာပါ။ ပထမတော့ ဟိုနေ့ပြီးမယ်၊ ဒီနေ့ပြီးမယ်နဲ့ နောက်ဆုံးတော့ တာဝန်မဲ့ ဘယ်နေ့ပြီးမလဲ မသိတော့ပါ ။ လပေးသုံးသူတွေတော့ မတန်တော့ပါဘူး။ ခုသင်္ကြန်နီးလာတော့ connection ပြန်ရလာပါပြီ။ သင်္ကြန်ပြီးရင်တော့ ပုံမှန်ဖြစ်ကောင်းပါရဲ့။
ဒါပေမဲ့ Blog ရေးရမှာပျင်းနေတာနဲ့တော့ အတော်ပါဘဲဗျာ။
12 April 2009
ခင်၀မ်း အကြောင်း
ကျွန်တော် ခင်၀မ်းအကြောင်းရေးချင်သော်လည်း ဘာဆက်ရေးရမှန်းမသိပါ။ ခင်၀မ်းကွယ်လွန်ခ့ဲသည်မှာ ၉ နှစ်ကျော်ခ့ဲပြီဖြစ်၍ သီချင်းအသစ်လည်း နားထောင်၍မရတော့ပါ။ အခြားသူများ ရေးသည်ကို ၀မ်းမြောက်စွာ ပြန်လည်ဖေါ်ပြချင်သော်လည်း များသောအားဖြင့် ခင်၀မ်းရဲ့ ပန်းချီအကြောင်းသာ များပါသည်။ ကျွန်တော်က ခင်၀မ်းသီချင်း ကြိုက်သူသာ ဖြစ်သည်။
သို့သော် ခင်၀မ်းကို ခုထိတိုင် စွဲလမ်းနေသူများ မိမိက့ဲသို့ ရှိနေ၍ သူ့အကြောင်း ရေးသားမှုများကို ရေးသားသူဧ။် အမည်နှင့် တွဲ၍ ဖေါ်ပြလိုက်ပါသည်။ အနည်းဆုံး ခင်၀မ်း အကြောင်း အာသာပြေရန် ဖြစ်သည်။
ဧပြီလထုတ် 7Day News ဂျာနယ်ပါ မောင်ကိုကို(အမရပူရ) ဧ။် “ရန်ကုန်မြို့ကြီး အပေါ် ကျွန်တော် မငြီးငွေ့နိုင်ခြင်း “ ဆောင်းပါးမှ ခင်၀မ်းနှင့်ပါတ်သက်သည်ကို ကောက်နှုတ် ဖေါ်ပြ ချင်ပါသည်။
“ ကုန်သည်လမ်းရှိ ခြောက်ထပ်ရုံးရှေ့မှာ ကဗျာဆရာ ကိုသခွပ်နီ စာအုပ်ရောင်းနေသည်။ ထိုခြောက်ထပ်ရုံးရှေ့ရှိ စာအုပ်အဟောင်းတန်းမှ ပီကာဆိုအကြောင်းစာအုပ်ကို အင်္ဂလိပ်လိုရဖူးသည်။ ပန်းချီကားတွေလည်း အများကြီးဘဲ။ စာအုပ်အဖုံးကို လှန်လိုက်တော့ ‘ခင်၀မ်း’ ဟု လက်မှတ်ရေးထိုးထားသည်။
“ခင်၀မ်းက နိုင်ငံရပ်ခြားပန်းချိဆရာတွေရဲ့ လွှမ်းမိုးမှုမခံရအောင် သူ့မှာရှိတ့ဲ နိုင်ငံရပ်ခြား ပန်းချီစာအုပ်တွေကို ထုတ်ရောင်းလိုက်တာဗျ။” ထိိုသို့ စာအုပ်အဟောင်းရောင်းသူက ပြောသည်။
ခင်၀မ်းလက်မှတ်ထိုးနှင့် ပီကာဆိုအကြောင်း စာအုပ်ကို ရန်ကုန်မြို့ဧ။် ကုန်သည်လမ်းနံဘေးမှာ ကျွန်တော်ရဖူးသည်။ ကဲ… ရန်ကုန်မြို့ကြီးဟာ ဘယ်လောက်ပျော်စရာ ကောင်းလိုက်ပါသလဲ။ ရန်ကုန်မြို့ကြီးဟာ ဘယ်လောက်ချစ်စရာ ကောင်းလိုက်ပါသလဲ။”
စာရေးသူသည် ရန်ကုန်မြို့ကြီးကို ရိုးရိုးသားသား ချစ်သူသာ ဖြစ်ပါလိမ့်မည်။ မြို့တော်သစ် နေပြည်တော်ကို မချစ်နိုင်သူလည်း ဖြစ်ချင်ဖြစ်မည်။ ကျွန်တော်နှင့်မဆိုင်ပါ။ ကျွန်တော်ကတော့ ကျွန်တော့်လို ခင်၀မ်း CRAZY တစ်ယောက် ခင်၀မ်းအကြောင်းရေးတာ ဖတ်ရ၍ လွန်စွာကြေနပ်မိပါသည်။
Subscribe to:
Posts (Atom)