21 December 2025
မန်းတက္ကသိုလ်ရာပြည့် တံဆိပ်ခေါင်း
မန္တလေးတက္ကသိုလ် ရာပြည့်သဘင် အထိမ်းအမှတ် တံဆိပ်ခေါင်းထွက်တယ်။ တံဆိပ်ခေါင်း 'sheet' အနေနဲ့ ထွက်တာပါ။ မန်းတက္ကသိုလ်ရာပြည့်က ပြီးခဲ့တဲ့ ဇူလိုင်လကပေမင့် အခုမှ နှစ်မကူးခင်ထုတ်လိုက်ဟန် ရှိပါတယ်။
.
တံဆိပ်ခေါင်းက ၂၀၀ ကျပ်တန်ပါ။ 'ရှိ' ထုတ်တာဆိုတော့ FDC မထုတ်ပါဘူး။ တံဆိပ်ခေါင်းဖျက်တုံး ထုပေးပါတယ်။
.
ရန်ကုန်တက္ကသိုလ် ရာပြည့်တုံးကလည်း 'ရှိ' ထုတ်ခဲ့တယ်။ အနုပညာရှင်ပိုထွက်တဲ့ မန္တလေးအတွက်ထုတ်မှဘဲ တံဆိပ်ခေါင်း'ရှိ'ကြည့်ရတာ 'ရှိ'ကသပ်သပ်၊ တံဆိပ်ခေါင်းကသပ်သပ် ဖြစ်နေသလိုဘဲ။ အမှတ်တမယ့်ကြည့်ရင် မန္တလေးတက္ကသိုလ်ပုံ ပို့စကဒ်ပေါ် တံဆိပ်ခေါင်း လာတင်ထားသလိုမြင်တယ်။ အဲ့လိုရည်ရွယ်ယင်တော့ မပြောတတ်။
.
တံဆိပ်ခေါင်းဒီဇိုင်းက အင်ဂျင်နီယာကျောင်း ရာပြည့်နဲ့ဆင်တယ်။ မူလ လိုဂိုအတိုင်းဘဲ။ ရာပြည့်ပွဲအတွက် သေချာရွေးခဲ့ဟန်တူတယ်။ သဘောကျတယ်။ ဒီတကြိမ်လည်း တွေးမိပါတယ်။ တံဆိပ်ခေါင်း 'ရှိ' ပြိုင်ပွဲလေးလုပ် ရွေးချယ်ရင် ပိုအဆင်ပြေမှာဘဲလို့။
17 December 2025
11 December 2025
TIMEမဂ္ဂဇင်းရဲ့ person of the year.
ဘယ်အရွယ် ငယ်ငယ်ကတည်းက စာအုပ်လှန်လဲ မသိပါ။ စာအုပ်အဖတ်များခဲ့တာတော့ သေချာပါတယ်။ ခုခေတ်ထိ ဖုန်းနဲ့ဖတ်နေတုံးပါဘဲ။ စာအုပ်လဲ ဖတ်ဖြစ်ပါသေးတယ်။
.
မှတ်မိသလောက် အင်္ဂလိပ်စာ အများကြီးမဖတ်တတ်ခင်ကလဲ အိမ်မှာအပတ်စဥ်တွေ့နေရတဲ့ TIME နဲ့ newsweek မဂ္ဂဇင်းတွေတွေ့ရင် ကြည့်တာပါဘဲ။ ပုံလှလှလေးတွေနဲ့ စခဲ့မှာပေါ့။
.
နဲနဲဖတ်တတ်လာတော့ တိုင်းမဂ္ဂဇင်းရဲ့ man of the year လို့ရွေးပြီး ဖော်ပြတာကိုသဘောကျခဲ့တယ်။ တနှစ်တခါ ဒီအချိန်ဆို ဖော်ပြပြီ။ များသောအားဖြင့် သူတို့ရွေးသူကို မသိသူများခဲ့ပါတယ်။
.
နောက်ပိုင်း လျောက်ဖတ်နိုင်တဲ့အဆင့်ရောက်တော့ အချို့ကိုသိလာပါပြီ။ များသောအားဖြင့် တနှစ်အတွင်း ထူးချွန်ထင်ရှားခဲ့သူတွေထဲကရွေးတော့ သိသူပါလာတာပေါ့။ နောက်တော့ man သာမက person, organization, တွေရွေးလာတဲ့အပြင် pc လိုဟာကိုတောင် ရွေးခဲ့ဘူးတယ် မှတ်မိတာဘဲ။
.
ကုန်သွယ်ရေးပျက်လို့ မဂ္ဂဇင်း ဝယ်မရချိန်ကစ ဖွဘုတ်မှာ ပြန်တွေ့ချိန်အထိ အဆက်အသွယ်ပြတ်သွားပါတယ်။ တခါတလေ နောက်ကျပြီးရောင်းတဲ့စာအုပ်ကို စာပေလောကတို့ အင်းဝတို့မှာတွေ့ပေမယ့် ဈေးကြီးပြီး စိတ်ဝင်စားမှုမရှိတော့လို့ မဖတ်ဖြစ်တော့ဘူး။
.
ဒါပေမယ့် ဖွဘုတ်မှာ ဖှောလိုးလုပ်ထားလို့ ဒီအချိန်ရောက်ရင် ဂရုစိုက်ကြည့်မိတတ်ပါတယ်။ ဒီနှစ်တော့ person of the year လို့ရွေးပြီး AI နဲ့ အေအိုင်ဖန်တီးရှင်များကိုရွေးပါတယ်။ မှန်ပါတယ်၊ ဒီပြီးခဲ့တဲ့တနှစ်အတွင်း လူအများကို စိတ်ဝင်စားမှု ပေးနိုင်ခဲ့တာ အေအိုင်ပါ။
.
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ပြန်တွေ့တော့ man, person လိုဟာအပြင် အခြားနယ်ပယ်အလိုက် ရွေးတာလဲ တွေ့လာရပါတယ်။ အားကစားနယ်၊ အနုပညာနယ် စသဖြင့်ပေါ့။ ဒီနှစ်သတိထားမိတာက ဒီနှစ်အတွင်း ပေါ်ထွန်းလာတဲ့ ကေပေါ့အဖွဲ့ကို break through of the year လို့ ရွေးထားတာပါတွေ့မိတယ်။
Labels:
aplar,
book,
JUST A THOUGHT,
ကျွန်တော်နဲ့,
စာအုပ်,
ဖတ်ခဲ့မိ,
အာပလာ
Subscribe to:
Comments (Atom)



