20 September 2025
လိပ်ပြာဘလောက်တံဆိပ်ခေါင်း၊
လေးစားပြီလေ။
.
ဒီနေ့ ဘလောက်တံဆိပ်ခေါင်း လိပ်ပြာစီးရီး ထွက်တယ်။ မူလ တခေါင်းချင်းထုတ်စဥ်က ၁၁ခေါင်း ဖြစ်နေတော့ ဘလောက်ဘယ်လိုထုတ်ကြမလဲပေါ့။ အခုထွက်လာတဲ့ပုံစံ (ဖောမက် ခေါ်မလား) မစဥ်းစားမိတာ အမှန်ပါ။
.
ဘလောက်တံဆိပ်ခေါင်း Stamp sheet ဆိုလို့ ဟိုးယခင်က ပါတီညီလာခံ အထိမ်းအမှတ်ရယ်၊ နောက်ပိုင်း အာစီယံစာတိုက်ပုံတွေနဲ့ရယ် တက္ကသိုလ်ရာပြည့်ရယ်ဘဲ တွေ့ဘူးခဲ့တဲ့ ကျွန်တော်၊ ဒီလိုမျိုး မစဥ်းစားမိတော့ စီစဥ်သူကို လေးစားမိတာပါ။
.
ဒီတခေါက် ပုံနှိပ်မှင်အရောင်လည်း စိုစိုပြေပြေပါ။ အကောင်းဆုံးဖြစ်သွားအောင် လွတ်နေတဲ့လေးကွက်နဲ့ ဘောင်နေရာတွေမှာပါ လိုက်ဘက်တဲ့ပန်းချီကား ထည့်နိုင်ခဲ့ရင် ပိုကောင်းမလားလို့ပါ။
.
ထွက်ပြီးသား ၂၀၀ကျပ်တန် ၁၁ခေါင်းဆိုတော့ sheet တရွက် ၂၂၀၀ ကျပ်ပါ။ သတိထားမိတာတခုက sheet တွေ ပြန်ထုတ်နေပေမယ့် လာဝယ်သူ နည်းပါတယ်။ တံဆိပ်ခေါင်းအသစ် ထွက်တဲ့နေ့ဆို လူပိုများသလိုဘဲ။
.
ဘာဘဲဖြစ်ဖြစ် ဝါသနာရှင်တွေကတော့ အသစ်ထွက်ရင် ပျော်နေကြတာပါဘဲ။ နောက်လမှာ စီးရီးအသစ်ထွက်မယ်လို့ မျှော်နေကြောင်းပါခင်ဗျ။
15 September 2025
အမှောင်ဘက်ရောက်နေတဲ့အနီ၊
မနေ့က မန်ချက်စတာဒါဘီအပြီး စဥ်းစားမိတာပါ။ သွားနှင့်သူ မန်ယူအားပေးဘက် သုံးဦးကိုလည်း သတိရပြန်ပါတယ်။ သူတို့က နောက်ဆုံးအချိန်ထိ မန်ယူဆိုပြီး နီသွားခဲ့သူတွေ။
.
ဒီပွဲရလာဒ်သိရင် ဆရာဒီးက မနက်ထိုင်နေကျ လဘက်ရည်ဆိုင်မှာ နည်းပြကိုဆဲပါမယ်၊ ဖာဂူဆန်ဆို ဘယ်လိုလုပ်မယ်၊ ဒါမျိုးမဖြစ်စေဘူးပြောမယ်။ ဦးမောင်ဆို လုရှောနဲ့ ဖာဘရေဂတ်စ်ကို အပစ်တင်မယ် ထင်တာဘဲ။ မင်းစဥ်းစားကြည့်ကွာဆိုပြီး မန်ယူကစားသမားတွေကို အပစ်ပြောအပြီး ဟိုကောင်ဟာလန်းက ကောက်စားလုပ်နေတာဆိုပြီး ပြောမှာဘဲထင်တယ်။
.
အရှုပ်ကြီးတပည့်တွေကတော့ ခါတိုင်းမနက် အားကစားဂျာနယ် ဝယ်ခိုင်းဖို့ လူရှာနေရလို့ ဆဲနေရတာ၊ ဒီလိုမနက်မျိုးဆို သူတို့ပိုက်ဆံနဲ့ ဝယ်လာပြီး သူတို့ဆရာစားပွဲမှာ အဲဒီသတင်းမြင်သာအောင်လုပ်ပြီး တင်ထားမှာ မြင်ယောင်မိသေးတော့။
.
ဘယ်လိုဘဲဖြစ်ဖြစ် မန်ယူဖှဲန်တွေက မန်ယူပါဘဲ။ စိတ်ပျက်လက်ပျက်နဲ့ ဆဲဆိုနေပေမယ့် နောက်ပွဲကျ မန်ယူဆိုပြီး နီကြအုံးမှာပါ။
.
စိတ်တော့ မပျက်ကြစေချင်ပါ။ သတင်းတပုဒ်မှာ ဒီရာသီရလာဒ် လေးပွဲလေးမှတ်က ၁၉၉၂-၉၃ ရလာဒ်အပြီး အဆိုးဆုံးဘဲတဲ့။ အဲဒီနှစ်တွေမှာ မန်ယူကို ဖာဂူဆန်စရောက်ပြီး စပျိုးထောင်ချိန်ပေါ့ (ကျော်တို့ စသိပြီး အားပေးချိန်ပေါ့😎)။ နောက်နှစ်နှစ်ဆယ်လောက်ကျ မန်ယူဘယ်လိုဖြစ်လာတယ် အားလုံးအသိပါ။ ဒါကြောင့် အခုနည်းပြ အာမိုရင်ကို နှစ်နှစ်ဆယ်လောက် အချိန်ပေးပြီး စောင့်ကြည့်ကြစေချင်ပါကြောင်း။
.
©>\°¡<÷](=?%@:/-**/=
~|}±÷{(
(ကောင်းကင်ဘုံမှ မေတ္တာပို့သံများ) 😎
Labels:
aplar,
JUST A THOUGHT,
just the joke,
စဥ်းစားမိ,
ဘောလုံး,
အားကစား,
အာပလာ
Subscribe to:
Comments (Atom)

