
လူတစ်ယောက်ဟာ အိပ်ရာကထကတည်းက ကြည်ကြည်လင်လင် မြင်ကွင်းမျိုးဘဲ မြင်ချင်မှပါ။ နေ့တစ်နေ့စ ကတည်းက ကြည်ကြည်လင်လင်နဲ့ စခဲ့မှ တစ်နေ့လုံး အဆင်ပြေမယ်ထင်တယ်။
ခုတော့ ရန်ကုန်သားတွေ ဒီမြင်ကွင်းမျိုးနဲ့ တစ်နေ့တာ စ လာကြတော့ တစ်နေ့လုံး ညစ်တွန်းတွန်းနေကြတာ မဆန်းပါဘူး။ လိုင်းကားသမားတွေ၊ Taxi သမားတွေ အဆိုးဆုံးပေါ့။
ဒါပေမယ့် တစ်ခြားသူတွေ စိတ်မကြည်တာ သိပ်အရေး မကြီးပါဘူး။ ဟို အကြီးဆုံးလူကြီး စိတ်မကြည်လင်လို့ အထူးအဆန်းတွေ လျှောက်လုပ်ယင် ပိုခက်မယ်။တော်တော့ တော်ပါသေးတယ်။ သူက သူ့အိမ်ရှေ့မှာ ရှိတဲ့ တောင်ကြီးတွေဘဲ ကြည့်ကြည်နေလို့.။ ခုတော့ ဂူအောင်းနေပြီ ကြားတယ်။