02 August 2008

ကိုးစနေ

(Unicode version )

ဒီလမှာ ထူးခြားမှုလေးတွေရှိတာ အရင် post မှာ အနည်းငယ်ပြောပြပြီးပါပြီ။ အနည်းငယ်ဘဲ သိလို့ပါ။ နောက်ထပ် အနည်းငယ် တိုက်ဆိုင်မှုလေး ပြောပြပါဦးမယ်။

ဒါလေးကိုပြောပြတာက “၀”တစ်ထောင် http://www.wathousand.com က ဒေါက်ချာဆောင်း ဘိုးတော်ငြိမ်း ပြောတာပါ။ ပြောတာတော့ကြာပါပြီ။ ဒိလထဲမှာမှ သွားတိုက်ဆိုင်လို့ပါ။ ကိုးစနေ အကြောင်းပါ။ လ တစ် လ ရဲ့ စနေနေ့ဟာ ကိုးရက်နေ့ကျနေလို့ ရှိယင် အဲဒီနေ့မှာ ဘာလုပ်လုပ် ကိုးခါလုပ်ပါတ့ဲ။ ဥပမာ- ခေါင်းဖီးလျှင် ကိုးခါ ဖီးလိုက်ပါ၊ ယားလို့ ကုတ်ယင်တောင် ကိုးခါကုတ်လိုက်ပါ။ လွယ်တာလေးတွေ လုပ်ရုံပါဘဲ။ ခက်ခက်ခဲခဲ ထမင်းကိုးနပ် စားတာတို့ ၊ အီးအီး ကိုးခါပါတာတို့ လုပ်ဖို့မလိုပါဘူးတ့ဲ။ ဉာဏ်ရှိယင် ရှိသလို ကိုးခါဖြစ်အောင် လုပ်ရုံပါဘဲ။ တစ်ခုခုထူးခြားတာ တွေ့ယင် ဆက်လုပ်ဖို့ပါဘဲ။ မထူးခြားယင်တော့ ဆက်မလုပ်နဲ့ပေါ့။

လုပ်မယ်ဆိုယင်၊ လုပ်ချင်ယင် ပိုမိုအစွမ်းထက်အောင် ဂုဏ်တော် ကိုးပါးကိုရွတ် ကြည့်ပါလား။ ကိုးပါးဆိုတော့ ကိုးသုံးထပ်ကွမ်း ပိုစွမ်းမှာပေါ့။ ဂုဏ်တော်ကိုးပါး မရသူများအတွက် ရေးပေးလိုက်ပါတယ်။

၁။ အရဟံ

၂။ သမ္မာ သမ္ဗုဒေ္ဓါ

၃။ ၀ိဇ္ဇာ စရဏ သမ္ပနေ္နာ

၄။ သုဂတော

၅။ လောက၀ိဒူ

၆။ အနုတ္တရော ပုရိသ ဒမ္မသာရထိ

၇။ သတၳာဒေ၀ မနုဿာနံ

၈။ ဗုဒေ္ဓါ

၉။ ဘဂဝါ ။ ။


ဖြစ်နိုင်တာကတော့ မင်းသိင်္ခ နည်းဖြစ်နိုင်ပါတယ်။ ကိုးတို့ ၊ စနေတို့က သူ့အကြိုက် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ဂုဏ်တော်ရွတ်တာတော့ အကျိုးမယုတ်နိုင်ပါဘူး။ မင်းသိင်္ခ နည်းဖြစ်နေယင်တော့ ကံမကောင်းတာ တစ်ခုရှိသွားပါတယ်။ ဒီလ ကိုးရက်နေ့မှာ ကျမယ့် စနေနေ့မှာ သူဘာမှ မရွတ်နိုင်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မနေ့ကဘဲ ဆရာကြီးမင်းသိင်္ခ ကွယ်လွန်သွားလို့ပါ။ ကျွန်တော့်အတွက်တော့ အလွန်စာရေးကောင်းတ့ဲ စာရေးဆရာတစ်ယောက် ဆုံးရှုံးသွားပါတယ်။ ။


XxXxXx 

(Zawgyi version )

ဒီလမွာ ထူးျခားမႈေလးေတြရွိတာ အရင္ post မွာ အနည္းငယ္ေျပာျပၿပီးပါၿပီ။ အနည္းငယ္ဘဲ သိလို႔ပါ။ ေနာက္ထပ္ အနည္းငယ္ တိုက္ဆိုင္မႈေလး ေျပာျပပါဦးမယ္။
ဒါေလးကိုေျပာျပတာက “၀”တစ္ေထာင္ http://www.wathousand.com က ေဒါက္ခ်ာေဆာင္း ဘိုးေတာ္ၿငိမ္း ေျပာတာပါ။ ေျပာတာေတာ့ၾကာပါၿပီ။ ဒိလထဲမွာမွ သြားတိုက္ဆိုင္လို႔ပါ။ ကိုးစေန အေၾကာင္းပါ။ လ တစ္ လ ရဲ႕ စေနေန႔ဟာ ကိုးရက္ေန႔က်ေနလို႔ ရွိယင္ အဲဒီေန႔မွာ ဘာလုပ္လုပ္ ကိုးခါလုပ္ပါတ့ဲ။ ဥပမာ- ေခါင္းဖီးလွ်င္ ကိုးခါ ဖီးလိုက္ပါ၊ ယားလို႔ ကုတ္ယင္ေတာင္ ကိုးခါကုတ္လိုက္ပါ။ လြယ္တာေလးေတြ လုပ္႐ံုပါဘဲ။ ခက္ခက္ခဲခဲ ထမင္းကိုးနပ္ စားတာတို႔ ၊ အီးအီး ကိုးခါပါတာတို႔ လုပ္ဖို႔မလိုပါဘူးတ့ဲ။ ဥာဏ္ရွိယင္ ရွိသလို ကိုးခါျဖစ္ေအာင္ လုပ္ရံုပါဘဲ။ တစ္ခုခုထူးျခားတာ ေတြ႕ယင္ ဆက္လုပ္ဖို႔ပါဘဲ။ မထူးျခားယင္ေတာ့ ဆက္မလုပ္နဲ႔ေပါ့။
လုပ္မယ္ဆိုယင္၊ လုပ္ခ်င္ယင္ ပိုမိုအစြမ္းထက္ေအာင္ ဂုဏ္ေတာ္ ကိုးပါးကို႐ြတ္ ၾကည့္ပါလား။ ကိုးပါးဆိုေတာ့ ကိုးသံုးထပ္ကြမ္း ပိုစြမ္းမွာေပါ့။ ဂုဏ္ေတာ္ကိုးပါး မရသူမ်ားအတြက္ ေရးေပးလိုက္ပါတယ္။
၁။ အရဟံ
၂။ သမၼာ သမၺဳေဒၶါ
၃။ ၀ိဇၨာ စရဏ သမၸေႏၷာ
၄။ သုဂေတာ
၅။ ေလာက၀ိဒူ
၆။ အႏုတၱေရာ ပုရိသ ဒမၼသာရထိ
၇။ သတၳာေဒ၀ မႏုႆာနံ
၈။ ဗုေဒၶါ
၉။ ဘဂ၀ါ ။
ျဖစ္ႏိုင္တာကေတာ့ မင္းသိခၤ နည္းျဖစ္ႏိုုင္ပါတယ္။ ကိုးတို႔ ၊ စေနတို႔က သူ႕အၾကိဳက္ မဟုတ္လား။ ဘာပဲျဖစ္ျဖစ္ ဂုဏ္ေတာ္႐ြတ္တာေတာ့ အက်ိဳးမယုတ္ႏိုင္ပါဘူး။ မင္းသိခၤ နည္းျဖစ္ေနယင္ေတာ့ ကံမေကာင္းတာ တစ္ခုရွိသြားပါတယ္။ ဒီလ ကိုးရက္ေန႔မွာ က်မယ့္ စေနေန႔မွာ သူဘာမွ မရြတ္ႏိုင္ေတာ့ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ မေန႔ကဘဲ ဆရာႀကီးမင္းသိခၤ ကြယ္လြန္သြားလို႔ပါ။ ကၽြန္ေတာ့္အတြက္ေတာ့ အလြန္စာေရးေကာင္းတ့ဲ စာေရးဆရာတစ္ေယာက္ ဆံုး႐ႈံးသြားပါတယ္။ ။

No comments:

Post a Comment

Thank you.