09 August 2008

စူပါ ပါ၀ါ

(Unicode version)

စူပါ ပါဝါ အကြောင်းဆိုသဖြင့် အမေရိကန် ၊ ရုရှား ၊ ​ တရုတ် နိုင်ငံများဧ။် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ၊ အချစ်ရေး အကြောင်းများမဟုတ်ရပါ။ ယခုအချိန်ထိ စွမ်းအား အလွန် ထက်သည်ဟု ကျွန်တော်ထင်သော မြန်မာတိုင်းရင်းဆေး တစ်မျိုးအကြောင်း ဖြစ်ပါသည်။

ဒီနှစ်သင်္ကြန်ပြီးကာစလောက်က ဖြစ်ပါသည်။ ညနေစာ စားအပြီး သုံးနာရီခန့် အကြာတွင် ဗိုက်ထဲမှ လေအောင့်သလို အောင့်ပါသည်။ ထမင်းစားပြီးမှ ဂျိုးကြော်များ စားမိသဖြင့် အောင့်သည်ဟု ထင်မိပြီး နောင်မစားရန် စဉ်းစားမိသည်။ လေအောင့်သည် ထင်သဖြင့် လေဆေးများ စားသော်လည်း မသက်သာပါ။ လေးနာရီခန့်ကြာ အောင့်ပြီး သက်သာသွားမှ အိပ်၍ပျော်သွားပါသည်။

နာဂစ် ရန်ကုန်မွှေနေချိန်တွင် ကျွန်တော် မန္တလေးတွင် ရောက်နေပါသည်။ ညစာ စားသောက်နေချိန်တွင်ပင် လေအောင့်သလို ခံစားရပြန်ပါသည်။ လေဆေးများ ချက်ချင်း၀ယ်သောက်သော်လည်း မသက်သာပါ။ စားထားသည်ထဲမှ အနည်းငယ်ပြန် အန်ထွက်ပြီး အတန်ကြာမှ သက်သာသွားပါသည်။ ငယ်စဉ်ကပင် ခဏခဏ လေ အောင့်တတ်သဖြင့် ဖြစ်ရိုးဖြစ်စဉ် ဟုပင် ထင်ခဲ့မိသည်။ ထမင်းအ၀ စားပြီးချိန်တွင် အောင့်တတ်ပါသည်။ သုံးလေးနာရီ ကြာလျှင် သက်သာသွားတတ်ပါသည်။

မှတ်မှတ်ရရ F-1 Monaco Grand Prix ကြည့်နေသည့် ညကဖြစ်ပါသည်။ ညနေ ငါးနာရီခန့် ကပင် ဗိုက်အောင့်လာပြန်ပါသည်။ ကားမောင်းပြိုင်ပွဲ ဘယ်လိုပြီးသွားမှန်းပင် မသိလိုက်ပါ။ တဖြေးဖြေးပိုပို အောင့်လာသည်ဟုထင်မိသည်။ ရှစ်နာရီကျော်တွင် ဦးစိုးတို့ကို လှမ်းခေါ်ရတော့သည်။ မမော်က ဗိုက်အောင့်ပုံကို ကြည်ြ့ပီး အစာအိမ်ပေါက်မှာ စိုးသဖြင့် အပြင်ဆေးရုံခေါ်သွားပြီး watch လုပ်ပါသည်။ ခွဲစိတ်ဆရာ၀န်ပါ တပါတည်းခေါ်ထားပြီး ဖြစ်သည်။ ထုံဆေးထိုးပေးပြီး နာရီ၀က်ခန့် အကြာတွင် သက်သာသွားသဖြင့် ပြန်ခ့ဲရပါသည်။

နောက်နေ့တွင် မှာထားသည့်အတိုင်း ultra sound သွားရိုက်ပါသည်။ result ကိုပြန်သွားပြသောအခါ ဗိုက်အောင့်သည်မှာ အကြောင်းနှစ်မျိုးကြောင့် ဖြစ်နိုင်ကြောင်း ပထမအကြောင်းမှာ အစာအိမ်ရောင်၍ ဖြစ်နိုင်ပြီး ဒုတိယအကြောင်းမှာ သည်းခြေတွင် ကျောက်ရှိ၍ ဖြစ်နိုင်ကြောင်း ရှင်းပြပါသည်။ အစာပျော့သာစားပြီး နဲနဲ နဲနဲနှင့် အကြိမ်များများ စားရန်ညွန်ကြားပါသည်။ ဆေးများသောက်ရန် လည်းညွှန်ကြားပါသည်။

ထိုနေ့မှစ၍ ဆန်ပြုတ်သာသောက်ရပါတော့သည်။ စသောက်စဉ်က မသိသာဘဲ ကြာလာသောအခါ weak ဖြစ်လာပါသည်။ ဆန်ပြုတ်နှစ်ပုဂံ ထက်ပိုသောက်လျှင် အောင့်ပါတော့သည်။ မနက်ဖက်တွင် အောင့်လေ့မရှိဘဲ ညနေသောက်တာ ( ဆန်ပြုတ်ပါ။ အရက်တော့ ခုထိ နိမ်းပါဘဲ။) များသွားလျှင် လေးနာရီခန့်အကြာတွင် စအောင့်ပါသည်။ နောက်ထပ် လေးနာရီခန့်ကြာပြီးမှ သက်သာသွားတတ်သည်။ ညနေစာ စားအပြီး လေးနာရီကျော်ကြာမှ စိတ်ချလက်ချ အိပ်၍ရပါသည်။ ဗိုက်အောင့် ဦးမှာလား စိတ်တထင့်ထင့် ဖြင့်နေရပါသည်။

အစာအိမ်ကြောင့် အောင့်သည်ထင်ပြီး လေဆေးများ၊ အစာကြေဆေးများ သာသောက်ဖြစ်သည်။ ဆန်လွတ် နနွင်း ကောင်းသည်ဆိုသဖြင့်လည်း သောက်ကြည့်ပါသည်။ ဆန်ပြုတ်သောက်ပြီးတိုင်း အစာကြေလွယ်ရန် လမ်းလျှောက်ပေးသည်။ များသောအားဖြင့် စားသည့် amount ချင်းအတူတူ မနက်ဖက်တွင် အောင့်လေ့မရှိဘဲ ညတွင်မှအောင့်ပါသည်။ အောင့်နေချိန်တွင် ဘယ်လိုမှ မသက်သာဘဲ လွန်စွာခံစားရပါသည်။ ခန္ဓာကိုယ်ကို

ပုံစံမျိုးစုံ ပျောင်းနေရသည်။ သည်သာသည် ထင်သည့်အချိန်တွင် ငြိမ်နေရပါသည်။ သို့သော် ခဏနှင့်နာလာပြီး ဟိုပြောင်းဒီပြောင်း လုပ်နေရသည်။ နဲနဲသက်သာသည်ဟု ထင်ရသော position တွင် ငြိမ်နေရပြန်ပါသည်။ လေးနာရီခန့်အကြာတွင်မှ သက်သာသွားတတ်သည်။

တစ်လခွဲခန့်ကြာသောအခါ လူလည်းတော်တော် weak ဖြစ်လာသည်။ သို့နှင့် အစာအိမ် မှန်ပြောင်းကြည့်ဖို့ စခန်းရောက်လာပါသည်။ ပထမတစ်ရက် ဆရာ၀န်က သုံးမိနစ်ခန့် စစ်ဆေးပြီး မနက်ဖန်မနက် ဘာမှစားမလာဘဲ မှန်ပြောင်းကြည့်ရန် ခေါ်ပါသည်။ တော်တော်မသက်သာသော အလုပ်ပါ။ ခဲတံအလုံးလောက်ရှိသော ပြွန်ကိုမြိုချရပါသည်။ တကယ်က မြိုစရာပင်မလိုပါ။ အတင်းထိုးသွင်း လိုက်တာဖြစ်ပါသည်။ ဒါမှလဲ ပြီးတော့မှာဖြစ်သည်။ ကိုယ့်ဖါသာကိုယ် မြိုနေလျှင် ပြို့နေတာနှင့်ပြီးမှာမဟုတ်ပါ။ မှန်ပြောင်းကင်မရာနှင့် ကြည့်သောအခါ အစာအိမ်တွင် ဘာမှစိုးရိမ်စရာ မတွေ့ရပါ။ အသားစယူ၍ ကြည့်သော်လည်း ok နေပါသည်။ ၀ဋ်ရှိ၍ အသားလွတ် ခံလိုက်ရခြင်း ဖြစ်ပါလိမ့်မည််။


XxXxXx 

(Zawgyi version) 

စူပါ ပါ၀ါ အေၾကာင္းဆိုသျဖင့္ အေမရိကန္ ၊ ရုရွား ၊ ​ တရုတ္ ႏိုင္ငံမ်ားဧ။္ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး ၊ အခ်စ္ေရး အေၾကာင္းမ်ားမဟုတ္ရပါ။ ယခုအခ်ိန္ထိ စြမ္းအား အလြန္ ထက္သည္ဟု ကၽြန္ေတာ္ထင္ေသာ ျမန္မာတိုင္းရင္းေဆး တစ္မ်ိဳးအေၾကာင္း ျဖစ္ပါသည္။
ဒီႏွစ္သၾကၤန္ၿပီးကာစေလာက္က ျဖစ္ပါသည္။ ညေနစာ စားအၿပီး သံုးနာရီခန္႔ အၾကာတြင္ ဗိုက္ထဲမွ ေလေအာင့္သလို ေအာင့္ပါသည္။ ထမင္းစားၿပီးမွ ဂ်ိဳးေၾကာ္မ်ား စားမိသျဖင့္ ေအာင့္သည္ဟု ထင္မိၿပီး ေနာင္မစားရန္ စဥ္းစားမိသည္။ ေလေအာင့္သည္ ထင္သျဖင့္ ေလေဆးမ်ား စားေသာ္လည္း မသက္သာပါ။ ေလးနာရီခန္႔ၾကာ ေအာင့္ျပီး သက္သာသြားမွ အိပ္၍ေပ်ာ္သြားပါသည္။
နာဂစ္ ရန္ကုန္ေမႊေနခ်ိန္တြင္ ကၽြန္ေတာ္ မႏၲေလးတြင္ ေရာက္ေနပါသည္။ ညစာ စားေသာက္ေနခ်ိန္တြင္ပင္ ေလေအာင့္သလို ခံစားရျပန္ပါသည္။ ေလေဆးမ်ား ခ်က္ခ်င္း၀ယ္ေသာက္ေသာ္လည္း မသက္သာပါ။ စားထားသည္ထဲမွ အနည္းငယ္ျပန္ အန္ထြက္ၿပီး အတန္ၾကာမွ သက္သာသြားပါသည္။ ငယ္စဥ္ကပင္ ခဏခဏ ေလ ေအာင့္တတ္သျဖင့္ ျဖစ္ရိုးျဖစ္စဥ္ ဟုပင္ ထင္ခဲ့မိသည္။ ထမင္းအ၀ စားၿပီးခ်ိန္တြင္ ေအာင့္တတ္ပါသည္။ သံုးေလးနာရီ ၾကာလွ်င္ သက္သာသြားတတ္ပါသည္။
မွတ္မွတ္ရရ F-1 Monaco Grand Prix ၾကည့္ေနသည့္ ညကျဖစ္ပါသည္။ ညေန ငါးနာရီခန္႔ ကပင္ ဗိုက္ေအာင့္လာျပန္ပါသည္။ ကားေမာင္းၿပိဳင္ပြဲ ဘယ္လိုၿပီးသြားမွန္းပင္ မသိလိုက္ပါ။ တေျဖးေျဖးပိုပို ေအာင့္လာသည္ဟုထင္မိသည္။ ရွစ္နာရီေက်ာ္တြင္ ဦးစိုးတို႔ကို လွမ္းေခၚရေတာ့သည္။ မေမာ္က ဗိုက္ေအာင့္ပံုကို ၾကည္ၿ့ပီး အစာအိမ္ေပါက္မွာ စိုးသျဖင့္ အျပင္ေဆးရံုေခၚသြားၿပီး watch လုပ္ပါသည္။ ခြဲစိတ္ဆရာ၀န္ပါ တပါတည္းေခၚထားၿပီး ျဖစ္သည္။ ထံုေဆးထိုးေပးၿပီး နာရီ၀က္ခန္႔ အၾကာတြင္ သက္သာသြားသျဖင့္ ျပန္ခ့ဲရပါသည္။
ေနာက္ေန႔တြင္ မွာထားသည့္အတိုင္း ultra sound သြားရိုက္ပါသည္။ result ကိုျပန္သြားျပေသာအခါ ဗိုက္ေအာင့္သည္မွာ အေၾကာင္းႏွစ္မ်ိဳးေၾကာင့္ ျဖစ္ႏိုင္ေၾကာင္း ပထမအေၾကာင္းမွာ အစာအိမ္ေရာင္၍ ျဖစ္ႏိုင္ၿပီး ဒုတိယအေၾကာင္းမွာ သည္းေျခတြင္ ေက်ာက္ရွိ၍ ျဖစ္ႏိုင္ေၾကာင္း ရွင္းျပပါသည္။ အစာေပ်ာ့သာစားၿပီး နဲနဲ နဲနဲႏွင့္ အႀကိမ္မ်ားမ်ား စားရန္ညြန္ၾကားပါသည္။ ေဆးမ်ားေသာက္ရန္ လည္းညႊန္ၾကားပါသည္။
ထိုေန႔မွစ၍ ဆန္ျပဳတ္သာေသာက္ရပါေတာ့သည္။ စေသာက္စဥ္က မသိသာဘဲ ၾကာလာေသာအခါ weak ျဖစ္လာပါသည္။ ဆန္ျပဳတ္ႏွစ္ပုဂံ ထက္ပိုေသာက္လွ်င္ ေအာင့္ပါေတာ့သည္။ မနက္ဖက္တြင္ ေအာင့္ေလ့မရွိဘဲ ညေနေသာက္တာ ( ဆန္ျပဳတ္ပါ။ အရက္ေတာ့ ခုထိ နိမ္းပါဘဲ။) မ်ားသြားလွ်င္ ေလးနာရီခန္႔အၾကာတြင္ စေအာင့္ပါသည္။ ေနာက္ထပ္ ေလးနာရီခန္႔ၾကာၿပီးမွ သက္သာသြားတတ္သည္။ ညေနစာ စားအၿပီး ေလးနာရီေက်ာ္ၾကာမွ စိတ္ခ်လက္ခ် အိပ္၍ရပါသည္။ ဗိုက္ေအာင့္ ဦးမွာလား စိတ္တထင့္ထင့္ ျဖင့္ေနရပါသည္။
အစာအိမ္ေၾကာင့္ ေအာင့္သည္ထင္ၿပီး ေလေဆးမ်ား၊ အစာေၾကေဆးမ်ား သာေသာက္ျဖစ္သည္။ ဆန္လြတ္ နႏြင္း ေကာင္းသည္ဆိုသျဖင့္လည္း ေသာက္ၾကည့္ပါသည္။ ဆန္ျပဳတ္ေသာက္ၿပီးတိုင္း အစာေၾကလြယ္ရန္ လမ္းေလွ်ာက္ေပးသည္။ မ်ားေသာအားျဖင့္ စားသည့္ amount ခ်င္းအတူတူ မနက္ဖက္တြင္ ေအာင့္ေလ့မရွိဘဲ ညတြင္မွေအာင့္ပါသည္။ ေအာင့္ေနခ်ိန္တြင္ ဘယ္လိုမွ မသက္သာဘဲ လြန္စြာခံစားရပါသည္။ ခႏၶာကိုယ္ကို
ပံုစံမ်ိဳးစံု ေပ်ာင္းေနရသည္။ သည္သာသည္ ထင္သည့္အခ်ိန္တြင္ ျငိမ္ေနရပါသည္။ သို႔ေသာ္ ခဏႏွင့္နာလာၿပီး ဟိုေျပာင္းဒီေျပာင္း လုပ္ေနရသည္။ နဲနဲသက္သာသည္ဟု ထင္ရေသာ position တြင္ ျငိမ္ေနရျပန္ပါသည္။ ေလးနာရီခန္႔အၾကာတြင္မွ သက္သာသြားတတ္သည္။
တစ္လခြဲခန္႔ၾကာေသာအခါ လူလည္းေတာ္ေတာ္ weak ျဖစ္လာသည္။ သို႔ႏွင့္ အစာအိမ္ မွန္ေျပာင္းၾကည့္ဖို႔ စခန္းေရာက္လာပါသည္။ ပထမတစ္ရက္ ဆရာ၀န္က သံုးမိနစ္ခန္႔ စစ္ေဆးၿပီး မနက္ဖန္မနက္ ဘာမွစားမလာဘဲ မွန္ေျပာင္းၾကည့္ရန္ ေခၚပါသည္။ ေတာ္ေတာ္မသက္သာေသာ အလုပ္ပါ။ ခဲတံအလံုးေလာက္ရွိေသာ ျပြန္ကိုၿမိဳခ်ရပါသည္။ တကယ္က ၿမိဳစရာပင္မလိုပါ။ အတင္းထိုးသြင္း လိုက္တာျဖစ္ပါသည္။ ဒါမွလဲ ၿပီးေတာ့မွာျဖစ္သည္။ ကိုယ့္ဖါသာကိုယ္ ၿမိဳေနလွ်င္ ၿပိဳ႕ေနတာႏွင့္ၿပီးမွာမဟုတ္ပါ။ မွန္ေျပာင္းကင္မရာႏွင့္ ၾကည့္ေသာအခါ အစာအိမ္တြင္ ဘာမွစိုးရိမ္စရာ မေတြ႔ရပါ။ အသားစယူ၍ ၾကည့္ေသာ္လည္း ok ေနပါသည္။ ၀ဋ္ရွိ၍ အသားလြတ္ ခံလိုက္ရျခင္း ျဖစ္ပါလိမ့္မည္္။

1 comment:

  1. အဲဒါဘာျဖစ္တာလည္းဗ်။

    ReplyDelete

Thank you.