13 August 2008

၂၀၀၈ အိုလံပစ်



(Unicode version)

ကျွန်တော်တို့ ငယ်စဉ်က ပုံပြင်များကြားဖူးခ့ဲပါသည်။ မြင်းထက်မြန်အောင် ပြေးနိုင်သူများ၊ ခြံစည်းရိုးအမြင့်ကြီးကို တုတ်ထောက်ခုန်နိုင်သူများ၊ ဧရာ၀တီ မြစ်ကို ဖြတ်ကူးပြီး တစ်ဖက်ကမ်းပါးကို ပြေးတက်နိုင်သူများ၊ ကြားဖူးခ့ဲပါသည်။ ခုခေတ် ဒီလိုသူတွေ့လျှင် Olympic ပြိုင်ပွဲ၀င်ခိုင်းချင်ပါသည်၊ မြန်မာပြည်အနေနှင့် ဆုတစ်ခုမှ မရဖူးသေး၍ ဖြစ်ပါသည်။

ယခုရက်ပိုင်းအတွင်း Olympic ပြိုင်ပွဲများ တရုပ်တီဗီ cctv 1 , 2 & 7 မှကြည့်ရပါသည်။ eleven ဂျာနယ်တွင် ဦးခင်မောင်ထွေး ရေးလေ့ရှိသလို မဟုတ်ရပါ။ ကိုယ့်နိုင်ငံ ပြိုင်တာ ကိုယ့်နိုင်ငံ တီဗီမှာ ပြနိုင်ရပါမည်။ သူများတီဗီကြည့်လျှင် သူတို့ပြတာသာ ကြည့်ရပါလိမ့်မည်။ သူများကို ဆဲရမှာ မဟုတ်ပါ။

ဘောလီဘော ပြိုင်ပွဲများကို အများဆုံးကြည့်ဖြစ်သည်။ ၁၉၈၀ ခန့် ကျွန်တော်တို့ ဘောလီဘောရူးစဉ်က တရုပ်မှ နာမည်ကြီး ဘောလီဘော ကစားမယ် လီပင်း မှာ အမေရိကန် အမျိုးသမီးအသင်း နည်းပြဖြစ်နေသည်။ အိုလံပစ် ပြိုင်ပွဲ၀င် အမျိုးသား၊ အမျိုးသမီး အသင်း ၂၄ သင်းတွင် သူမတစ်ဦးတည်းသာ အမျိုးသမီးနည်းပြပါသည် ဟုသိရသည်။ ပွဲတော်တော် များများကြည့်၍ကောင်းပါသည်။ ဤအဆင့်ရောက် အသင်းများသည် သိပ်ကွာခြားမှု မရှိတော့ပါ။

အားကစားနည်းများတွင် လူမည်းများ ပါ၀င်ယှဉ််ပြိုင်လာသည်ကို တွေ့ရသည်။ သို့သော် ရေကူး၊ ကြက်တောင်၊ ပင်ပေါင်၊ ဂျွမ်းဘား စသည်များတွင် မတွေ့ရသည်မှာ မဆန်းသော်လည်း အင်အားသုံးရသည့် အလေးမ၊ လှေလှော် ပြိုင်ပွဲများတွင် မယှဉ်ပြိုင်ကြသေးသည်ကို အ့ံသြမိသည်။ အမေရိကန် ဘတ်စကက်ဘော အမျိုးသား၊ အမျိုးသမီး နှစ်သင်းစလုံး လူမည်းများသာပါ၀င်ပြီး ဗိုလ်စွဲရန်သေချာသလောက်ပင်။

ယခင်က ယှဉ်ပြိုင်ခြင်းသာ အဓိက ၊ အားကစား စိတ်ဓါတ် တို့ကို အဓိက ထားခဲ့သော်လည်း ယခုဗိုလ်စွဲဖို့သာ အဓိက ဖြစ်နေပေပြီ။ အိမ်ရှင်နိုင်ငံဖြစ်လျှင် ရွှေအများဆုံးရယူဖို့သာ ကြိုးပမ််းနေကြသည်။ အိမ်ရှင် အားကစားသမားများအား အလေးပေးမှုကို Diving နှင့် ဂျွမ်းဘား လိုအမှတ်ပေး ပြိုင်ပွဲများတွင် တွေ့ရသည်။ အခြားပြိုင်ပွဲများတွင်လည်း အိမ်ရှင်အလေးပေးမှု ရှိမှာသေချာပါသည်။

ဗိုလ်စွဲ ပထမ ရဖို့က အရေးကြီးသည်။ ပထမ ရသူကိုသာ ကြာလျှင် မှတ်မိတော့သည်။ နိုင်ငံအလိုက် ဆုတံဆိပ်ဇယားတွင်လည်း ရွှေတံဆိပ် အရေအတွက်ဖြင့်သာ တန်းစီသည်။ ဆုယူ စင်မြင့်တွင်လည်း ဒုတိယ နှင့် တတိယ စင်မြင့်နှစ်ခု အမြင့် အတူတူ ထားရှိခြင်းက ၄င်းတို့ နှစ်ဦးသည် ပထမ ရသူဧ။် အဖြေ့ခံဆိုသော သဘောကို ပိုမိုပေါ်လွင်စေပါသည်။

မြန်မာတို့ လွတ်လပ်ရေး ရ ကတည်းက ပြိုင်လာသည်မှာ ၁၉၇၆ မွန်ထရီရယ် အိုလံပစ်သာ မပါ၀င်ခဲ့။ သို့သော် ယနေ့အထိ ကြေးတံဆိပ်ပင် မရရှိခဲ့ဖူးပါ။ ယနေ့ (၁၆-၈-၀၈) အမေရိကန်မှ ရေကူးသမား Michael Phelps တစ်ဦးတည်း ရွှေတံဆိပ် ၆ ခု ရရှိပြီးနေပြီ။ 2004 Athen olympic တုံးက ရွှေ ၆ ဆုရဖူးသည်။ ယခုနှစ်တွင် ရွှေ ၈ ဆုမှန်းထားပါသည်။ နိုင်သည့်ပွဲ အားလုံးတွင်လည်း ကမ္ဘာ့စံချိန် ချိုးထားသည်။ မြန်မာပြည်တွင် ဤပုဂ္ဂိုလ်လို လူတစ်ဦး ရှိရုံဖြင့် နိုင်ငံအလိုက် ဆုတန်းစီဇယားတွင် Top Ten သေချာနေပြီ။ David Beckham နာမည်ကြီးချိန်က ရဲဘော်ကြီးသက်ထွန်း ပြောသက့ဲသို့ လုပ်ရလျှင် Beckham လေးများ၊ Phelps လေးများ ပေါ်ထွက်လာမည်လား မသိပါ။

စိတ်တော့ မလျှော့စေချင်ပါ။ လူဦးရေ များတိုင်းလည်း ရွှေ ရသည်မဟုတ်ပါ။ လူဦးရေ သန်း ၁၂၀၀ ကျော်ရှိသော အိန္ဒိယနိုင်ငံ ရွှေတံံဆိပ် တစ်ခုသာ ရသေးသည်။ စီးပွားရေး အင်အားကြီးနိုင်ငံများ ဖြစ်ကြသော ဂျပန်၊ ဂျာမဏီ၊ ပြင်သစ်၊ အင်္ဂလန် တို့လည်း ရွှေ ဆယ်ခု မကျော်ကြသေးပါ။ ကျွန်တော်တို့ နိုင်ငံရဲ့ နာမည်ကျော် အားကစား ဆောင်ပုဒ်အတိုင်း မဖြစ်တောင်မှ ကြေးတံဆိပ်လေး လောက်တော့ ရအောင်ကြိုးပမ်းပေးကြပါဦးလို့။





“ မြန်မာ့ အားကစား ကမ္ဘာကို လွှမ်းရမည် ”



XxXxXx

(Zawgyi version )



ကၽြန္ေတာ္တို႔ ငယ္စဥ္က ပံုျပင္မ်ားၾကားဖူးခ့ဲပါသည္။ ျမင္းထက္ျမန္ေအာင္ ေျပးႏိုင္သူမ်ား၊ ျခံစည္း႐ိုးအျမင့္ႀကီးကို တုတ္ေထာက္ခုန္ႏိုင္သူမ်ား၊ ဧရာ၀တီ ျမစ္ကို ျဖတ္ကူးၿပီး တစ္ဖက္ကမ္းပါးကို ေျပးတက္ႏိုင္သူမ်ား၊ ၾကားဖူးခ့ဲပါသည္။ ခုေခတ္ ဒီလိုသူေတြ႔လွ်င္ Olympic ျပိဳင္ပြဲ၀င္ခိုင္းခ်င္ပါသည္၊ ျမန္မာျပည္အေနနွင့္ ဆုတစ္ခုမွ မရဖူးေသး၍ ျဖစ္ပါသည္။
ယခုရက္ပိုင္းအတြင္း Olympic ၿပိဳင္ပြဲမ်ား တ႐ုပ္တီဗီ cctv 1 , 2 & 7 မွၾကည့္ရပါသည္။ eleven ဂ်ာနယ္တြင္ ဦးခင္ေမာင္ေထြး ေရးေလ့႐ွိသလို မဟုတ္ရပါ။ ကိုယ့္ႏိုင္ငံ ၿပိဳင္တာ ကိုယ့္ႏိုင္ငံ တီဗီမွာ ျပႏိုင္ရပါမည္။ သူမ်ားတီဗီၾကည့္လွ်င္ သူတို႔ျပတာသာ ၾကည့္ရပါလိမ့္မည္။ သူမ်ားကို ဆဲရမွာ မဟုတ္ပါ။
ေဘာလီေဘာ ၿပိဳင္ပြဲမ်ားကို အမ်ားဆံုးၾကည့္ျဖစ္သည္။ ၁၉၈၀ ခန္႔ ကၽြန္ေတာ္တို႔ ေဘာလီေဘာ႐ူးစဥ္က တ႐ုပ္မွ နာမည္ႀကီး ေဘာလီေဘာ ကစားမယ္ လီပင္း မွာ အေမရိကန္ အမ်ိဳးသမီးအသင္း နည္းျပျဖစ္ေနသည္။ အိုလံပစ္ ၿပိဳင္ပြဲ၀င္ အမ်ိဳးသား၊ အမ်ိဳးသမီး အသင္း ၂၄ သင္းတြင္ သူမတစ္ဦးတည္းသာ အမ်ိဳးသမီးနည္းျပပါသည္ ဟုသိရသည္။ ပြဲေတာ္ေတာ္ မ်ားမ်ားၾကည့္၍ေကာင္းပါသည္။ ဤအဆင့္ေရာက္ အသင္းမ်ားသည္ သိပ္ကြာျခားမႈ မ႐ွိေတာ့ပါ။
အားကစားနည္းမ်ားတြင္ လူမည္းမ်ား ပါ၀င္ယွဥ္္ၿပိဳင္လာသည္ကို ေတြ႔ရသည္။ သို႔ေသာ္ ေရကူး၊ ၾကက္ေတာင္၊ ပင္ေပါင္၊ ဂၽြမ္းဘား စသည္မ်ားတြင္ မေတြ႔ရသည္မွာ မဆန္းေသာ္လည္း အင္အားသံုးရသည့္ အေလးမ၊ ေလွေလွာ္ ၿပိဳင္ပြဲမ်ားတြင္ မယွဥ္ၿပိဳင္ၾကေသးသည္ကို အ့ံၾသမိသည္။ အေမရိကန္ ဘတ္စကက္ေဘာ အမ်ိဳးသား၊ အမ်ိဳးသမီး ႏွစ္သင္းစလံုး လူမည္းမ်ားသာပါ၀င္ၿပီး ဗိုလ္စြဲရန္ေသခ်ာသေလာက္ပင္။
ယခင္က ယွဥ္ၿပိဳင္ျခင္းသာ အဓိက ၊ အားကစား စိတ္ဓါတ္ တို႔ကို အဓိက ထားခဲ့ေသာ္လည္း ယခုဗိုလ္စြဲဖို႔သာ အဓိက ျဖစ္ေနေပၿပီ။ အိမ္႐ွင္ႏိုင္ငံျဖစ္လွ်င္ ေ႐ႊအမ်ားဆံုးရယူဖို႔သာ ၾကိဳးပမ္္းေနၾကသည္။ အိမ္႐ွင္ အားကစားသမားမ်ားအား အေလးေပးမႈကို Diving ႏွင့္ ဂၽြမ္းဘား လိုအမွတ္ေပး ၿပိဳင္ပြဲမ်ားတြင္ ေတြ႔ရသည္။ အျခားၿပိဳင္ပြဲမ်ားတြင္လည္း အိမ္႐ွင္အေလးေပးမႈ ႐ွိမွာေသခ်ာပါသည္။
ဗိုလ္စြဲ ပထမ ရဖို႔က အေရးႀကီးသည္။ ပထမ ရသူကိုသာ ၾကာလွ်င္ မွတ္မိေတာ့သည္။ ႏိုင္ငံအလိုက္ ဆုတံဆိပ္ဇယားတြင္လည္း ေ႐ႊတံဆိပ္ အေရအတြက္ျဖင့္သာ တန္းစီသည္။ ဆုယူ စင္ျမင့္တြင္လည္း ဒုတိယ ႏွင့္ တတိယ စင္ျမင့္ႏွစ္ခု အျမင့္ အတူတူ ထား႐ွိျခင္းက ၄င္းတို႔ ႏွစ္ဦးသည္ ပထမ ရသူဧ။္ အေျဖ့ခံဆိုေသာ သေဘာကို ပိုမိုေပၚလြင္ေစပါသည္။
ျမန္မာတို႔ လြတ္လပ္ေရး ရ ကတည္းက ၿပိဳင္လာသည္မွာ ၁၉၇၆ မြန္ထရီရယ္ အိုလံပစ္သာ မပါ၀င္ခဲ့။ သို႔ေသာ္ ယေန႔အထိ ေၾကးတံဆိပ္ပင္ မရ႐ွိခဲ့ဖူးပါ။ ယေန႔ (၁၆-၈-၀၈) အေမရိကန္မွ ေရကူးသမား Michael Phelps တစ္ဦးတည္း ေ႐ႊတံဆိပ္ ၆ ခု ရ႐ွိၿပီးေနၿပီ။ 2004 Athen olympic တံုးက ေ႐ႊ ၆ ဆုရဖူးသည္။ ယခုႏွစ္တြင္ ေ႐ႊ ၈ ဆုမွန္းထားပါသည္။ ႏိုင္သည့္ပြဲ အားလံုးတြင္လည္း ကမာၻ႔စံခ်ိန္ ခ်ိဳးထားသည္။ ျမန္မာျပည္တြင္ ဤပုဂၢိဳလ္လို လူတစ္ဦး ႐ွိ႐ံုျဖင့္ ႏိုင္ငံအလိုက္ ဆုတန္းစီဇယားတြင္ Top Ten ေသခ်ာေနၿပီ။ David Beckham နာမည္ႀကီးခ်ိန္က ရဲေဘာ္ႀကီးသက္ထြန္း ေျပာသက့ဲသို႔ လုပ္ရလွ်င္ Beckham ေလးမ်ား၊ Phelps ေလးမ်ား ေပၚထြက္လာမည္လား မသိပါ။
စိတ္ေတာ့ မေလွ်ာ့ေစခ်င္ပါ။ လူဦးေရ မ်ားတိုင္းလည္း ေ႐ႊ ရသည္မဟုတ္ပါ။ လူဦးေရ သန္း ၁၂၀၀ ေက်ာ္႐ွိေသာ အိႏၵိယႏိုင္ငံ ေ႐ႊတံံဆိပ္ တစ္ခုသာ ရေသးသည္။ စီးပြားေရး အင္အားႀကီးႏိုင္ငံမ်ား ျဖစ္ၾကေသာ ဂ်ပန္၊ ဂ်ာမဏီ၊ ျပင္သစ္၊ အဂၤလန္ တို႔လည္း ေ႐ႊ ဆယ္ခု မေက်ာ္ၾကေသးပါ။ ကၽြန္ေတာ္တို႔ ႏိုင္ငံရဲ႕ နာမည္ေက်ာ္ အားကစား ေဆာင္ပုဒ္အတိုင္း မျဖစ္ေတာင္မွ ေၾကးတံဆိပ္ေလး ေလာက္ေတာ့ ရေအာင္ႀကိဳးပမ္းေပးၾကပါဦးလို႔။


“ ျမန္မာ့ အားကစား ကမာၻကို လႊမ္းရမည္ ”

No comments:

Post a Comment

Thank you.