(Unicode version )
အားကစားနည်း မျိုးစုံရှိသော်လည်း ဗိုလ်စွဲ အောင်နိုင်သည့်အခါ ဂုဏ်ယူကြပုံချင်း မတူပါ။ လူအများစု မသိသည့် အားကစားများဖြစ်သော မြှားပစ်၊ ဘောင်လင်း၊ တိုက်ကွမ်ဒို ၊ပီတမ်း တို့လို အားကစား တွင် ဗိုလ်စွဲပါက ထိုအားကစားသမားနှင့် အလွန်ဆုံး သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်တို့သာ ဂုဏ်ယူကြပါသည်။
ပြေးခုန်ပစ်၊ ဘောလီဘော၊ ဘတ်စကက်ဘော၊ ကြက်တောင်တို့လို အားကစားတွင် အနိုင်ရပါက ထိုအားကစားကို အားပေး၊ ကိုယ်တိုင်ကစားသူများပါ ဂုဏ်ယူကြပါသည်။
ဗိုလ်စွဲပါက မြန်မာတနိုင်ငံလုံး ပျော်ရွှင်စွာ ဂုဏ်ယူသည့် အားကစားမှာ တခုဘဲ ရှိပါသည်။ သေချာပါသည်။ ဘောလုံးအားကစားနည်းပါဘဲ။ အားကစားပြိုင်ပွဲများတွင် အခြားအားကစားများ ရွှေမရလျှင်နေပါစေ၊ ဘောလုံး ရွှေရလျှင် တနိုင်ငံလုံး ကျေနပ်နေတတ်ပါသည်။ မြန်မာလူမျိုးများသည် ဘောလုံးကို ဒီလောက်ရူးသွပ်ကြပါသည်။
.
ယခု နယူးဇီလန်တွင် စတင်ယှဉ်ပြိုင်နေသည့် ယူ၂ဝ ဘောလုံးပြိုင်ပွဲတွင် မြန်မာလူငယ်အသင်း အမေရိကန်ကို နှစ်ဂိုးတဂိုးဖြင့် ရှုံးခ့ဲပါသည်။ ဘောလုံးပရိဿတ်ကြီး အနေဖြင့် စိတ်မပျက်ဘဲ ဆက်လက်အားပေးကြပါ။ အဘယ့်ကြောင့်ဆိုသော် ယခုပွဲသည် သာမန်အဆင့်မဟုတ်ဘဲ ကမ္ဘာ့အဆင့်ပွဲ ဖြစ်သောကြောင့်ပါ။
.
ထိုပွဲကို သွားကစားနေသော မြန်မာလူငယ်များသည် ပထမမြန်မာများစာရင်းတွင် ထည့်သွင်းရမည့်သူများ ဖြစ်သည်။ ေဗွဆော်ဦးဂိုးသွင်းသူ မောင်ရန်နိုင်ဦးသည် မြန်မာများထဲတွင် ကမ္ဘာ ့အဆင့် ပထမဆုံး ဂိုးသွင်းခ့ဲသူဖြစ်သွားပါပြီ။ ဒီတော့ သူတို့လုပ်နေသမျှသည် သမိုင်းတွေကြီးသာ ဖြစ်ပါသည်။
.
အားကစားသမိုင်း သိသူတွေက စောဒက တက်စရာရှိပါသည်။ ၁၉၇၂ မြူးနစ် အိုလံပစ်မှာ ကစားခ့ဲသူတွေကရောဟု။ မှန်ပါသည်။ ထိုအချိန်က အိုလံပစ်မှ ဘောလုံးပွဲသည် ဘောလုံးဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများ ( football professional ) များကို ကြေးစားဟု သတ်မှတ်ကာ ကစားခွင့် မပြုခ့ဲသဖြင့် ဘောလုံးသမားအားလုံး မကစားရသည့်ပွဲ ဖြစ်သဖြင့် တဆင့်နိမ့်ဟု သတ်မှတ်ခ့ဲကြသောကြောင့်ပါ။
.
သို့သော် ယခုပွဲသည် သက်တမ်းကန့်သတ်သောပွဲတော့ ဖြစ်နေပါသေးသည်။ နိုင်ငံလက်ရွေးစင်အဆင့် ကမ္ဘာ့ဘောလုံးပွဲသာ မြန်မာကန်ခွင့်ရသည့်တနေ့၊ မြန်မာတွေ ဘယ်လောက်ပျော်လိုက်မလဲ တွေး၍ပင် မရပါ။ သို့သော် လက်ရှိအချိန်တွင် အလှမ်းကွာဝေးလွန်နေပါသည်။ မြန်မာ့လက်ရွေးစင် အသင်းကြီးသည် အာဆီယံအဆင့်တွင်ပင် ခြေစစ်ပွဲ ကန်နေရသည့် အခြေအနေ ဖြစ်နေတုံးပါ။
.
ဒီတော့ ယူ၂၀ ပင် ဖြစ်ပါစေ။ World Cup ဟု အမည်တပ်သည့်ပွဲတွင် ကန်ခွင့်ရနေသည့် မြန်မာ့ယူ၂၀ အသင်းကို အားပေးကြရပါမည်။ ကျန်ရှိသေးသည့် ပွဲနှစ်ပွဲတွင် ပထမပွဲက့ဲသို့ အဆင့်ရှိရှ်ိ ယှဉ်ပြိုင်နိုင်ရန် အားပေးကြရပါမည်။ ပြိုင်ဖက်များနှင့် မည်မျှပင် အဆင့်ကွာခြားပါစေ၊ မြန်မာ့စိတ်ဓာတ်ဖြင့် အကောင်းဆုံး ကစားနိုင်ရန် အားပေးကြရပါမည်။
.
မိတ်ဆွေ။ သင်သည် မြန်မာနိုင်ငံသား တယောက်ဖြစ်လျှင် သမတဦးသိန်းစိန်ကို ကြိုက်ချင်မှ ကြိုက်ပါလိမ့်မည်။ ဒေါ်စုကို သမတကြီးအဖြစ် မြင်လိုသူ ဖြစ်ချင်လဲ ဖြစ်ပါလိမ့်မည်။ ဘယ်လိုဖြစ်ဖြစ် မြန်မာဘောလုံးအသင်းကန်ပြီဆိုလျှင် တဖက်အသင်း ဘယ်လောက် အင်အားကြီးပါစေ၊ မြန်မာကိုဘဲ နိုင်စေချင်မှာ အသေအချာဟု ယုံပါသည်။ အတူတကွ မြန်မာဘောလုံး အသင်းကို အားပေးကြရအောင်။
XxXxXx
(Zawgyi version)
.
.
.
.
.
.