02 May 2015

ကျွန်​​တော့်သ​ဘောထား ၊

(Unicode version)

၂၀၁၅ ရွေးကောက်ပွဲ လုပ်ဖြစ်မယ်ဆိုရင် ခြောက်လဘဲ လိုပါတော့တယ်။ မြန်မာ့နိုင်ငံရေးအတွက် အရေးအကြီးဆုံး အလှည့်အပြောင်း ဖြစ်နိုင်ပါသည်​။

.

ဒီအတောအတွင်း ကျွန်တော့်အနေနဲ့ ဒေါ်စုနဲ့ NLD မကောင်းကြောင်း ( ရှိခ့ဲလျှင်လည်း ) ရေးမည်မဟုတ်ပါ။ သူများရေးလည်း မ like ၊ မ share ချင်ပါ။

.

ဒေါ်စု အာဏာရှင်ဖြစ်လည်း လီကွမ်ယူလို ကောင်းတာများသော အာဏာရှင်သာဖြစ်မည်ဟု ယုံကြည်ပါသည်။ NLD မှ အမှားများသည်လဲ ၈၈နောက်ပိုင်း အုပ်ချုပ်ခ့ဲသူများထက်တော့ သာလိမ့်မည်ဟု ယုံကြည်ပါသည်။

.

NLD ပါတီဝင်​များကို ​ဒေါ်စု နိုင်​ငံ​ရေးပြန်​လှုပ်​ရှားကာစက ​ပြောဘူးပါသည်​။ လိုအပ်​၍ အချိန်​အခါအရ ဒီမိုက​ရေစီနည်​းကျ မ​ဆွေး​နွေးဘဲ အမိန်​့​ပေး ဆုံးဖြတ်​ရသည်​ကို နားလည်​​စေချင်​​ကြောင်​း ပါ။

.

လူမျိုးရေး ဘာသာရေး ထိခိုက်နိုင်သော ပို့စ်များကိုလည်း မရေးပါ။ ထို့အတူ အခြားသူများ ရေးတာတွေလည်း မ like ၊ မ share လိုပါ။ ပြဿနာများဖြစ်ပြီး ရွေးကောက်ပွဲ ပျက်သွားနိုင်ပါသည်။ မည်သည့်ဘာသာဝင်မဆို ကောင်းသူရှိသလို မကောင်းသူ ရှိပါသည်။

.

ဦးပိန်တံတားဆောက်ခ့ဲသော ဦးပိန်မကောင်းကြောင်းမျိုး ခုအချိန်မှ ပြန်ဖော်တာ ၊ ဘယ်မှာဖြစ်မှန်းမသိသော မုဒိန်းမှုကို မြန်မာပြည်တွင်းမှာ ခုဘဲဖြစ်သလို ရေးတာတွေဟာ သာမန်မဟုတ်နိုင်ပါ။ ရိုးသာစွာ ခုမှသိ၍ ​ရေးတာမဖြစ်​နိုင်​ဘဲ မီး​မွှေးတာလို့ ကျွန်​​တော်​ထင်​သည်​။

.

လွတ်လပ်စွာ သဘောကွဲနိုင်ပါသည်။

အသိရှိသော သတိတော့ ထားဖို့လိုပါသည်။

မင်းကိုနိုင် အင်တာဗျူးတခုမှာ ပြောခ့ဲသလို ဘယ်သူက ဘယ်ဖက်ကလဲ ခွဲဖို့မလွယ်သည်အထိ ရောထွေးနေချိန် ဖြစ်နေပါသည်။ အယင်​ကလဲ ​ရေးခ့ဲဘူးသလို မြန်​မာပြည်​သည်​ အလှဆုံးပန်​း​ရွေး​နေရတာ မဟုတ်​ဘဲ အည့ံပန်​းများကို အရင်​ဖယ်​ထုတ်​​နေရတာပါ။

XxXxXx

(Zawgyi version)

၂၀၁၅ ေရြးေကာက္ပြဲ လုပ္ျဖစ္မယ္ဆိုရင္ ေျခာက္လဘဲ လိုပါေတာ့တယ္။ ျမန္မာ့ႏိုင္ငံေရးအတြက္ အေရးအႀကီးဆံုး အလွည့္အေျပာင္း ျဖစ္ႏိုင္ပါသည္​။
.
ဒီအေတာအတြင္း ကြၽန္ေတာ့္အေနနဲ႔ ေဒၚစုနဲ႔ NLD မေကာင္းေၾကာင္း ( ႐ွိခ့ဲလွ်င္လည္း ) ေရးမည္မဟုတ္ပါ။ သူမ်ားေရးလည္း မ like ၊ မ share ခ်င္ပါ။
.
ေဒၚစု အာဏာ႐ွင္ျဖစ္လည္း လီကြမ္ယူလို ေကာင္းတာမ်ားေသာ အာဏာ႐ွင္သာျဖစ္မည္ဟု ယံုၾကည္ပါသည္။ NLD မွ အမွားမ်ားသည္လဲ ၈၈ေနာက္ပိုင္း အုပ္ခ်ဳပ္ခ့ဲသူမ်ားထက္ေတာ့ သာလိမ့္မည္ဟု ယံုၾကည္ပါသည္။
.
NLD ပါတီဝင္​မ်ားကို ​ေဒၚစု ႏိုင္​ငံ​ေရးျပန္​လႈပ္​႐ွားကာစက ​ေျပာဘူးပါသည္​။ လိုအပ္​၍ အခ်ိန္​အခါအရ ဒီမိုက​ေရစီနည္​းက် မ​ေဆြး​ေႏြးဘဲ အမိန္​႔​ေပး ဆံုးျဖတ္​ရသည္​ကို နားလည္​​ေစခ်င္​​ေၾကာင္​း ပါ။
.
လူမ်ိဳးေရး ဘာသာေရး ထိခိုက္ႏိုင္ေသာ ပို႔စ္မ်ားကိုလည္း မေရးပါ။ ထို႔အတူ အျခားသူမ်ား ေရးတာေတြလည္း မ like ၊ မ share လိုပါ။ ျပႆနာမ်ားျဖစ္ၿပီး ေရြးေကာက္ပြဲ ပ်က္သြားႏိုင္ပါသည္။ မည္သည့္ဘာသာဝင္မဆို ေကာင္းသူ႐ွိသလို မေကာင္းသူ ႐ွိပါသည္။
.
ဦးပိန္တံတားေဆာက္ခ့ဲေသာ ဦးပိန္မေကာင္းေၾကာင္းမ်ိဳး ခုအခ်ိန္မွ ျပန္ေဖာ္တာ ၊ ဘယ္မွာျဖစ္မွန္းမသိေသာ မုဒိန္းမႈကို ျမန္မာျပည္တြင္းမွာ ခုဘဲျဖစ္သလို ေရးတာေတြဟာ သာမန္မဟုတ္ႏိုင္ပါ။ ႐ိုးသာစြာ ခုမွသိ၍ ​ေရးတာမျဖစ္​ႏိုင္​ဘဲ မီး​ေမႊးတာလို႔ ကြၽန္​​ေတာ္​ထင္​သည္​။
.
လြတ္လပ္စြာ သေဘာကြဲႏိုင္ပါသည္။
အသိ႐ွိေသာ သတိေတာ့ ထားဖို႔လိုပါသည္။
မင္းကိုႏိုင္ အင္တာဗ်ဴးတခုမွာ ေျပာခ့ဲသလို ဘယ္သူက ဘယ္ဖက္ကလဲ ခြဲဖို႔မလြယ္သည္အထိ ေရာေထြးေနခ်ိန္ ျဖစ္ေနပါသည္။ အယင္​ကလဲ ​ေရးခ့ဲဘူးသလို ျမန္​မာျပည္​သည္​ အလွဆံုးပန္​း​ေရြး​ေနရတာ မဟုတ္​ဘဲ အည့ံပန္​းမ်ားကို အရင္​ဖယ္​ထုတ္​​ေနရတာပါ။
.

No comments:

Post a Comment

Thank you.