30 May 2015
မြန်​မာ ယူ၂၀
(Unicode version )
         အားကစားနည်​း မျိုးစုံရှိ​သော်​လည်​း ​​ဗိုလ်​စွဲ အောင်​နိုင်​သည်​့အခါ ဂုဏ်​ယူကြပုံချင်​း မတူပါ။ လူအများစု မသိသည်​့ အားကစားများဖြစ်​​သော မြှားပစ်​၊ ​ဘောင်​လင်​း၊ တိုက်​ကွမ်​ဒို ၊ပီတမ်း တို့လို အားကစား တွင်​ ​ဗိုလ်​စွဲပါက ထိုအားကစားသမားနှင်​့ အလွန်​ဆုံး သက်​ဆိုင်​ရာအားကစားအဖွဲ့ချုပ်​တို့သာ ဂုဏ်​ယူကြပါသည်​။
         ​ပြေးခုန်​ပစ်​၊ ​ဘောလီ​ဘော၊ ဘတ်​စကက်​​ဘော၊ ကြက်​​တောင်​တို့လို အားကစားတွင်​ အနိုင်​ရပါက ထိုအားကစားကို အား​ပေး၊ ကိုယ်​တိုင်​ကစားသူများပါ ဂုဏ်​ယူကြပါသည်​။
         ​ဗိုလ်​စွဲပါက မြန်​မာတနိုင်​ငံလုံး ​ပျော်​ရွှင်​စွာ ဂုဏ်​ယူသည်​့ အားကစားမှာ တခုဘဲ ရှိပါသည်​။ ​သေချာပါသည်​။ ​ဘောလုံးအားကစားနည်​းပါဘဲ။ အားကစားပြိုင်​ပွဲများတွင်​ အခြားအားကစားများ ​ရွှေမရလျှင်​​နေပါ​စေ၊ ​ဘောလုံး ​ရွှေရလျှင်​ တနိုင်​ငံလုံး ​ကျေနပ်​​နေတတ်​ပါသည်​။ မြန်​မာလူမျိုးများသည်​ ​ဘောလုံးကို ဒီ​လောက်​ရူးသွပ်​ကြပါသည်​။
.
ယခု နယူးဇီလန်​တွင်​ စတင်​ယှဉ်​ပြိုင်​​နေသည်​့ ယူ၂ဝ ​ဘောလုံးပြိုင်​ပွဲတွင်​ မြန်​မာလူငယ်​အသင်​း အ​မေရိကန်​ကို နှစ်​ဂိုးတဂိုးဖြင်​့ ရှုံးခ့ဲပါသည်​။ ​ဘောလုံးပရိဿတ်​ကြီး အ​နေဖြင်​့ စိတ်​မပျက်​ဘဲ ဆက်​လက်​အား​ပေးကြပါ။ အဘယ်​့​ကြောင်​့ဆို​သော်​ ယခုပွဲသည်​ သာမန်​အဆင်​့မဟုတ်​ဘဲ ကမ္ဘာ့အဆင်​့ပွဲ ဖြစ်​​သော​ကြောင်​့ပါ။
.
ထိုပွဲကို သွားကစား​နေ​သော မြန်​မာလူငယ်​များသည်​ ပထမမြန်​မာများစာရင်​းတွင်​ ထည်​့သွင်​းရမည်​့သူများ ဖြစ်​သည်​။ ​ေ​ဗွ​ဆော်​ဦးဂိုးသွင်​းသူ ​မောင်​ရန်​နိုင်​ဦးသည်​ မြန်​မာများထဲတွင်​ ကမ္ဘာ ့အဆင်​့ ပထမဆုံး ဂိုးသွင်​းခ့ဲသူဖြစ်​သွားပါပြီ။ ဒီ​တော့ သူတို့လုပ်​​နေသမျှသည်​ သမိုင်​း​တွေကြီးသာ ဖြစ်​ပါသည်​။
.
အားကစားသမိုင်​း သိသူ​တွေက ​စောဒက တက်​စရာရှိပါသည်​။ ၁၉၇၂ မြူးနစ်​ အိုလံပစ်​မှာ ကစားခ့ဲသူ​တွေက​ရောဟု။ မှန်​ပါသည်​။ ထိုအချိန်​က အိုလံပစ်​မှ ​ဘောလုံးပွဲသည်​ ​ဘောလုံးဖြင်​့ အသက်​​မွေးဝမ်​း​ကျောင်​း ပြုသူများ ( football professional ) များကို ​ကြေးစားဟု သတ်​မှတ်​ကာ ကစားခွင်​့ မပြုခ့ဲသဖြင်​့ ​ဘောလုံးသမားအားလုံး မကစားရသည်​့ပွဲ ဖြစ်​သဖြင်​့ တဆင်​့နိမ့်​ဟု သတ်​မှတ်​ခ့ဲကြ​သော​ကြောင်​့ပါ။
.
သို့​သော်​ ယခုပွဲသည်​ သက်​တမ်​းကန်​့သတ်​​သောပွဲ​တော့ ဖြစ်​​နေပါ​သေးသည်​။ နိုင်​ငံလက်​​ရွေးစင်​အဆင်​့ ကမ္ဘာ့​ဘောလုံးပွဲသာ မြန်​မာကန်​ခွင်​့ရသည်​့တ​နေ့၊ မြန်​မာ​တွေ ဘယ်​​လောက်​​ပျော်​လိုက်​မလဲ ​တွေး၍ပင်​ မရပါ။ သို့​သော်​ လက်​ရှိအချိန်​တွင်​ အလှမ်​းကွာ​ဝေးလွန်​​နေပါသည်​။ မြန်​မာ့လက်​​ရွေးစင်​ အသင်​းကြီးသည်​ အာဆီယံအဆင်​့တွင်​ပင်​ ​ခြေစစ်​ပွဲ ကန်​​နေရသည်​့ အ​ခြေအ​နေ ဖြစ်​​နေတုံးပါ။
.
ဒီ​တော့ ယူ၂၀ ပင်​ ဖြစ်​ပါ​စေ။ World Cup ဟု အမည်​တပ်​သည်​့ပွဲတွင်​ ကန်​ခွင်​့ရ​နေသည်​့ မြန်​မာ့ယူ၂၀ အသင်​းကို အား​ပေးကြရပါမည်​။ ကျန်​ရှိ​သေးသည်​့ ပွဲနှစ်​ပွဲတွင်​ ပထမပွဲက့ဲသို့ အဆင်​့ရှိရှ်ိ ယှဉ်​ပြိုင်​နိုင်​ရန်​ အား​ပေးကြရပါမည်​။ ပြိုင်​ဖက်​များနှင်​့ မည်​မျှပင်​ အဆင်​့ကွာခြားပါ​စေ၊ မြန်​မာ့စိတ်​ဓာတ်​ဖြင်​့ အ​ကောင်​းဆုံး ကစားနိုင်​ရန်​ အား​ပေးကြရပါမည်​။
.
မိတ်​​ဆွေ။ သင်​သည်​ မြန်​မာနိုင်​ငံသား တ​ယောက်​ဖြစ်​လျှင်​ သမတဦးသိန်​းစိန်​ကို ကြိုက်​ချင်​မှ ကြိုက်​ပါလိမ်​့မည်​။ ​ဒေါ်စုကို သမတကြီးအဖြစ်​ မြင်​လိုသူ ဖြစ်​ချင်​လဲ ဖြစ်​ပါလိမ်​့မည်​။ ဘယ်​လိုဖြစ်​ဖြစ်​ မြန်​မာ​ဘောလုံးအသင်​းကန်​ပြီဆိုလျှင်​ တဖက်​အသင်​း ဘယ်​​လောက်​ အင်​အားကြီးပါ​စေ၊ မြန်​မာကိုဘဲ နိုင်​​စေချင်​မှာ အ​သေအချာဟု ယုံပါသည်​။ အတူတကွ မြန်​မာ​ဘောလုံး အသင်​းကို အား​ပေးကြရ​အောင်​။
XxXxXx
(Zawgyi version)
.
.
.
.
.
.
.
No comments:
Post a Comment
Thank you.